

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်
Thursday, Sep 09th
Last update07:05:36 PM GMT

တစ်ခါက မြန်မာပြည်က ပြည်ထောင်စုပွဲမှာ လူပရိတ်သတ်များ ရေသောက်ဖို့ ခြေထောက်က ခုလုပ်ကိုနင်းပြီး ခေါင်းမော့၊ ပါစပ်ဟထားရင် အပေါ်ကရေတွေကျလာတဲ့ ရေသောက်စက်လေးတခု လွန်ခဲ့သော အနှစ်၃၀လောက်မှာ တီထွင်ခဲ့ပါတယ်။ တောကတက်လာတဲ့ တိုင်းရင်းသား လူငယ်တစ်ဦး မောင်မျက်ပြူးတစ်ယောက်ထဲသွားလာရင်း အဲဒီ ရေသောက်စက်ကလေးဆီ ရောက်လာတယ်။ သူလည်း ခပ်တည်တည်နဲ့ အဲဒီနေရာသွားပီး ခေါင်းမော့၊ပါးစပ်ဟတယ်။ ရေထွက်မလာဘူး။ ခပ်ရှက်ရှက်နဲ့ နောက်ကတန်းစီလာတဲ့လူကို ဖယ်ပေးရတယ်။ ခပ်လှမ်းလှမ်းကို သွားပြီး လူတွေဘယ်လိုသောက်သလဲ .. အကဲခပ်တယ်။ သူတို့ခြေလှမ်းအတိုင်း အသေအချာမှတ်ထားပြီး တောသားခြေလှမ်းနဲ့ဆောင့်ပြီး သူများတွေလုပ်သလို ရေထွက်တဲ့အပေါက်အောက်မှ ၀ုန်တိုင်းဆို ခေါင်းမော့၊ ပါစပ်ဟပြီး ရပ်လိုက်တယ်။ ခြေထောက်က အောက်ကခလုပ်ကို အဆုံးထိဖိလိုက်တာကြောင့် မျက်နှာပေါ်ရေပန်းကြီးကျလာပြီး စိုရွှဲသွားတော့တယ်။
အနှစ်၃၀ကြာလောက်မှာ အဲဒီလူငယ်လည်း လူကြီးဖြစ်လာပြီး ဓမ္မဆရာဖြစ်လာတယ်။ မြန်မာတိုင်းရင်းသား ဓမ္မဆရာတွေကို အမေရိကန်နိုင်ငံ ခရစ်ယာန်အဖွဲ့အစည်းတစ်ခုက ဖိတ်ခေါ်တယ်။ ဟာဝိုင်ရီကျွန်းမှာ စီမီနာတစ်ခု တစ်ပတ်ကြာသွားရောက်ခွင့်ရရှိသွားတယ်။ ဒီဓမ္မဆရာ ဦးမျက်ပြူးက အမေရိကန်ကို ပထမဆုံးအကြိမ်ရောက်သွားတယ်။ ကမ္ဘာ့အင်အားကြီး၊ တိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်ကို အရမ်းအထင်ကြီးခဲ့ပေမဲ့ ဟာဝိုင်ရီရောက်တော့ ထင်သလို အမေရိကန်တွေ မတောက်ပြောင်ကြတာတွေ့တယ်။ အရေးထဲ လူတွေသောက်ဖို့ Stainless Steel - Water wall mounted dispenser တွေလည်း အများကြီးတွေ့တော့ လွန်ခဲ့တဲ့အနှစ်၃၀က မြန်မာတွေတီထွင်ခဲ့တာ ပြန်သတိရတယ်။ အဲဒီ အမေရိကန်ရေသောက်စက်ကို ကြည့်ပြီး ကောက်ချက်ချ ပြောလိုက်တဲ့စကားကတော့..
"ငါ .. အမေရိကန်တွေကို အထင်ကြီးခဲ့တာ၊ အခု ဒီ အမေရကန်ရေသောက်စက်ကိုကြည့် .. လူတွေ တိရိစ္ဆာန်လို ပါးစပ်ဟပြီး ရေသောက်ခိုင်းထားတယ်။ ငါတို့မြန်မာပြည်မှာလို ရေအိုးစင်နဲ့၊ ရေခွက်နဲ့၊ ရေသောက်ရတယ်။ ငါတော့ အမေရိကန်တွေကို အထင်မကြီးတော့ဘူးဟေ့" .. ဆိုပဲ။ သူက ရေခွက်နဲ့သောက်မှ ရေသောက်တယ်ယူဆပုံရတယ်။
နားထောင်နေတဲ့ တခြားမြန်မာဓမ္မဆရာတစ်ဦးက .. အင်း .. ရေသောက်စက်ကလေးတစ်ခုနဲ့တော့ ကောက်ချက်မချလိုက်ပါနဲ့ဦး ဆရာမျက်ပြူးရယ် ... လို့ပြန်ထိန်းထားရတယ်။
ဟာဝိုင်ရီပြန် ဓမ္မဆရာများ အမှတ်တရ
သြဂုတ်လ၊ ၂၀၁၀
ဒစ္စကို နဲ့ ချပ်ခ်ျ (Disco & Church) - ကာတွန်း မင်းအောင်သက်လွင်
အဓိပ္ပါယ်ဖွင့်ဆိုချက် - ဒစ္စကို နဲ့ ချပ်ခ်ျ (ဘုရားကျောင်း) ကို နှိုင်းယှဉ်ပြထားတာပါ။ ဒစ္စကို မှာက မိန်းမငယ်လေး တစ်ယောက်တည်းက ရုံအပြည့် ပရိတ်သတ်ကို ဖျော်ဖြေတာ ဖြစ်ပြီး၊ ချပ်ခ်ျ မှာက တစ်ယောက်တည်းသော ပရိတ်သတ်ကို ကွာယာသံစုံ နဲ့ တရားဟောဆရာများက ၀ိုင်းဝန်း ဖျော်ဖြေ နေကြတာ ဖြစ်ပါတယ်။ ဒစ္စကိုမှာ လူသွားများပြီး ချပ်ခ်ျမှာ ဘာ့ကြောင့် လူလာနည်းရတာလဲ။ ဆင်ချင်စရာလေးပါ။




ဘု၇ားသခင်ပရိုဂရမ် နဲ့ ချက်ကြီးကာတွန်းများ
လဲ့ဝင်း ပေးပို့တဲ့ ကွန်ပြူတာကာတွန်းအချို့ဖြစ်ပါတယ်။ အမျိုးသားများက ဦးဆောင်ပြီး Net, Online လမ်းကြောင်းကို အမျိုးသမီးများ လိုက်လာကြပုံသရုပ်ဖေါ်ပါတယ်။ ရေးဆွဲသူ လှထွန်းဦး နဲ့ မိတ်ဆွေများ ရေးဆွဲထားခြင်းဖြစ်ပါတယ်။
ကာတွန်း ၀ါသနာအိုးအချို့ ...
Page 1 of 5