မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Thursday, Sep 09th

Last update07:05:36 PM GMT

You are here:: ဗဟုသုတ၊ပညာပေး

Knowledge

ဇော်ဂျီဖောင့် မိမိကွန်ပြူတာမှသုံးခြင်း

E-mail Print PDF

ဇော်ဂျီဖောင့် မိမိကွန်ပြူတာမှသုံးခြင်း

၁။ ဖောင့်ဖိုင် ZawgyiOne20071204.ttf  ကို ဒေါင်းလုတ် ပြီးရင် c://WINDOWS/Fonts  မှထည့်ပါ။
     ဖောင့်ရယူရန် နှင့် နည်းလမ်းများ
http://www.zawgyi.net/ တွင်ယူပါရန်



၂။ ဇော်ဂျီစာလုံးများ အင်တာနက်မှာ မမြင်သေးရင် အောက်ပါလင့်ကိုနှိပ်ပြီး Install လုပ်ပါ။
    zerf-
EW installer

၃။ အီးမေး နဲ Internet Explore တွေမှာမမြင်ရသေးရင် အောက်ကနည်းအတိုင်း စမ်းကြည့်ါပ။

 

၎။ စာလုံးရိုက်ရန်
    မိမိရိုက်သောစာလုံးများ အင်္ဂလိပ်စာဖြစ်နေရင်  Ctrl+Shift နှိပ်ပြီး ရိုက်ကြည့်ပါ။ Ctrl+Shift ကိုသုံးပြီး အင်္ဂလိပ်၊ မြန်မာ ကီးဘုတ် ၂ခုကို အသုံးပြုနိုင်ပါတယ်။

 

ပိုပြီးအသေးစိတ်သိလိုရင်တော့ အောက်ပါလင့်ခ်မှာ ကြည့်ပါ။ မိဇ္ဖိမသတင်းဌာနမှ Jun 2007 အချိန်မှာ ကူးယူထားပါတယ်။
http://burmesebible.com/monywa/fonts/

အဆင်မပြေသေးရင်တော့ အနီးအနားက မြန်မာအင်တာနက်ဆိုင်ကိုLaptop ကိုရောယူသွားပါ။ ဒါလောက်တော့ အခမဲ့လုပ်ပေးလေ့ရှိပါတယ်။
(သို့မဟုတ်) ကွန်ပြူတာမှာ မြန်မာစာရေးတတ်သူ လူငယ်များကို အကူအညီတောင်းကြည့်ပါ။

 

၅။ ကနောင် ဖေါင့်ကွန်ဘတ်တာ Kanaung Font Converter



Download  80KB




၆။  သမ္မာကျမ်းစာတွင် ကျမ်းပိုဒ်များရှာခြင်း။
BurmeseBible.com အင်တာနက်မှ ရှာသည့်ကွက်လပ်တွင် ဇော်ဂျီဖောင့်ဖြင့် မြန်မာစာရိုက်နှိပ်ပြီးအလွယ်တကူရှာနိုင်ပါသည်။ ဂူဂယ်၊ ရာဟူး စသည့် ထိပ်တန်း Search Engine တို့အားဖြင့် မြန်မာစာလုံးကို အင်တာနက်တွင် ရှာနိုင်ပါသည်။ သင်နာမည်ကို ရိုက်နှိပ်ပြီးရှာကြည့်ပါ။

သင့်နာမည်လည်း အင်တာနက်တွင် နာမည်ကျော်နေသည်ကို တွေ့နိုင်ပါမည်။


အခုဒီစာရေးချိန် ၂၀၁၀ မှာတော့ ဇော်ဂျီဖောင့်ကို ရိုက်ရတာလွယ်လို့ အင်တာနက်ကြည့်သူတွေ၊ ဘလောက်လုပ်သူတွေ တွင်ကျယ်စွာသုံးနေပါတယ်။ တကယ်တော့ ဇော်ဂျီဖောင့်ဟာ ယူနီကုတ်အဆင့်မရှိသေးလို့ ဥပမာ ၀လုံး နဲ့ သုည (စာလုံး နဲ့  ဂဏန်း) တွေ အတူတူသုံးထားတာမျိုးလို .. ယူနီကုတ်နဲ့ညီအောင်လုပ်ဖို့ တော်တော်မလွယ်သေးပါဘူး။

The End.....

Last Updated on Thursday, 09 September 2010 22:13

တက္ကစီပေါ်က လေသန့်ရှင်းတဲ့စက်ကို သတိထားပါ။

E-mail Print PDF

ကိုယ့်အန္တရာယ်အတွက် သတိထားရန်ဖြစ်ပါတယ်။။
တက္ကစီဒရိုင်ဘာဟာ တရုပ်၊ မလေး၊ အိန္နိယ ဘာလူမျိုးပဲဖြစ်ပါစေ "ကျေးဇူးပြုပြီး၊ သတိထားပါ။"

တက္ကစီပေါ်ရောက်ပြီး လေသန့်ရှင်းတဲ့စက် ဒါမှမဟုတ် ရေမွှေးဖြန်းတဲ့စက်ကလေး တွေ့တာနဲ့ ချက်ခြင်း တက္ကစီပေါ်ကအမြန်ဆုံးဆင်းလိုက်ပါ။

ကျွန်မ လတ်လတ်လောလောအဖြစ်ကတော့ ညသန်းကောင်း ၁၂း၄၅ အချိန်မှာပါ။ မလေးလူမျိုး ဒရိုင်ဘာတစ်ယောက်ရဲ့ တက္ကစီပေါ်ကိုတက်ထိုင်လိုက်ပြီး ရှုးကနဲ့ လေသန့်ရှင်းစက်မှုတ်တဲ့အသံကို ကြားလိုက်ရပါတယ်။ လှည့်ပတ်ကြည့်တော့ လေသန့်ရှင်းစက်ကလေး နှစ်ခုတောင်တွေ့တော့ စိတ်ထဲတစ်မျိုးခံစားရတယ်။ လေသန့်ရှင်းစက်တွေက အနံလိုလိုမျိုးရတယ်။ မကြာခင်က ရတဲ့အီးမေးကို သတိရလာပါတယ်။ တမိနစ် တစ်ခါ ရှုးကနဲ လေမှုတ်တဲ့အသံထွက်နေတော့ အရမ်းစိုးရိမ်လာပြီး၊ ကြောက်လည်းကြောက်လာတယ်။

  တဖြေးဖြေးနဲ့ ကျွန်မရဲ့ ခန္တာကိုယ်ဟာ အားနည်းသလိုခံစားလာရတယ်။ လေသန့်ရှင်းစက်ကလေးကတော့ ကျွန်မနောက်ဘက်ကနေ ပုံမှန် ရှုးကနဲ့ အလုပ်လုပ်နေဆဲပါပဲ။ နောက်ဆုံးတော့ ကျွန်တော် တက္ကစီပေါ်ရပ်ပေးပါ။ ဆင်းပါရစေလို့ ဒရိုင်ဘာကို ပြောလိုက်ရတော့တယ်။ တက္ကစီဒရိုင်ဘာက ခရီးမဆုံးသေးပဲ ဘာကြောင့်ဆင်းချင်ရသလဲ မေးလာတော့ အချိန်ဆွဲနေပြီလို့ ထင်မိတယ်။

ကြောက်ချွေးဇောများတက်လာတဲ့ ကျွန်မမှာ လက်တွေ၊ခြေတွေ အံသေလာပြီး မလှုပ်မရှားနိုင်တောင်ဖြစ်လာပါတော့တယ်။ ဒရိုင်ဘာကို စကားပြောတာတောင် ကောင်းကောင်းမပြောနိုင်၊ ကျယ်ကျယ်မပြောနိုင်လောက်အောင် ကျွန်မမှာ အရမ်းအားအင်ချိနဲ့နေပါပြီ။

လမ်းဆုံ မီးနီရပ်နေတဲ့အချိန်မှာ တက္ကစီတံခါးကို ဖွင့်ပြီး ခုန်ဆင်းပြေးလိုက်တယ်။ ပြီးတော့ လမ်းလျှောက်နေသူများကြားအောင် ကယ်ကြပါ .. အော်ရတယ်။ ဘုရားကျေးဇူးတော်ပါပဲ .... ကျွန်မအသက်ကို ဘုရားရှင် ကယ်မပါတယ်။ ထွက်မပြေးနိုင်ရင် ဘာဆက်ဖြစ်မယ်ဆိုတာ မစဉ်းစားရဲလောက်အောင်ပါပဲ။ ဒီအဖြစ်အပျက်လေးက ကျွန်မကို အမြဲချောက်လန့်နေမှာပါ။

ဖြစ်ရပ်မှန် ကိုယ်တွေ့အဖြစ်အပျက်ပါ။ ကျေးဖူးပြုပြီး အမြဲတမ်း စိတ်မှာသတိထားဖို့ကတော့ "ကိုယ့်အန္တရယ်ကလွတ်ဖို့ပဲအရေးကြီးပါတယ်။ အားနာနေစရာမလိုပါဘူး"

သင်ဟာ ယောင်္ကျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ကျွန်မဖြစ်ရပ်ကို သက်သေခံပြောချင်ပါတယ်။ သင်တို့ရဲ့ မိတ်ဆွေ၊ အမျိုးတွေကို ပြန်ပြောပြစေချင်ပါတယ်။ သင်ဟာလည်း ကျွန်မလိုပါပဲ တခြားလူတွေရဲ့ သားကောင်ဘ၀ ရောက်မသွားစေချင်ပါဘူး။
တက္ကစီကားပေါ်တက်လိုက်တာနဲ့ အထူးသဖြင့် အမျိုးသမီးများ သတိထားပါ။ ကျွန်မ ဖေါဝပ်ရထားတဲ့ အီးမေးထဲမှာ အမျိုးသမီးတစ်ယောက် တက္ကစီပေါ်တက်ပြီး မကြာခင် မေ့မျောချင်သလိုဖြစ်သွားတယ်။ လေသန့်ရှင်းစက် အမွှေးအနံ့လည်းရတယ်။ ဒါပေမဲ့ ငွေအမြန်ထုတ်ပေးပြီး တက္ကစီကို ရပ်ခိုင်းပြီး အန္တရာယ်က လွတ်မြောက်ခဲ့တဲ့ အကြောင်း ဖတ်ခဲ့ရတယ်။ နောက်မှစဉ်းစားမိတာကတော့ အကယ်၍ သူမအချိန်မီ ပိုက်ဆံပေးပြီး တက္ကစီပေါ်က မဆင်းနိုင်လိုက်ရင် တကယ်မေ့မျောသွားမယ်။ တက္ကစီဒရိုင်ဘာရဲ့ မုဒိန်းကျင့်ခြင်းကိုလည်း ခံသွားနိုင်တယ်။ (အုပ်စုလိုက် မုဒိန်းကျင့်၊လုယူတဲ့ ဂိုဏ်းတွေ မလေးရှားမှာရှိပါတယ်။)

အရင် ရက်သတ္တပါတ်အနည်းငယ်ကလည်း ကျွန်မတို့ တရုပ်စကားပြော အသင်းတော်မှာ တက္ကစီအကြောင်း အမျိုးသမီးတစ်ဦး သက်သေခံပြောခဲ့ပါတယ်။ အိန္နိယလူမျိုးမောင်းတဲ့ တက္ကစီဖြစ်တယ်။ အထဲဝင်ထိုင်ပြီး မကြာခင် မီးလောင်တဲ့ ညှော်အနံ့ကိုရတယ်။ မကြာခင်ပဲ သူမ အားအရမ်းနည်းလာတယ်။ စကားပြောတာတောင် အသံမထွက်ချင်တော့ဘူး။ လူသူမရှိတဲ့လမ်းကို မောင်းနေပြီး တနေရာမှာရပ်တယ်။ အဓမ္မပြုကျင့်ခြင်းခံလိုက်ရတယ်။ ပြီးမှ သူ့ကို သွားလိုတဲ့နေရာ ပြန်လ်ုက်ပို့တယ်။  တက္ကစီပေါ်က ဆင်းချိန်မှာ အန္နိယအမျိုးသား တက္ကစီဒရိုင်ဘာက  မင်းဟာ ငါ့ရဲ့ ၆ယောက်မြောက် သားကောင်ပဲလို့ ပြောခံလိုက်သေးတယ်။ အားဓမ္မ အလုပ်ခံရရုံမက ပါတဲ့ငွေလည်း လုယူခံလိုက်ရသေးတယ်။

သူမ သတိကောင်းကောင်းပြန်ရလာတဲ့အခါမှာတော့ ဆေးခန်းတစ်ခုကို အမြန်သွားပြီး ဆရာဝန်နဲ့တွေ့တယ်။ ဆရာဝန်ကတော့ သူမကို ကုသပေးပြီး ရဲတိုင်မလားမေးတယ်။ သူမ ရဲကိုမတိုင်ရဲပါဘူး။ တက္ကစီနံပါတ်လည်းမသိ၊ ဘယ်နေရာမှာဖြစ်သလဲ မသိ၊ တက္ကစီဒရိုင်ဘာကိုလဲ မသိ .. ဘာမှမသိတဲ့ အခြေအနေဆိုတော့ ရဲတိုင်ရင်လည်း ရှက်စရာဖြစ်မယ်။ ဒါကြောင့် မတိုင်တော့ဘူးဆုံးဖြက်တော့ ဆရာဝန်က သူမရဲ့ဆေးကုသမှုမှတ်တမ်းတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ သူမရဲ့ ပိုက်ဆံအိတ်တခုလုံးလည်း လုသွားခံရတော့ မှတ်ပုံတင်ကဒ်လည်း မရှိတော့ပါဘူး။ တစ်နေ့မှာ ဒီလူ ကျွန်မလိပ်စာအတိုင်း အိမ်တောင်ရောက်လာပြီး ရိတိတိလာလုပ်သွားသေးတယ်။

(ဘာသာပြန်သူ၊ မလေးရှားမှာ ရဲနံပါတ် ၉၉၉ ကိုခေါ်ဖို့ သတ္တိ နှင့် သတိရှိရန်)

 ကျေးဇူးပြုပြီး မလေးရှားတက္ကစီတွေမှာ ရှုးကနဲ့ လေသန့်ရှင်းစက်အသံကြားရင် သတိထားပါ။ တက္ကစီပေါ်တက်ရင်လည်း တစ်ယောက်ထဲမစီးပါနဲ့။ ပြီးတော့ တက္ကစီကားနံပါတ်ကို ရအောင်မှတ်ထားပြီး တက္ကစီတံခါးဖွင့်ပြီး ဆင်းပြေးပေတော့ရှင်....


The End...

Blog post link: http://myanmarinsingapore.com  မှအင်္ဂလိပ်မူရင်းကို ဘာသာပြန်ပါသည်။
DANGEROUS TAXIS - BE AWARE purifiers in TAXIS

Last Updated on Thursday, 09 September 2010 20:41

မိမိထံရောက်လာသော အီးမေး ဘယ်ကပို့လိုက်သလဲ စုံစမ်းခြင်း

E-mail Print PDF

 

ကိုယ့်ဆီရောက်လာတဲ့ အီးမေး ဘယ်နေရာကလာသလဲသိဖို့
၁။ အီးမေးကို ဖွင့်ပြီး Show original ဆိုတာကို ကလစ်လုပ်ပါ။

 

၂။ "Received: from" ကိုကြည့်ပါ။ IP Address ကိုတွေ့ပါမယ်။  ။


၃။ IP Address ရရင် အောက်ပါနည်းလမ်းအတိုင်း နေရာကိုရှာနိုင်ပါပြီ။


Geobytes.com/IpLocator ဆိုတဲ့ ဆိုဒ်တစ်ခုရှိပါတယ်။ တခြားဆိုဒ်တွေလည်း ဂူဂယ်မှာ ip locator ဆိုပြီးနှိပ်ရှာလိုက်ရင်တွေ့မှာပါ။
အခုတော့ ဒီဆိုဒ်အကြောင်းရေးချင်ပါတယ်။

ဒါလောက်ပါပဲ။

ပိုမိုသိလိုသူများအတွက်ထပ်ရေးချင်ပါတယ်။
မိမိရဲ့အီးမေး ဘယ်သူပိုင်သလဲ Findout Who Own's An Email Address ကတော့ သိပ်အသုံးမကျလှပါဘူး။ သို့သော်လည်း ပိုက်ဆံတတ်နိုင်သူများကတော့ စပိုင်လုပ်ပြီး ရှာခိုင်းလို့ရပါတယ်။ ကုမဏ္ဍီ အီးမေးတွေကိုတော့ ပိုက်ဆံပေးလည်း မရပါဘူး။ ဂျီမေး၊ ရာဟူးမေး .. စတဲ့အလကားရတဲ့ အီးမေးတွေပဲ လိပ်စာ၊ဘယ်သူ ဆိုတာ ပိုက်ဆံပေးရှာရပါတယ်။

နောက်တစ်ခုကတော့  IP Address to locate: ဖြစ်ပါတယ်။ မိမိသိတဲ့ အိုင်ပီးအက္ဒရက် ကိုနှိပ်လိုက်ရင် နေရာကို အလွယ်တခရှာလို့ရပါတယ်။ ဥပမာ နိုင်ငံ၊ ပြည်နယ် .. စသဖြင့် ဖေါ်ပြပါတယ်။
ပိုက်ဆံပေးရင်တော့ သုံးနေတဲ့လူရဲ့ အိမ်လိပ်စာအတိအကျ ဘယ်နှစ်ထပ်၊ ဘယ်အခန်း .. ကိုသိနိုင်ပါတယ်။ ဒါကိုတော့ ဂါးဗားမင့်တွေပဲ IT Abuser များဖမ်းရာမှာ သုံးပါတယ်။

 

*******************************************************************

 

မြန်မာဝက်ဆိုဒ်တစ်ခု ပိုင်ဆိုင်ခြင်း

  အခုခေတ်မှာ လူတိုင်း ကိုယ်ပိုင်ဝက်ဆိုဒ်ရှိကြတဲ့ခေတ်ပါ။ ခေတ်မီသူတိုင်း အီးမေးရှိကြသည် .. ဆိုတာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်အခြေအနေ၊ အခုတော့ Facebook, Twitter, Hi5 စတဲ့ နက်ဝပ်တွေမှာ ကိုယ်ပိုင် ၀က်ဆိုဒ်ကလေးရှိကြတယ်။ ကိုယ်စိတ်ဝင်စားတာတွေ တင်ထားကြတယ်။ ပိုပို တင်ပြလိုသူများကတော့ Blog ဘလောက်များ ပိုင်ဆိုင်ကြပါတယ်။ တကယ်တော့ ၀က်ဆိုဒ်ဆိုတာ ကုမ္မဏီတွေ၊ အဖွဲ့အစည်း၊ သတင်းဌာနတွေရဲ့ ငွေ၊ အချိန်ကုန်ခံပြီး ကြော်ငြာ်တဲ့ အင်တာနက်စာမျက်နှာပါ။ တစ်ချို့က ၀က်ဆိုက် တက်ကနိုလိုဂျီကို သုံးပြီး လူအများလာကြည့်အောင်လုပ်နိုင်တယ်။ ပြီးတော့ ကိုယ့်ပစ္စည်းရောင်း၊ ကြော်ငြာလုပ်ရင်း အောင်မြင်ကြီးပွားသွားကြပါတယ်။ အထူးသဖြင့် လက်ရှိခေတ်စားနေတဲ့ Yahoo, Google, Facebook, Skype, Paypal, hotmail, YouTube စတဲ့ လူအချင်းချင်းဆက်သွယ် ပြောဆို၊ ချစ်ချက်လုပ်တဲ့ စနစ်တွေပါ။

  ဘာပဲဖြစ်စေ ၀က်ဆိုဒ်တခုကို ပိုင်ဆိုင်ပြီး ကိုယ်တိုင်လဲ လုပ်တတ်ဖို့ အတတ်ပညာဆိုင်ရာ အောက်ပါအဆင့်၃ဆင့်ကို ကြည့်ပါ။

၁။ ကြည့်ရှုအသုံးချတတ်ခြင်း
၂။ ရေးသား၊တင်ပြတတ်ခြင်း
၃။ တည်ဆောက်၊ ပရိုဂရမ်လုပ်တတ်ခြင်း ..


မိတ်ဆွေများဟာ နံပါတ် (၁) အဆင့်ကို ပြောပြစရာမလိုဘူးလို့ သတ်မှတ်သလို၊ နံပါတ် (၃) အဆင့် ပရိုဖက်ရှင်နယ်ပညာကိုလည်း လေ့လာဖို့ အချိန်မရှိဘူးလို့ ယူဆပါတယ်။ ဒါကြောင့် အလယ်လတ်အဆင့်  နံပါတ် (၂) ရေးသားတင်ပြတတ်ခြင်း အတတ်ပညာအကြောင်း ရေးပါမယ်။ နမူနာအဖြစ် ဂျိုမားလား Jomla! ဆိုတဲ့ အခမဲ့ပေးဝေတဲ့ ပရိုဖက်ရှင်နယ်အဆင့် ဘလောက်တစ်ခုကို အခြေခံ တင်ပြပါမယ်။
Joomla! is Free Software released under the GNU/GPL License.

ရေးသားတင်ပြတတ်ခြင်းမှာ နာမည်အကြီးဆုံး ၀က်ဆိုဒ်ကြီးကတော့ ၀ီကီပီဒီယာ Wikipedia ပါပဲ။ လေးစားစရာကောင်းတဲ့ လူငယ်တစ်ဦး .. အံ့သြဘွယ်ရာ တီထွင်မှု၊ လူအများကို အခမဲ့ဗဟုသုတပေးမှု ပြုလုပ်ပါတယ်။ နိုင်ငံတကာ ဘာသာပေါင်းများစွာနဲ့ ရေးသားကြပြီး မြန်မာဘာသာလဲပါဝင်ပါတယ်။ လူတိုင်းလူတိုင်း အယ်ဒီတာများဖြစ်သည် ... ဆိုတဲ့ မူဝါဒနဲ့ စတင်ခဲ့ပါတယ်။ ရေးသားတင်ပြမှု များလာရင် စာရေးသူ Author - တပ်သားအဆင့်ကနေ ရာထူးတိုးမြှင့်ခံရပြီး နောက်ဆုံး Administrator အဆင့်တွေကို ရောက်သွားပါတယ်။ ဒီလိုပါပဲ .. အခုခေတ် ၀က်ဆိုက်တွေမှာ စုပေါင်းလုပ်ဆောင်ရပါတယ်။

Joomla! ၀က်ဆိုဒ်မှာ Author တပ်သားအဆင့်က စတင်ပါတယ်။ ကိုယ့်ဖာသာ ၀က်ဆိုဒ်မှာ Login နာမည်၊ အီးမေးထည့်လိုက်ရင် အသင်းဝင်ပြီးသားဖြစ်သွားပါတယ်။ နဲနဲ ကန့်သတ်တတ်တဲ့အသင်းများကတော့ ကိုယ့်လိပ်စာ၊ တယ်လီဖုန်းနံပါတ် ... စသည်တို့ကို အတင်းတောင်းတတ်ပါတယ်။ အသင်းဝင်ဖြစ်သွားရင် သာမန်စာဖတ်သူအဆင့်ထက်သာသွားပါပြီ။ ရေးသားတင်ပြခွင့်ရသွားပြီပေါ့။ အချို့ဝက်ဆိုဒ်၊ ဘလောက် တွေမှာ ကွန်မင့်ပေးခြင်း (လူထုအော်သံ) အခန်းကို အသင်းဝင်ဖြစ်မှ လုပ်ခွင့်ပေးတတ်ပါတယ်။



သာမန်အသင်းဝင်များကတော့ ၀က်ဆိုဒ်စာမျက်နှာကနေ Login လုပ်ခိုင်းပါတယ်။ အယ်ဒီတာအဆင့်ရောက်နေတဲ့ အသင်းဝင်များအတွက် Login စာမျက်နှာ သီးသန့်ထားပါတယ်။ အောက်က စာမျက်နှအတိုင်း Username, Password, Language တွေကိုရွေးပြီး Login လုပ်ရပါတယ်။

 

အဲဒီနောက်တော့ Control Panel - cPanel ကိုရောက်သွားပါမယ်။ သာမန်အသုံးချတတ်ဖို့တော့ Add New Article, Articl Manager, Front Page Manager ၃မျိုးပဲ အနည်းငယ် ရေးပြပါတယ်။ လွယ်လွယ်လေးပါ။ အထူးသဖြင့် ဘလောက်ကာ လုပ်ဖူးသူများအတွက်တော့ ပိုလွယ်ကူရှင်းလင်းပါတယ်။

အောက်ပါပုံကတော့ cPanel လို့ခေါ်တဲ့ ကွန်ထရိုးလုပ်တဲ့ စာမျက်နှာပါ။ အယ်ဒီတာ၊ ပါပလစ်ရှာ အဆင့်တွေပဲ မြင်ရပါတယ်။




ဝက်ဆိုက်ရဲ့ Front Page Design ကိုတော့ Template ရွေးချယ်ပြီး ဒီဇိုင်းလုပ်ရပါတယ်။ ဒီအဆင့်ကတော့ လုပ်နေကျရှိရင် တတ်သွားမှာပါ။ ပထမအဆင့်အနေနဲ့ Article တွေကို ဘယ်လိုတင်ပြသလဲ .ဆိုတာ ရေးပါမယ်။  အခု နမူနာ ၀က်ဆိုဒ်ဒီဇိုင်ကို အောက်ပါအတိုင်း မြင်ရအောင်လုပ်ထားပါတယ်။


http://monywa.org

အထက်က ကွန်ပြူတာမှာ ပေါ်တဲ့ ၀က်ဆိုဒ်စာမျက်နှာကို ကြည့်မယ်ဆိုရင် Category ဆယ်ခုကို ၀က်ဆိုဒ်ဝင်လာတဲ့လူတွေ မြင်နေရပါတယ်။
  ပင်မစာမျက်နှာ
  ပရိုဖက်ရှင်ပညာရပ်များ
  ဗဟုသုတလုပ်ငန်းများ
  ရသ
  ကဗျာ
  ဘ၀အတွေ့အကြုံ
  ခရီးသွားမှတ်တမ်း
  ဟာသများ
  ကာတွန်း
  ဆောင်းပါးစာရင်း   ... စသည် ကက်သီဂိုရီ ၁၀ခု တို့ကို မြင်ရမှာဖြစ်ပါတယ်။

ပင်မစာမျက်နှာမှာ Front Page မှာပေါ်စေချင်တဲ့ Articles များကို တွေ့နိုင်ပါတယ်။ Categories ၁၀ခုကို အောက်မှာအစဉ်လိုက် တွေ့နိုင်ပါတယ်။ Category တခုစီမှာပါတဲ့ Article များကိုလည်း နံပါတ်စဉ်အတိုင်း တွေ့နိုင်ပါတယ်။


ဒါဆိုရင် အာတီကယ်၊ စာသားနဲ့ ရုပ်ပုံ မီဒီယာတွေ တင်ပြတဲ့နည်းကို ဆက်ကြပါမယ်။ Add New Article,  Article Manager, Front Page Manager (၃)ခုနဲ့ အစဉ်တိုင်း စတင်ကြပါစို့။ ဒါနဲ့ မစတင်ခင်မှာ ကိုယ်တင်မဲ့ စာသား၊ ဓါတ်ပုံတွေကို ကိုယ့်ကွန်ပြူတာမှာ eZing Folder တခုဖွင့်ထားပြီး၊ Category အလိုက် Directory တွေမှာ အသင့်ထည့်ထားစေလိုပါတယ်။ အင်တာနက် ဆာဗာမှာတော့ စာသားတွေကို သက်ဆိုင်ရာ Category အောက်မှာ အော်တိုမက်တစ် ရောက်သွားပေမဲ့၊ ဓါတ်ပုံတွေကိုတော့ အင်တာနက် Image Folders ထဲမှထည့်စေလိုပါတယ်။ ဒါမှမဟုတ်ရင် Image တွေအများကြီးဖြစ်လာတဲ့အခါ တစ်ယောက်တည်းပိုင်တဲ့ ၀က်ဆိုဒ်ဆို ကိစ္စမရှိပေမဲ့ အယ်ဒီတာအများကြီးရှိတဲ့ ၀က်ဆိုဒ်ဆိုရင် ကိုယ့်ရုပ်ပုံဖိုင်ကို သတ်မှတ်ထားတဲ့နေရာမှာ ထားသိုခြင်းအားဖြင့် စည်းကမ်းလိုက်နာတတ်ပါတယ်။ စည်းကမ်းလိုက်နာလိုသူများကတော့ အများပိုင်ဝက်ဆိုဒ်မှာစနစ်တကျ ထားသို၊ လုပ်ကိုင်စေပါတယ်။


***************************************************************

ဘလောက်ကာ -- မြန်မာဘလောက်လုပ်ချင်သူများအတွက် လမ်းညွှန်

အင်တာနက်က ဒေါင်းလုတ်ထားတဲ့ ဖိုင်တစ်ခုရှိပါတယ်။
တကယ်တော့ အလွယ်ဆုံးဘလောက်ဟာ
http://blogspot.com
ဖြစ်ပါတယ်။ အဲဒီနေရာကနေ လွယ်ကူစွာ အခမဲ့ဘလောက်ရပါတယ်။ ညီလင်းဆက် ဆိုသူရဲ့ စေတနာ howtomakemyanmarblog.pdf ဒေါင်းလုတ်ကြည့်ရှုကြပါ။

How to Make Myanmar Blog

How to Make Myanmar Blog. မြန်မာဘလော့ဂ်တစ်ခုပြုလုပ်ပုံအဆင့်ဆင့်. ညီလင်းဆက် ...
kozinmgmg84.googlepages.com/howtomakemyanmarblog.pdf

 ကြုံရင်တော့ လူသုံးများတဲ့ Facebook, Twitter .. စတဲ့နေရာတွေမှာ ဘလောက်လုပ်နည်း (Share Photo, Video, Infor .. ) အကြောင်းတင်ပြချင်ပါတယ်။



အကြံပေးချင်တာကတော့ ကိုယ်ဖာသာအချိန်ကုန်ခံ အတင်းလုပ်နေမဲ့အစား ကျွမ်းကျင်သူတစ်ယောက်ကို ယုံပြီးအပ်လိုက်ပါ။
အဲဒီလူက ကိုယ်ရေးတာတွေ လိုက်ကြည့်နေမှာ စိုးရိမ်မနေပါနဲ့။ အဲဒီလူကလည်း ကိုယ်ကူညီခဲ့သူကို လိုက်ကြည့်နေဖို့အချိန်မရှိပါဘူး။

လောကမှာ ကူညီသူနဲ့ အကူညီခံသူ  (Giver & Taker) ၂မျိုးပဲရှိပါတယ်။ ကြားလူ Give & Take လူမျိုးမရှိပါဘူ။ တကယ်တော့ Give and Take ဆိုတာ စားစကားပါပဲ။

ကျွန်တော်တို့ ခရစ်တော်ကို ယုံကြည်သူများဟာ ကောင်းကင်ဘုံနဲ့ငရဲ  ၂မျိုးပဲ နောက်ဘ၀မှာရှိပါတယ်။ ကြားနေဘုံမရှိပါဘူး။ ဒါကြောင့် မိမိက ဒီတကြိမ်မှာ အကူညီခံသူဖြစ်ပါစေ။ ဘလောက်လုပ်ပေးနိုင်သူကို ရိုးသားစွာအကူညီတောင်းပါ။ (တကယ်သုံးမှာသေချာရင် သူတို့က ကူညီမှာပါ)။ ကိုယ်တတ်သွားရင်တော့ နောင်တချိန် ကိုယ့်ကိုအကူညီတောင်းလာသူကို ကူညီဖို့ မမေ့ပါနဲ။ မေ့သွားရင်တော့ ကိုယ်ဟာ Taker အတန်းစားရောက်သွားပါမယ်။

မုရန်
Murann eZine Team
01-Sept-2010

Last Updated on Saturday, 04 September 2010 17:16

ပထမဆုံးမြန်မာလူမျိုး ခရစ်ယန်

E-mail Print PDF



ကျွန်တော် ငယ်စဉ်က မုံရွာမြို့မှာနေစဉ် ... မက်သဒစ်ခရစ်ယာန်ကျောင်းဝင်းအတွင်းမှာ နေထိုင်ပါတယ်။ လမ်းတစ်ဖက်မှာတော့ ရိုမင်ကက်သလစ်ကျောင်းဝင်းက အိမ်ခြေများစွာရှိပါတယ်။ သူတို့ကို မုံရွာမြို့သားများက ဘုရင်ဂျီဘာသာဝင်လို့ ခေါ်ကြတော့ .. ကျွန်တော်တို့က ခရစ်ယန်ဘာသာဝင်၊ သူတို့က ဘုရင်ဂျီဘာသာဝင် .. မတူညီတဲ့ဘာသာ၂ခုပဲလို့ ခံယူထားပါတယ်။ အဆက်အဆံလည်း မရှိကြပေမဲ့ ခရစ်စမတ်အချိန်ကြတော့ သူတို့လည်း ခရစ်စမတ်ပွဲလုပ်ကြတယ်။ သီချင်းတွေကလည်း တူနေတော့ .. သြော် .. ဒီဘာသာနှစ်ခုက ခပ်ဆင်ဆင်ပါလား... လို့တွေးမိတယ်။ မိဘများကလည်း ဘုရားချင်း အတူတူပဲဆိုတာ ... မပြောတာလား၊ ရှင်းမပြနိုင်တာလား .. မသိတော့ပါဘူး။ နောက်ဆုံးတော့ သူတို့လဲ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် သုံးပါးတစ်ဆူ ဘုရားကိုပဲ ကိုးကွယ်ကြတာ အသက်အရွယ်ရောက်မှ သိရတော့တယ်။ ..


 အခုအချိန်အထိ မုံရွာသားများက ဘုရင်ဂျီလို့ခေါ်တဲ့ ရိုမင်ကက်သလစ်များနဲ့ ကျွန်တော်တို့ ပရိုစတက်တင့် (ဘက်ပတစ်) များ သိပ်ရင်းနှီးမှုမရှိလှပါဘူး။ တချို့ ရိုမင်ကက်သလစ်က ပရိုတက်စတင့်ပြောင်းလာတဲ့လူတွေ အထူးသဖြင့် အမေရိကားရောက် ဖိလစ်ပင်းလူမျိုးတွေ .. လည်း သုံးပါးတစ်ဆူ ဘုရားအတူတူ ဖြစ်တယ် ဆိုတာကို မပြောပဲ .. ရိုမင်ကက်သလစ်တွေရဲ့ မလွတ်လပ်မှု၊ ရုပ်ထုများပြားမှုတွေကို .. ဝေဖန်ပြောဆိုကြတယ်။ ဘာပဲဖြစ်ပါစေ .. ခရစ်ယာန်ဘာသာရဲ့ အရင်းအမြစ်ဟာ ဂျူးလူမျိုးဖြစ်ပြီး၊ ခရစ်ယာန်ဘာသာ မူလပထမဟာ ရိုမင်ကက်သလစ်တွေဖြစ်တယ်ဆိုတာ .. ကျွန်တော်တို့ လက်ခံရမှာပါ။
 
 မာတင်လူသာက ရိုမင်ကက်သလစ် ကြိုးနီစနစ်ကြောင့် မဖွယ်မရာတွေကြောင့် တော်လှန်ရေး တရပ်ဖြစ်ပွားပြီး .. ဥရောပမှာ စစ်တွေဖြစ်၊ .. နောက်ဆုံး ပရိုတက်စတင့်ဘာသာ ဖြစ်လာပြီး .. ဘုန်ကြီးလည်း မိန်မယူလို့ရတဲ့ ခရစ်ယာန် (ရှေးတုန်းက ယဇ်ပရောဟိတ်တွေလို) ဖြစ်လာကြတယ်။ ရိုမင်ကက်သလစ်တွေလည်း သူတို့စည်းမျဉ်းတွေကို .. အာဏာသိပ်မသုံးပဲ လျှော့ချလိုက်တော့တယ်။
 
 ကမ္ဘာ့လူမှု၊သမိုင်းပညာရှင်တွေကပါ ... ရိုမင်ကက်သလစ် နဲ့ ပရိတက်စတင့် ၂ခုစလုံးကို ခရစ်ယာန်များလို့ သတ်မှတ်ထားပါတယ်။ ကျွန်တော့ ကိုယ်ပိုင်အမြင်အရလည်း လက်ခံပါတယ်။
 
 ဒီတော့ မြန်မာ့ ခရစ်ယာန်သမိုင်းကို ပရိုတက်စတင့်တွေ ရေးတာပဲ ဖတ်နေရတဲ့ ကျွန်တော့အဖို့ မြန်မာပြည်ရောက်တဲ့ ပထမဆုံးသော ခရစ်ယာန် ဘုန်းကြီးဟာ ဆရာကြီးယုဒဿန်ဖြစ်တယ်။ ပထမဦးဆုံးသော ခရစ်ယာန်ဖြစ်လာတာ ဦးနောဖြစ်တယ်၊ မြန်မာပြည် ခရစ်ယာန်ဘာသာ ၁၈၁၃ မှာ ရောက်လာတာ အနှစ်၂၀၀ ပြည့်တော့မယ် .. .. ဆိုတဲ့ အမြင်ရှိပါတယ်။ သမိုင်းကို နည်းနည်းပါးပါး ဖတ်ကြည့်တော့ .. လွဲမှား ပြောနေကြတာတွေ့ရပါတယ်။
 
 တကယ်တော့ ဗမာစာပေလေ့လာသူတိုင်း ... နတ်ရှင်နောင်နဲ့ ဓါတုကလျှာ ရတု၊ကဗျာတွေကို မဖတ်ဖူးတောင် ကြားဖူးမှာပါ။ နတ်ရှင်နောင် တောင်ငူဘုရင်ဖြစ်စဉ်မှာ ပေါ်တူဂီ ငဇင်ကာ ဆိုတဲ့ ဒီဗရစ်တိုဟာ သံလျှင်ကို ဘုရင်ခံအဖြစ် ၁၅၉၉ မှာ ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ရိုမင်ကက်သလစ်ဘုန်းတော်ကြီးများ နဲ့ ဘုရားကျောင်းများ သံလျှင်နယ်မှာ မစ်ရှင်စတင်ခဲ့ပါတယ်။ နောက်ပိုင်း အနောက်ဖက်လွန်မင်းက နတ်ရှင်နောင်ရဲ့ တောင်ငူကို သိမ်းပိုက်ပြီးတဲ့နောက် .. နန်းကျဘုရင် နတ်ရှင်နောင်တယောက် ဒီဘရစ်တိုရှိရာ သံလျှင်မှာ သွားရောက်ခိုလှုံရင်း ဆက်လက်ပုန်ကန်ခဲ့ပါတယ်။ ဒီဗရစ်တို နဲ့ နတ်ရှင်နောင်တို့ တော်တော်ရင်းနှီးမှု ရခဲ့ပြီးပါတယ်။ဒီနောက်မှာ နတ်ရှင်နောင်ကို ရိုမင်ကက်သလစ်ဘာသာအဖြစ် ဘုန်းတော်ကြီးတစ်ပါးအားဖြင့် ဗတ္တိဇံမင်္ဂလာ ပေးခဲ့ပါတယ်။ ၁၆၁၃ မှာ သံလျှင်ကို အနောက်ဖက်လွန်မင်း အပြင်းအထန် တိုက်ခိုက်သိမ်းယူပြီးနောက် ဒီဗရစ်တိုကို ကွပ်မျက်ခဲ့ပါတယ်။ အနောက်ဖက်လွန်မင်းရဲ့ ညီအစ်ကိုတစ်ဝမ်းကွဲတော်သူ နတ်ရှင်နောင်ကိုတော့ သစ္စာခံရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကမ်းလှမ်းပါတယ်။ နတ်ရှင်နောင်က ရိုမင်ကက်သလစ်ခရစ်ယာန်ဖြစ်သွားပြီဆိုတော့ သစ္စာခံ၊ဘာသာစွန့်မလုပ်နိုင်ပဲ မာတုရအဖြစ် ကွပ်မျက်ခြင်းကိုပဲ ခံယူသွားပါတယ်။
 
 ဒါကြောင့် မြန်မာပြည်ကို ခရစ်ယာန်ဘာသာ ရောက်ရှိတာ ၁၅၉၉ ခုနှစ် (လွန်ခဲ့တဲ့ အနှစ်၄၁၀) ကပဲ၊ ပထမဆုံးသော လူသိရှင်ကြား ခရစ်ယာန်ဖြစ်လာသူကတော့ နတ်ရှင်နောင် .. လို့ ပြောရပါမယ်။

 

 မြန်မာစွယ်စုံကျမ်းအတွဲ အတွဲ၆ စာမျက်နှာ ၁၃၅
 
သံလျှင်ပျက်လျှင် ဗိုလ်မှုး ငစင်္ကာနှင့် နတ်သျှင်နောင်ကို လက်ရဖမ်းမိသည်။ ထို့နောက် ဓမ္မရာဇာမင်းက ငစင်္ကာအား - "ငါ အကြိမ်ကြိမ် စာပေးမှာထားသည်။ ငါ့ရန်သူကို အပ်ရမည် ဆိုသည်ကို မပေးအပ်ပဲနေသည်မှာ ယခုငါ့လက်သို့ရောက်ပြီ။ အသနားခံ၍ တောင်းပန်လျှင် ချမ်းသာပေးမည်ဟု" မိန့်တော်မူလေသည်။ ပေါ်တူဂီဗိုလ်မှုးကလည်း "ကျွန်ုပ်တွင် အပြစ်မရှိသည်ကို အဘယ့်ကြောင့် တောင်းပန်ရမည်နည်း။ အရှင်မင်းကြီး၏ ရန်သူဖြစ်ခဲ့လျှင် ခပ်သိမ်းသောသူအပေါင်းတို့၏ ရန်သူဖြစ်ရအံ့တော့လော။ ကျွန်ုပ်အား မိတ်ဖွဲလာလျှင် ကျွန်ုပ်၏ မိတ်ဆွေခင်ပွန်းဖြစ်သည်။ မိတ်ဆွေခင်ပွန်းကို အမှန် မချွတ်မယွင်း စွမ်းဆောင်ရမည်ဖြစ်၍ စွမ်းဆောင်ပေးသည့် ဓမ္မတာအတိုင်း တနေ့မွေးလျှင် တနေ့သေရမြဲဖြစ်သည်။ ယခု အရှင်မင်းကြီးလက်သို့ ရောက်၍ ပြုလိုရာ ပြုနိုင်မည်ပင်ဖြစ်တော့သည်။ သို့ရာတွင် ကျွန်ုပ်နှင့် တောင်ငူမင်းမှာ သေလျှင်သေချင်း ၊ ရှင်လျှင် ရှင်ချင်း၊ သစ္စာဂတိကြီးစွာရှိသည်။ သေလျှင်လည်း အတူ၊ ရှင်လျှင်လည်း အတူဖြစ်လိုသည်" စသဖြင့် မတုန်မလှုပ် လျှောက်ကြားသည်။ (ဒီဗရစ်တို - ရှု။) တဖန် တောင်ငူမင်းကို မေးမြန်းစစ်ဆေးပြန်လျှင်လည်း "ငါ့အကြောင်းကို စစ်မေးလျှင် ငါ့အကြောင်းကို သိပြီးပင်ဖြစ်တော့သည်။ ဤပေါ်တူဂီအမျိုးသားနှင့် ပေါင်းယှက်၍ တသွေးတသားတည်း ဖြစ်ရပြီးရကား၊ သေဘေးကို ကြောက်သာတော့မည်မဟုတ်။ ဓမ္မတာတမ်း ဖြစ်မြဲ၊ပျက်မြဲပင်။ ငါတစ်ယောက်တည်းသာ ဖြစ်ရ ပျက်ရသည်မဟုတ်။ လက်သို့ ရောက်သည်ဟု သတ်သော်လည်း ကိုယ်ကာယ အလောင်းသာသေမည်၊ အသက်ကို စိုးပိုင်သည်မဟုတ်၊ ပြုလိုရာ ပြုလေ၊ ခံမည်" ဟူ၍ မိန့်တော်မူလျှင် တောင်ငူမင်းနှင့် ငစင်္ကာတို့ကို သက္ကရာဇ် ၉၇၄ ခု တန်ခူးလပြည့်ကျော် ၃ရက် စနေနေ့တွင် သံလျှင်မြို့ ဈေးလယ်၌ ကားကြက်၍ ကွပ်မျက်သည်။ သံလျှင်တွင် အနိစ္စရောက်ရသည်ကို အကြောင်းပြု၍၊ နတ်လျှင်နောင်ကို သံလျှင်ရောက် မင်းတရားဟူ၍ တွင်သည်။ နတ်လျှင်နောင်သည် ကွယ်လွန်သည့်အခါ၌ အသက် ၃၅နှစ် အရွယ်မျှသာ ရှိသေးသည်။
 

 ဇော်အောင် (မုံရွာ)
 
 Ref:
1.  
http://en.wikipedia.org/wiki/Natshinnaung
2. Burmese Encyclopedia Volum 6, Page 139

Last Updated on Saturday, 28 August 2010 04:24

Page 1 of 7

  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  6 
  •  7 
  •  Next 
  •  End 
  • »