မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Monday, Sep 06th

Last update03:33:41 AM GMT

You are here:: ဘ၀အတွေ့အကြုံ ဆုန်သင်းပါရ်၊ အဆိုတော် ဘ၀ခရီးလမ်း - ကိုယ်တိုင်သက်သေခံချက်

ဆုန်သင်းပါရ်၊ အဆိုတော် ဘ၀ခရီးလမ်း - ကိုယ်တိုင်သက်သေခံချက်

E-mail Print PDF


ဆုန်သင်းပါ သက်သေခံချက် (MCF Church - KL, Malaysia)

Date: 14 Dec, 2008

 

အားလုံးကို ယေရှုနာမနဲ့ နှုတ်ဆက်ပါတယ်။ ဆုန်သင်းကို တကယ်လို့ သီချင်းဆိုခိုင်းတယ်ဆိုရင်တော့ ၁၀ ပုဒ်ပြည့်အောင် ဆိုဖို့ မကြောက်ဖူ၊ ဒါပေမဲ့ စကားပြောဖို့ဆိုရင်တော့ ၃ မိနစ်ပြည့်အောင် ဘယ်လိုပြောရမလဲလို့ စဉ်းစားတယ်။ တကယ့်တကယ်တော့ ဘုရားက ကိုယ့်ဘ၀အသက်တာမှာ ဒီလောက်ကောင်းမြက်ပေမဲ့ .. အခု ဘုရားရှင်က သူများရှေ့မှာ "ငါ့အသက်တာမှာ အရမ်းကောင်းမြက်ပါတယ်" .. အခု .. ငါဒီလိုဖြစ်နေတာလည်း ဘုရားရှင်က လုပ်ဆောင်ပေးတယ် ဆိုတာ .. တစ်ခါမှာ နှုတ်ကနေပြီး ၀န်ခံပြီး မပြောဖူးဘူး။

ဒီမှာ .. အန်ကယ်ဦးကျော်ဝင်းကနေပြီး ဒီအစီအစဉ်ရှိတယ် .. သမီး .. တဲ့။ ဒီအစီအစဉ်မှာ သမီး ဂုဏ်တော်လည်း ချီးမွမ်းရမယ်၊ သမီးအသက်တာမှာ ဘုရားရှင်ရဲ့ ကောင်းမြက်ခြင်း အကြောင်းကိုလည်း ပြောရမယ်လို့ .. ဆိုတဲ့အချိန်မှာ .... ဘာပြောရမှန်းကို မသိဘူး....။

 

ဘုရားသခင်က ကိုယ့်အသက်တာမှာ ကောင်းတာကိုတော့ သိတယ်၊ သူများတွေရှေ့မှာ နှုတ်နဲ့ဝန်ခံပြီး စကားနဲ့ပြောဖို့ကို၊ ကိုယ့်အသက်တာက မ၀ံ့မရဲဖြစ်နေတာပေါ့နော်၊ စကားကလည်း ပြောနေကြမဟုတ်တော့ အဲဒီလို သမီးကို တိုက်တွန်းတဲ့ ဆရာကြီးဦးကျော်ဝင်းကိုလည်း အများကြီးကျေးဇူးတင်ပါတယ် .. လို့။

 

ကျွန်မရဲ့ ဘ၀အကြောင်းကို အနည်းငယ် ပြောချင်ပါတယ်။

ဆုန်သင်း ငယ်ငယ်တုန်းက တကယ့်ကို အဆိုတော် အရမ်းဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်မှာလည်း ကက်ဆက်မရှိဘူး၊ ရဲလိုင်းမှာ နေကြတဲ့အခါမှာ တနေ့မှာ သူများတွေရဲ့ ကက်ဆက်နဲ့ နားထောင်ပြီး ရတဲ့ သီချင်းလေးကို သူငယ်ချင်းတွေနဲ့ အဲဒီသီချင်းလေးတွေ သီဆိုကြတယ်။ တနေ့ကြတော့ အဲဒီ သူငယ်ချင်း၂ယောက်နဲ့ ဆုန်သင်းနဲ့ ရန်ဖြစ်ထားတယ်။ သူတို့အိမ်က ကက်ဆက်ကို ကိုယ်က နားထောင်နေရတာကိုး .. ။ အဲဒီအချိန် "စုဗူးလေးလို စုမယ်" ဆိုတဲ့ သီချင်း အရမ်းခေတ်စားနေတယ်၊ သူတို့က လာပြီးတော့ .. ဟဲ့ .. ဆုန်သင်း .. နင်ဒီသီချင်းကို ဆိုလို့မရဘူးတဲ့။ ဘာလို့လဲ ? ဆိုတော့ အဲဒါ ငါတို့ကက်ဆက်ကနေ နားထောင်ပြီး နင်ရတဲ့သီချင်းတဲ့ .. နင်ဆိုလို့ မရဘူးတဲ့ .. (ရယ်သံများ)။ အဲဒီလို ဘ၀တွေလည်း ကြုံတွေ့ခဲ့ရတယ်ပေါ့။

 

နောက်ပြီးတော့ ဘုရားကျောင်းမှာလည်း လူငယ်အစီအစဉ်မှာ အမြဲတမ်း ပါဝင်ဖြစ်ခဲ့တယ်။ ကျွန်မတို့ ဘုရားကျောင်းမှာဆို ကျွန်မ အပါတ်တိုင်း သီးချင်းဆိုလွန်းအားကြီးလို့ ဆရာတွေက ကျွန်မကိုပြောတယ်။ ဆုန်သင်း .. ဒီအပါတ်တော့ သမီးက မဆိုနဲ့အုန်းနော် .. တဲ့။ နိုင်ငံခြားက ဧည့်သယ်တွေ ရောက်နေတယ် .. တဲ့။ အစီအစဉ်များတယ်..တဲ့။ အဲဒီလိုမျိုး ကိုယ်ကိုပြောတဲ့ အပါတ်တွေလည်း အများကြီးရှိတယ်ပေါ့။

 

ဒါပေမဲ့ ကျွန်မစိတ်ထဲမှတော့ ဘုရားရှင်က ကျွန်မ ငယ်ငယ်တုန်းက ဆုတောင်းတဲ့အခါ .. သူများတွေလာမေးကြတယ်။ သမီးအတွက် ဘာဆုတောင်းပေးရမလဲ မေးတဲ့အခါကြရင် .. ကျွန်မ အဆိုတော်ဖြစ်အောင် ဆုတောင်းပေးပါ။ ဒါပဲပြောတယ်။ .. ကျွန်မကိုယ်တိုင်လည်း ဆုတောင်းတယ်။ မဿဲ အခန်းကြီး ၇ မှာပါတဲ့အတိုင်း တောင်းကြလျှင် ရမယ် ဆိုတဲ့ ဆုက ကျွန်မအပေါ် ပြည့်စုံတယ်လို့ ကျွန်မထင်တယ်။ ကျွန်မမှာ ပြည့်စုံသလိုပဲ ဒီမှာရှိနေတဲ့ ယုံကြည်သူ မောင်နှမအားလုံး တယောက်စီ .. စိတ်ထဲကနေ ကိုယ်တောင်းလိုက်တဲ့အရာဟာ တနေ့ကြရင် ဧကန်မုချ အဖြေပေးမယ်ဆိုတာ ကျွန်မ ဒီနေရာကနေ သက်သေထူချင်ပါတယ်။

 

ကျွန်မ ၁၀တန်းအောင်ပြီးတော့ ဖားအံ့မြို့မှာ အိုင်စီအဖွဲ့ Iron Cross က ကိုလေးဖြူတို့တတွေ လာပြီး ဆိုကြတယ်။ ကျွန်မအဖေက လက်မှတ်ကဈေးကြီးတဲ့အခါကြတော့ ကျွန်မကို တစ်ညပဲကြည့်ပါလို့ .. ပြောတယ်။ ဒါပေမဲ့ ကျွန်မက နောက်တစ်ညလည်း ဆက်ကြည့်ချင်တယ်။ ဆက်ကြည့်ချင်တော့ အဖေက ရိုက်တယ်။ တနေကုန် ငိုတယ်။ တလိုင်းလုံး ကြားအောင်ငိုတယ်။ အဲဒီ စတိတ်ရှိုးကို ကြည့်ချင်လို့...။ အဖေက နောက်ဆုံးတော့ အလျှော့ပေးပြီးတော့ .. အဲဒီစတိတ်ရှိုးကို ကြည့်ခွင့်ပေးလိုက်တယ်။ ဒါပေမဲ့ ငိုထားတဲ့အတွက် မျက်လုံးက မို့နေတယ်။ သူတို့ကို နှစ်ထပ်၊ သုံးထပ်တွေ မြင်နေရတာပေါ့နော် .. (ရယ်သံများ)။

 

အဲဒီလိုပဲ .. ကျွန်မငိုပြီးတော့ သူတို့ Show ကိုကြည့်ဖို့ ကျွန်မ တနေကုန်ငိုပြီးတော့ သူတို့ကို ကြည့်ချင်လွန်းလို့ ခက်ခက်ခဲခဲ တောင်းခဲ့ရတဲ့ အဖွဲ့နဲ့ အခုအချိန်မှာ ကျွန်မ အိုင်စီအဖွဲ့နဲ့ အတူ သီဆိုခွင့်ကို ပေးတယ်။

 

ကျွန်မ အသံကောင်းလို့လည်း အဆိုတော်ဖြစ်လာတာ မဟုတ်ပါဘူး။ ကျွန်မ အသံကို နားထောင်လို့ရှိရင် ဟင် ဘယ်လိုအသံကြီးလဲမသိဘူး၊ ယောင်္ကျားသံကြီး၊ .. ညည်းက ဆိုမနေနဲ့ ...တဲ့.။

