မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Monday, Sep 06th

Last update03:33:41 AM GMT

You are here:: ဟာသများ ကလေးများအတွေး - The Rest ငြိမ်ဝပ်ခြင်း ချမ်းသာ ဓမ္မစာစောင်

ကလေးများအတွေး - The Rest ငြိမ်ဝပ်ခြင်း ချမ်းသာ ဓမ္မစာစောင်

E-mail Print PDF

ငါးကြီးမြိုချ

မိန်းကလေးတစ်ယောက် ငါး ကြီး ယော န ကို မြို တဲ့ အ ကြောင်း သူ့ဆရာမကို ပြောပြသတဲ့ ..။

ဆရာမ။   "ခန္တာဗေဒအရ ငါးကြီး လူကိုမြိုတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဝေလငါးဟာ အကြီးဆုံး နို့တိုက်သတ္တ၀ါ ဖြစ်ပေမဲ့ သူ့ရဲ့ လည်ချောင်းက ကျဉ်းကျဉ်းလေးရယ်"

ဆရာကလည်း ကလေးမလေး မခံချင်အောင် ငါးက လူကို မြိုတယ်ဆိုတာ မဖြစ်နိုင်ကြောင်း ဆက်ပြောတော့ ....


မိန်းကလေး။   "ကောင်းကင်နိုင်ငံတော် ရောက်တဲ့အခါ သမီးကတော့ ယောနကို မေးကြည့်မယ်"

ဆရာမ။  "တကယ်လို့ ယောနက ငရဲ ရောက်နေမယ်ဆိုရင်ကော"

မိန်းကလေး။   "အဲဒါ ဆိုရင်တော့ ဆရာမပဲ သူ့ကိုမေးလိုက်ပါနော်" 

 

 

စိတ်ညစ်အောင်လုပ်တဲ့ သမီး

တနေ့ နီနီဟာ သူ့မိခင် ဟင်းချက်နေတာကို ထိုင်ကြည့်ရင်း ရုတ်တရက် သူ့မိခင်ရဲ့ ခေါင်းက ဆံပင်ဖြူတချို့ကို သတိထားမိသတဲ့..။ နီနီက သူ့မိခင်ရဲ့ ခေါင်းက ဆံပင်ဖြူတွေကို ငေးကြည့်ရင်....

နီနီ။    "မေမေ၊   မေမေ့ ဆံပင်တွေ ဘာလို့ ဖြူနေတာလဲဟင်"

မိခင်။   "အင်း ... အဲဒါက သမီး မေမေ့စကားကို နားမထောင်တဲ့အခါ ။ နောက်ပြီးတော့ မေမေ့ကို ငိုအောင်လုပ်တာတို့ .. ဒါမှမဟုတ် မေမေ့ကို စိတ်ညစ်အောင် တခါလုပ်တိုင်း မေမေ့ဆံပင်ဟာ တစ်ချောင်းစီ လိုက်ဖြူတာပေါ့ ..."

နီနီ အနည်းငယ်စဉ်းစားလိုက်သည်။ ထိုနောက် ...

"မေမေ၊  ဖွားဖွားရဲ့ ဆံပင်တွေက ဘာလို့ တစ်ခေါင်းလုံး ဖြူနေတာလဲ .."

 

 

သူကတော့ ရှေ့နေမကြီး ဖြစ်နေပြီ

အတန်းသား အားလုံနဲ့ ဆရာမပါဝင်သော ဓါတ်ပုံ တစ်ပုံ ရိုက်ပြီး  ဓါတ်ပုံရသောနေ့တွင် ဆရာမက  ထိုဓါတ်ပုံများကို ကျောင်းသားတိုင်း ယူရန် ကလေးသဘောကျမည်ထင်သော စကားများ သုံး၍ တိုက်တွန်းလေသည်။

ဆရာမ။    "မင်းတို့ ကြီးလာတဲ့ တချိန်မှာ ဒီဓါတ်ပုံကို ကြည့်ပြီး ဒါကတော့ ရှယ်လီပေါ့ ။  အခုတော့ သူက ရှေ့နေမကြီး ဖြစ်နေပြီ။ ဒါမှမဟုတ် ဟိုတစ်ယောက်ကတော့ မိုက်ကယ်ပေါ့ ။ သူကတော့ ဆရာဝန်ကြီး ဖြစ်နေပြီ "

အဲဒီအချိန်မှာပဲ အတန်းနောက်ဖက်က အသံသေးသေး တခု ထွက်ပေါ်လာတာ ကတော့

" ဒါကတော့ ငါတို့ဆရာမပေါ့  .. အခုတော့ သေသွားပါပြီ .. တဲ့"



 မူရင်း စာစောင်မှာ..
 မလေးရှားနိုင်ငံ၊  ပီနန်မြို့   မြန်မာများကို ဧ၀ံဂေလိ နှင့် သင်းအုပ်ဆရာ အဖြစ် အမှုတော် ထမ်းရွက်နေသော Rev. ချိုမနားလိန်း  Sungai Petani, Petani Baptist Church တွင် ထုတ်ဝေသော The Rest ငြိမ်ဝပ်ခြင်း ချမ်းသာ ဓမ္မစာစောင် 2006 မှ တဆင့်ဖေါ်ပြခြင်းဖြစ်သည်။ ဆရာချိုမနားလိန်းသည် မလေးရှားတွင် ဗီဖာကုန်ဆုံးသွားပြီဖြစ်ပါသည်။  စင်ကာပူ C.O.S Church Of Singapore မှ လျှောက်ထားပေးသော မစ်ရှင်ဗီဇာ ရရှိသဖြင့် စင်ကာပူတွင် ၂၀၁၀ ဖေဖေါ်ဝါရီမှ စတင်ပြီး အမှုတော်ထမ်းဆောင်လျှက် ရှိပါသည်။ 

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy