မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Thursday, Sep 09th

Last update07:05:36 PM GMT

You are here:: ခရီးသွားမှတ်တမ်း နာဂစ်ဒေသ အမှတ်တရ (၂)

နာဂစ်ဒေသ အမှတ်တရ (၂)

E-mail Print PDF


နာဂစ်ဒေသ အမှတ်တရ (၂)

နောက်တစ်နှစ် တိတိ အကြာ အောက်တိုဘာလ ၂၀၀၉ ခုနှစ်မှာတော့  အရင်တုံးက ကျွန်တော် ခရီးသွားခဲ့ဖူးတဲ့ နာဂစ် ဒေသကို အဖွဲ့ဝင် ၁၁ ယောက်နဲ့ နောက်တစ်ခေါက် ထပ်ရောက် သွားခြဲ့ပန်ပါတယ်။ ဒီတစ်ခါ တော့ အရင်တုံး က သွားသလို ဆေးဝါး ကုသတာ မဟုတ်ဘဲ နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ကြောင့် ဒုက္ခ ရောက်လို့ ကျောင်းတက်ဖို့ အခက်အခဲ တွေ့နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ခွန်အားပေး တွေ့ဆုံ ပေးကမ်း ထောက်ပံ့ ဖို့ဘဲ ဖြစ်ပါ တယ်။  

 

သင်းအုပ်ဆရာတစ်ဦး ဦးဆောင်တဲ့ ကျွန်တော်တို့ အဖွဲ့ဟာ ဘိုကလေးမြို့။ (ပ၀ိန်ရွာ။ ကွမ်းသီးချောင်းရွာ။) မအူပင်မြို့။ ပုသိမ်မြို့ နဲ့ မြောင်းမြမြို့ နဲ့ ရေတွင်းရေကန် ကျေးရွာ မှာ ရှိတဲ့ ကျောင်းသူ ကျောင်းသား ၄၀၀ နီးပါးဆီ သွားရောက် တွေ့ဆုံ မိတ်သဟာရဖွဲ့ အားပေး စကားပြော ဖျော်ဖြေ။ တရားဟော ပေးကမ်း လှူဒါန်းခဲ့ပါတယ်။ ဘိုကလေးမြို့ ပ၀ိန်ရွာမှာ တစ်ညအိပ်။ မအူပင်မြို့မှာ တစ်ည အိပ်။ ပုသိမ်မြို့မှာ တစ်ညအိပ်ပြီး သုံးည ဆက်တိုက် ကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံ မိတ်သဟာယ ဖွဲ့ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ အသင်းတော်က ကျောင်းသား ကျောင်း သူ ၃၀၀ ကျော်ကိုလဲ လစဉ် အသုံးစရိတ် အနည်းငယ်စီ ပါဝင် ထောက်ပံ့ဖို့ တာဝန် ယူခဲ့ပါတယ်။

အရာဂါတ်ရဲ့ သူရဲကောင်းလေးများ ဖြစ်တဲ့ ကျောင်းသူ ကျောင်းသားများနဲ့ တွေ့ဆုံ ဖြစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ ခရီးစဉ် လေးဟာ တစ်သက်မှာ ဘယ်လိုမှ မေ့လို့ မရတဲ့ ခရီးစဉ် ဖြစ်ခဲ့တယ် ဆိုတာကို ဓါတ်ပုံ လေးတွေနဲ့ တင်ဆက်လိုက်ပါတယ်။

အဲဒီခရီးစဉ်မှာ ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ကို နှဖူးတွေ့ ဒူးတွေ့ကြုံခဲ့ပြီး အသက် မသေ ကျန်နေရစ်ခဲ့တဲ့ သဘာဝဘေး ဒုက္ခ သည် တွေကို တွေ့ဆုံ ဖျော်ဖြေ အားပေး လှူဒါန်းဖြစ်ခဲ့ပါတယ်။

သူတို့နဲ့ အတူ နေထိုင်တွေ့ဆုံ ဖြစ်ခဲ့တဲ့ ၄ရက်တာ အတွင်းမှာ သူတို့ရဲ့ မျက်ရည်ဖလား။ သူတို့ရဲ့ သက်သေတရား။ သူတို့ရဲ့ အမျက်ဖြေ စကားတွေကို မျက်ဝါး ထင်ထင်မြင်။ နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတာမို့ ခရစ်တော်ပြောကြားခဲ့တဲ့ သမ္မာ ကျမ်းစာထဲက ကျမ်းတစ်ပိုဒ်ဖြစ်တဲ့ --- ငါ့ညီ တို့တွင် အငယ်ဆုံးသူကို ပြုစုခြင်း ဟာ ငါ့ကို ပြုတာနဲ့ အတူတူဘဲ ဆိုတဲ့ သခင်ယေရှု ခရစ်တော်ရှင်မြတ်ရဲ့ တရား စကားကို နားလည် သဘော ပေါက် ခဲ့သ လို - - - -

ဆင်းရဲသားကို သနား သောသူ သည် ထာဝရ ဘုရားကို ချေးငှားသော သူဖြစ်၏။ ဆိုတဲ့ တရားစကားတွေကို ပိုပြီး သိမြင် နားလည် လာခဲ့ပါတယ်။ 

သူတို့နဲ့ တွေ့ဆုံခဲ့တဲ့ အမှတ်တရ ဓါတ်ပုံ လေးတွေနဲ့ ခရီးစဉ် မှတ်တမ်းဓါတ်ပုံ တချို့ကို စာဖတ်သူတွေအတွက် ရေးသား ဝေမျှပေး လိုက်ပါတယ်။

ဆင်းရဲသားကို သနားပြီး ထာဝရ ဘုရားကို ချေးငှားသူများ ဖြစ်နိုင်ကြပါစေ။     ။     မင်းအောင်သက်လွင်

Some Photos

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy