မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Thursday, Sep 09th

Last update07:05:36 PM GMT

You are here:: ကဗျာ အခွံ(၄)

အခွံ(၄)

E-mail Print PDF


 မင်းအောင်သက်လွင်

အိမ်နောက်ပေါက်က တံခါးခေါက်
“ဟောဒီမှာ မင်း အတွက် ခရစ္စမတ်လက်ဆောင်” တဲ့ ၊


အိမ်တံခါးကို အဖွင့်မှာ ကျိန်စာ မိထားတဲ့ ငါ့ဝိညာဉ်ကို
ငါး ကင်သလို တံကျင်လျှို ထားတာ တွေ့လိုက်ရတယ်၊

သကောင့်သား ငါကတော့
ဆီ ဝယ်ဖို့လဲ အကြံအိုက် ၊ ထီ ဝယ်ဖို့လဲ ကံ မလိုက်
ကျီစယ် ဖို့လဲ ဟန် မထိုက် ၊ လီဆယ် ဖို့လဲ မာန်က ငိုက် ၊

ကောင်းကြီး ရဖို့အတွက်ဆို  “အာမင်” တွေ အထပ်ထပ် ခေါ်
ဘုရားခိုင်းတဲ့ အလုပ်အတွက်ဆို ကမ္ဘာအပြင်မှာ ခန ထွက်ပျော်
ခနော် ခနဲ့ ၊ အဖော် အဖွဲ့တွေနဲ့  ပျော်ပွဲ လှည့်နေခဲ့တယ်၊

အပေး အယူတွေနဲ့ ချိန်ခွင် ညှိထားတဲ့ လောကမှာ
ကိုယ်ကချည်းဘဲ ပေးနေရရင် ရတက် မအေးရသလို  (အကြွေး ပြန်မရမှာ စိုးလို့)
ကိုယ်ကချည်းဘဲ ယူနေပြန်ရင်လဲ မျက်နှာ ပူစရာဖြစ်မယ်၊ 
(အလကားကောင်လို့ အထင်ခံရမှာ စိုးလို့)
အသိ နောက်ကျလို့  ‘ခံ’ လိုက်ရတာ ရှိသလို ၊ 
အရောက် နောက်ကျလို့  ‘ကျန်’ ခဲ့ရတာတွေလဲရှိတယ်၊


လို တ မရ လို့ ၊ ငို ပြ ကြတဲ့ လောကထဲ 
မအေး မပူ တဲ့ ဘဝ ရဖို့ ၊ အပေး အယူလေးတွေ မျှ-ကစို့ လို့ ဆုံးဖြတ်ချိန်မှာ
အိမ်ရှေ့ပေါက်က တံခါးခေါက် ၊ 
“ဟောဒီမှာ မင်းအတွက် ခရစ္စမတ် လက်ဆောင်” တဲ့ ၊
အိမ်တံခါးကို အဖွင့်မှာ ဇိမ် များနဲ့ စိမ် ထားတဲ့ ငါ့ဝိညာဉ်ကို 
ပါကင်လှလှလေးနဲ့ ထုပ်ပိုးထားတာ တွေ့လိုက်ရတယ်၊

ယောဘ ၂၂း၂၁

(မင်းအောင်သက်လွင်)

 

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy