နာဂစ်ဒေသ အမှတ်တရ (၁)

ကျွန်တော် ခရီး တော်တော် များများကို သွားခဲ့ဖူးပါတယ်။ သွားခဲ့ဖူးတဲ့ ခရီးတွေထဲမှာ အပျော်ခရီး။ အလည်ခရီး။ တာဝန်ခရီး ဆိုပြီး အမည်နာမ အမျိုးမျိုးနဲ့ သွားခဲ့သလို ရည်ရွယ်ချက်လဲ အမျိုးမျိုးနဲ့ သွားခဲ့တာတွေလဲ ရှိခဲ့ပါတယ်။ သွားခဲ့ဖူးတဲ့ အထဲက တချို့ ခရီးစဉ်တွေကို မေ့လျော့ သွားသလို တချို့ ခရီးစဉ် တွေကိုလဲ မမှတ်မိ တော့ပါဘူး။ တချို့ ခရီးစဉ် တွေကလဲ မှတ်မိပေမဲ့ စာဖတ်သူတွေ ခံစား နားလည် ရလောက်အောင် မှတ်တမ်းတင် စာပြန် ရေးပြဖို့ မသင့်တော်သလို ဓါတ်ပုံမှတ်တမ်း တွေလဲ မရှိခဲ့ပါဘူး။

အဲဒီလို သွားခဲ့ဖူးတဲ့ ခရီးစဉ်တွေ ထဲကမှ ဓါတ်ပုံ မှတ်တမ်းလဲ ရှိ။ မှတ်လဲ မှတ်မိ၊ ရေးသားပြဖို့လဲ သင့်တော်တဲ့ ခရီးစဉ် တစ်ခုကိုတော့ စာဖတ် သူတွေ အတွက် ဗဟုသုတ အမှတ်တရ လေးဖြစ်အောင် ရေးပြချင်ပါတယ်။ အဲဒီ ခရီးစဉ်ကတော့ နာဂစ် ဒေသ အမှတ်တရ ခရီး ပါ။

.

၂၀၀၈ ခုနှစ် ဇွန်လလောက်က မြန်မာပြည် မြစ်ဝကျွန်းပေါ် ဒေသကို အင် အား ကြီးမားတဲ့ ဆိုင်ကလုန်း မုန်တိုင်း တိုက် ခတ်လို့ လူ၊ တိရိစ္ဆာန်နဲ့ လူနေ အိမ်ခြေ အမြောက်အများ သေဆုံး ပျက်ဆီး ခဲ့ပါ တယ်။ အဲဒီ မုန်တိုင်းတိုက်ပြီးလို့ တစ်လ အကြာမှာ ကျွန်တော်ဟာ အဲဒီ နာဂစ် ဒေသ ကို ခရီးထွက်ခွာ သွားရောက်ခဲ့ပါတယ်။ ရည်ရွယ်ချက် ကတော့ မုန်တိုင်းဒဏ်၊ လေ ဒဏ် ခံနေရတဲ့ ဒုက္ခသည်တွေကို လိုအပ်တဲ့ ဆေးဝါး ကုသမှု ပေးဖို့နဲ့ တတ်နိုင် သ လောက် ပေးကမ်းလှူဒါန်း ကူညီဖို့ သွားတဲ့ အသင်းတော် တစ်ပါးက သာသနာအဖွဲ့နဲ့ ပူးပေါင်း ပါဝင် လိုက်ပါသွားခဲ့တာဘဲ ဖြစ်ပါ တယ်။

ခရီးစဉ် လေးရက်တာ အတွင်းမှာ ဆရာဝန်၂ဦး သူနာပြု ၈ဦးခန့်နဲ့ ကျွန်တော်အပါအဝင် တော်တိုမယ်ရ အကူ ၁၆ယောက်။ စုစုပေါင်း ၂၆ယောက်ဟာ ဘိုကလေး မြို့နဲ့ အနီး တဝှိက်က ရွာပေါင်း ၁၂ ရွာကို သွားရောက် ခဲ့ပြီး ဒုက္ခသည် ရွာသူ ရွာသား တစ်ထောင် နီးပါး လောက်နဲ့ တွေ့ဆုံကာ ဆေးဝါးကုသ လှူဒါန်း ဖြစ်ခဲ့ပါ တယ်။

အဲဒီခရီးစဉ်မှာ ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကို နှဖူးတွေ့ ဒူးတွေ့ကြုံခဲ့ပြီး အသက် မသေ ကျန်နေရစ်ခဲ့တဲ့ သဘာဝဘေး ဒုက္ခသည် တွေကို တွေ့ဆုံ ဆေးဝါးကုသ အားပေး လှူဒါန်းဖြစ်ခဲ့ပါတယ်။

သူတို့နဲ့ အတူနေဖြစ်ခဲ့တဲ့ ၄ရက်တာ အတွင်းမှာ သူတို့ရဲ့ မျက်ရည်ဖလား။ သူတို့ရဲ့ သက်သေတရား။ သူတို့ရဲ့ အမျက်ဖြေ စကားတွေကို မျက်ဝါးထင်ထင်မြင်။ နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတာမို့ သမ္မာ ကျမ်းစာလာ ငါ့ညီတို့တွင် အငယ်ဆုံးသူကို ပြုစုခြင်းဟာ ငါ့ကို ပြုတာနဲ့ အတူတူဘဲ ဆိုတဲ့ သခင်ယေရှု ခရစ်တော်ရှင်မြတ်ရဲ့ တရားစကားကို နားလည် သဘော ပေါက် ခဲ့သလို။ ဆင်းရဲသားကို သနား သောသူ သည် ထာဝရ ဘုရားကို ချေးငှားသော သူဖြစ်၏။ ဆိုတဲ့ တရားစကာတွေကို ပိုပြီး သိမြင်နားလည်လာခဲ့ပါတယ်။

သူတို့နဲ့ တွေ့ဆုံခဲ့တဲ့ အမှတ်တရ ဓါတ်ပုံ လေးတွေနဲ့ ခရီးစဉ် မှတ်တမ်းဓါတ်ပုံ တချို့ကို စာဖတ်သူတွေအတွက် ရေးသား ဝေမျှပေး လိုက်ပါတယ်။

ဆင်းရဲသားကို သနားပြီး ထာဝရဘုရားကို ချေးငှားသူများ ဖြစ်နိုင်ကြပါစေ။      ။

 

(မင်းအောင်သက်လွင်)