
ယေရှု အလည်လာခြင်း
PLEASE SEND BACK YOU WILL UNDERSTAND WHY
မယု သူ့အိမ်ရဲ့ စာတိုက်သေတ္တာလေးကို ဖွင့်ကြည့်လိုက်တော့ စာတစောင်ပဲတွေ့ရပါတယ်။ စာကို ဖွင့်မဖတ်ခင်မှာ စာအိတ်ကို ကိုင်ပြီးကြည့်တယ်။ ဟယ်.. စာအိပ်ကလည်း တဆိပ်ခေါင်းလည်း မပါဘူး၊ စာတိုက် တဆိပ်တုံးလည်း ထုမထားဘူး .. မယု ဆိုတဲ့ အမည်နဲ့ လိပ်စာပဲရေးထားတာ။ စာကို ဖေါက်ပြီး ဖတ်ကြည့်လိုက်ပါတော့တယ်...။
ချစ်စွာသော မယု
ကျွန်တော် ဒီ စနေနေ့ ညနေပိုင်းမှာ ကျွန်တော်အလည်အပါတ် လာရောက်ပါမယ်။ သင့်အိမ်ကို ကျွန်တော် ခေတ္တခဏ လာရောက်ပါမယ်။
အစဉ် ချစ်မေတ္တာဖြစ်
ယေရှု
မယုရဲ့ လက်တောင် ကတုံကရင်ဖြစ်နေပြီး စာကို သူရဲ့ အခန်း စားပွဲပေါ်တင်လိုက်ပါတယ်။ "ဘာကြောင့်များ ဘုရားရှင် ငါ့ဆီကို အလည်လာရတာလဲ .. ငါက အထူးစပယ်ရှယ်လူလဲ မဟုတ်။ ဘုရားရှင် အတွက် ပေးစရာ၊ ဆပ်ကပ်စရာ ..ငါ့မှာမရှိ ... " .. အတွေးတွေကြားမှာ မယု တယောက်၊ ရုတ်တရက် သူ့မီးဖိုချောင် ကြောင်အိမ်ထဲမှာ ထမင်း၊ဟင်း ချက်ပြုတ်စရာ ဘာမှမရှိတာကို သတိရလိုက်ပါတယ်။
အိုး .. ဒုက္ခပါပဲ .. ညနေစာ ချက်ပြုတ်ဖို့ ဈေးထဲ ပြေးပြီး ဈေးဝယ်ရအုံးမယ် လို့ .. ညီးညူလိုက်ပါတယ်။
ဒါနဲ့ မယု .. သူ့ရဲ့ ပိုက်ဆံအိတ်ကလေးကို ဖွင့်ပြီး ရှိသမျှ ပိုက်ဆံကို ရေတွက်ကြည့်ပါတယ်။ ကျပ်တထောင်တန်တစ်ရွက် နဲ့ နှစ်ရာတန် တရွက် ရှိတယ်။
မဆိုးဘူး .. ဆန်၎လုံး နဲ့ ပဲပြုတ်တစ်ဗူး ကတော့ ၀ယ်ဖြစ်အောင် ၀ယ်မယ်။
မယု .. အနွေးထည်ကောက်ဝတ်၊ ဈေးခြင်းတောင်းကို ကောက်ဆွဲပြီးဈေးကို ခပ်သုတ်သုတ်ကလေး လျှောက်သွားလိုက်ပါတယ်။
ပေါ်ဆန်းမွှေး ဆန်၎လုံး ၀ယ်လိုက်တယ်။ ကြက်သားတဆယ်သား နဲ့ အာလူး၊ ဆီ ၅ကျပ်သား ၀ယ်လိုက်တယ်။ ငါးပိရည်လုပ်ဖို့ ငပိကောင်၅ကျပ်သား ၀ယ်ပြီး ပဲပြုတ်တစ်ဘူးလည်း ၀ယ်လို့ရသေးတယ်။ တစ်ရာတန်တစ်ရွက်ပဲ ကျန်တဲ့အထိ ၀ယ်လိုက်တယ်။
ဈေးက အပြန်တော့ စိတ်နဲနဲ ပေါ့သွားတယ်။ ညနေစာဆပ်ကပ်ဖို့ ၀ယ်လာတဲ့ ဈေးခြင်းလေးနဲ့ အိမ်ပြန်လာခဲ့တယ်။ အဲဒီအချိန် သူ့ကို နှုတ်ဆက်ခေါ်သံတစ်ခု ကြားလိုက်တယ်။
ဟေး .. အစ်မ ......၊ တစ်ခုလောက် အကူညီတောင်းပါရစေ .. တဲ့။
ညစာအတွက် စဉ်းစား လမ်းလျှောက်နေတဲ့ မယု မကြားဘူး၊ အ၀တ်နွမ်းနွမ်း၊ ညစ်စုတ်စုတ်တွေနဲ့ ယောင်္ကျား နဲ့ မိန်မ လူနှစ်ယောက် သူ့ရှေ့နားမှာ ပိတ်ရပ်နေတာတောင် သတိမထားမိပါဘူး။
အစ်မရယ် အကူအညီပေးပါဦး၊ ကျေးဇူးအများကြီးတင်ပါတယ် .. လို့ ပြောသံကြားတော့
မယုက သူတို့နှစ်ယောက်ရဲ့ မျက်နှာကို ကြည့်လိုက်တယ်။
သူတို့ဟာ ညစ်ပတ်ပေရေနေတယ်။ ခင်မင်ရင်းနှီးစွာ ပြုံးပြီး မယုကို ကြည့်နေကြတယ်။ မယုနားလည်လိုက်တာကတော့ သူတို့နှစ်ယောက် အလုပ်တခုခု လုပ်ချင်နေတယ်ဆိုတာ သေချာပေါက်သိလိုက်ပါတယ်။
မယုက ... အစ်မကြီး နဲ့ အစ်ကိုကြီးတို့ရယ်။ ကျွန်မ ဒီညနေ လာမဲ့ အထူးဧည့်သည်အတွက် နည်းနည်းပါးပါး ဈေးဝယ်လာတာပါရှင်။ လာမဲ့ ဧည့်သည်ကို ကျွေးမွေး ဧည်ခံဖို့ ဆန်၎လုံး နဲ့ ပဲပြုတ်နည်းနည်းပဲ ၀ယ်လာတာပါ .. လို့ ပြောလိုက်မိတယ်။
အမျိုးသားက .. သြော် .. သဘောပေါက်ပါတယ် အစ်မရယ် ..ကျေးဇူးပဲဗျာ .. လို့ပြောပြီး ဘေးက မိန်မရဲ့ လက်ကို ဆွဲပြီး လှည့်ထွက်သွားကြတော့တယ်။
မယုက ရပ်ပြီး သူတို့ နှစ်ယောက်ကို ငေးကြည့်နေမိပါတယ်။ မယု နှလုံးသားမှာ စစ်ကနဲ စိတ်မသိုးမသန့် ခံစားလိုက်မိပါတယ်။ နှုတ်ကလည်း ရုတ်တရက် ..
အစ်ကိုကြီး ... နေပါဦး ... လို့ လှမ်းခေါ်လိုက်မိတယ်။
သူတို့ စုံတွဲ .. ရပ်ပြီး လှည့်ကြည့်ချိန် မယုက အပြေးကလေး သူတို့ဆီ လိုက်သွားတယ်။
ဒီဈေးခြင်းတောင်းကို ကြည့်ပါအုံး၊ ကျွန်မရဲ့ ဧည့်သည်ကို ချက်ပြုတ် ဧည့်ခံပေးဖို့ အကူလိုပါတယ်.. ပြောရင်း ဈေးခြင်းတောင်းကို ယောက်ကျားဖြစ်သူ လက်ထဲ ထည့်လိုက်ပါတယ်။
ကျေးဇူးတင်လိုက်တာ ..သိပ်ကျေးဇူးတင်တာပဲ အစ်မရယ် .. လို့ အမျိုးသမီးဖြစ်သူက ပြောနေယ်။ ပြီးတော့ ...
ကျွန်မက သူ့ရဲ့ ဇနီးသည်ပါ .. လို့ ဆက်ပြောတဲ့အခါ .. ဆောင်းရာသီ မနက်ခင်းမှာ ချမ်းတုံနေတဲ့ အမျိုးသမီးရဲ့ အသံကို မယု သတိထားမိလိုက်ပါတယ်။
မယုက ကျွန်မမှာ အနွေးထည် အပို အိမ်မှာရှိပါတယ် .. ပြောပြီး သူ့အနွေးထည်ကို ချွတ်ပြီး အမျိုးသမီးရဲ့ ပုခုံးပေါ် တင်ပေးလိုက်ပါတယ်။
ကျေးဇူးတင်လိုက်တာ .. အစ်မရယ် .. သိပ်ကျေးဇူးတင်တာပဲ .. လို့ ထပ်ပြောပြန်တယ်။
ဒီလိုနဲ့ အိမ်ဘက်ကို အတူ လျှောက်လာတော့ အိမ်တံခါးဝရောက်ချိန်မှာ မယုတစ်ယောက် ချမ်းစိမ့်စိမ့် ဖြစ်လာတယ်။ ပြီးတော့ ဘုရားရှင် ငါ့ဆီ အလည်လာချိန်မှာ ဆပ်ကပ်စရာလဲ ဘာမှ မရှိသေးပါလား .. လို့ စိုးရိမ်လာပြန်ပါတယ်။
မယု သူ့ရဲ့ ပိုက်ဆံအိတ်ကို ဖွင့်ပြီး မွှေနှောက်ပြီး အိမ်သော့ကို ရှာတယ်။ ရှာရင်း စာတိုက်ပုံးလေးကို ကြည့်လိုက်တော့ စာတစ်စောင် အသစ်ရောက်နေတာ သတိထားလိုက်မိတယ်။ စာပို့သမားက တရက်ကို နှစ်ခါ လာပို့လေ့ မရှိပါဘူး။
ချစ်စွာသော မယု
သင့်ကို ထပ်ပြီးတွေ့ရတာ ကောင်းလှပါတယ်။
သင့်ရဲ ချစ်မေတ္တာနဲ့ ကျွေးမွေးတဲ့ ညစာအတွက် ကျေးဇူးတင်ပါတယ်။
သင့်ရဲ့ လှပတဲ့ အနွေးထည်အတွက်လည်း ထပ်မံ ကျေးဇူးတင်ပါတယ်။
အစဉ် ချစ်မေတ္တာဖြင့်
ယေရှု
လေအေးအေးတိုက်ခတ်နေဆဲပါပဲ.. အနွေးထည်မရှိပေမဲ့ မယု အေးချမ်းမှုကို သတိမထားမိတော့ပါဘူး။
မောင်သာမန်
The End......
Received from Christina Ng (ODB)

ယေရှု အလည်လာခြင်း






