မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Thursday, Sep 09th

Last update07:05:36 PM GMT

You are here:: ၀ိညာဉ်ရေးရာ ညစဉ်ခွန်အား - ဆရာဆိုးနှင့် မုရန်နံသာ

ညစဉ်ခွန်အား - ဆရာဆိုးနှင့် မုရန်နံသာ

E-mail Print PDF

ညစဉ်ခွန်အား    ဆရာဆိုး

သင်တို့သည် ကိုယ့်၌ သူ့တပါးပြုစေလိုသမျှအတိုင်း သူ့တပါးတို့၌ ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂါတ္တိကျမ်းတို့၏ အချုပ်အချာပင် ဖြစ်သတည်း။ (ရှင်မဿဲ ခရစ်ဝင်ကျမ်း ၇း၁၂)

"သူ့တစ်ပါး၌"
   ဆရာဝန်တစ်ဦးကို တွေ့ဖူးပါသည်။ အလွန်အောင်မြင်၍ ဆေးလိုက်သည်ဟု ပြောရမည်ဖြစ်ပါသည်။ သူကုသသောလူနာများ ပျေက်ကင်းသည်က များရာ ကြာလျှင် မာန်မာန ထောင်လွှားလျှက် လုပ်ဖေါ်ကိုင်ဖက်များနှင့် လူနာများအပေါ်မှာ သဟောက်သဟနး လုပ်တတ်လာသည်။ အလွန်မောက်မာသော်လည်း ပညာကြီးမား ကြွယ်ဝ ချမ်းသာ အောာင်မြင်သောသူ ဖြစ်ရကား မည်မျှ မဟန့်တားနိုင်ပါ။ တစ်စုံတစ်ယောက်က သူပြောသောစကားကို ငြင်းဆန် ဆွေးနွေးမည်ဆိုလျှင် " ဒီမှာ ကိုယ့်လူ၊ ကျုပ်ဘယ်သူလဲဆိုတာ မောင်ရင်သိရဲ့လား" ဟု ခပ်မာမာမေးတတ်ရာ မည်သူမျှ ပြန်မပြောနိုင်တော့ပါ။  သူကတော့ ဆရာဝန်ကြီးတစ်ဦး ဖြစ်သည်ထက် ပိုပိုသာသာ သြဇာအာဏာကို အသုံးပြုလေသည်။


   တစ်နေ့တွင်မူ ချောင်းဆိုးရောဂါတစ်ခုကို ရလာသည်မှ အစပြု၍ အတော်ပင် စိတ်ညစ်လာရသည်။ ရောဂါ၏ အမည်မှာ လေပြွန်ကင်ဆာဟု သိရသောအခါ ပြာယာခတ်သွားလေ၏။ သူ့ကိုယ်သူ ပြန်လည်ခွဲစိတ်ရန် ဘယ်လိုမှ မဖြစ်နိုင်တော့၍ ခွဲစိတ်ဆရာဝန်များထံသို့ ကိုယ်ကို အပ်နှံရလေသည်။ ကောင်းကောင်းခွဲပေးပါခင်ဗျာ .. ကျွန်တော့အသက်ဟာ ခင်ဗျားတို့လက်ထဲမှာ ရှိပါတယ် ...စေတနာ၊ မေတ္တာ၊ ဂရုနာနဲ့ ခွဲပေးပါ ..  ဟု တောင်းပန်ရလေသည်။ တော်ပါသေးသည်။ သူ့ကို တာဝန်ယူ၍ ကုသပေးမည့် ဆရာဝန်များက ယုံကြည်သူ စစ်စစ်ဖြစ်ကာ ၀ိုင်းဝန်းလျှက် အကောင်းဆုံး ဆောင်ရွက်ပေးပါသည်။ သူနာပြုနှင့် ၀န်ထမ်းများက ဂရုစိုက်ပေးပါသည်။ ထိုအချိန်မှာ .. " ဒီမှာ ကိုယ့်လူ၊ ကျုပ်ဘယ်သူလဲဆိုတာ မောင်ရင်သိရဲ့လား" ဟု တစုံတယောက်ကမှ မပြောကြပါ။ ထိုစကားမျိုးကို သတိရ၍ သူကိုယ်တိုင် အပြောခံရမှာ ကြောက်နေသော်လည်း အပြောမခံခဲ့ရပါ။  ထိုကာလ၌ ဆရာဝန်ကြီးသည် လူနာတစ်ယောက် ဖြစ်သွားခဲ့ပါသည်။ ဆရာဝန် ၀တ်ရုံနှင့် နားကြပ်မရှိတော့သော လူနာစစ်စစ် ဖြစ်သွားသောအခါမှ လူနာတစ်ယောက်၏ ခံစားချက် ၊ မျှော်လင့်ချက်နှင့် အားကိုးအားထားပြုခြင်း ကို သူနားလည်ခဲ့ရပါသည်။ ခွဲစိတ်ခြင်း အောင်မြင်သောကြောင့် ပြန်၍ ကျန်းမာလာသောအခါ ဆရာဝန်အလုပ်ကို ပြန်လည် လုပ်နိုင်လာသည့်အခါ သူ့တပည့်များကို ဤသို့ ပြောပါသည်။

   ဆရာဝန်ကောင်းတစ်ယောက် ဖြစ်ဖို့ မင်းတို့အားလုံး ဆရာဝန် ၀တ်စုံကို ချွတ်ပြီး (၇၂) နာရီကြာ လူနာလုပ်ကြည့်ဖို့ လိုပါတယ်  .. ဟူ၍ ဖြစ်ပါသည်။

    သင်တို့သည် ကိုယ်၌ သူ့တစ်ပါး ပြုစေလိုသည့်အတိုင်း သူ့တစ်ပါးသို့ ပြုရန် သခင်ယေရှု မိန့်တော်မူခဲ့ပါသည်။ ဤ ပညတ်ကို အမှန်တကယ် လိုက်နာခဲ့ပါသလား ... ဟု ဆင်ခြင်ကြပါစို့။  ကိုယ်ချင်းတရားနှင့် သနားခြင်း ဂရုနာကို နှလုံးသား၌ နေရာပေးနိုင်ပါမှ ကိုယ်တော်၏ ပညတ်အချုပ်အချာ လိုက်နာသောသူ၊  ကိုယ်တော်၏ နှုတ်ကပတ်တော်ကို လိုက်လျှောက်သောသူ ဖြစ်ပေလိမ့်မည်...။


.......
အယ်ဒီတာ မှတ်ချက်။

    ဆရာဆိုးသည် စင်ကာပူတွင် ၂၀၀၉ ခုနှစ်တွင် ၂ကြိမ် လာရောက်သွားခဲ့ပါသည်။ ပထမအကြိမ်တွင် ယုဒသန်အသင်းတော်၌ အသင်းတော်ဥက္ကဌ မန်းသိန်းစီမှ စည်းရုံးပြီး  .. ခရစ်ယာန် စာပေ ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။ဆရာအောင်သက် (မင်းအောင်သက်လွင်) နှင့် တွဲပြီး ၂ညတိုင် ဟောပြောသွားခဲ့ပါသည်း။ စင်ကာပူတွင် ပထမဆုံးသော စာပေဟောပြောပွဲဖြစ်ပြီး လာရောက်နားထောင်သူ ၂၀၀ ကျော်ရှိပါသည်။   ဒုတိယအကြိမ် ရောက်လာသော နိုဝင်ဘာ ၂၀၀၉ တွင် စင်ကာပူမှ ခရစ်ယာန် မီဒီယာ ယုံကြည်သူများနှင့် တွေ့ဆုံရာမှ မုရန်နံ့သာ အမည်ရှိ မဂ္ဂဇင်းစာအုပ်ကို ခရစ်ယာန် စာရေးဆရာကြီး သံလျှင်ဖေသွင် မကွယ်လွန်ခင်က ထုတ်ဝေကြရန် အစီအစဉ်ရှိပါသည်။ ပြည်ပရောက် မြန်မာ ခရစ်ယာန် မီဒီယာ ၀ါသနာရှင်များက အင်တာနက်မဂ္ဂဇင်း လုပ်ဆောင်လျှင် သူလည်း မြန်မာပြည်မှ ဆောင်းပါးများ စုဆောင်း၊ပံ့ပိုး ကူညီသွားလိုပါသည် .. ဟု ဆန္ဒရှိသည်ဟု ပြောဆိုခဲ့ပါသည်။  ထို့ကြောင့် ယခု http://murann.com မုရန်မဂ္ဂဇင်းကို ၂၀၁၀ ဇန္န၀ါရီလတွင် စတင်ဖြစ်ခဲ့ပါသည်။
  ဆရာဆိုးသည် ညစဉ်ခွန်အား စာစောင်ကို ထုတ်ဝေနေပြီး၊ မြန်မာပြည်တွင် စာအရေးနိုင်ဆုံးသော ၀ါရင့် ခရစ်ယာန်စာပေ စာရေးဆရာ၊ အယ်ဒီတာ နှင့် ထုတ်ဝေသူဖြစ်ပါသည်။ ၂၀၀၉ တွင် မင်းအောင်သက်လွင်၊ သင်းအုပ်ဆရာကိုမေတ္တာ တို့နှင့် ပေါင်းပြီး စာအုပ်  (ထစ်ချုန်းသော မိုကြိုးသံ နှင့် ခရစ်စမတ် ၂၀၀၉)  ၂အုပ်ကို ထုတ်ဝေခဲ့ပြီးဖြစ်ပါသည်။

ညစဉ်ခွန်အား အင်တာနက်တွင် ညစဉ်ဖတ်ရန်
http://www.jbcs.org.sg/bornagain/index.php/daily-supper

Comments (1)Add Comment
praise the LORD
written by lnanmoon, February 04, 2010
this is a good website and i very thank to the blogger
i have no time to read the bible at home , so when i came to the office i open this site and read the spiritual words
report abuse
vote down
vote up
Votes: +0

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy