ခရစ်ယာန်ဘာသာ နှင့် မြန်မာနိုင်ငံ (အကျဉ်းချုပ်)



ခရစ်ယာန် ဘာသာ

Data from Myanmar Online Encyclopedia & Murann

မူလအစမှာ ဂျုးဘာသာမှစတင်ခဲ့သည်။ ဂျူးလူမျိုးတို့သည် မောရှေ၏ ပညတ်တရား(၁၀) ပါးကို အခြေခံပြီး က္ကုသရေလ ဟုခေါ်သော အစ္စရေးလူမျိုး များကိုးကွယ်သည့် ဘုရားဖြစ်သည်။ ခရစ်တော် သခင်ယေရှု ဖွားမြင်ပြီးပြီး၊ ဘုရားသခင်သည် လူ့အသွင်ဖြင့် ကမ္ဘာလောကသို့ ကြွလာခြင်းဖြစ်သည်ဟု ကြေငြာခဲ့ရာတွင် ဂျူးလူမျိုးများက လက်မခံနိုင်ပဲ သခင်ယေရှုကို ကားတိုင်ပေါ်တင်သတ်ရန်
ရောမအာဏာပိုင် များကို တောင်းဆိုကာ အသေသတ်ခဲ့သည်။ သခင်ယေရှုသေလွန်ပြီး ၃ ရက်မြောက်တွင် ကျမ်းစာလာသည်အတိုင်း အလောင်းတော်ပျောက်ဆုံးသွားပြီး ရှင်ပြန်ထမြောက်ကာ ထွက်ပြေးပုန်းရှောင်သွားသော တမန်တော်များကို ရက်(၄၀)လုံး ကိုယ်ထင်ပြသခဲ့ပြီး လူပေါင်းများစွာရှေတွင် ကောင်းကင်ဘုံသို့ ဈန်ပျံကြွသွားခဲ့သည်။ ထို့နောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ် (Holy Spirit) ကျန်ရစ်ခဲ့ပြီး ခရစ်ယာန်များသည် ၃ ပါးတစ်ဆူအဖြစ်၊ ဘုရာသခင် (ခမည်းတော်)။ သခင်ယေရှု (သားတော်) နှင့် သန့်ရှင်းသောဝိညာဉ်တော် (၃)ပါးကို တစ်ဆူတည်းအဖြစ် သတ်မှတ်ကိုးကွယ်ကြသည်။

ခရစ်ယာန်ဘာသာတွင် ဘုရားသခင်၏ ၀ိညာဉ်တော်မှုတ်သွင်းပြီး လူသားများအားရေးသားစေသည့် သမ္မာကျမ်းကို ဘုရားသခင်၏ ပြောစကားအဖြစ်မှတ်ယူထားကြသည်။ သခင်ယေရှု မမွေးဖွားမီက ရေးသားခဲ့သော ကျမ်းများကို ဓမ္မဟောင်းကျမ်း ဟုခေါ်ပြီး၊ သခင်ယေရှုမွေးဖွားခြင်း(Christmas) နောက်ပိုင်းရေးသားသော ကျမ်းများကို ဓမ္မသစ်ကျမ်း ဟုခေါ်သည်။ အပါတ်စဉ် တနင်္ဂနွေနေ့ကို ဥပုဒ်နေ့အဖြစ်သတ်မှတ်ကာ စုပေါင်းကိုးကွယ်ဝတ်ပြုကြသည်။ ဂိုဏ်အမျိုးမျိုးရှိသည့်အနက် ရိုမန်ကက်သလစ် နှင့် ပရိုတက်စတင့် ၂မျိုးသည် အဓိကကွဲပြားသော ဂိုဏ်းနှစ်ခုဖြစ်သည်။

ဂိုဏ်များသည် Doctrine ဟုခေါ်သော ကျင့်ဝတ်၊ကျင့်ထုံးနှင့် အယူအဆများ အနည်းနှင့်အများ ကွဲပြားကြသည်။

.


ရိုမန်ကတ်သလစ် တွင် ဘုန်တော်ကြီး ပုပ်ရဟန်းမင်းကို ဦးသျှောင်အဖြစ်ထားပြီး ဗဟိုဦးစီးစနစ်ဆန်သော စနစ်ဖြစ်သည်။ ရိုမန်ကတ်သလစ်ဘုန်းတော်ကြီးများတွင် ဘရားသာ၊ ဖာသာ၊ မာသာ (Father, Mother) စသဖြင့် ဘုန်းတော်ကြီးများကို ခေါ်ဆိုပြီး မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးများကဲ့သို့ ငယ်စဉ်ကတည်းက လုံးဝအိမ်ထောင်မရှိသော လူပျို၊အပျိုများဖြစ်သည်။ အိမ်ထောင်ကျသွားပါက ဘုန်းတော်ကြီးဘဝမှ ထွက်ရသည်။ ပရိုတက်စတင့်ဂိုဏ်းဝင်သော မက်သဒစ် (Methodist)၊ ဘက်ဒစ် (Baptist)၊ အင်ဂလိကန် (Englican)၊ လူသာရီယန် (Lutherian) စသည်တို့မှဘုန်းတော်ကြီးများမှာ အိမ်ထောင်ပြုခွင့်ရှိသည်။

ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင်များ တနင်္ဂနွေ ဘုရားဝတ်ပြုခြင်းတွင် ဓမ္မသီချင်း သီဆိုချီးမွမ်းခြင်၊ ဆုတောင်းခြင်း၊ အလှူငွေကောက်ခံခြင်း၊ သံစုံသီချင်း သီဆိုတီးမှုတ်ခြင်း၊ သမ္မာကျမ်းစာ ဖတ်ရွတ်ခြင်း၊ စသည့်အစီအစဉ်များ တရားဒေသနာ (Sermon) ဟောကြားခြင်းဖြင့် အဆုံးသတ်ကြသည်။ ခရစ်တော် လက်ဝါးကပ်တိုင် ပေါ်တွင် အသေခံခြင်းသည် ယုံကြည်သူ
ခရစ်ယာန်များကို အပြစ်မှလွှတ်ခြင်းအထိမ်းအမှတ်အဖြစ် ပွဲတော်ပေးခြင်း (မုန့်နှင့်စပျစ်ရည် သုံးဆောင်ခြင်း)ကို အများအားဖြင့် တစ်လတစ်ကြိမ်ခန့် ပြုလုပ်ဝတ်ပြုလေ့ရှိသည်။ ရိုမင်ကတ်သလစ် ဘာသာဝင်များတွင် မြန်မာ ဗုဒ္ဓဘာသာများကဲ့သို့ အလွတ်ရွတ်ဖတ်ခြင်းများစွာရှိပြီး၊ ဘုန်းတော်ကြီးများလည်း တရားထိုင်ခြင်း (Meditation) များလုပ်ဆောင်ကြသည်။

ခရစ်ယာန်ဘာသာရေးပွဲလမ်းသဘင်များတွင် သခင်ယေရှုမွေးဖွားခြင်း အထိမ်းအမှတ် ခရစ်စမတ် ပွဲတော်၊ (Christmas) သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်း အီစတာပွဲတော် (Good Friday and Easter Sunday)၊ သန့်ရှင်းသော ဝိညာဉ်ဆင်းသက်ခြင်း ပင်တေကုတ္တေပွဲ (Pentecost) စသည်တို့ ဖြစ်ကြသည်။

 



ခရစ်ယာန်
ဘာသာဝင်များ
“သခင်ယေရှုကို ခရစ်တော်အဖြစ်ယုံကြည်သက်ဝင်သူ (သို့) သခင်ယေရှု၏သွန်သင်သောတရားကို လိုက်လျှောက်သောသူ ” တို့ကို ခရစ်ယာန်ဖြစ်သည်ဟု Webster’s Dictionary က အဓိပ္ပါယ်ဖွင့်ဆို ထားပါသည်။ ခရစ်ယာန်ဟူသည် မည်သို့သောအရာ ဖြစ်သည် ဟူသောအချက်မှ အစပြုရန် အလွန်သင့်တော်သည်။ သို့မဟုတ် တခြားလောကီပိုင်းဆိုင်ရာ အနက်ဖွင့်သည်နည်းတူ ခရစ်ယာန် ဟူသော စကားလုံးကို သမ္မာတရားဖော်ပြချက်နှင့်မကိုက်ညီပဲ မှားယွင်းစွာ ဖော်ပြနိုင်ပါသည်။

ခရစ်ယာန်ဟူသောစကားလုံးကို ဓမ္မသစ်ကျမ်းထဲတွင်
သုံးကြိမ်တိုင်တိုင်တွေ့ရှိနိုင်သည်။ (တ၊ ၁၁း၂၆၊ ၂၆း၂၈၊ ၁ပေ၊ ၄း၁၆)။
သခင်ယေရှု၏နောက်လိုက်တပည့်တော်တို့၏ အကျင့်စရိုက်၊ အပြုအမူ၊ အပြောအဆိုတို့သည် ခရစ်တော်နှင့်တူသောကြောင့် အန္တိအုတ်မြုံ့တွင် သူတို့ကို “ ခရစ်ယာန်များ “ ဟု ပထမအကြိမ် ခေါ်ခဲ့ပါသည် (တ၊ ၁၁း၂၆)။ မယုံကြည်သူတို့က ယုံကြည်သူတို့ကို နောက်ပြောင်သောသဘောမျိုးဖြင့် ခရစ်ယာန်များဟု ခေါ်ခြင်းဖြစ်သည်။ ၄င်း၏အဓိပ္ပါယ်သည် “ ခရစ်တော်ပိုင်ဆိုင် သောအဖွဲ့ ” သို့ “ ခရစ်တော်၏ နောက်လိုက်သူများ ” ဖြစ်သည်။ ၄င်းသည် Webster’s Dictionary ထဲတွင် ဖော်ပြထားသော အနက်ဖွင့်ဆိုချက်နှင့် ညီညွှတ်သည်။




မြန်မာနိုင်ငံ ကက်သလစ်သာသနာ


မြန်မာနိုင်ငံကို ကက်သလစ်သာသနာစတင်ဝင်ရောက်လာခြင်းသည် သာသနာပြုပုဂ္ဂိုလ်တွေအားဖြင့် မဟုတ်ပါ။ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်(မြန်မာသက္ကရာဇ်-၆၄၆) ခရစ်နှစ် အေဒီ-၁၂၈၅ မှာ တရုတ်ဘုရင် ကူဗလိုင်ခန်က ပုဂံကို ကျူးကျော်စစ်ဆင်နွှဲခဲ့သည်။ ထိုနောက်ပိုင်း ကျန်စစ်သား ဥမင် အတွင်းဘက်နံရံ တစ်နေရာတွင် ခရူစူးအမှတ်အသားများနှင့် တန်ဆာဆင်ထားသော ပဒုမ္မာကြာပွင့် တစ်ပွင့်ပုံကို ယခုတိုင် တွေ့ရှိ ရပါသည်။

သာသနာပြုများ မရောက်လာခင် ဘာသာဝင်အချို့ အရင်ဦးစွာ ရောက်နှင့်ခဲ့ကြသည်။
အဘယ့်ကြောင့် ဆိုသော် ခရစ်သက္ကရာဇ် ၁၄၉၆ တွင် ပဲခူးကို ရောက်ရှိခဲ့သော အီတလီနိုင်ငံ ဂျင်နိုဝါ (Genoa) မြို့မှ Hieronimo ဆိုသော ကုန်သည်တစ်ဦး မှတ်တမ်းအရ ပဲခူးမြို့မှာနေစဉ် ကွယ်လွန်သွားသော သူ့ရဲ့ မိတ်ဆွေကို ဘုရားကျောင်းပျက် တစ်ခုထဲမှာ သင်္ဂြိုလ်ခဲ့ရတယ်လို့ ဆိုသည်။

အေဒီ ၁၄၉၇ ခုနှစ် Vasco di Gama က Good Hope အငူကို ရှာဖွေတွေ့ရှိသည့် နောက်ပိုင်းမှာ ဥရောပတိုက်သား ကုန်သည်ပွဲစားများ အတွက် အာရှတိုက်သို့ ကူးသန်းရောင်းဝယ်ဖို ရန် စီးပွားရေးလမ်းကြောင်း ပွင့်သွားပါသည်။ အာရှတိုက်ကို ရောက်လာသော ကုန်သည်များ၊

ကြေးစားစစ်သားများအတွက် ၀ိညာဉ်ရေး စောင့်ရှောက်မှု အထူး တာဝန် ယူရသော Chaplain ခေါ်ဘုန်းတော်ကြီး တစ်ချို့လည်း ရောက်ရှိလာကြသည်။ သူတို့ အာရှတိုက်ကို လာသည်မှာ ဥရောပတိုက်သားများ ၀ိညာဉ်ရေး စောင့်ရှောက်မှုအတွက်ဖြစ်သည်။

Malacca မှ Jesuit အသင်းဂိုဏ်း ဘုန်းတော်ကြီးများသည် ၁၆ ရာစု ကုန်ခါနီးတွင် ပဲခူးသို့  နှစ်ပါးတစ်တွဲ၊ နှစ်ပါးတစ်တွဲနဲ့ လေးပါး၊ ၁၇ ရာစု အစပိုင်းမှာ အင်းဝကို နှစ်ပါးရောက်ရှိခဲ့ကြတယ်လို့ သိရသည်။


မြန်မာ့သမိုင်းတွင် သင်ရသော ငဇင်္ကာသည့်၊ ပ်ါတူကီနာမည် Philip di Britto လို့ခေါ်သည်။  သူ မြန်မာနိုင်ငံကို ရောက်မလာခင် ကတည်းက ပေါ်တူဂီ စစ်သားတွေဟာ ရခိုင်ဘုရင်မင်း ဖလောင်း၊ မုတ္တမစားစောဗညား၊ တောင်ငူ ဘုရင် တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ထံမှာ အမှုထမ်းခဲ့ကြသည်ဟု  ဆရာကြီး ဦးဘသန်းရဲ့
ကျောင်းသုံးမြန်မာ ရာဇ၀င်နဲ့ အခြေပြ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲတိုတွင် ရေးထားသည်။ ငဇင်္ကာ ခေါ် ဒီဘရစ်တိုမှာ  နောက်ပိုင်း လူသူလက်နက် အင်အား တောင့်တင်းလာတဲ့အခါမှာ တောင်ငူဘုရင် ကိုရော ရခိုင်ဘုရင်ကိုပါ ထောင်ထားခြား နားရုံမက မုတ္တစားနဲ့ပူးပေါင်းပြီး တောင်ငူကို လုပ်ကြံခဲ့သည်။

တောင်ငူဘုရင် နတ်သျှင်နောင်ကို ဖမ်းဆီး၊ သံလျင်ကိုခေါ်သွားပြီး နောက်ပိုင်း နတ်လျှင်နောင်သည် ပထမဆုံး ထင်ရှားသူ မြန်မာ ကက်သလစ်ခရစ်ယာန်
ဖြစ်လာပါသည်။  မြန်မာ သက္ကရာဇ် ၉၇၅၊ (အေဒီ-၁၆၁၅) တွင် အင်းဝဘုရင် မဟာဓမ္မရာဇာ (ခေါ်) အနောက်ဖက်လွန်မင်းက သံလျင်ကိုစုံဆင်းပြီး ၀န်းရံ တိုကိခိုက် အောင်နိုင်ပြီး၊ နတ်သျှင်နောင်နဲ့ ဒီဘရစ်တိုကို ကွပ်မျက်ခဲ့သည်။  ပေါ်တူဂီ စစ်သုံ့ပန်း (၄၀၀၀) ကျော်ကို ဖမ်းဆီးပြီး  ချင်းတွင်းမြစ်နဲ့ မူးမြစ်ကြား တ၀ိုက်က ရွာများတွင် မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပြီး အခြေချ နေထိုင်ခဲ့စေကြောင်း၊ ၁၉၂၉ ခုနှစ် ထုတ် EG. Harvey ရဲ့ Outline of Burmes History ဆရာကြီး ဦးဘသန်းရဲ့ ကျောင်းသုံး မြန်မာရာဇ၀င်နဲ့ ၁၉၄၁ ခုနှစ်၊ အောက်တိုဘာလထုတ် The Voice Catholic magzine တို့မှာ တွေ့ရပါသည်။

နောက်ပိုင်း သာသနာပြန့်ပွားရေးဌာနချုပ်က စေလွှတ်လိုက်သော အနောက်တိုင်း ဘုန်းတော်ကြီးများ သာသနာပြုလုပ်ငန်းများအား အင်းဝဘုရင် တနင်္ဂနွေမင်းကလည်း ကြည်ဖြူစွာ ခွင့်ပြုရုံမက ဘုရားကျောင်း ဆောက်ဖို့ပါ ဘဏ္ဍာတော်ထဲကနေ လှူဒါန်းခဲ့ပါသည်။
အေဒီ-၁၇၃၀ခုတွင်  သာသနာ ပြန့်ပွားရေး ဌာနချုပ်အတွက် ရဟန်းတော်များရှားပါးမှုကြောင့် အခက်အခဲရှိလာပါတယ်။  ဘာနာဘိုက်ဘုန်းတော်ကြီးဂါလီဇီယားကို ဆရာတော် သိက္ခာ တင်ပေးပြီး မြန်မာပြည်သာသနာတော်မှာ လုပ်ဆောင်စရာ ရှိသမျှကို အသင်းဂိုဏ်းကြီးရဲ့ လက်ထဲ အပြည့် အ၀ အပ်နှင်းပေးလိုက်ပါတယ်။ အဲဒီကစပြီး ဘာနာဘိုက် ဘုန်းတော်ကြီးတွေ မြန်မာပြည်ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြပါတယ်။

ထူးထူးခြားခြား မှတ်တမ်းတင်လောက်တာကတော့ မြန်မာအက္ခရာ ခဲစာလုံးကို စမ်းသပ်တီထွင်ပြီး အေဒီ-၁၇၇၆ Pope PiusVI လက်ထက် ရောမားမြို့မှာ ပထမဆုံး အောင်မြင်စွာ ပုံနှိပ် နိုင်ခဲ့တာပါ။ ဆရာတော် Percoto ဆိုရင် ပိဋိကတ် (၃)ပုံထဲက တချို့ကို Italian လို ဘာသာပြန်ဆို နိုင်ခဲ့ပါတယ်။


စာပေတင်မက သာသနာအတွက်  အေဒီ-၁၇၇၀
ခုနှစ် မုံလှရွာတွင် ပထမဆုံး ရဟန်း ဖြစ်သင်ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ၁၇၉၃ တွင် မြန်မာ တိုင်းရင်းသားမှ ပထမဦးဆုံး ရဟန်းတော် (၃)ပါးကို မွေးထုတ် ပေးနိုင်ခဲ့သည်။ သူတို့မှာ ချမ်းသာရွာ ဇာတိ Fr. Joseph မောင်မောင်ကြီး၊ ချောင်းရိုးသား Fr. Andrew မောင်ကိုး နဲ့ ရန်ကုန်က Fr. Ignatius di Britto တို့ဖြစ်သည်။ အသေးစိတ်အကြောင်းများကို  Fr. A ကိုလေး (မုံလှ) ရေးသားပြုစုသော "အင်းဝရောက် ခြေရာများ" စာအုပ်တွင် ဖတ်ရှုနိုင် ပါသည်။

၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုရာတွင် မင်းတုန်းမင်းကြီးရဲ့ စေခိုင်း ချက်အရ Fr. Abbona နဲ့ Fr. Tarolli တို့သည် မြန်မာသံတမန်ဖက်မှ ပါဝင် ကူညီခဲ့ရ ကြောင်း ၁၉၆၃ ခုနှစ် မေလ ထုတ် The Guardian စာစောင်တွင် သမိုင်း ဆရာ Vivian Ba က ဖော်ပြထားသည်။



