မုရန် မဂ္ဂဇင်း
လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်
Monday, Sep 06th
Last update03:33:41 AM GMT
You are here:: ကျမ်းစာလေ့လာခြင်း သမ္မာတရားအားဖြင့် မိမိကိုယ်မိမိ ချုပ်တည်းခြင်း - Bible Study
သမ္မာတရားအားဖြင့် မိမိကိုယ်မိမိ ချုပ်တည်းခြင်း - Bible Study
E-mail Print PDF
သမ္မာတရားအားဖြင့် မိမိကိုယ်မိမိ ချုပ်တည်းခြင်းကို ရှင်သန်အောင်ပြုစုခြင်း
 '' ကိုယ်စိတ်ကိုမချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့်တူ၏ '' သု ၂၅း ၂၈
 မိမိကိုယ်မိမိချုပ်တည်းသောသူတို့သည်မိမိတို့၏စိတ်နေစိတ်ထားကို ကောင်းမွန်စွာကိုင်တွယ်ထိန်းချုပ်နိုင် စွမ်းရှိ၏။ ၄င်းတို့၏ အသက်တာကို သူတို့၏စိတ်နေစိတ်ထားအား ထိန်းချုပ်ဖို့အခွင့်မပေးပါ။ ကမ္ဘာတဝှမ်း၊ ပြီးမြောက်အောင်မြင်သည့် ကိစ္စမှန်သမျှ အားလုံးနီးပါးသည် စိတ်မပါသော်လည်း မှန်ကန်သော အလုပ်ကိုလုပ်ဆောင်ကြသောသူများ အားဖြင့် ပြီးမြောက်အောင်မြင်ခြင်းဖြစ်သည်။ '' ကိုယ်စိတ်ကို မချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်း ရှိသောမြို့နှင့်တူ၏ '' သု ၂၅း၂၈။
မိမိကိုယ်မိမိချုပ်တည်းသော သူတို့သည်မိမိနှုတ်ကိုစောင့်ထိန်းကြသည်။
                ထိုသူတို့သည် နှုတ်ကိုမဖွင့်မှီ စိတ်နှလုံးကို ပြင်ဆင်ကြသည်။ '' မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့်၏။ မိမိနှုတ် ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တတ်၏ '' သု ၁၃း၃။ 
မိမိကိုယ်မိမိချုပ်တည်းသောသူတို့သည် မိမိတို့၏တန်ပြန်မှုများကိုလည်း စောင့်ထိန်းကြသည်။
                သင်သည်မည်မျှလောက်ကြာရှည်စွာ သည်းခံနိုင်စွမ်းရှိမည်နည်း။ '' သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်း တတ်သည်။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏။ ''သု ၁၉း၁၁။
မိမိကိုယ်မိမိချုပ်တည်းသောသူတို့သည် မိမိတို့၏အချိန်ဇယားအတိုင်း လုပ်ဆောင်ကြသည်။
                မိမိအချိန်ဇယားကိုမည်ကဲ့သို့ပြုရမည်ကို မဆုံးဖြတ်တတ်လျှင်အခြားသောသူများက သင့်အတွက်ဆုံးဖြတ်ပေး လိမ့်မည်။ '' ထိုကြောင့် ပညာမဲ့ကဲ့သို့မဟုတ် ပညာရှိကဲ့သို့စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည့်အကြောင်း သတိပြုကြလော့။ ယခု နေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလအချိန်ကိုရွေးနှုတ်ကြလော့။ '' ဧ ၅း၁၅-၁၆။
မိမိကိုယ်မိမိချုပ်တည်းသောသူတို့သည် မိမိတို့၏ငွေကြေးဘဏ္ဍာများကို ကောင်းမွန်စွာ စီမံခန့်ခွဲကြသည်။
မိမိကိုယ်မိမိချုပ်တည်းသောသူတို့သည် မိမိတို့၏ကျန်းမာရေးကိုစောင့်ထိန်းကြသည်။
                ထိုနည်းအားဖြင့် စွမ်းဆောင်နိုင်ပြီး အောင်မြင်မှုရလဒ်များအတွက် ဝမ်းမြောက်ကြသည်။ '' အသရေတင့်တယ် ခြင်းနှင့်မိမိကိုယ်မိမိ ထိန်းတတ်စေခြင်းငှါ၎င်း သင်ယူကြရန်။ '' ၁သက် ၄း၅။
 သင်၏အသက်တာတွင် မည်သည့်ကဏ္ဍများ၌ မိမိကိုယ်မိမိချုပ်တည်းနိုင်စွမ်း ခိုင်မာရှင်သန်အောင် လုပ်ဆောင်ရန် လိုအပ် နေပါသနည်း။ ယနေ့ သင်ချမှတ်ရေးဆွဲထားသည့် စည်းကမ်းအတိုင်းလုပ်ဆောင်ခြင်းသည် မနက်ဖြန်သင့် အောင်မြင်မှုရရှိဖို့အတွက် အဆုံးအဖြတ် ဖြစ်ပေလိမ့်မည်။
 အစဉ်အမြဲ မိမိကိုယ်မိမိချုပ်တည်းနိုင်စွမ်းသည် မိမိ၏စိတ်တန်ခိုးတစ်ခုတည်းအားဖြင့် မရနိုင်ပါ။ ၄င်းထက်သာ ၍ကြီးမားသော တန်းခိုးအားဖြင့်သာ ဖြစ်နိုင်သည်။
 '' အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သောစိတ်သဘောကို ငါတို့အားပေးတော်မူသည်မဟုတ်။ တန်ခိုးပါ သောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။ '' ၂တိ၁း၇။  (စောဂေးလယ်)
Comments (0)Add Comment
Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger
busy