
ဓါတ်ပုံကတော့ ၂၀၁၀ နှစ်သစ်ကူးနေ့ ဇန္န၀ါရီ (၁) ရက်နေ့ .. နှစ်သစ်မင်္ဂလာဖြစ်ပါတယ်။
စင်ကာပူက ခရစ်ယာန်မိတ်သဟာရပွဲတွေမှာ တေးဂီတအားဖြင့် ဆပ်ကပ်ထားတဲ့ ကိုရဲဝင့်လတ်၊ မ၀င့်မာဥိး တို့ စင်ကာပူ ခရစ်ယာန်လောကမှာတော့ မစိမ်းကြပါဘူး၊ သူတို့နှစ်ဦးရဲ့ မင်္ဂလာ ဧည့်ခံပွဲ ယုဒသာန်အသင်းတော်မှ မိတ်ဆွေများ၊ Thomson Baptist church - Wedding Hall - မင်္ဂလာပွဲအပြီး အမှတ်တရဓါတ်ပုံဖြစ်ပါတယ်။
ကိုရဲဝင်းလတ်ဟာ GATT PTE LTD မှာ အလုပ်လုပ်ပါတယ်။ ယုဒဿန်အသင်းတော်ကို စတင်ပျိုးထောင်ခဲ့တဲ့ ယုံကြည်သူများထဲမှာ - GATT ကုမ္မဏီလည်း ပါဝင်ပါတယ်။ အနုပညာပိုင်းမှာ ပါရမီပါသူဖြစ်ပြီး စင်ကာပူမှာ ဒီဇိုင်းပညာ နဲ့ အသက်မွေးသူဖြစ်ပါတယ်။ တေးဂီတမှာ စန္ဒယား၊ အော်ဂင် ပါရမီပါသူဖြစ်ပြီး၊ ဂီတာ၊ဒရမ်၊ တယော .. စသဖြင့် တူရိယာပစ္စည်းများကို ကျွမ်းကျင်စွာတီးခတ်နိုင်သူဖြစ်ပါတယ်။ ဒိဇိုင်းပညာအားဖြင့်လည်း .. မျက်နှာဖုန်း၊ ကြော်ငြာ ဒီဇိုင်းများကို အသင်းတော်အတွက် အမြဲတမ်း ကူညီအမှုဆောင်ပေးသူလည်း ဖြစ်ပါတယ်။
သု့ရဲ့ ဖခင်က ဓမ္မ အမှုဆောင်တစ်ဦးဖြစ်ပါတယ်။ ဇနီးသည် မ၀င့်မာဦးနဲ့အတူ ချီးမွမ်း၊သီဆို၊တီးမှုတ်၊ သက်သေခံခြင်း၊ ဓမ္မဒေသနာဝေငှခြင်းများကို ပိုမိုလုပ်ဆောင်ရန်အတွက် မုရန်နံသာမှ ကြိုဆို၊ မိတ်ဆက်ပေးပါတယ်။
ကိုရဲဝင့်လတ်နှင့်မိတ်ဆွေများ ထုတ်လုပ်ခဲ့သော စီးရီးအချို့
* ၀ိညာဉ်အလင်း ဓမ္မတေးသီချင်းများ (ယုဒဿန်အသင်းတော်၊ စင်ကာပူ) - Audio CD
http://www.jbcs.org.sg/ezine/modules/mod_mp3player/files/popup.php?playlist=http://www.jbcs.org.sg/ezine/modules/mod_mp3player/files/playlistJBCSCD&style=http://www.jbcs.org.sg/ezine/modules/mod_mp3player/files/config1&bg_popup=000000
* Blue Star နှင့် ၂၀၀၉ ခရစ်စမတ်သီချင်းများ - Audio CD
********************
၂၀၁၀ ခု ဖေဖေါ်ဝါရီ ၁၄ရက် ... ယုဒဿန်အသင်းတော် ချီးမွမ်းခြင်းအဖွဲ့ .. မလေးရှားနိုင်ငံ ကွာလာလမ်ပူ KLMCF သို့ခရီးသွားခဲ့ကြသည်။ Festival of Praise FOP အဖွဲ့ ဓါတ်ပုံအချို့ ..

The End...

ချီးမွမ်းခြင်း - ဂီတမှုး၊ Photo of New.Year 01Jan-2010