တခြား သာသနာပြု အသင်းဂိုဏ်းတွေမှာ တောင်ကြီး၊ ကျိုင်းတုံဒေသကို Italy နိုင်ငံက PIME (ခေါ်) နိုင်ငံရပ်ခြား သာသနာပြုအသင်းဂိုဏ်း၊  ကချင်ပြည်နယ်တွင် Ireland နိုင်ငံက St. Columban အသင်းဂိုဏ်း။ ပုသိမ်၊ ရန်ကုန်၊ မန္တလေးနဲ့ ချင်းတောင်ကို MEP အဖွဲ့စသဖြင့် တာဝန်ယူ ကြသည်။
လူမှုရေးအဖွဲ့များစွာလည်း ထူထောင်ခဲ့ကြသည်။

၁၉၅၅ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင်  ရန်ကုန်နဲ့ မန္တလေးကို Vicariate Apostolate (ခေါ်) အထူးဒေသအဖြစ် ကနေ Archdiocese (ခေါ်)ဂိုဏ်းချုပ်သာသနာကြီးနှစ်ခု အဖြစ် တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ ၁၉၉၈ မှာတောင်ကြီးက Archdiocese အဖြစ်တိုးမြှင့် သတ်မှတ်ခံရသည့် အတွက် လက်ရှိ မြန်မာနိုင်ငံတွင် ဂိုဏ်းချုပ်သာသနာကြီး (၃) ခုနှင့် ဂိုဏ်းအုပ် သာသနာ (၁၃)ခု၊ စုစုပေါင်း (၁၆) ခုရှိနေပါသည်။ (R1)



ပရိတက်စတင့်ခရစ်ယာန် သာသနာ


ရိုမင်ကက်သလစ်များမှာ ၁၆ရာစု ကတည်းက မြန်မာပြည်သို့ ရောက်ရှိခဲ့ပြီး၊ ပရိုတက်စတင့်များများမှာ ၁၈ရာစု တွင်မှ ရောက်ရှိလာခဲ့သည်။ ပရိုတက်စတင့်ခရစ်ယာန်များမှာ မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။ ၁၉၂၆ ပထမ အင်္ဂလိုဘားမီး စစ်ပွဲအပြီးတွင် များပြားစွာရောက်ရှိလာခဲ့ပါသည်။

အင်္ဂလန်အခြေပြုသော မက်သဒစ်အသင်းတော်၊ အင်္ဂလိကန်အသင်းတော်များမှာ ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် အခြေတကျ၊ နေရာရရှိသော်လည်း အထူးသဖြင့် အမေရိကန်နှစ်ခြင်းအသင်းမှာ ဝေးလံသော နယ်မြို့၊ တောင်တန်းပြည်နယ် များတွင် သာသနာပြုရသည်။

အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့ချုပ်မှ ဆရာယုဒဿန် (Judson) မှာ အထူးထင်ရှားပြီး၊ ၁၈၁၃ တွင်မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ မြန်မာအင်္ဂလိပ် အဘိဓါန် (၁၈၅၂)၊ မြန်မာခရစ်ယာန်ကျမ်းစာကို ဟေလသ (ဂရိ)နှင့် ဟေဗြဲ (ဂျူးဘာသာ) တို့မှ မြန်မာဘာသာသို့ ပြန်ဆိုခြင်း (၁၉၃၄) ပြီးစီးခဲ့သည်။ ၂၀၁၃ တွင် မြန်မာနှစ်ခြင်းအဖွဲ့မှ ယုဒဿန်မြန်မာပြည်ရောက်သော အနှစ်၂၀၀ အထိမ်းအမှတ် ကျင်းပကြမည်ဖြစ်သည်။ ကရင်(၁၈၂၈)၊ ရှမ်း (၁၈၆၁)၊ ကချင်(၁၈၇၆)၊ ချင်း(၁၈၈၆) သာသနာပြုခြင်း

စတင်ခဲ့သည်။


ယုဒသန် (ခရစ် ၁၇၈၈ -၁၈၅ဝ)
ဆရာကြီးယုဒသန်သည် ဘိုးတော်ဘုရားလက်ထက်တွင် အမေရိကန်ပြည်ထောင်စုမှရောက်လာသော ခရစ်ယန် သာသနာပြု ပုဂ္ဂိုလ်ဖြစ်သည်။ ယုဒသန်သည် မြန်မာနိုင်ငံတွင် အမေရိကန် နှစ်ခြင်းအသင်းတော်ကို စတင်တည်ထောင်သူဖြစ်သည်။ ယုဒသန်သည် မြန်မာနိုင်င့ ခရစ်ယန် သာသနာရေး ဖက်၌သာမက စာပေဖက်၌သော်၎င်း၊ နိုင်ငံရေးဖက်၌သော်၎င်း ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ဖြစ်လေသည်။
၁၈၁၃ ဇူလိုင်လ ၁၃ရက်နေ့တွင် ရန်ကုန်မြို့သိုဆိုက်ရောက်လေသည်။

