မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Thursday, Sep 09th

Last update07:05:36 PM GMT

You are here:: ဟာသများ

Humor

" ဒုက္ခပေးတဲ့အကောင် "

E-mail Print PDF

အသင်းတော်ကြီးတစ်ခုသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာသာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။ လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။
လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။


အသင်းတော်လူကြီးတစ်ဦး ရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ထိုလူကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။ အိမ်သာခန်းထဲသို့ လူကြီးဝင်သွားသောအခါကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။ မြန်မာပြည်သိန်းတန်၏ “ရိုင်းတဲ့စင်ယော်´´သီချင်းသံ
ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ မကြာမီ အိမ်သာခန်းထဲမှ စောစောကလူကြီးထွက်လာသည်။
“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´
“ဒီနေ့ ပထမနေ့ပါခင်ဗျ´´
“အေး မင်းကိုရာထူးတိုးပေးရမယ်´´

မကြာမီ နောက်လူကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ လူကြီးးရှိနေစဉ်
တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´သီချင်းကိုဖွင့်ပေးလိုက်သည်။ ထိုလူကြီးလဲ စိတ်ကျေနပ်မှုရကာရာထူးတိုးအောင်ထောက်ခံပေးမည်ဟု လူငယ်ကို ကတိပြုသွားသည်။

နောက်တစ်ခါ ရောက်လာသူကား  ထိုအသင်းတော်မှ လက်ရှိဥက္ကကြီးကိုယ်တိုင်ဖြစ်သည်။
“ဒီအနားမှာ အိမ်သာရှိသလားဟေ့´´
လူငယ်ကခေါင်းဆောင်ကြီးကို လိုက်ပို့သည်၊ ထို့နောက် “နိုင်ငံတော်သီချင်း´ သီချင်းကိုဖွင့်ပေးလိုက်သည်။
အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ဥက္ကကြီးထွက်လာသည်။


“မင်ဒီမှာ လုပ်နေတာကြာပြီလား´´
“ပထမနေ့ပါခင်ဗျာ´´
“အေး- ပထမနေ့နဲ့နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့´´
“ဘာဖြစ်လို့လဲခင်ဗျာ၊
ကျွန်တော်ဘာများမှားတာလုပ်မိပါလို့လဲ ခင်ဗျာ´´
“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီးစွန့်ရလို့ဟေ့´´

Last Updated on Thursday, 09 September 2010 21:14

ကြော်ငြာမိသွားမယ်နော်

E-mail Print PDF



ငရဲပြည်ကို ရွေးမယ်ကွာ

တစ်ခါက စိတ်ရင်းကောင်းပေမဲ့ စကားကို ပုတ်နဲ့ထုသလို ပြောတတ်တဲ့ ကိုဇော်ပြောင်တစ်ယောက် ဖျားနာပြီး သေလုဆဲဆဲ မျောနေပါတယ်။ ၀ိညာဉ်က လွင့်သွားပြီ  နတ်ပြည်  (ကောင်းကင်ဘုံ) ကိုရောက်သွားပါတယ်။ နတ်မင်းကြီးက ကြိုဆိုပြီး နတ်ပြည်ကို လိုက်ပြပါတယ်။ အမြဲပျော်ပျော်ပါးပါးနေတတ်တဲ့ ကိုဇော်ပြောင်တစ်ယောက် နတ်ပြည်လိုက်ကြည့်တော့ အေးချမ်းသာယာပြီး၊ ငြိမ်သက်ခြင်းနဲ့ပြည့်စုံတယ်။ တိတ်ဆိတ်စွာရှိနေတယ်။  ရောက်ရှိနေပြီးသူများဟာလည်း ကောင်းမှုလုပ်ငန်းများလုပ်နေတာကို တွေ့ရတယ်။ ကိုဇော်ပြောင်တစ်ယောက် နတ်ပြည်ကိုကြည့်ပြီး  အတော်ပျင်းစရာကောင်းတာပဲလို့ ကောက်ချက်ချလိုက်တယ်။

အဲဒီနောက် ကိုဇော်ပြောင်ရဲ့ ၀ိညာဉ်ဟာ ငရဲပြည်ကို ရောက်သွားပါတယ်။ ငရဲမင်းကြီးကလည်း လူ့ပြည်က ရောက်လာသူ ၀မ်းသာအားရကြိုဆိုပြီး လိုက်ပြပါတယ်။ ရောက်နေသူအားလုံး ပျော်ရွှင်စွာ ဖဲကစားနေတယ်၊ ဒစ်စကိုတွေ၊ကာရာအိုကောတွေနဲ့ သီဆိုတီးမှုတ်နေကြတယ်။ အားကာစားပြိုင်ပွဲကြီးတွေ၊ အလှမယ်ရွေးပွဲတွေ၊့  ကိုဇော်ပြောင် လူပြည်မှာတောင် တီဗီထဲမှာပဲတွေ့ရတဲ့ ဝေါ့ဒစ်စနေကစားခန်းကြီးတွေ၊ ယူနီဗာဆယ်စတူရီယိုလို ဟာမျိုးကြီးတွေ တွေ့လိုက်ရတယ်။ ကိုဇော်ပြောင်တစ်ယောက် ငရဲပြည်ဆိုတာ ကြောက်စရာကြီးပဲ ထင်ခဲ့တာတွေ လက်တွေ့မှာ မဟုတ်ပါလားလို့ ကောက်ချက်ချလိုက်တယ်။

နောက်ဆုံးတော့ ဇနီး၊ သားသမီးများ နဲ့ ဆရာဝန်၊ဆေးဝန်ထမ်းများ ကုသပေးတဲ့ကြားက ကိုဇော်ပြောင်တစ်ယောက် သေဆုံးသွားပါတယ်။ အသက်စာစောင် ဖတ်တဲ့နေရာ ကိုဇော်ပြောင်ရဲ့ ၀ိညာဉ်ရောက်သွားပါတယ်။ စိတ်ရင်းကောင်းပြီး မိဘ၊သားသမီး၊မိတ်ဆွေများ အမြဲဆုတောင်းပေးခံရတဲ့ ကိုဇော်ပြောင်၊ အသက်စာစောင်ဖတ်သူက ငရဲပြည်သွားမလား၊ နတ်ပြည်သွားမလား ရွေးချယ်ခွင့်ရပါတယ်။ မဆိုင်းမတွ  ငရဲပြည်ကိုသွားမယ် လို့ရွေးလိုက်ပါတယ်။

ငရဲပြည်အထဲ ရောက်သွားတာနဲ့  ကြမ်းတမ်းစွာ ညှင်းဆဲ၊ ကန်ကြောက်၊ ရိုက်ပုတ်၊ နှိပ်စက်၊ ဆီကြော်အိုးထဲထည့်ကြော်ခံရ၊ ကန့်မီးလျှံထဲမှာ နာကြင်စွာအော်ဟစ်နေရတယ်။  ဘေးမှာလဲ အရင်ရောက်နှင့်နေတဲ့လူတွေအများကြီးပဲ အားလုံးအော်နေရတယ်။ သူအလယ်လာတုန်းက ကာရာအိုကေဆိုပြတဲ့ လူတစ်ယောက်ကို ကိုဇော်ပြောင်မှတ်မိသွားပြီး ငိုကြီးချက်မနဲ့ မေးတယ်။

ကျွန်တော်အလည်လာတုန်းက ခင်ဗျားတို့ ကာရာအိုကေဆိုနေတာတွေ့ပါတယ်။ အခု ဘယ်လိုဖြစ်သွားတာလဲဗျာ... ဆိုတော့

ငိုကြီးချက်မနဲ့ပဲ ဖြေလိုက်သံကတော့

အဲဒါ  ငရဲပြည်ကြော်ငြာ သရုပ်ဆောင်နေတာဗျ ... ဟီး..ဟီး ..ဟီး.... တဲ့ဗျာ။

The End...

Last Updated on Wednesday, 01 September 2010 17:53

ငွေရတတ်သောသူ

E-mail Print PDF



သင်းအုပ်ဆရာ နှစ်ဦးနှင့် အသင်းသားအမေးအဖြေ
 
အသင်းသား။  ဆရာရေ .. ကျွန်တော့အိမ်သူက လောကအရာတွေနဲ့ချည်းပျော်မွှေ့တယ်။ သူ့လုပ်ငန်းကအဆင်ပြေတယ်။ ပြီးတော့ ငွေရမယ်ဆို အကုန်လုပ်ဆိုတဲ့ လူတန်းစား။ ဒါပေမဲ့ သူက ကယ်တင်ခြင်းလည်း လိုချင်တယ်။ လောကအရာ၊ငွေ နဲ့ ကယ်တင်ခြင်း ၂ခုစလုံး လိုချင်တယ်လို့ ပြောတယ်။ ဖြစ်နိုင်ပါ့မလား ဆရာရယ်။

ဆရာကျော်ကြား။  ပြုံးပြီးကြည့်နေပါသည်။ ဘာမှမပြောပါ။

 တနင်္ဂနွေနေ့ ဘုရားကျောင်းတရားဟောချိန်ရောက်လာသောအခါ  ငွေရတတ်သူများ ကောင်းကင်နိုင်ငံဝင်ရန်ခဲယဉ်းသည် ဆိုတဲ့ တရားကို  ဆရာကျော်ကြား ဟောလိုက်ပါသည်။ 


 
 
ထိုအသင်းသား ဇနီးမောင်နှံနဲ့ အိမ်ထောင်ဝတ်ပြုစည်းဝေးအပြီး စားသောက်ရင်း ဆရာမျက်ပြူး နဲ့ စကားစမည်ပြောရင်း မေးပြန်ပါတယ်။

အသင်းသား၊  ဆရာရေ .. ကျွန်တော်ကတော့ ကယ်တင်ခြင်းလည်း လိုချင်တယ်။ လောကအရာ နဲ့ ကယ်တင်ခြင်း ၂ခုစလုံး လိုချင်တယ်။ ဖြစ်နိုင်ပါ့မလား ဆရာရယ်။
     (ဇနီးသည်ပါလာသောကြောင့် .. မေးခွန်းကို နည်းနည်းပြောင်းလိုက်ခြင်းဖြစ်ပုံရသည်။)

ဆရာမျက်ပြူး။  အေး .. မင်းတို့က ကယ်တင်ခြင်းလဲလိုချင်။ ပိုက်ဆံလည်းလိုချင်။ မြဲမြဲမှတ်ထား ...။ ဟိုမရောက်၊ သည်မရောက် အထက်ကိုလှမ်းဆွဲ၊ အောက်ကဟာလဲ မလွှတ်ချင် .. ၂ခုစလုံးကိုင်ထားတဲ့ မင်းတို့ဘ၀ ကိုးယိုးကားယားနဲ့၊ ငွေရတတ်သောသူများ ကောင်းကင်နိုင်ငံဝင်ဖို့ သိပ်ခဲယဉ်းတယ် ကွ ..
 အသင်းသား ဇနီးမောင်နှံ စိတ်မသက်မသာ နှင့် ပြန်လာခဲ့တယ်။ ဆရာမျက်ပြူးအတွက် ယူလာတဲ့ အလှုငွေစာအိတ်လည်း မပေးဖြစ်တော့ပါ။ 
 


 
 စိတ်ပျက်လက်ပျက်ဖြစ်နေသော ထိုအသင်းသားဇနီးမောင်နှံ၊ အိမ်ထောင်ဝတ်ပြုစည်းဝေးမှ ကိုဇောက်ထိုးနှင့် အတူပြန်လာခဲ့ကြသည်။

 အသင်းသား။  ကိုဇောက်ထိုးရေ .... ငွေရတတ်သူများ ကောင်းကင်နိုင်ငံဝင်ရန်ခဲယဉ်းသည် ဆိုတော့ ကျွန်တော်တို့ ငွေရတတ်သောလူဖြစ်ရတာ ကောင်းကင်နိုင်ငံမရောက်နိုင်တဲ့သဘောလားမသိဘူးဗျာ ...

 ကိုဇောက်ထိုး၊   ဟာ .. ဘယ်ဟုတ်ရမှာလည်း .... ကယ်တင်ခြင်းဆိုတာ ရပြီးသားပါ။ ကောင်းကင်နိုင်ငံတော် ရောက်ချင်တဲ့ စိတ်ရှိလာပြီဆိုတော့ ပထမအဆင့် အောင်မြင်သွားပြီပေါ့။ နောက်အဆင့်တွေ တဖြေးဖြေးရလာမှာပေါ့ဗျာ ..

 အသင်းသားဇနီးမောင်နှံ ကျေနပ်သွားကြပါသည်။


The End..

Last Updated on Sunday, 05 September 2010 06:30

ယေရှုကို ဒီပုံထဲမှာ သင်ရှာလို့ရပါသလား။

E-mail Print PDF



ယေရှုကို ဒီပုံထဲမှာ သင်ရှာလို့ရပါသလား။  ရှာရတာခက်နေသလား..
အခြားသူ ၉ ဦးကို လှမ်းပို့ပေးပြီး ရှာခိုင်းကြည့်ပါ။ သူတို့ရှာနိုင်မှာပါ။

၅မိနစ်အချိန်ပေးပါတယ် .. သင်နှင့်သင့်မိသားစုအတွက်ရွင်လန်းပါစေ.

Forward by ဇင်မာမင်းညို၊ မေမေ၀င်း၊ နော်လှမြတ်စံ

Page 1 of 5

  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  Next 
  •  End 
  • »