မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Monday, Sep 06th

Last update03:33:41 AM GMT

You are here:: ဟာသများ စကားမပေါက်

စကားမပေါက်

E-mail Print PDF



    မောင်ညို မပြောင်းလဲခင်က သူ့အိမ်ကို ဓမ္မဆရာများ.. သီချင်းဆိုပြီးရောက်လာရင် .. သိပ်သဘောမကျလှဘူး။ ပြီးတော့ သူတို့အချင်းချင်း စကားပြောရင် .. ဟိုကျမ်းပိုဒ်က ဘယ်လို၊ ဒီကျမ်းပိုဒ်က ဒီလို ..စသဖြင့် ပြောကြတော့ မောင်ညို့ အတွက် စကားမပေါက်ဘူး ဖြစ်နေပါတယ်။ နားမလည် နိုင်ဘူးပေါ့။

   တနေ့တော့ မောင်ညိုတို့ဆီ နိုင်ငံခြားက ဗိုလ်မကြီးတစ်ယောက် ရောက်လာပြီး ကျမ်းစာသင်တန်းပေးတယ်။ မောင်ညိုတို့လည်း ဗိုလ်မကြီးပြောတဲ့ အင်္ဂလိပ်စကားကို တတ်သလောက်၊ မှတ်သလောက် နားထောင်၊ရေးမှတ်နေပေမဲ့ စကားမပေါက်ဘူးပေါ့၊  ကျမ်းစာသင်တန်းမှာ ထမင်းပေါင်းကြွေးတယ်။ ထမ်းပေါင်းစားရင်း ဗိုလ်မကြီးက အနားမှာရှိတဲ့ မောင်ညိုရဲ့ ဇနီးသည်ကို မေးတယ်။  .. How to call this in Burmese ?  ... ထမင်းပေါင်းကို မြန်မာလို ဘယ်လိုခေါ်သလဲ .. မေးတယ်ပေါ့။ မောင်ညိုရဲ့ ဇနီးသည်ကလည်း မဖြေတတ်တော့ အနားက ခပ်သွက်သွက် သူငယ်ချင်းအမျိုးသမီးကို - ထမင်းပေါင်းကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ ... လို့ ပြန်မေးလိုက်တယ်။  ဒီအမျိုးသမီးက ..ခပ်သွက်သွက်ပဲ .. ထမင်းကိုတော့ ရိုက်စ် လို့ခေါ်တယ်။ ပေါင်းတာကိုတော့  ပလပ်စ် လို့ခေါ်တယ်။ ဒီတော့ ထမင်းပေါင်း ဆိုတော့ ရိုက်စ်ပလပ်စ် လို့ခေါ်တယ်လို့ပြောလိုက်တယ် .. တဲ့။

   ဗိုလ်မကြီးကလည်း .. အိုး ...  ရိုက်စ်ပလပ်စ် Rice Plus ဆိုတော့  ထမင်းတွေအများကြီးပေါ့နော် ..  Oh .... Rice Plus meaning many many rice :)    .. လို့ပြောရင်း ရယ်မောလိုက်ကြတယ်။

စကားမပေါက်ကြဘူး
 

အခု ခရစ်တော်ကို သိပြီး ပြောင်းလဲနေပြီဖြစ်တဲ့ ကိုညိုက သူ့ဇနီးသည်ကို ဗမာစကားနဲ့ ... 

  အေး .... ညည်းတို့ စကားမပေါက်ပဲ .. ရှောက်ပြောနေ၊ ဆရာမကြီး ဗိုလ်လို ကျမ်းစာသင်ချိန်မှာတော့ ... မသိပဲလျှောက်မပြောနဲ့ ... ညည်းတို့..သတိထား။   ကောင်းကြီးမပါတဲ့အပြင် .. ငရဲသွားမဲ့ဖြောင့်မတ်ခြင်းကိုလည်း  ကိုင်ထားတဲ့ မိဆ္တာပရောဖက် နဲ့ တွေ့လို့ကတော့ .. ညည်းတို့မှာရှိတဲ့ ဘုရားကောင်းကြီးတွေက .. ရိုက်စ်ပလပ်စ် မဟုတ်ပဲ ရိုက်စ်မိုင်းနပ်စ် ဖြစ်သွားမယ်နော် .. လို့ လှမ်းကြိမ်းလိုက်သတဲ့ .....။

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy