
အခွံ ၅ (သို့ မဟုတ်) ပူဖောင်းနဲ့ လူဟောင်း
(မင်းအောင်သက်လွင်)
ငယ်ငယ်က ငါ လိုချင်ခဲ့တာ ‘ပူဖောင်း’ ၊ ရော်ဘာ ပျော့ပျော့၊ အရောင်ဖျော့ဖျော့နဲ့
လေ အသော့မှာ ဆော့ကစား လို့ရတဲ့ ‘ပူဖောင်း’၊၊ သူ့ကိုယ်ထဲမှာြ
ပါးစပ် တစ်မတြ်၊ လက်တစ်ဆုပ်စာ‘လေ’တွေကို ခပ်လျော့လျော့ ထုပ်ထားတယ်၊၊
မင်္ဂလာ မဏ္ဍပ်၊ အလှူ ၊ ကလပ် နဲ့ မွေးနေ့ ပွဲတွေတိုင်းမှာ သူ မပါရင် မှုပီးခဲ့ပါ၊၊
‘ပူဖောင်း’ရဲ့ အသက်တြစ်မနက်လား၊ ခုနှစ်ရက်လား၊ ဘာမှ မရေရာ
ဆူး စူးမိရင် ပေါက်သွားမယ်၊၊ ရော်ဘာသား ပါး ရင်ပေါက်သွားမယ်၊၊
ပူဖောင်းထဲက လေ ‘ရှူးကနဲ’ ဘဲ ဖြစ်ဖြစ်၊ ‘ဘောင်းကနဲ’ဘဲ ဖြစ်ဖြစ်၊
ပေါက်ကွဲသွားချိန်မှာတော့ ရွှံ့ထူတဲ့ လမ်းပေါ်မှာ လူတကာရဲ့ ခြေနင်းဖတ် ဖြစ်သွားမယ်၊၊သွားမယ် ၊၊
ငယ်ငယ်က ငါရှင်သန်ခဲ့တာ ‘လူဟောင်း’ ၊ စစ်မှန်တဲ့ လူမျိုး၊
ပညာကို အရောင်ဆိုှးုပီး လူကုံထံတွေ-ကားမှာ လူတန်းစေ့ နေနိုင်အောင်
တိုက် မြှေုခံ ကား၊ သမီး မယားနဲ့ မနဲ ကျားကန် ထားရတယ်၊၊
ဘုရားကျောင်းပလ္လင်ပေါ်မှာ၊ အိမ်ဦးခန်းမှာ၊ ကုမ္ပဏီရုံးခန်းမှာ မိန့်မိန့်ကြီး ထိုင်နေခဲ့ပေမဲ့၊
‘လူဟောင်း’ရဲ့ အသက် တစ်မနက်လား၊ ခုနှစ်ရက်လား၊ ဘာမှ မသေချာြ
ရောဂါဘယေ-ကာင့်ဘဲ ဖြစ်ဖြစ်၊ လူသတ် လက်ေ-ကာင့်ဘဲ ဖြစ်ဖြစ်
မတော်တဆေ-ကာင့်ဘဲ ဖြစ်ဖြစ်၊ “ဖြုတ်ကနဲ” အသက်ထွက်သွားချိန်မှာတော့
သုဿန် တစပြင်မှာ လူတကာရဲ့ ခြေနင်းဖတ် ဖြစ်သွားမယ်၊၊ ၊၊
- - - - -

အခွံ ၅ 