အရင်တုန်းက မေဆွိတို့၊ စိုင်းထီးဆိုင်တို့ ခေတ်ကဆိုရင် ကျွန်မအဆိုတော် ဘယ်နည်းနဲ့မှ ဖြစ်လာမယ် မဟုတ်ဘူး။ ဒါပေမဲ့ ဘုရားရှင်က ကျွန်မအပေါ် ဘယ်လောက် ကောင်းမြက်လဲ ဆိုတော့၊ ကျွန်မတို့ ငှားနေတဲ့ တိုက်ခန်းဘေးနားမှာ တေးချစ်ူကနေတယ်။ အဲဒီနေရာကနေပြီးတော့ သူ့အသံကို ကြားပြီးတော့ တစ်ခါတည်း သီးချင်းထုတ်ဖို့ လာပြောတာပေါ့နော်...။

 

အဲဒါကြောင့် ဘုရားရှင်က ပြင်ဆင်ပေးတဲ့အခါ မဖြစ်နိုင်တဲ့အရာ ဘာမှမရှိဘူး၊ တခါတလေကြတော့ ကျွန်မတို့က ထင်တယ်။ ကျွန်မကို အဆိုတော်ဖြစ်ခွင့် အမေရိကားမှာရှိတဲ့ ကျွန်မအမျိုးတွေ၊ နိုင်ငံခြားမှာရှိတဲ့ ကျွန်မရဲ့ အမျိုးတွေက ကျွန်မကို လုပ်ပေးမယ် ? ... မဟုတ်ဘူး...။

 

တကယ့် တကယ်တော့ မထင်မှတ်တဲ့နေရာ ကျွန်မတို့ ကို ကောင်းကြီးပေးတယ်ဆိုရင်တော့ ဘယ်သူမှ တားလို့မရဘူး၊ လုံးဝ မထင်မှတ်တဲ့ လူတွေကို အသုံးပြုပြီး ကျွန်မတို့ ဖြစ်ချင်တဲ့ ဆန္ဒ၊ ကျွန်မတို့ တောင်းတဲ့ ဆုကို ပြည့်စုံစေတယ် လို့ ဆိုတာကို ဒီနေရာကနေ ကျွန်မ သက်သေထူချင်ပါတယ်။

 

ကြားနာသူ အယောက်စီတိုင်းကို ဘုရားရှင်ကောင်းကြီးပေးပါစေ။

(လက်ခုပ်သံများ ....)

 

မှတ်ချက်။

ဆုန်သင်းပါရ် သက်သေခံအပြီးတွင် .. ဓမ္မသီချင်းများဖြင့် သီဆိုချီးမွမ်းသွားပါသည်။ ထို့နောက် Rev. ဆရာဦးကျော်ဝင်း (Ph.D) မှ ဧ၀ံဂေလိတရားကို မလေးရှား၊ ကွာလာလမ်ပူရောက် ထောင်နှင့်ချီသော မြန်မာလူငယ်များကို "ဆင်းရဲ ယုတ်ညံ့သောသူလည်း အခွင့်အရေးရှိသည်" တရားဒေသနာကို ဟောကြားသွားပါသည်။ KLMCF သင်းအုပ် ဆရာမ၀င်ဒီနှင့် အသင်းတော်မှ လက်ခံကျင်းပပေးခဲ့ပါပြီး၊ ဗွီဒီယိုမှတ်တမ်းများကို စင်ကာပူမှ ကိုဂျိုးဇက်ဇေယျာမင်း၊ ဘန်ကောက်မှ ဆရာစိုင်းအေး တို့က မှတ်တမ်းတင်ပေးခဲ့ပါသည် ။ Date: 14-Dec, 2008. ရန်ကုန်မှာ ဒေါ်နန်းသီတာအောင်မှ အသင်းတော်အတွင်း ကန့်သတ်၊ ဖြင့် အခမဲ့ဖြန့်ဝေသည်။ အလှုငွေအားဖြင့် ပါဝင်နိုင်ပါသည်။ ဆက်သွယ်ရန်၊ နန်းသီတာအောင်၊ အမှတ်(၉၄) ဒုထပ်၊ (၅၁)လမ်း၊ ပုဇွန်တောင်၊ ဖုန်း ၀၉ ၈၀၃၁၅၄၃ This e-mail address is being protected from spambots. You need JavaScript enabled to view it

ဆရာဦးကျော်ဝင်း တရားဒေသနာ။ ကွာလာလမ်ပူ ၁၄-ဒီဇင်ဘာ-၂၀၀၈

http://www.burmesebible.com/judson/sermons/u.kyaw.win.malaysia.14.12.2009.htm

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy