မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Thursday, Sep 09th

Last update07:05:36 PM GMT

You are here:: ကျမ်းစာလေ့လာခြင်း

Bible Study

ကျူးလွန်သောအပြစ် - ကယ်တင်ခြင်းသင်္ခန်းစာများ

E-mail Print PDF



ကယ်တင်ခြင်းနှင့်ဆိုင်သော သင်ခန်းစာများ

သင်ခန်းစာ (၅)

ကျူးလွန်သောအပြစ်

 သင်ခန်းစာ (၄)၌ မွေးရာပါအပြစ်အကြောင်း သိရှိ ခဲ့ရပြီ။ယခုမွေးရာပါ အပြစ်၏ အသီးအပွင့်ဖြစ်သော ကျူးလွန်သော အပြစ် အကြောင်းကို လေ့လာရမှာဖြစ်သည်။

အသီးအပွင့်

                သခင်ယေရှုက-အသီးအားဖြင့်အပင်၏သဘောကိုထင်ရှား သည် ဖြစ်၍အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြလော့၊ အသီး မကောင်း လျှင်အပင်မကောင်းဟုဆိုကြလော့-ဟုဆိုထားသည် (မဿ၊ဲ ၁၂း၃၃)။ သခင်ယေရှုပြော သကဲ့သို့ ပင်သစ်သီး ကောင်း မကောင်း သည်  အပင်နှင့် ဆိုင်သည်။ အပင်ကောင်းလျှင်  အသီးကောင်း၍  အပင်မကောင်းလျှင်  အသီး မကောင်းချေ။ အပင် မကောင်း ခြင်းသည်လည်း  အမျိုးမကောင်းခြင်းကြောင့် ဖြစ်သည်။ မျိုးကောင်းလျှင်အပင်ကောင်းသည်။ အပင်ကောင်းလျှင် အသီးကောင်း သည်။ ထို့  ကြောင့် အသီးသည် အဓိကမဟုတ်။ မျိုးသို့ မဟုတ် အပင်သည်အဓိက ဖြစ်သည်၊

Last Updated on Tuesday, 07 September 2010 04:41

မိန်းမအမျိုးနှင့်မြွေအမျိုး, ကယ်တင်ခြင်းသင်္ခန်းစာ(၆)

E-mail Print PDF



သင်ခန်းစာ (၆)

မိန်းမအမျိုးနှင့်မြွေအမျိုး

 သင်ခန်းစာ (၅) ၌ကျူးလွန်သောအပြစ်အကြောင်းသင်ခဲ့ ကြပြီ။ လူသည် ကောင်းသော အကျင့်မကျင့်နိုင်ကြောင်းသိရှိခဲ့ကြပြီ။ ယခုလူတိုင်း ချစ်မြတ်နိုး၍ အသေအလဲ ကာကွယ်လိုသော အမျိုးအကြောင်းကိုလေ့လာကြစို့ ။ လူမျိုးတိုင်း မိမိအမျိုးကို နှစ်သက်မြတ်နိုး တတ်ကြသည်။ မိမိအမျိုးကို အမွှမ်းတင်တတ် ကြသည်။ အမျိုးကိုအထိမခံနိင်ကြ။ အမျိုးအတွက်အသေခံရဲကြသည်။ သူတပါး၏အမျိုးထက် ကိုယ့်အမျိုးသာ၍ကောင်း၊ ပို၍မြတ်သည်ဟု ယူဆတတ်ကြသည်။ အိမ်ထောင်ဖက် ရွေးချယ်ရာတွင်လည်း အမျိုးအကြောင်းကို ထည့်တွက် စဉ်းစားတတ်ြကသည်။ သို့ဖြစ်၍ အမျိုးအကြောင်းနှင့်ပတ်သက်၍ ဘုရားသခင်၏အမြင်ကို သိရှိ နားလည်ဘို့ လိုအပ်သည်။

ရန်ငြိုးဖွဲ့

                အာဒံ နှင့် ဧ၀တို့ သည် မြွေ၏လှည့်ဖျားမှုကြောင့် ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားခြင်းဖြင့် အပြစ်သား ဖြစ်ကြရသည်။ ထိုအခါ ဘုရားသခင်က မြွေကိုခေါ်၍ - သင်သည် ဤအမှုကိုပြုသောကြောင့် သားယဉ် သားရဲ အပေါင်းတို့ ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ၀မ်းဖြင့် သွား၍ မြေမှုန့် ကို တသက်လုံးစားရမည်။ သင်နှင့်မိန်းမကို၎င်း၊ သင်၏ အမျိုးအနွယ်နှင့်မိန်းမ၏ အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့ စေမည်၊ သူ သည် သင်၏ခေါင်းကိုကြိတ် လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟုမိန့်  တော်မူ၏-(က ၃း၁၄-၁၅)။

     အထက်ပါကျမ်းပိုဒ်အရ ဘုရားသခင်သည်မြွေ၏အမျိုးအနွယ်နှင့်မိန်းမ၏ အမျိုးအနွယ်ကို ရန်ငြိုးဖွဲ့လိုက်သည်။ သို့ဖြစ်လျှင် မြွေ၏ အမျိုးအနွယ်သည် မည်သူဖြစ်၍ မိန်းမ၏ အမျိုးအနွယ်သည်မည်သူနည်း။ ဤအချက်ကို သိဘို့ရန် ကမ္ဘာပေါ်၌လူဖြစ်နည်း လေးနည်းကို သိဘို့ ရန်လိုအပ်သည်။

လူဖြစ်နည်းလေးနည်း

                ကမ္ဘာပေါ်၌လူဖြစ်နည်းလေးနည်းရှိသည်၊ယင်းတို့ မှာ-

(၁)  မိဘမဲ့ (က ၊၂းရ)

                မိဘမရှိဘဲလူဖြစ်လာသောသူရှိသည်။ လူသားများအားလုံး၏ ဘခင် ဖြစ်သော အာဒံသည်မြေမှုန့်မှလူဖြစ်လာသည်။ ဘုရားသခင် သည် အာဒံကို မြေမှုန့်မှဖန်ဆင်းခဲ့သည်။ အာဒံ၌မိဘမရှိ။  ခလေးဘ၀လည်းမရှိ။ အရွယ် ရောက်သော လူကြီးအဖြစ်ဖန်ဆင်းသည်။ အာဒံကဲ့ သို့ ဘုရားသခင်သည် မည်သူကိုမျှ မဖန်ဆင်း တော့ချေ။

(၂) မိခင်မဲ့ (သို့) နံရိုးမှ လူဖြစ်ခြင်း(က ၂း၂၁-၂၂)

                ဖခင်သာရှိ၍ မိခင်မရှိဘဲလူဖြစ်လာသောသူရှိသည်။ ထိုသူသည် လူသား အားလုံး၏ မိခင်တည်းဟူသော ဧ၀ပင်ဖြစ်သည်။ ဘုရားသခင်သည်အာဒံကို ကြီးသော အိပ်ခြင်းဖြင့် အိပ်စေ၍ သူ၏နံရိုးတချောင်းကို ထုတ်ကာ လူမိန်းမကို ဖန်ဆင်းခဲ့သည်။ ဧ၀လည်း ခလေးဘ၀ မရှိ။ အရွယ်ရောက်သောမိန်းမကြီး အဖြစ် ဖန်ဆင်းခြင်း ဖြစ်သည်။ သူကဲ့သို့ မည်သူမျှ ဖန်ဆင်းခြင်းမရှိတော့ ချေ။

(၃) မိဘနှစ်ပါးမှလူဖြစ်ခြင်း

      မိတ်ဆွေနှင့်ကျွန်ပ်အပါအ၀င်လူသားအားလုံးသည်မိဘနှစ်ပါးမှမွေးဘွား လာကြသည်။ ခလေးဘ၀မှကြီးပြင်း လာကြသည်။ ဖန်ဆင်းခြင်း အားဖြင့် လူဖြစ်ကြ သည်မဟုတ်။ မွေးဘွားခြင်းအားဖြင့်လူဖြစ်ကြသည်။

(၄) မိန်းမအမျိုး

                မိခင်ရှိသော်လည်း ဖခင်မရှိဘဲလူဖြစ်သောသူရှိသည်။ ထိုသူသည် သခင် ယေရှုပင်ဖြစ်သည်။ သခင်ယေရှု၌ မိခင်မာရိ ရှိသော်လည်း လူဖခင်မရှိပေ။ လူများ အထင်အမှတ်အားဖြင့် ယောသပ်သည် သူ၏ဖခင်ဖြစ်သည် (လုကာ ၃း၂၃)၊  သို့ သော် သခင်ယေရှု သည် သန့် ရှင်းသော ၀ိညာဉ်တော်အားဖြင့် မာရိ၏ ၀မ်းမှ ပဋိသန္ဓေယူခြင်းသာဖြစ်သည် (မ၁း၁၈-၂၀)။  ထို့ ကြောင့်မိန်းမ အမျိုး သည်သခင်ယေရှုပင်ဖြစ်သည်။

မြွေအမျိုး

                မိန်းမအမျိုးသည်သခင်ယေရှုဖြစ်ပါက မြွေအမျိုးသည် မည်သူနည်း။

(၁) ဗတ်္တိဇံယောဟန်ကဗတ်္တိဇံခံရန်လာကြသောလူအစုအဝေးအား အချင်းမြွေဆိုးအမျိုးတို့ ရောက်လုသောဘေးမှပြေးသွားစိမ့်သောငှါ သင်တို့  ကို အဘယ်သူ သတိပေးဘိသနည်း ဟုဆိုခဲ့သည် (မ ၃းရ၊ လု ၃းရ)။ယောဟန်သည် လူများအား အချင်းမြွေဆိုးအမျိုး ဟု အချည်းနှီး ပြောသည် မဟုတ်။ သူသည် ဘုရားသခင်စေလွှတ်သောလူဖြစ်သည်၊ လူ့ မျက်နှာကို မထောက်ဘဲ အမှန်အတိုင်း ပြောခြင်းဖြစ်သည်။ လူသည် ဘုရား အမြင်၌ မြွေမျိုး ဖြစ်ြကသည်။

(၂) သခင်ယေရှုကလည်း လူများအား-အချင်းမြွေဆိုးအမျိုးတို့ ၊ သင်တို့သည် အဆိုးဖြစ်လျက်ကောင်းသောစကားကိုအဘယ်သို့ ပြောနိင် မည် နည်း။ စိတ်နှလုံးအပြည့်ရှိသည့်အတိုင်းနှုတ်မြွက်တတ်၏ -ဟု ဆိုသည် (မ၊၁၂း၃၄)။

 သခင်ယေရှု ဣုသရေလ လူမျိုးများအားမြွေဆိုးအမျိုးဟု ဆိုသည်၊မြွေဆိုးအမျိုးဖြစ် သောကြောင့် ကောင်းသောစကားကို မပြောနိင် ဟုဆိုသည်၊ ဣသရေလ လူမျိုးများ ပင်လျှင်မြွေဆိုး အမျိုးဖြစ်လျှင်တပါးအမျိုးသား များဖြစ်ကြသော ကျွန်ပ်တို့ သည် ပြောစရာ မလိုတော့ချေ။

မြွေဆိုးအမျိုးဖြစ်ရခြင်း

                အာဒံနှင့်ဧ၀သည် အပြစ် မကျူးလွန်ခင်၌ ဘုရားသားများဖြစ်ကြသည်။ သို့သော် ဘုရားစကားကိုပယ်၍ မြွေစကားကို ထောက်ခံသောကြောင့်မြွေသား သမီးများ ဖြစ်သွားကြသည်။ အာဒံနှင့်ဧ၀မှဆင်းသက်လာ သော လူသား တိုင်းလည်း မြွေမျိုးဖြစ်ရကြသည်။

 

မြွေမျိုး၏လက်္ခဏာများ

                လူသည်မြွေမျိုးဖြစ်သောကြောင့်အောက်ပါမြွေ၏ လက်္ခဏာများတွေ့ ရသည်။

(၁) အဆိပ်အတောက်ရှိခြင်း။ မြွေသည်နှုတ်ခမ်းထဲ၌အဆိပ်အတောက်ရှိသည်။ ထို့နည်းတူ လူ၏နှုတ်ခမ်းအထဲ၌ လည်း အဆိပ် အတောက်ရှိသည်။ ကျမ်းစာက - သူတို့၏နှုတ်ခမ်းထဲမှာ မြွေဆိုးအဆိပ်အတောက် ရှိ၏-ဟုဆိုသည် (ရော ၃း၁၃)။ ရှင်ယာကုပ်ကလည်း “လျှာကိုကားအဘယ်လူမျှမအောင်နိင်။မဆုံး မနိင်သော အဆိုးအညစ်ဖြစ်၏။  သေစေတတ်သော အဆိပ်အတောက် နှင့်ပြည့်စုံ၏-” ဟု ဆိုသည် (ယာ၊ ၃း၈)။ မြွေ၏ အဆိပ်သည်အစွယ်၌ရှိ၏။

 လူ၏အဆိပ်သည်လျှာ၌ရှိ၏။ လူသည်နှုတ်မှပြောသော စကားအားဖြင့် အခြား သူများကို စိတ်နာစေနိင်သည်။ အန္တရာယ် ပြုနိင် သည်၊ ရန်ဖြစ်စေနိင်သည်။  ထို့ကြောင့်လူသည်မြွေဆိုးမျိုးဖြစ်ကြောင်းထင်ရှားသည်။

(၂) လျှာနှစ်ခွရှိခြင်း။ မြွေသည်လျှာ နှစ်ခွရှိသကဲ့သို့ လူသည်လည်း လျှာနှစ်ခွ ရှိသည်။ ရှင်ယာကုပ်က- ငါတို့ သည်လျှာအားဖြင့် ခမည်းတော် ဘုရား သခင်ကိုကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံဏ္ဍာန် တော်နှင့် အညီဖန်ဆင်းသော လူကိုလျှာဖြင့်ကျိန်ဆဲတတ်ကြ၏။နှုတ် တပါးတည်း ထောပနာချီးမွမ်းခြင်းနှင့်ကျိန်ဆဲခြင်းထွက်တတ် ပါသည် တကား- ဟုဆိုသည်(ယာ ၃း၉-၁၀)။

                လူသည်စကားနှစ်မျိုးပြောတတ် သောကြောင့်မြွေကဲ့သို့ လျှာနှစ်ခွရှိသည်။ ဘုရားသခင်ကို ချီးမွမ်းသော်လည်း လူကို အပြစ်တင် ကျိန်ဆဲတတ်သည်။ ရှေ့မှာ တမျိုးနောက်ကွယ်မှာတမျိုးပြောတတ်သည်။ ဧည့်သည်ကို စားပါစားပါဟု ပြောသော်လည်း ဧည့်သည် ပြန်သွားသောအခါ စားကျူးသောသူဟု ပြောတတ်သည်။ထို့ ကြောင့်မြွေကဲ့သို့ လျှာနှစ်ခွရှိကြောင်းထင်ရှားသည်။

                ယောဟန် ၉ ထဲတွင်သခင်ယေရှုက မျက်စိကန်းသောသူကို မျက်စိပြန်မြင် စေခဲ့သည်။ ထိုအခါဖါရိရှဲတို့ က မျက်စိ ကမ်းဘူးသော သူကိုခေါ်၍ -ဘုရားသခင်ကို ချီးမွမ်းပါ။ထိုသူ(ယေရှ)သည် လူဆိုးဖြစ်ကြောင်းကိုငါတို့ သိ၏ဟုဆိုကြ သည် (ယော၉း၂၄)။ ဖာရိရှဲတို့ ချီးမွမ်း ခိုင်းသော ဘုရားသည်သူတို့ကိုယ်တိုင် လူဆိုးဟုဆိုသော သခင်ယေရှုပင်ဖြစ်သည်၊ သူတို့ ချီးမွမ်းသော ဘုရားကို သူတို့ကိုယ်တိုင် ပြန်ရှုပ် ချသည်။ သူတို့ သည်လျှာနှစ်ခွနှင့်ပြောနေမှန်းမသိကြ။ ထိုနည်းတူကျွန်ပ်တို့ လည်းနေ့ စဉ်လျှာနှစ်ခွနှင့် ပြောနေမှန်း ကိုယ်ကိုယ်ကို မသြိက။

မြွေဆိုးသွားမည့်နေရာ

                သခင်ယေရှက- မြွေဆိုးအမျိုးတို့၊ သင်တို့ သည်အပြစ်ငရဲမှ အဘယ်သို့လွတ်နိင်မည်နည်း- ဟုဆိုထားရာ(မ၊၂၃း၃၃)မြွေဆိုး အမျိုးသွားမည့် နေရာသည်ငရဲပင်ဖြစ်သည်။ ထို့ ကြောင့်မြွေးဆိုးအမျိုးဖြစ်သော လူသားတိုင်းလည်း ငရဲသို့ သွားကြရမည်သာဖြစ်သည်။

 

သင်ခန်းစာ (၆) မေးခွန်များ

 

၁။            မြွေမျိုးနှင့်မည်သူ့ အမျိုးရန်ငြိုးဖွဲ့ သနည်း --------------------

၂။            လူဖြစ်နည်းအားလုံးဖေါ်ပြပါ၊ -------------------

၃။            မိန်းမအမျိုးသည်မည်သူနည်း။------------------

၎။            ဣသရေလများကိုယောဟန်က---------------ဟုဆိုသည်။

၅။            လူသည်မည်သူ၏အမျိုးအနွယ်ဖြစ်သနည်း -----------------

၆။            မြွေ၏ လက်္ခဏာနှစ်ခုဖေါ်ပြပါ ။ ----------------

ရ။            လူ၏ အဆိပ်သည်မည်သည့်နေရာ၌ ရှိသနည်း။ -------------------

၈။            လူသည် လျှာ --------------- ရှိသည်။

၉။            လျှာနှစ်ခွရှိခြင်းဆိုသည်မှာ--------------------

၁၀။          မြွေဆိုးမျိုးသည်မည့်သည့်နေရာသို့ သွာမည်နည်း------------------

 

 ရဲလင်းထွန်း (အင်းစိန်)

 

အယ်ဒီတာ။
ဆရာမိုးဇက်ထောင်ကျုံးရေးသားထားသော စာပေးစာယူ သင်ခန်းစာများကို စုစည်းထားခြင်းဖြစ်ပါသည်။ အသိတရားသက်သက် (သို့) ပြီးစလွယ်မဖြေပဲ အချိန်ယူဖတ်ရှုပြီး ဖြေမှ အကျိုးရှိမည်ဖြစ်ပါသည်။ ဤ ကယ်တင်ခြင်း သင်ခန်းစာများကို မိတ်ဆွေကိုယ်တိုင် နားလည်ပြီးပါက သူတစ်ပါးကိုလည်း ထပ်ဆင့်လက်ကမ်းစေလိုပါသည်။
ခရစ်တော် နာမ၌ - သတင်းကောင်းစာပေ။ စာတိုက်သေတ္တာ (၉၂၃)၊ ဗဟိုစာတိုက်ကြီး၊ ရန်ကုန်မြို့။

 စင်ကာပူ HCF - Health Care Fellowship အပတ်စဉ် Cell Group သုံးခုတွင် ဆရာအင်ဒရူး။ ဆရာမလွင်လွင်မောင် စသည့်ဓမ္မမိတ်ဆွေများ ကျမ်းစာလေ့လာရာတွင် အသုံးပြုပါသည်။
 

Last Updated on Wednesday, 01 September 2010 06:26

မိမိကိုယ်ကို လက်ခံတတ်စေရန် သင်ယူခြင်း

E-mail Print PDF

မိမိကိုယ်ကို လက်ခံတတ်စေရန် သင်ယူခြင်း

Learning to Accept Myself

Practical Christian Living Lesson Course 4

Lesson 5

အဓိက ကျမ်းချက် ။    ။ ကျွန်ုပ်သည် ကြောက်မက်ဖွယ်သော လက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍ ....။ ဆာလံ ၁၃၅း ၁၄

 

                ကျွန်ုပ်တို့ဘ၀၏ပျော်ရွှင်မှုသည် ကျွန်ုပ်တို့၏ သဘောထားများအပေါ်တွင် များစွာမူတည်လျက်ရှိသည်။ မိမိကိုယ်ကို မိမိ မြင်သော အမြင် သဘောထားသည် အရေးအကြီးဆုံး သဘောထားတခုဖြစ်သည်။ အကြောင်းမှာ ဤသဘောထားသည် ကျွန်ုပ်တို့ဘ၀တွက် နက်ရှိုင်းသော အကျိုး သက်ရောက်မှုကို ဖြစ်စေ သောကြောင့်ဖြစ်သည်။

                မိမိကိုယ်ကိုမိမိမြင်သော အမြင်သဘောထားကို “self-image” ဟုခေါ်သည်။ ဤ “self-image”   သည် ကျွန်ုပ်တို့၏အလုပ်နှင့် အောင်မြင်မှုအခွင့်အလမ်းများအပေါ်တွင် အကျိုးသက်ရောက်မှုရှိသည်။ ထိုပြင် ကျွန်ုပ်တို့၏ “self-image”သည် ကျွန်ုပ်တို့မိသားစု၊ မိတ်ဆွေ များ၊ အခြားသူများအပေါ်တွင်ထား သော ကျွန်ုပ်တို့၏သဘောထားအပေါ်၌လည်း အကျိုးသက်ရောက်မှုရှိသည်။“self-image”  မကောင်း သူများသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် မပြေမလည်ဖြစ်လေ့ရှိကြသည်။ ယေဘုယျအားဖြင့် သူတို့သည် မပျော်မရွှင် ဖြစ် နေတတ်ကြသည်။

                ကျွန်ုပ်တို့၏ “self-image”  (မိမိကိုယ်ကိုမိမိမြင်သောအမြင်)သည် ဘုရားသခင်အပေါ်တွင် ထားသော ကျွန်ုပ်တို့၏ သဘောထား အပေါ်တွင် လည်း အကျိုးသက်ရောက်မှုရှိသည်။ “self-image”  မကောင်းသူများသည် ခါးခါးသီးသီဖြစ်နေလေ့ရှိကြပြီး ဘုရားသခင်ကိုလည်း နာကြည်း လေ့ ရှိကြ သည်။ ဘုရားသခင် ကို ယုံကြည်ရန်မှာ သူတို့အတွက်ခက်ခဲလေ့ရှိပြီး သူတို့အပေါ်တွင် ထားသောသူ၏မေတ္တာတော်ကို ယုံကြည်ရန်မှာလည်း သူတို့ အတွက် ခက်ခဲသည်။

                ကျွန်ုပ်တို့သည် မိမိကိုယ်ကို ယုတ်ညံ့သည်ဟု မထင်သင့်သလို မာန်မာနလည်း မကြီးသင့်ပေ။ ဤသို့သော စိတ်နေသဘောထား များသည် ပျော်ရွှင်မှုနှင့် မှန်ကန်သော ပေါင်းသင်းဆက်ဆံရေးတို့ကို ကျွန်ုပ်တို့ထံ ယူဆောင်လာမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် လျော်ကန် သော “self-image”  ရှိကြရန်အတွက် ဘုရားသခင်အလိုရှိသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ မှန်ကန်စွာ တွေး၍မြင်နိုင်ကြရန် အတွက်လည်း ဘုရားသခင် အလိုတော်ရှိသည်။

 

ကျွန်ုပ်တို့သည် ဘုရားသခင်၏ဖန်ဆင်းထားခြင်းကို ခံရသည်။

                သင်ခန်းစာ (၃)တွင် ကျွန်ုပ်တို့၏တွေးတောကြံစည်မှုများ၏ အရေးပါမှုကို လေ့လာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့ တွေးတော ကြံစည်ထားသည့်အတိုင်း ကျွန်ုပ်တို့ခံစားလုပ်ဆောင်ကြသည်။ ကျွန်ုပ်တို့၏အတွင်း ပိုင်း စိတ်နှလုံးမှ တွေးတောကြံစည်၊ ယုံကြည်သော အရာများ၏ ထိန်းချုပ်ထားခြင်းကို ကျွန်ုပ်တို့ခံရကြ သည်။ ကျမ်းစာက ““လူသည်စိတ်ထင်သည်အတိုင်းဖြစ်၏””ဟု ဆိုရာတွင် အထက်ပါအချက်ကို ဆိုလိုခြင်း ဖြစ်သည်။

                ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်၍ မှန်ကန်စွာတွေးထင်တက်ရန်နှင့် ဘုရားသခင်က ကျွန်ုပ် တို့ကိုမြင်သည့်အတိုင်း မိမိကိုယ်ကို မြင်တတ်ရန်မှာ မရှိမဖြစ် အရေးပါသည်။ ဤသို့မြင်နိုင်ရန်အတွက် လူနှင့်စပ်လျဉ်း၍ အချက်ပြအချို့ကို လေ့လာကြမည်။

(၁)        ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံ သတ္တ၀ါများဖြစ်ကြသည်။

 လူသားသည် ဆင့်ကဲဖြစ်စဉ်အားဖြင့် ဖြစ်တည်လာခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကိုခံရကြသည်။ သခင်ယေရှုကိုယ်တိုင်က ““ဘုရားသခင်ဖန်ဆင်းတော်မူစက၊ ယောက်ျားနှင့် မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏””ဟု ဆိုခဲ့သည်။ မာ ၁၀း၆

(၂)        ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသည်။

 ဘုရားသခင်သည် လူကိုမိမိ၏သဏ္ဍာန်တော်နှင့်အညီဖန်ဆင်းခဲ့ခြင်းအားဖြင့် အခြားဖန်ဆင်းခြင်းခံ သတ္တ၀ါအားလုံးထက် ချီးမြှောက် သာလွန် စေခဲ့သည်။ ကောင်းကင်တမန်များတောင်မှ ဤသို့သော ချီးမြှောက်မှုကို မခံရပါ။ လူသည်သာ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်း ခံရသည် ကျမ်းစာက ““ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျင်”” ဟုဆိုသည်။ ကမ္ဘာ ၁း၂၇

(၃) ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်အတွက် ဖန်ဆင်းခြင်းခံရသည်။

                ဘုရားသခင်သည် ရည်ရွယ်ချက်တခုဖြင့် လူကိုဖန်ဆင်းခဲ့သည်။ သူ၏ဘုန်းတော်အတွက် လူကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ဟေရှာယ ၄၃း၇ တွင် ဘုရားသခင်က ““ငါ၏ဘုန်းအသရေဘို့ ငါဖန်ဆင်းပြုပြင် ၍...””ဟု ဆိုခဲ့သည်။ အသင်းတော်ဖခင်များက ဤသို့ပြောခြင်းသည် မှန်ကန်သည်။ ““လူသား၏အဓိက လုပ်ရမည့်အရာမှာ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် သူ၌အစဉ်မပြတ် ၀မ်းမြောက်ကြရန် ဖြစ်သည်။””

(၄) ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကိုယ်ပိုင်ကြန်အင်လက္ခဏာများနှင့် စွမ်းဆောင်ရည်တို့ကို ပေးအပ် ထားသည်။

                မည်သူကမှ မိမိ မိဘများ၊ လူမျိုးစု၊ မိမိအသားအရောင်၊ ဥာဏ်ပညာ၊ ပုံသဏ္ဍာန်နှင့် မွေးရာပါ အရည်အချင်းများကို ရွေးချယ်ပိုင်ခွင့်မရှိပါ။ ထိုအရာအားလုံးသည် မွေးရာပါများဖြစ်ပြီး ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်။

                အကယ်၍ ကျွန်ုပ်တို့တွင် ထူးခြားသော ဆုကျေးဇူးများနှင့် အရည်အချင်းများရှိပါက ထိုအရာတို့ သည် ““ကျွန်ုပ်တို့ကို ပေးထားသော ဘုရားသခင်၏ဆုကျေးဇူးများ””ဖြစ်ကြောင်းကို အသိအမှတ်ပြုသင့်သည် ကျွန်ုပ်တို့သည် အရပ်ရှည်၍ဖြစ်စေ။ အပြာရောင် မျက်လုံးများရှိ၍ဖြစ်စေ၊ မိမိကိုယ်ကို ဂုဏ်မယူသင့်သလို အထက်ပါ ဆုကျေးဇူးများရှိခြင်းအတွက်လည်း ဂုဏ်မယူသင့်ပါ။ သဘာဝ ကြန်အင် လက္ခဏာအားလုံးနှင့် ပင်ကိုယ်အရည်အချင်းများသည် ဘုရားသခင်ဆီမှသာ လာသည်။ ဤအရာသည် မှန်ကန်သဖြင့် ကျွန်ုပ်တို့ အပိုင်းမှ မာန်မာနရှိစရာ အကြောင်းမရှိပါ။ ကျမ်းစာက ““ထိုမှတပါး အဘယ်သူသည် သင့်ကိုထူးခြားစေ သနည်း။ သူတပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရသောအရာ တစုံတခုမျှ သင့်၌ရှိသလော့။””ဟုဆို ထားသည်။ ၁ကော ၄း ၇

                မွေးကတည်းက လက်ခံရရှိခဲ့သောအရာများနှင့် စပ်လျဉ်း၍လည်း ရှက်ကြောက်စရာအကြောင်း လုံးဝမရှိဟု ပြောခြင်းမှာလည်း မှန်ကန်သည်။ ဘုရားသခင်သည် လူအားလုံးကို ဖန်ဆင်းသူဖြစ်သည်။ သူသည် သူဖန်ဆင်းထားသောအရာများနှင့် ပတ်သက်၍ ရှက်ကြောက် ခြင်း မရှိသကဲ့သို့ ကျွန်ုပ်တို့လည်း ရှက်ကြောက်ခြင်းမရှိသင့်ပါ။ သူတပါးကို အထင်သေး၍ ရွံရှာမုန်းတီးသူများကို ဘုရားသခင်သည် မနှစ်မြို့ပါ။ အကယ်၍ သင်သည် တစုံတဦးကို ကဲ့ရဲ့လှောင်ပြောင်ပါက ထိုသို့ပြုလုပ်ခြင်းသည် ဘုရား သခင်အား ကဲ့ရဲ့နေခြင်းဖြစ်သည်။ အကြောင်းမှာ ထိုသူကို ဘုရားသခင်က ဖန်ဆင်းခဲ့သောကြောင့် ဖြစ်သည်။ ကျမ်းစာက ““ဆင်းရဲသားကို မထီလေးစားပြုသောသူသည် ဖန်ဆင်းတော်မူသော ဘုရားကို ကဲ့ရဲ့၏။””ဟုဆိုသည်။ သုတံ္တ ၁၇း ၅

                မိမိကိုယ်ကို အထင်သေး၍ ရွံရှာမုန်းတီးခြင်းမှာလည်း အခြားသူတဦးကို အထင်သေး၍ ရွံရှာ မုန်းတီးခြင်းကဲ့သို့ပင် မှားယွင်းသည်။

 

လျော်ကန်သော  မိမိကိုယ်မိမိမြင်သောအမြင် “self-image”  ကိုရရှိခြင်း

                အထက်ပါအချက်များကို စိတ်ထဲမှတ်ထားလျက်၊ သင့်ကိုလျော်ကန်သော မိမိကိုယ်မိမိမြင်သောအမြင် “self-image”   ရရှိစေရန် ကူညီပေး မည့် အရာ အချို့ တို့ကို ဝေငှပြောပြပါမည်။

(၁) သင်သည် ထူးခြားသောပုဂိ္ဂုလ်ဖြစ်သည်ကို နားလည်ပါ။

                ကျွန်ုပ်တို့သည် အံ့သြဖွယ်တီထွင်မှုအသစ်အဆန်းများဖြင့် ပြည့်နှက်လျက်ရှိသော ခေတ်ကာလထဲ တွင် အသက်ရှင်လျက် ရှိသော ကြောင့် လူသည် အရေးသိပ်မပါဟု ထင်လေ့ရှိကြသည်။ သို့သော် ဤကမ္ဘာ ပေါ်၌ အထူးခြားအကောင်းမွန်ဆုံးအရာမှာ အာကာသ လွန်ပျံယာဉ် (သို့) လျှပ်စစ်ပစ္စည်းအသစ်တခု မဟုတ်ပါ။ ကမ္ဘာပေါ်တွင် အထူးခြားအဆန်းကြယ်ဆုံးအရာမှာ လူသားဖြစ်သည်။ ဒါဝိဒ်က ““ကျွန်ုပ်သည် ကြောက်မက်ဖွယ် သော လက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့် ပြည့်စုံသည်ဖြစ်၍””ဟု ဆိုခဲ့သည်။ ဆာလံ ၁၃၅း၁၄

                ကျွန်ုပ်တို့နှင့် ပတ်သက်၍ အရေးကြီးသောအရာမှာ ကျွန်ုပ်တို့၏ ပုံပန်းသဏ္ဍာန်မဟုတ်ပါ။ အရေး ကြီးသောအရာမှာ ကျွန်ုပ်တို့ သည် ဘုရားသခင် မိသားစု၏ မိသားစုဝင်တဦးဖြစ်လာရန်နှင့် ခရစ်တော်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲလာရန် အလားအလာရှိသည် ဆိုသော အချက်ဖြစ်ပါသည်။ အထက်ပါ အချက်က ဘုရားသခင်၏အမြင်၌ လူအယောက်ဆီတိုင်းကို များစွာအဖိုးထိုက်စေသည်။

                ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်သည် အရာရာတို့ကို တခုနှင့်တခု မတူအောင် ကွဲပြားခြားနားစွာ ဖန်ဆင်းခဲ့သူ ဖြစ်သည်။ သူသည် သစ်ရွက် နှစ်ရွက် ကို တူညီစွာ မဖန်ဆင်းပါ။ မိုးပွင့်နှစ်ပွင့်ကိုလည်း တခုနှင့်တခု လုံးဝ တူညီအောင် မဖန်ဆင်းထားပါ။ လူနှစ်ဦးကိုလည်း တထေရာ တည်း တူအောင် မဖန်ဆင်းပါ။ သင်သည် အတုမရှိ ထူးခြား၍  ဤကမ္ဘာပေါ်တွင် သင့်လိုလူမျိုး နောက်တစ်ယောက်မရှိသော လူပုဂိ္ဂုလ် တစ်ဦးဖြစ် သည်။ ထို့ကြောင့် သင်သည် အခြားမည်သူကမှ ဘုရားသခင်ထံ မယူဆောင်လာနိုင်သော အထူးဘုန်းတော် ကို သင်၏ ဖန်ဆင်းရှင်ထံ ယူဆောင်လာနိုင်စွမ်းရှိသည်။

(၂) သင်၏ဖန်ဆင်းရှင်နှင့် ပုဂိ္ဂုလ်ရေးရာဆက်ဆံမှုကို စတင်တည်ဆောက်ပါ။

                ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားခြင်းခံထားရသည်။ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်း ထားခြင်းခံရသဖြင့် ကျွန်ုပ်တို့သည် သူကို သိကျွမ်းနိုင်စွမ်းရှိပြီး သူနှင့် ပုဂိ္ဂုလ်ရေးရာ ပေါင်းသင်းဆက်ဆံမှုကို ပြုလုပ်နိုင်သည်။

                သင်သည် သင်၏ဖန်ဆင်းရှင်နှင့် ပုဂ်္ဂိုလ်ရေးရာ ဆက်ဆံမှုကို မပြုမလုပ်သည့်တိုင်အောင် သင်သည် သင်၏အဖိုးထိုက်တန်မှုကို သိရှိနိုင်မည်မဟုတ်သလို သင့်ကိုသင်လည်း လုံးလုံးလျားလျား လက်ခံနိုင်မည် မဟုတ်ပါ။ သင်သည် ဘုရားသခင်ကို သိကျွမ်းလာ၍ သင့် အတွက် သူ၏မေတ္တာတော်ကို သိရှိလာသည်နှင့် တပြိုင်နက်၊ သူ၏အမြင်၌ သင်သည် မည်မျှအဖိုးထိုက်တန်သည်ကို သင်သိရှိလာပေမည်။

                သခင်ယေရှုက ကောင်းကင်ဘုံရှိ ခမည်းတော်မသိရှိဘဲ၊ အရေးမပါသော စာငှက်ကလေးတကောင် ပင်လျှင် မြေပြင်ပေါ်သို့ မကျပါဟု ထောက်ပြခဲ့သည်။ ယေရှုက ““ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့ သည် စာငှက်အများတို့ထက်သာ၍ မြတ်ကြောင်း””ဟု ဆိုခဲ့သည်။ မသဲ ၁၀း ၃၀

                ကျွန်ုပ်ဦးခေါင်း၏ ဆံပင်များကိုတောင်မှ ရေတွက်ထားကြောင်းကို သခင်ယေရှုက ဆက်လက်ပြော ပြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် ထိုမျှအရေးကြီးကြလျင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုယ်တိုင်အတွက် သာ၍ စဉ်းစားရမည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ မေတ္တာတော်ကို ပို၍ သိလာလေလေ ကျွန်ုပ်တို့၏ စစ်မှန်သော အဖိုးထိုက်တန်မှုကို သဘောပေါက် နားလည်လာ လေလေ ဖြစ်ပေမည်။

(၃) မိမိကိုယ်ကို အခြားသူများနှင့် မနှိုင်းယှဉ်ပါနှင့်

                ကလေးငယ်များသည် ပျော်ရွှင်ကြခြင်းမှာ မိမိကိုယ်ကို သူတပါးနှင့် မနှိုင်းယှဉ်သောကြောင့်ဖြစ်သည် မိမိ၏ဖြစ်တည်မှုနှင့် မိမိ၌ရှိသော အရာ တို့၌သာ ၀မ်းမြောက်ကြသည်။ ကလေးများ ကြီးထွားလာသည်နှင့် အမျှ၊ မိမိပတ်ဝန်းကျင်၌ရှိသောအရာတို့ကို စူးစမ်းလာကြပြီး မိမိကိုယ်ကို သူတပါးတို့နှင့် စတင်နှိုင်းယှဉ် လာကြသည်။

                ထိုသို့နှိုင်းယှဉ်လာကြချိန်တွင် သူတို့ထဲမှများစွာသောသူတို့သည် သူတို့၏ဘ၀၌ ““မမျှတသော အရာ””တို့ကို လက်ခံရရှိကြသည် ဟု ထင်ကြသည်။ အကြောင်းမှာ သူတို့သည် အခြားမည်သူမည်ဝါတို့ လောက် ရုပ်မချော၊ စမတ်မကျ၍ (သို့) ငွေကြေးမချမ်းသာ၍ ဖြစ်သည်။ သို့သော် ဘုရားသခင်က ကျွန်ုပ် တို့ကို ထိုသို့မပြုလုပ်ကြရန် ပြောထားသည်။ ကျမ်းစာက ““.... ထိုသူတို့သည် အချင်းချင်း တယောက်နှင့် တယောက် ခိုင်းနှိုင်းခြင်း၊ ပြိုင်နှိုင်းခြင်းကိုပြု၍ ပညာမဲ့ဖြစ်ကြ၏””ဟုဆိုသည်။ ၂ကော ၁၀း ၁၂

(၄) အပြစ်အနာအဆာများနှင့်ပတ်သက်၍ မှန်ကန်စွာ တုန့်ပြန်ပါ။

                လူအများစု၊ အထူးသဖြင့် လူငယ်လူရွယ်များသည် မိမိတို့၏ ပုံပန်းသဏ္ဍာန်နှင့်ပတ်သက်၍ အလွန် စိုးရိမ်မှုရှိကြသည်။ သူတို့သည် မိမိကိုယ်ကို မှန်ထဲ၌ ဂရုတစိုက် ကြည့်ရှု စစ်ဆေးလေ့ရှိကြသည်။ မည်သူ ကမှ ပြီးပြည့်စုံမှုမရှိသဖြင့် သူတို့သည် သူတို့ မနှစ်သက်သော အရာတခု (သို့) တခုထက်များစွာကို သူတို့၌ တွေ့ရှိလေ့ရှိကြသည်။ သူတို့သည် ““ဤအနာအဆာ””များအကြောင်းကို သူတို့၏ အချိန်အများ စု၌ တွေးကြ သည်။ ဘုရားသခင်က သူတို့ကို ပေးထားသော အခြားများစွာသော အားသာချက်တို့အားဖြင့် ၀မ်းမြောက်ရ မည့်အစား သူတို့ အပေါ် ““အပြစ်အနာအဆာ””၏ စိတ်ပျက်ဝမ်းနည်းစေခြင်းကို ခံကြသည်။

                အကယ်စင်စစ် မည်သူကမှ ပြီးပြည့်စုံအောင် လှပကောင်းမွန်သော ကိုယ်ခန္ဓာကို မပိုင်ဆိုင်ကြပါ။ ““အပြစ်အနာအဆာ””ဟု ခေါ်ဆိုနိုင်သော အရာတစုံတခုသည် လူတိုင်းတွင်ရှိသည်။ သို့သော် သင့်ဘ၀တွင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခြင်းအား အပြစ်အနာအဆာတခုက ဆီးတားထားခြင်းကို ခွင့်ပြု မည်လော့?

                ဂျပန်နိုင်ငံရှိ လူငယ်တဦးသည် ပုံပျက်နေသောခန္ဓာကိုယ်နှင့် မျက်နှာတစ်ခုတို့ဖြင့် မွေးဖွားလာခဲ့ သည်။ Kandura သည် ယေရှုခရစ်တော်ကို ယုံကြည်လက်ခံခဲ့သည်။ နောက်ပိုင်းတွင် ဤသတင်းစကားကို ကုတ်ခြစ်ရေးခဲ့သည်။ ဆိုးရွားစွာ မသန်မစွမ်း ဖြစ်နေ သော်လည်း ဤလူငယ်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခဲ့ပြီး သူအံ့သြ၀မ်းမြောက်ဖွယ် ကယ်တင်ခြင်းကို ချီးမွမ်းခဲ့သည်။ ဤသတင်း စကားကို ဖတ်ပြီးနောက် ကျွန်ုပ်တို့သည် မိမိတို့အတွက် မိမိ မည်သို့စိတ်မကောင်းဖြစ်နိုင်မည်နည်း။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ မနှစ်သက်သော အနာအဆာတစ်ခုအတွက် ဘုရားသခင်ကို မည်သို့ခါးသီး၍ နာကြည်းနိုင်မည်နည်း။

                လူငယ်၏သတင်းစကားမှာဤသို့ဖြစ်သည်။ ကျွန်ုပ်မပြောင်းလဲနိုင်သောအရာများကို လက်ခံနိုင်ရန် အတွက် တည်ငြိမ်အေးချမ်းမှု ကို ဘုရားသခင်သည် ကျွန်ုပ်အားပေးအပ်ခဲ့သည်။ ...ကျွန်ုပ်ပြောင်းလဲနိုင်သော အရာများကို ပြောင်းလဲရန်အတွက် အစွမ်းသတိ္တကိုပေးခဲ့ပြီး ပြောင်းလဲနိုင်သောအရာနှင့် မပြောင်းလဲနိုင် သောအရာတို့ကို ခွဲခြား၍ သိရှိနိုင်ရန်အတွက် ဥာဏ်ပညာကိုလည်း ပေးခဲ့သည်။

(၅) ဘုရားသခင်သည် သင်နှင့်ပတ်သက်၍ သူ၏အလုပ်ကိုဆက်လုပ်နေဆဲဖြစ်ကြောင်းကို နား လည်းပါ

                ကျမ်းစာက ““ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ””ဟုဆိုသည်။ (ဧဖက် ၂း ၁၀) ဆိုလိုသည်မှာ အကျွန်ုပ်တို့သည် သူ ဖြစ်စေ လိုသော သူများဖြစ်လာနိုင်ရန်အတွက် သူသည် လုပ်ဆောင် လျက်ရှိကြောင်းကို ဆိုလိုသည်။ ကျွန်ုပ်တို့နှင့်ပတ်သက်၍ ဘုရားသခင်၏ အစီအစဉ်မှာ အဘယ်နည်း။ ဘုရားသခင်၏ အစီအစဉ်မှာ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်နှင့် တူလာစေရန်ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့ကို သူသားတော်နှင့် ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲလာစေရန် ကျွန်ုပ်တို့ကို မွမ်းမံပြင်ဆင်လျက်ရှိသည်။ ကျမ်းစာက ““.....ဘုရားသခင် သည် ရှေ့မဆွက သိတော်မူသောသူတို့ကို သားတော်၏ ပုံသဏ္ဍာန်နှင့်တညီတည်း ဖြစ်စေခြင်းငှာ၊ ရှေ့မဆွက ခွဲခန့်မှတ်သားတော်မူ၏””ဟု ဆိုထား သည်။ ရော ၈း ၂၉

                ကျွန်ုပ်တို့သည် သူဖြစ်စေလိုသောသူများဖြစ်လာနိုင်ရန်အတွက် ကျွန်ုပ်တို့အတွင်း၌ ဘုရားသခင် လုပ်ဆောင်ရမည့်အရာ များစွာ ရှိသည်။ သူ၏လုပ်ဆောင်မှုပြီးစီးသောအချိန်တွင် ကျွန်ုပ်တို့သည် သခင်ယေရှုနှင့် တသဏ္ဍာန်တည်း တူလာကြမည်ဖြစ်သည်။ ဤအတော အတွင်း ဘုရားသခင်က ကျွန်ုပ်တို့အတွက် အလုပ် လုပ်ဆောင်လျက်ရှိကြောင်းကို သတိရပါ။ သူသည် ကျွန်ုပ်တို့အတွင်း၌ အစပြု၍ လုပ်ဆောင်ထားသောအလုပ်ကို ပြီးမြောက်အောင်လုပ်မည်ကို သိခြင်းအားဖြင့် ကျွန်ုပ်တို့၏ စိတ်ဓာတ်ကို မြှင့်တက်စေ သည်။ ကျမ်းစာက““သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည် ၊ ယေရှုခရစ်၏ နေ့ရက် တိုင်အောင် ပြီးစီးလျက်ပြုတော်မူမည်ဟု ငါသဘောကျ၏””ဟုဆိုသည်။

(၆) ခါးသီးမှုကို ငြင်းပယ်ခြင်း

                ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘ၀တွင် အရာများစွာကို လုပ်ဆောင်ပေးလို၍ ကျွန်ုပ်တို့၏ ပူးပေါင်းလုပ်ဆောင်မှုကို သူလိုအပ် သည်။ ဘုရားသခင်သည် ဘယ်တော့မှ ကျွန်ုပ်တို့၏အလိုနှင့် ဆန့်ကျင် ၍ အတင်းအကြပ်မလုပ်ဆောင်စေပါ။ သို့သော် ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့၏ဘ၀တွင် သူ့နည်းလမ်း အတိုင်း လုပ်ဆောင်နိုင်ရန်အတွက် သူကို အခွင့်ပေးရမည်။ အကယ်၍ ကျွန်ုပ်တို့သည် ခါးသီး၍ နားကြဉ် နေပါက ကျွန်ုပ်တို့ကို ပြောင်းလဲ စေ မည့်သူ၏ လုပ်ဆောင်မှုကို နှောက်ယှက်တားဆီးထားမည်ဖြစ်သည်။

                သူ့ကိုအခွင့်ပေးပါက သင့်ဘ၀ကို လှပကောင်းမွန်သော ဘ၀တစ်ခုဖြစ်လာရန်အတွက် သူလုပ် ဆောင်နိုင်သည်။ အကယ်၍ သင်သည် ဘုရားသခင်ကို ခါးသီး၍ နာကြည်းမုန်းတီးနေလျင်၊ ဤအပြစ်ကို သူ့ထံသို့ ယခုပင် ၀န်ချတောင်းပန်မည်လော။ သူ့ကို အမှန်အတိုင်းသာ ပြောလိုက်ပါ။ ဘုရားသခင်၊ ကျွန်ုပ်သည် ----နှင့်ပတ်သက်၍ ခါးသီးနာကြည်းလျက်ရှိပါတယ်။ ဤအပြစ်ကို ကိုယ်တော်ထံသို့ ယခုပင် ၀န်ချတောင်းပန်ပါ၏။””

(၇) ကျေးဇူးတော်ကို ချီးမွမ်းပါ။

                ဤဘ၀၌ ကျွန်ုပ်တို့၏ ပျော်ရွှင်မှုသည် ကျွန်ုပ်တို့၏ ချောမောလှပမှု၊ ခန့်ညားမှု၊ စမတ်ကျမှုများ အပေါ်တွင် မမူတည်ပါ။ ကျွန်ုပ်တို့၏ ငွေကြေးချမ်းသာမှုအပေါ်တွင်လည်း မမူတည်ပါ။ ကျွန်ုပ်တို့၏ သဘောထားအပေါ်တွင်သာ မူတည်သည်။

                လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက၊ ကြေကွဲဝမ်းနည်းဖွယ် အမှားတခုကြောင့် ကလေးငယ်တဦး သည် မျက်စိကွယ်ခဲ့ရသည်။ Fannie Crosby ဆိုသော ကလေးမလေးသည် မွေးခါစက ပုံမှန်မျက်စိ အလင်းကို ရခဲ့သော်လည်း သူမ ၆-ပတ်သမီးအရွယ်တွင် သူမ၏မျက်စိများ ဖောရောင် လာခဲ့သည်။ ဒေသခံဆရာဝန်တဦးသည် သူမ၏မျက်စိကို မှားယွင်းသောဆေးဝါးများဖြင့် ကုသခဲ့ခြင်းဖြင့် သူမကို တသက်လုံး မျက်မမြင်ဖြစ်စေခဲ့သည်။

                ဤကလေးမလေးသည် ဖြစ်ပျက်ခဲ့သောအရာတို့အတွက် ခါးသီးနာကြည်းနိုင်ပါသည်။ ထိုကဲ့သို့သော ကြေကွဲဝမ်းနည်းဖွယ် အမှား မျိုးကို ကျူးလွန်ခဲ့သည့် ဆရာဝန်ကိုလည်း မုန်းတီးနိုင်ပါသည်။ ဤကဲ့ သို့သော အမှားမျိုးကို ဖြစ်ရန်ခွင့်ပြုခဲ့သည့် ဘုရားသခင်ကိုလည်း အပြစ်တင်နိုင်ပါသည်။ သို့သော် သူမ သည် ထိုအရာတို့ကို မပြုလုပ်ခဲ့ပါ။

                သူမကို ပွေ့ချီ၍ သခင်ယေရှုကို သိကျွမ်းစေရန်နှင့် ချစ်တတ်ရန် သင်ကြားပေးသော အဖွားတဦး သူမတွင် ရှိခဲ့သည်။ ကလေး မလေး အရွယ်၌ပင် သူမသည် သူမ၏ နှလုံးသားကို ဘုရားသခင်အား ဖွင့်ပေး ခဲ့သည်။

                Fannie Crosby သည် ဘုရားသခင်ကို ပိုသိကျွမ်းလာ၍ သူ၏မေတ္တာတော်ကို ပိုမိုနားလည်လာ သည်နှင့်အမျှ၊ သူမကိုယ်ကို ဘုရားသခင်ထံ လုံးဝဥသုန် ဆပ်ကပ်အပ်နှံခဲ့သည်။ သူမသည် အခြားအရာ တခုကို ပြုလုပ်ခဲ့သည်။ သူမသည် ကျေနပ်ရောင့်ရဲတတ်သော စိတ်ကို မွေးမြူခဲ့သည်။ ဘုရားသခင်က သူမကို မျက်မမြင်တဦးဖြစ်လာစေရန် ဘာကြောင့် မတားဆီခဲ့ခြင်းကို နားမလည်ခဲ့သော်လည်း သူမအပေါ် တွင် ထားရှိသော သူ၏မေတ္တာတော်ကိုမူ ယုံကြည်စိတ်ချခဲ့သည်။ သူမသည် ၈-နှစ်သား အရွယ်၌ပင် ဤကဗျာကို ရေးစပ်ခဲ့သည်။

                ““အလွန်ပျော်ရွှင်မှုရှိသည့် ကလေးငယ်မှာ ကျွန်ုပ်ပင်ဖြစ်၏

                မျက်စိမမြင်နိုင်သော်လည်း ဤကမ္ဘာပေါ်တွင် ရှိတာလေးနှင့် ရောင့်ရဲမည်ဟု စိတ်ပိုင်းဖြတ်ထား၏။

                မျက်မမြင်သည့်အတွက် မငိုနိုင်၊ သက်ပြင်းမချနိုင်ပါ။ ငိုလည်းငိုလိမ့်မည် မဟုတ်ပါ။””