သာသနာပြုရန် ရောက်လာကြသည်ဖြစ်သော်လည်း ယုဒသန်တို့သည် မြန်မာစကားကို တလုံးတပါဒမျှ မတတ်ကြ၊ ထို့ကြောင့် မြန်မာစကားကို ဦးစွာကြိုးစားသင်ယူရသည်။ သိုဖြင့် သုံးနှစ် သုံးမိုး ရှိလာသောအခါ ယုဒသန်သည် မြန်မာသဒ္ဓြွါကျမ်းတစောင်ကို ရေးသားပြုစုပြီး လေ၏။ မြန်မာတို့ အကြားတွင် သာသနာပြုဖို့ရန် မြန်မာတို့၏ အယူဝါဒ အလေ့အလာ တို့ကိုလည်း နားလည်ရပေဦးမည်။ ထို့ကြောင့် ယုဒသန်သည် လောကုတ္တရာ စာပေများကို လေ့လာဆည်းပူးရာ၊ မြန်မာစကား ကဲ့သိုဖြစ်နေသော ပါဠိ၊ သက္ကတ စကားလုံးပေါင်း လေးထောင်လောက်ကို စုဆောင်းမိလေသည်။ ထိုစကားလုံး များကို အက္ခရာဝလိစဉ်၍ မြန်မာအနက် ပေးကာ ပါဠိ - မြန်မာ အဘိဓာန်ကို စတင်ပြုစုလေသည်။ ထိုအဘိဓာန်တွင် ပါသော မြန်မာ စကားလုံး များကို တဖန် အက္ခရာ ဝလိစဉ်ကာ အင်္ဂလိပ် အနက်ပေး၍ ပဌမမြန်မာ-အင်္ဂလိပ် အဘိဓာန်ငယ်ကို ဆက်လက် ပြုစုပြန်သည်။

၁၈၂၂ ခုနှစ် သြဂုတ်လ၂၈ရက်နေ့တွင် ဒေါက်တာပရိုက်စ်သည် အင်းဝမြို့တော်ရှိ ဘကြီးတော်မင်းတရားကြီးထံ အခစားဝင်ရောက်ရန် ဆန်တက်ရာတွင် ယုဒသန်လည်း စကားပြန်အဖြစ် ဒုတိယအကြိမ် လိုက်ပါသွား ပြန်လေသည်။  မင်းတရားကြီးကယုဒသန်အား နေပြည်တော်၌ နေထိုင်ရန် မြေတကွက် ပေးသနားတော် မူသည်။ ထိုနောက် ယုဒသန် သည် ရန်ကုန်မြို့ သိုစုန်ဆင်းခဲ့သည်။

ယုဒသန်သည် မြန်မာမှူးမတ် ဆွေတော် မျိုးတော်တို့နှင့် သင့်မြက်အောင် ပေါင်းသင်း၍ သူ၏ဇနီးက ကျောင်း တကျောင်းဖွင့်ကာ အပ်ချုပ် အတတ်နှင့် စာရေး စာဖတ် တို့ကိုသင်ကြား ပေးသည်။ ယုဒသန်သည် စတြာ မင်းကလေးခေါ် ညောင်ရမ်းမင်းသားထံ မပြတ်ခစားသည်။ ခဲပေါင်မြို့စား ဝန်ကြီး ဦးရွှေလူ၊ မြဝတီမင်းကြီးဦးစ နှင့် မက္ခရာ မင်းသားကြီးတို့ ထံတွင်လည်းဝင်ထွက် လေသည်။


ယုဒသန်ပြန်ဆိုသော ဓမ္မသစ်ကျမ်းကို ၁၈၃၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့၊ သာသနာပိုင်ပုံနိုပ်တိုက်၌ ပထမဦးဆုံးအကြိမ် ရိုက်နှိပ်ခဲ့သည်။ ဓမ္မဟောင်းကျမ်းကိုလည်း ဆက်လက်ပြန်ဆိုခဲ့ရာ ၁၈၃၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ပုံနိုပ်ပြီးစီးလေသည်။ ဦးစွာ ယုဒသန်၏ အကြံမှာ အင်္ဂလိပ်-မြန်မာ အဘိဓာန်နှင့် မြန်မာ-အင်္ဂလိပ် အဘိဓာန် နှစ်စောင်ကို တအုပ်တည်း ပုံနှိပ်ထုတ်လုပ်ရန်ဖြစ်သည်။ သို့သော်လည် ၁၈၂ဝ ခုနှစ်ကပြုစုခဲ့သော အဘိဓာန်မှာ မပြည့်စုံသဖြင့် ၁၈၄၂ ခုနှစ်တွင် အဘိဓာန်ကို နှစ်စောင်ခွဲ၍ စတင်ပြုစုလေသည်။ အင်္ဂလိပ်အဘိဓာန်ကို ၁၈၄၉ ခုနှစ် ဇန္ခဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ်သည်။ ထို့နောက် အဘိဓာန်ကို ဆက်လက်ပြုစုနေခိုက် မကျန်းမမာဖြစ်လာသည်။ ထို့ကြောင့် ၁၈၅ဝ ခုနှစ် ဧပြီလ ဂ ရက်နေ့တွင် ယုဒသန်သည် မော်လမြိုင်မြို့မှ သင်္ဘောဖြင့် ပင်လယ်ခရီး ထွက်သွားရာ ဧပြီလ ၁၂ ရက်နေ့တွင် ကွယ်လွန်လေသည်။ ယုဒသန်၏ အလောင်းကို ပင်လယ်ပြင်တွင်ရေမြှတ်သဂြိုလ်လိုက်ကြသည်။

မြန်မာစွယ်စုံကျမ်း အတွဲ ၁ဝ၊ (၁၉၆၆) စာမျက်နှာ Burmese Encyclopedia  Vol10, P-433 (Publsihed in 1966) တွင်ဖေါ်ပြထားသော ဆရာယုဒဿန် မြန်မာပြည် ၃၅နှစ်ခရီးစဉ် နှင့် မြန်မာနှစ်ခြင်းသာသနာမှတ်တမ်းကို ကြည့်နိုင်ပါသည်။ (R3)


အခြားအသင်းတော်များစွာ

၁၉၇၀ နောက်ပိုင်းတွင် အေဂျီအသင်းတော်များ ခေတ်စားလာသည်။ ယခုအခါ ပရိုတက်စတင့်များသာမက ရိုမင်ကက်သလစ် သင်းတော်များစွာသည် သီဆိုချီးမွမ်းခြင်းကို ကိုးကွယ်ဝတ်ပြုအစည်းအဝေး မစမှီတွင် စတင်လုပ်ဆောင်လာကြသည်။

၁၉၆၆ တွင် တော်လှန်ရေးအစိုးရမှ ခရစ်ယာန် မစ်ရှင်ကျောင်းအားလုံးကို ပြည်သူပိုင်သိမ်းပြီး၊ နိုင်ငံခြားသား မစ်ရှင်လုပ်ကိုင်သူ သာသနာပြုဆရာများကို နေထိုင်ခွင့်မပြုတော့ပါ။ မြန်မာအသင်းတော်များ နိုင်ငံခြားအဆက်အသွယ်မရှိပဲ ပြည်တွင်းတွင် ရပ်တည်ခဲ့ရသည်။ Baptists,

Assemblies of God, Methodists and Anglicans များသည် အင်အားကြီးအသင်းတော်များအဖြစ် ရှိနေကြနေကြကြပါသည်။

ခရစ်ယာန်အများစုမှာ တိုင်းရင်းသားလူမျိုးစုများဖြစ်သော ချင်း၊ ကရင်၊ ကချင်၊ လီစူး၊ လာဟူ စသည်တို့ဖြစ်ကြသည်။ CIA Factbook တွင် ဖော်ပြထားချက်မှာ မြန်မာပြည်၏ လေးရာနှုန်းသော (၂ဒသမ၄သန်းခန့်) ခရစ်ယာန်လူဦးရေ ရှိသည်ဟု ဆိုသည်။ ပရိုတက်စတင့် ၃ရာနှုန်း နှင့်

ရိုမင်ကက်သလစ် ၁ရာနှုန်း တို့ဖြစ်သည်။ အင်္ဂလိကန် Anglican Communion အရ ၂၀၀၆ တွင် အသင်းဝင် ၆၂၀၀၀ ရှိပြီး၊ နှစ်ခြင်းအသင်းတော် Myanmar Baptist Convension စာရင်းအရ ပရိုကတ်စတင့်ခရစ်ယာန်အားလုံး၏ တစ်ဝက်ခန့်မှာ နှစ်ခြင်းခရစ်ယာန်များဖြစ်သည်။ မြန်မာနှစ်ခြင်းအဖွဲ့ချုပ်မှတ်တမ်း ၂၀၀၆ အရ အသင်းသားဦးရေ ၆သိန်းကျော် 662,834 နှင့် အသင်းတော် 3905 ရှိသည်ဟု သိရသည်။ (R4) ကချင်လူမျိုးစု (ဂျိန်ဖော၊ ရ၀မ်၊ လီစူး ..စသည်တို့မှာ
လူဦးရေမှာ ၁သန်း၂သိန်းခန့်ရှိပြီး၊ ၉၀ရာနှုန်းမှာ ခရစ်ယန်ဖြစ်သည်ဟု မှန်းဆကြသည်။ ကရင်လူမျိုးစု (စကော၊ ပိုး၊ ကယား..) တို့ လူဦးရေမှာ၂သန်း၂သိန်း ခန့်မှ တစ်ဝက်ခန့်သည်လည်းကောင်း၊ ချင်းလူမျိုးစု လူဦးရေ ၈သိန်းကျော်မှ ၈၀ရာနှုန်းမျှသည်လည်းကောင်း ခရစ်ယာန်ဖြစ်သည်ဟု ယူဆပါက ခရစ်ယာန်စုစုပေါင်းသည် ၂ဒသမ၄သန်းမက ရှိနိုင်ပါသည်။ စနစ်တကျ စာရင်းကောက်ယူခြင်း မရှိသေးသောကြောင့်  ထိုစာရင်းများမှာ ခရစ်ယာန်လူဦးရေစာရင်းမှာ ခန့်မှန်းချေဖြစ်သည်။ (R4)


မြန်မာ Council of Churches တွင် အသင်းတော်များနှင့်ခရစ်ယာန်အဖွဲ့အစည်းများကို အောက်ပါအတိုင်း ဖေါ်ပြထားသည်။ (R2)


Member Churches of MCC

The followings are the member churches of MCC:
01.     Myanmar Baptist Convention (member of CCA & WCC)
02.     Church of the Province of Myanmar
03.     Methodist Church, Upper Myanmar
04.     Mara Evangelical Church
05.     Presbyterian Church of Myanmar
06.     Methodist Church, Lower Myanmar
07.     Independence Presbyterian Church of Myanmar
08.     Lutheran Bethlehem Church
09.     St. Gabriel’s Congregational Union Church
10.     Salvation Army, Myanmar Region
11.     Self-Supporting Kayin Baptist Mission Society (SSKBMS)
12.     Lisu Christian Church of Myanmar(LCC)
13.     Evangelical Free Church of Myanmar
14.     Independent Church Home Mission,
There are eight major ethnic racial/national groups, such as Bamar, Chin, Kachin, Kayah, Kayin, Mon, Rakhine, Shan, etc. There are also significant populations of Chinese and Indians. The Bamars are the majority ethnic national group making up about 60% of the Population.
All the other seven minority groups are distributed into less than 35% as there are about 5% Chinese and Indians. Most of the ethnic groups are hill tribes and rural peoples. It is estimated that there are about 87% Buddhists (Theravada), 6%Christians,4% Muslims,1% Hindus and 2% others. The Christian population has membership from all ethnic national groups, however, over 90% Christians are made up by Kayins, Kachins, Chins, and Kayahs. There are very few Christians among
Bamars, Rakhine, Shan and Mon who have strong Buddhist backgrounds.

Co-operating National Ecumenical Bodies

1.     Nation Council of YMCAs of Myanmar
2.    National YWCA
3.     Bible Society of Myanmar
4.    Christian Literature Society of Myanmar
5.    Association for Theological Education in Myanmar (ATEM)
6.    Myanmar Christian Health Workers’ Service Association(MCHWSA)
7.    Myanmar Christian Leprosy Mission
8.    Myanmar Youth for Christ(MYFC)
9.    National Ecumenical Church Loan Fund (ECLOF) of  Myanmar
10. The Gideons International Myanmar
11. The Myanmar Christian Women Temperance Union



မြန်မာနိုင်ငံခရစ်ယာန်ဟုဆိုရာတွင် Myanmar Council of Churches ကို နိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ်ပြုထားသည့် MCC သည် ပရိုတက်စတင့်များ“ အစဦးအဖွဲ့အစည်းဖြစ်ပါသည်။ ၁၉၆၀ နောက်ပိုင်းတွင် အခြားသော သီးခြားခရစ်ယာန်အဖွဲ့အစည်းများ
စွာ ရှိလာပါသည်။ အဓိကအဖွဲ့အစည်းကြီးနှစ်ခု ရှိသေးပါသည်။ (၁) မြန်မာနိုင်ငံဧ၀ံဂေလိမိတ်သဟာယအဖွဲ့ Myanmar Evangelical Christian Fellowship(ဆရာဦးမျိုးချစ်၊ ဆရာ ရာဘွဲ့၊  ဒေါက်တာအောင်မန်းနှင့် အခြားခေါင်းဆောင်များပါဝင်သည့် အဖွဲ့) (၂) မြန်မာနိုင်ငံ ဧ၀ံဂေလိပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ MCMC (ဆရာဦးတင်မောင်ထွန်း၊ ဆရာဦးအောင်သက်ညွန့် ပါဝင်သည့်အဖွဲ့) ၎င်းပြင် ဆရာဒေဗစ်ရိုးမိုဦးဆောင်ခဲ့သည့် Yang Crusade (MYC)၊ Evangelical Baptist Church, ဆရာရော်ဗင်ခိုင်တို့၏ အဖွဲ့အစည်း စသည်ဖြင့် များစွာ ရှိနေသေးကြောင်းသိရပါသည်။ ထိုအဖွဲ့အစည်းများတွင် ပါဝင်သော ခရစ်ယာန်ဦးရေလည်း များစွာရှိပါသည်။

ပရိုတက်စတင့်ခရစ်ယာန်များတွင်  MCC ဟူသော တရားဝင်အသိအမှတ်ပြုထားသော ခရစ်ယာန်အဖွဲ့အစည်းများ အပြင် ထိုအဖွဲ့ထဲ၌ မပါဝင်သော ဧ၀ံဂေလိအသင်းတော်၊ အဖွဲ့အစည်း အသင်းတော်များစွာလည်း ရှိကြပါသည်။ ။

The End..

References

R1. Wikipedia Myanmar
R2.  http://www.mcc-mm.org/member-churches
R3. http://burmesebible.com/b/adoniram_judson_by_fred_barlow.htm
R4. MBC Baptist မန်းအောင်ကျော်ဇံ
R5. http://www.ethnologue.com

ဇော်အောင်၊ ဆရာစောစံအောင် တင်ပြသည်။