
၂၄-ဇန္န၀ါရီ-၂၀၁၀ (တနင်္ဂနွေ ကိုးကွယ်ဝတ်ပြုခြင်း)
တရားဒေသနာ (အကျဉ်းချုပ်)
ကျေးဇူးတော်ချီးမွမ်းခြင်း နှင့် ဆုတောင်းခြင်းဖြင့် စတင်ပါသည်။ ပရောဖက် ဟေရှာရ၊ ယေရမိ ခံစားချက်များကို ပြောပြရင်း ဓမ္မဟောင်းတွင် ယောရှိမင်းကြီး သာသနာပြုခြင်း၊ ဗိမာန်တော်ပြန်လည်ပြုပြင်ခြင်း၊ မောရှေကျမ်းများကို ပြည်သူလူထုအား ပြန်လည်ပို့ချ၊ ရှင်းပြခြင်းများ ပြုလုပ်ခဲ့ကြောင်း။
မိုးတိမ် နှင့် ဘုန်းတော်ရှိခြင်း ၂မျိုးတို့  အကြောင်းကို အထူး ရှင်းပြသွားပါသည်။
မိုးတိမ်သည် လမ်းပြဖြစ်သည်။ နှုတ်ကပတ်တော်သည် လမ်းပြသည်။ ဘုရားသခင်သည် နံပါတ် (၁) ဖြစ်သည်။ ယုံကြည်သူများမှာ သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံကြရပြီ။ ဧဖက် ၁း၁၃ ။ ဓမ္မဟောင်းတွင် ဧလိယ နှင့် ဧလိရှဲ တို့အကြောင်းတွင် ဧလိရှဲက သူ့ဆရာ ဧလိယကဲ့သို့ မစွမ်းနိုင်သော်လည်း .. မိုးကောင်းကင်သို့တက်သွားမည့် ဧလိယထံကို ၂ဆသော ကောင်းကြီးမင်္ဂလာ တောင်းခံခြင်း၊ ဘုန်းတော်ရှိခြင်းကြောင့် ဘုရားရှင်က ပေးသနားတော်မူခြင်း ၀ိညာဉ်တန်ခိုးအကြောင်းကိုလည်း မသဲ၂၅း၅ သတိုးသမီး ၁၀ ယောက်အကြောင်းနှင့် မအိပ်ပဲ၊ ဆီပါသော မီးခွက်ဖြင့် စောင့်နေသူများကို ၀ိညာဉ်တန်ခိုးရရှိစေခြင်း များကို ရှင်းလင်းပြောကြားသွားပါသည်။
ဘုရားဘုန်းတော်ထင်ရှားစေသော ဟင်နရီဖို့၊ လီးဗိုက်စ်၊ ဘီးလ်ဂိတ် တို့အကြောင်းများကို လည်းအကျဉ်းချုံးက မှတ်တမ်းတင်ထားခြင်းများကို ပြောသွားပါသည်။ ခရစ်တော်အားဖြင့် အရာခပ်သိမ်းတို့ကို ဖြစ်စေသည်။
တရုပ်ပြည့်မကြီးမှ လူငယ်လင်မယား၂ယောက် တိုင်ဝမ်တွင် ပြောင်းရွေ့ ပြီး ဘာလုပ်ရမှန်မသိဖြစ်ခဲ့သည်။ ဘုရားကို အားကိုးပြီး အ၀စား တိုင်ဝမ်ငွေ ၂၇၀ ဖြင့် စားသောက်ဆိုင်တစ်ခုကို ဖွင့်ခဲ့ကြသည်။ မေတ္တာဖြင့် စီးပွားရေးကို လုပ်ခဲ့ကြသောကြောင့် စားသောက်လာသူများ ကြေနပ်အားပေးရင်း .. ယခုအခါ ဆိုင်ခွဲ ၇ ခုဖြစ်လာသော ဖြစ်ရပ်မှန်တခုကိုပြောပါသည်။ ထိုနည်းတူ စင်ကာပူ၊ ပြည်ပရောက် မြန်မာများလည်း ဘုရားမတတ်နိုင်တာမရှိကြောင်း .. အောင်မြင်သော ဘ၀အသက်တာကို ရရှိရန် ဘုရားကို ရှေ့ထားပြီး လုပ်ဆောင်ရန်၊ အားပေး ဟောကြားသွားပါသည်။
ထို့နောက် လူငယ်များ သီဆိုချီးမွမ်းခြင်းမျာအပြီးတွင် ၀တ်ပြုကိုးကွယ်ခြင်းကို ဆရာဝင်စတင် (အင်္ဂလိကန် - St Andrew) မှ ကောင်းကြီးပေး၍ အဆုံးသတ်ခဲ့ပါသည်။
......................................
ဆရာဦးကျော်ဝင်း၏ နိုင်ငံတကာတွင် ဟောကြားသော တရားဒေသနာမျာကို CD, DVD များထုတ်ဝေထားပြီး .. လာရောက်သောသူ အယောက်စီတိုင်းအား အခမဲ့ လက်ဆောင်ပေးအပ်ခဲ့ပါသည်။
မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်တွင် ပြုလုပ်သော ဧ၀ံဂေလိနှင့် သာသနာပြုဌာနမှ မြို့ကြီးပြည်သူ့သာသနာ - ခရစ်ယာန်စီးပွားရေးလုပ်ငန်းရှင်များမိတ်သဟာယ ပြောကြားချက်များ DVD လည်းထုတ်ဝေထားပါသည်။
အောင်မြင်သောခရစ်ယာန်အသက်တာ ဗွီစီဒီ၊ ဒီဗွီဒီများ ရယူလိုသူများ ဆက်သွယ်ရန်
မြန်မာနိုင်ငံ။ ဒေါ်နန်းသီတာအောင်၊ အမှတ် ၉၄ ဒုတိယအထပ်၊ ၅၁လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
ဖုန်း ၀၉-၈၀၃၁၅၄၃၊ ၀၁-၂၉၆၄၈၈
ထိုင်းနိုင်ငံ။ ဆရာစိုင်းအေး #196 Ekamai Soi 16, Sukhumvit 63, Bangkok Thailand
Rev. SaiAye (+66870805255) This e-mail address is being protected from spambots. You need JavaScript enabled to view it
မလေးရှာနိုင်ငံ။ KL Myanmar Christian Fellowship
စင်ကာပူနိုင်ငံ။ ဦးသိန်းကျော် ၈၅၀၁၅၀၀၃၊ ဆရာစံဝင်းချို ၉၂၃၁၈၀၄၃၊ ဆရာအောင်နိုင် ၈၃၈၃၂၇၉၅
ကိုဂျိုးဇက်ဇေယျာမင်း ၉၇၃၆၁၀၂၄၊ ဦးဇော်အောင် ၉၃၃၆၀၆၆၂

ဆရာဦးကျော်ဝင်း DVD - သမ္မာကျမ်းနှင့်စီးပွားရေးပညာ (၂၀၀၉ - ဒီဇင်ဘာ၊ ရန်ကုန်)
ဆရာဦးကျော်ဝင်းနှင့် လစ်တဲမြန်မာ လူငယ်များ 24-Jan-2010

Rev. ဆရာဦးကျော်ဝင်း - တရားဒေသနာ Little Myanmar






