မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Monday, Sep 06th

Last update03:33:41 AM GMT

You are here:: ဘ၀အတွေ့အကြုံ ပြည်ပရောက် မြန်မာ-သင်းအုပ်ဆရာ (၂)

ပြည်ပရောက် မြန်မာ-သင်းအုပ်ဆရာ (၂)

E-mail Print PDF


ခရစ်ယာန်အိမ်ထောင် - တရုပ်နှစ်သစ်ကူးနှင့် ဘာလင်တိုင်း (ချစ်သူများနေ့) - ဆရာ Toe Sat

ချစ်သူများနေ့အနေနဲ့ ခရစ်ယာန်အိမ်ထောင်အကြောင်း ပြောချင်ပါတယ်။ အိမ်ထောင်ရေးအဆင် မပြေဖြစ်သူများရော .. အိမ်ထောင်စု မရှိသောသူများအတွက်ပါ ရည်ရွယ်ပါတယ်။

ဆုတောင်းခြင်းနဲ့ စတင်ပါတယ်။

အမေရိကန်နိုင်ငံမှာ အိမ်ထောင်ပြိုကွဲမှု ၃၃ရာနှုံးရှိပြီး .. ယုံကြည်သူများအကြား လေ့လာဆန်းဆစ်ကြည်တော့ ၃၂ရာနှုံးရှိတာတွေ့ရတယ်။ သိပ်မထူးဘူးပေါ့ ...


စင်ကာပူနိုင်ငံက အချက်အလက်ကိုကြည့်တော့ တရားဝင်ထုတ်ပြန်တဲ့ အိမ်ထောင်ပြိုကွဲမှု စာရင်းက လက်တွေ့နဲ့ သိပ်သဘာဝမကျဖြစ်ရတယ်။ သတင်းစာပါအချက်နဲ့ လေ့လာကြည့်တဲ့အခါ လွန်ခဲ့သော ၅နှစ်ကစပြီး နှစ်စဉ် လက်ထပ်ပွဲ ၂သောင်းလောက်ရှိတဲ့အထဲ အိမ်ထောင်ပြိုကွဲမှုက ၆ထောင်လောက်ရှိတယ်ပါတယ်။ ဒီတော့ ဘာကြောင့် ယုံကြည်သူများကြားမှာလည်း အိမ်ထောင်ရေးအဆင်မပြေဖြစ်ရပါသလဲ ..။

 

၁ ပေ ၃ ကို ဖတ်ပါတယ်။
   ၃   ၁အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ ၂သို့ပြု၍၊ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော် လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်၊ အတူပါမည်အကြောင်းရှိ၏ ၃သင်တို့၏ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်း ဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊ ၄ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်း သဘော်တည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေ ကြလော့။ ၅-၆ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်း သော မိန်းမတို့သည် ရှေးကထိုသို့ ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို  ဝံခံကြ၏။ သင်တို့သည် ကောင်းမွန်စွာ ကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။ ၇ထိုနည်းတူ၊ ယောက်ျားတို့၊ ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်းကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသော သူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူ ကို ပြုသင့်သည်အတိုင်း သူ့ကိုစောင့်မပြုစုကြလော့။

 
အမျိုးသား နဲ့ အမျိုးသမီး ခြားနားကြပါတယ်။ အမျိုးသားများက အလုပ်တခုနဲ့တခုကို သီးသန့်ခွဲပြီး စဉ်းစား၊လုပ်ကိုင်ကြပေမဲ့ အမျိုးသမီးများကို အားလုံးကို ဆက်စပ်ပြီးလုပ်ကိုင်လေ့ရှိပါတယ်။ အသင်းတော်မှာ အမျိုးသားအစည်းအဝေး လို့နာမည်ပေးပြီး လာဖို့ခေါ်ရင် .. မလာချင်ပါဘူး ။ အသင်းတော်တိုင်းမှာတော့ အမျိုးသမီးအစည်းအဝေး ဆိုတာ ရှိပါတယ်။ အမျိုးသားတွေကို လာစေချင်ရင် ဘော်လုံး၊ ဂေါက်သီးရိုက် စသဖြင့် တွဲပြီးခေါ်ရင်း ကျမ်းစာလေ့လာ ဆွေးနွေးခြင်း .. စသဖြင့် လုပ်ဖြစ်ကြပါတယ်။

   အမျိုးသမီးတွေမှာ ဆရာကြီးဂျပ်ဆင်ရဲ့ ဇနီးသည် မစ္စအန်း ကို သိသူနည်းပါတယ်။ ဆရာကြီးကိုပဲ သိကြပေမဲ့ ဆရာကြီးနောက်ကွယ်က ..လုပ်ပေးခဲ့ပါတယ်။ ဆရာကြီး မန္တလေး နေပြည်တော်မှာ အကျဉ်းထောင်ကျနေတဲ့အချိန်မှာ ကလေးငယ်များနဲ့အတူ ရန်ကုန်ကနေ ခက်ခဲစွာရောက်လာတယ်။ ဆရာကြီးကို ထောင်ဝင်စာလာတွေ့ရတယ်။ အလွယ်ပင်ပမ်း ဆင်းရဲစွာ ဆရာကြီးအတွက် အဆင်ပြေအောင် ကြိုးစားရင်း  အသက်အသေခံတဲ့အထိ လုပ်ပေးသူဖြစ်ပါတယ်။

  အမျိုးသမီး ဖနီးသည်များ ကျမ်းစာနဲ့အညီ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ၀န်ခံဖို့ .. ယောင်္ကျားများ လုပ်ပေးနိုင်တဲ့ အချက်၃ချက်ကို ပြောချင်ပါတယ်။ ဥပမာ .. ဆူပူ၊မကြေနပ်၊အပြစ်တင်နေတဲ့ ဖနီးသည်ကို ဖြေရှင်းဖို့ရာ အိမ်အပြင်ဖက်ထွက်ပြီး ပန်းဆိုင်က ပန်းတစည်းဝယ်၊ ပြန်လာပြီး ပေးလိုက်ရင် .. ပြေလည်သွားတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ပန်းဘယ်နှစ်ခါဝယ်ပေးသလဲ မေးရင် မ၀ယ်ပေးတာ နှစ်တော်တော်ကြာပြီ ပြောရပါမယ်။ ဇနီးမောင်နှံ လက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာရှိလာတော့ .. ဘာလင်တိုင်းနေ့ (ချစ်သူများနေ့) ဆိုတာလည်း တခါတရံ မသိ ဖြစ်သွားရပါတယ်။

  Action speaks louder than word ဆိုတာကတော့ မြန်မာလိုပြောရရင်  ပါးစပ်က ဘုရားဘုရား၊ လက်က ကားယား၊ကားယား လို့ပြောရမလား..  အပြောထက် ..  ပုံသက်သေကောင်းပြဖို့ပါ။

  ယုံကြည်သူများအနေနဲ့ နှုတ်ကပါတ်တော်နဲ့ အညီ ဖနီးမောင်နှံ ဘ၀ခရီးသွားဖို့ဖြစ်ပါတယ်။ ယုံကြည်ကိုးစားခြင်းအားဖြင့် .. လက်တွေ့ကျင့်ဆောင်သွားကြဖို့ .. ကျမ်းကိုးများနှင့် ကိုးကား ပြောကြားသွားပါတယ်။

The End...
Time:  ~30 minutes


Saya Toe Sat's sermon is available at Internet
http://jbcsshowpage.blip.tv/file/3221420/

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy