မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည် Christian Ezine

Wednesday, Oct 01st

Last update05:52:15 PM GMT

You are here:: ဆောင်းပါး-၁ ဗဟုသုတ၊ပညာပေး ဇော်ဂျီ နှင့် ယူနီကုတ် မြန်မာဖောင့် ၂၀၁၄

ဇော်ဂျီ နှင့် ယူနီကုတ် မြန်မာဖောင့် ၂၀၁၄

E-mail Print PDF

၂၀၁၁ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့ချိန်ကစပြီး၊ ဂူဂယ်ဝင်ရောက်လာပါတယ်။ ဂူဂယ်နဲ့ဖေ့စ်ဘုတ် တို့မှာ လောလောဆယ် ဇော်ဂျီပဲ လူသုံးများနေပါတယ်။ ဖေ့စ်ဘုတ် ဆိုရှယ်နက်ဝပ် မြန်မာပြည်မိုဘိုင်းဖုံး ခေတ်စားလာချိန်မှာ ကွန်မင့်တွေကို ဇော်ဂျီဖောင့်နဲ့ပဲ ရိုက်ပို့နေတဲ့၊ မြန်မာနိုင်ငံရဲ့ ၆% မိုဘိုင်းအင်တာနက်မှာ ဇော်ဂျီဖောင့်ကို ယူနီကုတ်က မယှဉ်နိုင်ဖြစ်သွားပြန်ပါတယ်။ ဒါကြောင့် သတင်းလောက၊ ဖေ့စ်ဘုတ်လောကမှာ ဇော်ဂျီဖောင့်ကိုသုံးမှ လူအကြည့်များတဲ့အတွက် ၂၀၁၄ နှစ်ဦးမှာလဲ ပြည်သူလူထုက ဇော်ဂျီးကိုပဲ ဆက်လက်အားပေးလျှက်ရှိပါတယ်။

ဒီတော့ ယူနီကုတ်ကို ဘယ်နေရာမှာ သုံးကြမလဲ။ 

ကျွန်တော်တို့လို လူပြိန်း၊ ပညာရှင်မဟုတ်သူများကတော့ အလွယ်တကူ ရိုက်နှိပ်၊ ဖတ်ရှု၊ ကော်ပီပေစ် Copy-Paste လုပ်နိုင်တဲ့ ဇော်ဂျီဖောင့်ကိုပဲ ဆက်လက်သုံးမှာ ဖြစ်ပါတယ်။ ပညာရှင် အသိုင်းအဝိုင်းကတော့ ယူနီကုတ်ကို ဆက်လက်မြှင့်တင်ပေးရပါမယ်။ 

Wikipedia, Feb2014 မှာကြည့်ရင် ယူနီကုတ်နဲ့ဇော်ဂျီ၂ခုမှာ ယူနီကုတ်မှာ အချက်အလက် ပိုစုံလင်လာပါတယ်။ ပညာရှင်အသိုင်းအဝိုင်းက ယူနီကုတ်ကို အားပေးမြှင့်တင်နေပါတယ်။ 

မြန်မာယူနီကုတ် သုတေသနပြုခြင်းကို ဂူဂယ်၊ မိုက်ကရိုဆော့ လိုကုမ္ပဏီကြီးများကပဲ ငွေအကုန်ခံ လုပ်နိုင်ပါတယ်။ မြန်မာအစိုးရက ငွေမရှိတော့၊ မြန်မာသုတေသီများမှာ အပျော်တမ်းအဆင့်လောက်ပဲ ရှိပါတယ်။ 

ဘာသာပြန်ခြင်းလုပ်ငန်းမှာ မြန်မာပညာရှင်များအနေနဲ့ အဘိဓာန်အဆင့်ပဲ လုပ်နိုင်ပါတယ်။ ဂူဂယ်မျာ ကမ္ဘာ့နာမည်ကြီး အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ စပိန်၊ တရုပ်၊ ဂျပန် စာများကို အရှေ့တောင်အာရှ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား ဘာသာရပ်များကို အောက်ပါ လင့်ခ်မှာ အလွယ်တကူ ဘာသာပြန်နိုင်ပေမဲ့၊ မြန်မာဘာသာလည်း မကြာခင် ရရှိပါမယ်။ 

စောင့်မျှော်ရန်

http://translate.google.com/  (Google Translate)

http://www.bing.com/translator  (Bing Translate)

*************************

 

iOS 7+ တွင် မြန်မာလို ဖတ်ရှုနိုင်ပြီ

မိုးသိကြား (http://www.moethagyar.info/2013/11/ios-7.html ) ၊ နိုဝင်ဘာ ၇၊ ၂၀၁၃

iOS 7 နှင့်အထက်ကို ယနေ့ထိ Jailbreak လုပ်လို့ မရသေးတာ အားလုံးပဲသိကြပါလိမ့်မယ်။ Jailbreak မရသေးတဲ့အတွက် မြန်မာစာ အခက်အခဲကို ရင်ဆိုင်နေကြရမှာပါ။
အခုတော့ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ မြန်မာ Developer တစ်ဦးဖြစ်သူ (ယခင်ကလည်း iDevice အတွက် ဇော်ဂျီကို ကြိုးပမ်းပေးခဲ့သူ၊ Mogok Browser, Likebook App များကိုရေးသားသူ) “ကိုသန့်သက်ခင်ဇော်” က iOS 7 နှင့်အထက်မှာ မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှုနိုင်အောင် စီစဉ်ပေးလိုက်ပါပြီ…

 


ဇော်ဂျီဖောင့် ဖတ်နိုင်ရန်အတွက်…

 

  • မိမိ iDevice ၏ “Safari Browser” မှနေ၍ “http://d.pr/f/M8Es+” ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး “Install” ဆိုတာကို နှိပ်လိုက်ပါ။
  • “Install” လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ဇော်ဂျီ) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။


ယူနီကုဒ် ဖတ်နိုင်ရန်အတွက်…

  • မိမိ iDevice ၏ “Safari Browser” မှနေ၍ “http://d.pr/f/x4at+” ကို ရိုက်ထည့်ပါ။ (သို့မဟုတ်) ဤနေရာကို နှိပ်ပြီးသွားပါ။
  • ထိုအခါ iDevice ၏ Setting ထဲသို့ရောက်သွားပြီး MON3 Anonta1 ကို “Install” ဆိုတာကို နှိပ်လိုက်ပါ။
  • “Install” လုပ်ပြီးသွားတဲ့ အခါမှာ မည်သည့် App တွင်မဆို မြန်မာစာ(ယူနီကုဒ်) နှင့် ရေးသားထားသော စာများကို ကောင်းမွန်စွာ ဖတ်ရှုနိုင်ပါလိမ့်မည်။ Install လုပ်ပြီးသော်လည်း ဖတ်ရှု၍ မရသေးပါက iDevice ကို Reboot လုပ်ပါ။

**မိမိအသုံးပြုမည့် ဖောင့်ကိုသာ ရွေးချယ် Install လုပ်ပါ။ နှစ်ခုလုံး ထည့်ထားပါက ယူနီကုဒ်ဖောင့်သာလျှင် အလုပ်လုပ်ပါလိမ့်မည်**

ပြန်လည်ဖျက်ပစ်လိုပါက Settings -> General -> Profiles -> Remove နှင့် ဖျက်ပစ်နိုင်ပါသည်။

ယခုကဲ့သို့ မြန်မာဖောင့်ကို သွင်းယူပြီးသော်လည်း “Safari Browser” တွင် မြန်မာဆိုက်များအား ဖတ်ရှုရာတွင် မြန်မာစာ မပေါ်သေးပါ။ မြန်မာလို မှန်ကန်စွာ ဖတ်ရှုနိုင်ရန် အောက်ပါအတိုင်း ဆက်လက်၍ လုပ်ဆောင်ပါ..

Safari Browser တွင်ပြင်ဆင်နည်း

  • ပထမဦးစွာ “Safari” ကို ဖွင့်ပြီး မြန်မာဆိုက် တစ်ခုကိုဖွင့်ပါ၊ ထိုနောက် Add Bookmark ကို နှိပ်ပြီး Bookmark ပုံကို ရွေးလိုက်ပါ။
  • Location ကို Bookmarks တွင်ထားပါ။ အမည်ကို “Zawgyi Force” ဟု ပေးပြီး “Save” လုပ်ပေးလိုက်ပါ။

- See more at: http://moemaka.com/archives/39183#sthash.nghaxhAp.dpuf

 

*****************************

ဇော်ဂျီ နှင့် ယူနီကုတ် မြန်မာဖောင့် ၂၀၁၁

ကမ္ဘာပေါ်က မြန်မာဝက်ဆိုက်ရဲံ ၃၈ရာနှုန်းဟာ ယူနီကုတ်ကိုပြောင်းသုံးကုန်ပြီဆိုပဲ။ ယူနီကုတ်က ဖတ်ဖို့ဆိုလောလောဆယ် Firefox ကိုသုံးရင် ဖတ်လို့ရပါတယ်။ ဒါပေမဲ့ IE  Google.Crome တွေမှာတော့ မကြာခင်ကောင်းကောင်းမြင်ရမှာပဲ။ လောလောဆယ်တော့ သိပ်မစွန်သေးဘူး။

Google Search တွင်ဇော်ဂျီဖောင့်   မြန်မာ   စာလုံးကို ရှာကြည့်ပါက၊ About 2,640,000 ပေါ်လာပါသည်။
ယူနီကုတ်ဖောင့်
မွနျမာ စာလုံးကိုရှာကြည့်ပါက (Cut & Paste လုပ်ပါ) About 633,000 results ပေါ်လာပါသည်။
၂၀၁၁တွင် ဇော်ဂျီက ယူနီကုတ်ထက် ၄ဆမျှ အသုံးများနေကြောင်း သက်သေဖြစ်ပါသည်။(In Oct 2011)



ဟုတ်ပါတယ်။ လက်ရေးမြန်မာစာနည်းနဲ့ ကွန်ပြူတာစာလုံးရေးတဲ့ ၀င်းဘားမိစ်၊ ၀င်းအင်းဝ ကနေတဆင့် ဇော်ဂျီ လို ရိုက်ရလွယ်တဲ့ ဖောင့်ပေါ်လာတော့  မြန်မာစာ အင်တာနက်မှာ ကမ္ဘာနဲ့ယှဉ်ဖို့ အလွန်နှေးနေတယ်။ ယူနီကုတ်ကို သုံးဖို့ အာပေါက်အောင်ပြောလဲ ယူနီကုတ်က ရိုက်ရတာခက်တော့ မသုံးကြတာ ၅နှစ်လောက်ကြာနေပြီ။ ယူနီကုတ်မြန်မာစာရိုက်နည်းက ရှေးက အိုလံပီယာလက်နှိပ်စက်ရိုက်တဲ့နည်းစနစ်ကို ပြန်သုံးထားတာကိုး...။  အစိုးရကလည်း အတတ်ပညာဆိုင်ရာ ကိစ္စဆိုတော့ ၀င်မပြောဘူး။   ယူနီကုတ်ကို ပုဂ္ဂလိကပညာရှင် ၂အုပ်စု (ဇော်ဂျီ နဲ့ ယူနီကုတ်) ပြိုင်ဆိုင်နေကြတယ်။ ရိုက်ရတာ လွယ်တော့ ကျွန်တော်တို့လည်း ဇော်ဂျီပြောင်းသုံးကြတာပဲ...။

အားရင်ဖတ်ကြည့်ပါ။ ဘယ်ဖောင့်ကို ထောက်ခံမလဲ။


ခက်တာကတော့ ယူနီကုတ် Myanmar Website တွေကို ကြည့်ချင်ရင် Microsoft IE ကိုသုံး၊ ယူနီကုတ် Myanmar Website ကိုကြည့်ချင်ရင် Mozila Firefox ကိုသုံး လုပ်နေရမှာပဲ။ ဇော်ဂျီနဲ့ ကျင့်သားရနေသူများ ဘယ်...လွယ်လွယ်နဲ့ ယူနီကုတ် ရိုက်ရခက်တာကြီးကို သုံးချင်ပါ့မလဲနော်....။

လောလောဆယ် နာမည်ကြီးသတင်းဌာန ၀က်ဆိုက်တွေကတော့ ယူနီကုတ်မသုံးကြသေးဘူး....။ မြန်မာအိုင်တီပရိုကတော့ ပညာရှင်များဖြစ်တဲ့အတွက် ယူနီကုတ်ကို ၂၀၁၁ ဇန္တ၀ါရီကစပြီး သုံးချလိုက်ပြီ။ (မှတ်ချက်၊ ၂၀၁၂ တွင် http://www.myanmaritpro.com/ သည် ဖော်ဂျီကိုပြန်သုံးနေပြန်ပါသည်။)

ယူနီကုတ် ၀ီကီပီဒီယာ http://my.wikipedia.org/ မှာတော့ အချက်အလက် ၇၀၀၀ ကျော် တဟုန်ထိုး တိုးတက်လာပါတယ်။   ဇော်ဂျီ ၀ီကီပီဒီယာ http://wikimyanmar.co.cc မှာတော့ ၄၀၀၀ကျော်ပဲ ရှိနေပါတယ်။ (In Oct 2011)

သာမန် Users တွေမှာကြည့်ရင် .. Web Brouser လောကမှာ 
၁။ အင်တာနက်အိတ်စပိုရာ IE (46%)  
၂။ မိုဇီလာ Mozilla Firefox (29%)  
၃၊ ဂူဂယ်ကရုန်း Google Crome (12%)

http://en.wikipedia.org/wiki/Usage_share_of_web_browsers

ကျွန်တော်လည်း သာမန် User တစ်ယောက်ဆိုတော့၊ ဘာလုပ်ရမှန်းမသိဖြစ်နေမိပါတယ်...။  လောလောဆယ်တော့ IE နဲ့ ဇော်ဂျီဝက်ဆိုက်တွေကို IE နဲ့သုံး၊   ယူနီကုတ်ဝက်ဆိုက်တွေကို Mozila Firefox နဲ့သုံး .. ခေတ်မနောက်ကျအောင် ခွသုံးရမဲ့ပုံစံဖြစ်နေတယ်ဗျို့......

နောက်ဆက်တွဲ Update

မြန်မာစွယ်စုံကျမ်း Wikipedia ၂မျိုးရှိနေသည်။
၁။ ယူနီကုတ် (ပိတောက်၊ ပရဗိုက်၊ မြန်မာ(၃) သုံးသော
http://my.wikipedia.org
၂။ ဇော်ဂျီသုံးသော
http://www.wikimyanmar.co.cc/   တို့ဖြစ်ကြသည်။

အများစုမှာ ဇော်ဂျီဖြင့် စာရိုက်နေကျဖြစ်သောကြောင့်၊ ယူနီကုတ် (လက်နှိပ်စက်နည်း) ကို ကွန်ပြူတာအများစုက မသုံးနိုင်သေးပါ။ ဇော်ဂျီနှင့်ယူနီကုတ် ဖောင့်၂မျိုးစလုံးကို ရိုက်ရန် ၂၀၁၁ အထိ မလွယ်ကူသေးပါ။ အချို့က Web Browser ၂မျိုးသုံ ဖောင့်၂မျိုး စာလုံးရိုက်ကြသည် (IE, Mozzila)၊  ယူနီကုတ်ကို MyanmarITpro.com စသည့်ဝက်ဆိုက်များက ၂၀၁၀ မှစပြီး အားပေးလာသည်။ အင်တာနက်ဝက်ဆိုက်များကလည်း တဖြေးဖြေးနှင့် ယူနီကုတ်သို့ ပြောင်းလာကြသည်။

Mozzila Browser
NHM Keyboard သုံးခြင်းဖြင့် ဇော်ဂျီနှင့်ယူနီကုတ် ၅.၂ နှစ်မျိုးစလုံးရနိုင်ပါသည်။
Myanmar3 font ဒေါင်းလုပ်ပါ။
Keyboard Install & Use method ...http://www.myanmarlanguage.org/tools/nhm-keyboard-unicode
ဇော်ဂျီအတွက် Alt+Shift,   ယူနီကုတ်အတွက် Shift+1 ဖြင့် ၂မျိုးစလုံးရိုက်နိုင်ပါသည်။
(ယူနီကုတ်ထည့်ထားရင် - ဇော်ဂျီမှ နှစ်လုံးဆင့်စာလုံးများ ရိုက်မရဖြစ်သွားပါတယ်။ ဒါကြောင့် ယူနီကုတ်ကို ပြန်ဖြုတ်လိုက်ရပါတယ်။ Oct 2011 သတင်းအရ မိုက်ကရိုဆော့ပ် Window 8 မှာ မြန်မာယူနီကုတ် ဖောင့် Myanmar Text Regular ကိုထည့်သွင်းထားပြီလို့ သိရပါတယ်။ Myanmar NLP Lab, ပြည်ပကွန်ပြူတာကျွမ်းကျင်သူများ၊ မြန်မာကွန်ပြူတာအသင်းချုပ်နဲ့ ယူနီကုတ်ကွန်ဆိုတီယမ်တို့ ကူညီကြတယ်လို့ သိရပါတယ်။ သတင်းရေးသူ - ယုဇနကိုကို)


ယူနီကုတ်ဝက်ဆိုက်တွင် (ဥပမာ .. ၀ီကီပီဒီယာ my.wikipedia.org) တွင် စာရိုက်လိုပါက၊ ဇော်ဂျီဖြင့်ရိုက်ထားသော စာများကို ဖောင့်ကွန်ဗတ်တာ ဖြင့်ပြောင်းပေးရမည်ဖြစ်သည်။
Online Coverter:
http://burglish.my-mm.org/latest/trunk/web/testarea.htm

အခြားကွနှ်ဗတ်တာ များမှာ


သင်သည် ကွန်ပြူတာပထမဆုံးဖောင့် ၀င်းဗားမိစ်ကို သုံးနေဆဲဆိုပါက၊ Winburmse <--> Zawgyi or Unicode ပြောင်းရန်


Download  80KB


***************************************************************

မြန်မာကီးဘုတ် လက်ကွက် လေ့ကျင်ခန်း ပရိုဂရမ် (Unicode)

Tuesday, 17 July 2012 14:00 administrator
E-mail Print PDF


WHIZZO TYPING TUTOR

WHIZZO TYPING TUTOR

မြန်မာကီးဘုတ် လက်ကွက် လေ့ကျင်ခန်း ပရိုဂရမ်

WHIZZO TYPING TUTOR

မိုးမခရွာဆော်ကြီး ထပ်ဆင့်ကြော်ငြာ၊ ဇူလိုင် ၁၇၊ ၂၀၁၂

(သူငယ်ချင်း ရေ … မြန်မာယူနီကုဒ် Typing ကို လွယ်လွယ်ကူကူ လေ့ကျင့်လို့ ရအောင် ကူညီပေးတဲ့ WHIZZO TYPING TUTOR လေးကို သူငယ်ချင်း စမ်းသုံး လို့ရအောင် ပို့ပေးလိုက်တယ်။ သုံးရတာလည်း လွယ်တယ် သူငယ်ချင်း။ ပြီးတော့ free နော်။ သူငယ်ချင်းလည်း သုံးရတာ လွယ်တယ် အဆင်ပြေတယ် ဆိုရင် လက်ဆင့်ကမ်း ပေးပါ အုံးနော်။

WindowXP မှာ မြန်မာယူနီကုဒ် ကို မှန်မှန်ကန်ကန် မဖော်ပြရင် iComplex3 ကို install လုပ်ပေးဖို့ လို အပ်ပါတယ်

Window7 မှာ WHIZZO TYPING TUTOR ကို install ပြုလုပ်ပြီး နဲ့ စတင် အသုံးပြု လို့ရပါတယ်။ iComplex ကို install လည်း လုပ်စရာမလိုဘူးနော်။)

DOWNLOAD ပြုလုပ်ရန်

WHIZZO TYPING TUTOR
http://whizzosystem.com/WhizzoTypingTutor.exe

iComplex

 

**********************************************

 

ဇော်ဂျီဖောင့်သုံးပြီး မိမိကွန်ပြူတာမှ ရှာဖွေခြင်း

Thursday, 09 September 2010 20:11 မုရန်
E-mail Print PDF



ဇော်ဂျီဖောင့် မိမိကွန်ပြူတာမှသုံးခြင်း


၁။ ဖောင့်ဖိုင် ZawgyiOne20071204.ttf  ကို ဒေါင်းလုတ် ပြီးရင် c://WINDOWS/Fonts  မှထည့်ပါ။
ဖောင့်ရယူရန် နှင့် နည်းလမ်းများ
http://www.zawgyi.net/ တွင်ယူပါရန်



၂။ ဇော်ဂျီစာလုံးများ အင်တာနက်မှာ မမြင်သေးရင် အောက်ပါလင့်ကိုနှိပ်ပြီး Install လုပ်ပါ။
zerf-
EW installer

၃။ အီးမေး နဲ Internet Explore တွေမှာမမြင်ရသေးရင် အောက်ကနည်းအတိုင်း စမ်းကြည့်ါပ။

၎။ စာလုံးရိုက်ရန်
မိမိရိုက်သောစာလုံးများ အင်္ဂလိပ်စာဖြစ်နေရင်  Ctrl+Shift နှိပ်ပြီး ရိုက်ကြည့်ပါ။ Ctrl+Shift ကိုသုံးပြီး အင်္ဂလိပ်၊ မြန်မာ ကီးဘုတ် ၂ခုကို အသုံးပြုနိုင်ပါတယ်။

ပိုပြီးအသေးစိတ်သိလိုရင်တော့ အောက်ပါလင့်ခ်မှာ ကြည့်ပါ။ မိဇ္ဖိမသတင်းဌာနမှ Jun 2007 အချိန်မှာ ကူးယူထားပါတယ်။
http://burmesebible.com/monywa/fonts/

အဆင်မပြေသေးရင်တော့ အနီးအနားက မြန်မာအင်တာနက်ဆိုင်ကိုLaptop ကိုရောယူသွားပါ။ ဒါလောက်တော့ (ကျွန်တော်တို့ တကယ်မတတ်နိုင်ရင်) အခမဲ့ ဖြစ်စေ၊ ဒေါ်လာငါးကျပ်၊တစ်ဆယ်လောက်နဲ့ဖြစ်စေ လုပ်ပေးလေ့ရှိပါတယ်။
(သို့မဟုတ်) ကွန်ပြူတာမှာ မြန်မာစာရေးတတ်သူ လူငယ်များကို အကူအညီတောင်းကြည့်ပါ။

၅။ ကနောင် ဖေါင့်ကွန်ဘတ်တာ Kanaung Font Converter



Download  80KB




၆။  သမ္မာကျမ်းစာတွင် ကျမ်းပိုဒ်များရှာခြင်း။
BurmeseBible.com အင်တာနက်မှ ရှာသည့်ကွက်လပ်တွင် ဇော်ဂျီဖောင့်ဖြင့် မြန်မာစာရိုက်နှိပ်ပြီးအလွယ်တကူရှာနိုင်ပါသည်။ ဂူဂယ်၊ ရာဟူး စသည့် ထိပ်တန်း Search Engine တို့အားဖြင့် မြန်မာစာလုံးကို အင်တာနက်တွင် ရှာနိုင်ပါသည်။ သင်နာမည်ကို ရိုက်နှိပ်ပြီးရှာကြည့်ပါ။

သင့်နာမည်လည်း အင်တာနက်တွင် နာမည်ကျော်နေသည်ကို တွေ့နိုင်ပါမည်။


မိန်မပျိုကလေးများဟာ လှလှပပနေချင်ကြတဲ့ Facebook ပစ္စည်းရောင်းကြော်ငြာတစ်ခုကိုကြည့်ပါ။

မိတ်ဆွေ ဒီစာကိုဖတ်နေတာ ဘုရားနဲ့နီးစေဖို့ဖြစ်ပါတယ်။ အင်တာနက်လောကဟာ အင်မတန် Tempatation ဆွဲဆောင်မှုအများကြီးရှိပါတယ်။ သာမန်လူငယ်တစ်ဦးအတွက် Facebook, Twitter, Google, Yahoo စတဲ့ Chatting လိုင်းတွေမှာ အချိန်ကုန်သွားပြီး ပျော်ရွှင်မှုကိုယူကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင် သူငယ်ချင်းဟောင်း၊ မိဘ၊မောင်နှမ၊ဆွေမျိုးများနဲ့ မိတ်သဟာရပြုဖို့ စိတ်ကောက်နေတဲ့ မိတ်ဆွေအဖို့ အင်တာနက်မှာ မိတ်ဆွေသစ်ရှာရတာ ဒီခေတ်ကြီးရဲ့ လူငယ်အများစုပါပဲ။ အင်တာနက်ထဲမှာ မှောင်မိုက်တန်ခိုး၊ ကာမဂုဏ်၊ စာတန် ၀က်ဆိုဒ်တွေ တစ်ပုံကြီးထဲမှာ အခုလို ဘုရားအကြောင်းဝက်ဆိုဒ်ကို ဇော်ဂျီဖောင့်သုံးပြီး ကြည့်နိုင်ခြင်းဟာ ကျေးဇူးတော်ကြီးတစ်ခုပါ။

အခုဒီစာရေးချိန် ၂၀၁၀ မှာတော့ ဇော်ဂျီဖောင့်ကို ရိုက်ရတာလွယ်လို့ အင်တာနက်ကြည့်သူတွေ၊ ဘလောက်လုပ်သူတွေ တွင်ကျယ်စွာသုံးနေပါတယ်။ တကယ်တော့ ဇော်ဂျီဖောင့်ဟာ ယူနီကုတ်အဆင့်မရှိသေးလို့ ဥပမာ ၀လုံး နဲ့ သုည (စာလုံး နဲ့  ဂဏန်း) တွေ အတူတူသုံးထားတာမျိုးလို .. ယူနီကုတ်နဲ့ညီအောင်လုပ်ဖို့ တော်တော်မလွယ်သေးပါဘူး။



နိဂုံး
ဘာပဲဖြစ်ပါစေ၊ ပြောင်းလဲလာတဲ့ မြန်မာပြည်နဲ့အညီ ၀င်းဒိုးအိတ် Window 8 Operation System မှာ မြန်မာဖောင့် ယူနီကုတ်တခု ဘာမှအင်စတော Install လုပ်စရာမလိုပဲ ဖတ်လို့ရတော့မယ်ဖြစ်ပါတယ်။ ဇော်ဂျီ၊ ၀င်းအင်းဝ၊ မြန်မာ Myanmar 3 စတဲ့ ဖောင့်တွေလည်း အထူးတလည် install လုပ်နေစရာမလိုပဲ မြန်မာစာကို ကွန်ပြူတာ၊ စမတ်ဖုန်းတွေမှာ ဖတ်နိုင်တော့မယ်ဖြစ်ပါတယ်။

ဟိုး .. အိုလံပီယာလက်နှိပ်စက် မြန်မာစာရိုက်နည်းကိုပဲ ပြန်လှန် လေ့ကျင့်ကြပါစို့ ..လို့..။

The End.....
ဝတ်မှုန်

Sep-2011

--
Grace be with you all
Hits: 2424
Comments (0)Add Comment

Write comment
smaller | bigger

busy

Facebook Google Twitter buttons

သက်သေခံချက်များ Testimony (random article)

ခရစ်တော်၌ ရှိသောလူ

(ဇော်ထူး)

သားတော်မောင် ယာကုပ်တကောင် ကုတင်ပေါ်တွင် ပတ်ချာလှည့် ဆော့ကစားနေ၍ ကျွန်တော်မနည်း လိုက်ဖမ်းနေရသည်။ ဒီကောင်ကလေးက ရေချိုးပေးပြီးလျင် ထိုသို့ပြုနေကျ။ ရေချိုးပြီးတိုင်း ကုတင်ပေါ်တွင် ရေစိုစိုနှင့် လူးကာလှိမ့်ကာ လှည့်ကာပတ်ကာနှင့် ဆော့ကစားတတ်တာ သူ့အကျင့်။ သူ့ကို ဆွဲဖမ်းလိုက် ခေါင်းကို ခြောက်အောင်သုတ်လိုက်၊ တဖန်ထွက်ပြေးပြန်သဖြင့် အမိပြန်ဖမ်းကာ ပေါင်ဒါကိုလိမ်းလိုက် နှင့် သူနှင့် နပန်းလုံးနေရသည်။ ကျွန်တော်မောပြီး လိုက်မဖမ်းနိုင်သဖြင့် ဆော့မကစားရန် အသားနားခံ တောင်းပန်တော့မှ ဘသားချောက ဖခင်ဖြစ်သူ ကျွန်တော့်ကို သနားသွားသည် ထင်သည်။ ပြုံးစပ်ပြုံးစပ်နှင့် အနားမှာ အသာတကြည် လာထိုင်ရှာသည်။ ထိုအခါမှ ဒိုက်ပါဝတ်ခြင်း၊ အင်္ကျီဘောင်းဘီဝတ်ခြင်းတို့ကို အေးအေးသက်သာပြုရသည်။ သူ၏ အမှုအားလုံးအပြီးမှာ နံရံပေါ်မှာ ချိတ်ထားသော နာရီကို လှမ်းကြည့်လိုက်သည်။

ဟိုက်။ ၁ နာရီတောင် ကျော်ပြီပဲ။ ဆရာမျိုးသူ၏ သိက္ခာတင် အခမ်းအနားကို သွားဖို့ တာစူထားသည့် ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ အခမ်းအနားက တနာရီခွဲမှာ စမည်။ အခုပင် တနာရီကျော်နေပြီ။ မှီမှ မှီပါ့တော့မလား။ ကမန်းကတန်း အင်္ကျီနှင့် ဘောင်းဘီကို လဲလိုက်သည်။ သမီးဖြစ်သူ ချောလေးက အရေးထဲမှ ဖျားနေပြန်သည်။ မိသားစုကို ခေါ်ရန်မဖြစ်နိုင်တော့။ ထို့ကြောင့် သူတို့ကို ချန်ထားကာ တကိုယ်တည်းထွက်လာခဲ့သည်။ ထွက်လာသည့်အချိန်တွင် တနာရီ ဆယ့်ငါးခန့် ရှိနေပြီဖြစ်သည်။ ရထားနှင့် သွားလျင် မှီတော့မည်မဟုတ်။ တက္ကစီငှား၍ သွားရန် ဆုံးဖြတ်လိုက်ပြီး လမ်းဘေး ပလက်ဖောင်းပေါ်မှာ ရပ်လိုက်သည်။ ပလက်ဖောင်းပေါ်ကနေ တက္ကစီ တစီးစီး အလာကို စောင့်နေလိုက်သည်။ ကျွန်တော့်ရှေ့ကနေ တက္ကစီတွေ တစီးပြီးတစီး ဖြတ်သွားသည်။ အားလုံးက မအားလပ်ကြောင်း ညွှန်ပြသည် အနီရောင် မီးတွေနဲ့ချည်း ဖြစ်သည်။ မီးနီတက္ကစီတွေကို မကျေနပ်စွာ ကြည့်ရင်း အားလပ်သည့် အစိမ်းရောင်မီး တက္ကစီ တစီးစီးအလာကို စိတ်မရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။ မကြာမှီမှာပင် အစိမ်းရောင်မီးနှင့် တက္ကစီတစီးလာနေသည်ကို ၀မ်းမြောက်စွာ တွေ့လိုက်ရသည်။ လွတ်သွားမည် စိုး၍ လက်ကို အရှည်ဆုံးဖြစ်အောင် ဆန့်ထုတ်ကာ တားလိုက်သည်။ ကျွန်တော်တားသည်ကို အစိမ်းရောက်မီးနှင့် တက္ကစီသမား မြင်သွားဟန်တူသည်။ ကျွီကနဲ့ နေအောင် ဘရိတ်ကို အုပ်ကာ ကျွန်တော့်ရှေ့မှာ တုံ့ကနဲ နေအောင် ရပ်လိုက်သည်။

တက္ကစီကားပေါ် ရောက်တော့ တက္တစီသမားက ဘယ်သွားမှာလဲ သဘောနှင့် မေးငေါ့ပြသည်။ သွန်မဆင် ဘက်(ပ်)တစ်ချာ့(ပ်) လို့ ပြောတော့ တခါမှ မကြားဘူးသည့်အလား ကြောင်တောင်တောင်နှင့် ပြန်ကြည့်သည်။ သူမသိဘူး ဟု ဆိုသည်။ ကဲ မသိလဲ မပူနဲ့ ကျွန်တော်သိတယ်။ လမ်းကို ကျွန်တော်ပဲ ပြပေးမယ် လို့ ကျွန်တော် ဆိုလိုက်တော့ သူက ကျေးဇူးတင်ကြောင်း ပြောပြီး ကားကို စမောင်းသည်။ ကျွန်တော်၏ စိတ်ထဲမှာ ချာ့(ခ်ျ)ကို အချိန်မှီ ရောက်ရန် စိတ်စောနေသည်။ ဖြစ်နိုင်လျင် လေယာဉ်တစီးငှားကာ သွားလိုက်ချင်သည်။ အလျင်လိုနေသည့် ကျွန်တော့်ကို တက္ကစီသမားက အလိုက်မသိစွာ စကားကို ဖောင်ဖွဲ့ပြောနေပြီး ကားကို ဖြေးညှင်းစွာ မောင်းနေသည်။ သူနှင့် စကားပြောရသည်မှာ စိတ်မပါပေမင့် မကောင်းတတ်၍ အလိုက်အထိုက် ပြန်ပြောနေမိသည်။ စိတ်ထဲမှာတော့ မောင်မင်းကြီးသား မြန်မြန်မောင်းပါလို့ ပြောနေမိသည်။ သူကတော့ ကျွန်တော့်စိတ်ထဲက အဖြစ်ကို သိဟန်မတူ။ တောင်တောင်အီအီ ရောက်တတ်ရာရာများကို ပြောပြီး လေကြောရှည်နေသည်။ ကြာတော့ ကျွန်တော် သည်းမခံနိုင်တော့။ ကျေးဇူးပြုပြီး မြန်မြန်မောင်းပါဗျာ။ ကျွန်တော် အလျင်လိုနေလို့ ဆိုတော့မှ ဆောရီးဆောရီး ဆိုကာ စကားကိုဖြတ်၍ အလျင်အမြန်မောင်းရှာသည်။ ဒီလိုမြန်မြန်မောင်းတော့လည်း ခဏလေးနှင့် လိုရာကို ရောက်သည်။

ချပ်(ခ်ျ)ကို ရောက်တော့ အချိန်က အတော်ကို နောက်ကျနေပြီ။ ကျသင့်ငွေကိုရှင်း တက္ကစီပေါ်ကဆင်းကာ အခမ်းအနားရှိရာ ခန်းမဆောင်သို့ သွားသည့် လှေကားထစ်များကို ကျော်တက်ပြေးလွှား လိုက်သည်။ အပေါ်ထပ်ရောက်တော့ အခမ်းအနား အ၀င်ဝတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးများနှင့် စားပွဲတခုက အသင့် စောင့်ကြိုနေသည်။ စားပွဲပေါ်တွင် စာအုပ်ကြီးတအုပ်ကို ဖွင့်ထားသည်။ စာမျက်နှာ ပေါ်တွင် ဆရာ့အတွက် ဂုဏ်ပြုမှတ်တမ်းလေးများကို တက်ရောက်လာသူ အသီးသီးက ရေးထိုးထားနေသည်ကို တွေ့ရသည်။ စားပွဲမှာ ထိုင်နေသည့် မိန်းကလေးများက ကျွန်တော့်ကို မြင်တော့ ဆရာ့အတွက် မှတ်တမ်းလေး အမှတ်တရ ရေးပေးပါဟု ပြောသောကြောင့် ဘောလ်ပင်ကို ကောက်ကိုင်ကာ အောက်ပါအတိုင်း ရေးလိုက်သည်။

ကွန်ဂရက်ကျူလေးရှင်း။ ဆရာရဲ့ အမှုဆောင် ကာလတလျှောက်လုံး ဘုရားသခင် ကောင်းချီးပေးပါစေ ဆိုသော စာသားကို

အင်္ဂလိပ်လို ရေးလိုက်သည်။ ရေးပြီးမှ စုတ်ချာလှသော ကျွန်တော်၏ အင်္ဂလိပ်လက်ရေးကို ကြည့်ပြီး မကျေနပ်သောကြောင် နောက်တခါ ပြန်ရေးဖို့ ပြင်လိုက်သည်။ လက်ရေးကအရေးမကြီးပါဘူးကွာ အဓိပ္ပါယ်က ပိုအရေးကြီးတယ် လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ရင်း ပြင်ရေးမနေတော့ပဲ အခမ်းအနား ကျင်းပသည့် ခန်းမဆောင်ထဲသို့ ၀င်လိုက်သည်။ ခမ်းမဆောင်တခုလုံးသည် လူပရိတ်သတ်အများနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ခုံတန်းလျားများအာလုံး နေရာလွတ်မကျန်တော့။ ထိုင်စရာ နေရာ ရလိုရငြား ဟိုဟိုဒီဒီ ရှာဖွေကာ ကြည့်ရှုလိုက်သည်။ နေရာလွတ်က ရှာမတွေ့။ မကျေနပ်သေးသဖြင့် နောက်ဆုံး ခုံတန်းလျားများကနေ ရှေ့ဆုံးခုံတန်းလျားအထိ လျှောက်သွားပြီး တနေရာစာ ရလိုရငြား လည့်ပတ်ရှာဖွေကြည့်လိုက်သည်။ တနေရာဆို တနေရာမှ မတွေ့။ ရှာမတွေ့သည့်အဆုံး ခန်းမဆောင်၏ နောက်ဖက်သို့ ပြန်လာကာ နံရံကို မှီပြီး ရပ်လိုက်သည်။ ထိုင်လို့ မရပေမင့် အနည်းဆုံးတော့ မှီပြီး ရပ်ရန် နေရာရ၍ တော်သေးသည်။ ရပ်နေလျက်ပင် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကစား ကြည့်ရှုလိုက်သည်။ စင်မြင့်ပေါ်ရှိ ခုံတန်းပေါ်တွင်က အဖြူရောင် လက်ဝါးကပ်တိုင်ပုံပါသည့် အနီရောင်ပ၀ါ များကို လွှမ်းခြုံထားသည့် သိက္ခာတော်ရ ဆရာကြီးများက ထိုင်နေကြသည်။ မြန်မာပြည်မှ ဖိတ်ခေါ်ထားသော ဆရာကြီးများ ဖြစ်ဟန်တူသည်။ ကျွန်တော်နှင့် သိသော ဆရာတပါးတလေများ ပါမလား ဆိုပြီး ကြည့်လိုက်သေးသည်။ ကျွန်တော်သိသော ဆရာတယောက်မှ မပါ ။ မြန်မာပြည်က ဆရာများနှင့်အတူ စင်္ကာပူမှ ဆရာတော်ကြီးများကိုလည်း တွေ့ရသည်။ သူတို့ကတော့ နက်ကတိုင်နှင့် ကုတ်အင်္ကျီများကို အနောက်တိုင်း ဆန်ဆန် ၀တ်ဆင်ထားသည်။ ဘယ်ဘက် အဆုံးမှာ ကတော့ ဆရာ သြဂတ်စတပ်ကို ကျက်သရေအပြည့်နှင့် တွေ့လိုက်ရသည်။ ဆရာ့၏ ဘေးမှာတော့ ဆရာရဲဝင်းလတ်က တည်ငြိမ်စွာ ထိုင်နေသည်။

မကြာမီမှာ သီဆိုချီးမွမ်းခြင်း ဖြင့် အခမ်းအနား စတင်သည်။ ကိုသားငယ်က သီဆိုချီးမွမ်းခြင်းကို ဦးဆောင်သည်။ ကုတ်အင်္ကျီ၊ နက်ကတိုင်နှင့် အကျအန ၀တ်ဆင်ထားသော ကိုသားငယ်သည်လည်း ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည်စုံနေသည်။ တီးခတ်သော တူရိယာပစ္စည်းအသံများက ခန်းမဆောင် တခုလုံး မြိုင်ဆိုင်စွာ ပျံ့လွင်နေသည်။ ယုဒသန်နှစ်ခြင်းအသင်းတော်၏ သီဆိုချီးမွမ်းခြင်း အဖွဲ့မှ လူငယ်များ နှင့် အတူ ပရိတ်သတ်များ၏ ဂုဏ်တော်ချီးမွမ်းသံက ကျွန်တော့် နှလုံးသားထဲတွင် ၀မ်းမြောက်မှုကို ဖြစ်ပေါ်စေသည်။ သံပြိုင် ကျူးဧ သီဆိုတေးကား၊ ခန်းမတွင်မက ဘ၀ဂ်တိုင်အောင် လျှံနေသည်ဟု ထင်မိသည်။ သီချင်းများအားလုံးက အင်္ဂလိပ်လိုချည်းဖြစ်သည်။ လျှာခလုတ်မတိုက်အောင် သတိထားကာ သီဆိုနေရပေမဲ့ သီဆိုကိုးကွယ်ခြင်း နှလုံးသားကိုသာ အဓိကထားသော ဘုရားသခင် ၀မ်းမြောက်ပေလိမ့်မည်။ သီချင်း ၃ ခု ဆိုအပြီးမှာတော့ သားတော်မောင်ကြောင့် မောရတာတွေ၊ တက္ကစီသမားအား စိတ်ထဲကနေ မကျေနပ်တာတွေ၊ အားလုံး ကြက်ပျောက် ငှက်ပျောက်ပျောက်ကုန်သည်။ ဘုရားသခင်အား ကိုးကွယ်ခြင်းနှင့် စိတ်နှလုံးထဲမှာ ထားခြင်းသည် အပြစ်၏ ကျေးကျွန်ဘ၀ကနေ လွတ်မြောက်စေသည် ဆိုသည်ကို ခံစားမိခိုက်မှာပင် ကိုးကွယ်ချီးမွမ်းခြင်း အစီအစဉ် ပြီးဆုံးသွားသည်။

နောက်အစီအစဉ်ကတော့ ကျမ်းစာဖတ်ခြင်း အစီအစဉ် ဖြစ်သည်။ ဆရာတော် သြဂတ်စတပ်ကိုယ်တိုင် ဖတ်ရွတ်သည်။ ရှင်မဿဲ ခရစ်ဝင်ကျမ်းမှ အခန်းကြီး ၂၀ ၁- ၁၆ အထိ ဖတ်သွားသည်။ အခန်းငယ် ၁၆ မှ  စာသား ဖြစ်သည့်

 ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်။ 

ဆိုသည့် စာသားကို ဆရာသြဂတ်စတပ်က နှစ်ကြိမ်တိုင်တိုင် ဖတ်ရွတ်သွားသည်။ ဆရာတော် ဖတ်ပြီးသောအခါ ထိုကျမ်းပိုဒ်ကို ဟောရန် စင်္ကာပူမှ ဆရာတော်တပါးက တရားဟော စင်မြင့်တွင် နေရာယူသည်။ ကျမ်းပိုဒ်ပါ စာသားများ၏ အနက်ကို သူက ဖွင့်ဆို ရှင်းပြသည်။ စပျစ်ဥယာဉ်ကို ပိုင်သော အိမ်ရှင်သည် နံနက်စောစော အိမ်မှထွက်၍ ဥယာဉ်၌ လုပ်ဆောင်ရန် အလုပ်သမားများကို ဒေနာရိ တပြားနှင့် သဘောတူငှားရမ်းသည်။ တချက်တီးအချိန်တွင် အိမ်ရှင်သည် တဖန်ထွက်ပြန်၍ ဥယာဉ်၌ လုပ်ဆောင်မည့် သူများကို ဒေနာရိ တပြားနူန်းနှင့် ထပ်မံငှားရမ်းပြန်သည်။ ထိုသို့အားဖြင့် နှစ်ချက်တီး၊ သုံးချက်တီး၊ ဆယ်တနာရီ အချိန်များတွင်လည်း အိမ်မှ ထွက်ကာ ထို့နည်းတူ ငှားရမ်းပြန်၏။ လုပ်ခများ ရှင်းရန် အချိန်ရောက်သော အခါ၊ နံနက်မှ စ၍ ငှားရမ်းခဲ့သူများကို ကတိအတိုင်း ဒေနာရိ တပြားကို လုပ်အားခအဖြစ်  ရှင်းသည်။ ဆယ့်တနာရီအချိန်မှ ခေါ်၍ ခိုင်းသူများကိုလည်း ဒေနရိတပြားပင် ပေးသည်။ ထိုအခါ နံနက်ကတည်းက အချိန်နာရီများစွာ လုပ်ခဲ့ရသူများက  တနာရီတည်းသာလုပ်ရသည့် နောက်မှလုပ်သောသူများနှင့် တန်းတူ လုပ်အားခရခြင်းအပေါ် မကျေနပ်ကာ အိမ်ရှင်အား မတရားဟု အပြစ်ဆိုသည်။

ထိုနေရာ၌ တရားဟော ဆရာက ခေတ္တရပ်ကာ လူ၏ စိတ်သည် ထိုကဲ့သို့ သဘောမျိုးရှိတတ်သည်ဟု ဆိုသည်။ မိမိနောက်မှ လာသောသူသည် မိမိထက် သာလွန်သွားသည့် အခါမျိုးတွင် ဣသာမိစ္ဆရိယ စိတ်မျိုး ဖြစ်ပေါ်တတ်သည်။  အမျက်ဒေါသထွက်တတ်သည်။ နောက်မှ လာသူသည် ချီးမြှောက်ခြင်းကို အမှန်တကယ်ပင် ရသင့်ရထိုက်၍ ရသွားသည့်အခါ ပေါက်ဖွားလာသည့် မနာလိုစိတ်သည် မဖြစ်သင့်မဖြစ်ထိုက်သော မနာလိုမှု ဖြစ်သည်။ နောက်မှ လာသူသည် ချီးမြှောက်ခြင်းကို ထိုက်တန်ခြင်းမရှိပဲ ရသွားအခါ စိတ်ထဲမှာ ဖြစ်ပေါ်လာသည် မနာလိုမှုသည် ဖြစ်သင့်ဖြစ်ထိုင်သည့် မနာလိုမှု ဖြစ်သည်။ ထိုအခါ မခံချင်စိတ်လည်း ဖြစ်ပေါ်တတ်သည်။ မတရားဘူးဟုလည်း ခံစားရတတ်သည်။ ကြွရောက်လာသော ပရိတ်သတ်များကြားထဲတွင် ထိုကဲ့သို့ စိတ်ထားမျိုးရှိပါသလားဟု တရားဟောဆရာက မေးမြန်းသည်။ ဓမ္မဆရာများရဲ့ နှလုံးသားများထဲမှာ၊ အသင်းတော်ခေါင်းဆောင်များရဲ့ နှလုံးသားထဲမှာ၊ အသင်းသားများရဲ့ နှလုံးသားထဲမှာ ဆရာမျိုးသူအား ချီးမြှောက်ခြင်းအပေါ် မနာလို ၀န်တိုမှုများ ရှိပါသလားဟု လှည့်ပတ် မေးမြန်းသည်။ ခန်းမတခုလုံးက ငြိမ်နေသည်။ မည်သည့် တုန့်ပြန်မှုမှ မကြားရ။ ထောင်ကျော်ရှိနေသော ခန်းမထဲရှိ ပရိတ်သတ်များ၏ နှလုံးသားအသီးသီးထဲတွင် ထိုကဲ့သို့သော စိတ်မျိုး မရှိတန်ရာ။

ထိုသို့ စိတ်ငြိမ်နေစဉ်မှာပင် အခမ်းအနား အစီအစဉ်စာရွက်ကို ကျွန်တော်ပြန်ကြည့်သည်။ ဆရာတော် သြဂတ်စတပ်၏ နှလုံးသားအိမ်မှ စာစုလေးကို ဖတ်မိသည်။ ထိုစာစုလေးက တိုတောင်းသော်လည်း ထိမိသည်။ ဘုရားသခင်သည် လူ၏နှလုံးသားကို တန်ဖိုးထားကြောင်း ရေးသားထားသည်ကို ခွန်အားဖြစ်စွာ ဖတ်ရှုမိသည်။ ဟုတ်သည် နှလုံးသားသည် ဘုရားသခင်အတွက် အရေးကြီးပေသည်။ ဖြူစင်သောနှလုံးသားနှင့် ဆက်ကပ်ခြင်းကို ဘုရားသခင်လိုလားသည်။ ညစ်ထေးနေသော နှလုံးသားနှင့် ဆက်ကပ်ခြင်းကို ဘုရားသခင်မလိုလား။ ဖြူစင်သောနှလုံးသားနှင့် ဆပ်ကပ်သော သူတို့၏ လုပ်ရပ်သည် ကျောက်သံပတ္တမြားများဖြစ်ပြီး မီးနှင့် စစ်သောအခါ ပျက်စီးသွားမည် မဟုတ်။ ညစ်ထေးသော နှလုံးသားဖြင့် ဆက်ကပ်သော သူတို့၏ လုပ်ရပ်သာ ကောက်ရိုးမြက်ခြောက်များကဲ့သို့ ဖြစ်၍ မီးနှင့် စစ်သောအခါ လောင်ကျွမ်းပျက်စီးကြပေလိမ့်မည်။ ခန်းမထဲရှိ ယုံကြည်သူအယောက်စီတိုင်း ညစ်နွမ်းသော ထိုစိတ်မျိုး ရှိကြလိမ့်မည်မထင်။

တရားဟော ဆရာသည် အဘယ်ကြောင့် ထိုကဲ့သို့သော တရားကို ဟောသည်ကို ကျွန်တော် စဉ်းစား၍ မရ။ သိက္ခာတင်ပွဲ အခမ်းအနားများတွင် ထိုကဲ့သို့ ဖြစ်တတ်ကြ၍ ဟောသည်လော။ သို့တည်းမဟုတ် မဖြစ်ကြရန် ကြိုတင် ကာကွယ်လို၍ ဟောသည်လော ဆိုသည်ကို ကျွန်တော် မသိ။ သို့ပါသော်လည်း ထိုကဲ့သို့သော မနာလိုခြင်းရှိသည့် စိတ်ထားမျိုး ကျွန်တော့်အသင်းတော်တွင် မရှိစေချင်ပါ။ ယုဒသန်အသင်းတော်တွင် မရှိစေချင်ပါ။ ယုဒသန်အသင်းတော်တွင်သာ မဟုတ်။ စင်္ကာပူရှိ အသင်းတော်များတွင်လည်း မရှိစေချင်ပါ။ တကမ္ဘာလုံးရှိ အသင်းတော်များတွင်လည်း မရှိစေချင်ပါ။ တရားသော်ငြားလည်း ဖြစ်ပေါ်တတ်သည့် မဖြစ်သင့် မဖြစ်ထိုက်သော မနာလိုခြင်း၊ မတရားသောကြောင့် ဖြစ်သင့်ဖြစ်ထိုက်သော မနာလိုခြင်း နှစ်ရပ်စလုံး ဘယ်မနာလိုခြင်းမျိုးမှ မရှိစေသင့်ပါ။

ကျွန်တော်၏ အတွေးများကို တရားဟော ဆရာက ဖြတ်တောက်လိုက်သည်။ တရားဟောဆရာက အကယ်၍များ ဆရာမျိုးသူအား ချီးမြှောက်ခြင်းကို မတရား ဘူးဟု ခံစားမိလျင် ခရစ်တော်ကို သတိရပါ။ ခရစ်တော်သည် မိမိအပြစ်တပြားမှပင် မရှိပါပဲလျက် မတရားသဖြင့် လက်ဝါးကားတိုင်တင်ကာ အသေခံခဲ့ရပါသည်။ ခရစ်တော်က သူခံရတာ မတရားဘူးဟု ဆိုကာ လက်ဝါးကပ်တိုင်၌ အသေခံတော်မမူလျင် ကျွန်တော်တို့လည်း ကယ်တင်ခြင်းရမည် မဟုတ်ပါ။ ရှင်ပေါလုကလည်း မတရားမှုကို သီးညည်းမခံခဲ့လျင် တိုင်းတပါးသားဖြစ်သော ကျွန်တော်တို့လည်း ကယ်တင်ခြင်း သတင်းကောင်းကို ကြားရမည် မဟုတ်ပါ။ ထိုကြောင့် တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ ခရစ်တော်နှင့် ရှင်ပေါလုတို့ကို စံနမူနာ ပြု၍ မနာလိုကင်း၊ ၀န်တိုရှင်းကာ အမှုတော်မြတ်ကို ဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းသွားသည်။  တရားဟောခြင်းကို အဆုံးသတ်သည့်အနေဖြင့် "နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်။" ဆိုသည့် ကျမ်းပိုဒ်ကို ရှင်းလင်းသည်။ ရှေ့သို့ အရင်ရောက်ရန် "ငါ" ကို ရှေ့တန်းတင်လျင်လည်းကောင်း၊ မိမိကိုယ်ကို ရှေ့ဆုံးမှာ ထား၍ ချီးမြှောက်လျင်သော်လည်းကောင်း၊ ထိုသူသည် နောက်ကျကျန်ရစ်ခဲ့လိမ့်မည်။ သို့ပါသော်လည်း "ငါ"ကို နောက်မှာထား၍ အမြဲ နောက်ဘက်မှာနေလျင်သော်လည်းကောင်း၊ နှိမ့်ချစွာ အမှုတော်ကို ဆောင်ရွက်လျင်သော်လည်းကောင်း၊ ထိုသူသည် အရင်ဆုံးကျသည့် ရှေ့ဆုံးတန်းကို တွန်းပို့ခြင်း ခံရလိမ့်မည်ဟု လေးနက်သော တရားကို ဖွင့်ပြ ရှင်းလင်းသွားသော တရားဟောဆရာအား မှန်လိုက်လေ ဟု ကျွန်တော် ထောက်ခံလိုက်သည်။  

ကျွန်တော့်အမြင်တွင် ဆရာမျိုးသူသည် ထိုက်တန်စွာ ချီးမြှောက်ခြင်း ခံရသော သူ တယောက်ဖြစ်သည်။ ဆရာနှင့် ကျွန်တော် ထဲထဲဝင်ဝင် သိကျွမ်းခြင်း မရှိသော်လည်း ဆရာ၏ စိတ်သဘောထားကို ကျွန်တော်ကျက်မိသည်။ ဆရာသည် အလွန်ပင် သိမ်မွေ့သည်။ အကျင့်စာရိတ္တဆိုင်ရာ၌လည်း ပုံသက်သေကောင်း ပြနိုင်သည်။ နှလုံးသား ဖြူစင်သည်။ ပညာတတ်တယောက် ဖြစ်ငြားသော်လည်း မာနမရှိ။ အမြဲ နှိမ့်ချသောသူ တယောက် ဖြစ်သည်ကို ကျွန်တော်ထိတွေ့ခံစားဘူးသည်။ ကျွန်တော်သည် လူတယောက်ကို တန်ဖိုးဖြတ်ရာ၌ သူ၏ ပိုင်ဆိုင်မှုကို ကြည့်၍ တန်ဖိုးမဖြတ်ပါ။ သူ၏ ပညာကို ကြည့်၍လည်း တန်ဖိုးမဖြတ်ပါ။ သူ၏ လုပ်နိုင်စွမ်းရည်ကို ကြည့်၍လည်း တန်ဖိုးမဖြတ်ပါ။ သူ၏ တန်ခိုးပါဝါကို ကြည့်၍ အထင်မကြီးပါ။ သူ၏ ရာထူးဌာနန္တာရကို ကြည့်၍လည်း မရိုသေပါ။ ကျွန်တော် လေးစားသော သူမျိုး တမျိုးတည်းသာ ရှိသည်။ "ခရစ်တော်၌ ရှိသောလူ" ၏ ဖြောင့်မတ်ခြင်းမျိုးရှိသော သူကိုသာ ကျွန်တော် ရိုသေလေးစားပါသည်။ ဆရာမျိုးသူတွင် ထိုကဲ့သို့သော ဖြောင့်မတ်ခြင်းမျိုးကို ကျွန်တော်တွေ့ရသည်။ ထိုဖြောင့်မတ်ခြင်း တခုတည်းနှင့်ပင် ဆရာသည် ထိုက်တန်စွာ ချီးမြှောက်ခြင်း ခံထိုက်သည်ဟု ကျွန်တော်ထင်သည်။ ထို့အပြင် ဆရာသည် ကျွန်တော့်အတွက် သမ္မာတရားများကို နားလည်အောင် အားထုတ်ခြင်းအရာ၌ အကူအညီများစွာ ပေးခဲ့သည်။ ကျွန်တော်မေးသမျှကို ဆရာစိတ်ရှည်လက်ရှည် ဖြေသည်။ နားလည်အောင် ရှင်းပြသည်။ ကျွန်တော်၏ ၀ိညာဉ်ရေးရာ ကျဆင်းနေချိန်များ၊ တိုက်ခိုက်မှုများကို ခံနေရသည့် အချိန်များတွင် ဆရာသည် ကျွန်တော့်အပေါ် အားပေးဖေါ် ဖြစ်ခဲ့သည်။ ဆရာသည် ပညာပြည့်ဝ၊ နှလုံးလှသူ တယောက် ဖြစ်သည်မှာ သေချာသည်။ ဆရာကဲ့သို့သော လူမျိုးကို ချီးမြှောက်ခြင်းအား မတရားဘူးဟု ခံစားမိသူများ မရှိပါစေနှင့်။

တရားဟောခြင်း အစီအစဉ်ပြီးသော အခါ ဆရာမျိုးသူ၏ အတ္တုပတ္တိအကျဉ်းနှင့် စင်္ကာပူနှစ်ခြင်းအသင်းချုပ်ကောင်စီ၏ အစီရင်ခံစာ ကို ဖတ်ကြားသည်။ ဆရာသည် ၁၉၈၃ ခုနှစ်တွင် စင်္ကာပူသို့ လာရောက် ပညာသင်ကြားခဲ့ပြီး၊ ရေကြောင်း အင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှတဖန် လေယာဉ်မှူးသင်တန်းကို တက်ရောက်ခဲ့ပြီး စင်္ကာပူလေကြောင်းလိုင်းတွင် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှ နေ၍ ဘုရားသခင်၏ ရွေးကောက်ခြင်းကို ခံခဲ့ရပြီး ယုဒသန်နှစ်ခြင်း အသင်းတော်တွင် လက်ထောက်သင်းအုပ်အဖြစ် အမှုတော်မြတ်ကို ထမ်းဆောင်ခဲ့သည်။ သီအိုလော်ဂျီ ဘွဲ့ကိုမူ စင်္ကာပူ ရှိ ကျမ်းစာကျောင်း တွင် ရယူခဲ့ကာ အမှုတော် သက်တမ်း ၅ နှစ်ကျော်တွင် သိက္ခာတော်ရ ဆရာအဖြစ် ချီးမြှင့်ရန် ရွေးချယ်ခံရခြင်း ဖြစ်သည်။ သိက္ခာတော်ရ ဆရာဖြစ်ရန် အရည်အချင်းစစ် စာမေးပွဲများကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီး အသင်းတော်အုပ်ချုပ်ခြင်းနှင့် ပတ်သက်သည့် အရာများကို လက်တွေ့ကျကျ ဖြေဆိုနိုင်ခဲ့သဖြင့် ယခုကဲ့သို့ သိက္ခာတော်ရ ဆရာအဖြစ် အခမ်းအနားနှင့် ချီးမြှင့်ခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။ ဘွဲ့ရပညာတတ်သော ဆရာသည် မိမိတတ်ကျွမ်းသော လောကီပညာရပ်များဖြင့် ငွေကြေးမြောက်များစွာကို ရှာဖွေနိုင်ပါလျက်၊ ဘုရားသခင်၏ ခေါ်ခြင်းကို နားငြောင်းပြီး အမှုတော်မြတ်၌ ခြေစုံပစ်ဝင်ကာ ထမ်းဆောင်နိုင်မှုအပေါ် ကျွန်တော် အံ့သြလေးစားမိရပေသည်။


အခမ်းအနား အစီအစဉ်အရ ဆရာမျိုးသူအား သိက္ခာတော်ရ ဆရာကြီးများ အားလုံးလက်တင်၍ ဘိသိက် ပေးကြသည်။ ထို့နောက်မှ ဆရာတော်သြဂတ်စတပ်မှ ဆရာ့အတွက် သိက္ခာတော်ရ ဆရာများဝတ်ဆင်လေ့ရှိသော အနီရောင် ပုဝါ ၀တ်ရုံလွှာကို ၀တ်ဆင်ပေးသည်။ ဆရာနှစ်ပါး ထိုသို့ တယောက်က တယောက်ကို ချီးမြှောက်ခြင်းကို မြင်တွေ့ရသော ကျွန်တော် အလွန်ပင် ၀မ်းမြောက်မိသည်။ ထိုမြင်ကွင်းလေးသည် ယုဒဿန်နှစ်ခြင်း အသင်းတော်၏ အနာဂတ်ကို ပုံဆောင်သော မြင်ကွင်းပင် ဖြစ်သည်။ ကြီးသူက ငယ်သူကို  လက်တွဲခေါ်ယူခြင်း၊ ငယ်သူက ကြီးသူကို လေးစားခြင်း သဘောကို ထိုမြင်ကွင်းတွင် တွေ့ရသည်။ ထိုနောက်မှ ဆရာမျိုးသူက ကျေးဇူးတင်စကား ပြောကြားရင်း ယုဒဿန် နှစ်ခြင်းအသင်းတော်အတွက် ကျရာနေရာမှ ထမ်းဆောင်မည် ဖြစ်ကြောင်းကို အာဗြဟံ၏သား ဣဇာက်အတွက် ကြင်ယာရှာပုံတော် အကြောင်းနှင့် ဆက်စပ် ပြောဆိုသည်။ ဣဇက်အတွက် ကြင်ယာရှာသည့်အခါ ပါဝင်သည့် လူများဖြစ်သည့် ဣဇာက်၊အာဗြဟံ၏ကျွန်၊ကုလားအုပ်၊ရေဗက္က၊ရေဗက္ကအထိန်းတော် စသည်တို့ ရှိသည့် အနက်မှ ဝေယျာဝစ္စ အမှုများကိုသာ ဆောင်ရွက်သည့် ရေဗက္ကအထိန်းတော် နေရာတွင် သူပါဝင်ဆက်ကပ်ပါမည် ဟု ပြောဆိုသည့်အခါ ကျွန်တော်သည် ဆရာ၏ နှိမ့်ချ ခြင်းအရာကို မလေးစားပဲ မနေနိုင်ပါ။ နောက်တန်းမှာ နေ၍ အမှုကို ထမ်းမည့် စိတ်ထားရှိသော ဆရာ့ကို "နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်" ဟု ဆိုသည့်အတိုင်း ဘုရားသခင်သည် ရှေ့မှာထား၍ ချီးမြှောက်လိမ့်မည် ဆိုသည်ကို ကျွန်တော် ရဲရဲကြီး ပြောရဲပါသည်။

အခမ်းအနားကို သိက္ခာတော်ရဆရာ တည်းဟူ ရာထူးကို ပူပူနွေးနွေး ရရှိထားသော ဆရာကိုယ်တိုင်က လက်တင် ကောင်းချီးပေးကာ အဆုံးသတ်လိုက်သည်။ အခန်းအနားအပြီး ဆရာနှင့်အတူ ဓါတ်ပုံရိုက်ခွင့်ရရန် အကြာကြီး ကျွန်တော် ထိုင်စောင့်သည်။ လူအများနှင့် တွဲလျက် ဓါတ်ပုံများရိုက်နေသည်ကို စိတ်ရှည်လက်ရှည် ထိုင်စောင့်အပြီး လူရှင်းသောအခါ ဆရာနှင့်အတူ ကျွန်တော် အမှတ်တရ ဓါတ်ပုံ ရိုက်ခဲ့သည်။ ထိုသို့ ဓါတ်ပုံ ရိုက်ခဲ့ရသည့် အချိန်သည် ကျွန်တော့်အတွက် ဂုဏ်ယူဝမ်းမြောက်စရာ အကောင်းဆုံး အချိန်ဖြစ်သည်။ ကျွန်တော့်ကဲ့သို့ပင် ယုဒဿန်အသင်းတော် ဆရာတော်သြဂတ်စတပ် အပါအ၀င် အသင်းတော်ခေါင်းဆောင်များ၊ အသင်းသူအသင်းသားများလည်း ဆရာ့အတွက် ဂုဏ်ယူကြမည်ဆိုသည်ကို ကျွန်တော် အတပ်သိပါသည်။ ဤအခမ်းအနားသည် "ခရစ်တော်၌ ရှိသောလူ" တယောက်ကို ထိုက်ထိုက်တန်တန် ချီးမြှောက်လိုက်သော မင်္ဂလာအခမ်းအနား တရပ်ဖြစ်ကြောင်း နှင့် ယုဒဿန် အသင်းတော်ကြီး အဓွန့်ရှည် တည်တံ့ရန်အတွက် အုတ်မြစ်ကောင်းတခုကို ချလိုက်သော အခမ်းအနားတခုလည်း ဖြစ်ကြောင်းကို သိမှတ်ရင်း ဆရာမျိုးသူအား ဤဆောင်းပါးဖြင့် ရေးသား ဂုဏ်ပြုလိုက်ရပါသည်။ ဆရာ နှင့် ဆရာ၏ သာသနာသည် အသင်းတော်နှင့် အတူ တည်တံ့ ခိုင်မြဲပါစေသော်။

နာမတော်အားဖြင့်

ဇော်ထူး

 

 

ဝိညာဉ်ရေးရာ Spiritual (random article)

ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ Year-End Sermon, PRESSING ON


သူ့အမည်ကတော့ ဒိုင်ယာနာညတ် လို့ခေါ်ပါတယ်။ ကျူးဘားနဲ့ဖလော်ရီဒါ ၁၆၄ ကီလိုမီတာခရီးကို ၅၄နာရီ ရေကူးပြီးအောင်မြင်စွာကမ်းတက်လာတဲ့ ပုံဖြစ်ပါတယ်။ အင်မတန်နွမ်းလျှပြီး ဂျယ်လီငါးကိုက်မှု၊ ငါးမန်းတိုက်ခိုက်မှုအန္တရယ်၊ ပင်လယ်ဆားငံရေမှာ နေ့၊ ည အဆက်မပြတ်ကူးလာတဲ့ ဒိုင်ယာနာ အသက်၆၄နှစ်ဖြစ်ပါတယ်။ သူမ အသက်၂၀ကျော် အရွယ်ကောင်းတုန်းက ဖြတ်ကူးခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အသက်၆၀အရွယ်မှာ သူမဘဝအတွက် အခက်အခဲဖြတ်ကျော်ဖို့ ပြန်လည်လေ့ကျင့်ပါတယ်။ ရေမကူးတာ နှစ်၃၀ကျော်ကြာပြီဖြစ်ပြီး ၃နှစ်မှာ ၂ကြိမ်ထပ်မံကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အခု နောက်ဆုံးအကြိမ် အသက်၆၄နှစ်မှာတော့ အောင်မြင်စွာနဲ့ ဖလောရီဒါကမ်းခြေကို တက်လာနိုင်ခဲ့ပါတယ်။

ဒီနှစ် ၂၀၁၃ မှာ မအောင်မြင်ကျဆုံးမှု၊ အောင်မြင်ခဲ့မှုတွေကို ပြန်စဉ်းစားပါ။

ဖိလပ္ပိ ၃း၁-၁၅ ရှင်ပေါလုက သူ့ဘဝရည်ရွယ်ချက်ကို ဖေါ်ပြပါတယ်။ သူဟာ နာမည်ကျော် ဖာရိရှဲ ဆရာကြီးရဲ့ တပည့်ကျော်တစ်ဦးဖြစ်ပြီး၊ ရောမနိုင်ငံသားလက်မှတ်ကို ကိုင်ဆောင်သူဖြစ်တယ်။ အကျင့်ပိုင်းဆိုင်ရာမှာ ဖာရိရှဲတစ်ယောက်အနေနဲ့ သိက္ခာရှိတယ် ထင်စရာရှိပေမဲ့ အားလုံးသော အောင်မြင့်မှုများဟာ တနည်းအားဖြင့် မစင်ကဲ့သို့ငါထင်မှတ်တယ်လို့ ဆိုပါတယ်။ ခရစ်တော်ကို ယုံကြည်ပြီးနောက်မှ ရရှိတဲ့ ဖြောင့်မတ်ခြင်းကြောင့် ယေရှုခရစ်အားဖြင့် ဆိုင်သောဆုရခြင်းငှါ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏..လို့ ဆိုပါတယ်။ ရှင်ပေါလုဟာ ခရစ်တော်ကို သိသောပညာ အဘယ်မျှလောက်မြတ်တယ်ဆိုတာ သိပြီး ခပ်သိမ်းသောအရာတို့ကို ရှုံးစေတဲ့အရာလို့ ထင်မှတ်ပါတယ်။

ရှင်ပေါလုကို ဒမတ်စကပ်မြို့လမ်းမပေါ်မှာ အလင်းတန်းနဲ့ လဲကျ၊ မျက်လုံးကန်း၊ လဲကျသွားချိန်မှာ ရှောလု၊ ရှောလု.. အဘယ့်ကြောင့်ငါ့ကိုညှင်းဆဲသနည်း ဆိုတဲ့ ယေရှုရဲ့အသံကိုကြားပြီး ပြောင်းလဲခဲ့ပါတယ်။

၂ရာ ၂၆ မှာ သြဇိမင်းနန်တက်ပြီး ထာဝရဘုရားရှေ့တော်မှာ တရားသောအမှုကိုပြုတယ်။ ဘုရားသခင်ကို ဆည်းကပ်တယ်။ ထို့အတွက် အကြံအောင်ရပြီး၊ စစ်နိုင်ခဲ့တယ်။ လက်ဆောင်ပဏ္ဍာများ ဆက်သခံရတယ်။ စစ်အင်အား အလွန်ကြီးမားပြီး ယေရုရှလင်မြို့ မှ သိတင်းတော်အနှံအပြားကျော်ကြားခဲ့ပါတယ်။ သို့သော် တန်ခိုးကြီးလာတဲ့အခါ အကျိုးနဲအောင် ထောင်လွှားတဲ့စိတ်ထလာပြီး ထာဝရဘုရားဗိမာန်တော်ထဲဝင်၊ ယဇ်ပလ္လင်ပေါ်၊ နံ့သာပေါင်းမီးရှို့တဲ့ ဘာမဆိုလုပ်နိုင်တယ်ဆိုပြီး လုပ်ခဲ့ပါတယ်။ ယဇ်ပယောဟိတ်အလုပ်ကိုပါ ဝင်လုပ်တဲ့အချိန် နူနာရောဂါ နဖူးမှာပေါ်လာပြီး၊ ဘုရင်အရာကဖယ်ရှားခံခဲ့ရပါတယ်။

အောင်မြင်မှုတွေအပေါ် ဝါကြွားစရာမရှိသလို၊ ရှုံးနိုမ့်မှု၊ ကျဆုံးမှုများအပေါ်လည်း ရှင်ပေါလုကဲ့သို့ ခရစ်တော်၌ အသစ်ဖြစ်စေရပါမယ်။



နောက်ထပ် ပြောပြချင်သူ တစ်ဦးကတော့ လောလောဆယ် ကွယ်လွန်သွားတဲ့ နယ်လဆင်မန်ဒဲလာ ဖြစ်ပါတယ်။ တောင်အာဖရိကမှာ အသားရောင်ခွဲခြားမှုကို ဆန့်ကျင်သူနိုင်ငံရေးသမားအဖြစ် ၁၉၆၂ မှ ၁၉၉၀ အထိ ၂၆နှစ်ထောင်သွင်းအကျဉ်းချခံရပါတယ်။ ပြန်လွတ်လာပြီး ရွေကောက်ပွဲဝင်၊ ၁၉၉၄မှာ တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတဖြစ်လာခဲ့ပါတယ်။ သူထောင်ကျစဉ်မှာ ဆုံးရှုံးမှုများစွာရှိပါတယ်။ အကျဉ်းသားကျောက်ထုတဲ့အလုပ်လုပ်ရင်း မျက်စိပျက်စီးခဲ့ရတယ်။ အဆုတ်ရောဂါရခဲ့တယ်။ မိခင်သေဆုံးတာလဲ သွားခွင့်မရ၊ မိသားစုနဲ့လည်း မတွေ့ရပါဘူး။ ထောင်ထဲမှာ အခက်ခဲများစွာ နေထိုင်ခဲ့ခြင်းများဟာ နောင်တချိန်သမ္မတဖြစ်ဖို့အတွက် ရင့်ကျက်မှု၊ အကျိုးကျေးဇူးများဖြစ်ပါတယ်။

ရှင်ပေါလု ရဲ့ ဖိလိပ္ပိ ၃း၁၀ အမှာ ဘုရားကိုသိသွားတဲ့နောက်ပိုင်း ဖြစ်သမျှ၊ အခက်အခဲ၊ ဆုံးရှုံးမှုအားလုံးကို ဘုရားသခင်ဆီ ဝန်ထုပ်တွေတင်ပစ်လိုက်ပါ။ Faith & Trust ယုံကြည်ခြင်းနဲ့အတူ ကိုးစားခြင်းများ တွဲရက်ဖြစ်ပေါ်လာပါတယ်။ ငါတို့ကျင့်သော အကျင့်မူကား ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျှက်ရှိတယ် ဆိုပြီး၊ သခင်ယေရှုရဲ့ ကားတိုင်ပေါ်အသေခံတဲ့ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းနဲ့ အသစ်ပြင်ဆင်တော်မယ်ဖြစ်ပါတယ်။

ကျူးဘား-ဖလောရီဒါကို အောင်မြင်စွာရေကူးပြီး ကမ်းပေါ်တက်လာသူ ဒိုင်ယာနာ အသက်၆၄နှစ်က သတင်းထောက်များကို လက်၃ချောင်းထောင်ပြပြီး၊ မောပန်းပေမဲ့ အင်အားရှိတဲ့ စကားကိုပြောနိုင်ပါသေးတယ်။ Never Give Up ဘယ်တော့မှလက်မလျှော့ဖို၊ အိုပြီဆိုတဲ့စိတ်မထားဖို့နဲ့ အောင်မြင်ခြင်းရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

သခင်ခရစ်တော်ယေရှုကို သိသောပညာသည် အဘယ်မျှလောက် မြတ်သည်ကိုထောက်၍ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။ ထို့သခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီး၊ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင်ကောင်းလျှင်၊ ကိုယ်တော်သည် အသေခံတော်မူသည်နည်းတူ၊ ငါသည်လည်း အသေခံ၍ ထိုသခင်ကို၎င်း၊ ထမြောက်တော်မူခြင်းကို ဆက်ဆံ၍ ခံခြင်းကို၎င်း၊ သိကျွမ်းခြင်းငှါ ပညာတ်တရားအားဖြင့် ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ရသော ဖြောင့်မတ်ခြင်းတည်း ဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့် ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည်အကြောင်း ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။ ထိုသို့ဆိုသော် အကျိုးကို ခံရပြီ၊ စုံလင်ခြင်းသို့ ရောက်ပြီဟု ငါမဆိုလို၊ အကြင်အကျိုးကို ပေးခြင်းငှာ ခရစ်တော်သည် ငါ့ကို ကိုင်ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍ လိုက်သေး၏။ ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကို ကိုယ် မထင်သော်လည်း၊ ငါပြုသော အမှုတခုဟူမူကား၊ နောက်ကျသောအာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသော အရာတို့ကို လှမ်းကမ်း၍၊ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။

ဖိလိပ္ပိ ၃း၁၂-၁၄ ကို ပြန်လည်ပြောပြပြီး ကုန်လွန်ခဲ့ပြီဖြစ်တဲ့ 2013 နှစ်ဟောင်းမှ ခွန်အားယူခြင်း၊ ဆုတောင်းပေးခြင်းများ၊ ကောင်းကြီးပေးခြင်းများနဲ့ တရားဒေသနာကို အဆုံးသတ်ပါတယ်။

Pastor Lim Kee Oon
Woodlands Evangelical Free Church   www.wefc.org.sg
29 Dec 2013 (Sunday)

 

Footer Monthly Articles & Web.Blogs

 

ဝိညာဉ်ရေးဆိုင်ရာလစဉ်ရွေးချယ်ထားသောမုရန်ဆောင်းပါးအချို့

 


Our Friendly Web & Blogs Links
jbcs.org.sg/main
woorank.com/en/www/sawpatrick.net
moemaka.com/2012/06/guest-writer-ပြည်သူတို့လိုချင်နေတ
spiritlessons.com/languages/index.htm
thawthikho.blogspot.com/2010/02/blog-post_9931.html
mahnkoko.blogspot.com.au
divinerevelations.info/languages/index.htm
mcathailand.com
myanmarinsingapore.com
karenfamily.org/profiles/blogs/links-1
zomimessenger.com/2012/09/column-music-column-extra-links-holy.html
streamoflife99.com/articles/jesus18yrsproblem.html
tudoenkung.wordpress.com/online-bibles
burmesebible.com/links.htm
jinghpawtingsan.blogspot.com/2011/04/morphvox-junior-voice-changer.html
sawkyawoo.com/2011/10/website_21.html
bethelkhrihfabu.net/nitin-bible-relnak.html
immanuelmyanmarchurch.com/apps/blog
mahnkoko.blogspot.com.au/2012/06/blog-post_10.html
kc-nl.blogspot.in/2011/09/2011-ning-ladaw-kcnl-nawku-hpung-wai.html
laaituibaptistchurch.com
mahnkoko.blogspot.com/2012/07/normal-0-false-false-false-en-au-x-none.html
mcflondon.com
dawnathar.blogspot.com/2010/11/blog-post_8330.html
imcwheaton.org
kc-nl.blogspot.com/2012/05/atrocities-in-kachin-land.html
kokomaunguk.blogspot.co.uk/2012/01/blog-post_21.html
sawpatrick.net
shinthan.com
bangkokchristchurch.net
batupuei.webs.com
burmesebible2008.blogspot.com/2009/10/typhoon-in-philippines.html
globalmcf.ning.com
intouchcnet.com
karanilan.webs.com/apps/videos/videos/show/5464117
kokomaunguk.blogspot.com.au/2012/06/blog-post_09.html
kokomaunguk.blogspot.sg/2012/08/blog-post_8666.html
mcctulsa.com
mgchit.blogspot.in/2012/08/blog-post_18.html
mmwebgallery.com
nlbcusa.wordpress.com
sawchit.blog.com/2011/06/12/ကျီးတို့အလယ်မှ-ဒေါင်း
sawchitthu.blogspot.com/2012/03/software-license-version.html
simonkamta.blogspot.com/p/mp3-download_16.html

swecanaan.blogspot.com/2012/09/andriod-phone-program.html
thelordword.com
tkbc-japan.net
bangkokchristchurch.net

haineni.ning.com
bangkokchristchurch.net
globalmcf.ning.com/
thawthikho.blogspot.com
orangeask.com
miccfortwayneusa.blogspot.com
mcflondon.com
kokomaunguk.blogspot.com

mission-one.co.cc                   
chanlinnay.mandalaybloggers.org

thespiritfruit.com
mg-m.blogspot.com  ကျမ်းစာလေ့လာနည်းများ
mcbc4u.blogspot.com မုရန်ဆောင်းပါးအချို့.
www.myatmingalar.com/ မြတ်မင်္ဂလာဒေသနာများ
myanmar-odb.org နေ့စဉ်ခွန်အား(မြန်မာ)

Ref:

http://www.alexa.com

Facebook Twiter Google Buttons

ရယ်ရွှင်ဘွယ်ရာ (Random Selection)

တစ်ခါတုံးက ဘုရားသခင်နဲ့ မွေ့လျော်နေထိုင်တဲ့ သူဌေးတစ်ယောက်ဟာ သူသိပ်ချစ်တဲ့ ဇနီးသည်ရဲ့ငွေကြေးမက်မောမှုကို သည်းမခံနိုင်တော့တဲ့အတွက် ပြက်စဲဖို့သဘောတူလိုက်ပါတယ်။ လက်မှတ်ထိုးပေးမယ် ..ငါ့မှာရှိတဲ့ပိုင်ဆိုင်မှုတွေထဲက မင်းကြိုက်တာကိုပေးမယ်..လို့ ပြောလိုက်တယ်။

မိန်းမဖြစ်သူလည်း ဒီစကားကြားချင်တာ ကြာလှပြီပဲ..။

တရားဥပဒေနည်းနဲ့တောင်းရင်ကောင်းမလား၊
ဒါမှမဟုတ် သူဌေးကြီးရှိသမျှအကုန်လုံးပေး လို့တောင်းရအောင်လည်း မတောင်းသင့်ဘူး၊ သူများကြားလို့လဲမကောင်းဘူး။
ဒီတော့ သူဌေးကြီးရဲ့ပိုင်တဲ့ပစ္စည်းတွေရဲ့ တ၀က်လောက်တန်ဘိုးကို တောင်းမလား .

၂ယောက်စလုံး တိတ်ဆိတ်စွာ၊ စဉ်းစားနေကြပါတယ်။

တစ်ညတာစဉ်းစားပြီး နောက်တစ်နေ့မှာ သူဌေးကြီးရဲ့ ဇနီးသည်က မျက်ရည်များနဲ့ သူဌေးကြီးကိုဖက်လိုက်ပြီး..

ရှင်ပိုင်တဲ့ပစ္စည်းဖြစ်တဲ့ ရှင့်ကိုပဲ လိုချင်ပါတယ် ...လို့ပြောလိုက်ပါတယ်။

ဒီဥစ္စာပစ္စည်းတွေကို ရှာဖွေသူတာ ဒီ..အသက်ရှိတဲ့ သူဌေးကြီးပဲမဟုတ်ပါလား။

သူဌေးကြီးက ပြောင်းလဲစဖြစ်တဲ့ဇနီးသည်ကို နှစ်သိမ့်၊ပွေ့ဖက်ပြီး  - အားလုံးကို ဘုရားသခင်ပိုင်တာပါ ..  လို့ပြောပါတယ်..

 

ဗဟုသုတဆောင်းပါး (Random Selection)

မြန်မာပြည်မှာ ပညာရေးဝန်ထမ်းတွေရဲ့ဘဝက အနိမ့်ကျဆုံးလို့ ပြောရင် လွန်မယ်မထင်ဘူး။ လစာ၊ ရိက္ခာ၊ နေထိုင် သွားလာမှုကစလို့ ခံစားခွင့်မှန်သမျှ တခြားဌာနတွေနဲ့ ဘယ်လိုမှ ယှဉ်လို့မရဘူး။ ပညာရေးဌာနထဲမှာမှ အခြေခံပညာရေး ဆရာ၊ ဆရာတွေ ဘဝက အဆိုးဆုံး။ ခိုင်းစရာရှိရင် ရှေ့ဆုံးက၊ ပေးစရာရှိတော့ နောက်ဆုံးက။ မြန်မာပြည်က ခွဲခြားအုပ်ချုပ်တဲ့ စရိုက်က သံမှိုစွဲသလို စွဲနေတော့ ပညာရေးဌာကိုတောင် ဉာဏ်ကြီးရှင်များက အခြေခံပညာနဲ့ အဆင့်မြင့်ပညာဆိုပြီး ခွဲထားတယ်။ ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာတော့မသိဘူး။ ဌာနနှစ်ခုအပေါ် ဝန်ကြီးဌာနနဲ့ အစိုးရရဲ့ ပံ့ပိုးမှုက အတော်ကွာတယ်။ 

အခြေခံမပိုင်နိုင်၊ မကျေညက်ရင် အတန်းဘယ်လောက်ကြီးသွားသွား ထူးချွန်ထက်မြက်တဲ့ နိုင်ငံသားဖြစ်ဖို့ ရာနှုန်းသိပ်နည်းသွားမယ်ဆိုတာ သာမန် အတွေးအခေါ်ရှိတဲ့သူတိုင်းတောင် နားလည်တယ်။ မြန်မာပြည်က ဉာဏ်ကြီးရှင်တွေကတော့ အဲလိုမတွက်ဘူး။ အခြေခံပညာဆိုရင် နှိမ်ထားတယ်။ အဆင့်မြင့်ပညာကိုတော့ အထိုက်အလျောက် ချီးမြှောက်တယ်။ အဲလိုအလုပ်ခံရတာ အနှစ် ၅၀ ကျော်လာတော့ မူလတန်းက အရေးအကြီးဆုံး ဆိုတာကိုတောင် မသိကြတော့ဘူး။ မူလတန်းကျောင်းတွေမှာတောင် သွားကြည့်။ လေးတန်းနဲ့ သူငယ်တန်းကျောင်းသားကို ဘယ်လိုထားတယ်ဆိုတာ။ သူငယ်တန်းကလေးတွေကတော့ သမံတလင်း ဒါမှမဟုတ် ကြမ်းပြင်ပေါ် ဒါမှမဟုတ် မြေကြီးပေါ်မှာ ဖြစ်သလိုထားပြီး လေးတန်းကျောင်းသားတွေကိုတော့ ခုံအမြင့်နဲ့။ သင်ပေးတဲ့ ဆရာတွေကိုလည်းကြည့်အုံး။ သူငယ်တန်းဆိုရင် မနေ့တစ်နေ့ကမှ ဆွဲခန့်နဲ့ ခန့်လိုက်တဲ့ ဆရာမကို သင်ခိုင်းတယ်။ ဆရာအတတ်သင်ကျောင်းတောင် မတက်ရသေးဘူး။ လေးတန်းကိုတော့ ဝါရင့် ဆရာမတွေက သင်တယ်လေ။ သူငယ်တန်းကလေးတွေကို ဘယ်လောက် အလေးမထားသလဲဆိုတာ အဲဒါသာကြည့်။ တချို့ တောရွာတွေမှာဆို ကျောင်းဆောက်ရင် လမ်းဖက်လှည့်ပြီး ကြွားချင်တာတို့၊ ဘုန်းကြီးကျောင်းကို ကျောပေးနေလို့တို့၊ ခြေဆင်းဖြစ်နေလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကျောင်းကို အရှေ့ဘက်လှည့်တာနဲ့ အနောက်ဖက်လှည့်တာတို့ လုပ်တယ်။ အကျိုးဆက်က ကလေးတွေ တစ်နေကုန် နေပူခံကြရတာပဲ။ ဖြစ်သင့်တာက မူလတန်းကျောင်းတွေဆိုတာ လေကြောင်းသင့်တဲ့ တောင်ဖက် သို့မဟုတ် မြောက်ဖက်ကို လှည့်သင့်တာ။ ကျောင်းဆောက်တဲ့နေရာမှာတောင် ပညာရေးဝန်ကြီးဌာနက စံချိန်စံညွှန်းသတ်မှတ်ချက်နဲ့ မကြီးကြပ်နိုင်ဘူး။ ကလေးတွေအတွက် လုံးလုံး မစဉ်းစားကြဘူး။ ကလေးတွေ စားဖို့ လာရောင်းတဲ့ မုန့်ဆိုင်၊ တင်ရောင်းတဲ့ မုန့်ကအစ တော်ရိရော်ရိ ဖြစ်ကတတ်ဆန်း လုပ်ထားတဲ့ မုန့်တွေ၊ မသန့်မရှင်း ရောင်းနေတာတွေ ဒီအတိုင်း ပစ်ထားခဲ့တာ ဘယ်လောက် ကြာပြီလဲ။

ဆရာ၊ ဆရာမတွေလည်း အတူတူပဲ။ တောကျောင်း ဆရာ၊ ဆရာမတွေဆို သိပ်ပင်ပန်းကြရှာတယ်။ စက်ဘီးနဲ့အဝေးကြီးနင်းရတာ၊ စက်ဘီးနဲ့ သွားလို့ မရလို တောထဲ၊ လယ်ထဲ၊ ဗွက်ထဲ ခြေကျင်လျှောက်ရတာ၊ ကားကြုံစီးရဖို့ ခြေတောင့်အောင် ရပ်စောင့်ရတာ(တချို့ကားတွေက မောင်းပြေးတာများတယ်။ ကိုယ်ချင်းစာပြီး ရပ်တင်တဲ့ ကားက အင်မတန်နည်းတယ်)၊ ရတဲ့လခနဲ့ မလောက်ငလို့ ပေါင်းရှင်း၊ ပျိုးနှုတ်လိုက်ရတာ... ပြောမယ်ဆို အများကြီး။ ရတဲ့လခကကြည့်အုံး။ တစ်တန်းမှ မအောင်၊ စာတစ်လုံးမှ မတတ်လည်း ဝင်လို့ရတဲ့ တပ်က ရဲဘော်လစာလောက်ပဲရတာ။ ဒါတောင် ရဲဘော်က ရိက္ခာ၊ နေစရာအပြင် ခြေအိပ်၊ ဖိနပ်၊ ယူနီဖောင်း၊ ဦးထုပ်ကစလို့ ခြေဆုံးခေါင်းဆုံး စစ်တပ်က ထောက်ပံ့ပေးတာ။ ဆရာ၊ ဆရာမတွေခမျာ ကျောင်းစိမ်းနဲ့ အဖြူတစ်စုံ နှစ်စုံကိုတောင် အကြွေး လပေးနဲ့ ဝယ်ပြီး ဝတ်ကြရတာ။ မြို့ပေါ်က နာမည်ကြီးကျောင်းတွေက အကျင့်ပျက် ဆရာ၊ ဆရာမတချို့နဲ့ တော့ မနှိုင်းကြနဲ့လေ။ အဲလို ရနေတာ ရာခိုင်နှုန်း ဘယ်လောက်မှ မရှိဘူး။ ဆရာ၊ ဆရာမတွေအတွက်ဆိုပြီး သူတို့လစာထဲက ထည့်ဝင်ထားတဲ့ငွေတွေနဲ့ ပညာရေးဂျီအီးစီ သမ လီမီတက်ထောင်တော့လည်း သူတို့တစ်ပြားမှ ပြန်မရဘူး။ လစာတစ်ပဲခြောက်ပြားလေးထဲက ပွန်းပဲ့သွားတာပဲ အဖတ်တင်တယ်။ အဲဒီ ပညာရေးဂျီအီးစီနဲ့ ဝန်ထမ်းပေါင်းစုံ ဂျီအီးစီ ပေါင်းထားတဲ့ သမ ကို လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်က အပိုင်စီးပြီး အခု ဘာတွေလုပ်နေတယ်ဆိုတာ တိုင်းသိ ပြည်သိ။ ဆရာ၊ ဆရာမတွေခမျာ နှစ်အများကြီး ဟိန်းဟောက်၊ ခြိမ်းခြောက်ပြီး ခိုင်းတာမှန်သမျှ အောက်ခြေသိမ်း လုပ်ပေးခဲ့ရပေမယ့် အခွင့်အရေးကျတော့ စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းစားနေတဲ့ သူတွေကပဲ ခေါင်းပုံဖြတ်သွားတာ။ 

တစ်လောက သန်းကောင်စာရင်းကောက်တော့လည်း ဒီဆရာ၊ ဆရာမတွေပဲ နေကျွတ်ကျွတ်ပူနေတဲ့ အချိန်ကာလကြီးထဲ တစ်အိပ်တက်ဆင်း လိုက်ကောက်ရတာ။ သမ္မတအိမ်နဲ့ လွှတ်တော်ဥက္ကဋ္ဌ အိမ်တွေမှာ သန်းကောင်စာရင်းကောက်တဲ့အခါတော့လူစုံတက်စုံနဲ့ သိုင်းသိုင်း ဝိုင်းဝိုင်း သွားပြီး အစိုးရ ဝါဒဖြန့် သတင်းစာမှ ဓာတ်ပုံပြူးတူးပြဲတဲနဲ့ ဖော်ပြတာတွေ့ရတယ်။ နယ်တွေအထိ တစ်အိမ်တက်၊ တစ်အိမ်ဆင်း လိုက်ကောက်ရတဲ့ ဆရာမတချို့ဆို အဖော်မပါ တစ်ယောက်တည်း သွားရတာ။ လဝက ဝန်ထမ်းဆိုတာ အကုန်လုံး ပါအောင် ဖြည့်မပေးနိုင်တော့ တစ်ဆိတ်ရှိရင် ဒီဆရာ၊ ဆရာမတွေကိုပဲ ခိုင်းတာပဲ မဟုတ်လား။ မဲရုံစောင့်တော့လည်း သူတို့ပဲ။ အရင်ကဆို ဘာပွဲ၊ ညာပွဲရှိရင် ပရိသတ်မရှိမှာစိုးလို့  ကျောင်းသူ၊ ကျောင်းသားတွေနဲ့အတူ ဇွတ်အတက်ခိုင်းခံရတာလည်း သူတို့ပဲ။ အောက်ခြေအထိ ဆင်းလုပ်ရတဲ့ အစိုးရ ပရောဂျက်၊ စီမံချက်၊ လုပ်ငန်းမှန်သမျှ ဒီဆရာ၊ ဆရာတွေကိုပဲ ရေလဲသုံးခဲ့ကြတာ။

တပည့်တွေကို “နာ” သုံးနာနဲ့ မြေဖြူတွေပါးစပ်ထဲ အဝင်ခံပြီး အာခြောက်၊ ခြေတောင့်၊ ဇက်ကြောအောင့်အောင် အနှစ်သုံးဆယ်လောက် စာသင်ပေးပြီး တိုင်းပြည်ရဲ့ အညွန့်အဖူးတွေကို မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာ၊ ဆရာမအိုကြီးတွေကို ပေးထားတဲ့ ပင်စင်ကျတော့ ပြောသမျှ၊ ခိုင်းသမျှ ရက်စ်ပဲ ပြောဖို့လိုပြီး သေနပ်မောင်းခလုပ်ပဲ ဖြုတ်တတ်တဲ့သူတွေနဲ့ ယှဉ်ကြည့်အုံး။ သူတို့က တပ်က ပင်စင်စားပြီးတာတောင် နိုင်ငံတော်ဘဏ္ဍာငွေကို တခြားနည်းနဲ့ ယူဖို့ ကြံထားတဲ့ လုပ်ငန်းတွေ အများကြီး။ အဲဒီ လုပ်ငန်းတွေကလည်း လူကြားကောင်းအောင် တပ်မတော်သားအားလုံးအတွက်လို့ပြောနေပေမယ့် ဒီနေ့အထိ အောက်ခြေက ရဲဘော်လေးတွေ အဲဒီလုပ်ငန်းတွေက ရတဲ့ အကျိုးအမြတ် ဘယ်လောက် ရပြီးပြီလဲ မေးကြည့်အုံး။ 

သက်ပြည့်ပင်စင် ဒါမှမဟုတ် နာမကျန်း၊ ဒဏ်ရာကြောင့် ယူရတဲ့ ပင်စင်နာ ရဲဘော်ဟောင်းအများစုရဲ့ ဘဝကိုလည်းကြည့်။ ဂျိုင်းထောက်နဲ့ တုတ်ကောက်နဲ့ အိမ်တကာလှည့်ပြီး စာအုပ်ရောင်းနေကြရတယ်။ ဟိုပင်စင်စားကြီးတွေကျ အသင်းအဖွဲ့မှာ လုပ်တဲ့ လခကော၊ နိုင်ငံရေးပင်စင်ကော၊ တပ်ရာထူးပင်စင်ကော၊ ပို့ဆွမ်းတွေကော တစ်နင့်တစ်ပိုး ရပြီး မေးစိနဲ့ လည်ပင်း တစ်ဆက်တည်းဖြစ်ပြီး၊ ဂေါက်ရိုက်လိုက်၊ တင်းနစ်ကစားလိုက်၊ ရေကူးလိုက်၊ ဘန်ကောက်ကို အပန်းဖြေခရီးသွားလိုက်နဲ့ ဇိမ်ယစ်နေကြတာ။ 

တကယ်တော့ ကျနော်ဒါတွေ သိပ်မပြောချင်ဘူး။ ဆရာ၊ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေအပေါ် နိုင့်ထက်စီးနင်း လုပ်တာ များလွန်းလို့ ပြောရတာ။ ဒါတောင် ကျနော်ထည့်မပြောပဲ ကျန်ခဲ့တဲ့ နစ်နာမှုတွေ အများကြီး.. အများကြီး ရှိသေးတယ်။ ကျနော်ထည့်မပြောပဲ ဒီနေ့အထိ အညွန့်ခူးစားနေတဲ့ လူတန်းစားတွေ အကြောင်း အများကြီး.. အများကြီးရှိသေးတယ်။ ရှက်တတ်ရင် ရေမရှိတဲ့ ချောင်းထဲ နှာခေါင်းပိတ် ခုန်ချပြီး သေဖို့ကောင်းတယ် ဆိုပြီး ငယ်ငယ်က နောက်ပြောတဲ့အတိုင်း ပြောရမလားပဲ။ အင်း.. ကျနော်တို့ ဘယ်လောက် ပြောပြော.. ရေးရေး.. မရှက်တတ်တဲ့သူတွေကတော့ ကျွဲပါးစောင်းတီးပဲ။ 

ဒီနေ့ ပင်စင်စား ဆရာ၊ ဆရာမကြီးတွေက တပည့်ဟောင်းတွေက ဂါရဝတရားနဲ့ နှစ်စဉ်လုပ်တဲ့ အာစရိယပူဇော်ပွဲကို မျှော်ပြီး အသက်ရှင်နေကြရတာ။ တပည့်ဟောင်းတွေနဲ့လည်းတွေ့ရ၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ဆုံရ၊ ထိုက်သင့်တဲ့ လှူဒါန်းဂါရဝပြုမှုလည်းရ ဆိုတာလေးက သူတို့ဘဝနေဝင်ချိန်မှာ အကောင်းဆုံး အဖော်ဖြစ်နေကြရှာတဲ့ ဆရာ၊ ဆရာမကြီးတွေ ဘယ်လောက် သနားဖို့ကောင်းလဲ။ တကယ်ဆို ဒီကနေ့ အာဏာသုံးရပ်နဲ့ တပ်မတော်ရဲ့ ထိပ်ဆုံးမှာ ရောက်နေတဲ့သူတွေရော ကျနော်တို့ အားလုံးရော ဆရာ၊ ဆရာမတွေကသာ ဆုံးမ၊ ပဲ့ပြင် သင်ကြားမပေးခဲ့ဘူးဆိုရင် ဒီနေ့ ဒီဘဝ၊ ဒီအခြေအနေ ဖြစ်လာနိုင်ပါ့မလား။ နည်းနည်းလောက် နဖူးပေါ်လက်တင်ပြီး စဉ်းစားကြည့်ကြအုံး။ ကိုယ့်အိပ်ထဲ ဘယ်လောက် ကဲ့လို့ရမလဲ ဆိုတာပဲ တွက်ချက်ပြီး ဘတ်ဂျက် ဆွဲမနေကြဖို့ သတိပေးချင်တယ်။

စိတ်မကောင်းခြင်း၊ ဝမ်းနည်းခြင်းများစွာနဲ့ တွေးဖြစ်တဲ့ အဲဒီအတွေးတွေနဲ့ ဒီနေ့ထုတ် သတင်းစာအတွက် ရေးဖြစ်တဲ့ ခေါင်းကြီးကို ဝေဖန်ဖို့၊ ဖြည့်စွက်ဆွေးနွေးဖို့၊ မတူတဲ့ရှုထောင့်ကနေ ငြင်းခုံဖို့၊ ဆန့်ကျင်ဘက် မြင်ကွင်းကနေ ကန့်ကွက်ဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ မျှဝေလိုက်တယ်။

ပညာရေးနှင့် ပန်းတိုင်

မြန်မာနိုင်ငံတစ်ဝန်းတွင် နေ့စား လပေး မူလတန်းပြ ဆရာမများ ခန့်ထားသည့် သတင်းများကို ကြားသိရသော အငြိမ်းစား ပညာရေးဝန်ထမ်း တစ်ဦးက ကြေကွဲ ဝမ်းနည်းစကား ပြောသည်။ နိုင်ငံအတွက် အရေးကြီးသည့် ပညာရေးကဏ္ဍတွင် ပင်စင်လစာနှင့် အခြားခံစားခွင့်များ မပေးလိုသောကြောင့် မိမိတို့ ပညာရေး ဝန်ထမ်းများကို ဤသို့ ခန့်ထားခြင်း အပေါ် ၎င်းအနေနှင့် များစွာ စိတ်မကောင်း ဝမ်းနည်း ဖြစ်ရသည်ဟု ဆိုသည်။

မှန်ပေသည်။ ပညာရေးဌာနတွင် နှစ်ပေါင်းများစွာ အမှန်တကယ် စွန့်လွှတ် အနစ်နာခံ အလုပ်လုပ်ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများ ဝမ်းနည်းမည် ဆိုပါက ဝမ်းနည်းစရာ ကောင်းလှသည်။ ထို့ထက် ပို၍ ဝမ်းနည်းစရာ ကောင်းသည်မှာ အခြေခံပညာ ဆရာ၊ ဆရာမများ အရေးကိစ္စကို ၁၉၆၀ ပြည့်လွန်နှစ် နောက်ပိုင်း အစိုးရအဆက်ဆက် လျစ်လျူရှုထားသကဲ့သို့ ဖြစ်ခဲ့ခြင်းပင်။

ဆရာ၊ ဆရာမများသည် မျက်မှောက်နှင့် အနာဂတ်နိုင်ငံကို ဦးဆောင်မည့် မျိုးဆက်များကို အခြေခံကျကျ ပညာသင်ကြားပေးနေသူများ ဖြစ်သော်လည်း ၎င်းတို့ အပါအဝင် ပညာရေး ဝန်ကြီးဌာန၏ အခွင့်အရေးနှင့် ရပိုင်ခွင့်မှာ ဝန်ကြီးဌာန အားလုံးအနက် အနိမ့်ဆုံးအဆင့်တွင် ရှိနေခဲ့သည်။ အစိုးရ အဆက်ဆက်၏ အကြောင်းပြချက်မှာ ဆရာ၊ ဆရာမဦးရေ များပြားသောကြောင့် နိုင်ငံတော်၏ ဘတ်ဂျက် ခွဲဝေသုံးစွဲရာတွင် အခြားဝန်ကြီးဌာနများနှင့် အချိုးကျ ဝေမျှ သုံးစွဲရသောကြောင့်ဟု ဆိုသည်။ 

စင်စစ်အားဖြင့် ဘတ်ဂျက် ခွဲဝေသုံးစွဲရာတွင် ဆောက်လုပ်ရေး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း၊ စက်မှုလက်မှုကဲ့သို့ အကောင်အထည် မြင်ရသည့် နယ်ပယ်များရှိ စီမံကိန်း၊ စီမံချက်များတွင်သာ နိုင်ငံတော် ဘဏ္ဍာငွေ အလုံးအရင်းဖြင့် သုံးစွဲခဲ့ပြီး ပညာရေး၊ ကျန်းမာရေးကဲ့သို့ အရေးကြီးသည့် နယ်ပယ်များတွင်မူ အလွန်နည်းပါးသော ဘဏ္ဍာငွေကိုသာ ခွင့်ပြုခဲ့သည်။ ထိုသို့ အလုံးအရင်းဖြင့် သုံးစွဲခဲ့သော နယ်ပယ်များနှင့် ထိုဘဏ္ဍာငွေများ နိုင်ငံအတွက် မည်မျှသုံးကာ ကိုယ်ကျိုးစီးပွားအတွက် မည်မျှ ကဲ့ယူခဲ့ကြသည်ကို သက်ဆိုင်သူများ အသိဆုံး ဖြစ်ပေမည်။ 

အရေအတွက်အားဖြင့် ကြည့်လျှင်လည်း သုံးသိန်းငါးသောင်း ဝန်းကျင်ခန့်သာ ရှိသော အခြေခံပညာ ဆရာ၊ ဆရာမ ဦးရေသည် ငါးသိန်းခန့် ရှိသော တပ်မတော်သားများနှင့် ယှဉ်လျှင် သုံးပုံတစ်ပုံခန့် လျော့နည်းနေသေးသည်။

အတန်းပညာ သတ်မှတ်ချက် မရှိသည့် ရိုးရိုးတပ်သား အဆင့်တွင်ပင် ဖိနပ်၊ ခြေအိတ်၊ အောက်ခံဘောင်းဘီ၊ ယူနီဖောင်းမှ စကာ ဦးထုပ်အထိ၊ တစ်ကိုယ်ရေ အသုံးအဆောင် ပစ္စည်းအားလုံး၊ စားနပ်ရိက္ခာ ရာရှင်၊ နေစရာအိမ်၊ နေရာရွှေ့ပြောင်းပါက တပ်မတော်ပိုင် ယာဉ်များဖြင့် အခမဲ့ ထောက်ပံ့မှုများ ရရှိနေချိန်တွင် အနိမ့်ဆုံး ပညာအရည်အချင်း ဘွဲ့ရ မူလတန်းပြ ဆရာတစ်ဦးမှာ ရိုးရိုးတပ်သားထက် လျော့နည်းသော လစာတစ်ခုသာ မှီခိုရာ ဖြစ်နေခြင်းမှာ မျှတသင့်တော်မှု ရှိမရှိ မေးခွန်းထုတ်ရပေမည်။

ယနေ့ဆိုလျှင် တပ်မတော်တွင် ထမ်းဆောင်ခဲ့သည့် နောက်ဆုံး ရာထူးအတွက် သတ်မှတ်ပေးသော ပင်စင်လစာ (အဆင့်တူ အရပ်သား ဝန်ထမ်းများ၏ ပင်စင်လစာထက် ပိုများ) အပြင် လက်ရှိ နိုင်ငံရေးရာထူး၊ လွှတ်တော်ရာထူး၊ အရပ်ဘက်အုပ်ချုပ်ရေး ရာထူးများနှင့် အခြား ဌာနဆိုင်ရာများတွင် ပြောင်းလဲ ထမ်းဆောင်နေသည့် ရာထူးများအလိုက် သတ်မှတ်ပေးသည့် လစာများကိုပါ ပူးတွဲ ခံစားနေခြင်းမှာလည်း သင့်တော် မျှတပါ၏လောဟု စောကြောရပေမည်။

နိုင်ငံတစ်ခု ရေရှည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံသားတို့၏ အသိဉာဏ် ပညာအဆင့် မြင့်မားစေရန်မှာ ထိုနိုင်ငံ၏ ပညာရေးစနစ်နှင့် ယင်းစနစ်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ မည်မျှ သုံးစွဲနေသနည်း ဆိုသော အချက်က အဓိကကျသော နေရာတွင် ရှိသည်။ မြင်သာထင်သာ ရှိသည့် ရုပ်ပိုင်းဆိုင်ရာများကိုသာ ကိုယ်ကျိုးစီးပွား မကင်းသော အကြောင်းပြချက်များဖြင့် အားသန်နေပြီး ပညာရေးတွင် ရင်းနှီးမြှုပ်နှံရန် အတွက်မူ ယုတ္တိကျသယောင် အလွဲဆင်ခြေများဖြင့် လက်တွန့်နေပါက လက်ရှိ အုပ်ချုပ်ရေး တာဝန်ရှိသူများ တစ်ချိန်လုံး ပြောဆိုနေသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံသစ် ဆိုသည့် ပန်းတိုင်သို့ အလှမ်းဝေးနေဦးမည် ဖြစ်ကြောင်း သတိပေးလိုပေသည်။

အယ်ဒီတာ (၂၂-၅-၂၀၁၄)


မြန်မာနိုင်ငံပညာရေးနှင့်Dr.Khin Maung Win - interview
http://moemaka.com/archives/37627

မြန်မာနိုင်ငံတွင် အခြေခံပညာရေးမှာ ဘာအပြောင်းလဲရှိသလဲ မေးမြန်းကြည့်ရ၊ ကျောင်းသားလေးများက ယခင်ကလို စာမေးပွဲစာလိပ်ခိုးချမှု မရှိသလောက်ဖြစ်သွားကြောင်း၊ မေးခွန်းမပေါက်တော့သဖြင့် စာလိပ်ရောင်းစားသူများ စီးပွားမကောင်းတော့ကြောင်း၊ တကယ်ကျောင်းစာတတ်ဖို့ ကြိုးစားလာရကြောင်း ပြောပြသည်။ ပုဂ္ဂလိကကျောင်းတက်သူ ကလေးများကလည်း ထမင်းချိုင့်သည်ခွင့်ပေးသောကျောင်းများလဲရှိကြောင်း၊ အချို့ပုဂ္ဂလိကကျောင်းများသည် ကျောင်းမှာပင် အဟာရပြည့်ဝသောအစာ၊ နွားနို့်များ တိုက်ကျွေး၊ ရောင်းချသဖြင့် ထိုကျောင်းများရှိ ကလေးငယ်များသည် အခြားကျောင်းများထက် သာလွန်နေမည်မှာ သေချာပေသည်။ အစိုးရကျောင်းများတွင် ဆရာများမှာ လစာငွေ တစ်သိန်းအောက်သာ ရရှိသောကြောင့် ကျူရှင်ပြခြင်းမှ မလုပ်မနေရ လုပ်ငန်းတစ်ခုဖြစ်နေသည်။ ယခင်ကလို ကျူရှင်တက်လျှင် စာမေးပွဲအောင်သည့်ခေတ်ကို ကျော်လွန်ပြီး၊ ကျူရှင်တက်မှ အတန်းပိုင်ဆရာမ ဂရုစိုက်ခြင်းခံရပြီး၊ စာလည်းပိုတတ်မည်။ စက်မှုခေတ် (တနည်းအားဖြင့် ပညာခေတ်သို့) သွားနေသည်ကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရပါသည်။ ကျေးရွာများမှ ရန်ကုန်လာရောက်သော ထိုင်း၊ မလေးရှား နိုင်ငံခြားအလုပ်ကိုင်အတွက် လာရောက်သူ မိန်ကလေး၊ ယောင်္ကျားလေးများကို မေးမြန်းကြည့်သောအခါ ဦးလေးရယ်၊ သမီးတို့ဆီမှာ လယ်ပိုင်က ဧက၁၀၀၊ ၂၀၀ ပိုင်ပြီး သူတို့ပဲ ချမ်းသာတယ်။ ၁၀တန်းမပြောနဲ့ ၈တန်းတောင်ရောက်တဲ့သူ မရှိတော့ပါဘူး။ တအိမ်ခြားဆိုသလို ထိုင်းနိုင်ငံပဲ သွားအလုပ်လုပ်ကြတယ်။ သမီးယောင်္ကျားကတော့ တစ်လ ၃သိန်း ပို့ပေးလို့ အဆင်ပြေပေမဲ့၊ နိုင်ငံခြားသွားမလုပ်ပဲ သောက်စားမူးနေတဲ့ ယောင်္ကျားရတဲ့ ဟောဒီသမီးရဲ့ သူငယ်ချင်းဆို ၄တန်းပဲတတ်တယ်။ သူ့ယောင်္ကျားလည်း လယ်သူရင်းငှားပဲလုပ်စားပြီး၊ ကလေး၂ယောက်နဲ့ ကိုယ်ယောင်ဖျောက်ထွက်လာကြတယ်။ ရွာမှာ ကျောင်းဆရာမကတော့ တစ်လ ၇သောင်းလောက်ရတော့ အဆင်ပြေပါတယ်။ သမီးတို့ဆီမှာ တစ်လကျပ်တစ်သောင်းဆို စားလို့လောက်ငှတယ်။ ဆန်ရှိတယ်။ ဟင်းကတော့ ဝင်ခြံထဲမှာရှိတယ်။ စာသင်ချင်ပေမဲ့ ကလေးမိဘတွေက ကလေးအငယ်တွေကို ထိန်းဖို့ ကျောင်းမထားတော့ သမီးတို့လည်း ပညာမတတ်ဘူး။ အိမ်အလုပ်လုပ်ရင်း ၁၆နှစ်မှာ အိမ်ထောင်ကျတယ်။ အခု ၂၇နှစ် ကလေး၂ယောက်ကို မိဘဆီထားပြီး၊ ထိုင်းနိုင်ငံ အလုပ်ပွဲစားနဲ့ သွားလုပ်တော့မယ် ဆုံးဖြတ်၊ ရန်ကုန်ရောက်လာတယ်။ အလုပ်ပွဲစားက ပတ်စပို့လုပ်ခ ကျပ်၅သောင်း (၁၀ရက်ကြမယ်)၊ ထိုင်းအလုပ်အတွက် ဒီဘက်ပွဲစား၊ ဟိုဘက်ပွဲစား ကျပ်၎သိန်းပေးရတယ်။ ယောင်္ကျားဘယ်မှာလုပ်သလဲ မသိဘူး။ ဟိုရောက်မှ ယောင်္ကျားနဲ့ဆက်သွယ်ရမယ်… စသဖြင့် ပြောပြပါသည်။ အောက်ဆုံးအဆင့် တောင်သူလူငယ်အမျိုးသမီးငယ် ရင်တွင်းက ပြောစကားဖြစ်သည်။

မြို့ပေါ်တွင် တက္ကသိုလ်ပညာတတ်များမှာ လူငယ်ထု၏ ၅%မျှ ရှိမည်ဖြစ်သည်။ ကျန် ၉၅% လူငယ်များသည် ၁၀တန်းမရောက်သူများဖြစ်သည်။ ထို ၅% မျှသော ဘွဲ့ရလူငယ်များမှ အနာဂါတ်ကောင်းမွန်ပါသည်။ လောလောဆယ် ထိုဘွဲ့ရလူငယ်များအတွက် အလုပ်ကိုင်၊ ပြည်တွင်းမှာ တစ်လ ကျပ်တစ်သိန်းမှာ ၃သိန်းအများဆုံး ကုမ္ပဏီများက ပေးသောကြောင့် စင်ကာပူ၊ ဒူဘိုင်း၊ အရှေ့အလယ်ပိုင်းသို့ အင်္ဂလိပ်စာနားထောင်နိုင်သော၊ ပညာတတ်လူငယ်များ သွားအလုပ်လုပ်ကြသည်။ အချို့မိဘတတ်နိုင်သူ၊ အဆက်သွယ်ရှိသူများက နိုင်ငံခြားသို့ ပညာသင်ထွက်ခွာနေသဖြင့် စင်ကာပူနိုင်ငံတွင် လွန်ခဲ့သော ၇နှစ်အတွင်း မြန်မာလူဦးရေ ၂ဆကျော် (၂သိန်းခန့်) တိုးပွားလာနေပါသည်။

မည်သို့ပင်ဖြစ်စေ ပညာရေးသည် အလွန်ကောင်းမွန်သော ရင်းနှီးမြုတ်နှံမှုဖြစ်ကြောင်း မြန်မာပြည်မှ ဆင်းရဲမွဲတေသော တောင်သူမိသားစုပင် သိပါသည်။ သို့သော် လတ်တလော နောက်မွေးလာသည့် ကလေးထိန်းဖို့က ပိုအရေးကြီးသဖြင့် သား၊သမီးကြီးများ ကျောင်းမတတ်ရတော့ပါ။

ပညာရေးအထောက်ကူပစ္စည်းရင်းနှီးမြှတ်နှံမှု
ပညာရေးပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတော်အစိုးရမှ ဘတ်ဂျက်များစွာ ချပေးနေသည်။ ယခုနှစ် ၂၀၁၄အတွက် ဒေါ်လာသန်းပေါင်း၉၀၀ခန့် (5% of GDP) ချပေးမြမည်၊ ဟုသိရသည်။ ကမ္ဘာ့ထိပ်တန်းပညာရေးနိုင်ငံဖြစ်သော အမေရိကန်တွင် 15% of GDP ကို ပညာရေးအတွက်သုံးပြီး၊ အရှေ့တောင်အာရှနိုင်ငံများတွင် 10% of GDP သုံးစွဲသည်။ အချက်အလက်အတိအကျကို အင်တာနက် CIA Factbook, IMF, UN, Wikipedia များတွင် ရှာဖွေနိုင်ပါသည်။

မြန်မာပြည်တွင် စီးပွားလုပ်ငန်းရှင်ကြီးများသည် အခွန်မပေးပဲ ရှောင်တိမ်းနိုင်သဖြင့် အလွန်ချမ်းသာနေသည်။ ဆင်းရဲသားများက မရှောင်တိမ်းနိုင်သဖြင့် နောက်ဆုံး သူတို့ပဲ အခွန်ထမ်းနေရသည်။ အိမ်ခြံမြေဈေးကြီးခြင်း၊ လျှပ်စစ်ဈေးကြီးခြင်း၊ မှတ်ပုံတင်လုပ်ခ၊ အိမ်ထောင်စုစာရင်းလုပ်ခ စသည့် ဝန်ဆောင်မှုစရိတ်ကြီးလွန်းနေခြင်းတို့သည် ဆင်းရဲသားများအတွက် လေးပင်သော အခွန်ငွေများဖြစ်သည်။ တနည်းအားဖြင့် ခြစားမှုလွန်ကဲနေသော အစိုးရဝန်ထမ်းလောက၊ အခုဆိုချက်ချင်းလိုချင်သော မြန်မာနိုင်ငံသားများ၏ ပေးကမ်းသောအကျင့်ကြောင့် ဝန်ဆောင်မှုစရိတ်များ အလွန်ကြီးမြင့်နေရသည်။ မြန်မာကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရဝန်ထမ်းများ အကျင့်စာရိတ္တကောင်းဖို့ အလွန်ခက်နေသည်။ ဗီယက်နမ်၊ တရုပ်ပြည်များတွင် Corruption & Nepotism ခြစားမှုနှင့်ဆွေမျိုးမိတ်ဆွေအလုပ်ခန့်ခြင်းများမှာ မြန်မာပြည်လောက်မဆိုးလှပါ။

ပညာရေးအထောက်ကူပြု ပစ္စည်းများ ဝယ်ယူရေးကိုလည်း ကုမ္ပဏီများက အရည်သွေးနိုမ့်ပစ္စည်းများ၊ ဈေးနှုန်းကြီးမြင့်စွာ အစိုးရထံသို့ရောင်းချရန် ကြိုးစားနေသည်။ ပညာရေးဌာန၊ သိပ္ပံနည်းပညာဌာန တာဝန်ရှိသူများက အစိုးရဘတ်ဂျတ်များကို မှန်ကန်စွာသုံးစွဲရန် အချိန်ပေးနေရသည်။ ဆရာများ အရည်သွေးမြှင့်တင်ရေး Human Resource သင်တန်းများကို မပို့ချနိုင်ဖြစ်နေသည်။ လူများကို သင်တန်းပေးရသည်မှာ အလွန်ခက်ခဲပြီး၊ ဘေးပေါက်ဝင်ငွေလည်း ရရန်ခဲယဉ်းသောကြောင့်၊ ဆရာဖြစ်သင်တန်းများကို ပုဂ္ဂလိကသင်တန်းကျောင်းများက ကြားဝင်ဖြည့်တင်းပေးနေရသည်။

ယခုဆောင်းပါးတွင် သင်ကြားမှုဆရာများမွေးထုတ်ခြင်းကို အစိုးရမှ ဘတ်ဂျတ်ခွဲဝေမပေးဟု ဆိုချင်ပါသည်။ ဆရာများကို သင်တန်းဖွင့်ပြီး ဆရာအချင်းချင်းသင်ကြားပေးခြင်းနည်းလမ်းဖြင့် ငွေကုန်ကျခံရန်မလိုတော့၊ ပြည်ပမှ ကျောင်းဆရာများကို ဖိတ်ခေါ်သင်ကြားပေးခြင်းလဲ သိပ်မတွေ့ရ၊ ဆရာများကို ပြည်ပလွှတ်ပြီး လေ့လာခိုင်းခြင်းလဲ မရှိသဖြင့် ဆရာများအရည်အသွေးမြှင့်တင်ရေးမှာ အစိုးရကဏ္ဍတွင် အလွန်အားနည်းနေပါသည်။

ဆက်ဖတ်ရန် (မိုးမခ)
http://moemaka.com/archives/37627

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.1)

ကျွန်ုပ်၏ ခွန်အား ကျွန်ုပ်၏ဘဏ္ဍာ
ကျွန်ုပ် ကိုးစားရာ
ကျွန်ုပ်၏ အလင်း ကျွန်ုပ် ၏ သီချင်း
ကျွန်ုပ်ချီးမွမ်းရာ
ကိုယ်တော် တစ်ပါးတည်း . . .

ခက်ခဲသောအချိန်ခါ ထွက်မြောက်ရာ တံခါး
ယေရှု တစ်ပါးတည်းသာ
ကျွန်ုပ်ြေ<ွကးကြော်ခြင်း ကျွန်ုပ်ကခုန်ခြင်း
အကြောင်းရင်းတစ်ခုသာ
ကိုယ်တော် တစ်ပါးတည်း . .
ကိုယ်တော် တစ်ပါးတည်း . . . သာ

ငါပိတ်သော တံခါးကို ဘယ်သူမှ မဖွင့်နိုင်
ငါဖွင့်သောတံခါး ကို ဘယ်သူမှ မပိတ်နိုင်
ကိုယ်တော့်ရဲ့ ရှေ့မှာ ကာဆီးနိုင်တာ
တစ်ခုမှ တစ်ခုမှ မရှိပါ . .

ကိုယ်တော်သာ ကျွန်ုပ်ဘက်ရှိရင်
ဘယ်အရာကိုမှ မကြောက်ပါ . .
ကိုယ်တော်သာ ကျွန်ုပ်ဘက်ရှိရင်
ရန်သူ ကိုလည်း မကြောက်ပါ . .
ကိုယ်တော်သာ အနားနားရှိရင် အရာရာ အားလုံး ပြည့်စုံ . .






KoTawTaParTee.ppt

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.2)

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.3)

အတောင်အောက်မှာ..
ဝှက်ထားမူပါ
စောင့်ထိန်းပါ...
တန်ခိုးကြီးလက်တော်ဝယ်

CHO..
ပင်လယ်လှိုင်းလုံးရယ်
မိုးကြိုးထန်ချိန် လေဟုန်စီးအဖနှင့်
မုန်တိုင်းများအထက်
ကိုယ်တော် အုပ်စိုးရှင်
လှိုင်းလုံးတွေပေါ်
ကိုယ်တော်ရှင်ကြောင့်သာ
ငြိမ်ဝပ်လျှက်..နေမည်။


ကိုယ်တော့် သာ
ခိုနားစေပါ
ခက်ခဲချိန်
ကိုယ်တော်တန်ခိုး..ယုံကြည်

CHO..
ပင်လယ်လှိုင်းလုံးရယ်
မိုးကြိုးထန်ချိန် လေဟုန်စီးအဖနှင့်
မုန်တိုင်းများအထက်
ကိုယ်တော် အုပ်စိုးရှင်
လှိုင်းလုံးတွေပေါ်
ကိုယ်တော်ရှင်ကြောင့်သာ
ငြိမ်ဝပ်လျှက်..နေမည်။