မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည် Christian Ezine

Tuesday, Oct 21st

Last update07:12:13 PM GMT

You are here:: ၀ိညာဉ်ရေးရာ ဘ၀အတွေ့အကြုံ စင်ကာပူမှပရဒိသုဘုံ

စင်ကာပူမှပရဒိသုဘုံ

E-mail Print PDF



မင်းဟင်္သာ (အင်းစိန်)

ယေရှုကလည်း ငါအမှန်ဆိုသည်ကား ယနေ့ပင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု မိန့်တော်မူ၏ (လု ၂၃း၄၃)

အထက်ပါ ယေရှုခရစ်၏ မိန့်တော်မူချက်သည် ကရာနီကုန်း တောင်ပေါ်မှာ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းခံရသော လူဆိုးတစ်ယောက်အား သေမင်းကို မကြောက်မရွံပဲ ပရဒိသုဘုံ၌ ခံစားရမည့် ငြိမ်သက်ခြင်းအား မျှော်လင့်လျှက် ရဲရင့်စွာ ရင်ဆိုင်စေနိုင်ခဲ့သည်။ ထို့အတူ ကျွန်တော်သည်လည်း လွန်ခဲ့သည့် ၁၆နှစ် (၁၉၉၄) တွင် နိုင်ငံခြား အလုပ်လာရှာရင်း သေမလောက် ကြီးမားသော ဒုက္ခများ ခံစားရသည့်မှ ကယ်တင်ခဲ့သော စင်ကာပူမှ ပရဒိသုဘုံကို တမ်းတလျှက် ပြန်လည်ဝေမျှပါရစေ။ ကျွန်တော်၏ ၂၀၀၉ခုနှစ် စက်တင်ဘာလထုတ် သခင့်စကားစာစောင်၌ သက်သေခံခဲ့သော စင်ကာပူမှ ငိုလှိုက်သံတွင် ကျွန်တော်၏ ဘ၀နှင့် ရင်းနှီးပြီးရရှိခဲ့သော အတွေ့အကြုံ၊ ဘေးဒုက္ခ၊ ဆုံးရှုံးခြင်းများထဲမှ ကိုယ်တော်၏ ကောင်းမြတ်ခြင်းများကို ဖေါ်ပြခဲ့ပြီ၊ ယခုဝေမျှသက်သေခံချက်မှာ ယခင်တင်ပြခဲ့ခြင်း၏ တဒေသအဖြစ် ပို၍ အားဖြည့်လျှက် ကိုယ်တော် အလွန်ကောင်းမြတ်ခြင်းကို မျက်ဝါးထင်ထင် ထင်ဟပ်စေမည်ဟု ယုံကြည်မိပါသည်။

ကျွန်တော် နိုင်ငံခြားသင်္ဘောတွင် ရေဒီယိုအရာရှိ ရာထူးတာဝန် ထမ်းဆောင်လို၍ အမိမြန်မာပြည်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ၁၉၉၄ခုနှစ် မေလတွင် ထွက်ခွာလာပြီး၊ နှစ်ပတ်တာမျှ ဘန်ကောက်တွင် မိတ်ဆွေတစ်ဦး၏ နေအိမ်၌ နေထိုင်စားသောက်စားရိတ် တစ်နေ့လျှင် ဘတ်ငွေ (၁၀၀) နှုန်းဖြင့် တည်းခိုရင်း ရာထူး၊အလုပ်ကို ရှာဖွေခဲ့ပါသည်။ မြန်မာပြည် လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာန ဆက်သွယ်ရေးအရာရှိ တာဝန်ထမ်းဆောင်ခဲ့ပါသော်လည်း နိုင်ငံခြားသင်္ဘော ရေဒီယိုအရာရှိ အတွေ့အကြုံ လုံးဝမရှိသဖြင့် မည်သည့်သင်္ဘောလိုင်းကမှ အလုပ်မပေးခဲ့ပါ။ ယင်းကြောင့် သင်္ဘောရေဒီယို အရာရှိအလုပ်  ပိုမို၍ ရနိုင်ခွင့်များသည့် စင်ကာပူနိုင်ငံသို့ ဆက်လက်ထွက်ခွာရန် ကြံစည်လျှက်ရှိသည်။ ယင်းသို့ ကြံစည်ရာတွင် ရှေးဦးပထမ၊ စင်ကာပူနိုင်ငံရောက်လျှင် နေထိုင်ရန် နေရာကို အဓိကထား စဉ်းစားရာ ယခင်မြန်မာပြည်မှာ လေကြောင်းဦးစီးဌာန၌ ဆက်သွယ်ရေးအရာရှိ တာဝန်ထမ်းဆောင်စဉ်၊ ရင်းနှီးခင်မင်ခဲ့ပြီး၊  လက်ရှိ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်လျှက်ရှိသော မိတ်ဆွေအင်ဂျင်နီယာများထံ အကူအညီတောင်းခံခဲ့ပါသည်။ အင်ဂျင်နီယာတစ်ဦးမှ လိုလားစွာ စေတနာမေတ္တာအပြည့်ဖြင့် သူငှားရမ်းနေသော အခန်းတွင် ခေတ္တတည်းခိုနိုင်စေရန် စင်ကာပူသား အိမ်ရှင်ကို ခွင့်တောင်းခဲ့ရာ သဘောတူညီမှု ရခဲ့ပါသည်။ ကျွန်တော်သည် ဘန်ကောက်မြို့မှ မျှော်လင့်ချက်အပြည့်ဖြင့် စင်ကာပူသို့ ထွက်ခွာပြီး ချန်ဂီလေဆိပ်တွင် ယင်းမိတ်ဆွေမှ လာရောက် ကြိုဆိုကာ ၄င်းနေထိုင်ရာ ကလီမင်တီရှိ တိုက်ခန်းသို့ တက္ကစီကားဖြင့် ခေါ်ဆောင်သွားခဲ့ပါသည်။

ကိုယ်တော်ရှင်ဘုရား၏ စီမံချက်သည် ကြီးမြတ်လှကြောင်း ချီးမွမ်းရင်း ဤနိုင်ငံတွင် သင်္ဘောရေဒီယိုအရာရှိ ရာထူးအလုပ်ရမည်ဟူသော မျှော်လင့်ချက် အပြည့်ဖြင့် စင်ကာပူ၏ ပထမဆုံးညကို ပျော်ရွှင်စွာအိပ်စက်၊ ကုန်လွန်စေခဲ့ပါသည်။ သို့ရာတွင် ကျွန်ုပ်၏ မျှော်လင့်ချက် မြင့်မိုလ်တောင်ကြီးသည် နံနက်မိုးသောက် အိပ်ယာမှ ထထခြင်း ကွယ်ပျောက်ရလေပြီ။ အိမ်ရှင် စင်ကာပူနိုင်ငံဖွား အိန္နိယနိုင်ငံဘွား အမျိုးသမီးမှ ကျွန်တော့်အား တစ်ညတာ အိပ်ခွင့်ပြုပြီး စိတ်ပြောင်းသွားကာ၊ ဆက်လက်လက်ခံလိုခြင်း မရှိတော့ကြောင်း၊ မိတ်ဆွေက ပြောကြားလာပြီး အမြန်ဆုံး ပြောင်းရွှေ့ပေးရန် ပြောကြားလာပါသည်။ ယခုလို လုံးဝ မမျှော်လင့်သော သတင်းဆိုးကြောင့် ဆောက်တည်ရာမရ၊ ငယ်ထိပ်တွင် မြွေပေါက်ခံရသည့်အလား အလွန်မှ စိတ်ပျက် အားငယ်ခြင်းကို ခံစားရပါသည်။ အလွန်မှ သဘောကောင်းပြီး လူများကို ကူညီတတ်သူ သူငယ်ချင်းအင်ဂျင်နီယာလည်း အိမ်ရှင်အား စိတ်ဆိုးပြီး ကျွန်တော်ကို ၄င်း၏ အခန်းတွင် ခေတ္တတည်းခိုခွင့် မရရှိပါက၊ သူလဲ ပြောင်းရွှေ့တော့မည် ဖြစ်ကြောင်း အိမ်ရှင်ကို နို့တစ် ပေးခဲ့ပါသည်။ ကျွန်တော့ကြောင့် တည်ငြိမ်အေးချမ်းစွာ အလုပ်လုပ်နေရသော သူငယ်ချင်း ဒုက္ခလှလှကြီး ရောက်ရမည့် အရေးကို ငှဲ့ညာသောအားဖြင့် ကျွန်တော် အမြန်ပြောင်းရွှေ့ရန် စီစဉ်တော့သည်။

ရေဒီယိုအရာရှိ ရာထူးတာဝန် ထမ်းဆောင်ရန် အလုပ်ရှာဖွေနေသော တခြားမိတ်ဆွေတစ်ယောက်ထံ ဖုန်းဆက်ရာ၊ သူတို့လို အလုပ်ရှာဖွေနေသူများကို အခကြေးငွေမယူ၊ မိခင်မေတ္တာဖြင့်၎င်း၊ အိမ်တွင် ခေတ္တတည်းခို နေထိုင်စေပြီး အလုပ်၊ရာထူး၊ နေရာများကို စေတနာ အပြည့်အ၀ဖြင့် ၀ိုင်းဝန်း၊ ကူညီ ရှာဖွေပေးနေသော မြန်မာနိုင်ငံသား အိမ်ရှင် အန်တီကြီးကို ပြောဆိုခွင့်တောင်းခဲ့ပါသည်။  ကျွန်တော့အား ချက်ချင်း ပြောင်းလာရန် တယ်လီဖုန်းဖြင့် ပြောကြားလာပါသဖြင့် လက်ရှိမိတ်ဆွေ အင်ဂျင်နီယာကို ခွင့်ပန်ပြီး POTONG  PASIA ရှိ အန်တီကြီးအိမ် ပြောင်းရွှေ့ခဲ့ပါသည်။ ယခုကဲ့သို့ စင်ကာပူနိုင်ငံတွင် အလုပ်ရှာရင်း နေထိုင်တည်းခိုရန် နေရာအတွက် အလွန်ဒုက္ခရောက်နေစဉ် နေစရာနေရာ စီမံပေးခဲ့သည့် ကိုယ်တော်ရှင်အား ချီးမွမ်းရင်း၊ ကျေးဇူးတင်ရင်း အဆထက်ပိုမို ချီးမွမ်းရပါသည်။

အိမ်ရှင်အန်တီကြီးအိမ်တွင် အလုပ်လာရောက် ရှာဖွေနေကြသော မြန်မာပြည်သားများကို မေတ္တာအပြည့်ဖြင့် လုံးဝ အခကြေးငွေမယူပဲ နေထိုင်တည်းခိုခွင့်ပြုလျှက် မိသားစုစိတ်အပြည့်ဖြင့် နေထိုင်သည့်လူများသည်လည်း မိမိအထဲမှ ခေါင်းဆောင်တစ်ဦးအား ရွေးချယ်ထားပြီး၊ ၄င်း၏ အစီအစဉ် ကြီးကြပ်မှု (အိမ်ရှင်အန်တီကြီး၏ ပဲ့ပြင်ညွန်ကြားမှုအားဖြင့်) စုပေါင်းချက်ပြုတ်၊ လျှော်ဖွတ်၊ သန့်ရှင်းရေး၊ အိမ်မှုကိစ္စ အ၀၀ ကိုလုပ်ဆောင်ရပါသည်။ အန်တီကြီး၏ စေတနာ မေတ္တာ၊ ယိုင်းပင်းမှုများကိုလည်း ထပ်တလဲလဲ ချီးမွမ်းရပါသည်။ နေထိုင်သူများထံမှ ငွေကောက်ခံ၍ အမှန်ကုန်ကျစားရိတ်အတွက် မျှပေးသောစနစ်ဖြစ်ပါသည်။ အ၀တ်ဟောင်းများကိုလည်း သူ့အ၀တ်၊ ကိုယ့်အ၀တ် မခွဲခြားပဲ၊ အ၀တ်လျှော်စက်ကြီးတွင် ထည့်လျှော်ရပါသည်။ အိမ်တွင် တည်းခိုလျှက်ရှိသော သူများမှာ အလွှာအသီးသီးမှ လာသော အလုပ်ရှာသူများ ဖြစ်သဖြင့် အစစအရာရာ စည်းကမ်း သတ်မှတ်ရပါသည်။ နံနက်စာ၊ ညစာကို သတ်မှတ်ထားချိန်တွင် အတူတကွ စုပေါင်းစားရသဖြင့် စင်ကာပူမြို့တွင် အလုပ်သွားရှာသည့်သူများ အချိန်မီ ညနေစာအတွက် သတ်မှတ်သောအချိန်တွင် ပြန်ရောက်လာပြီး ညနေစာ စားသောက်ရပါသည်။ အလွန်ကောင်းသော စနစ်ဖြစ်ပါသည်။ ဘန်ကောက်မိတ်ဆွေတစ်ဦး၏ အိမ်တွင် တစ်ရက် ဘတ်တစ်ရာဖြင့် တည်းခို နေထိုင်စဉ်က စားသောက်ချိန် သတ်မှတ် မထားသဖြင့် အရင်ဦး၊ စားသောက်ရသူများ ၀လင်စွာ စားသောက်ရပြီး၊ အလုပ်ရှာရာမှ နောက်ကျ ပြန်ရောက်သူများ တစ်ခါတစ်ရံ အဖတ်မပါ၊ အရည်ချည်းကျန်သော အသားဟင်းများ မှီဝဲရခဲ့ဖူပါသဖြင့် ယခု စင်ကာပူမှ အန်တီကြီး၏ စီမံမှုမှာ စူပါပင် ဖြစ်တော့သည်။ ယင်းအန်တီကြီးနေအိမ်တွင် တည်းခိုနေထိုင်ပြီး အလုပ်ရှာဖွေနေသည့် သူများ ၂၀ဦးကျော်ကျော် အမြဲရှိနေပြီး အသီးသီး၊ အသက.အက မိမိတို့ အလုပ်ရရှိရေး၊ ရှာဖွေ ရုန်ကန်နေကြရပြီး၊ တစ်ယောက်နှင့် တစ်ယောက်လည်း ညီရင်းအစ်ကိုပမာ အလုပ်ရရှိရေးအတွက် ဖေးမ၊ ကူညီနေကြသည့် ဓလေ့ကိုလည်း ချီးမွမ်းရပါသည်။

တစ်ပတ်တာမျှ ယင်းအိမ်တွင် တည်းခိုရင်း၊ ရေဒီယို အရာရှိရာထူး အလုပ်ကို ရှာဖွေခဲ့ရာ၊ ကြိုးပမ်းခဲ့ရာ မရရှိခဲ့သဖြင့် လုပ်အား၊ သဲထဲရေသွန်သလို အချီးနှီးဖြစ်ရတော့သည်။ ယင်းသို့ တည်းခိုနေထိုင် အလုပ်ရှာရာတွင် သင်္ဘောအလုပ်ရှာသူများ စုဝေးဆုံစည်းရာ တရုပ်ကြီးဆိုင်သို့ နေ့စဉ်လိုလို ရောက်ပြီး၊ မြန်မာစကား ပြောတတ်သည့် စလုံးတရုပ်ကြီးဆိုင်မှ နေ့လည်စာ ခေါက်ဆွဲ၊ ထမင်းကျော် စသဖြင့် ၀မ်းဖြည့်ခဲ့ရသည်။ ဤသို့ အလုပ်ရှာဖွေနေရင်း တရွာမပြောင်း၊ သူကောင်းမဖြစ်ဆိုသည့် စကားအတိုင်း အီးပီဖြင့် အလုပ်လုပ်နေသော အခြား သူငယ်ချင်း အင်ဂျင်နီယာအခန်းသို့ ပြောင်းရွှေ့ခဲ့ပြန်သည်။ အကြောင်းမှာ ယင်းသူငယ်ချင်း၏ စလုံးအိမ်ရှင်မှာ အခြား တစ်နေရာတွင် နေပြီး လက်ရှိတိုက်ခန်းမှ တစ်ခန်းကို သူငယ်ချင်းအား ငှားရမ်းထားသဖြင့် တစ်အိမ်လုံးတွင် သူငယ်ချင်းနှင့် ကျွန်တော် နှစ်ယောက်တည်း နေထိုင်သကဲ့သို့ လွတ်လွတ်လပ်လပ်၊ ကျယ်ကျယ်ဝန်းဝန်း နေရသဖြင့်၊ အလွန်မှ စိတ်ပျော်ရွှင်မှု ရရှိခဲ့ပါသည်။ အစားအသောက်အတွက်လည်း ဆိုင်ထမင်းဟင်းဖြင့် အဆင်ပြေချောမွတ်နေပါကြောင်း၊ သို့သော် (၂)ရက်မျှ တည်းခိုပြီးနောက် ကံဆိုးမ သွားလေရာ မိုးလိုက်ရွာ ဆိုသည့်စကားအတိုင်း ပြဿနာကြီး ကြုံရပြန်ပြီ။ အကြောင်းမှ မည်သည့်အကြောင်းကြောင့် မသိရပဲ အိမ်ရှင်က ကျွန်တော့သူငယ်ချင်းအခန်းတွင် လူပို မလိုချင်တော့ကြောင်း ပြောဆိုပြီး အမြန်ဆုံး ပြောင်းရွှေ့ခိုင်းပြန်သည်။ ကျွန်တော့ဘ၀လဲ မည်ကဲ့သိုပ ဖြစ်နေသည်ကို မသိ၊ စင်ကာပူရောက်ပြီး ၁၁ရက်အတွင်း တည်းခိုရာနေရာ (၃)ကြိမ် ပြောင်းရွှေ့ခဲ့ရသည်။ ဒီအကြိမ်တွင် ဆောက်တည်မရ စိတ်အပျက်ကြီးပျက်ကာ ကိုယ်တော်ရယ်၊ ကိုယ်တော့်သား စိတ်ဓါတ်က အ၀ိဇီသို့ပင် ဇောက်ထိုးကျနေပါပြီ။ ကယ်ပါ၊ လမ်းပြပါ၊ စောင်မကူညီပါရန် ရှိုက်ငင်မျက်ရည်ဖြင့် တောင်းခံခဲ့ပါသည်။ ကိုယ်တော်ရှင်၏ လမ်းပြ မစမှုကြောင့် ငယ်သူငယ်ချင်း မွန်အမျိုးသမီး စတီရီယိုတေးသံရှင် ညိုညိုရိမ် စင်ကာပူတွင် ရှိနေသည်ကို သတိရလျှက် သူမထံဖုန်းဆက်ပြီး ကိုယ်တော်ရဲ့ ဆိုးလှတဲ့ သားအဖြစ်ကို ရှင်းပြကာ နေစရာ အကူအညီရှာဖွေပေးရန် ပြောကြားခဲ့ပါသည်။ သူမက ချက်ချင်းပင် ဘာမှ စိတ်မပူပါရန်၊ ကျွန်တော့်အတွက် ဘုရားသခင် စီမံပေးထားသော အိမ်ရှိပါသည်ပြောပါသည်။ စင်ကာပူမြန်မာခရစ်ယာန် မိတ်သဟာရအဖွဲ့မှ ဆရာနှင့် အဖွဲ့လူကြီးများသည် စင်ကာပူတွင် အလုပ်လာရောက်ရှာဖွေနေသူများ အလုပ်မရရှိမှီ နေထိုင်စရာ၊ အခက်အခဲများအတွက် ဒုက္ခရောက်နေသူများကို ကို မိခင်၊ ဖခင် မေတ္တာစိတ်ဖြင့်  ဘုရားသခင်၏ တစ်ဖက်သတ် ချစ်ခြင်းမေတ္တာကို ပြသလျှက် စရိတ်ငြိမ်း၊ တည်းခိုစေ၊ ကျွေးမွေးထားသည့် အိမ်နေရာရှိကြောင်း၊ ဆရာ့အား သူမ၊ မေတ္တာရပ်ခံပေမည်ဖြစ်ကြောင်း နှစ်သိမ့်စကားကြားရသည့်အခါ မဖေါ်ပြနိုင်သော စိတ်ငြိမ်သက်ခြင်း ရရှိခံစားလိုက်ရပါသည်။ နောက်တစ်ရက်တွင် ဆရာတို့ရဲ့ BERTLEY RD, UPPER PAYA LEBAR RD လမ်းဆုံနားရှိ ROCHDALE RD လမ်းပေါ်ရှိ နှစ်ထပ်အိမ်၊ အပေါ်ထပ်အိမ်ခန်းသို့ ရောက်ရှိခဲ့ရတော့သည်။

ယင်းနေအိမ်သို့ ရောက်ရောက်ခြင်း၊ ဆရာနှင့်တကွ အဖွဲ့လူကြီးများမှ နွေးထွေးစွာ ကြိုဆိုနေရာချထားပေးခံရသည်မှာ ၀ါဂွမ်းဆီထိ၊ ဘ၀ဂ်သို့ ဆိုက်မတတ် စကားပုံကဲ့သို့ ပီတိဖြစ်ရပါသည်။ အိမ်တွင်လည်း ယုံကြည်သူ အင်းစိန်တောင်သူကုန်းမှ ကရင်တိုင်းရင်းသား လူငယ်အများဖြစ်၍ ၄င်းတို့အကြားတွင် ကျွန်တော့အား ဖထီ၊ ဖထီ ဆိုပြီး လေးလေးစားစား ဂရုပြု၊ ကူညီယိုင်းပင်း၊ ဦးစားပေးခြင်းခံရသည်။ အသင်းလူကြီး ဖထီး တစ်ယောက်ဆိုလျှင် ဆရာတို့အခန်း၌ သူ၏ အိပ်ယာကုတင်ကို ကျွန်တော့အား ပေးအိပ်စေလျှက် သူကိုယ်တိုင်းမှာ ကြမ်းပြင်တွင် အိပ်ပါတော့သည်။ စားသောက်ရာတွင်လည်း ကျွန်တော်၏အသက် (၅၀ - နှစ်ရှိပြီ) (တာဝန်ထမ်းဆောင်ခဲ့သော ဌာနဆိုင်ရာ၊ ရာထူးဂုဏ်ပုဒ်မပါ) ကိုလေးစားလျှက် ထမင်းဟင်းကို ဦးဦးဖျားဖျား ခူခတ်ကြွေးခြင်း၊ ဆေးကြောစရာများ လျှော်ဖွတ်စရာများကို မဆေးကြောခိုင်း၊ မလျှော်ဖွတ်စေပဲ ၀ိုင်းဝန်းဆေးကြော၊ လျှော်ဖွတ်ပေးခြင်းတို့ ကို တွေ့ရှိခံစားရသည့်အတွက် ဘယ်လိုမေတ္တာကြောင့် ဒါလောက်တောင် အစေခံကူညီနိုင်ကြသလဲ - တော်ရုံမေတ္တာနှင့် မဟုတ်၊ ဘုရားရဲ့မေတ္တာကြောင့်သာ ဖြစ်ရမည် နားလည်ပြီး ကိုယ်တော်ရှင်၏ ကောင်းမြတ်ခြင်းကို ပို၍ သိမြင်လာရပါသည်။

ကိုယ်တော်ရယ်၊ ကိုယ်တော်ရဲ့သားသည် လောကပညာများ အဆင့်အတန်းမြင့်မြင့် တတ်မြောက်ထားပြီး အင်္ဂလန်နိုင်ငံမှ အဆင့်မြင့် လေကြောင်းဆက်သွယ်ရေးပညာများ တတ်မြောက်ထားခဲ့၍ 'ငါ' ဆိုသည့် ပညာမာန၀င်ခဲ့သောသားမိုက်ကို ၀မ်းသာမျက်ရည် ကျစေသည်။ ဤအိမ်၏ နွေးထွေးမေတ္တာရိပ်ကို လှိုက်လဲဝမ်းသာစွာ ဂုဏ်ယူရပါကြောင်း၊ ခံစားကြုံတွေ့နေရသော ဒုက္ခပြဿနာ၊ ပူဆွေးခြင်း၊ မရေရာခြင်း၊ စိုးရိမ်ခြင်း၊ ကြောက်ရွံ့ခြင်းဖြင့် လောင်ကြွမ်းနေသော ကျွန်တော့၏ ရင်မှမီးကို ကိုယ်တော်၏ မေတ္တာရေဖြင့် ငြိမ်းသတ်လိုက်သလို ခံစားရပြီး၊ လူတို့၌ ကြံစည်၍ မမှီနိုင်သော ငြိမ်သက်ခြင်းကို တဒင်္ကအတွင်း ခံစားလိုက်ရပါသည်။ ကိုယ်တော်၏ ကရာနီကုန်းပေါ်မှ သေခါနီးစဲစဲ လူဆိုး ကြားနာခဲ့ရသည့် ပရဒိသုဘုံ ဆိုတာများလား ဆိုပြီး အတွေးရောက်ခဲ့ပါသည်။

အမှန်မှာ အိမ်ကို ကြီးမြင့်သော ပရဒိသုဘုံနှင့် နှိုင်းယှဉ်ရန် မသင့်တော်သော်လည်း စိတ်အေး၊ ငြိမ်းချမ်းစွာ နေထိုင်စားသောက်ရပြီး၊ အလွန်ကြီးမားသော ချစ်မေတ္တာကို ဆရာ၊ အသင်းလူကြီးများ၊ နေထိုင်ကြသောညီအစ်ကိုများ၌ တွေ့ရှိရသခြင့် ပရဒိသုဘုံအဖြစ် တင်စားထားခြင်းဖြစ်ပါသည်။ စင်ကာပူမြန်မာခရစ်ယာန်မိတ်သဟာရ အဖွဲ့မှ ဆရာ၊ အဖွဲ့ဝင်လူကြီး ၂ - ၃ ဦး (ယခင် JBCS ဥက္ကဌဟောင်း နှင့် KBCS ကိုစတင်တည်ထောင်သည့် ဖထီတစ်ဦးဖြစ်သူ   တို့က မိမိတို့လခအချို့ကို စုပေါင်းထည့်ဝင်ပြီး အခြားအလှုရှင်တို့၏ ပံ့ပိုးမှုဖြင့် ကိုယ်တော်ရှင်ကို ချစ်သော ယုံကြည်သူ ညီအစ်ကိုတချို့၏ ၀ိုင်းဝန်းကူညီထောက်ပံ့မှုဖြင့် Social Gospel အမှုတော်မြတ်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ ၄င်းပုဂ္ဂိုလ်တို့၏ ကိုယ်ကျိုးစွန့်လွှတ်မှု၊ အနစ်နာခံမှု၊ အိတ်စိုက်ပြီး ဒုက္ခရောက်နေကြသော ကိုယ်တော်၏ သားငယ်များကို စေတနာ၊မေတ္တာဖြင့် ကူညီနေမှုများကို စာတမ်းပြုစုရလျှင် ကျမ်းတစ်စောင်ပင် ဖွဲ့နိုင်မည်ထင်ပါသည်။ မဿဲ ၅း၁၆၊  ထိုနည်းတူ သူ့တပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်း ငှါ သူ့တစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့ - ဟူသော ကျမ်းပိုဒ်အတိုင်း ဘုရားသခင်၏ ဂုဏ်တော်ကို ယင်းပုဂ္ဂိုလ်တို့၏ လုပ်ဆောင်ချက်အားဖြင့် ပိုမိုသိခွင့်ရ၊ ချီးမွမ်းရင်း ချီးမွမ်းခဲ့ရပါသည်။ မိတ်သဟာရအဖွဲ့၏ တနင်္ဂနွေနေ့ ၀တ်ပြုခြင်းအစီအစဉ် (သော်မဆင်၊ ဘုရားကျောင်း မြေညီထပ်တွင် ကျင်းပခွင့်ရသည်) တွင်လည်း သင်္ဘောအလုပ်ရှာ၊ ကုန်ပေါ်အလုပ်ရှာ၊ အီးပီတင်၊ စတေးတင် စသည့် စသည့် လိုအပ်နေသော လူများအား နာမည်ဖေါ်ပြလျှက် ဆုတောင်းချက်တင်၊ ဆုတောင်းပေးခဲ့ပါသည်။ လောကီအလုပ်ရရှိရန် ဆုတောင်းပေးရုံမက လောကုတ္တရာ ၀ိညာဉ်ရေးလည်း မနိုမ့်ကျစေရန် အစဉ်နိုးကြား နေစေရန်၊ တနင်္ဂနွေ ဘုရားဝတ်ပြုရာ သောမဆင်ဘုရားကျောင်း SMCF ၀တ်ပြုစည်းဝေးသို့ အပတ်စဉ် သွားရောက်ရန် တိုက်တွန်း၊ စေလွှတ်ခဲ့ပါသည်။ ကော၃း၂၃ လူ၏ အမှုကိုသာ ဆောင်ရွက်သကဲ့သို့ မဟုတ်၊ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ပြုလေသမျှ၌ စေတနာစိတ်နှင့် ပြုကြလော့ - ဟူသော ကျမ်းပိုဒ်အတိုင်း လူလူချင်း ကူညီဆောင်ရွက်ပေးခြင်း၊ အလုပ်ရှာမရ၍ ပျက်စီးချင်းလမ်းကြောင်းထဲသို့ ခြေလှမ်းချမည့် လူငယ်များကို ကယ်တင်နိုင်ခဲ့ကြောင်း တွေ့ရှိရပြန်သည်။

နိဂုံးချုပ်ပြောရလျှင် ဤစင်ကာပူ ပရဒိသုဘုံမှပင် ကျွန်တော်သည် အလွန်မှ ကြီးမားသော ရာထူးအလုပ် (ကမ္ဘာ့လေကြောင်း၊ ဆက်သွယ်ရေး ကုမ္မဏ္ဍီတစ်ခု၏ မြန်မာပြည်မန်နေဂျာ) ကိုလက်ခံရရှိခဲ့ပါကြောင်း၊ ကိုယ်တော်၏ ကောင်းမြတ်ခြင်း၊ ကြီးမြတ်ခြင်း၊ မေတ္တာဂုဏ်ကျေးဇူးတော်၏ တစိတ်တဒေသကို မြည်းစမ်းခဲ့ရပါကြောင်း၊ သက်သေခံ ဝေငှလိုက်ရပါသည်။ သခင်ယေရှုခရစ်တော်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်မှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ကျွန်တော်ခံစားရသကဲ့သို့ ဤသက်သေခံချက်ကို ဖတ်ရှုရသည့် ချစ်သောညီအစ်ကို မောင်နှမအားလုံးလည်း ခံစားရပါစေသောဝ် ... အာမင်။

မင်းဟင်္သာ (အင်းစိန်)

Hits: 1892
Comments (1)Add Comment
...
written by This e-mail address is being protected from spambots. You need JavaScript enabled to view it , September 16, 2012
thank you for share.
report abuse
vote down
vote up
Votes: +1

Write comment
smaller | bigger

busy

Facebook Google Twitter buttons

သက်သေခံချက်များ Testimony (random article)

"ကျေးဇူးတော်ခွက်ဖလားလျှံပြီမို့" - ကိုမေတ္တာ(သင်းအုပ်ဆရာ)

"ကျေးဇူးတော်ခွက်ဖလားလျှံပြီမို့"  ကိုမေတ္တာ (သင်းအုပ်ဆရာ)

"စိုက်သည့်အတိုင်း ရိတ်ရလိမ့်မည်" ဆိုတဲ့ တမန်တော်ကြီး ရှင်ပေါလုရဲ့ သြ၀ါဒဟာ တကယ်တော့ လူ့လောကကြီးရဲ့ နိယာမအမှန်တရား တစ်ခုဆိုတာ ဘယ်သူကမှ ငြင်းလို့မရပါဘူး။ လူတိုင်းဟာ မိမိပြုလုပ်တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံများရဲ့ အကျိုးအပြစ်ကို ပြန်ပြီးတော့ ခံရတတ်စမြဲ ဆိုတာကိုလည်း သံသရာ ခရီးသည်လို့ မိမိကိုယ်ကို သတ်မှတ်ထားကြတဲ့ လူတိုင်းက နားလည်လက်ခံထားတဲ့ ကိစ္စပါ။ .... ဒါပေမဲ့ ကံတရားရဲ့ စေစားမှုထက်ကျော်လွန်ပြီး မိမိပြုတဲ့အရာ .. တတ်နိုင်တဲ့ အစွမ်းတွေထက်ကို ကျော်လွန်ပြီးရလာတဲ့ အကျိုးရလဒ်ကိုတော့ ဘာလို့ပြောမလဲ ?  ။ ဒါက ခရစ်ယာန်အသက်တာရဲ့ အံ့သြစရာကောင်းတဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ ... အဲဒီ အခြေအနေမျိုးကို ဘယ်လိုဝေါဟာရနဲ့ ဖေါ်ပြမှာလဲ? ဆိုရင်   "ကျေးဇူးတော် (The Grace)" ဆိုတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုမေတ္တာ အနေနဲ့ ပုံပြင်မဟုတ်တဲ့ တကယ့်ဖြစ်ရပ်မှန် ဇတ်လမ်းလေးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ .. ဝေမျှပေးချင်ပါတယ်။

ဟိုး .. လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုံးက ခန္ဓီးမြို့ရဲ့ ဇီးဖြူကုန်း ဆိုတဲ့ ရပ်ကွက်ကလေးမှာ အလွန်ဆင်းရဲ့တဲ့ လင်မယားနှစ်ယောက် ရှိခဲ့ဖူးတယ်။ သူတို့က ခန္ဓီးမြို့  ဇီးဖြူးကုန်း ရပ်ကွက်ကလေးနဲ့ (၂)မိုင်လောက် အကွာအဝေးမှာရှိတဲ့ ချောင်းကလေးတခုအနားမှာ အခင်း (စိုက်ခင်း) လုပ်ပြီး ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးရောင်းချ အသက်မွေးကြရတယ်။ သူတို့မှာ ရှားရှားပါးပါးဆိုလို့ သားကလေး တယောက်ပဲရှိတယ်။ "ကံမကောင်းကြပါဘူး" လို့ ပတ်ဝန်းကျင်က ဂရုနာသက်စရာ အကြောင်းကတော့ အဲဒီသားငယ်ကလေးဟာ မွေးလာကတည်းက မကျန်းမမာဖြစ်ပြီး ငယ်ရွယ်တဲ့ ကလေးဘ၀မှာပဲ ပိုလီယို အကြောသေ ရောဂါကြောင့် ခြေထောက်နှစ်ဘက်စလုံးဟာ ပိန်လှီနေပြီး လမ်းလုံးဝမလျှောက်နိုင်ပဲ သူ့ရဲ့ လက်ကလေး နှစ်ဖက်မှာ ဘိနပ်ကလေးကို စီးပြီးတော့ သွားရရှာတယ်။ "သြော် .. ကံဆိုးလိုက်တာနော်"  လို့ လူတွေက ဂရုနာနဲ့ စုတ်တသတ်သတ်ပေါ့။ သူတို့က ခရစ်ယာန်တွေလေ ... ။ ဘုရားတရားကိုလည်း လွန်စွာမှ ရိုသေကိုင်းရှိုင်းကြတယ်။ အပတ်စဉ် တနင်္ဂနွေ ဥပုဒ်နေ့တိုင်း သူတို့မိသားစုဟာ ဘုရားကျောင်းကို မှန်မှန် တက်လို့ပေါ့။ နောက်ပြီး သူတို့ စိုက်ခင်းထဲက ဟင်းသီးဟင်းရွက် ရောင်းလို့ ရတဲ့ ငွေထဲက ဆယ်ဖို့ တဖို့ အလှုငွေကိုလည်း ဘုရားကျောင်းကို ယူလာပြီး မှန်မှန်ဆက်ကပ်ကြရှာတယ်။ သူတို့ကို အများရဲ့ အမြင်မှာတော့  သနားဂရုနာ သက်စရာလို့ မြင်ကြပေမဲ့ သူတို့ရဲ့ လက်တွေ့ ခံယူချက်ကတော့ အံ့သြစရာကောင်းလှပါတယ်။

ဘာလို့လည်း ဆိုတော့ .....။

တနေ့ ညနေခင်းမှာ ကျွန်တော့ဆီကို သူတို့လင်မယား နှစ်ယောက် ရောက်လာကြတယ်။ တစ်စုံတစ်ရာ အကူအညီတောင်းလိုတဲ့ ပုံစံပေါက်နေပေမဲ့ မဟုတ်ပါဘူး။ ညက လင်မယားနှစ်ယောက်ဟာ တိုင်ပင်ကြပြီး ကိစ္စတစ်ခုကို မေးချင်လို့ .. တဲ့။ အဲဒါကတော့ သူတို့တတွေ အပါတ်စဉ်တိုင်း သူတို့စိုက်ခင်းထဲက ရတဲ့ ၀င်ငွေရဲ့ ဆယ်ဖို့၊တဖို့ အလှုငွေကို ဘုရားကျောင်းကို ယူလာပြီး ဆက်ကပ်တာ အားမရလို့ နောက်ထပ် ဆယ်ဖို့တဖို့ အလှုငွေကို ဆရာတို့ ကျမ်းစာကျောင်းကို ဆက်ကပ်ချင်တယ်တဲ့..။ ကျွန်တော် အရမ်း အံ့သြ တုံလှုပ်သွားမိတယ်။ အင်မတန် ဆင်းရဲပြီး "ကံမကောင်းပါလား"  ဆိုတဲ့ ပတ်ဝန်းကျင်က ဂရုနာသက် သနားမှုကို ခံနေရတဲ့ မိသားစုက ထူးထူးခြားခြား အဆိုပြုလာတဲ့ ကိစ္စ။ ကျွန်တော်က သူတို့ လင်မယား နှစ်ယောက်ရဲ့ တစ်ပတ်တာ ဆယ်ဖို့တဖို့ အလှုငွေပမာဏကို မေးလိုက်တော့ နှစ်ရာကျပ် (၂၀၀ိ/-) ပတ်ဝန်းကျင် တဲ့။ တွက်ချက်ကြည့်လိုက်တဲ့အခါ သူတို့မိသားစုရဲ့ ဆယ်ဖို့တဖို့ ၀င်ငွေကို တစ်နှစ်တာ စုစည်းလိုက်ရင် ကျွန်တော်တို့ နာဂ နှစ်ခြင်းကျမ်းစာကျောင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတယောက်ကို ကောင်းကောင်းကြီး ၀ိညာဉ်မိဘအဖြစ် ခံယူနိုင်တယ်ဆိုတာ သိရတော့၊  ဆင်းရဲပြီး ကျောင်းတက်ဖို့ အခက်အခဲ ရှိနေတဲ့ ကျမ်းစာ ကျောင်းသား (၁) ယောက်ကို ၀ိညာဉ်မိဘအဖြစ် မွေးစားနိုင်ဘို့ စီစဉ်ပေးလိုက်ခဲ့ပါတယ်...။  အဲဒီနောက်ပိုင်း ကျွန်တော်လည်း နာဂနှစ်ခြင်း ကျမ်းစာ ကျောင်းအုပ်ဘ၀က နေပြီးတော့ နာဂတောင်တန်း မြောက်ပိုင်း နန်းယွန်း နာဂနှစ်ခြင်း သာသနာနယ်အဖွဲ့  ရဲ့ အတွင်းရေးမှုးတာဝန်ကို ပြောင်းလဲပြီး တာဝန်ယူရတဲ့အချိန်၊ ခန္ဓီးမြို့က သူတို့မိသားစုနဲ့ အဆက်အသွယ်ပြက်သွားပြီး ကိုယ့်အလုပ်၊ ကိုယ့်အာရုံနဲ့ သူတို့ကို မေ့သလို ဖြစ်သွားရတယ်။

ဒါပေမဲ့ တနေ့ (တနှစ်ကျော်ခန့်အကြာ)  ကချင်ပြည်နယ် မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ရဲ့ မြို့မ ဈေးကြီးအနားမှာ မမျှော်လင့်ပဲ သူတို့နဲ့ ပြန်ပြီး ဆုံလိုက်ရတယ်။ ကျွန်တော်က စက်ဘီးကလေး စီးပြီး ဈေးက ထွက်အလာ၊ တိုယိုတာ အက်စ်အီး (Toyota S.E) ကားအဖြူကလေး တစီးဟာ ကျွန်တော့ရဲ့ နောက်က ဟွန်းတီးပြီး အချက်ပေးနေတယ်။ ပထမတော့ လမ်းတောင်းတယ်ထင်ပြီး စက်ဘီးကို လမ်းဘေး နဲနဲ ကပ်ပေးလိုက်တယ်။ ဒါပေမဲ့ ကားကလေးဟာ ကျော်တက်ပြီး မောင်းမသွားပဲ "ဟွန်း" ကိုပဲ ဆက်တီးနေတော့ ကျွန်တော် နဲနဲတောင် စိတ်တိုမိသွားတယ်။ အဲဒီနောက် ကားဖြူလေးဟာ ကျွန်တော့စက်ဘီးကို ကျော်တက်ပြီး ရှေ့ခပ်လှမ်းလှမ်းမှာ သွားပြီး ရပ်လိုက်တယ်။ ကားနောက်ခန်းတံခါး တဖက်တချက်စီက မိန်းကလေးတယောက်နဲ့ ယောင်္ကျားတယောက်က ကသောကမျောနဲ့ ထွက်လာပြီး "ဆရာ ဦးစောမင်းလွင် မဟုတ်လား ... ကျွန်တော်တို့ကို မမှတ်မိဘူးလား"  ဆိုတော့ ကျွန်တော် ပထမတော့ ဇဝေဇ၀ါနဲ့ ခပ်ကြောင်ကြောင်ဖြစ်နေတယ်။ "ကျွန်မတို့ ခန္ဓီးကလေ"  .. ဆိုမှ သူတို့ရုပ်ကို ပြန်ပြီး ဖမ်းမိတော့တယ်။ တကယ်ပါဘဲ .. လုံးဝကို မှတ်မိနိုင်စရာ မရှိတဲ့ ပြောင်းလဲနေတဲ့ ရုပ်ဟန်သွင်ပြင်တွေနဲ့ ... အဲ ဒါနဲ့ပဲ တိုတိုပြောရရင် မြို့လည်ခေါင်က သူတို့အိမ်  .. အဲ .. အိမ်ဆိုတာထက် .. တိုက်ကြီးလို့ ပြောရင် ပိုပြီးကောင်းမယ်။ အဲဒီ ဟိန်းနေတဲ့ ခမ်းနားလှတဲ့ တိုက်ကြီးတလုံးထဲ ရောက်သွားရတယ်။ "ဟိုမှာလေ .. သားငယ်ငယ်က စာမသင်ခဲ့လို့ .. အခုမှ အိမ်ကို ဆရာမခေါ်ပြီး စာသင်ပေးနေတာလေ"  ဆိုပြီးတော့ ပိုလီယို ရောဂါသည် သားငယ်ကလေးကို မိတ်ဆက်ပေးတယ်။

ကျွန်တော်လည်း အံ့သြခြင်း ကြီးစွာနဲ့ပဲ သူတို့မိသားစု အချိန်ကာလ တခဏခြင်းမှာ ဘယ်လိုလုပ်ပြီး သူဌေးတွေ ဖြစ်ကုန်ကြတာလဲ ?  ဆိုတာကို တွေးမရ ဖြစ်နေတယ်။ သူတို့ကပဲ  "ဆရာ အံ့သြနေမှာပေါ့နော် .."  ဆိုတော့။ "ဟုတ်တာပေါ့၊  အံ့သြလွန်းလို့ ဘယ်ကနေစပြီး အကျိုးအကြောင်း မေးရမှန်းတောင် မသိဖြစ်နေတာ" .. လို့ ဆိုမိတယ်။ "ဆရာရေ .. ဘုရားသခင် ကျေးဇူးတော်ကြောင့် ဒီလိုဘ၀ ရောက်လာတာ" .. လို့ ဆိုပြန်တယ်။ လာပြန်ပြီး "ဒီ ကျေးဇူးတော် ဆိုတာ သူတို့က ပြောပဲ ပြောနိုင်လွန်းတယ်"။  ခန္ဓီးမှာတုံးကလည်း အများကတော့ "ကံဆိုးလိုက်တာ"  လို့ ၀ိုင်းပြီး ဂရုနာသက်နေချိန်မှာ သူတို့က ဘုရားသခင်ရဲ့ ကျေးဇူးတော် ကြီးမားစွာ ခံစားရလွန်းလို့ ဟင်းသီးဟင်းရွက် ရောင်းရငွေ ဆယ်ဖို့တဖို့ နောက်တစ်ဖို့ကို ဆက်ကပ်ချင်တယ်ဆိုတဲ့ ကိစ္စကိုလည်း ပြန်ပြီး သတိရမိသေးတယ်။  ဇတ်လမ်းစုံ ခင်းပြတော့ ကျွန်တော်လည်း အံ့သြခြင်းတွေနဲ့အတူ နောက်ထပ် ဇတ်လမ်းတစ်ပုဒ်ကို အံ့သြစွာ ကြားရပြန်တယ်။ အံ့သြခြင်းတွေက ထပ်နေတာပဲနော် .. ။

ဇတ်လမ်းက ဒီလို ...။

တနေ့မှာတော့ သူတို့ စိုက်ခင်းလုပ်တဲ့နေရာမှာ ရှိတဲ့ တောင်ယာတဲကလေး အနားဆီကို လူတယောက်ဟာ ဒယီးဒယိုင် နဲ့ ရောက်လာတယ်။ ကြည့်လိုက်တော့ တကိုယ်လုံး ခြစ်ခြစ်တောက်အောင် ပူနေတယ်။ "တဟီးဟီး"  နဲ့ ငှက်ဖျားတက်နေပြီး ဘယ်လိုမှ မဟန်နိုင်တော့လောက်အောင် ဖြစ်နေရှာတယ်။ အပြင်းဖျားပြီး အားအင်ပြက်နေတဲ့ပုံပေါ့။  သူတို့ တဲကိုလည်း ရောက်တော့ ပုံပြီး လဲကျသွားတော့တာပေါ့။ သူတို့လည်း အဲဒီလူနာကို ပွေ့ထူပြီး တဲပေါ်မှာ အိပ်ခိုင်းလိုက်တယ်။ အကျိုးအကြောင်း မေးကြည့်တော့ ကျောက်စိမ်းတူးတဲ့ "မှော်" ထဲက လာတာတဲ့။ ကျောက်စိမ်းတွင်း ရှိတဲ့ နေရာကို "မှော်"  လို့ ခေါ်ကြတာလေ။ အဲဒီမှာ တွင်းသားလုပ်နေရင်း ကျောက်စိမ်းကလည်း မရတာနဲ့ ရရာ ကျပမ်းအလုပ်ကို ထွက်လုပ်ပြီးတော့ စားဖို့ သောက်ဖို့ ရှာရင်း ငှက်ဖျားရောဂါ ဖြစ်လာပြန်ရော။ ဆေးကုဖို့ကလည်း ပိုက်ဆံမရှိ။ စားစရာလည်း မရှိနဲ့ အတော် ဒုက္ခရောက်နေပြီး ကူညီမဲ့သူ မရှိဖြစ်တာနဲ့ "မထူးတော့ပါဘူး"  ဆိုပြီး ခန္ဓီးမြို့ကို ပြန်လာခဲ့တာ စက်လှေခတောင် မရှိလို့ ခြေလျှင်နဲ့ပဲ ပြန်လာခဲ့ရတယ်။ ဘာမှ စားစရာလည်း မရှိတော့ အားပြက်ပြီး ဆက်မသွားနိုင်တော့လို့ ဒီကိုဝင်ပြီး အကူအညီ ရလိုရငြား ၀င်လာခဲ့တာ .. တဲ့။ ဒါနဲ့ ဒီလင်မယား နှစ်ယောက်က လူနာကို အကဲခပ်ကြည့်လိုက်တော့ အခြေအနေက စိုးရိမ်စရာ ကောင်းလောက်အောင် ဆိုးဝါးနေတာ။ သနားစိတ်ကြောင့် သူ့ကို ဘယ်လိုကူညီရမလဲ ?  ဆိုတာ စဉ်းစားတော့လည်း ပါလာတဲ့ ထမင်းထုပ်လေးတောင် နေ့လည်စာ စားပြီးလို့ ကုန်နေပြီ။ ကျွေးစရာလည်း မရှိ။ ဖျားနေတဲ့ လူနာကို တိုက်ဖို့ ဆေးဝါးလည်း မရှိ။ ဖြစ်နေတော့ အခက်အခဲ တွေ့နေတာပေါ့။ ဒါပေမဲ့ မိန်မလုပ်တဲ့လူက သူတို့အခင်း တဲအမိုးမှာ ချိတ်ထားတဲ့ ကျွတ်ကျွတ်အိပ်နဲ့ ထုပ်ထားတဲ့ ဆန်ကလေး နည်းနည်း ရှိနေတာ သတိပြုမိလိုက်တယ်။ အခင်းရှင်းတုန်းက စုပေါင်းလုပ်အား ခေါ်ကျွေးတဲ့ ဆန်လက်ကျန်ကလေးပေါ့။ ဒါနဲ့ပဲ ဟန်းကောလေးမှာ ဆန်နည်းနည်းကို ရေကြဲကြဲ နဲ့ ပြုတ်ပြီးတော့ ဆားခပ်လို့ ဆန်ပြုတ်ရေကြဲလေးနဲ့ လူနာကို တိုက်ပြီး ပြုစုခဲ့ကြတယ်။ လူနာကလည်း အစာငတ်ပြိး အားအင်ပြက်နေတာမို့ ဆန်ပြုတ်ကြဲကြဲလေးကို အငန်းမရ သောက်ရှာတာပေါ့။

သူတို့ လင်မယားဟာ လူနာကို ဘယ်လိုဆက်ပြီး ကူညီရမလဲ ?   စဉ်းစာတော့ အကြံအိုက်နေတာပေါ့။ အိမ်ကိုခေါ်သွားရင်လည်း ဆေးကုပေးဖို့ ၊ ကျွေးမွေးဖို့၊ ငွေကြေးအင်အား သူတို့မှာ မရှိဘူး၊ မတော်တဆ လူနာဟာ သူတို့အိမ်မှာ ဆုံးပါးသွားခဲ့ရင် အသုဘစရိတ်က ခက်နေဦးမယ်.. လို့တောင် တွေးမိကြသတဲ့ ..။ အဲဒီ အခင်း တဲကလေးမှာပဲ ချန်ထားခဲ့ရင်လည်း သူကိုညမှာ ကြည့်ရှုကျွေးမွေးသူ ပြုစုမဲ့သူမရှိတာကြောင့် မတော်သေသွားခဲ့ရင် မနက်ဖန် အခင်းတဲထဲမှာ သူ့အလောင်းကောင်ကြီးကို စန့်စန့်ကြီး တွေ့ရလေမလားပေါ့ ။  နောက်ဆုံး လင်မယား နှစ်ယောက်ဟာ ဆုံးဖြက်ချက်တခုကို ခိုင်ခိုင်မာမာ ချလိုက်နိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒီလူနာကို ခန္ဓီးမြို့ရောက်အောင်တော့ ခေါ်သွားမယ်။ ဒါပေမဲ့ အိမ်တော့မဟုတ်ဘူး။ ခန္ဓီးမြို့ ပြည်သူ့ဆေးရုံဆီကိုပေါ့။ အခင်းသိမ်းချိန်မှာတော့ မိန်မဖြစ်သူက ဟင်းသီးဟင်းရွက်တွေကို နှစ်ယောက်စာ တယောက်ထဲကပဲ တနင့်တပိုးထမ်းပြီးတော့၊ ယောင်္ကျားလုပ်သူက လူနာကို ကျောပိုးပြီး သယ်ပိုးလာခဲ့ကြတယ်။ တကယ့်ကို မလွယ်တဲ့ ခရီးပေါ့။ ကျွန်တော် အဲဒီနေရာကို ကောင်းကောင်းသိတယ်လေ။ ကျွန်တော်တို့ ကျမ်းစာကျောင်း စိုက်ခင်းကလည်း အဲဒီနားမှာပဲဟာ ... (၂)မိုင်လောက် ဝေးတဲ့ခရီးမှာ တောင်တက် (စစ်တပ်ကုန်း) လည်းရှိသေးတယ်။ အသွားက အဆင်းခရီး၊ အပြန် အတက်ခရီး။ .. ပြီးတော့ ဆေးရုံကုန်းက တခါ အတက်ခရီးဆိုတော့ တော်ရုံတန်ရုံ စေတနာ မေတ္တာနဲ့တော့ လူတယောက်ကို ကျောပေါ်မှာ ကုန်ပိုးပြီးတော့ မတက်နိုင်ဘူး။ အံ့ပ။

မိုးကြီးချုပ်မှ သူတို့တတွေ ဆေးရုံရောက်တော့ ဆရာမတွေက လူနာကို ကြည့်ပြီးတော့ နာမည်ဘယ်သူလဲ?  လူနာရှင်က ဘယ်သူလဲ ?  လို့ မေးတယ်။ သူတို့လင်မယားက မဖြေနိုင်ရှာဘူး။ "မသိဘူး၊ မဟုတ်ဘူး ပေါ့" "ဟဲ့ လူနာကို မသိပဲနဲ့ ခေါ်လာရတယ်လို ... နင်တို့မှာ ဆေးကုဖို့ ပိုက်ဆံ ဘယ်လောက်ပါသလဲ"  ဆိုတော့ "မပါဘူး၊ သနားလို့ ခေါ်လာတာ .. "ပြောရတယ်။ "စရိတ်မျှပေး ကျန်းမာရေး" စနစ် ကျင့်သုံးနေပြီဖြစ်တဲ့ ပြည်သူ့ဆေးရုံရဲ့ ၀န်ထမ်းဆရာမတွေရဲ့ အဆူ၊အငေါက်ကို ကောင်းကောင်းကြီး ခံကြရရှာတယ်။ သူတို့ တတ်နိုင်တာ သူတို့ နားလည်သလောက်လေးနဲ့ ဆေးရုံကို ခေါ်လာရင်တော့ ဆေးကုပေးမှာပဲ ဆိုတဲ့ အသိရိုးရိုးလေးနဲ့ပေါ့။ ဆေးရုံရောက်လာမှတော့ ဘယ်တတ်နိုင်တော့မလဲ။ လက်ခံပြီး အစိုးရစရိတ်နဲ့ ကုသပေးရတာပေါ့။ လူနာကလည်း အခြေအနေ တော်တော် ဆိုးနေပြီလေ။ အခြား လူနားတွေ လူနာရှင်တွေက ဒီအဖြစ်အပျက်ကို ကြားသိမြင်ရတော့ သနားဂရုနာနဲ့ စုတ်သပ်ကြပြီး သူတို့ရဲ့ ထမင်း၊ ဟင်းကျန်လေးတွေ၊ မုန့်လေးတွေကို ယူလာပြီး လူနာကို ကျွေးမွေးကြရှာတယ်။ အဲဒီနောက်မှာတော့ သူတို့လင်မယား နှစ်ယောက်ဟာ လူနာကို ဆေးရုံမှာ ထားခဲ့ပြီး တိတ်ဆိတ်စွာနဲ့ပဲ ဆေးရုံက ပြန်ခဲ့ကြတော့တယ်။

နောက်နေ့တွေမှာ သူတို့လည်း ဆေးရုံကို တခေါက်တလေမှာ မရောက်တော့ပါဘူး။ သူတို့ တာဝန်ပြီးဆုံးပြီး ကူညီနိုင်တာတွေကို ကူညီခဲ့ပြီလို့ သဘောပိုက်မိတယ် .. တဲ့။ ဒီလိုနဲ့ပဲ အဲဒီလူနာဟာ ဆေးရုံမှာ အစိုးရစရိတ်နဲ့ ဆေးကုသခဲ့ရပြီး အခြားလူနာတွေရဲ့ ထမင်းကျန်၊ ဟင်းကျန်၊ သဒ္ဒါမုန့်လေးတွေကို စားရင်းနဲ့ပဲ တစ်လအကြာလောက်မှာ ဆေးရုံက ကျန်းမာပြီး ပြန်ဆင်းခဲ့ရရှာတယ်။ ဆရာဝန်၊ ဆရာမ တွေကို နှုတ်ဆက် ကန်တော့၊ ကျေးဇူးရှင် တခြား လူနာရှင်တွေကို နှုတ်ဆက်ပြီးတော့ ခန္ဓှီးမြို့က ပြန်ထွက်ခဲ့တော့တယ်။ သူ့ကို ဆန်ပျြတ် ရေကြဲကြဲလေး တိုက်ပြီး ဆေးရုံပေါ် အရောက် ထမ်းပို့ပေးခဲ့တဲ့ လင်မယားနှစ်ယောက်ကိုလည်း ဘယ်နေရာ ပြန်ပြီးရှာရတော့မလဲ .. ဆိုတာ မသိတော့ပါဘူး။ အဲဒီလူဟာ ခန္ဓီးကနေပြန်ထွက်ပြီး နောက်တစ်ခါ ကျောက်စိမ်းမှော်ကို ပြန်ရောက်သွားပြန်သတဲ့။ တစ်နေ့မှာတော့ သူများတွေ စွန့်ပစ်ထားတဲ့ မြေစာပုံထဲကနေ မမျှော်လင့်ပဲ ကျောက်စိမ်းတစ်တုံး (အားလူးကျောက်)ကို သူရလိုက်တယ်။ မီးထိုး ဖြက်ကြည့်တဲ့အခါ အင်မတန်မှပဲ အရည်အသွေးကောင်းလှတဲ့ ကျောက်စိမ်းတစ်တုံး ဖြစ်နေသတဲ့။ ဒီတစ်ခါမှာ ကံကြမ္မာက သူဘက် ပါပြီလေ။ သိန်းပေါင်း ရာဂဏန်းမက၊ ထောင်ဂဏန်း နီးနီး လုပ်ငန်းရှင်ကြီးဘ၀ကို ရောက်သွားတော့တယ်။ လူ့ကံကြမ္မာက အံ့သြစရာကောင်းလောက်အောင် ဆန်းပြားတယ်နော်။

အဲဒီနောက် ဒီလူဟာ စဉ်းစားသတဲ့...။

ငါ့ကို ဒီဘ၀မျိုး ရောက်ရလေအောင် ငါ့ကို ဆန်ပြုတ်ကလေး တိုက်ပြီး ခန္ဓီးမြို့က ဆေးရုံပေါ်ကို ချွေးတဒီးဒီးကျအောင် ထမ်းပို့ကူညီ ပို့ဆောင်ပေးတဲ့ အခင်းစိုက်စားတဲ့ သူဆင်းရဲ လင်မယားကို မတွေ့တွေ့အောင် ပြန်ပြီးရှာမယ်။ ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်တွေဆိုပြီး ပြန်လိုက်ရှာလိုက်တာ နောက်ဆုံး ပြန်တွေ့ပါလေရော။

ဒါနဲ့ပဲ တိုတိုပြောရရင် အခင်းစိုက်စားတဲ့ လင်မယားဟာ နောက်ဆုံး ကျေးဇူးပြန်ဆပ်ခြင်း ခံရပြီးတော့ ခန္ဓီးမြို့ကနေ မြစ်ကြီးနားမြို့မှာ အိမ်တဆောင်၊ မီးတပြောင်နဲ့ ကျေးဇူးပြန်ဆပ်ခြင်း ခံရကြသတဲ့။ သူတို့လင်မယားနှစ်ယောက် နာမည်နဲ့ တစ်သက်စာ ဖူလှုံဖို့ ငွေစုဘဏ်မှာ ငွေစာရင်းဖွင့်ပေးတယ်။ မော်တော်ကားလိုင်းတွေမှာလည်း ကားတွေကို သူတို့နာမည်နဲ့ ထည့်ပေး၊ စတိုးဆိုင်ကြီးတွေ ၀ယ်ဖွင့်ပေး၊ စသဖြင့် တစ်သက်စာပတ်လုံး ဘာမှ ပူပန်စရာ မလိုတော့လောက်အောင် မိဘလို ပြန်ပြီး ကျေးဇူးဆပ်သတဲ့။ သူတို့ လင်မယား နှစ်ယောက် ပြောတာ မှန်တာပေါ့။ အဲဒါဟာ ဘုရားသခင် ကျေးဇူးတော် ဆိုတာလေ။ သူတို့ ပြုတဲ့ ကောင်းမှုက နည်းနည်းလေ ..  ဆန်ပြုတ်ရည်ကျဲလေး တစ်ခွက်နဲ့ ကျောပိုးထမ်းခဲ့ရတာလေးပဲ။ ပြန်ရတဲ့ ကောင်းကြီးတွေက မနည်းမနော မဟုတ်ပါလား။ မုဒိတာပွား ၀မ်းသာမိပါပရဲ့။

သုတ္တံကျမ်း ၁၀း၂၂ မှာ "ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ၀မ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ"  လို့ ဆိုထားတယ်မဟုတ်လား။ ကြားရတဲ့လူ၊ သိလိုက်ရတဲ့လူ အပေါင်းက သူတို့လင်မယား နှစ်ယောက် ကောင်းစား ချမ်းသာသွားတဲ့ ကိစ္စအတွက် ၀မ်းသာကြရတယ်။ ကြည်နူးဝမ်းမြောက်ကြရတယ်။

"ကျေးဇူးတော်ခွက်ဖလား"  ဆိုတာ "သိတတ်၊ ချီးမွမ်းတတ်သူတွေ အတွက်ဖြစ်တယ်" ... တဲ့။ လူတိုင်းဟာ ကောင်းကြီးမင်္ဂလာ ကိုယ်စီ၊ အခြေအနေတိုင်းမှာ ကိုယ်စီ  ရှိတတ်ကြစမြဲသာ ဖြစ်တယ်။ ဒါပေမဲ့ ဒီကောင်းကြီးမင်္ဂလာတွေကို တွေ့မြင်ချီးမွမ်းတတ်မှုဟာ ခွက်ဖလား ပြည့်ရုံမက၊  လျှံပြီးကျတဲ့အထိ ခံစားရလိမ့်မယ်  ဆိုတာ  သက်သေပါပဲ။ မထိုက်တန်ပေမဲ့၊ ထာဝရဘုရားသခင်ပေးတဲ့ ကျေးဇူးတော် ခွက်ဖလား ... အဲ ... တနည်းပြောရရင် ...  "လျှံလျက်ရှိတဲ့ ခွက်ဖလား"  ဆိုတာပဲပေါ့ ... ဗျာ ....။

ခံစားဝေမျှရင်းနှင့်

ကိုမေတ္တာ
(သင်းအုပ်ဆရာ)

ဆိုင်ဘောသဲကျေးရွာ (Nov2010)
ဒီမောဆိုးမြို့နယ်၊ ကယားပြည်နယ်
+၉၅ (၀၉၂) ၄၀၀ ၆၁၉

မှတ်ချက်။  စာရေးသူသည် စင်္ကာပူ၊မလေးရှား ခရီးစဉ်မှာ မေလတွင် မြန်မာပြည်သို့ ပြန်လည် အမှုတော်ထမ်းလျှက်ရှိပါသည်။ ဆိုဘောသဲကျေးရွာ၊ ဒီမော့ဆိုးမြို့နယ်၊ ကယားပြည်နယ်
03-July-2010

 

ဝိညာဉ်ရေးရာ Spiritual (random article)

ဓမ္မပညာအထောက်အကူပြုစာစောင် - သြဂုတ်၂၀၁၁


ဒေါင်းလုပ်ရန်လင့်
http://burmesebible.com/pulpit/08_August%202011.pdf

ပညာ၏အချုပ်အချာ - ညီအစ်ကိုကြီး Dr. တင်မောင်ထွန်း
အပြစ်များလျှက်ပင်လွှတ်စေ၍ - ညီအစ်ကို ဦးကပ်ခန့်ခုပ်
ဘုရားသခင်ကိုကြောက်ရွံ့ခြင်းပညာရဖို့ - ညီအစ်ကို ဦးတင်မောင်ညို
သူရဲလက်၌ရှိသောမျှားကဲ့သို့ - ညီအစ်ကိုဦးဒယ်နီယယ်
ဘုရားသခင်၏ဘုန်းတော်ထင်ရှားဖို့ - ဆရာဦးအောင်သက်ညွန့်
http://burmesebible.com/pulpit

 

Footer Monthly Articles & Web.Blogs

 

ဝိညာဉ်ရေးဆိုင်ရာလစဉ်ရွေးချယ်ထားသောမုရန်ဆောင်းပါးအချို့

 


Our Friendly Web & Blogs Links
jbcs.org.sg/main
woorank.com/en/www/sawpatrick.net
moemaka.com/2012/06/guest-writer-ပြည်သူတို့လိုချင်နေတ
spiritlessons.com/languages/index.htm
thawthikho.blogspot.com/2010/02/blog-post_9931.html
mahnkoko.blogspot.com.au
divinerevelations.info/languages/index.htm
mcathailand.com
myanmarinsingapore.com
karenfamily.org/profiles/blogs/links-1
zomimessenger.com/2012/09/column-music-column-extra-links-holy.html
streamoflife99.com/articles/jesus18yrsproblem.html
tudoenkung.wordpress.com/online-bibles
burmesebible.com/links.htm
jinghpawtingsan.blogspot.com/2011/04/morphvox-junior-voice-changer.html
sawkyawoo.com/2011/10/website_21.html
bethelkhrihfabu.net/nitin-bible-relnak.html
immanuelmyanmarchurch.com/apps/blog
mahnkoko.blogspot.com.au/2012/06/blog-post_10.html
kc-nl.blogspot.in/2011/09/2011-ning-ladaw-kcnl-nawku-hpung-wai.html
laaituibaptistchurch.com
mahnkoko.blogspot.com/2012/07/normal-0-false-false-false-en-au-x-none.html
mcflondon.com
dawnathar.blogspot.com/2010/11/blog-post_8330.html
imcwheaton.org
kc-nl.blogspot.com/2012/05/atrocities-in-kachin-land.html
kokomaunguk.blogspot.co.uk/2012/01/blog-post_21.html
sawpatrick.net
shinthan.com
bangkokchristchurch.net
batupuei.webs.com
burmesebible2008.blogspot.com/2009/10/typhoon-in-philippines.html
globalmcf.ning.com
intouchcnet.com
karanilan.webs.com/apps/videos/videos/show/5464117
kokomaunguk.blogspot.com.au/2012/06/blog-post_09.html
kokomaunguk.blogspot.sg/2012/08/blog-post_8666.html
mcctulsa.com
mgchit.blogspot.in/2012/08/blog-post_18.html
mmwebgallery.com
nlbcusa.wordpress.com
sawchit.blog.com/2011/06/12/ကျီးတို့အလယ်မှ-ဒေါင်း
sawchitthu.blogspot.com/2012/03/software-license-version.html
simonkamta.blogspot.com/p/mp3-download_16.html

swecanaan.blogspot.com/2012/09/andriod-phone-program.html
thelordword.com
tkbc-japan.net
bangkokchristchurch.net

haineni.ning.com
bangkokchristchurch.net
globalmcf.ning.com/
thawthikho.blogspot.com
orangeask.com
miccfortwayneusa.blogspot.com
mcflondon.com
kokomaunguk.blogspot.com

mission-one.co.cc                   
chanlinnay.mandalaybloggers.org

thespiritfruit.com
mg-m.blogspot.com  ကျမ်းစာလေ့လာနည်းများ
mcbc4u.blogspot.com မုရန်ဆောင်းပါးအချို့.
www.myatmingalar.com/ မြတ်မင်္ဂလာဒေသနာများ
myanmar-odb.org နေ့စဉ်ခွန်အား(မြန်မာ)

Ref:

http://www.alexa.com

Facebook Twiter Google Buttons

ရယ်ရွှင်ဘွယ်ရာ (Random Selection)

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက်
လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
“ ခင္ဗ်ား သခ်ာၤေဗဒတတ္သလား”
“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး”
ဆရာမှာ ခေါင်းခါပြီး “သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်”
“ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”
“ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀ ၆ပုံ၎ပုံဟာ
ဆုံးရှုံးသွားပြီပဲ”

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ
မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား “ ခင်ဗျား
ရေကူးတတ်သလား” ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး “ကျွန်တော် မကူးတတ်ဘူး။
တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..“ ဒါဆိုရင် ခင်ဗျားရဲ့ဘဝ
၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်”
ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့
အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့
မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ
ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ
အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့
သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် “ရှင်သန်” ဖို့
အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ
ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

*တပါးသူကို အထင်မသေးပါနဲ့။*
*“ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။*
*ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ်
မကောင်းတာကို**မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အ
**လုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ **ငါရဲ့ “အရည်အချင်း”
သူ့မှာ မရှိသလို သူ့ရဲ့ “အရည်အချင်း”လဲ ငါ့မှာ မရှိဘူး** ဆိုတာကို ဘယ်တော့မှ
မမေ့ပါနဲ့။ *

ကိုဝီလီယံဝင်း william.william.win@gmail.com ထံမှ ရရှိပါသည်။

 

ဗဟုသုတဆောင်းပါး (Random Selection)



ယေရှုအကြောင်းကို ပြောပြ၊ဝေငှပေးသော တရုပ်ပြည်မှ ကမ္ဘာကျော်ဘော်လုံးမယ်လေး Han Duan ရဲ့အကြောင်း

Download (189KB)
  Luke in Burmese

 

၁။ နိဒါန်း
ဤရှင်လုကာကျမ်းရှိ ခရစ်တော်၏ သက်တော်စဉ်ကို သမားတော်လည်းဖြစ်၊ ရှင်ပေါလု၏ ခရီးသွားဘော်လည်း ဖြစ်သော ရှင်လုကာက ရေးသားခဲ့သည်။ ဤကျမ်းသည် သူရေးသားခဲ့သော ကျမ်းနှစ်ကျမ်းအနက် ပဌမကျမ်းဖြစ်သည်။ (ဒုတိယကျမ်းမှာ တမန်တော်ဝတ္တုဖြစ်သည်။ တ ၁း၁ ကိုကြည့်ပါ)။ ဤကျမ်း၏အဓိကအကြောင်းအရာကို တမန်တော်ဝတ္တု၌လည်း တွေ့ ရသည်။ အာဒံအားဖြစ့် စတင်ခဲ့ပြီးဖြစ်သော ဘုရားသခင်၏ အကြံအစည်တော် အလုံးစုံကို ရှင်လုကာမ ဖေါ်ပြသည်။ ယုဒလူနှင့်တပါးအမျိုးသားတို့ ကိုတန်တူညီတူဖြစ်စေကာ တကမ္ဘာလုံး၏ ကယ်တင်ရှင် သခင်ယေရှုကို ဘုရားသခင်အကြံအစည်တော်၏ အချက်အချာနေရာတွင်ထားသည်။ ခရစ်တော်၏ သက်တော်စဉ်ကို တင်ပြရာ၌ ရှင်လုကာသည် သခင်ယေရှု၏ ဆုတောင်းခြင်းကဏ္ဍကို ဖေါ်ပြသကဲ့သို့  လူ့ အဖွဲ့ အစည်း၌ အနှိမ့်ချခံသူများအား ဂရုနာသက်မိခြင်းနှင့် လူမှုရေးရာ ဂရုစိုက်မှုရှိကြောင်းကို အထူးဖေါ်ပြထားပါသည်။ ၄င်းအပြင် ရှင်လုကာသည် ရွှင်လန်းဝမ်းမြောက်ဘွယ်ရာများနှင့် ဘုရားသခင်အား ချီးမွမ်းခြင်းတို့ ကို ထည့်သွင်းဖေါ်ပြထားပါသည်။

ဤကျမ်းကိုဖတ်ရှုလျင် လက်တွေ့ လုပ်ဆောင်ရမည့်အရာ များစွာရှိကြောင်းသိစေသည်။
(၁) သခင်ယေရှုတပါးတည်းသာလျင် ကယ်တင်ခြင်းကိုရစေသည့် လမ်းဖြစ်၍ ကျွနိုပ်တို့  တဦးစီသည် ကိုယ်တော်ကို ကျွနိုပ်တို့ ၏ မူပိုင်ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ် သိမှတ်ရမည်ဖြစ်သည်။
(၂) စိတ်ထက်သန်စွာ ဆုတောင်းခြင်း နှင့် သန့် ရှင်းသောဝိညာဉ်တော် အားကိုးခြင်းမရှိလျှင် ဘုရားသခင်အတွက် ကြီးမားသောအရာကို လုပ်ဆောင်နိုင်မည် မဟုတ်ပါ။
(၃) အဖွဲ့ အစည်းတွင် မတ္တရားပြုမူဆက်ဆံခြင်း ခံစားရသူများအပေါ် သခင်ယေရှုက ဂရုစိုက်ခဲ့သကဲ့သို့  ကျွနိုပ်တို့ လည်း ဂရုစိုက်ကြရမည်ဖြစ်သည်။
(၄) ခရစ်တော်အားဖြင့် ဘုရားသခင်ပေးသနားတော်မူသည့် နက်နဲသောအကျိုးကျေးဇူး၏ ဝမ်းမြောက်ဖွယ်သောသတင်းသည် ကြီးမားသော ရွင်လန်းဝမ်းမြောက်ခြင်းကို ဖြစ်စေသည့်အကြောင်းရင်းဖြစ်သည်။
(၅) ခရစ်တော်သည် စာတန်မာနတ်နှင့် မှောင်မိုက်၏ တန်ခိုးများအပေါ် အစဉ်အမြဲ အော်ပွဲခံနေသောကြောင့် ကျွနိုပ်တို့ လည်း အပြစ်၏ တန်ခိုးများအပေါ် အောင်မြင်စွာ အသက်ရှင်သွားနိုင်သည်။
-----

Ref: BurmeseBible.com မှတဆင့်ဖေါ်ပြသည်။

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.1)

ကျွန်ုပ်၏ ခွန်အား ကျွန်ုပ်၏ဘဏ္ဍာ
ကျွန်ုပ် ကိုးစားရာ
ကျွန်ုပ်၏ အလင်း ကျွန်ုပ် ၏ သီချင်း
ကျွန်ုပ်ချီးမွမ်းရာ
ကိုယ်တော် တစ်ပါးတည်း . . .

ခက်ခဲသောအချိန်ခါ ထွက်မြောက်ရာ တံခါး
ယေရှု တစ်ပါးတည်းသာ
ကျွန်ုပ်ြေ<ွကးကြော်ခြင်း ကျွန်ုပ်ကခုန်ခြင်း
အကြောင်းရင်းတစ်ခုသာ
ကိုယ်တော် တစ်ပါးတည်း . .
ကိုယ်တော် တစ်ပါးတည်း . . . သာ

ငါပိတ်သော တံခါးကို ဘယ်သူမှ မဖွင့်နိုင်
ငါဖွင့်သောတံခါး ကို ဘယ်သူမှ မပိတ်နိုင်
ကိုယ်တော့်ရဲ့ ရှေ့မှာ ကာဆီးနိုင်တာ
တစ်ခုမှ တစ်ခုမှ မရှိပါ . .

ကိုယ်တော်သာ ကျွန်ုပ်ဘက်ရှိရင်
ဘယ်အရာကိုမှ မကြောက်ပါ . .
ကိုယ်တော်သာ ကျွန်ုပ်ဘက်ရှိရင်
ရန်သူ ကိုလည်း မကြောက်ပါ . .
ကိုယ်တော်သာ အနားနားရှိရင် အရာရာ အားလုံး ပြည့်စုံ . .






KoTawTaParTee.ppt

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.2)

"မောင်ငယ်ရင်သွေး နာဘိသေးလော့၊

ရှေးသရောအခါ ပြည်ဗြာရာဝယ်၊

ကုဋေကြွယ်သား သူဋ္ဌေးသားလျှင်၊

သားတယောက်ဖြစ် ချစ်၍တစေ၊

အိမ်မှာနေ၍ စာပေမတတ်၊

မိဘစုတေ ခန္ဓာရွေ့သော၊ အရှေ့အနောက်

တောင်မြောက်ဘယ်မှာ မသိပါငြား၊

သူဋ္ဌေးသားသည် သိုထားမတတ်၊ အရပ်ရပ်၌

နှံအပ်ဥစ္စာ ရှိသည်မှာကို၊

များစွာကျွန်ပေါင်း မကောင်းခိုးယူ၊

ယူ၍ပြေးရှောင် အိမ်ကိုရောင်း၍၊

ထောင်းထောင်းကြေလျှက် ခွက်လက်စွဲကာ

တောင်းစားပါလည်း၊နင်သာလူမိုက် ဒုစရိုက်ဟု၊

ရိုက်ပုတ်လိုက်ကာ၊ ရွာမှထွက်၍

တောမှာသေသည်၊ကောင်သေဠင်းဒ ကျ၏တည်း။"

ကျွန်တော်တို့ မြန်မာပြည်မှာကြီးပြင်းလာတော့ ဗုဒ္ဓဆရာတော်ကြီးများရဲ့ တရားဒေသနာတွေဟာ မစိမ်းပါဘူး။ တရားဒေသနာဆိုတာ ကောင်းတာနည်းပါပဲ။ ပညာရှာသူဖုန်းစား .. သားသမီးဝတ်၊မိဘ၀တ် ..ပညာသင်ယူ၊သင်ကြားပေးဖို့  ငယ်စဉ်ကတည်းက အလွတ်ရခဲ့တဲ့ ဆားတုံဆရာတော်ရဲ့ ကဗျာလေးပါ။ ပညာတကာမှာ ထိပ်ဆုံးအရာကတော့ ဘုရားကိုနာခံလိုက်လျှောက်တဲ့ ပညာပါ။ လောကပညာထက် သာလွန်ပါတယ်။ လောကပညာမတတ်ရင် ကဋေ၈၀ သူဌေးသားလည်း ဖော်လံ၊စားဖားများကြောင့် မွဲတေ၊သေဆုံးရသလို၊ လောကပညာတတ်ပါတယ် ဆိုသူများလည်း မော်လံ၊စားဖားများ၊ လူတတ်လုပ်ပြီး ငွေကိုငွေနဲ့လိုက်ရတယ် လူတတ်လုပ်တာကြောင့် မွဲတေ၊သေဆုံးရသူများစွာ ရှိပါတယ်။ ဘုရားကို နာခံလိုက်လျှောက်တဲ့ အသက်တာဟာ ငြိမ်းချမ်းပါတယ်။ ထမ်းရတဲ့ဝန်လည်း ပေါ့ပါတယ်။ ရတာနဲ့ လောက်ငှပါတယ်။ ခွက်ဖလားလျှံလျှက် ကောင်းကြီးများစွာ ခံစားရပါတယ်။  မုရန်

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.3)


My Jesus, my Savior, Lord, there is none like You
All of my days, I want to praise the wonders of Your mighty love
My comfort, my shelter, tower of refuge and strengh;
Let ev'ry breath, all that I am, never cease to worship You.

Chorus

Shout to the Lord, all the earth, let us sing
Power and Majesty, praise to the King;
Mountains how down and the seas will roar
At the sound of Your name
I sing for joy at the work of your hands.
Forever I'll love You. forever I'll stand
Nothing compares to the promise I have in You.