 သူမကြီးပြင်းလာချိန်တွင် Fannie Crosby သည် ချီးမွမ်းဓမ္မသီချင်းများစွာကို စတင်ရေးစပ်ခဲ့သည်။ သူမ သည် ဓမ္မသီချင်း ၆၀၀၀ ကျော်ကို ရေးစပ်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းရှိ ခရစ်ယာန်များသည် သူမ၏သီချင်း များဖြစ်သော “To God Be the Glory.” “All the Way My Savoir Leads Me.” “Blessed Assurance.”  စသည်တို့ကို သီဆိုခဲ့ကြသည်။

                သူမသည် မျက်မမြင်ဖြစ်ပြီး သူမ၏ဘ၀ကို အမှောင်ထဲတွင်သာ ကုန်ဆုံးခဲ့ရသော်လည်း Fannie Crosby သည် အသက်ရှင်ခဲ့ သမျှသော အပျော်ရွှင်ဆုံးခရစ်ယာန်များထဲမှာ တဦးဖြစ်သည်။ သူမ၏ ပျော်ရွှင်မှု၏ လျှို့ဝှက်ချက်မှာ အဘယ်နည်း။ လျှို့ဝှက်ချက်မှာ သူမသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှင့် ဥာဏ်ပညာတို့ကို ယုံကြည်စိတ်ချခဲ့သည်။

                ဘုရားသခင်က ဘာကြောင့် သူမကိုမျက်မမြင်ဖြစ်လာစေရန် ခွင့်ပြုခဲ့သလဲဆိုတာကို နားမလည်ခဲ့ သော်လည်း သူ၏ချစ်ခြင်းမေတ္တာနှင့် ဥာဏ်ပညာတို့ကိုမူ ယုံကြည်စိတ်ချခဲ့သည်။ သူမသည် မိမိကိုယ်ကို နှင့် မိမိ၏ဘ၀အခြေအနေများကို လက်ခံခဲ့ပြီး ဘုရားသခင်က သူမကို တစ်ကမ္ဘာလုံး အတွက် ကောင်းချီး မင်္ဂလာတစ်ခုဖြစ်စေခဲ့သည်။

 

 

 

ယခုတွင်ပင် သင့်ကိုယ်သင် လက်ခံလိုက်ပါ

                မိမိကိုယ်ကိုလက်ခံခြင်းသည် ဘုရားသခင်၏ မေတ္တတော်နှင့် ဥာဏ်ပညာတို့ကို မည်မျှယုံကြည် စိတ်ချသလဲ အပေါ်တွင် မူတည်သည်။ နောက်ဆုံးတွင် ဤမေးခွန်းများကသာ အရေးအကြီးဆုံးဖြစ်လာသည်။ ““ကျွန်ုပ်သည် ကျွန်ုပ်ကို ဤပုံစံအတိုင်း ဖန်ဆင်းခဲ့သည်။ ဖန်ဆင်ရှင်ကို ကျေးဇူးတင်ပါရဲ့လား? ကျွန်ုပ်ဘ၀အတွက် သူ၏ချစ်ခြင်းမေတ္တာနှင့် ဥာဏ်တို့ကို ယုံကြည်ပါရဲ့လား?

                သင်သည် ညံ့ဖျင်းသော မိမိကိုယ်ကိုမိမိမြင်သောအမြင်  “self-image”   မျိုးဖြင့် သင့်ကိုသင် ခါးသီးနာကြည်းလျက် ဤဘ၀ကို ဖြတ်သန်းနိုင် သလို မိမိကိုယ်ကို လက်ခံ၍ ဘုရားသခင်၏ မေတ္တာတော်နှင့် ဥာဏ်ပညာကို ယုံကြည်ခြင်း အားဖြင့် လျော်ကန်သော မိမိကိုယ်ကိုမိမိမြင်သောအမြင်  “self-image”   မျိုးရရှိလျက် ဤဘ၀ကို ဖြတ်သန်းနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်ချယုံကြည်ပါက ကျွန်ုပ်တို့ကို ဆန့်ကျင်နေသည်ဟု ထင် ရသောအရာများသည် ပင်လျင် ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် တညီတညွတ်တည်းပြုစုကြသည်ကို ငါတို့သိကြ၏။”” ဟုဆိုထားသည်။ ရော ၈း ၂၈

                ဘုရားသခင်က ကျွန်ုပ်တို့ကို ဖန်ဆင်းထားသည့်ပုံစံအတိုင်း မိမိကိုယ်ကိုလက်ခံခြင်းသည် ကျွန်ုပ် တို့ကို ချည်နှောင်ခြင်းမှ လွတ်မြောက်စေ သည်။ ကျွန်ုပ်တို့သည် အခြားလူများအား အထင်ကြီးစေရန် ကြိုးစားစရာ မလိုတော့ပါ။ အသိအမှတ်ပြုခြင်းခံရရန် ရုန်ကန်စရာလည်း မလိုတော့ပါ။ ကြီးမြတ်သော တစုံတဦးဖြစ်လာအောင် ကြိုးစားစရာလည်း မလိုတော့ပါ။

                ကျွန်ုပ်တို့ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့ဖြစ်ကြသည်။ ကျွန်ု်ပ်တို့သည် စကြာဝဠာကို ဖန်ဆင်းထားသူ ၏ ချစ်ခင်မှုနှင့် လက်ခံမှုကို ခံရကြသည်။ ကျွန်ုပ်တို့နှင့် ပတ်သက်၍ အခြားသူများက မည်သို့ထင်မြင် သလဲဆိုတာကို စိုးရိမ်ကြောင့်ကြနေစရာမလိုတော့ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လက်ခံခဲ့ပြီး ထိုသို့ လက်ခံခြင်းသည်သာ အမှန်တကယ်အရေးအကြီးဆုံးဖြစ်သည်။

                သင့်ဘ၀အတွက် ဘုရားသခင်၏ မေတ္တာတော်နှင့် ဥာဏ်ပညာတော်ကို ယုံကြည်လက်ခံပါ။ သူ့ကို ယခုပင် ဤသို့ပြောလိုက်ပါ။ ““ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်၏ ကျေးဇူးကိုမသိတတ်၊ မချီးမွမ်း တတ်ခဲ့ပါ။ ဤအပြစ်ကို ယခုတွင်ပင် ၀န်ချတောင်းပန်လို၍ ကျွန်ုပ်ကို အပြစ်လွှတ်ပေးဖို့ တောင်းဆိုပါ၏။ ကျွန်ုပ်ကို ဤပုံစံအတိုင်း ဖန်ဆင်းထားသည့်အတွက်နှင့် ကျွန်ုပ် ကိုယ်တော်ကို ကျေးဇူးတင်ပါ၏။ ကိုယ်တော်ဖြစ်စေလိုသည့် သူတစ်ဦး ဖြစ်လာနိုင်စေရန်အတွက် ကျွန်ုပ်နှင့်ပတ်သက်၍ ကိုယ်တော်၏ ပြင်ဆင်နေမှုကို ယုံကြည်ပါ၏။

ရှာဖွေတွေ့ရှိသော ရတနာ

 မိမိကိုယ်ကိုလက်ခံခြင်းသည် ကျွန်ုပ်ကိုဖန်ဆင်းသူတဦးဖြစ်သော ဘုရားသခင်၏ မေတ္တတော်နှင့် ဥာဏ်ပညာတို့ကို မည်မျှယုံကြည် စိတ်ချသလဲ အပေါ်တွင် မူတည်သည်

 

မေးခွန်းများ

၁။ မိမိကိုယ်ကိုမိမိမြင်သော အမြင်သဘောထားကို ဤသို့ခေါ်သည်။

                (က) အတ္တစိတ်  (ခ) ကျွန်ုပ်တို့၏မိမိကိုယ်ကိုမိမိမြင်သောအမြင်  “self-image”     (ဂ) ကျွန်ုပ်တို့၏ ကိုယ်ရည်ကိုယ်သွေး

၂။ ကျွန်ုပ်တို့သည်

                (က) ဆင့်ကဲဖြစ်စဉ်အားဖြင့် ဖြစ်တည်လာကြသည်။

                (ခ) ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံရသည်။

၃။ ကျွန်ုပ်တို့သည် ---၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခြင်းခံရသည်။

                (က) ကျွန်ုပ်တို့၏မိဘ                 (ခ) ဘုရားသခင်

၎။ ကျွန်ုပ်တို့ကို အောက်ပါရည်ရွယ်ချက်ဖြင့် ဖန်ဆင်းထားခြင်းဖြစ်သည်။

                (က) ဤကမ္ဘာကို သာ၍ကောင်းသောနေရာတခုဖြစ်လာစေရန် ပြုလုပ်ကြရန်။

                (ခ) မိမိလုပ်နိုင်သမျှ ကောင်းမှုကုသိုလ်ပြုကြရန်

                (ဂ) ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်

၅။ အခြားလူတဦးကို အထင်သေး၊ ရွံရှာမုန်းတီးခြင်းသည် မှန်ကန်သောလုပ်ရပ်တခုဖြစ်သလား?

                (က) ဟုတ်ပါတယ်။                    (ခ) မဟုတ်ပါ။

၆။ မိမိကိုယ်ကို အထင်သေး၊ ရွံရှာမုန်တီးခြင်းသည် မှန်ကန်သောလုပ်ရပ်ဖြစ်သလော?

                (က) ဟုတ်ပါတယ်။                    (ခ) မဟုတ်ပါ။

၇။ မိမိကိုယ်ကို လက်ခံခြင်းသည်

                (က) ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဥာဏ်ပညာတော်တို့ကို မည်မျှယုံကြည်စိတ်ချမှုရှိသလဲ အပေါ်တွင် မူတည်သည်။                    (ခ) ““ကျွန်ုပ်ဒီထက်ပိုဆိုးနိုင်တယ်”” ဟူသောအချက်အပေါ်တွင် မူတည်သည်။

                (ဂ) ကျွန်ုပ်၏ ရုပ်ချောမှုနှင့်အခြေအနေကောင်းမှုအပေါ်တွင် မူတည်သည်။

 

မှန် / မှား

၈။ သင်သည် သင်၏ဖန်ဆင်းရှင်နှင့် ပုဂိ္ဂုလ်ရေးအရ မိတ်သဟာယဖွဲ့မှုကို မပြုမလုပ်မချင်း သင်၏ အဖိုးထိုက်တန်မှု အစစ်အမှန်ကို မသိရှိ နိုင် သလို မိမိကိုယ်ကိုလည်း ဘယ်တော့မှ လုံးလုံးလျားလျား လက်ခံနိုင်မည်မဟုတ်ပါ။

                (က) မှန်                    (ခ) မှား

၉။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ အလိုကို ဆန့်ကျင်၍ ဘယ်တော့မှ အတင်းအကြပ်လုပ်ဆောင်စေမည် မဟုတ်ပါ။

                (က) မှန်                    (ခ) မှား

၁၀။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်းပိုင်းမှ တွေးတောကြံစည်၊ ယုံကြည်သောအရာများ၏ ထိန်းချုပ်ထားခြင်းကို ခံရသည်။

                (က) မှန်                    (ခ) မှား

ရဲလင်းထွန်း(အင်းစိန်)

Last Updated on Wednesday, 25 August 2010 19:37

ကျူးလွန်သောအပြစ်-ကယ်တင်ခြင်းနှင့်ဆိုင်သော သင်ခန်းစာများ

E-mail Print PDF



ကယ်တင်ခြင်းနှင့်ဆိုင်သော သင်ခန်းစာများ

သင်ခန်းစာ (၅)

ကျူးလွန်သောအပြစ်

 သင်ခန်းစာ (၄)၌ မွေးရာပါအပြစ်အကြောင်း သိရှိ ခဲ့ရပြီ။ယခုမွေးရာပါ အပြစ်၏ အသီးအပွင့်ဖြစ်သော ကျူးလွန်သော အပြစ် အကြောင်းကို လေ့လာရမှာဖြစ်သည်။

အသီးအပွင့်

                သခင်ယေရှုက-အသီးအားဖြင့်အပင်၏သဘောကိုထင်ရှား သည် ဖြစ်၍အသီးကောင်းလျှင် အပင်ကောင်းသည်ဟု ဆိုကြလော့၊ အသီး မကောင်း လျှင်အပင်မကောင်းဟုဆိုကြလော့-ဟုဆိုထားသည် (မဿ၊ဲ ၁၂း၃၃)။ သခင်ယေရှုပြော သကဲ့သို့ ပင်သစ်သီး ကောင်း မကောင်း သည်  အပင်နှင့် ဆိုင်သည်။ အပင်ကောင်းလျှင်  အသီးကောင်း၍  အပင်မကောင်းလျှင်  အသီး မကောင်းချေ။ အပင် မကောင်း ခြင်းသည်လည်း  အမျိုးမကောင်းခြင်းကြောင့် ဖြစ်သည်။ မျိုးကောင်းလျှင်အပင်ကောင်းသည်။ အပင်ကောင်းလျှင် အသီးကောင်း သည်။ ထို့  ကြောင့် အသီးသည် အဓိကမဟုတ်။ မျိုးသို့ မဟုတ် အပင်သည်အဓိက ဖြစ်သည်၊

                လူ၌လည်း မွေးရာပါအပြစ်သည် မျိုးနှင့်တူသည်။ မွေးရာပါအပြစ် ရှိသော အပြစ်သားသည်  အပင်နှင့်တူသည်။ အပြစ်သား ကျူးလွန်သော အပြစ်သည် အသီးနှင့်တူသည်။ ကျူးလွန်သောအပြစ်ကို လူတိုင်းကနားလည် ကြသည်။  လူ့ အသက်ကိုသတ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ သူ့ မယားကိုပြစ်မှားခြင်း၊ ခိုးခြင်း၊ လိမ်ညာခြင်း၊ မတရားသဖြင့် ကျင့်ခြင်း၊စိတ်ဆိုးခြင်း၊ စိတ်တိုခြင်း၊ စိတ်ကောက်ခြင်း၊ သူတပါးကိုအမြင်ကပ်ခြင်း၊ မတရား စီးပွါးကို တပ်မက်ခြင်း၊ မမှန်သော သက်သေကို ခံခြင်း၊ လောဘ လွန်ကျူးခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်း၊ အတင်းပြောခြင်း၊ စသော အပြစ်သားများမှ ထွက်လာသော မကောင်းမှုမှန်သမျှသည်  ကျူးလွန် သော အပြစ်ဖြစ်သည်။ ထိုအပြစ်များသည် လူလူချင်းအပေါ်ပြစ်မှားသော အပြစ်များဖြစ် သောကြောင့်လူ၏ အမြင်၌ အလွန်အပြစ်ကြီးသည်။

 

အသီးကြောင့်မဟုတ်မျိုးကြောင့်

                သရက်ပင်သည်သရက်သီးသီးသောကြောင့်သရက်ပင်ဖြစ်သည်မဟုတ်။ သရက်မျိုးမှပေါက်သောကြောင့် သရက်ပင်ဖြစ်သည်။ သရက်သီးသီးသည်ဖြစ်စေ၊ မသီးသည်ဖြစ်စေ၊သရက်မျိုးမှပေါက်သောကြောင့်သရက်ပင်ဖြစ်သည်။ သရက်သီး မသီးသော သရက်ပင် သည် ရာခိုင်နှုန်းအပြည့်သရက်ပင်ဖြစ်သည်။သရက်သီး သီးသော  သရက်ပင်သည်  ပို၍သရက်ပင်ဖြစ်သည် မဟုတ်။

                ထို့ နည်းတူ လူသည် ကျူးလွန်သော အပြစ်လုပ်သောကြောင့် အပြစ်သား ဖြစ်သည် မဟုတ်။ အပြစ်မျိုးမှ ပေါက်ဘွားလာ သော ကြောင့်အပြစ်သား ဖြစ် ရသည်။  လူတိုင်း ထင်မှတ်တတ် သည်မှာလူသည်  ကျူးလွန်သောအပြစ်ကြောင့်အ ပြစ်သား ဖြစ်ရသည် ဟူ၍ ဖြစ်သည်။ ထို့ ကြောင့်အပြစ်သား မဖြစ်ဘို့ အပြစ်မကျူးလွန်ရန် ချုပ်တီး ကြသည်။ ထိုသို့ ချုပ်တီးရန်လည်း တိုက်တွန်း ဟောပြော သွန်သင်ကြသည်။

မဖြစ်နိင်

                ဒုစရိုက်အပြစ်  ချုပ်တီးခြင်းသည်ကောင်းပါသည်။ သို့ သော်အပြစ်သား သည် ဒုစရိုက်အပြစ်  ကိုချုပ်တီးနိင်သည်  မဟုတ်။ လူရှေ့ချုပ်တီးနိင်သော်လည်း  ဘုရားသခင်ရှေ့အပြစ်ကျူးလွန်လျက်ပင်ရှိသည်၊ ကျမ်းစာက-အဲသယောပိ (လူမဲ)သည် မိမိအရေ၏ အဆင်း ကို၎င်း။ ကျားသစ်သည်မိမိအကွက် အကြား တို၎င်း၊ ပြောင်းလဲနိင်သလော၊  ပြောင်းလဲ နိင်လျှင်  ဒုစရိုက်ကိုပြု လေ့ရှိသောသူတို့ သည် သုစရိုက်ကို  ပြုခြင်းငှါတတ်နိင်ကြလိမ့်မည်-  ဟုဆိုထားပါသည် (ယေရမိ၊၁၃း၂၃)။ထို့ ကြောင့်မိတ်ဆွေအနေဖြင့် သုစရိုက်တည်း ဟူသော ကောင်းမှုပြုနိင်ဘို့ ရန်မှာ အဲသယောပိတည်းဟူသော  အသားမဲ လူမျိုး အရေ အဆင်းပြောင်းရမည်။ ကျားသစ်လည်းမိမိအကွက် အဆင်းပြောင်းရမည်။   အဲသယောပိလူသည်  မိမိအရေအဆင်းကို  မပြောင်းနိင်။  ကျားသစ်သည်လည်း  မိမိအကွက်အကြားကို မပြောင်း နိင်။  ထို့ ကြောင့်မိတ်ဆွေနှင့် ကျွန်ပ်လည်း  အကျင့် မပြောင်းနိင်၊ဘုရားသခင်ရှေ့ကုသိုလ်မလုပ်နိင်ကြ။

ညစ်သောအ၀တ်

                လူ့အမြင်၌ ကောင်းသည်ဟု ထင်ရသော်လည်း ဘုရားအမြင်၌ မကောင်းသောအရာများစွာ ရှိသည် မိတ်ဆွေ အနေဖြင့် မိမိအကျင့်ကို နှစ်သက်မည်ဖြစ်သော်လည်း ဘုရားသခင် အနေဖြင့် အလွန်ရွံရှာသည်၊ ကျမ်းစာက- အကျွန်ပ်တို့ ရှိသမျှသည် စင်ကြယ် ခြင်း မရှိပါ၊ ပြုဘူးသမျှသောကုသိုလ်ကောင်းမှုတို့ သည် ညစ်သော အ၀တ်နှင့်တူကြပါ၏- ဟုဆိုထားပါသည် (ဟေရှာ ၆၄း၆)။

                အထက်ပါကျမ်းပိုဒ်အရကုသိုလ်ကောင်းမှုများပင်လျှင်ရွံစရာကောင်းသောညစ်သော အ၀တ်နှင့်တူသည်။ လူ့ အမြင်၌ ကုသိုလ် ကောင်းမှုသည်ကောင်းပါသည်။ သို့ သော် အပြစ်သားပြုသောကုသိုလ်ကောင်းမှုကိုဘုရားသခင်ရွံရှာသည်။အဘယ်ကြောင့် နည်း ဟူမူကား  လူသည်  ညစ်ညူးသောကြောင့် ဖြစ်သည်။ လူသည်ဘုရားသခင် ရှေ့၌ အနူရောဂါသည်လို ညစ်ညူးသည်။ အနူရောဂါသည် သုပ်ပေးသော လက်ဖက်သုပ်ကို မိတ်ဆွေစားချင် ပါမည်လော။ မည်မျှပင်ကောင်းသောလက်ဖက်၊ ပဲ၊နှမ်း၊ပုဇွန် ခြောက်များသုံး သော်လည်း မိတ်ဆွေ စားချင်မည်မဟုတ်။ အကြောင်းမူကား လက်ဖက်သုပ်ကောင်းသော်လည်း သုပ်ပေးသူမသန့် ရှင်းသော ကြောင့် ဖြစ်သည်။ ထို့  နည်းတူ မိတ်ဆွေ၏ကုသိုလ်  ကောင်းမှုများသည် ကောင်းပါသည်။  သို့သော် မိတ်ဆွေသည် ဘုရားသခင်ရှေ့ မသန့် ရှင်းသောကြောင့် မိတ်ဆွေ၏ ကုသိုလ်ကောင်းမှုများလည်း ညစ်ညူးသည်။ သန့် ရှင်းခြင်းမရှိ။ ထို့ကြောင့် ဘုရားသခင်ရှေ့ ၌့ ကုသိုလ်အားဖြင့် မျက်နှာမရနိင်ချေ။

အပြစ်မရှိဟုထင်တတ်

                လူသည် အမှောင်သားဖြစ်၍ အမှောင်ထဲ၌နေသောကြောင့်မိမိအပြစ်ကို မမြင်တတ်ချေ။ တခါတုန်းက-  မှားယွင်းခြင်းအမှုကို ပြုလျက် နေသော  မိန်းမ တယောက်ကို တွေ့ လျှင်ကျမ်းပြုဆရာနှင့်ဖရိရှဲတို့ သည် ခေါ်၍ အလယ် ၌ ထားပြီးမှ အရှင်ဘုရား ထိုမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင် ပင် တွေ့ မိပါသည်။ ထိုသို့ သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည် အကျွန်ပ်တို့ အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ ပါပြီ။ သို့ရာ တွင်ကိုယ်တော်သည်အဘယ်သို့ မိန့် တော်မူမည်နည်းဟု လျှောက်ကြ ၏။

                ယေရှုသည်အောက်သို့ ငုံ့ လျက်လက်ညိုးတော်နှင့် မြေ၌ရေး သား၍ နေတော်မူ၏။  ထိုသူတို့ သည်  အထပ်ထပ်မေး လျှောက် ကြသော အခါ ကိုယ်ကိုလှန်တော်မူ၍ သင်တို့ တွင်အပြစ် ကင်းသောသူသည်  ရှေးဦးစွာ ကျောက်ခဲနှင့်ပစ်စေ ဟု မိန့် တော်မူပြီးမှ  တဖန်အောက်သို့ ငုံ့၍မြေ၌ရေးသားတော်မူပြန်၏။ ထိုသူတို့ သည်ကြားရလျှင်မိမိတို့ စိတ် နှလုံးသည်မိမိတို့ အပြစ်ကိုဖေါ်ပြသဖြင့် အသက်ကြီး သောသူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တယောက် နောက်တယောက် ထွက်သွား ကြ၏၊(ယော ၈း၃-၉)။

                ကျမ်းပြုဆရာနှင့်ဖရိရှဲများသည်အစ၌ မိမိတို့ အပြစ်ကိုမမြင်။ အမျိုးသမီး၏။ အပြစ်ကိုသာ  မြင်ကြသည်။ ထို့ ကြောင့် သခင်ယေရှုထံ အမျိုးသမီးကို တရားစွဲကြသည်။ သူတပါး၏အပြစ်ကို မြင်နေချိန်တွင် ကိုယ့်အပြစ်ကိုမမြင်နိင်ချေ။ ထိုနည်းတူ မိတ်ဆွေသည် ကိုယ့်အပြစ်ကို မမြင်နိင်ဘဲရှိနေပါသလား။ သို့ သော် သခင်ယေရှု၏စကားကြောင့် မိမိတို့ အပြစ်ကို  မြင်၍ထိုမိန်းမကို အပြစ်မမြင် တော့ဘဲ  ထွက်ခွါသွားကြသည်။  ထိုသူအပေါင်းတို့ သည် အလာ၌အပြစ်မရှိဟု ထင်မှတ်ကြ သော်လည်း သခင်ယေရှုထံမှ အပြန်တွင်မိမိတို့  အပြစ်များကို သိမြင်လျက်ပြန်သွားကြသည်။  မိတ်ဆွေလည်း သခင်ယေရှုနှင့် တွေ့ပါက မိမိအပြစ်ကိုမြင်လာမှာဖြစ်သည်။

ကောင်းသောအကျင့်ကျင့်သူ

                လူ ထင်မှတ်တတ်သည်မှာ လောက လူတို့အထဲ၌ကောင်းသော အကျင့်ကျင့်သော သူတော်ကောင်းရှိမည်ဟူ၍ဖြစ်သည်။ သို့  သော် ကျမ်းစာက အတိအလင်း ဖေါ်ပြသည်မှာ- ကောင်းသောအမှုကိုပြုသောသူ မရှိ။ နားလည်သောသူ၊ ဘုရားသခင်ကို ရှာသောသူ တစုံတယောက် ရှိသည်မရှိ သည်ကို သိမြင်ခြင်းငှာ ထာဝရဘုရားသည် ကောင်းကင်ပေါ်က လူသား တို့ ကိုငုံ၍ကြည့်ရှုတော်မူ၏။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်းသော အကျင့် ကိုကျင့်သောသူမရှိ၊ တယောက်မျှမရှိ-ဟုဆိုထားသည်(ဆာလံ ၁၄း၂-၃)။

                လူအမြင်၌ ကောင်းသောသူ၊အကျင့်ကောင်းသောသူရှိနိင်သော်လည်း  ထာဝရဘုရားအမြင်၌ တယောက်မျှ ကောင်းသောအကျင့် ကျင့်သောသူ မရှိဟု ဆိုထား သည်။ တယောက်မျှမရှိဟု အတိအလင်း ဖေါ်ပြထားသည်။ အဘယ့်ကြောင့် နည်းဟူမူကားလူသည်မွေးစကပင် အပြစ်သားဖြစ်သောကြောင့်ဖြစ်သည်။ အပြစ်သား သည် အပြစ်လုပ်ဘို့ ရန်မွေးဘွားသည်။ ထို့ ကြောင့်အပြစ်သာ လုပ်တတ်သည်။

               

အပြစ်လုပ်ဘို့ ရန်မွေး

                လူတိုင်းထင်မှတ်တတ်သည်မှာ  လူသည်အကောင်းနှင့်မွေးသော်လည်း ကြီးလာသောအခါ ပတ်ဝန်းကျင်   ကြောင့် အပေါင်း အသင်းကြောင့်  အကျင့်ပျက် သည်  ဟူ၍ဖြစ်သည်။ သို့ သော် မည်သည့်အရာမဆို အမျိုးလိုက်ကြောင်းတွေ့ ရသည်။ ဥပမာ၊ ခွေးသည် ဟောင်ဘို့ မွေးသည်။ ထို့ ကြောင့်ခွေးဟောင်လျှင် အံ့သြစရာမရှိ။ ဘဲသည်ရေကူးဘို့မွေးသည်။ ထို့ ကြောင့်ဘဲရေးကူးလျှင်ထူးဆန်း သည် မဟုတ်။ ကြက်ဖသည် တွန်ဘို့ မွေးသည်။ ထို့ ကြောင့်ကြက်ဖသည် သင်ပေး စရာမလိုဘဲကြီးလာသောအခါ တွန်တတ်သည်။

                ထို့ နည်းတူ လူသည်လည်း အပြစ် လုပ်ဘို့  မွေးဘွားသည်။ ထို့ ကြောင့်ကြီး လာသောအခါ သင်ပေးစရာ မလိုဘဲ အပြစ်မျိုးစုံ လုပ်တတ်သည်။ အပြစ်လုပ်နည်း သင်တန်းမတက်ဘဲအပြစ် လုပ်တတ်ကြသည်။ ခိုးနည်း၊သတ်နည်း၊မုသာပြောနည်း သင်တန်းမရှိပါ။ လူတိုင်း လုပ်တတ်ကြသည်။ ထိုသို့ အပြစ်လုပ်တတ်ဘို့ ရန်မွေးဘွား ကြသည်။

                ထိုအရာကိုသိသောဒါဝိဒ်မင်းကြီးက-အကျွန်ပ်သည်မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းမှာပဋိသနေ်္ဓယူစဉ်ပင် အပြစ်စွဲပါ၏- ဟုဆိုထားသည် (ဆာလံ၊၅၁း၅)၊။ မွေးစ၌ ထိုအပြစ်သဘောသည် မထင်ရှားသေး။ ကြီးလာသောအခါမှထင်ရှားလာသည်။ သစ်ပင်များလည်း ပေါက်ခါစ၌ မသီးတတ်။ သို့ သော်ကြီးရင့်လာသောအခါမှ သီးတတ်ကြသည်။ မသိသောသူများအတွက် အသီးသီးမှသာ အပင်၏သဘောကို သိရကြသည်။ အမျိုးနားလည်သူအတွက် ပေါက်စကပင်မည်သည့် အသီးမျိုးသီးမည်ကို နားလည်နိင်သည်။

                ဘုရားသခင်သည် လူ၏သဘောကို မွေးစကပင် နားလည်သောကြောင့် မည်ကဲ့သို့ သော အကျင့်ကို ကျင့်မည် ဟူသော အရာ ကို သိနှင့်ပြီးသားဖြစ်သည်။ ထို့ကြောင့်အဘယ်သူမျှ ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်သောသူမရှိ-  ခြားနားခြင်း အလျှင်းမရှိ။ လူအပေါင်းတို့  သည် ဒုစရိုက်အပြစ်ကိုပြု၍ ဘုရားသခင်၏ ရှေ့ တော်၌အသရေပျက်ကြပြီ (ရော၊ ၃း၂၃)။

 

သင်ခန်းစာ (၅) မေးခွန်းများ

၁။            အပင်၏သဘောကိုမည်သည့်အရာဖြင့်သိရသနည်း။--------------

၂။            အပင်ကောင်းလျှင်--------------ကောင်းသည်။

၃။            မွေးရာပါအပြစ်သည်မျိုးနှင့်တူ၍ကျူးလွန်သောအပြစ်သည်----------နှင့်တူသည်။

၎။            လူသည်ဒုစရိုက်ပြစ်လုပ်သောကြောင့်အပြစ်သားဖြစ်သလော။ အပြစ်သားဖြစ်သောကြောင့် အပြစ်လုပ်သလော။-----------------

၅။            ကျားသစ်သည်အကွက်အကြားပြောင်းနိင်မှ လူသည် ------------- မလုပ်ဘဲနေနိင်မည်။

၆။            လူ၏ကောင်းမှုကုသိုလ်သည်ဘုရားရှေ့၌ -------------ကဲ့သို့ ဖြစ်သည်။

ရ။            ဖါရိရှဲနှင့်ကျမ်းပြုဆရာတို့ သည်အဘယ့်ကြောင့်မှားယွင်းသောမိန်းမ၏ အပြစ်ကိုသာမြင်သနည်း။--------------

၈။            ဘုရားသခင်အမြင်၌ ကောင်းသောအကျင့်ကိုကျင့်သောသူ -----------မျှမရှိ။

၉။            လူသည်ကောင်းသောအကျင့်ကျင့်ဘို့ မွေးသလော၊မကောင်းသော အကျင့်ကျင့် ဘို့ မွေးသလော။ --------------------

၁၀။          လူသည်မည်သည့်အရွယ်မှစ၍အပြစ်သားဖြစ်သနည်း။ ----------------

 

ရဲလင်းထွန်း (အင်းစိန်)

Last Updated on Wednesday, 25 August 2010 19:39

Page 1 of 12

  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  8 
  •  9 
  •  10 
  •  Next 
  •  End 
  • »