မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Thursday, Sep 09th

Last update07:05:36 PM GMT

You are here:: ကျမ်းစာလေ့လာခြင်း အသစ်သော မိသားစု A New Family

အသစ်သော မိသားစု A New Family

E-mail Print PDF

 

alt

အသစ်သော မိသားစု
A New Family

သင်ခန်းစာ (၉)

 

ချစ်သော မိတ်ဆွေ

                သမ္မာကျမ်းစာကို နားလည်နိုင်ရန် အဓိကသော့ချက်မှာ ဘုရားက လူသားမျိုးနွယ်ကို ဆက်ဆံရာ၌ အာဒံနှင့်ခရစ်တော် ဖြစ်သော အခြေခံကျသော လူနှစ်ယောက်အပေါ် ဘုရားသခင်၏ အမြင်တိုင်း မြင်ခြင်း ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် အာဒံကို ပထမလူဟု ခေါ်၍  ခရစ်တော်ကို ဒုတိယလူဟု ခေါ်သည်။

 

                အာဒံကြောင့် အပြစ်နှင့်သေခြင်းသည် ဤလောကသို့ ဝင်ရောက်လာသည်။ ဘုရားသခင်၏ ပထမလူသည် ဘုရားသခင်ကို မနာခံခဲ့ပါ။ ဘုရား သခင်၏ ဒုတိယလူဖြစ်သော ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို ကျွန်ုပ်တို့ရရှိသည်။ ဤသင်ခန်းစာတွင် ဤလူနှစ်ယောက်အကြောင်း ကျွန်ုပ်တို့လေ့လာမည် ဖြစ်သည်။

 

ဘုရားသခင်၏ ပထမလူ

 

                အာဒံကို ဘုရားသခင်၏ ပထမလူဟုခေါ်ရခြင်းမှာ သူသည်ဖန်ဆင်းခြင်းခံရသော ပထမဦးဆုံးလူ ဖြစ်ပြီး လူမိသားစု၏ အိမ်ထောင်ဦးစီး ဖြစ်သော ကြောင့်ဖြစ်သည်။ သက်ရှိ အဆင့်နိမ့်ပုံသဏ္ဍာန် ဘဝမှ လူဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ လူကို ဘုရားသခင်က ဖန်ဆင်းခဲ့၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော် အတိုင်း လူကို ဖန်ဆင်း ခဲ့၏။ သမ္မာကျမ်းစာက ''ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၍'' ကမ္ဘာ ၁း ၂၇ တွင် ပြောခဲ့သည်။

 

                ဤကမ္ဘာပေါ်တွင် ဖြန့်ကျက်နေထိုင်ရန် လူသန်းပေါင်းများစွာကို ဘုရားသခင် မဖန်ဆင်းခဲ့ပေ။ လူတစ်ယောက်တည်းကိုသာ သူဖန်ဆင်းခဲ့သည်။ ထိုသူ အာဒံ ဖြစ်ပြီး အာဒံအတွက် မိန်းမဧဝကိုလည်း ဖန်ဆင်းခဲ့သည်။ လူသားတစ်မျိုးနွယ်လုံးသည် အာဒံနှင့်ဧဝမှ ဆင်းသက်ခဲ့ခြင်း ဖြစ်သည်။

 

                ဘုရားသခင်သည် ဘာကြောင့် လူကို ဖန်ဆင်းခဲ့သနည်း။ သူ၏ဘုန်းတော်နှင့် ပျော်ရွှင်ဝမ်းမြောက်မှုအတွက် လူသားကို ဖန်ဆင်းခဲ့သည်။ ဘုရား သခင်သည် လူသားတစ်မျိုးနွယ်လုံးကို သူ၏သဏ္ဍာန်တော် အတိုင်း ဖြစ်စေချင်ပြီး သူ၏ဘုန်းတော်ကို ထင်ရှားစေမည့် လူသားမျိုးနွယ်ကို သူလိုချင်သည်။ သူ့ ကို ပျော်ရွှင်ဝမ်းမြောက်မှုပေးမည့် လူသားမျိုးနွယ်ကို သူလိုချင်သည်။ သမ္မာကျမ်းစာက ''အိုထာဝရဘုရား ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက် ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းအသရေတော်ကို ခံစား ထိုက်တော် မူ၏ဟု လျှောက်ဆို၍ ပလ္လင်တော်ရှေ့မှာ မိမိတို့သရဖူများကို ချထားကြ၏။''ဟုဗျာဒိတ် ၄း၁၁ တွင် ဆိုထားသည်။

 

                လူသည် ဘုရားသခင်၏အထူး ဖန်ဆင်းခြင်းခံ ဖြစ်သည်။ သူ၏ပုံသဏ္ဍာန်တော်နှင့်အညီ လူကို ၀ိညာဉ်ပါလျှက် ဖန်ဆင်းတော်မူခြင်းကြောင့်  ဘုရားသခင်၏ ဝိညာဉ်တော် သည် ထိုသူ၌ ကိန်းဝပ်နေနိုင်ပြီး လူ့ဝိညာဉ်ကို အသက်ရှင်စေသည်။ 

 

အာဒံသည် အပြစ်နှင့်သေခြင်းကို ဤလောကသို့ ယူဆောင်လာသည်။

 

                ဘုရားသခင်သည် အာဒံနှင့်ဧဝကို အေဒင်ဥယျာဉ်ထဲတွင် နေထိုင်စေပြီး သူတို့ကို ပျော်ရွှင်စေမည့် အရာအားလုံးကိုလည်း ဖန်ဆင်းထားပေးသည်။ ''ကောင်းမကောင်းကို သိကျွမ်းရာ အပင်၏ အသီးကိုမစားရ'' ဟူသော ကန့်သတ်ချက်တစ်ခုကိုသာ ဘုရားသခင်သည် သူတို့အပေါ်၌ ထားရှိခဲ့သည်။ သူတို့မနားထောင်လျင် သူတို့ ဧကန်အမှန် သေရမည်ဟု ဘုရားသခင်က ပြောခဲ့သည်။

 

                ဧဝသည် စာတန်၏လှည့်စားခြင်းကိုခံရပြီး အသီးကိုယူ၍ စားလိုက်သည်။ အာဒံမှာမူ လှည့်စားခြင်း မခံရပေ။ သူကိုယ်၌က ဘုရားသခင်ကို မနာခံရန် ရွေးချယ်ခဲ့သည်။ သူလည်း တားမြစ်ထားသောအသီးကို ယူ၍စားလိုက်သည်။

 

                အာဒံသည် ဘုရားသခင်၏စကားကို နားမထောင်သောအခါ သူ၌ အပြစ်ရှိလာသည်။ သူ့မှာ အပြစ် ရှိသည့်အတွက် သူ သေသည်။ သူ၏ကိုယ်ခန္ဓာ သေခြင်း မဟုတ်ပါ။ သို့သော် သူ၏ဝိညာဉ်ပိုင်းဆိုင်ရာ သေခြင်းဖြစ်သည်။ သူ၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိရမည့်အစား အပြစ် ရှိနေသည်။

 

                အပြစ်နှင့်သေခြင်းသည်  အာဒံ၏မနာခံခြင်းကြောင့် ဤလောကအတွင်းသို့ ဝင်ရောက်လာသည်။ အာဒံသည် လူသားမျိုးနွယ်၏ ဦးစီးလည်း ဖြစ်သော ကြောင့် လူသားတစ်မျိုးနွယ်တရပ်လုံးထံသို့ အပြစ်နှင့်သေခြင်းကို သူ ယူဆောင်လာသည်။ သမ္မာကျမ်းစာက “ဤအကြောင်းအရာဟူမူကား အပြစ်တရား သည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ကြကြ၏”ဟု ရော ၅း ၁၂ တွင်ဆိုထား သည်။

 

အာဒံသည် အပြစ်သားမျိုးနွယ်ကို ဖြစ်ပေါ်စေခဲ့သည်။

 အာဒံသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ပြီး စာတန်ဘက် သူပါဝင် သွားခဲ့သည်။ စာတန်၏ မှောင်မိုက်နိုင်ငံထဲသို့ သူရောက်ရှိ သွားခဲ့သည်။

 

                အာဒံသည် လူသားမျိုးနွယ်၏ ဦးစီးခေါင်းဆောင် ဖြစ်လာသောကြောင့် လူသားတစ်မျိုးနွယ်လုံးကို စာတန်၏မှောက်မိုက်နိုင်ငံထဲသို့ ဆွဲခေါ်သွားရုံ မက အပြစ်တရားအောက်သို့လည်း ကျရောက်စေခဲ့သည်။

 

                အခြားသောအရာများလည်း ဖြစ်ပျက်ခဲ့သည်။ အာဒံ၏သဘာဝမှာ ပြောင်းလဲသွားသည်။ ယခု  သူ၌် အပြစ်ဗီဇ ရှိနေပြီး ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန်နှင့် ဘုရားသခင်ကို ချစ်ရမည့်အစား အာဒံသည် ဗီဇအပြစ် ရှိသူ ဖြစ်လာသည်။

 

                အာဒံသည် လူမျိုးနွယ်၏ဦးစီးခေါင်းဆောင်ဖြစ်သောကြောင့် သူ၏် ဗီဇအပြစ်ကို သူ၏သားသမီးများနှင့် လူသားတစ်မျိုးနွယ်လုံးထံသို့ လက်ဆင့်ကမ်း ခဲ့သည်။ သမ္မာကျမ်းစာက ''အကြောင်းမူကား၊ တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ ....'' ဟူ၍ ဆိုထားသည်။(ရော၊ ၅း၁၉)

 

အာဒံ၏မိသားစုသည် ဘုရားသခင်ကို ပျော်ရွှင်ဝမ်းမြောက်မှု မပေးခဲ့ပေ။

 

                အာဒံ၏မိသားစုဝင်များ တိုးပွားလာသည်နှင့်အမျှ လူများသည် ပို၍ကောက်ကျစ်စဉ်းလဲလာပြီး ကြောက်ဖွယ်ကောင်းသောအရာများ အားလုံးကို သူတို့ ပြုလုပ်ခဲ့ကြသည်။ သမ္မာကျမ်းစာက ''မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ အကြံ အစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်း သက်သက်ရှိကြောင်းကို ဘုရားသခင် သိမြင် တော်မူလျင်..'' ဟူ ဆိုထားသည်။(က၊ ၆း၅)

 

                ဤလောကထဲသို့ မွေးဖွားလာသော လူအယောက်ဆီတိုင်းသည် အာဒံ၏အပြစ်ရှိသောမိသားစုအတွင်းသို့ မွေးခြင်းဖြင့် ရောက်ရှိလာသည်။ ဤလောကထဲသို့ မွေးဖွားလာသော လူအယောက်ဆီတိုင်းသည် ဗီဇအပြစ် ရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်သွားစေလိုသော လမ်းအတိုင်း မသွားလိုပဲ မိမိလမ်းအတိုင်း သွားချင် ကြသည်။ သမ္မာကျမ်းစာက ''ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးသီးလိုက်သွား ကြသည်ဖြစ်၍...'' ဟူ၍ ဟေရှာယ ၅၃း ၆ တွင် ရေးသားထားသည်။

 

                ဘုရားသခင်သည် သူ့ကိုချီးမြှောက်၍ သူ၏ဘုန်းတော်ကို ထင်ရှားစေမည့် လူသားမျိုးနွယ်ကို သူလိုချင် ခဲ့သည်။ သို့သော် ဘုရားသခင်၏ ပထမလူ အာဒံသည် အပြစ်သားမျိုးနွယ်ကိုသာ ဖြစ်ပေါ်စေခဲ့သည်။ အပြစ်သားမျိုးနွယ်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေနိုင်ပါ့မလား။ သူကို ဝမ်းမြောက် စေနိုင်ပါ့ မလား။ မဝမ်းမြောက် စေနိုင်ပါ။ 

 

ခရစ်တော်သည် ဘုရားသခင်၏ ဒုတိယလူ ဖြစ်သည်။

 

                လူသားမျိုးနွယ်၏ အခြေအနေမှာ မျှော်လင့်ချက် ကင်းမဲ့လျက်ရှိသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အသက်နှင့် အဆက်ပြတ် ခဲ့ရသည်။ စာတန်၏ မှောက်မိုက်နိုင်ငံထဲ ရောက်သွားခဲ့သည်။ ကျွန်ုပ်တို့ ပင်ကိုယ်ဗီဇအား ဖြင့် ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်ကြသည်။

 

                သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်၍ ကျွန်ုပ်တို့သည် အသက်တာသစ်ကို ရရှိရန် သူ၏သားတော်ကို ကျွန်ုပ်တို့ကို ကယ်တင်ရန် ဤကမ္ဘာသို့ စေလွှတ်ခဲ့သည်။ ထိုသူကို ''ဒုတိယလူ'' ဟူ၍ ခေါ်သည်။ သမ္မာကျမ်းစာက ''ရှေးဦးစွာသောလူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယ လူမူကား ကောင်းကင်ဘုံကဖြစ်တော်မူသော သခင်ပေတည်း'' ဟူ၍ ၁ကော ၁၅း ၄၇ တွင် ရေးသားထား သည်။။

 

ဘုရားသခင်၏ ဒုတိယလူကား မည်သူနည်း။ သူသည် “ကောင်းကင်ဘုံမှ သခင်” ဖြစ်သည်။ သူသည် ဘုရားသခင်၏ သားတော်ဖြစ်သူ သခင်ယေရှုခရစ် ပင်ဖြစ်သည်။ 

 

ဘုရားသခင်၏ဒုတိယလူသည် ဘုရားသခင်ကို အမြဲတမ်း ကျေနပ် ဝမ်းမြောက်စေခဲ့သည်။

 

                ဘုရားသခင်၏ ပထမလူ အာဒံသည် ဘုရားသခင်ကို မနာခံခြင်းအားဖြင့် အပြစ်နှင့်သေခြင်းကို ဤလောကသို့ ယူဆောင်လာခဲ့သည်။ သို့သော် ဘုရားသခင်၏ ဒုတိယလူဖြစ်သူ ယေရှုခရစ်သည် သူ့ခမည်းတော်၏စကားကို အမြဲတမ်း နာခံခဲ့သည်။ သူသည် တစ်ကြိမ်တစ်ခါမျှပင် အပြစ်မလုပ်ခဲ့ပေ။ သူ့ခမည်းတော်ကို ကျေနပ်နှစ်သက်စေသောအရာများကိုသာ သူအမြဲတမ်း လုပ်ခဲ့သည်။ သခင်ယေရှုက ''ငါကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူ ရှိတော်မူ၏။...။ အကြောင်းမူကား နှစ်သက်စေတော်မူသော အမှုကို အစဉ်မပြတ် ငါပြုသည်'' ဟု ယော ၈း ၂၉ တွင် မိန့်တော်မူခဲ့သည်။

 

                ဖြစ်ရပ်နှစ်ခု၌ ခမည်းတော်ဘုရားသခင်သည် ကောင်းကင်ဘုံမှ ယေရှုခရစ်ကို ရည်ညွှန်း၍ ''ဤသူကား .... ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သား ပေတည်း''ဟု သမ္မာကျမ်းစာ၌် နှစ်ကြိမ် မြွက်ဆိုခဲ့သည်။ (မသဲ၊ ၁၇း ၅) 

 

ဘုရားသခင်၏ ဒုတိယလူသည် အရာအားလုံး၏သခင် ဖြစ်သည်။

 

                ယေရှုခရစ်သည် ကျွန်ုပ်တို့၏အပြစ်ကို ဖယ်ရှားရန်နှင့် အသက်တာသစ်ပေးရန် ဤလောကသို့ ဆင်းကြွလာခဲ့သည်။ ထိုသို့လုပ်ရန်အတွက် သူသည် ကျွန်ုပ်တို့၏ အပြစ်များကို သူ့ပေါ်သို့တင်၍ ကျွန်ုပ်တို့ နေရာကို ယူခဲ့သည်။ ထိုအကြောင်းကြောင့် အပြစ်မရှိသော ဘုရားသခင်၏ သားတော်သည် ဆိုးရွားသော သေခြင်းဖြင့် သေခဲ့ခြင်း ဖြစ်သည်။

 

                ယေရှုသည် ကားတိုင်ပေါ်၌သေ၍ မြှပ်နှံခြင်းခံရပြီး သုံးရက်အကြာတွင် ရှင်ပြန်ထမြေက်ခဲ့သည်။ ရှင်ပြန်ထမြောက်ပြီးနောက် ရက် (၄ဝ)အတွင်းတွင် သူကိုယုံကြည်သူများကို အကြိမ်များစွာ ကိုယ်ထင်ပြခဲ့သည်။ ထို့နောက် ကောင်းကင်ဘုံသို့ ပြန်ကြွခဲ့သည်။

 

                ယခုအခါ  ဘုရားသခင်၌ သူ၏ဒုတိယလူဖြစ်သူ ယေရှုခရစ်တော်သည် သူ၏ရှေ့တော်၌ ရှိနေသည်။ ထိုသူသည် သူ၌ ၀မ်းမြှောက်ခြင်းနှင့် ကျေနပ်ခြင်း အလုံးစုံကို ဖြစ်စေမည့်သူ အဖြစ် ဘုရားသခင် မြင်တော်မူသည်။ ဘုရားသခင်သည် သူ၏သားတော်ကို အလွန်နှစ်သက်ချစ်ခင်သဖြင့် ''အရာအားလုံး၏သခင်'' ဖြစ်စေခဲ့သည်။ ဘာကိုဆိုလိုလဲဆိုရင် ဘုရားသခင်သည် ယေရှုခရစ်အား စင်္ကြာဝဠာ တစ်ခုလုံးကို ပိုင်စိုး သူ ဖြစ်စေခဲ့သည်။ သမ္မာကျမ်းစာက ''ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေးတော်မူပြီ'' ဟူ၍ ယော ၃း ၃၅ တွင်ရေးသားထားသည်။ 

 

ယေရှုခရစ်သည် ဘုရားသခင်၏ မိသားစုသစ်၏ ဦးစီးခေါင်းဆောင် ဖြစ်သည်။

 

                ဘုရားသခင်သည် သူ၏သားတော်ယေရှုကို ''အရာအားလုံး၏သခင်'' ဖြစ်စေရုံမက ''ဘုရားသခင် ၏ သားသမီးများ''ဟု ခေါ်သော မိသားစုသစ်၏ ဦးစီးခေါင်းဆောင်လည်း ဖြစ်စေခဲ့သည်။

 

                ကျွန်ုပ်တို့မွေးဖွားစဉ်က ကျွန်ုပ်တို့သည် အာဒံ၏အပြစ်သားမိသားစုဝင်အဖြစ် မွေးဖွားခဲ့သည်။ ကိုယ်ခန္ဓာအားဖြင့် မွေးဖွားသူများသည် အာဒံ၏ မိသားစုအတွင်း၌ ရှိနေသည်။ ဤမိသားစုသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရမည် ဖြစ်သည်။ သမ္မာကျမ်းစာက ''ပြစ်မှားသောဝိညာဉ်သည် အသက် သေရမည်''ဟူ၍ ယေဇကျေလ ၁၈း ၄ တွင်ဆိုခဲ့သည်။

 

                ကျွန်ုပ်တို့သည် အာဒံ၏အပြစ်သားမိသားစုမှ မည်သို့ထွက်၍ ဘုရားသခင်၏ မိသားစုသစ်အတွင်း သို့ မည်သို့ဝင်ရမည်နည်း။ နည်းလမ်းတစ်ခုသာ ရှိသည်။ ကျွန်ုပ်တို့သည် “ဒုတိယမွေးခြင်း” ကိုခံရမည် ဖြစ်သည်။ သခင်ယေရှု ''ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန် ဆိုသည်''ဟူ၍ ယော ၃း ၃ တွင်ပြောထားသည်။

 

                လူတိုင်းသည် ဒုတိယမွေးခြင်းကို ခံရန်လိုသည်။ အကြောင်းမှာ လူသည် ခန္ဓာကိုယ် မွေးဖွားခြင်းဖြင့် အာဒံ၏အပြစ်သား မိသားစုတွင်း ရောက်ရှိ လာခြင်းနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းအောက် ရောက်ရှိနေခြင်းကြောင့် ဖြစ်သည်။

 

                သင်သည် မည်သူပင်ဖြစ်ပါစေ ကောင်းကင်နိုင်ငံသို့သွားလိုလျှင် သင်သည် ဒုတိယမွေးခြင်းကို အမှန် ခံရမည် ဖြစ်သည်။ သခင်ယေရှုက ''ဒုတိယမွေးခြင်းကို သင် အမှန် ခံရမည်”ဟု ပြောထားသည်။

 

                ကျွန်ုပ်တို့ ဒုတိယအကြိမ် မွေးဖွားခြင်းကို မည်သို့ခံရမည်နည်း။ ဘုရားသခင်၏သားတော်ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံခြင်း အားဖြင့် ခံရမည် ဖြစ်သည်။ သမ္မာကျမ်းစာက ''ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သား ဖြစ်ရသော အခွင့်ကို ပေးတော်မူ၍'' ဟု ဆိုသည် (ယော ၁း ၁၂)။ 

 

 

ကျွန်ုပ်၌ မိသားစု အသစ် တစ်ခု ရှိသည်။

 

                သခင်ယေရှုကို ကျွန်ုပ်တို့ကယ်တင်ရှင်အဖြစ် လက်ခံလိုက်သည်နှင့်တပြိုင်နက် အရာအားလုံး ပြောင်းလဲသွားသည်။ ကျွန်ုပ် အပြစ်များအားလုံး ခွင့်လွှတ်ခြင်း ခံရသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ မိသားစု၌ မွေးဖွားလာခဲ့ပြီ။ စာတန်၏မှောက်မိုက်နိုင်ငံ၌ ကျွန်ုပ် မရှိတော့ပါ။ ဘုရားသခင်၏ချစ်စွာသော သားတော်၏နိုင်ငံ၌ ကျွန်ုပ်ရှိနေသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အတွင်း၌ ရှင်ရန် ဝင်ရောက်ပြီး ဖြစ်သည်။ 

 

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်ုပ် သိသည်။

 

                ဘုရားသခင်၏သားတော် ယေရှုခရစ်၏ကားတိုင်ပေါ်၌ အသေခံခြင်းသည် ကျွန်ုပ်တို့အပေါ် ထားရှိသော ဘုရား၏ချစ်ခြင်းမေတ္တာ၏ ကြီးမြတ်ခြင်းနှင့် ထာဝရ သက်သေ ဖြစ်သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့ကိုယ်စား သားတော်ကိုအသေခံစေခြင်းဖြင့် သူ၏မဟာချစ်ခြင်းမေတ္တာတော်ကို ပြသခဲ့သည်။ သမ္မာကျမ်းစာက ''ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူ သည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏''ဟု (ရော ၅း၈) တွင် ရေးသားထားသည်။

 

သူ၏ချစ်ခြင်းမေတ္တာတော်ကို သံသယရှိသူများအား ဘုရားသခင်က ကားတိုင်ထက် ခရစ်တော်ကို ညွှန်ပြ၍ ''ငါ သင့်ကို ထာဝရ ချစ်ချင်းမေတ္တာနှင့် ချစ်သည်။ ငါ့၌ ရှိသော အဖိုးတန်ဆုံး ပိုင်ဆိုင်မှုကို သင့်အားပေးခြင်းဖြင့် ငါ၏ချစ်ချင်းမေတ္တာကို သက်သေပြသခဲ့ပြီ်။ သင်၏ကိုယ်စား အသေခံရန် ငါ့၏ချစ်စွာသော သားတော်ကို စေလွှတ်ခဲ့၏။ သင်သည် ကားတိုင်ကို ကြည့်ရှုစဉ် သင့်အပြစ်များအတွက် ဝေဒနာခံစားပြီး အသေခံခဲ့တဲ့ ငါ၏သားတော်ကို မြင်ရလျှင် ငါ၏မေတ္တာကို အဘယ်ကြောင့် သံသယ ရှိအုံး မည်နည်း''ဟု ဘုရားသခင်က ဆိုလျှက်ရှိသည်။ 

 

ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဝမ်းမြောက်စွာဖြင့် လက်ခံသည်။

 

                သခင်ယေရှုသည် ပုံဥပမာများကို အသုံးပြုခြင်းသည် ဝိညာဉ်ရေးရာ သမ္မာတရားကို သင်ကြားရန်  ဖြစ်သည်။ ပုံဥပမာသည် “ ကောင်းကင်ဘုံ အဓိပ္ပါယ်ဆောင်သော မြေကြီးဆိုင်ရာ ပုံပြင် ဖြစ်သည်။” လုကာ အခန်းကြီး ၁၅ တွင် သခင်ယေရှုသည် ''အသုံးမဖြုန်းကြီးသောသား''၏ ပုံဥပမာကိုပေးထား သည်။ အသုံးအဖြုန်းကြီးသောသားသည် ကျွန်ုပ်တို့ကို ကိုယ်စားပြု၍ ဖခင်ဖြစ်သူသည် ဘုရားသခင်ကို ကိုယ်စား ပြုသည်။

 

                ဤပုံဥပမာ၌ လူတစ်ယောက်တွင် သားနှစ်ယောက်ရှိသည်။ သားငယ်သည် အိမ်မှထွက်လို၍ သူစိတ်ကြိုက် လုပ်ကိုင်လိုသည်။ သူရထိုက်သော အမွေဥစ္စာကို ပေးရန် သူအဖေအား တောင်းသည်။ ဖခင်ဖြစ်သူမှာ သူ့ကိုမသွားရန် တောင်းပန်ပြောဆိုမည်ကို ကျွန်ုပ်တို့တွေးသိ နိုင်သည်။ သို့သော် သားငယ်သည် ကိုယ့်လမ်း ကိုသွားရန် ဆန္ဒပြင်းပြနေသည်။

 

                ဖခင်သည် သူ့သားကို သူရပိုင်သော အမွေဥစ္စာ ပေးလိုက်သည်။ သားငယ်သည် ဖခင်ပေးတာကိုယူ၍ ဝေးစွာသော ပြည်သို့ သွားခဲ့သည်။ ထို့နောက် သူသည် ဒုစရိုက်အပြစ်ထဲ၌ အသက်ရှင်ခြင်းဖြင့် သူ၏ဥစ္စာရှိသမျှကို ဖြုန်းတီး လိုက်သည်။

 

                သားငယ်၌  ဥစ္စာရှိသမျှ ပြုန်းတီးပြီးနောက် ကြီးစွာသော ငတ်မွတ်ဘေးသည် ထိုနိုင်ငံ၌ ကျရောက်လာသည်။ သားငယ်မှာ ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင် နေရသည်။ သူသည် ညစ်ပတ်ပေတေ၍ စုတ်စုတ်ပြတ်ပြတ် ဝတ်စားရသည်။ သူသည်အလွန်ဆာလောင်သဖြင့် ဝက်တို့ကိုကျွေးသော ပဲတောင့်ကိုပင် စားချင်စိတ် ရှိနေ သည်။

 

တစ်နေ့၌ သားငယ်သည် ဖဖင်၏အိမ်အကြောင်းနှင့် အိမ်ရှိကောင်းသောအရာများအကြောင်း စဉ်းစား မိလာသည်။ သူက ''ငါ့အဘ၏အိမ်၌ အငှါး အစေခံများတို့သည်ပင် မုန့်အလုံအလောက်ရှိပြီး၊ ဝစွာစားရကြ၏။ ငါ့မှာတော့ ဤပြည်မှာ သေအောင် အငတ်ခံရသည်။ ငါထ၍ အဘထံသို့သွားမည်။ အဘ ကျွန်ုပ်သည် ဘုရားသခင်ကို၎င်း ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ၊ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ ခေါ်ခြင်းကို မခံထိုက်ပါ သူငှားအရာ၌ ကျွန်ုပ်ကို ထားတော်မူပါ''ဟု ပြောခဲ့သည်။

 

                သူသည် ထ၍ ဖခင်ဆီသို့ ပြန်ခဲ့သည်။ ဤအရာကို သမ္မာကျမ်းစာက ''နောင်တရခြင်း'' ဟူ၍ ခေါ်သည်။ နောင်တရခြင်းဆိုသည်မှာ ''နောက်လှည့်ပြန်ခြင်း'' ဖြစ်သည်။ သင်လမ်းမှားကို သွားနေသည်ကို သင်သိမြင်လာသောအခါ၊ သင်နောက်လှည့်၍ ဘုရားသခင်ထံ ပြန်သွားခြင်းကို နောင်တရခြင်းဟူ၍ ခေါ်သည်။

 

                သူ၏အပြန် လမ်းခရီးရှည်တွင် သူ့ အဖေ သူ့ကို မည်ကဲ့သို့လက်ခံမည်နည်း စသဖြင့် သားငယ် သိချင်နေသည်မှာ သံသယ ဖြစ်စရာ မလိုပါ။ သူ့အဖေ သူ့ကို ဒေါသ ထွက်မလား၊ သူ  လုပ်ခဲ့သော အရာများကြောင့် သူ့အဖထံ ပြန်မလာနိုင်ဟု သူ့အဖေ သူ့ကိုပြောမလား။

 

                ဖခင်ဖြစ်သူသည် သူကို မည်သို့လက်ခံခဲ့သနည်း။ ဤနေရာ၌ သခင်ယေရှုက ''သွား၍ဝေးသောအခါ အဘသည် သူ့ကိုမြင်လျှင် သနားသောစိတ် ရှိ သည်နှင့် ပြေးသွား၍ လည်ပင်ကို ပိုက်ဘက်လျက် နမ်းရှုပ်လေ၏'' ဖခင်ဖြစ်သူက သားကို လက်ခံပုံကို ပြောပြထားသည်။

 

                သမ္မာကျမ်းစာ၌် ဘုရားသခင်သည် အလျင်စလို ပြုသည်ဟူ၍ ဤတနေရာတည်းတွင်သာ ဖေါ်ပြသည်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည် လက်ခံ သော နောင်တရသော အပြစ်သားဆီသို့ တွေ့ဆုံရန် ဘုရားသခင် “ပြေး” ၍ သွားသည်။

 

                သင်သည် ကယ်တင်ခြင်းသို့ မရောက်သေးသူ ဖြစ်ကောင်း ဖြစ်မည်။။ သင်သည်အပြစ်သားဆိုတာကို သင်သိ သည်။ စာတန်က ''သင့်လိုလူမျိုး ဘုရားသခင်ဆီက ဘာမှရမယ် မထင်နဲ့''ဟူ၍ သင့်ကိုပြောနေသည်။ သို့သော် စာတန်သည် လိမ်လည်သူတစ်ဦးသာ ဖြစ်သည်။ ဘုရာသခင်က ဘာပြောလဲ။ သူက ''လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောဆင်းရှိသော်လည်း၊ မိုဃ်းပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်ကြလိမ့်မယ်''ဟူ၍ ဟေရှာယ ၁း ၁၈ တွင်ပြောထား သည်။

 

                သင်သည် ဘုရားသခင်ကို လွန်ခဲ့သောအချိန်တချိန်က သင်၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ကောင်း ယုံကြည်ခဲ့ပေမည်။ သို့သော် သင် သည် သူထံမှ လှည့်ထွက်၍ ကိုယ့်လမ်းကိုယ်သွားခဲ့သည်။ သင်သည် ဘုရားသခင်နှင့်ဝေးကွာနေသည့်အချိန်ပင်  အတော်ကြာနေပြီး ဖြစ်သည်။ သို့သော် ယခုတွင်မူ သင်သည် ''ဝေးစွာသောပြည်''၌ နေရသောဘဝကို သင်စိတ်ပျက် နေပြီး ဘုရားသခင်ထံပြန်လာချင်သော်လည်း ဘုရားသခင်က လက်ခံပါ့မလားဟူ၍ သင်တွေးနေ လိမ့်မည်။ ဤပုံဥပမာကို ကြည့်ခြင်းဖြင့် ဘုရားသခင် သင့်ကိုလက်ခံမှာကို သင်သေချာစွာ သိနိုင်သည်။

 

                နောက်ထပ် မနှောင့်နှေးပါနှင့်။ သူ့ဆီသို့ ယခုပင် လာပါ။ ယခု သင်၌ ရှိသည့်အတိုင်း လာပါ။ ဘုရားသခင်သည် သင့် စိတ်တွင် တွေးထင်သည်ထက် သာ၍ ကြင်နာခြင်းနှင့် ကျေးဇူးပြုခြင်းကို သင် သိရှိလာပါလိမ့်မည်။ ဘုရားသခင်သည် ပျော်ရွှင် ဝမ်းမြောက်စွာဖြင့် သင့်ကို ကြိုဆိုမှာ ဧကန်ဖြစ်သည်။

 

ရှာဖွေတွေ့ရှိခဲ့ရသော သမ္မာကျမ်းစာ ရတနာ

ကျွန်ုပ်သည် ဘုရားသခင်ထံ လှည့်လာပြီး ခရစ်တော်ကို ကယ်တင်ရှင် အဖြစ် လက်ခံခြင်းဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကို ၀မ်းမြှောက်စွာ လက်ခံတော်မူ၏။ ဘုရားသခင်၏ အသစ်သော မိသားစုထဲသို့ ကျွန်ုပ် ရောက်ခဲ့ပြီး ဖြစ်သည်။

 

မေးခွန်းများ (အဖြေမှန်ရွေးပါ)။

 

၁။ သမ္မာကျမ်းစာကို နားလည်နိုင်ရန်အတွက် အရေးကြီးဆုံးအချက်မှာ ....

(က) အခြားဘာသာများက ဘုရားသခင်အကြောင်းမည်သို့သင်ကြားထားသည်ကို လေ့လာ၍ သူတို့ထံမှ သင်ယူရန်ဖြစ်သည်။

(ခ) ဘုရားက လူသားမျိုးနွယ်ကို ဆက်ဆံရာ၌ အာဒံနှင့်ခရစ်တော် ဖြစ်သော အခြေခံကျသော လူနှစ်ယောက်အပေါ် ဘုရားသခင်၏ အမြင်တိုင်း မြင်ခြင်း ဖြစ်သည်။

 

၂။ ဘုရားသခင်၏ပထမလူ အာဒံသည် .....

(က) သက်ရှိ အဆင့်နိမ့်ပုံသဏ္ဍာန် ဘဝမှ လူဖြစ်ပေါ်လာခြင်း ဖြစ်သည်။

(ခ ) ဘုရားသခင်က ဖန်ဆင်းထားပြီး ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသည်။

 

၃။ ဘုရားသခင်သည် လူကိုဘာကြောင့် ဖန်ဆင်းခဲ့သနည်း။

(က) သူ၏ဘုန်းတော်ထင်ရှားရန်နှင့် သူ၏ပျော်ရွှင်ဝမ်းမြောက်မှုအတွက် လူကိုဖန်ဆင်းခဲ့သည်။

(ခ ) ကောင်းမွန်သောအရာများကို လူတွေလုပ်သည်ကို တွေ့နိုင်ရန် ဖန်ဆင်းခဲ့သည်။

 

၎။ အာဒံသည် ဘုရားသခင်ကို မနာခံသည်နှင့် တပြိုင်နက် ......

(က) သူသည် ဝိညာဉ်ပိုင်းဆိုင်ရာ သေသွားသည်။

(ခ ) သူသည် ရုပ်ခန္ဓာသေသွားသည်။

 

၅။ အာဒံသည်

(က) လူကောင်းမျိုးနွယ်ကို ပေါ်ပေါက်စေခဲ့သည်။

(ခ ) အပြစ်သားမျိုးနွယ်ကို ပေါ်ပေါက်မွေးဖွားစေခဲ့သည်။

 

၆။ ဘုရားသခင်၏ဒုတိယလူ ယေရှုခရစ်သည် သူ၏ခမည်းတော်ကို နာခံခဲ့သည်။

(က) အမြဲတမ်း။

(ခ ) အချိန်အတော်များများ။

 

၇။ ဘုရားသခင်သည် သူ၏သားတော်ကို .....

(က) ကောင်းကင်နိုင်ငံ၏ သခင်သာဖြစ်စေသည်။

(ခ ) အရာအားလုံး၏သခင်၊ စကြဝဠာတစ်ခုလုံး၏သခင်ဖြစ်စေခဲ့သည်။

 

၈။ အာဒံ၏အပြစ်သားမိသားစုဝင်အဖြစ်မှ ဘုရားသခင်၏မိသားစုသစ်ထဲသို့ မည်သို့ဝင်နိုင်မည်နည်း။

(က) ကျွန်ုပ်တို့ ဒုတိယအကြိမ် မွေးခြင်းကို ခံရမည်။

(ခ ) ကျွန်ုပ်တို့  ပညတ်တော် (၁ဝ)ပါးကို စောင့်ရှောက်ရမည်။

 

၉။ ကျွန်ုပ်တို့သည် ဒုတိယအကြိမ် မွေးဖွားသည်။

(က) ဘုရားသခင်၏ သားတော်ကို ယုံကြည်၍ ကယ်တင်ရှင်အဖြစ် လက်ခံခြင်းအားဖြင့်။

(ခ ) ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို ပြောင်းလဲ၍ ဘုရားကျောင်းမှန်မှန်တက်ခြင်းအားဖြင့်။

 

၁ဝ။ လမ်းမှားသွားနေသည်ကို သိပြီး၊ ဘုရားသခင်ထံ ပြန်လာမည်ဆိုပါက ဘုရားသခင်သည် ကျွန်ုပ်တို့ကို မည်သို့လက်ခံမည်နည်း။

(က) ကျွန်ုပ်တို့အသက်ရှင် နေထိုင်ခဲ့သော ဘ၀လမ်းခရီးကြောင့် သူ စိတ်ပျက်နေဦးမည် ဖြစ်သည်။

(ခ) သူသည် ကျွန်ုပ်တို့ကို တွေ့ဆုံရန် “ပြေး”၍ လာမည်ဖြစ်ပြီး ပျော်ရွှင်ဝမ်းမြောက်စွာနှင့် ကျွန်ုပ်တို့ကို လက်ခံကြိုဆိုမည်ဖြစ်သည်။

 

ဤ သင်ခန်းစာကို သင်လေ့လာခဲ့ရပြီ၊ ဘယ်အရာသည် အရေးအကြီးဆုံး ဖြစ်ပါသနည်း။

အင်ဒရူး

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy