မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည် Christian Ezine

Wednesday, Nov 26th

Last update12:33:18 PM GMT

You are here:: ဆောင်းပါး-၁ ဗဟုသုတ၊ပညာပေး မိမိထံရောက်လာသော အီးမေး ဘယ်ကပို့လိုက်သလဲ စုံစမ်းခြင်း

မိမိထံရောက်လာသော အီးမေး ဘယ်ကပို့လိုက်သလဲ စုံစမ်းခြင်း

E-mail Print PDF

 

ကိုယ့်ဆီရောက်လာတဲ့ အီးမေး ဘယ်နေရာကလာသလဲသိဖို့
၁။ အီးမေးကို ဖွင့်ပြီး Show original ဆိုတာကို ကလစ်လုပ်ပါ။

 

၂။ "Received: from" ကိုကြည့်ပါ။ IP Address ကိုတွေ့ပါမယ်။  ။


၃။ IP Address ရရင် အောက်ပါနည်းလမ်းအတိုင်း နေရာကိုရှာနိုင်ပါပြီ။


Geobytes.com/IpLocator ဆိုတဲ့ ဆိုဒ်တစ်ခုရှိပါတယ်။ တခြားဆိုဒ်တွေလည်း ဂူဂယ်မှာ ip locator ဆိုပြီးနှိပ်ရှာလိုက်ရင်တွေ့မှာပါ။
အခုတော့ ဒီဆိုဒ်အကြောင်းရေးချင်ပါတယ်။

ဒါလောက်ပါပဲ။

ပိုမိုသိလိုသူများအတွက်ထပ်ရေးချင်ပါတယ်။
မိမိရဲ့အီးမေး ဘယ်သူပိုင်သလဲ Findout Who Own's An Email Address ကတော့ သိပ်အသုံးမကျလှပါဘူး။ သို့သော်လည်း ပိုက်ဆံတတ်နိုင်သူများကတော့ စပိုင်လုပ်ပြီး ရှာခိုင်းလို့ရပါတယ်။ ကုမဏ္ဍီ အီးမေးတွေကိုတော့ ပိုက်ဆံပေးလည်း မရပါဘူး။ ဂျီမေး၊ ရာဟူးမေး .. စတဲ့အလကားရတဲ့ အီးမေးတွေပဲ လိပ်စာ၊ဘယ်သူ ဆိုတာ ပိုက်ဆံပေးရှာရပါတယ်။

နောက်တစ်ခုကတော့  IP Address to locate: ဖြစ်ပါတယ်။ မိမိသိတဲ့ အိုင်ပီးအက္ဒရက် ကိုနှိပ်လိုက်ရင် နေရာကို အလွယ်တခရှာလို့ရပါတယ်။ ဥပမာ နိုင်ငံ၊ ပြည်နယ် .. စသဖြင့် ဖေါ်ပြပါတယ်။
ပိုက်ဆံပေးရင်တော့ သုံးနေတဲ့လူရဲ့ အိမ်လိပ်စာအတိအကျ ဘယ်နှစ်ထပ်၊ ဘယ်အခန်း .. ကိုသိနိုင်ပါတယ်။ ဒါကိုတော့ ဂါးဗားမင့်တွေပဲ IT Abuser များဖမ်းရာမှာ သုံးပါတယ်။

 

*******************************************************************

 

မြန်မာဝက်ဆိုဒ်တစ်ခု ပိုင်ဆိုင်ခြင်း

  အခုခေတ်မှာ လူတိုင်း ကိုယ်ပိုင်ဝက်ဆိုဒ်ရှိကြတဲ့ခေတ်ပါ။ ခေတ်မီသူတိုင်း အီးမေးရှိကြသည် .. ဆိုတာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်အခြေအနေ၊ အခုတော့ Facebook, Twitter, Hi5 စတဲ့ နက်ဝပ်တွေမှာ ကိုယ်ပိုင် ၀က်ဆိုဒ်ကလေးရှိကြတယ်။ ကိုယ်စိတ်ဝင်စားတာတွေ တင်ထားကြတယ်။ ပိုပို တင်ပြလိုသူများကတော့ Blog ဘလောက်များ ပိုင်ဆိုင်ကြပါတယ်။ တကယ်တော့ ၀က်ဆိုဒ်ဆိုတာ ကုမ္မဏီတွေ၊ အဖွဲ့အစည်း၊ သတင်းဌာနတွေရဲ့ ငွေ၊ အချိန်ကုန်ခံပြီး ကြော်ငြာ်တဲ့ အင်တာနက်စာမျက်နှာပါ။ တစ်ချို့က ၀က်ဆိုက် တက်ကနိုလိုဂျီကို သုံးပြီး လူအများလာကြည့်အောင်လုပ်နိုင်တယ်။ ပြီးတော့ ကိုယ့်ပစ္စည်းရောင်း၊ ကြော်ငြာလုပ်ရင်း အောင်မြင်ကြီးပွားသွားကြပါတယ်။ အထူးသဖြင့် လက်ရှိခေတ်စားနေတဲ့ Yahoo, Google, Facebook, Skype, Paypal, hotmail, YouTube စတဲ့ လူအချင်းချင်းဆက်သွယ် ပြောဆို၊ ချစ်ချက်လုပ်တဲ့ စနစ်တွေပါ။

  ဘာပဲဖြစ်စေ ၀က်ဆိုဒ်တခုကို ပိုင်ဆိုင်ပြီး ကိုယ်တိုင်လဲ လုပ်တတ်ဖို့ အတတ်ပညာဆိုင်ရာ အောက်ပါအဆင့်၃ဆင့်ကို ကြည့်ပါ။

၁။ ကြည့်ရှုအသုံးချတတ်ခြင်း
၂။ ရေးသား၊တင်ပြတတ်ခြင်း
၃။ တည်ဆောက်၊ ပရိုဂရမ်လုပ်တတ်ခြင်း ..


မိတ်ဆွေများဟာ နံပါတ် (၁) အဆင့်ကို ပြောပြစရာမလိုဘူးလို့ သတ်မှတ်သလို၊ နံပါတ် (၃) အဆင့် ပရိုဖက်ရှင်နယ်ပညာကိုလည်း လေ့လာဖို့ အချိန်မရှိဘူးလို့ ယူဆပါတယ်။ ဒါကြောင့် အလယ်လတ်အဆင့်  နံပါတ် (၂) ရေးသားတင်ပြတတ်ခြင်း အတတ်ပညာအကြောင်း ရေးပါမယ်။ နမူနာအဖြစ် ဂျိုမားလား Jomla! ဆိုတဲ့ အခမဲ့ပေးဝေတဲ့ ပရိုဖက်ရှင်နယ်အဆင့် ဘလောက်တစ်ခုကို အခြေခံ တင်ပြပါမယ်။
Joomla! is Free Software released under the GNU/GPL License.

ရေးသားတင်ပြတတ်ခြင်းမှာ နာမည်အကြီးဆုံး ၀က်ဆိုဒ်ကြီးကတော့ ၀ီကီပီဒီယာ Wikipedia ပါပဲ။ လေးစားစရာကောင်းတဲ့ လူငယ်တစ်ဦး .. အံ့သြဘွယ်ရာ တီထွင်မှု၊ လူအများကို အခမဲ့ဗဟုသုတပေးမှု ပြုလုပ်ပါတယ်။ နိုင်ငံတကာ ဘာသာပေါင်းများစွာနဲ့ ရေးသားကြပြီး မြန်မာဘာသာလဲပါဝင်ပါတယ်။ လူတိုင်းလူတိုင်း အယ်ဒီတာများဖြစ်သည် ... ဆိုတဲ့ မူဝါဒနဲ့ စတင်ခဲ့ပါတယ်။ ရေးသားတင်ပြမှု များလာရင် စာရေးသူ Author - တပ်သားအဆင့်ကနေ ရာထူးတိုးမြှင့်ခံရပြီး နောက်ဆုံး Administrator အဆင့်တွေကို ရောက်သွားပါတယ်။ ဒီလိုပါပဲ .. အခုခေတ် ၀က်ဆိုက်တွေမှာ စုပေါင်းလုပ်ဆောင်ရပါတယ်။

Joomla! ၀က်ဆိုဒ်မှာ Author တပ်သားအဆင့်က စတင်ပါတယ်။ ကိုယ့်ဖာသာ ၀က်ဆိုဒ်မှာ Login နာမည်၊ အီးမေးထည့်လိုက်ရင် အသင်းဝင်ပြီးသားဖြစ်သွားပါတယ်။ နဲနဲ ကန့်သတ်တတ်တဲ့အသင်းများကတော့ ကိုယ့်လိပ်စာ၊ တယ်လီဖုန်းနံပါတ် ... စသည်တို့ကို အတင်းတောင်းတတ်ပါတယ်။ အသင်းဝင်ဖြစ်သွားရင် သာမန်စာဖတ်သူအဆင့်ထက်သာသွားပါပြီ။ ရေးသားတင်ပြခွင့်ရသွားပြီပေါ့။ အချို့ဝက်ဆိုဒ်၊ ဘလောက် တွေမှာ ကွန်မင့်ပေးခြင်း (လူထုအော်သံ) အခန်းကို အသင်းဝင်ဖြစ်မှ လုပ်ခွင့်ပေးတတ်ပါတယ်။



သာမန်အသင်းဝင်များကတော့ ၀က်ဆိုဒ်စာမျက်နှာကနေ Login လုပ်ခိုင်းပါတယ်။ အယ်ဒီတာအဆင့်ရောက်နေတဲ့ အသင်းဝင်များအတွက် Login စာမျက်နှာ သီးသန့်ထားပါတယ်။ အောက်က စာမျက်နှအတိုင်း Username, Password, Language တွေကိုရွေးပြီး Login လုပ်ရပါတယ်။

 

အဲဒီနောက်တော့ Control Panel - cPanel ကိုရောက်သွားပါမယ်။ သာမန်အသုံးချတတ်ဖို့တော့ Add New Article, Articl Manager, Front Page Manager ၃မျိုးပဲ အနည်းငယ် ရေးပြပါတယ်။ လွယ်လွယ်လေးပါ။ အထူးသဖြင့် ဘလောက်ကာ လုပ်ဖူးသူများအတွက်တော့ ပိုလွယ်ကူရှင်းလင်းပါတယ်။

အောက်ပါပုံကတော့ cPanel လို့ခေါ်တဲ့ ကွန်ထရိုးလုပ်တဲ့ စာမျက်နှာပါ။ အယ်ဒီတာ၊ ပါပလစ်ရှာ အဆင့်တွေပဲ မြင်ရပါတယ်။




ဝက်ဆိုက်ရဲ့ Front Page Design ကိုတော့ Template ရွေးချယ်ပြီး ဒီဇိုင်းလုပ်ရပါတယ်။ ဒီအဆင့်ကတော့ လုပ်နေကျရှိရင် တတ်သွားမှာပါ။ ပထမအဆင့်အနေနဲ့ Article တွေကို ဘယ်လိုတင်ပြသလဲ .ဆိုတာ ရေးပါမယ်။  အခု နမူနာ ၀က်ဆိုဒ်ဒီဇိုင်ကို အောက်ပါအတိုင်း မြင်ရအောင်လုပ်ထားပါတယ်။


http://monywa.org

အထက်က ကွန်ပြူတာမှာ ပေါ်တဲ့ ၀က်ဆိုဒ်စာမျက်နှာကို ကြည့်မယ်ဆိုရင် Category ဆယ်ခုကို ၀က်ဆိုဒ်ဝင်လာတဲ့လူတွေ မြင်နေရပါတယ်။
  ပင်မစာမျက်နှာ
  ပရိုဖက်ရှင်ပညာရပ်များ
  ဗဟုသုတလုပ်ငန်းများ
  ရသ
  ကဗျာ
  ဘ၀အတွေ့အကြုံ
  ခရီးသွားမှတ်တမ်း
  ဟာသများ
  ကာတွန်း
  ဆောင်းပါးစာရင်း   ... စသည် ကက်သီဂိုရီ ၁၀ခု တို့ကို မြင်ရမှာဖြစ်ပါတယ်။

ပင်မစာမျက်နှာမှာ Front Page မှာပေါ်စေချင်တဲ့ Articles များကို တွေ့နိုင်ပါတယ်။ Categories ၁၀ခုကို အောက်မှာအစဉ်လိုက် တွေ့နိုင်ပါတယ်။ Category တခုစီမှာပါတဲ့ Article များကိုလည်း နံပါတ်စဉ်အတိုင်း တွေ့နိုင်ပါတယ်။


ဒါဆိုရင် အာတီကယ်၊ စာသားနဲ့ ရုပ်ပုံ မီဒီယာတွေ တင်ပြတဲ့နည်းကို ဆက်ကြပါမယ်။ Add New Article,  Article Manager, Front Page Manager (၃)ခုနဲ့ အစဉ်တိုင်း စတင်ကြပါစို့။ ဒါနဲ့ မစတင်ခင်မှာ ကိုယ်တင်မဲ့ စာသား၊ ဓါတ်ပုံတွေကို ကိုယ့်ကွန်ပြူတာမှာ eZing Folder တခုဖွင့်ထားပြီး၊ Category အလိုက် Directory တွေမှာ အသင့်ထည့်ထားစေလိုပါတယ်။ အင်တာနက် ဆာဗာမှာတော့ စာသားတွေကို သက်ဆိုင်ရာ Category အောက်မှာ အော်တိုမက်တစ် ရောက်သွားပေမဲ့၊ ဓါတ်ပုံတွေကိုတော့ အင်တာနက် Image Folders ထဲမှထည့်စေလိုပါတယ်။ ဒါမှမဟုတ်ရင် Image တွေအများကြီးဖြစ်လာတဲ့အခါ တစ်ယောက်တည်းပိုင်တဲ့ ၀က်ဆိုဒ်ဆို ကိစ္စမရှိပေမဲ့ အယ်ဒီတာအများကြီးရှိတဲ့ ၀က်ဆိုဒ်ဆိုရင် ကိုယ့်ရုပ်ပုံဖိုင်ကို သတ်မှတ်ထားတဲ့နေရာမှာ ထားသိုခြင်းအားဖြင့် စည်းကမ်းလိုက်နာတတ်ပါတယ်။ စည်းကမ်းလိုက်နာလိုသူများကတော့ အများပိုင်ဝက်ဆိုဒ်မှာစနစ်တကျ ထားသို၊ လုပ်ကိုင်စေပါတယ်။


***************************************************************

ဘလောက်ကာ -- မြန်မာဘလောက်လုပ်ချင်သူများအတွက် လမ်းညွှန်

အင်တာနက်က ဒေါင်းလုတ်ထားတဲ့ ဖိုင်တစ်ခုရှိပါတယ်။
တကယ်တော့ အလွယ်ဆုံးဘလောက်ဟာ
http://blogspot.com
ဖြစ်ပါတယ်။ အဲဒီနေရာကနေ လွယ်ကူစွာ အခမဲ့ဘလောက်ရပါတယ်။ ညီလင်းဆက် ဆိုသူရဲ့ စေတနာ howtomakemyanmarblog.pdf ဒေါင်းလုတ်ကြည့်ရှုကြပါ။

How to Make Myanmar Blog

How to Make Myanmar Blog. မြန်မာဘလော့ဂ်တစ်ခုပြုလုပ်ပုံအဆင့်ဆင့်. ညီလင်းဆက် ...
kozinmgmg84.googlepages.com/howtomakemyanmarblog.pdf

 ကြုံရင်တော့ လူသုံးများတဲ့ Facebook, Twitter .. စတဲ့နေရာတွေမှာ ဘလောက်လုပ်နည်း (Share Photo, Video, Infor .. ) အကြောင်းတင်ပြချင်ပါတယ်။



အကြံပေးချင်တာကတော့ ကိုယ်ဖာသာအချိန်ကုန်ခံ အတင်းလုပ်နေမဲ့အစား ကျွမ်းကျင်သူတစ်ယောက်ကို ယုံပြီးအပ်လိုက်ပါ။
အဲဒီလူက ကိုယ်ရေးတာတွေ လိုက်ကြည့်နေမှာ စိုးရိမ်မနေပါနဲ့။ အဲဒီလူကလည်း ကိုယ်ကူညီခဲ့သူကို လိုက်ကြည့်နေဖို့အချိန်မရှိပါဘူး။

လောကမှာ ကူညီသူနဲ့ အကူညီခံသူ  (Giver & Taker) ၂မျိုးပဲရှိပါတယ်။ ကြားလူ Give & Take လူမျိုးမရှိပါဘူ။ တကယ်တော့ Give and Take ဆိုတာ စားစကားပါပဲ။

ကျွန်တော်တို့ ခရစ်တော်ကို ယုံကြည်သူများဟာ ကောင်းကင်ဘုံနဲ့ငရဲ  ၂မျိုးပဲ နောက်ဘ၀မှာရှိပါတယ်။ ကြားနေဘုံမရှိပါဘူး။ ဒါကြောင့် မိမိက ဒီတကြိမ်မှာ အကူညီခံသူဖြစ်ပါစေ။ ဘလောက်လုပ်ပေးနိုင်သူကို ရိုးသားစွာအကူညီတောင်းပါ။ (တကယ်သုံးမှာသေချာရင် သူတို့က ကူညီမှာပါ)။ ကိုယ်တတ်သွားရင်တော့ နောင်တချိန် ကိုယ့်ကိုအကူညီတောင်းလာသူကို ကူညီဖို့ မမေ့ပါနဲ။ မေ့သွားရင်တော့ ကိုယ်ဟာ Taker အတန်းစားရောက်သွားပါမယ်။

မုရန်
Murann eZine Team
01-Sept-2010

Hits: 2779
Comments (1)Add Comment
...
written byုkhunkham, December 13, 2013
နေကောင်းလား
report abuse
vote down
vote up
Votes: +0

Write comment
smaller | bigger

busy

Facebook Google Twitter buttons

သက်သေခံချက်များ Testimony (random article)

10.10.2010 ကျွန်ုပ်မိသားစု


http://murann.com/images/Burmese_Royal_Family.jpg

ယနေ့သည် ၁၀ရက်၊ ၁၀လ၊ ၂၀၁၀ ခုနှစ်ဖြစ်သည်။
၁၀၊၁၀၊၁၀ ဟုလည်းပြောနိုင်ပါသည်။


ကျွန်တော်တို့
ရှစ်လေးလုံး နှင့်လည်း ကြုံဖူးကြပါသည်။ 8.8.88
ကိုးလေးလုံးနှင့်လည်း ကြုံဖူးကြပါသည်၊ 9.9.99
ယခု ဆယ်သုံးလုံးနှင့် ကြုံနေပါပြီ။ 10.10.10


ကျွန်တော်တို့အသက်တာတွင် လောကကြီးကိုပြောင်လဲပစ်လိုက်မည်ဟု ကြွေးကြော်ကြီးပြင်လာခဲ့ကြပါသည်။ လူ့မှာအကြံ ခရုမှာအဆံ ဆိုသကဲ့သို့ သေသည့်တိုင်၊ မာန၊ ဇွဲ မလျှော့ပါ။
ယခု သင်ဘယ်အသက်အရွယ်ရှိပါသနည်။ အသက်၃၀အောက်ဆိုလျှင်တော့ ကျွန်ုပ်ရေးမည့်အရာကို သင့်မိခင်၊ဖခင်၊ ဦးလေးများထံ ဖေါဝပ်လုပ်ဖို့တော့ အသုံးကျကောင်းကျပါမည်။ သင် (သို့မဟုတ်) သင့်မိဘများမှာ အောင်မြင်နေသူဖြစ်ပါကလည်း ယခုစာမှာ အသုံးကျမည်မဟုတ်ပါ။
တကယ်တော့ လူ့အကြံ၊ သေခါမှလျှော့ ၊ လူ့အလို-နတ်မလိုက်နိုင် .. ဆိုသကဲ့သို့ပင် လူသည်မည်သည့်အခါမှ ကျေနပ်ရောင်ရဲသူမဟုတ်ပါ။


ကျွန်န်ုပ်ကိုယ်ကိုပဲ ပြောလိုပါသည်။

မြန်မာနိုင်ငံသား (သို့မဟုတ်) မြန်မာနိုင်ငံဖွား ဖြစ်နေသော မိတ်ဆွေ။ သင့်၏ ဖခင်ဖြစ်သော န.အ.ဖ စစ်အစိုးရနှင့် ကျွန်ုပ်၏မိခင်ဖြစ်သော အတိုက်အခံ ဒီမိုကရေစီအင်အားစုတို့ နှစ်ပေါင်း ၅၀ခန့် မိသားစုပြဿနာရှိပါသည်။ အာဏာရှင် ဖခင် န.အ.ဖ ဖြစ်သူက ငါကြိုက်တာ..လုပ်မယ်။ စည်းကမ်းရှိသော ဒီမိုကရေစီဖြစ်ရမယ်.. မကြိုက်ရင် အိမ်ကထွက်၊ မထွက်ရင် ထောင်ချပစ်လိုက်မယ်၊ ထိုးကြိတ်၊ရိုက်နှက်မယ် ... ဆိုပြီး အော်ဟစ်သည်။

အတိုက်အခံ ဒီမိုကရေစီ မိခင်ကလည်း လွတ်လပ်တရားမျှတသော ဒီမိုကရေစီပေးရမယ်။ မတရားလုပ်တာမခံဘူး။ ဒို့အရေး...ဒို့အရေး ... အောင်ရမည်၊ ဦးရန်အောင် .. အော်ဟစ်ကြသည်။ မိခင်ဖြစ်သူက အိမ်ကမဆင်းဘူး။ ဖခင်ဖြစ်သူက "အိမ်ကမဆင်းရင် နေအိမ်မှာပဲ အကျယ်ချုပ်ထားမယ်၊ အပြင်မထွက်နဲ့ " လုပ်ထားချင်သည်။
သားသမီးများ (တိုင်းရင်းသား၊ ပြည်သူလူထုအများ) အိမ်ကထွက်ပြေးကြသည်။ လက်နက်ကိုင် သူပုန်ထ၊ တော်လှန်ကြသည်။ တိုင်းပြည်ကြီးပျက်စီးပြီး လူတွေလည်း နာကျင်၊ ခံစားရသည်။ အိမ်ပြေးဘ၀ကတော့ ကိုယ့်အိမ်မှာလောက် ဘယ်အဆင်ပြေပါ့။ တိုင်းပြည်လဲ ဖွတ်ဖွတ်ကျေတော့သည်။

ဒီလိုပင်ဖြစ်သည် .. ကျွန်တော်တို့ မိမိအိမ်ထောင်စုကိုပဲ ပြန်ကြည့်ပါ။ ယနေ့မနက်မှာ မိတ်ဆွေ၂ဦးကို Shouting Father & Mother is useless ဆိုတာ ဆွေးနွေးကြသည်။ ဟုတ်ပါသည်။ ယောင်္ကျားဖြစ်သူ ဖခင်ကလည်း မိမိအလုပ်လုပ်၊ ၀င်ငွေရှာရသည်။ " ဒီကလေးတွေကို မိခင်ကမထိန်းဘူး၊ ဖြစ်ချင်တာဖြစ်၊ စာမကြည့်၊ ဂိမ်းကစား၊ ..." ...အပြစ်တင် အော်ဟစ်လျှင် (မအော်တောင် .. အသံမာသွားလျှင်).. မိခင်ဖြစ်သူလည်း ဘယ်ခံမလဲ၊ အနဲဆုံး အသံမာမာနဲ့ ပြန်တွယ်ပါသည်။ တချို့လင်မယားများ အိုးခွက်၊ဂုန်ဂွမ် မက၊ ရိုက်နှက်လုပ်ရင်လဲ အားနဲသော ဒီမိုကရေစီမိန်းမပဲခံရရှာပါသည်။ အမေကို အဖေကရိုက်တော့ သားသမီးတွေလည်း ငိုယိုကြရသည်။ မိဘရန်ဖြစ်လျှင် သားသမီးတွေ အရမ်းစိတ်ထိခိုက်ပါတယ်။ မိမိရှေ့မှာ မိခင်ကို ဖခင်က ရိုက်နှက်၊ထိုးကြိတ် သည်ကိုတွေ့ဖူးသော မိတ်ဆွေများ ပိုပြီးကိုယ်ချင်းစာမိမည် ဖြစ်ပါသည်။

ဘယ်သူက စပြီးပြင်ရမည်နည်း ။ ..


မိန်းမနဲ့ သားသမီးများက အာဏာရှင်ယောင်္ကျားပြောတဲ့အတိုင်း လိုက်လုပ်သင့်သလား ... လိုက်လုပ်လျှင် နှစ်တော်တော်ကြာသွားသောအခါ ဗမာနိုင်ငံကြီးကဲ့သို့ ပျက်စီးရေးကို ရောက်သွားနိုင်ပါတယ်။ စင်ကာပူနိုင်ငံလေးကဲ့သို့ အဆင်ပြေသွားမည် လည်းဖြစ်နိုင်သော်လည်း ဖခင်က အရမ်းသိတတ်၊လိမ်မာပါးနပ်မှ ဖြစ်နိုင်မည်။ မိခင်ကိုလည်း လျှော့မတွက်စေလိုပါ...။
ဒီတော့ မိတ်ဆွေ၊ သင်က အိမ်ထောင်ဦးစီးဆိုရင် ပညာပိုရှိသည်။ ပိုသိတတ်သည်။ ၊ ပိုပြီးတာဝန်ရှိသည် .. မဟုတ်ပါလား။
ပြင်မယ်ဆိုလျှင် ကျွန်ုပ်ကစပြီးပြင်သည်က ပိုလွယ်မယ်ထင်ပါတယ်။ အော်မယ် Shouting ကြံရင် တနာရီစောင့်လိုက်ပါ။ အသက်၊စည်းစိမ်၊ကျန်းမာရေးကို ရုတ်တရက် မထိခိုက်မဲ့ကိစ္စကို အိမ်ထောင်ဖက်၊သားသမီးနဲ့ ငြင်းခုန်ရတော့မည်ဆိုလျှင်.. ဂျမန်စစ်တပ်ကျင့်သုံးသလို တရက်စောင့်ပြီးမှ ပြောပါ။

ဒေါသ၊ ဒေါသ၊
သင်မပြောသော်လည်း သင့်အမူအရာက ဒေါသထွက်ကြောင်းပြနေပါတယ်။
တဖက်သားမှာလည်း ဒေါသရှိပါသည်။
သင်ကဦးနှောက်သမား .. သင့်ဇနီးကနှလုံးသားသမား
တ၀က်စီမျှစားကြပါလား.....

မဿဲ ၂၂း ၃၆-၄၀
ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဥာဏ်ရှိသမျှနှင့်ချစ်လော့၊ ကိုယ်နှင့်စက်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့၊ ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်း နှင့် အနဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်း ဟု မိန့်တော်မူသည်။


ဇော်အောင် (မုံရွာ)
၁၀၊ ၁၀၊ ၁၀

 

ဝိညာဉ်ရေးရာ Spiritual (random article)

ခရစ်တော်ကိုသာ အဓိကထားလျင်

(လှမင်းသူ)

ခရစ်ယာန်လို့ အမည်တပ်ထားတဲ့ ကျွန်တော်တို့ ယုံကြည်သူများဟာ ခရစ်တော်ကို အဓိကမထားတော့ဘူးဆိုရင် ခရစ်ယာန်ကောင်းတယောက် ဖြစ်ဖို့ရန် မလွယ်လှပါဘူး။ ခရစ်ယာန်တယောက်ရဲ့ ဘ၀မှာ ခရစ်တော်မရှိတော့ဘူးဆိုရင် အဲဒီ ခရစ်ယာန်ဟာ ပဲ့မရှိတဲ့လှေ၊ စီးသူမရှိတဲ့ မြင်းလို အထိန်းအကွပ်မဲ့ ပရပမ်းပတာ ဆင်ကန်းတောတိုး ပြုတတ်ကြပါတယ်။ ဒါကြောင့် တမန်တော်ကြီး ရှင်ပေါလုက သြ၀ါဒစာများမှာ ခရစ်တော်ကိုသာ စေ့စေ့ကြည့်ရှုကြဖို့၊ ခရစ်တော်ကိုသာ ဗဟိုပြုဖို့ လေးလေးနက်နက် တိုက်တွန်းထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ယုံကြည်သူ စာဖတ်သူများကို ခရစ်တော်ကို ဗဟိုပြုတဲ့ အသက်တာဖြစ်စေဖို့အတွက် ခရစ်တော်ကို ဗဟိုပြုခဲ့တဲ့ သူများအကြောင်းနဲ့ သရုပ်ဖော်ချက်များကို စုဆောင်းကာ တင်ပြလိုက်ပါတယ်။

ဒေါက်တာ ဂေါ်ဒွန်၏ အိမ်မက်

သင်းအုပ်ဆရာ တစ်ပါးဖြစ်တဲ့ ဒေါ်က်တာဂေါ်ဒွန်ဟာ တနင်္ဂနွေ ၀တ်ပြုအစည်းအဝေးမှာ တရားဟောဖို့အတွက် ပြင်ဆင်နေရင်း၊ ပင်ပန်းလွန်းတာကြောင်း အိပ်ပျော်သွားခဲ့ပါတယ်။ အိမ်မက်ထဲမှာ တနင်္ဂနွေ ၀တ်ပြု အစည်းအဝေးဟာ လူအများနဲ့ ပြည့်ကျပ်နေပြီး တရားဟောစင်မြင့်ပေါ်မှာ သူဟာ ရောက်ရှိနေပါတယ်။ တရားဟောဖို့ အစပြုလိုက်တဲ့ အချိန်မှာပဲ သူစိမ်းတဦး ရောက်ရှိလာပြီး ထိုသူစိမ်းကို သင်းထောက်တယောက်က တရိုတသေနဲ့ နေရာချပေးလိုက်တာကို စင်မြင့်ပေါ်ကနေ လှမ်းမြင်လိုက်ရပါတယ်။ အဲဒီသူစိမ်းဟာ တရားစင်မြင့်ပေါ်ကနေ သူဟောသမျှကို ဂရုတစိုက်နဲ့ နားထောင်နေပြီး၊ ဟောသမျှအားလုံးကိုလည်း တလုံးမှမလွတ်ရလေအာင် မမှိတ်မသုန်နဲ့ နားစိုက်ထောင်နေပါတယ်။ သင်းအုပ်ဆရာဟာ အဲဒီသူစိမ်းက သူ့ရဲ့ တရားဒေသနာကို စူးစူးစိုက်စိုက်နားထောင်နေတာနဲ့  အခြားလူတွေကို မေ့သွားပြီး၊ ထိုသူစိမ်းကိုသာ အလေးထားကာ တရားဟောနေတယ်လို့ သူ့ကိုယ်သူ ထင်မိပါတော့တယ်။ ၀တ်ပြုအစည်းအဝေးပွဲ ပြီးတဲ့အခါ သူစိမ်းဖြစ်သူနဲ့ စကားစမည် ပြောဖြစ်အောင် ပြောမယ်လို့လည်း သင်းအုပ်ဆရာက ဆုံးဖြတ်လိုက်ပါတယ်။

ဝတ်ပြုအစည်းအဝေးပြီးတာနဲ့ သင်းအုပ်ဆရာဟာ ထိုသူစိမ်းကို လိုက်လံရှာဖွေ ခဲ့ပါတယ်။ ဒါပေမဲ့ လူတွေ တယောက်ပြီးတယောက် ထွက်သွားပြီး ၀တ်ပြုအစည်းအဝေးခန်းထဲ ဘယ်သူမှ မကျန်တော့တဲ့အချိန်အထိ အဲဒီသူစိမ်းကို ရှာပေမယ့်လည်း ရှာလို့ မတွေတော့ပါဘူး။ ဒါနဲ့ သူစိမ်းကို နေရာပြ ခေါ်ဆောင်လာခဲ့တဲ့ သင်းထောက်ဖြစ်သူကိုသာ လိုက်ရှာပြီး သူစိမ်းဖြစ်သူအကြောင်းကို မေးလိုက်ပါတော့တယ်။

"ဒီမှာ မောင်ရင်။ ခုနက မောင်ရင်နေရာလိုက်ပြပေးခဲ့တဲ့ လူကို မောင်ရင် သိသလား။"

" အာ။ သိတာပေါ့ ဆရာရယ်။ အဲဒါ ခရစ်တော်ကိုယ်တိုင်ပဲလေ။" လို့ သင်းထောက်က ဖြေလိုက်ပါတယ်။

" ဟာ။ သူနဲ့ စကားပြောချင်တာ။ စကားတောင် မပြောလိုက်ရဘူး။"  လို့ သင်းအုပ်က ပြောလိုက်တော့

"မပူပါနဲ့ ဆရာ။ သူ နောက်အပတ် တနင်္ဂနွေနေ့မှာ လာဦးမှာပါလို့။" သင်းထောက်က ပြောလိုက်ပါတယ်။

သင်းထောက်က အဲဒီလို ပြောအပြီးမှာ သင်းအုပ်ဟာ အိမ်မက်ထဲကနေ ရုတ်တရက် လန့်နိုးသွားပါတယ်။

သင်းအုပ်ဆရာ ဒေါ်တာဂေါ်ဒွန်ဟာ အိမ်မက်က လန့်နိုးလာတဲ့အချိန်မှာ အချက်တခုကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်လိုက်ပါတော့တယ်။ အဲဒီအချက်ကတော့ သူတရားဟောတဲ့ အခါတိုင်းမှာ၊ သူခရစ်တော် အကြောင်းပြောတဲ့ အခါတိုင်းမှာ ယေရှုခရစ်တော်ကိုယ်တိုင် နားထောင်နေသူများထဲမှာ ရှိနေပြီး၊ ဟောပြောတဲ့စကား တလုံးမှ မလွတ်သွားအောင် နားထောင်နေတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အိမ်မက်ကြောင့် ဒေါက်တာဂေါ်ဒွန်ရော အသင်းတော် တခုလုံးပါ အသစ်သော ခွန်အားတွေနဲ့ နိုးထလာခဲ့ကြပါတယ်။ Salvation Centers လို့ အမည်ပေးထားတဲ့ ကယ်တင်ခြင်းဌာနတွေကို တည်ထောင်ခဲ့ပြီး၊ သာသနာပြုလုပ်ငန်းတွေ၊ ငွေကြေးအားနည်းတဲ့ အသင်းတော်တွေ၊ ဂျူလူမျိုးတွေ၊ တရုတ်လူမျိုးတွေအတွက် အလှူငွေများစွာကို ပေးလှူခဲ့ပါတယ်။ သာသနာပြုဆရာတွေကို မွေးထုတ်ပေးမဲ့ ကျောင်းတွေကိုလည်း ဖွင့်လှစ်ခဲ့ပါတယ်။ ဒေါက်တာ ဂေါ်ဒွင်ဟာ အသက် ၅၉ နှစ်အရွယ် မကွယ်လွန်ခင်မှာ "အောင်မြင်ပြီ" ဆိုတဲ့ စကားကို ရေရွတ်ရင်း ကွယ်လွန်ခဲ့ပါတယ်။

လီယိုနာဒို ဒဗင်ချီ၏ ခွက်ဖလား


လီယိုနာဒို ဒဗင်ချီ အသက် ၄၃နှစ်အရွယ်မှာ မီလန်မြို့ဝန် "လူဒိုဗင်ကို" က ခရစ်တော်ရဲ့ နောက်ဆုံးညစာစားပွဲ ပန်းချီကားကို ရေးဆွဲပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒဗင်ချီဟာ မြို့ဝန်ရဲ့ တောင်းဆိုချက်ကို လက်ခံခဲ့ပြီး၊ ပန်းချီကားကို အသေးစိတ်ကျကျ စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူ ရေးဆွဲလိုက်တာ သုံးနှစ်လောက်ခန့် ကြာမြင့် ခဲ့ပါတယ်။ ပန်းချီကားမှာ တမန်တော်တွေကို အုပ်စု သုံးစု ခွဲလိုက်ပြီး၊ ခရစ်တော်က အလယ်မှာ တဖက်တချက်မှာတော့ တမန်တော်တွေကို ထားကာ ရေးဆွဲလိုက်ပါတယ်။ ခရစ်တော်ဟာ သူ့ရဲ့ လက်တွေကို ဆန့်တန်းထားတဲ့ သဏ္ဍန်ကိုလည်း ရေးဆွဲလိုက်ပါတယ်။ ခရစ်တော်ရဲ့ ညာဖက်လက်ထဲမှာ ခွက်ဖလား တခုကို မြှောက်ကိုင်ထားပြီး အဲဒီခွက်ဖလားကို တကယ့်အစစ်လိုမျိုး ထင်ရအောင် အသေးစိတ်ချယ်မှုန်းက ရေးဆွဲလိုက်ပါတယ်။

အဲဒီ ပန်းချီကားကို ရေးဆွဲအပြီးမှာ ဒဗင်ချီက သူ့သူငယ်ချင်း တယောက်ကို

"ကဲ။ ပန်းချီကားကို သေချာကြည့်ပြီး မင်းရဲ့ ထင်မြင်ချက်ကလေး ပေးပါဦး" လို့ တောင်းဆိုလိုက်ပါတယ်။

"ကောင်းလိုက်တဲ့ ပန်းချီကားပဲဗျာ။ ဒီခွက်ဖလားလေးက တကယ့်အစစ်လားလို့တောင် ထင်ရတယ်ဗျာ။ ကျုပ်ရဲ့ မျက်စိကနေ ခွာလို့ကို မရဘူး" လို့ သူငယ်ချင်းဖြစ်သူက ဆိုလိုက်ပါတယ်။

လီယိုနာဒိုဟာ ချက်ချင်းပဲ စုတ်တံတခုကို ကောက်ယူလိုက်ပြီး ဖိတ်ဖိတ်တောက်နေတဲ့ ခွက်ဖလားပုံကို ကန့်လန်ဖြတ် ဆွဲခြစ်လိုက်ပြီး နူတ်ကနေ အခုလို ပြောလိုက်ပါတော့တယ်။

"ဘယ်အရာကမှ ခရစ်တော်ကနေ အာရုံလွဲသွားအောင် မလုပ်ရဘူး" လို့ သူက ဆိုပါတယ်။

ခရစ်တော်အကြောင်း အရင်ပြောပါ

ဒေါက်တာ ဂေါဒွင်ကို ဘော့စ်တွန် အသင်းတော်အတွက် သင်းအုပ်ခန့်ထားဖို့ အင်တာဗျူးစဉ် အခါက ဖြစ်ပါတယ်။ တရားပလ္လင် ကော်မတီက သူ့ကို ဒီလို မေးပါတယ်။

"ဆရာခင်ဗျား။ ကျွန်တော်တို့ အသင်းတော်က ဆရာ့ကို သင်းအုပ်အနေနဲ့ ခန့်အပ်ခဲ့လို့ရှိရင် လောင်းကစား မလုပ်ဖို့၊ ပြဇတ် ပြပွဲရုံတွေမှာ ပျော်ပါးကခုန်ကြတာတွေကို မလုပ်ဖို့ တရားဟောပေးမလား ဆရာ။"

"ကျွန်တော် ဟောပေးပါ့မယ်"

လို့ ဒေါက်တာဂေါ်ဒွင်က ဖြေကြားလိုက်ပါတယ်။ မကြာခင်မှာပဲ သူ့ကို အသင်းတော်က သင်းအုပ်အဖြစ်နဲ့ ခန့်အပ်လိုက်ပါတယ်။

သင်းအုပ်အဖြစ်နဲ့ လအနည်းငယ်ကြာ ထမ်းဆောင်ပြီးပေမယ့်လည်း ဒေါက်တာဂေါ်ဒွင်ဟာ လောင်းကစားဆန့်ကျင်ရေး ၊ပြပွဲပြဇတ်တွေမှာ ပျော်ပါးကခုန်မှုမလုပ်ရေး တရားကို ဟောကြားခဲ့ခြင်း မရှိပါဘူး။ အဲဒါကြောင့် အသင်းတော်ရဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ဘုတ်အဖွဲ့က ဆရာ့ကို ခေါ်ယူမေးမြန်းပါတော့တယ်။

"တနှစ်တောင် ပြည့်တော့မယ်ဆရာ။ ခုထက်ထိ လောင်းကစားအကြောင်း၊ ပြဇတ်ပြပွဲရုံမှာ ကခုန်တဲ့ အကြောင်း တရားလဲ မဟောပါလား ဆရာ။ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်တို့ သိချင်ပါတယ်။"

ဒေါက်တာဂေါ်ဒွင်က သူတို့ရဲ့ အမေးကို အခုလို ဖြေကြားလိုက်ပါတော့တယ်။

"လူကြီးမင်းများ ခင်ဗျား။ အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် တရားမဟောခဲ့ဘူးဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မကောင်းမှု အလုံးစုံကနေ ကွယ်ကာရာ ဖြစ်တဲ့ ခရစ်တော် အကြောင်းကိုတော့ ကျွန်တော် ကောင်းကောင်း ဟောပြောခဲ့ပါတယ်။ ခရစ်တော်ဟာ လူတိုင်းရဲ့ နှလုံးသားထဲမှာ ရှိနေခဲ့မယ် ဆိုရင် မကောင်းတဲ့ အရာမှန်သမျှဟာ မြူနှင်းများ နေထွက်လာရင် ပျောက်သွားကြသလို ပျောက်သွားကြပါလိမ့်မယ်။"


"သူ..သူ..သူ.."

ယုံကြည်သူ အမျိုးသမီး တဦးဟာ အသက်အရွယ် ကြီးရင့်လာတဲ့အခါ သူ့ရဲ့ မှတ်ဥာဏ်ဟာ တဖြည်းဖြည်း ယုတ်လျော့နည်းပါးလာပါတယ်။ တချိန်က ကျမ်းစာအတော်များများကို အလွတ်မှတ်မိ ကျက်မှတ်ထားနိုင်ခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ ကျမ်းပိုဒ်တွေကို မေ့လျော့လာလိုက်တာ နောက်ဆုံးမှာ ကျမ်းတပိုဒ်ကိုသာ အလွတ်ရပါတော့တယ်။

"အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထား သောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင် စောင့်နိုင်တော်မူသည် ဟုငါသဘောကျ၏။"

ဆိုတဲ့ ကျမ်းပိုဒ်လေးကိုပဲ သတိရပါတော့တယ်။

ဒီထက် အခြေအနေ ပိုဆိုးလာတဲ့အခါမှာ အမျိုးသမီးကြီးဟာ အဲဒီ ကျမ်းပိုဒ်ကိုတောင် အဆုံးအထိမရတော့ပဲ

"သူ၌ငါအပ်ထား သောအရာ"

ဆိုတဲ့ စကားစုလေးကို ပဲ နူတ်ထဲကနေ ဖြေးညှင်းစွာ ရွတ်ဆိုနိုင်ပါတော့တယ်။ နောက်ဆုံးအချိန်ရောက်လို သေလုမျောပါး ဖြစ်နေတဲ့ အချိန်မှာ သူ့ရဲ့ မိသားစုဝင်များက သူ့ရဲ့ နူတ်ခမ်းလှုပ်တာကို သတိပြုမိကြပါတယ်။ တခုခု တောင်းဆိုနေတယ်လို့ ထင်တာကြောင့် သူဘာပြောနေလဲဆိုတာကို သိရအောင် ကုန်းပြီး နားထောင်ကြပါတယ်။ အဲဒီအခါမှာ အမျိုးသမီးကြီးဟာ သူရွတ်ဆိုခဲ့ တဲ့ ကျမ်းပိုဒ်ထဲက စာလုံးတလုံးကိုသာ ထပ်ခါတလဲလဲ ရွတ်ဆို နေတာကို ကြားလိုက်ရပါတော့တယ်။ အဲဒါကတော့

"သူ..သူ..သူ.."

ဆိုတဲ့ စကားလုံးလေးပဲ ဖြစ်ပါတယ်။

အမျိုးသမီးကြီးဟာ ကျမ်းစာတအုပ်လုံးကို မေ့သွားခဲ့ပေမဲ့ အဲ့ဒီစကားလုံးလေးကိုတော့ မေ့မသွားခဲ့ပါဘူး။ တကယ်တော့ အဲဒီစကားလုံးတလုံးထဲမှာ ကျမ်းစာတအုပ်လုံး ရှိနေတာပဲ ဖြစ်ပါတယ်။

ဘုရားသားတော်အား ချစ်ခြင်း

တခါက သူဌေးကြီးတဦးဟာ ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။ ဒီလိုဆုံးပါးသွားခဲ့ပေမဲ့ သူ့မှာ အမွေးစား အမွေခံဆိုလို့ တယောက်မှ မရှိခဲ့ပါဘူး။ သူဌေးကြီးရဲ့ အိမ်တွင်းပစ္စည်းတွေကို လေလံတင် ရောင်းချတဲ့အခါမှာ သူဌေးကြီးရဲ့ သားဖြစ်သူပုံ ပန်းချီကားကို အ၀တ်အစား ညှိုးနွမ်းစွာ ၀တ်ဆင်ထားတဲ့ အမျိုးသမီးကြီး တဦးက ၀ယ်ယူခဲ့ပါတယ်။ အဲဒီပန်းချီကားကို သူဌေးကြီးက အလွန်မြတ်နိုးလှစွာ သိမ်းဆည်းထားရခြင်း အကြောင်းကတော့ ငယ်ရွယ်စဉ်တုန်းက သေဆုံးသွားခဲ့တဲ့ သူရဲ့ တဦးတည်းသော သားကို ချစ်လွန်းလို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လေလံပွဲက လူတွေကတော့ အဲဒီပန်းချီကားကို စိတ်ဝင်စားလှခြင်း မရှိကြပါဘူး။ ပန်းချီကားကို ၀ယ်ယူသွားတဲ့ အမျိုးသမီးကြီးကို "ဘာကြောင့်ဝယ်တာလဲ" လို့ စိတ်ဝင်တစား ၀ိုင်းမေးကြတော့ "သူငယ်လေးကို သူငယ်စဉ်ကတည်းက ကြည့်ရှုပြုစု ခဲ့ရပြီး အလွန်ပင် ချစ်မြတ်လွန်းသောကြောင့် ဖြစ်ပါတယ်"လို့ အမျိုးသမီးကြီးက ပြန်ဖြေပါတယ်။

အမျိုးသမီးကြီးဟာ ပန်းချီကားကို အနီးကပ်ကြည့်ရှုနေရင်းနဲ့ ပန်းချီကား နောက်ဖက်မှာ တခုခု ဖောင်းထွက်နေသလိုမျိုး ဖြစ်နေတာကို သတိပြုမိပါတယ်။ ဓါးနဲ့ အသာဖြတ်ထုတ်ပြီး ကြည့်လိုက်တော့ စာအိတ်နဲ့ ထုပ်ထားတဲ့ ပျောက်ဆုံးနေတဲ့ သူဌေးကြီးရဲ့ သေတမ်းစာ ဖြစ်နေတာကို အံ့သြစွာ တွေ့လိုက်ရပါတယ်။ သေတမ်းစာထဲမှာ သူဌေးကြီးဟာ သူချစ်လွန်းတဲ့ သူ့ရဲ့သားကို အမြဲအမှတ်ရနေမဲ့သူအား သူပိုင်သမျှ အရာအားလုံး ပေးအပ်ကြောင်း ရေးသားထားတာကို တွေ့ရပါတော့တယ်။

နာမတော်အားဖြင့်

လှမင်းသူ






 

Footer Monthly Articles & Web.Blogs

 

ဝိညာဉ်ရေးဆိုင်ရာလစဉ်ရွေးချယ်ထားသောမုရန်ဆောင်းပါးအချို့

 


Our Friendly Web & Blogs Links
jbcs.org.sg/main
woorank.com/en/www/sawpatrick.net
moemaka.com/2012/06/guest-writer-ပြည်သူတို့လိုချင်နေတ
spiritlessons.com/languages/index.htm
thawthikho.blogspot.com/2010/02/blog-post_9931.html
mahnkoko.blogspot.com.au
divinerevelations.info/languages/index.htm
mcathailand.com
myanmarinsingapore.com
karenfamily.org/profiles/blogs/links-1
zomimessenger.com/2012/09/column-music-column-extra-links-holy.html
streamoflife99.com/articles/jesus18yrsproblem.html
tudoenkung.wordpress.com/online-bibles
burmesebible.com/links.htm
jinghpawtingsan.blogspot.com/2011/04/morphvox-junior-voice-changer.html
sawkyawoo.com/2011/10/website_21.html
bethelkhrihfabu.net/nitin-bible-relnak.html
immanuelmyanmarchurch.com/apps/blog
mahnkoko.blogspot.com.au/2012/06/blog-post_10.html
kc-nl.blogspot.in/2011/09/2011-ning-ladaw-kcnl-nawku-hpung-wai.html
laaituibaptistchurch.com
mahnkoko.blogspot.com/2012/07/normal-0-false-false-false-en-au-x-none.html
mcflondon.com
dawnathar.blogspot.com/2010/11/blog-post_8330.html
imcwheaton.org
kc-nl.blogspot.com/2012/05/atrocities-in-kachin-land.html
kokomaunguk.blogspot.co.uk/2012/01/blog-post_21.html
sawpatrick.net
shinthan.com
bangkokchristchurch.net
batupuei.webs.com
burmesebible2008.blogspot.com/2009/10/typhoon-in-philippines.html
globalmcf.ning.com
intouchcnet.com
karanilan.webs.com/apps/videos/videos/show/5464117
kokomaunguk.blogspot.com.au/2012/06/blog-post_09.html
kokomaunguk.blogspot.sg/2012/08/blog-post_8666.html
mcctulsa.com
mgchit.blogspot.in/2012/08/blog-post_18.html
mmwebgallery.com
nlbcusa.wordpress.com
sawchit.blog.com/2011/06/12/ကျီးတို့အလယ်မှ-ဒေါင်း
sawchitthu.blogspot.com/2012/03/software-license-version.html
simonkamta.blogspot.com/p/mp3-download_16.html

swecanaan.blogspot.com/2012/09/andriod-phone-program.html
thelordword.com
tkbc-japan.net
bangkokchristchurch.net

haineni.ning.com
bangkokchristchurch.net
globalmcf.ning.com/
thawthikho.blogspot.com
orangeask.com
miccfortwayneusa.blogspot.com
mcflondon.com
kokomaunguk.blogspot.com

mission-one.co.cc                   
chanlinnay.mandalaybloggers.org

thespiritfruit.com
mg-m.blogspot.com  ကျမ်းစာလေ့လာနည်းများ
mcbc4u.blogspot.com မုရန်ဆောင်းပါးအချို့.
www.myatmingalar.com/ မြတ်မင်္ဂလာဒေသနာများ
myanmar-odb.org နေ့စဉ်ခွန်အား(မြန်မာ)

Ref:

http://www.alexa.com

Facebook Twiter Google Buttons

ရယ်ရွှင်ဘွယ်ရာ (Random Selection)



ယေရှုကို ဒီပုံထဲမှာ သင်ရှာလို့ရပါသလား။  ရှာရတာခက်နေသလား..
အခြားသူ ၉ ဦးကို လှမ်းပို့ပေးပြီး ရှာခိုင်းကြည့်ပါ။ သူတို့ရှာနိုင်မှာပါ။

၅မိနစ်အချိန်ပေးပါတယ် .. သင်နှင့်သင့်မိသားစုအတွက်ရွင်လန်းပါစေ.

Forward by ဇင်မာမင်းညို၊ မေမေ၀င်း၊ နော်လှမြတ်စံ

 

ဗဟုသုတဆောင်းပါး (Random Selection)


စိုးမင်း

လူဦးရေ သန်းပေါင်းခြောက်ဆယ်ရှိတဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ ပညာရှိ သူတော်ကောင်း အမျိုးကောင်းသားစစ်စစ်ကြီးပါလို

့ ပြောနိုင်တဲ့သူ ဘယ်နှစ်ယောက်များ ရှိပါ့မလဲ သိရခက်ပါတယ်။ အကုန်လုံးကတော့ ကိုယ့်ကိုယ်ကိုယ် အဲသလိုပဲ ထင်နေကြတယ် မဟုတ်လား။ ကိုယ့်ဟာကိုယ် မဟုတ်မှန်းသိတောင် သူများတွေကတော့ အဲသလိုထင်လည်း နည်းသလားဆိုပြီး လူ့ရှေ့သူ့ရှေ့ကျရင် ဟန်ပန်ကြီးတခွဲသားနဲ့ ဟောက်စားလုပ်ချင်တဲ့သူတွေက ပိုများမလားပဲ။ ခက်တာက တကယ့်အစစ်ဆိုတာ ရဟန္တာဈာန်ပျံသလို ကိုယ်တိုင်မြင်ဖူးတဲ့သူ အလွန်ရှားသွားပြီမို့ သည်တခါတော့ အရုပ်ရေးပြတာမဟုတ်ပဲ လူပုဂ္ဂိုလ် အကောင်လိုက်ကြီးနဲ့  “သည်လိုလူမျိုးကိုခေါ်သကွ” ဆိုပြီး ဆွဲထုတ်ပြလိုက်ချင်ပါတယ်။ ငြင်းနိုင်ရင် ငြင်းရဲရင် ငြင်းကြည့်ကြပါဦး။ ဆရာကြီး ဦးဖေမောင်တင် လို့ ခေါ်ပါသဗျ။

သံသရာမှာ သတ္တ၀ါတွေ ကျင်လည်ရတဲ့အခါ ဘ၀ပေါင်းများစွာ ဆုံးစမထင် အတွင်တွင် မရပ်မနား တသွားတည်းသွားကြရပါသတဲ့။ အဲသလိုသွားနေရင်းက ထပ်ကာထပ်ကာ သွားမိတဲ့ခရီးကိုလိုက်ပြီး သတ္တ၀ါတွေမှာ စရိုက်ရယ်၊ အထုံရယ်၊ ပါရမီရယ်လို့ ပါလာကြရပါတယ်။ စရိုက်ဆိုတာကတော့ အကြိမ်ကြိမ် အဖန်ဖန် ပြုနေကျအပြုအမူကြောင့် ကာယကံရှင်ရဲ့ စိတ်နေစိတ်ထားမှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့သဘောကို ခေါ်တာနေမှာပေါ့။ ဆိုက်ကားသမားမှာ ဆိုက်ကားသမားစရိုက်ရှိမယ်။ ဆရာဝန်မှာ ဆရာဝန်စရိုက်ရှိမယ်။ စစ်ဗိုလ်စစ်သားမှာ စစ်ဗိုလ်စစ်သားစရိုက်ရှိမယ်။ အကျင့်ပါနေတာကြီးတစ်ခု စိတ်ရောကိုယ်ပါ စွဲလာလို့ရှိရင် စရိုက်လို့ ခေါ်လိမ့်မယ်။ အထုံဆိုတာကတော့ အကျင့်စရိုက်တစ်ခုခုကို မသိစိတ်ကပါစွဲပြီး အလိုအလျောက် လုပ်မိလျက်သား၊ အားထုတ်မှုမလိုပဲ အသားတကျလုပ်မိလျက်သား ဖြစ်လာတာကို ပြောတာပါ။ သတ္တ၀ါတွေမှာ သူတို့ကျင်လည်ရာဘ၀ဟောင်းတွေကို လိုက်လို့ စရိုက်တွေ အထုံတွေက ခုဘ၀ နောက်ဘ၀တိုင်အောင် အရိပ်ပမာ လိုက်ပါလာတတ်ပါတယ်။ တချို့က လောဘစရိုက်ရှိမယ်။ တချို့က ဒေါသစရိုက်ရှိမယ်။ တချို့က မောဟစရိုက်ရှိမယ်။ အဲသလိုမျိုးပါ။ အကုသိုလ်နဲ့ အထုံပါလာသူများကျတော့ မုဆိုးအတတ် တံငါအတတ်တို့မှာ တဘက်ကမ်းခတ် ကျွမ်းကျင်လာတာမျိုး၊ လက်နက်၊ အဆိပ်၊ သေရည် အရောင်းအ၀ယ်တွေနဲ့ မီလျံနာဖြစ်လာတာမျိုးပေါ့။ ပါရမီဆိုတာကတော့ မိမိသွားလိုတဲ့ ဆိပ်ကမ်းတစ်ခုကိုရောက်အောင် အစဉ်မပြတ် ကူးခတ်သွားသလိုမျိုး ဦးတည်ရာတစ်ခုခုအတွက် လိုအပ်တဲ့ အကျင့်ကောင်း စရိုက်ကောင်းတွေကို ဘ၀ပေါင်းများစွာ ၀ီရိယစိုက်ထုတ်လို့ အထုံပါအောင် ဖြည့်ကျင့်ရင်း တစတစပြည့်စုံလာလေသမျှကို ခေါ်တာဖြစ်ပါလိမ့်မယ်။ ဒါက ကိုယ်ဥာဏ်မီသလောက် တွေးကြည့်တာလေ။ မဟုတ်ရင်လည်း ဘုန်းဘုန်းတို့က ၀င်ဆွေးနွေးပေးကြပါဦး။

အဲသည် စရိုက်၊ အထုံ၊ ပါရမီဆိုတာတွေဟာ ကုသိုလ် အကုသိုလ်အမှုများလိုပဲ ကျင်လည်ရာဘ၀တိုင်းကို “၀ါသနာဘာဂီ ဆက်တိုင်းမီ” ဆိုသလို စိုက်လိုက်မတ်တတ် လိုက်ပါလာတတ်လေတော့  “သူတော်ချင်းချင်း သတင်းလွေ့လွေ့” တို့၊ “သမဏေန သမဏော”တို့ ပြောလေ့ရှိကြတဲ့အတိုင်း ကိုယ်နဲ့တူရာတူရာ ပုဂ္ဂိုလ်သတ္တ၀ါကိုသာ အစေးကပ်ကပ် စုဝေးနှီးနှော အဖော်သဟဲပြုကြသလို လေးစားကြည်ညို ဆည်းကပ်ရာတွေမှာလည်း စရိုက်တူ၊ သဘာဝတူ၊ လမ်းစဉ်တူရာကိုသာ အထင်တကြီး ကိုးကွယ်ယုံကြည်ကြပါလိမ့်မယ်။ သည်သဘောကြောင့်မို့လို့ ပညာရှင်ဆိုတာ အာဏာရှင်၊ ဓနရှင်တွေအကြားမှာ တန်ဖိုးမရှိနိုင်ပါဘူး။ (ပညာရဲ့တန်ဖိုးဆိုတာ ပညာတတ်တဲ့သူတွေသာ သိနိုင်တာမျိုးလို့တော့ မပြောရဲကြောင်းပါ။) “ခင်ဗျားပညာရှိကြီးလုပ်နေပြီးတော့ ရေဗူးပေါက်တာ ကျုပ်လာမပြောနဲ့ဗျာ။”  လို့ ငမိုးရိပ်မိကျောင်းလို ကြိမ်စကြာအရိုက်ခံနိုင်ပါ့မလား။ “နင့်လိုဘွဲ့နဲ့အကောင်မျိုး ဆယ့်ငါးယောက်လောက် ပိုက်ဆံပေးပြီး ခြေသလုံး နှိပ်ခိုင်းထားလို့ရတယ်။” လို့ပြောလာရင် ဆယ့်ငါးယောက်ပြည့်သွားမှာစိုးလို့  အလုအယက် တုံကင်ယူထားကြမလား။ ပညာရှိဆိုတာ ပညာရှိနေရုံသက်သက်တော့ မဟုတ်ပါဘူး။ သူ့မှာလည်း သူ့စရိုက် သူ့အထုံပါရမီနဲ့လာတာမဟုတ်လား။ ကေသရာဇာမှန်ရင် မြက်မစားဘူးဆိုတဲ့ စရိုက်သဘာဝတွေလည်း ရှိပါလိမ့်မယ်။ လျှာပေါ်မှာ မြက်ပေါက်စေဦးတော့ဆိုတဲ့ ပညာမာနလေးတွေလည်းရှိမယ်။ ပညာရှိတို့မည်သည် ဘာတွေကို လုပ်လေ့မရှိဘူး ဆိုတာတွေနဲ့ ဘာတွေကို လုပ်လေ့ရှိတယ် ဆိုတဲ့သဘောလေးတွေကို သဘောပေါက်စေချင်တဲ့အတွက် ပညာရှိဂုဏ်ရည်ဆိုတာကို လေ့လာကြည့်ကြရအာင်နော်။

ဆရာကြီးဦးဖေမောင်တင်ဟာ မြန်မာလူမျိုးတွေထဲက ပထမဦးဆုံးပါမောက္ခ ဖြစ်လာခဲ့ပြီး အသက်အားဖြင့်ဆိုရင် ၂၄နှစ်သာ ရှိပါသေးသတဲ့။ လူမျိုးခြားတွေချည့် ကြီးစိုးတဲ့ ကာလကတ္တားတက္ကသိုလ်ရဲ့ လက်အောက်ခံ ရန်ကုန်ကောလိပ်မှာ ဆရာကြီးအလုပ်လုပ်ရတဲ့ဌာနကတော့ အခု အရှေ့တိုင်းပညာဌာနလို့သိကြတဲ့ ပါဠိဘာသာဌာနမှာဖြစ်ပါတယ်။ မြန်မာလိုပြောရင် ဒဏ်တပ်တဲ့ ခရစ်ယာန်သာသနာပြုကျောင်းများကနေ အောင်လာပြီး “မြန်မာစကားတွေ မေ့ကုန်ပလားကွယ် မေ့ကုန်ပလားကွယ် ပြောစမ်းပါမောင်ရယ်” လို့ မကြည်အောင်သီချင်းထဲမှာပါတဲ့ အင်္ဂလိပ်ခေတ်ကောလိပ်ကျောင်းမှာ ပါဠိလိုဆရာတစ်ဆူဖြစ်အောင် တတ်ကျွမ်းတဲ့ဆရာကြီးဟာ ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ “ပဋိသင်္ခါယောနိသော အပျိုမြင်ရင် ငါ့ကိုပြော” လို့ ကျက်ခဲ့မှတ်ခဲ့ရတဲ့ ကိုရင်ဘ၀ ကျောင်းသားဘ၀မျိုးက လာတာလည်း မဟုတ်ပါဘူး။ ခရစ်ယာန်ဘာသာဝင်မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ ကိုယ်တိုင်လည်း ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ဦးဖြစ်ပါတယ်။ ဘမျိုးဘိုးတူ မျိုးကောင်းရိုးကောင်းလို့ ပြောနိုင်တာကတော့ ၀န်ထောက်မင်းဦးတင်က မွေးဖွားလာခဲ့ပြီး ဦးလေးတော်သူက ကိုယ်တွေ ငယ်ငယ်က ခေါင်းအုံးအိပ်လို့ရပြီး အထူဆုံးစာအုပ်လို့ သိကြတဲ့ ဦးထွန်းငြိမ်း အင်္ဂလိပ်မြန်မာ အဘိဓါန်ကို ပြုစုသွားသူ ၀န်ထောက်မင်းကြီးဖြစ်ပါသတဲ့။ ဒါတောင်မှ ပါဠိဘာသာကို မြစ်ဖျားခံရာ အိန္ဒိယတိုင်းသားများအလယ် ကာလကတ္တားတက္ကသိုလ်မှာ တရားမင်းကြီးချုပ်ချီးမြှင့်တဲ့ “ဂျာဒင်းဆု” ကို ရခဲ့သလို ရနောင်းဘုရင်ခံက ချီးမြှင့်တဲ့ “ရနောင်းဆု” ရခဲ့ပါသတဲ့။ အဲသည်ရာထူးနေရာကို သူ့ကိုမှ မခန့်ရင် မိုးကြိုးကြီးပစ်သွားလိမ့်မယ်လို့ စိတ်ထဲမှာ စွဲနေကြလို့သာ ကိုလိုနီခေတ်ကြီးထဲ မြန်မာအမျိုးသားတစ်ယောက်အနေနဲ့ ပါမောက္ခရယ်လို့ မဖြစ်မနေ ခန့်အပ်သွားရပါသတဲ့။ (မြောက်ကိုရီးယားမှာ ကင်ဂျုံအီတော်သလို တော်တာမျိုး မဟုတ်ဘူးလို့ သိစေချင်ပါတယ်) ဒါက သူဘာလဲဆိုတာကို မသိမမီလိုက်သူတွေ သိရအောင် မိတ်ဆက်ပေးရုံ သက်သက်ပဲ ရှိသေးတာ။

သူဘာလုပ်ခဲ့သလဲဆိုတာတွေ သိရင်တော့ တခြားသူတွေမပြောပါနဲ့။ ကျွန်တော်တို့ ဘိုးတော်ဘတော် စာရေးဆရာကြီးများကိုယ်တိုင် လူချင်းတွေ့ရင် ထိုင်ကန်တော့လောက်အောင် ကြည်ညိုသွားကြတာ။ မြန်မာစာရေးဆရာထဲမှာ အင်္ဂလိပ်ဘာသာကို မွှတ်နေအောင်တတ်ကျွမ်းလို့ အသက်ငယ်ငယ်ကလေးနဲ့ အင်္ဂလိပ်စကောလားရှစ်တွေ အထပ်ထပ်ရခဲ့ပြီး ရှားလော့ဟုမ်းတွေကို ဦးစံရှားရယ်လို့ ဂန္တ၀င်မြောက်အောင် မြန်မာမှုပြုခဲ့သူ ဆရာကြီးရွှေဥဒေါင်းကတော့ ၀ိသုဒ္ဓိမဂ်ကျမ်း ကို အင်္ဂလိပ်ဘာသာပြန်သွားနိုင်တဲ့အတွက် ကြည်ညိုလွန်းလို့ ရှိခိုးပါသတဲ့။ မြန်မာစာပေလောကမှာ ခေတ်စမ်းစာပေရယ်လို့ ခေတ်တစ်ခေတ်ဆန်းလာအောင် ရှင်းလင်းတိကျပြောင်မြောက်တဲ့ အရေးအသားများနဲ့ လမ်းသစ်တီထွင်သွားသူ ဆရာကြီး သိပ္ပံမောင်ဝကတော့ နိုင်ငံရပ်ခြားမှာ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်သွားနိုင်သူ မြန်မာပုဂ္ဂိုလ်ထူးကြီးသုံးဦးရှိတာ လယ်တီဆရာတော်ဘုရားကြီး၊ ယစ်မျိုးမင်းကြီးဦးရွှေဇံအောင် နဲ့ ပါမောက္ခဦးဖေမောင်တင်ပါတဲ့။ ဗေဒါလမ်းကဗျာရယ်လို့ မြန်မာခေတ်စမ်းကဗျာလောကမှာ ပြိုင်ဘက်ကင်းအောင် ထင်ရှားခဲ့သူ ဆရာကြီးဇော်ဂျီကတော့ သူတွေ့ဖူးခဲ့တဲ့ လောဘနည်း၍ တင်းတိမ်ရောင့်ရဲတတ်သူနှစ်ဦးကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာကြီးဦးဖေမောင်တင်ပါတဲ့။ ပညာတတ်ဆိုတာ တော်ရုံတန်ရုံ ပညာရှင်ကိုမြင်ရုံနဲ့ ကြည်ညိုခြောက်ခြားရိုးထုံးစံမရှိဘူးဗျ။ ဆရာ့ဆရာကြီးများ ကိုယ်တိုင်က ရှာမှရှားပါပေတယ်လို့ လေးလေးစားစား ရင်မှာထားကြတာဟာ ဘယ့်လောက်ပညာပြည့်သလဲ သိနိုင်လောက်ပါတယ်။ “အဲတော့ ဘာဖြစ်သလဲ။ ကားပါမစ်ကျမှာလား။ နေပြည်တော်မှာ မြေကွက်ပေးမှာလား။ ဘာမှလည်းလုပ်မရပဲနဲ့” ဆိုတဲ့သူတွေကတော့ နားလည်နိုင်မှာ မဟုတ်ပါဘူး။ သူတို့အတွက် ပညာဆိုတာ ရောင်းမရ ၀ယ်မရ၊ အမြတ်မရ၊ ဈေးကွက်မ၀င်။ ဘယ်နားသွား သုံးစားရမှာတုန်း။

ဆရာကြီးရဲ့ကျေးဇူးတွေက ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးတင် မကသေးပါဘူး။ မြန်မာစာပေ တိုးတက်တွင်ကျယ်ရေး အတွက်လည်း ဦးဆောင်လမ်းပြသွားခဲ့တာ အထင်အရှားပါပဲ။ သင်ရိုးမြန်မာစာမှာ ဝေဿန္တရာဇာတ်တော်ကြီးကို ပြဌာန်းပေးခဲ့တဲ့အခါ ခရစ်ယာန်သာသနာပြုကျောင်းများက မြတ်စွာဘုရားရှင်ရဲ့ ပါရမီတော်ခန်းတွေမို့ ဗုဒ္ဓဘာသာတွေကို မသင်နိုင်ပါဘူးလို့ အပြင်းအထန် ကန့်ကွက်ကြပါတယ်။ ထူးခြားတာက ပြဌာန်းတဲ့သူကိုယ်တိုင်က ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်နေပြီး “ဗုဒ္ဓဘာသာနိုင်ငံမှာ ခရစ်ယာန်တွေက ဗုဒ္ဓဘာသာကိုသင်ခွင့်ရတာ ဘာဖြစ်သေးတုန်း။ ကျေးဇူးတောင်တင်ရဦးမှာ မဟုတ်လား။” တဲ့။ အဲဒီစကားဟာ ဗုဒ္ဓဘာသာဝင်အဖြစ် မပြောင်းပဲပြောနိုင်တာဖြစ်တဲ့အတွက် ပညာရပ်နဲ့ ပတ်သက်လာရင် ဘာသာတရားနဲ့တောင် ရောထွေးမသွားဘူးလို့ သိသာစေပါတယ်။ ကလေးဘ၀ကတည်းကစပြီး အထက်တန်း၊ တက္ကသိုလ်ပညာအထိ သင်ကြားလာခဲ့ရတဲ့ မြန်မာစာသင်ရိုး စကားပြေ ကဗျာများဟာ ဆရာကြီးရဲ့ ပြဌာန်းချက်တွေဖြစ်တဲ့အတွက် အခုကျွန်တော်တို့ ရေး ဖတ် ပြော သင်နေတဲ့ မြန်မာစာတွေအားလုံးဟာ ဆရာကြီးပုံသွင်းပေးလိုက်တဲ့ လက်ရာမွန်စစ်စစ်ဖြစ်ပါတယ်။ မြန်မာစာပေသမိုင်းကို ပြုစုခဲ့ရုံတင်မကဘူး။ မှန်နန်းရာဇ၀င်တော်ကြီးကို အင်္ဂလိပ်လိုပြန်ပြီး မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌတောင် လုပ်သွားသေးတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် မြန်မာလူမျိုးပါလို့ ပြောရင် ဆရာကြီးဦးဖေမောင်တင်ဆိုတာ ဘယ်သူလဲလို့တော့ ကြားဖူးသင့်တယ် ထင်ပါတယ်။ (ခုခေတ် လှယဉ်ကျေးမယ်ကလေးတွေက ဒေါ်ခင်ကြည်နံမယ် မကြားဖူးသလို စာရေးဆရာ တော်တော်များများကလည်း ဆရာကြီးနံမယ်ပြောပြရင် ဘူကြီးတုန်း လို့ ပြန်မေးမယ့်သူ များပါတယ်။)

ဆရာကြီးရဲ့ အံ့ချီးမကုန်နိုင်တဲ့ အမူအကျင့်တွေထဲမှာ မှန်မှန်ကန်ကန် ရပ်တည်ခြင်းဆိုတာလည်း ပါပါတယ်။ မင်းပေါက်စိုးပေါက်ဇာတိကနေ နိုင်ငံရပ်ခြားမှာအထိ ထွန်းထွန်းပေါက်ပေါက် ပညာရဲရင့် ပွဲလည်တင့်ခဲ့သော်ငြား မြန်မာမူ မြန်မာစိတ်ကတော့ တစ်ရွေးသားမျှ လျော့မသွားပါဘူး။ အောက်စဖို့တက္ကသိုလ်က ဘီလစ် လို့ခေါ်တဲ့ ကျမ်းပြုပညာပါရဂူဘွဲ့ ရလာခဲ့ပေမယ့် ကျောင်းမှာ စာသင်ရတဲ့အခါ သူများတွေလို အနောက်တိုင်းဝတ်စုံမ၀တ်ပဲ ရင်ဖုံးတိုက်ပုံ၊ တောင်ရှည်ပုဆိုး၊ မောင့်ကျက်သရေခေါင်းပေါင်းကြီးနဲ့ သင်ပါသတဲ့။ သူနေတဲ့ အင်းစိန်ပေါက်တောကနေ ရန်ကုန်ကောလိပ်ကို လာတဲ့အခါ မော်တော်ဆိုင်ကယ်ကြီးနဲ့ တောင်ရှည်ကို ခါးတောင်းကျိုက်ပြီးလာတာတဲ့။ ရွဲ့များရွဲ့နေသလား အောင့်မေ့ရတယ်။ အင်္ဂလိပ်ကခန့်လို့ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေပေမယ့် အရေးကြုံရင် အမြဲတမ်း မြန်မာကျောင်းသားတွေဘက်ကသာ ရပ်တည်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ သူ့မှမခန့်ရင် မိုးကြိုးပစ်မှာကြောက်လို့ မဖြစ်မနေ ခန့်လိုက်ရတဲ့အဖြစ်ဟာ ပါမောက္ခရာထူးမှာတင် မဟုတ်ပါဘူး။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ဖြစ်လာတဲ့အခါမှာ ကျောင်းသားထုတစ်ရပ်လုံးကို ကျေနပ်စေဖို့ ဆရာကြီးကို ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ရာထူးကိုလည်း မဖြစ်မနေ ခန့်အပ်လိုက်ရပါတယ်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနုတို့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းတို့လို လူငယ်ကျောင်းသားများကတဘက်၊ အာဏာလက်ရှိ နယ်ချဲ့ အင်္ဂလိပ်အစိုးရကတဘက်အကြားမှာ ပညာရှင်ပီသစွာ  ဘယ်ဘက်ကိုမှ မယိမ်းပဲ သမာသမတ်ကျကျ ကိုယ့်တာဝန်ကိုယ်ကျေအောင်ထမ်းသွားခဲ့တာ သမိုင်းမှတ်တမ်းတစ်ခုပါပဲ။ “သည်သူငယ်တွေကို အခါပေးလိုက်ရင်ဖြင့် နောင်အခါ မင်းဆရာဖြစ်ရချေသေးရဲ့” ဆိုတဲ့အစားထဲကမဟုတ်တာ အင်မတန် အံ့သြချီးကျူးစရာပါ။ ၀န်ထမ်းတစ်ယောက်အနေနဲ့ ရပ်တည်ချက်မှန်သလို မြန်မာလူမျိုးတစ်ယောက် အနေနဲ့လည်း မှန်မှန်ကန်ကန် ရပ်တည်ပြန်တာပါပဲ။ တို့ဗမာအစည်းအရုံးတို့ တို့ဗမာသတင်းစဉ်တွေကို ထောက်ပံ့လေ့ရှိပါသတဲ့။ လှေနံနှစ်ဘက်နင်းတာမျိုး မဟုတ်ပဲ အလုပ်တာဝန်နဲ့ နိုင်ငံရေးရပ်တည်ချက်ကိုလည်း ရောထွေးမပစ်ဘူးဆိုတာ သတိပြုမိစေချင်ပါတယ်။ အလုပ်ထဲက လုပ်ပိုင်ခွင့်တွေသုံးပြီး မဲဆွယ်သူတွေကို မြင်ဖူးရင် ဘယ်လောက်ကြည်ညိုစရာကောင်းသလဲ သဘောပေါက်နိုင်ပါလိမ့်မယ်။

အစောကပြောခဲ့တဲ့အတိုင်း လူဆိုတာ ကိုယ်နဲ့တူရာတူရာကိုသာ ကြည်ညိုလေးစား အထင်ကြီးလေ့ ရှိကြတယ်ဆိုတော့ သည်ကနေ့ခေတ်အခါမှာတော့ ဆရာကြီးလို ပညာရှိစစ်စစ်ကြီးတွေကို လူမိုက်မှ လူမိုက် လို့်ပဲ ထောပနာပြုကြပါလိမ့်မယ်။ ပညာကို ငွေကြေးနဲ့ အလဲအလှယ်မပြုတတ်သေးပါဘူး။ ဆရာကြီးရဲ့ပညာကိုလေးစားလို့ ယိုးဒယားဘုရင်က ရွှေဒင်္ဂါးပေါင်တစ်ထောင် ချီးမြှင့်တဲ့အခါ ကိုယ်ကျိုးအတွက်မသုံးပဲ ပါဠိကျမ်းစာအသင်းကို လှူဒါန်းလိုက်ပါသတဲ့။ ဘီအေအောင်လို့ မြို့အုပ်လုပ်ရအောင် အိမ်တိုင်ရာရောက် ရာထူးခန့်တာကိုတောင် မလုပ်နိုင်ပါဘူးငြင်းပြီး အထက်တန်းပြဆရာအလုပ်ကိုပဲ ၀င်ပါသတဲ့။ ပညာရပ်ဆိုင်ရာ ပါရဂူဖြစ်အောင် ကျားကုတ်ကျားခဲ ကြိုးစားလာခဲ့တာဟာ “သည်လိုဘွဲ့မျိုးနဲ့ ဆရာဝန်တွေ နိုင်ငံခြားမှာသွားလုပ်ရင် တစ်နာရီ ဘယ်လောက်ရသလဲ သိရဲ့လား” လို့ ပြောနိုင်ဖို့ မဟုတ်ပါဘူး။ ရာထူးမမက်သော်ငြား သူတပါးအစားထိုးလို့မရတဲ့ ပညာရှင်နေရာကို ထိုက်ထိုက်တန်တန် ရရှိလာတဲ့အခါ တိုင်းတပါးသားတို့က မတရားသဖြင့် တင်စီးအနိုင်ယူလာတဲ့အခါမှာလည်း ခေါင်းငုံ့ခံလေ့မရှိပါဘူး။ လန်ဒန်မြို့ မြန်မာကျောင်းသားအသင်းဥက္ကဋ္ဌနေရာအတွက် ဆာဟာဗေးအင်ဒါဆင်နဲ့ ယှဉ်ပြိုင်အရွေးခံခဲ့တဲ့အခါ ဆာဘွဲ့ရ အင်္ဂလိပ်သူကောင်းမျိုးကြီးက မရှက်မကြောက် မဲလိမ်ပြီး အနိုင်ယူလိုက်ပါသတဲ့။ (ဖြစ်မှဖြစ်ရလေကွယ်။ အဟတ် အဟတ်) သူ့နိုင်ငံမှာလည်းဖြစ်ပြန်၊ လက်အောက်ခံ နိုင်ငံသားတစ်ယောက်နဲ့ နန်းတော်က သူကောင်းပြုထားသူတစ်ဦး အကြားမှာ ဖြစ်လာတဲ့ကိစ္စဖြစ်သော်ငြား ဆရာကြီးက အလျှော့မပေးပဲ လန်ဒန်တရားရုံးတော်ထိ တက်ရောက်တိုင်ကြားပြီး အဆုံးအဖြတ်ခံယူကာ အနိုင်ရခဲ့ပါသတဲ့။ (သည်တခါမှာတော့ အံ့သြမိတာ ဆရာကြီးတင်မကတော့ဘူး။ လန်ဒန်တရားရုံးတော်လည်း ပါသွားပြီ။ နှစ်ဘက်စလုံး ရူးများနေကြသလား မသိနော်။ ဟိ ဟိ)

နောင်လာနောက်သား မြန်မာများအတွက် ပညာမျိုးစေ့တွေချခဲ့တဲ့တာဝန်ကိုလည်း ဆရာကြီးက မလစ်ဟင်းခဲ့ပြန်ဘူးဗျား။ ဆရာကြီးသိပ္ပံမောင်ဝ၊ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီတို့ဟာ သူ့တပည့်တွေပါတဲ့။ “မီးသွေးခဲမို့ မဲသကို မြန်မာသွေးမို့ ရဲသကို” လို့ ဆိုရမလောက် ဆရာကောင်းတပည့် ပန်းကောင်းပန်ခဲ့ကြတဲ့သူတွေမှာ ပညာအမွေတင်မကပါဘူး။ ဆရာကြီးဆီက ပညာရှင်စိတ်ဓါတ်နဲ့ ရပ်တည်ချက်တွေကိုလည်း ဆက်ခံခဲ့ကြပါတယ်။ နယ်ပိုင်ဝန်ထောက်မောင်လူအေးဟာ အင်္ဂလိပ်လက်ပါးစေသက်သက်မဟုတ်ပဲ ခေတ်စမ်းစာပေအရေးအသားနဲ့ မြန်မာတွေကို နားမျက်စိဖွင့်ပေးခဲ့ရင်း တာဝန်ကျေပွန်သူဝန်ထမ်းတစ်ဦးပီပီ တရားဥပဒေစိုးမိုးရေးကိုလည်း မှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့တဲ့အတွက် ခေတ်ပျက်ချိန်မှာ ဓါးပြသတ်လို့ဆုံးရှာပါတယ်။ (အငြိုးနဲ့သတ်တယ်လို့ ပြောကြတာကိုး။ စာမတတ်တဲ့သူတွေက ပညာရှိမှန်းလည်း ဘယ်သိမလဲ။ အလိုလိုကို မုန်းနေဦးမလားမသိ) တော်လှန်ရေးကောင်စီအစိုးရတက်လာတဲ့အခါမှာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဦးသာလှအပါအ၀င် မြန်မာဘာသာ၊ မြန်မာစာပေပါမောက္ခတွေဖြစ်ကြတဲ့ ဆရာကြီးမင်းသုဝဏ်တို့ ဆရာကြီးဦးအေးမောင်တို့ အားလုံး အလုပ်ထွက်စာတင်သွားကြတာဟာ သူတို့က ကွန်မြူနစ်တွေမို့လို့၊ ဦးနေ၀င်းအစိုးရကို မယုံကြည်လို့ဆိုတာမျိုး နိုင်ငံရေးသဘောမပါပဲ ပညာရှင်ဆိုတာ မလုပ်သင့်မလုပ်ထိုက်တာကို အတင်းအကြပ်စေခိုင်းလာလို့ရှိရင် ရာထူးစည်းစိမ်ကို စွန့်လွှတ်ဖို့ ၀န်မလေးဘူးဆိုတာ သဘောပေါက်အောင် တွေးတတ်ပါ့မလား မသိပါဘူး။ ဆရာကြီးကတော့ ဆရာကြီးပါပဲခင်ဗျ။ ပြည်ထဲအရေး ပေါက်နဲ့ကျေးမှာ ပဲ့ပြားရွှေကြူ လေယူရာမယိမ်းပဲ ကိုယ့်ပညာနဲ့ကိုယ် ပညာရေး အမျိုးသားရေးကိုသာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့အတွက် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ မဆလခေတ် ဘယ်ခေတ်မှာမဆို သူ့ကိုမှမဆည်းကပ်ရင် မိုးကြိုးပစ်တော့မလောက် အစိုးရတိုင်းက တလေးတစားမေတ္တာရပ်ခံပြီး တာဝန်တွေပေးယူရတဲ့အထိ ပညာအရာမှာ ပြိုင်ဘက်ကင်းခဲ့ပါတယ်။ စာပေစာတမ်း၊ ကျမ်းကြီးကျမ်းခိုင်၊ သမိုင်းအထောက်အထား သုတေသနလုပ်ငန်းတို့ကိုလည်း ညွှန်းလို့ဖွဲ့လို့မကုန်အောင် ပြုစုသင်ကြားပို့ချပေးသွားပါတယ်။ မြန်မာတို့ရဲ့ သမားစဉ် သမားဆက် ဆရာကာပြန် အာခေါင်လှံစူးပုံပြင်နဲ့ ဆရာစားတစ်ကွက်ချန်တဲ့ဓလေ့ဟာ ဆရာကြီးလက်ထက်မှာ စကားတစ်ခွန်းတည်းနဲ့ အမြစ်ပြတ်သွားပါတယ်။ “တပည့်ဆိုတာ ဆရာထက် တော်ရမယ်။ တပည့်က ဆရာ့ထက်ညံ့နေရင် လောကကြီးက တဆင့်ပြီးတဆင့် ကျဆင်းသွားမှာပေါ့။ တပည့်က ဆရာ့ထက် မတော်ရင် ဆရာညံ့လို့ပဲ။” တဲ့။ ပညာရေးလောကဆိုတာ ဆရာတွေ တပည့်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ “ပညာသမာ အာဘာနတ္ထိ ပညာနှင့်တူသောအလင်းရောင်သည်မရှိ” လို့ ကြွေးကြော်ထားတဲ့ ပညာ့ရပ်ဝန်းထဲမှာ ဆရာကြီးရဲ့ အဆုံးအမတွေကို ဆရာမွေးတပည့်မွေး မွေးကြတဲ့ ခေတ်ဆရာ ခေတ်တပည့်တွေ သဘောပေါက်နိုင်ပါ့မလား။ ဆရာကြီးရဲ့တန်ဖိုးကို အသိအမှတ်ပြုနိုင်ပါ့မလား။ သည်တခါ ဆရာစိုးရေးတဲ့စာက ရယ်လည်းမရယ်ရဘူး။ ဘယ်သူမှမကြားဖူးတဲ့ လူကြီးတစ်ယောက်အကြောင်းကို အမွှန်းတင်ပြီးရေးထားတယ်။ ပျင်းစရာကြီး လို့ အောင့်မေ့ကြမယ်ထင်တယ်နော်။ ပညာရှင်ဆိုတာ အာဏာရှင်၊ ဓနရှင်တွေအကြားမှာ ပြည်တန်ပတ္တမြားကို ရက်တက်ရည်နဲ့ လဲစားကြမယ့်သူတွေလား။ တဆိတ်လောက် ဆက်စဉ်းစားစေချင်ပါတယ်။ ဘ၀ဘ၀က အထုံပါလာတဲ့ စရိုက်စိတ်ထားကိုမှီလို့ သည်ဘ၀မှာ ဓနရှင်ဖြစ်ချင်တာလား။ အာဏာရှင်ဖြစ်ချင်တာလား။ ပညာရှင်ဖြစ်ချင်တာလားဆိုတာ ကိုယ့်ဘာသာသိအောင် အရင်လုပ်ကြပါဦး။ သီလရှင်ပဲ လုပ်တော့မယ်ဆိုရင်တော့ သဘောကွယ်။ အဘိတ်နေ့ကျ အိမ်ကြွခဲ့။ စာမရသေးရင် အောက်ကဟာ ကျက်ထား။

“ဘေးဘယာခပင်း ဝေးကွာရှင်း လွတ်ကင်းကြပါစေ။

ကိုးဆယ့်ခြောက်သွယ် အန္တရာယ် ကာကွယ်နိုင်ပါစေ။

စိန်ရွှေပတ္တမြား ဒီရေအလား တိုးပွားကြပါစေ။

မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ။” တဲ့။

(မှတ်ချက်။ ဆွမ်းဆန်မရမချင်း တစ်လုံးချင်း အသံရှည်ရှည်ဆွဲ၍ဆိုကာ ဆွမ်းဆန်ရသည်နှင့် နောက်ကကျားလိုက်သလို ဆောင့်ကြီးအောင့်ကြီး ပြီးအောင်ဆက်ဆိုပါ။)

Pe Maung Tine - for Christian to continue read
ပါမောက္ခ ဦးဖေမောင်တင် - ဒေါ်ခင်ထွေးရီ


http://www.murann.com/ezine/index.php?option=com_content&view=article&id=353:2010-11-16-02-35-25&catid=2:knowledge&Itemid=44

 

 

ပါမောက္ခ ဦးဖေမောင်တင်

Tuesday, 16 November 2010 10:09 ဒေါ်ခင်ထွေးရီ

ပါမောက္ခ ဦးဖေမောင်တင် နှင့် ခရစ်ယာန်သာသနာ

ဒေါ်ခင်ထွေးရီ
(ပါမောက္ခ၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန၊ မန္တလေးတက္ကသိုလ်)

ဦးဖေမောင်တင်သည် ၁၈၈၈ ခုနှစ် ဧပြီလ ၂၄ရက် ညနေ ၅း၃၀ နာရီတွင် အင်းစိန်မြို့ ပေါက်တောရပ်တွင် ဖွားမြင်သည်။ ဆရာကြီး၏ ဖခင် ဦးဖေသည် အင်းစိန်မြို့ တိရစ္ဆာန်ဆေးကုဌာနမှာ ရုံးအုပ်စာရေးကြီးဖြစ်သည်။ မိခင်မှာ ဒေါ်မြိုင်ဖြစ်သည်။ မွေးချင်း ၆ယောက်အနက် ပဉ္စမမြောက် သားဖြစ်သည်။ ငယ်နာမည်မှာ မောင်ဘတင်ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ အဘိဓာန် ကျမ်းပြု၊ စာတော်ပြန် ၀န်တော် ဦးထွန်းငြိမ်းသည် ဖခင်ဘက်မှ တော်သော ဦးလေးဖြစ်သည်။ မိခင်ဘက်မှ တော်သော အဘိုးသည် တောင်ခွင်သာသနာပိုင် အရှင် ၀ိသုဒ္ဓသီလာစာရ ဖြစ်သည်။



ဦးဖေမောင်တင်၏ ဖခင် ဦးဖေသည် ဘုရား၊ တရား အလွန်ကြည်ညို၍ ခိုင်မြဲသော နှစ်ခြင်းခရစ်ယာန်တစ်ဦး ဖြစ်သည်။ ၄င်း၏ ဖခင် ဦးဖေကို၊ ဦးဖေ၏ ဖခင် ဦးသာဒွန်းအောင် ကိုယ်တိုင် နှစ်ခြင်းမင်္ဂလာ ပေးခဲ့ခြင်းဖြစ်သည်။ ဦးသာဒွန်းအောင် သည်ကား အောက်မြန်မာနိုင်ငံ ဟင်္သာတမြို့မှ ပထမဆုံး တိုင်းရင်ားး သိက္ခာတော်ရ ဆရာ (Pastor) ဖြစ်သည်။ ဦးဖေနှင့် မိသားစုအားလုံးတို့သည် ဂျေအန်ဒါဘီ (J.N Derby) ၏ ခရစ်ယာန်တို့၏ ခံယူချက် စာအုပ်နှင့် ဂျွန်ဘန်ညန်း (John Bunyen) ရေးသားခဲ့သော ဘုရားဖူးသူ၏ တိုးတက်မှု (The Pilgrim's progress) စာအုပ်တို့၏ သြဇာလွမ်းမိုးမှုကို ခံခဲ့ရသည်။ ထို့ကြောင့်ပင် ဆရာကြီး ဦးဖေမောင်တင်၏ ဖခင် ဦးဖေသည် စာအုပ်သုံးအုပ်ကို ရေးသားရာ ခရစ်ယာန် စာပေအသင်းက ထုတ်ဝေခဲ့သည်။ ၄င်းတို့မှာ (The Pilgrim's Progress) ကိုမှီး၍ ခရီးသည်ကိုသုခ (Ko Thukha, the Traveller) အမည်ရှိ စာအုပ်၊  သမ္မာကျမ်းစာမှ ခရစ်ယာန်မိသားစုများ (Christian Families in the Bible) စာအုပ်နှင့် တမန်တော်ပေါလု၏ ဘ၀အသက်တာ (Life of Apostle Paul) တို့ဖြစ်သည်။

ဦးဖေမိသားစုသည် ဟင်္သာတမြို့မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ပြီးသောအခါ အာမီးနီးယန်းလူမျိုး ပလိုင်းမောက် ညီအစ်ကိုအသင်းတော် (Plymouth Brethren Church) မှ သာသနာပြုဆရာ မစ္စတာဂယ်လ်စတင် (Mr. Galstin) နှင့် တွေ့ရှိပြီး ကိုယ်ပိုင်အသင်း (Brethren Church) ကိုတည်ထောင်ခဲ့သည်။ မစ္စတာဂယ်လ်စတင် ကွယ်လွန်သောအခါ ဆရာကြီးဖေမောင်တင်၏ ဦးလေး ဦးထွန်းငြိမ်းက ဤအသင်း၏ တိုင်းရင်းသားခေါင်းဆောင်အဖြစ် လွှဲပြောင်းယူခဲ့သည်။ ဦးထွန်းငြိမ်းသည် အင်္ဂလိပ်-မြန်မာ အဘိဓာန် ကို ရေးသားပြုစုခဲ့သူဖြစ်ပြီး ကျမ်းစာအသင်းမှ ရေးသားထုတ်ဝေသော သမ္မာကျမ်းစာ စာအုပ် (Garrad Version) ပေါ်ပေါက်ရေးအတွက် စွမ်းဆောင်ခဲ့သောသူလည်း ဖြစ်သည်။

ဆရာကြီး ဦးဖေမောင်တင်၏ ဘ၀ဖြစ်စဉ်နှင့် ၄င်းလုပ်ဆောင်ခဲ့သော ဆောင်ရွက်ချက်များသည် အံ့မခန်းကြီးကျယ်ရုံမက၊ များလည်း အလွန်များပြားသည့်အတွက် ဤစာတန်းတွင် အကျယ်မဖော်ပြတော့ပဲ စာကြည့်တိုက်မှုးတစ်ဦးဖြစ်သူ မောင်ဇေယျာရေးသားတင်ပြခဲ့သော ဦးဖေမောင်တင်၏ ဘ၀ဖြစ်စဉ် ရက်စွဲများ ဆောင်းပါးတွင် အသေးစိတ် ဖေါ်ပြထားသည်များကို ဖတ်ရှုစေလိုပါသည်။

ဆရာကြီးသည် စာပေလောက၊ တက္ကသိုလ်လောကတွင် မတစ်ထောင်၊ တစ်ကောင်ဖွား ဆိုသည့် စကားအတိုင်း အလွန်ရှားမှရှားသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်တော် တစ်ဦးဖြစ်ပါသည်။ အသက်၂၄နှစ် အရွယ်ကပင် ရတောင့်ရခဲသော ပါမောက္ခ ရာထူးကို ရခဲ့ရုံမျှမက ပထမဆုံးသော တက္ကသိုလ်ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့ပါသည်။ ဆရာကြီးရေးပေးသော စာအုပ်စာတန်းများသည် အလွန်များပြားလှသည့်အတွက် ဆရာကြီး ဦးသော်ကောင်း ရှာဖွေတင်ပြခဲ့သော ဦးဖေမောင်တင်၏ စာစုစာရင်းတွင် ဖတ်ရှုနိုင်ပါသည်။ ဤစာအုပ်စာရင်းကို ကြည့်ပါက ဆရာကြီးသည် ခရစ်ယာန်ဘာသာဝင် ဖြစ်လင့်ကစား၊ ၄င်းရေးသားခဲ့သော ခရစ်ယာန်ဘာသာ၊ သာသနာအကြောင်းနှင့်တကွ ခရစ်ယာန်စာပေအတွက် ရေးသားသော စာပေများ ရှိခဲ့မည် မှန်သော်လည်း များများစားစား မတွေ့ရဘဲ ရှားရှားပါးပါး ဖြစ်နေပါသည်။ ထို့အတွက်ကြောင့် ဆရာကြီးဦးဖေမောင်တင် ရေးခဲ့သော ခရစ်ယာန်စာပေကို ဖေါ်ထုတ်ရေးသား ပေးကြဖို့ မေတ္တာရပ်ခံချင်ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် မိရိုးဖလာ ခရစ်ယာန်တစ်ဦးမဟုတ်ဘဲ၊ အမှန်တကယ် ယုံကြည်ပြီး လိုက်နာကျင့်သုံးသော ခရစ်ယာန် (Practicing Christian) ဖြစ်ကြောင်းကို သာဓကများဖြင့် ဖေါ်ပြနိုင်ပါသည်။

ဘုန်းတော်ကြီး ဦးဘထက် ဆရာကြီးထံ ရောက်လာစဉ်က မုတ်ဆိတ်များဖြင့် ဇော်ဂျီယောင်ယောင်၊ ရသေ့ယောင်ယောင်နှင့် အမြင်အားဖြင့် ဘုန်းတော်ကြီးအသွင် မပေါ်ခဲ့သည့်အတွက် စစ်ဆေးမေးမြန်းပြီးမှ လက်ခံယုံကြည် အရိုသေပေးကြောင်း သိရပါသည်။ ဘုရားသခင်ကိုယ်တိုင် သင်ကြားပေးခဲ့သည့်၊ "ကောင်းကင်ဘုံ၌ .... အစချီသော ပဌနာတော်ကြီး" ကို ရသလားဟု မေး၍ ဆိုပြရသည့်အပြင်၊ တမန်တော်ယုံကြည်ချက်ကိုလည်း ဆိုခိုင်းပြီးမှ ဘုန်တော်ကြီးအဖြစ် လက်ခံကြောင်း ဆရာမကြီး ဒေါ်ခင်ခင် (မယ်ခကွေး) အဆိုအရ သိရှိရပါသည်။ ဆရာကြီးအနေဖြင့် နောက်ဆုံးအကြိမ်ဆေးရုံတက်ရခါနီး အချိန်တွင် ဘုန်းတော်ကြီး ဆရာထွန်းစိန်ထံမှ (The Last Rites) ဟုခေါ်သည့် နောက်ဆုံး စက္ကရမင်တမင်္ဂလာ ခံယူပြီးမှ ဆေးရုံသို့ လာရောက်ခဲ့ကြောင်း သိရပါသည်။

ဆရာကြီးသည် အင်္ဂလီကန် ခရစ်ယာန်တစ်ဦး ဖြစ်သော်လည်း ခရစ်ယာန် အသင်းတော်များအားလုံး ပြန်လည် စုစည်းရေးကိုလည်း ရှေးရှုခဲ့သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ စစ်ကြီး မဖြစ်မှီကတည်းက ခရစ်ယာန် ဂိုဏ်ဂဏအားလုံးနှင့် သက်ဆိုင်သော ခရစ်ယာန် စာပေအသင်းကြီး (Christian Literature Society) ကို ဦးစီးခဲ့သူဖြစ်သည်။ ကွယ်လွန်သူ သာသနာပိုင်ချုပ် ဆရာတော်ကြီး ဦးဖရန်စစ်အာမြ ထံမှ ရရှိသော ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်းစီ၏ စည်းဝေးမှတ်တမ်းအရ ခရစ်ယာန်စာပေ အသင်းကြီးတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဒါရိုက်တာ (Director)          - ဆရာကြီး ဦးဖေမောင်တင်
တွဲဖက်ဒါရိုက်တာ (မြန်မာ)    - ဆရာမကြီး ဒေါ်ခင်ခင် (မယ်ခကွေး)
တွဲဖက်ဒါရိုက်တာ (ကရင်)    - သရာထူးစော

အခြားကော်မတီလူကြီးများမှာ
၁။ ဦးအက်စ်လင်းစင်း
၂။ ဦးမောင်ကလေး
၃။ ဦးထွန်းဖေ
၎။ ဦးဖရန်စစ်အာမြ
၅။ သရာသာတိုး
၆။ သရာမူးလာ
၇။ Ven.G. Appletoe
၈။ Rev. R.J Varney
၉။ Rev. C.E. Olmstead
၁၀။ Miss Hunt
၁၁။ Miss Beebe
၁၂။ ဒေါ်စောမြိုင်
၁၃။ သရာသာလူး
၁၄။ ဦးထွန်းမြတ်
၁၅။ ဦးဘအုန်း
၁၆။ မစ္စ ကစ်တီသိန်း တို့ဖြစ်ကြသည်။

စစ်ကြီးအပြီး တက္ကသိုလ် ကျောင်းတော်ကြီးကို ပြန်လည်စည်းရုံးနေချိန်မှာ ဆရာကြီးသည် ခရစ်ယာန်စာပေ အသင်းကြီးကို ကိုယ်တိုင် ဥက္ကဌ ပြုလုပ်၍ စုစည်းမြေတောင် မြှောက်ပေးခဲ့သည်ကို ဘသက်ရှည် စာအုပ် ၂၊ စာမျက်နှာ ၄၈၈ တွင် ဖော်ပြထားသည်ကို တွေ့ရှိနိုင်သည်။

ဆရာကြီး၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သော မက်သဒစ် ခရစ်ယာန် သာသနာမှ အနားယူခဲ့သူ ဆရာကြီး ဦးဘအုန်းအား ဆရာကြီးပေါ် ထင်မြင်ချက်ကို မေးမြန်းရာတွင် "ဆရာကြီး ဦးဖေမောင်တင်သည် အလွန်တော်သော ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ခရစ်ယာန် စာပေအသင်းကြီးတွင်လည်း တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြောင်း"  ပြောပြပါသည်။

ဆရာကြီးသည် အသက်အရွယ် ကြီးရင့်သည့်တိုင်အောင် ခရစ်ယာန်စာပေကို အရေးတယူ ထားကာ အကျိုးပြုခဲ့ပါသည်။ ခရစ်ယာန် စာပေအသင်းအတွက် ဆရာကြီးအထူးရေးသားခဲ့သော စာအုပ်များမှာ မိန်မကျော် ခုနှစ်ဦး၊  ဂျီဗလကြီး (Les Miserable by Victor Hugo) နှင့် ဓားပြစိုးမင်း (Raj the Brigand C့h့ief) တို့ဖြစ်ပါသည်။

ဆရာကြီးအနေဖြင့် တိုင်းရင်းသား ခရစ်ယာန်များကို သတိပေးနေသော အချက်မှာ နိုင်ငံခြား သာသနာပြုများ၏ မြန်မာဝေါဟာရကို ပြင်ရန် ဖြစ်သည်။ Missionary Burmese ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးကို မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တွင် ၁၉၁၁ ခုနှစ် အတွဲ ၁၊ အပိုင်း ၁ တွင် ရေးသားခဲ့သည်။ ဒုတိယ အချက်အနေဖြင့် တရားဟောပလ္လင် (Pulpit Burmese) ဘုန်းတော်ကြီးများ၊ သင်းအုပ်ဆရာများ၊ တရားဟောဆရာများ၏ တရားဒေသနာများတွင် သုံးသော မြန်မာဝေါဟာရများကို ပြင်ရန် တိုက်တွန်းခဲ့သည်။ တနည်းအားဖြင့် ပြောရလျှင် မြန်မာစကားကို မြန်မာအချင်းချင်း နားလည်နိုင်အောင် ခရစ်ယာန်ရော၊ ခရစ်ယာန်မဟုတ်သော အခြား တိုင်းရင်းသားများပါ နားလည်အောင် ပြောပါ၊ ရေးပါ .. ဟု ဆိုလိုခြင်းဖြစ်သည်။

ခရစ်ယာန်ဂိုဏ်း အချင်းချင်း စာပေအားဖြင့် ပေါင်းကူး ဖန်တီးပေးသကဲ့သို့ ခရစ်ယာန်များနှင့် ဗုဒ္ဓဘာသာ လေ့လာရေးအဖွဲ့ကို ဆရာကြီး အနေဖြင့် ဦးစီးဆောင်ရွက် ပေးခဲ့ပါသည်။ ဆရာကြီး အနေဖြင့် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းသား ဖြစ်စဉ်ကတည်းကပင် ပါဠိ အသင်းကြီး၏ ပန်ကြားချက်အရ အဌာလိနိကျမ်း နှင့် ၀ိသုဒ္ဓိမဂ်ကျမ်း များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ဖူးပါသည်။

၎င်းနောက် ဆရာကြီးသည် ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာ တို့၏ တရားတွင် တူညီသော အချက်များကို ၄င်းရေးသားထားသော Buddhist-Christian Parallels ) တွင် ဖော်ပြထားရာ အလွန်စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။ ဤစာပေကို ဖတ်ရှုရခြင်းအားဖြင့် ဆရာကြီးသည် ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာ အနှစ်သာရများကို အကယ်စင်စစ် နားလည် သဘောပေါက်ပြီးမှ နောက်ဆုံး ၄င်း၏ နေ၀င်ချိန်ရက်များတွင် စစ်မှန်သော အင်္ဂလိကန် တစ်ဦးအဖြစ် လက်ခံကျင့်သုံး သေဆုံးသွားကြောင်း သိရပါသည်။

Buddhist-Christian Parallels နှင့် ပတ်သက်၍ ဆရာကြီး ဤကဲ့သို့ ရေးသားခဲ့သည်။

"မြန်မာနိုင်ငံ ဦးနု လက်ထက် ဆဌသင်္ဂါယနာ တင်၍ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းစဉ်က ခရစ်ယာန် ဘာသာဝင်များသည် ဗုဒ္ဓသာသနာနှင့် ပတ်သက်၍ အလွန်စိတ်ဝင်စားမှု ရှိခဲ့သည်။ ဤသို့ သင်္ဂါယနာတင်နေစဉ် မှာပင် ရန်ကုန်ရှိ ခရစ်ယာန် ဘာသာဝင်အချို့သည် Burma Christian Council ၏ ကမကထ လုပ်မှုဖြင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဟောကြားမှုများကို စိတ်ဝင်တစား တက်ရောက် နားထောင်နေပြီး ဖြစ်သည်။ အမှန်စင်စစ် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သော သာသနာပြု ဆရာများ လက်ထက်ကပင် ဗုဒ္ဓ၏ တရားတော်များကို စိတ်ဝင်စားမှု ရှိခဲ့သည်။ ထို့ကြောင့် ထိုနှစ်ဘာသာတို့၏ ဟောပြောသွန်သင်မှု အချို့သည် တူညီကြောင်းကို ဗုဒ္ဓ တရားတော် စာအုပ်များနှင့် ဓမ္မသစ် ကျမ်းတို့ကို ယှဉ်ဖတ်သည့်အခါ တွေ့ရသည်။ ၄င်းပြင် ၁၈၈၁ ခုနှစ်မှ စ၍ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ပါဠိကျမ်းစာ အသင်းကြီး (Pali Text Society of London) ကြီးမှုး ထုတ်ဝေခဲ့သော ဗုဒ္ဓသာသနာ စာအုပ်များ၊ ဓမ္မကျမ်းများကလည်း ဘာသာရေးသမိုင်းကို စိတ်ဝင်စားသော ကျောင်းသာများ၊ ပညာရှင်များက အထူးလေ့လာ လိုက်စားနေပြီး ဖြစ်သည်။ ဤသို့ တရားတော် နှစ်ခုကို နှိုင်းယှဉ်လေ့လာရာ၌ အချို့သည် ခရစ်ယာန် အယူအဆ အတွေးအခေါ်များကိ ဗုဒ္ဓတရားတော်မှ မှီငြမ်းပြု၍ ရေးသားခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။ အချို့ကမူ ဤကဲ့သို့ ကူးယူမှုကို ခိုင်လုံသော အထောက်အထားများ ရှိမရှိ၊ တပ်အပ်မပြောနိုင်ဟု ဆိုပါသည်။ အချို့ကမူ ထိုအဆိုပြုချက်ကို လုံးဝ လက်ခံခြင်း မပြုခဲ့ပေ။"

ဗုဒ္ဓကျမ်းစာနှင့် ဓမ္မသစ်ကျမ်းစာတို့မှ ထုတ်နှုတ် နှိုင်းယှဉ်သော အချက်များထဲမှ အထင်ရှားဆုံး တစ်ခုမှာ ဘုရားဖွားတော်မူခန်း နှင့် ပတ်သက်သော ပြောစမှတ် ပြုသည့် ဒဏ္ဍာရီတို့ (Nativity Legends) သည် စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။ သုတ္တနိပါတ် ပါဠိတော် မြန်မာပြန် ၃၆၃-၃၆၆ တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။

"အသိတ မည်သော (ကဏှဒေ၀ီလ) ရှင်ရသေ့သည် နှစ်သက် ၀မ်းမြောက်ကုန်၊ စင်ကြယ်သည့် အ၀တ်ကို ၀တ်ကုန်သော နတ် ပုဆိုးများကို မြှောက်လွှင့်ကုန်လျှက် အတိုင်းအထက် အလွန်ကခုန် မြူးတူးကုန်သော တ၀တိသာ နတ်အပေါင်းတို့ကို လည်းကောင်း၊ နတ်တို့အရှင် သိကြားမင်းတို့ကို လည်းကောင်း၊ နေသန့်စင်ရာ သာဝတိသာ နတ်ပြည်၌ မြင်လေ၏။ "

ဤ နာလကသုတ်ကို ကြည့်ပါက အပိုဒ် ၂၀အထိ ရှိပြီး၊ ခရစ်ယာန် သမ္မာကျမ်းစာ ဓမ္မသစ်ကျမ်း၊ ရှင်လုကာ အခန်းကြီး(၂)ခန်း၊ အခန်းငယ်(၈-၁၄) တွင် ဖော်ပြထားသည်မှာ ..
"ထိုပြည်မှာသိုးထိန်းတို့သည် ညဥ့်အခါတောအရပ်၌တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ထာဝရဘုရား၏ ဘုန်းတော်ထွန်း တောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။ ကောင်းကင်တမန်က လည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ ယနေ့တွင်ဒါဝိဒ်၏ မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။ သင်တို့သည်အဘယ် နိမိတ်ဖြင့်သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့်ပတ်ရစ် ၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊ ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။ "

၎င်းနောက် ဆက်လက်၍ ရှင်လုကာ ခရစ်ဝင်ကျမ်း အခန်းကြီး (၂)၊ အငယ် (၂၅-၃၅) အထိ ဆက်လက်၍ ဖော်ပြထားသည်မှာ
"ထိုအခါ ရှုမောင်အမည်ရှိသောသူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည်ဖြောင့် မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သော သူဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည်သူ့အပေါ်၌တည်သည်ဖြစ်၍၊ သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီမသေရဟု ဗျာဒိတ်တော်ကိုရ၏။ ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့ သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊ ရှုမောင်သည် ယေရှုကိုလက်နှင့်ချီပိုက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ အစိုးရတော် မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်းကိုယ်တော်၏ ကျွန်သည်ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကိုကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။ ကိုယ်တော်၏ လူဣသရေလ အမျိုးကို ချီးမြောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသား တို့ကိုလင်းစေခြင်းငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော  ကယ်တင်သော သခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စီနှင့် မြင်ရပါ၏ဟု မြွက်ဆို၏။ ထိုစကားများကို ယောသပ်နှင့် မယ်တော်သည်ကြားလျှင်အံ့သြခြင်းရှိကြ၏။ ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီး ပေး၍မယ်တော် မာရိအား၊ ဤသူငယ်ကားဣသရေလလူအများလဲမည်အကြောင်း၊ အများထမည် အကြောင်း၊ လူအများ တို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသော သူဖြစ်၏။ ထိုမှတပါး သန်လျက်သည် သင်၏စိတ် နှလုံးကိုခွင်းလိမ့်မည်ဟု မြွက်ဆို၏။"

ဘာသာရေးသမိုင်းတွင် ကြီးကျယ်သော ပုဂ္ဂိုလ်များ မွေးဖွားသည်ကို ဖော်ပြရာတွင် အံ့သြဖွယ် အဖြစ်အပျက်များ (Miracles) အစဉ် ယှဉ်တွဲ ပါလာသည်ကို တွေ့ရသည်။ ယခု ဗုဒ္ဓနှင့် ခရစ်တော်တို့ မွေးဖွားခြင်း အဖြစ်အပျက်တွင် အနည်းငယ်စီ ကွဲလွဲမှုများ ရှိသည်ကို တွေ့ရပါသည်။ ဆရာကြီး ဦးဖေမောင်တင် အနေဖြင့် ဗုဒ္ဓ၊ ခရစ်တော်တို့၏ အကြောင်းနှင့် တရားဓမ္မတို့ကို အသေးစိတ် စေ့စေ့စပ်စပ် လေ့လာ၊ တွေ့မြင်ချက်ကို နှိုက်နှိုက်ချွတ်ချွတ် သိရှိနားလည်သောကြောင့်သာလျှင် နှိုင်းယှဉ် ဆွေးနွေးနိုင်ခြင်း ဖြစ်ပါသည်။ ဤသည်မှာ ခရစ်ယာန် သာသနာနှင့် ပတ်သက်၍လည်း ခရေစေ့တွင်းကျ သိရှိ၊ ကောက်နုတ် ဆွေးနွေးနိုင်သည်ဖြစ်၍ ချီးကြူးစရာ အလွန်ကောင်းပါသည်။

ဆရာကြီး ဦးဖေမောင်တင် အနေဖြင့် ၁၉၀၇ ခုနှစ် ဥပစာတန်း ဒုတိယာနှစ် (Senior Intermediate of Arts) စာမေးပွဲ ပထမရ၍ ဂျာဒင်းဆု (Jardine Prize) ကို ချီးမြှင့်ခြင်း ခံရရုံမက ခရစ်ယာန် ဘာသာဝင် ကျောင်းသားများအား ချီးမြှင့်သော ကလကတ္တာ တက္ကသိုလ်၏ စကောလားရှစ်ဆုကိုလည်း ဆွတ်ခူးခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသားဘ၀ ငယ်ရွယ်စဉ်ကပင် မိမိကိုယ်ကို ခရစ်ယာန်တစ်ဦးဟူ၍ အသိအမှတ်ပြုခြင်းကို ထင်ရှားစေခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင် ပထမဆုံး ဘာသာပြန်ခဲ့သော စာအုပ်မှာ ခရစ်ယာန် ဓမ္မဟောင်းကျမ်းကို နားလည်အောင် ဖတ်ရှုနည်း ဖြစ်သည်။ မူရင်း ရေးသားသူမှာ ဘိရှော့ရှားဘန်း (Bipshop V.G . Sherbarn) ဖြစ်ပြီး၊ စာအုပ်နာမည်မှာ How to read the Old Testament ဖြစ်ပါသည်။ ၁၉၁၁ ခုနှစ်ထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် (JBRS) ပထမတွဲ၊ ပထမစာအုပ်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော Missionary Burmese မှာ ပထမဆုံး ကိုယ်တိုင်ရေး ဆောင်းပါးဖြစ်ပါသည်။ ၄င်းရေးစဉ်က မောင်တင်-ဘီအေ ကလောင်နာမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဤဆောင်းပါးတွင် ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်များအား ယုဒဿန် (Judson) ခေတ်က အသုံးပြုသော မြန်မာစာနှင့်သာ တင်းတိန်ရောင့်ရဲ့ခြင်း ရှိမနေပဲ မြန်မာ့လူထုကြားတွင် သုံးသော လက်ရှိ၊ သက်ရှိ မြန်မာစာနှင့်၊ မြန်မာစကားကို အသေးစိတ် လေ့လာခြင်းကို နက်ရှိုင်းစွာ ပြုလုပ်ပြီးမှ မြန်မာနိုင်ငံ၌ သာသနာပြုကြရန် အကြံပေး၍ နှိုးဆော် တိုက်တွန်းခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် ၁၉၆၀ ခုနှစ်တွင် ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ ယုံကြည်မှုကို နှိုင်းယှဉ်လေ့လာထားသည့် ဆုတောင်းခြင်းနှင့် ဘ၀နာ (Prayer and Meditation) စာအုပ်ငယ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုရေးသားခဲ့ပါသည်။ မြန်မာခရစ်ယာန်ကောင်စီမှ ထုတ်ဝေခဲ့ပါသည်။ ရန်ကုန်မြို့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၂၁-၂၆) တွင် ပြုလုပ်သော East Asia Christian Conference နှင့် World Council of Churches တို့ ပူးပေါင်း၍ ကမကထ ပြုလုပ်သော စာတမ်းဖတ်ပွဲတွင် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က Certain Factors in the Buddhist-Christian Encounter) ကို ရေးသားတင်သွင်း ဖတ်ကြားခဲ့ပါသည်။ ဤစာတန်းတွင် ခရစ်ယာန်သာသနာပြုများအား ဗုဒ္ဓဘာသာနှင့် အတူယှဉ်တွဲ၍ မြန်မာစာ၊ မြန်မာစကားကို နက်နက်နဲနဲ လေ့လာ လိုက်စားပြီးမှ ဟောပြောကြရန် အကြံပေး နှိုးဆော် တိုက်တွန်းသွားပါသည်။ ထို့ပြင် ဆရာကြီးသည် ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ ဘာသာ၊ သာသနာခြင်း နားလည်မှုရှိရေး၊ ကိစ္စမျိုးကို ဆောင်ရွက်မှုတွင် ၁၉၅၇ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု ချိကာဂို တက္ကသိုလ်၊ ခရစ်ယာန် သမ္မာကျမ်းစာဌာန (Chicago Bible Department) တွင် ဗုဒ္ဓဘာသာတရား သင်ကြားပို့ချရန် သွားရောက်ခဲ့သည်။ ဆရာကြီးအား ၄င်း တက္ကသိုလ်ကပင် ၁၉၅၈ခုနှစ်တွင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့် ပေးအပ်ခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်ကို အချို့က ခရစ်ယာန် ဘာသာဝင်ဟု လက်ခံကြသော်လည်း မိရိုးဖလာ ခရစ်ယာန်ဘာသာဝင်ဟူ၍ ပြောကြပါသည်။ စာရေးဆရာမ မလေးလုံကလည်း ဆရာကြီးအား ဤကိစ္စနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ပါသည်။ ၁၉၇၃ ခုနှစ် မတ်လ ၇ ရက်နေ့၊ စနေနေ့အထိ ဆရာကြီးက အတိအကျ မဖြေနိုင်ဘဲ ရှိခဲ့ပါသည် (ဘသက်ရှည် ၂၊ စာ ၄၅၂)။ ဆရာကြီးအနေဖြင့် အမှန်အတိုင်း ၀န်ခံရမည်ဆိုလျှင် ၄င်း၏ မိဘများ ကွယ်လွန်ခဲ့ကြသည့် နောက်ပိုင်းတွင် ဘာသာကိုးကွယ်မှုနှင့် ပတ်သက်၍ ပေါ့လျော့ခဲ့မိကြောင်း သိရသည်။ ဤကဲ့သို့ ပေါ့လျော့ခဲ့သည်မှာလည်း သူတွေ့မြင် ခံစားရသော ဘာသာကိုးကွယ်မှုကို မပြုလိုခြင်းနှင့် မြန်မာစာပေကြီးပွားရေးကို အားသွန်ခွန်စိုက် လုံးပမ်းနေခြင်း တို့ကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။

ဆရာကြီးအနေဖြင့် ဘာသာရေး ပေါ့လျော့မှု ရှိသည် မှန်သော်လည်း တနင်္ဂနွေနေ့များတွင် မိသားစုနှင့် အတူ ဘုရားဝတ်ပြု ကိုးကွယ်ကြောင်း နှင့် သမ္မာကျမ်းစာကို အမြဲတမ်းဖတ်ရှုကာ အစဉ် စဉ်းစားလေ့ ရှိကြောင်း သိရပါသည်။ သို့ရာတွင် ဤကဲ့သို့ အပါတ်စဉ် ဘုရားရှိခိုးကျောင်း မှန်မှန်တက်ခြင်း၊ ကျမ်းစာဖတ်ခြင်းတို့ကို မသိမမြင်သော ခရစ်ယာန် မဟုတ်သူများက ၄င်း၏ ယုံကြည် ကိုးကွယ်မှုနှင့် ပတ်သက်၍ ၀ိဝါဒ ကွဲပြားနေခြင်းကို ဆရာကြီး သိခဲ့သော်လည်း ၄င်း၏ ခံယူချက်အတိုင်း မည်သူ့ကိုမျှ ဖြေရှင်းပေးခြင်း မရှိခဲ့ပါ။

ဆရာကြီး၏ အသက် ၈၀ ပြည့်နှစ် ၁၃၃၀ ပြည့်နှစ်၊ ကဆုန်လပြည့်နေ့၊ မွေးနေ့ ကျင်းပပေးရန်အတွက် အင်္ဂလိပ် မြန်မာရက် မည်သည့်ရက် ပြုလုပ်ချင်သနည်းဟု မေးသောအခါ မြန်မာပီပီ မြန်မာရက်ကို ရွေးပေးခဲ့ပါသည်။ သို့ရာတွင် မွေးနေ့ပွဲ ကျင်းပမည့်ရက်သည် ဗုဒ္ဓဘာသာဝင်များအတွက် အထွဏ်အမြတ်ထားသည့် ဗုဒ္ဓနေ့၊ အဖိတ်နေ့ ဖြစ်ရုံမက ပြုလုပ်မည့်နေရာမှာလည်း တက္ကသိုလ် ဓမ္မာရုံ ဖြစ်နေပါသည်။ ထို့ကြောင့် ဆရာကြီးသည် ပထမဆုံး မိမိကိုယ်ကို မိမိဝေဖန် ဆန်းစစ်ကြည့်ပါသည်။

ကျွန်ုပ်သည် ဘာလဲ။ ခရစ်တော်ကို အမှန်တကယ် ယုံကြည်လက်ခံသော ခရစ်ယာန်စစ်စစ် တစ်ယောက်ပေလား၊ (အင်္ဂလိကန် ဘာသာဝင်တစ်ဦးလား) သို့မဟုတ် မိရိုးဖလာ ခရစ်ယာန်တစ်ဦးပေလား ဟူ၍ မေးခွန်းထုတ်ကာ ဝေဖန် သုံးသပ်ခဲ့ပါသည်။ ဤမေးခွန်းအတွက် ဆရာကြီးသည် အိပ်မပျော်နိုင်အောင် ရှိခဲ့ပြီးမှ အဖြေ ပေါ်ပေါက်လာခဲ့ပါသည်။

နံနက်သို့ ရောက်သောအခါ အင်္ဂလီကန် ဘုန်းတော်ကြီး ဦးထွန်းစိန်ထံသို့ သွားခဲ့သည်။ မကြာခင် ရောက်လာတော့မည့် Easter Sunday (သခင်ခရစ်တော် သေခြင်းမှ ရှင်ပြန်ထမြောက်သော ဥပုသ် တနင်္ဂနွေနေ့) နေ့အတွက် ဘုန်းတော်ကြီး ပြင်ဆင်ထားသော တရားဟောချက်တွင် လက်တင်ဘာသာစကား နှစ်လုံးအစား ပါဠိစကား သုံးသည်က ပို၍ ကောင်းကြောင်းဖြင့် ပြင်ဆင်ပေးခဲ့ပြီးနောက်၊ ဒီကနေ့ Holy Communion (လူသတ္တ၀ါ အပေါင်းတို့၏ အပြစ်ကို သွေးနှင့် ဆေးကြောပေးခဲ့သော သခင်ခရစ်တော် အသေခံခြင်းကို အောက်မေ့သော ပွဲတော် ဥပုသ်နေ့) ရှိမရှိ မေးရော၊ တနင်္ဂနွေနေ့တွင် ရှိကြောင်း၊ ဘုန်းတော်ကြီးက ဖြေကြားလိုက်သဖြင့် အိမ်သို့ပြန်လာခဲ့သည်။ အကယ်၍ ပွဲတော် မင်္ဂလာ ရှိမည်ဆိုလျှင် ဆရာကြီးအနေဖြင့် သူ၏ မွေးနေ့အတွက် ပွဲတော်ယူရန် အကြံရှိပါလိမ့်မည်။ သို့သော် တွေဝေသော စိတ်ဖြင့် အိမ်သို့ ပြန်ရောက်ပြီး အသေအချာ စဉ်းစားပြီးမှ ဘုန်းတော်ကြီးထံ တစ်ခေါက်ပြန်သွားရန် ဆုံးဖြတ်ခဲ့သည့်အတိုင်း၊ သွားရောက်၍ အသက် (၈၀) ပြည့်မြောက်သော မွေးနေ့ဖြစ်၍ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာ တောင်းခံပေးပါရန် ပြောကြားခဲ့သည်။ ထိုအခါ အင်္ဂလီကန် ခရစ်ယာန် ဘာသာဝင်တို့၏ ဓလေ့ထုံးစံအတိုင်း ဘုန်းတော်ကြီးက ၄င်း၏ ရှေ့တွင် ဒူးထောက်နေသော ဆရာကြီး၏ ဦးခေါင်းပေါ်တွင် လက်တင်ကာ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာများကို တောင်းခံပေးခဲ့သည်။

ဆရာကြီးအနေနှင့် ဓမ္မာရုံတွင် ဗုဒ္ဓဘာသာဝင် တပည့်များ ပြုလုပ်ပေးမည့် အစီအစဉ်မတိုင်မှီ၊ မိမိ၏ ဘာသာရင်းဖြစ်သော အင်္ဂလီကန်ဘာသာဝင် ဓလေ့ထုံးတမ်း အတိုင်း ဦးစွာ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာ ခံယူလိုက်ခြင်းဖြစ်သည်။ ဤသို့ ပြုလုပ်ပြီးနောက် ဆရာကြီးသည် ထူးထူးခြားခြား ပေါ့ပါး၍ ရွှင်လန်းခြင်း အတိ ဖြစ်သွားကြောင်း ခံစားမိသည်ဟု ဆိုပါသည်။ နှစ်ပေါင်းအတန်ကြာ မိမိကိုယ်ကိုယ် ဘာသာယုံကြည်မှုနှင့် ပတ်သက်၍ မေ့မေ့လျော့လျော့ ခပ်ပေါ့ပေါ့ နေခဲ့သော ဆရာကြီး အသက် (၈၀) ပြည့်သော အခါမှ အလေးအနက်နှင့် ကွဲကွဲပြားပြား ခြားခြားနားနား မိမိဘာသာ သိမှတ် ခံယူလိုက်ပါသည်။ နောက်တစ်နေ့ တနင်္ဂနွေနေ့တွင်လည်း မိမိဇနီးနှင့်အတူ ဘုရားကျောင်းသို့ သွားကာ ပွဲတော်ယူလိုက်ပါသည်။
.....

ထိုနေ့က ဘုန်းတော်ကြီ ဦးထွန်းစိန်အနေဖြင့် တရားဟောအပြီးတွင် ဆရာကြီးဦးဖေမောင်တင်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ချီးကျူး၍ ပြောလိုက်ပါသည်။

"ယခု ဤအသင်းတော်မှာ အသက်အရွယ်အားဖြင့် အကြီးဆုံးဖြစ်တဲ့ ဆရာကြီးဦးဖေမောင်တင် ဟာဆိုရင် မြန်မာပြည်မှာသာမက ကမ္ဘာကသိနေတဲ့ ပုဂ္ဂိုလ်ကျော်ကြီးတစ်ယောက်ပါ။ ဒီလို ပုဂ္ဂိုလ်ကြီးများအတွက် အသင်းတော်က အမြဲတမ်းဂုဏ်ယူရပါတယ်။ ဆရာကြီးဟာဆိုရင် ကျုပ်တို့လို ဘုန်းကြီးလုပ်ပြီး တရားဟောနေစရာမလိုဘဲ တုတ်ကောက်တစ်ချောင်းနဲ့ လမ်းလျှောက်နေတာကို လှမ်းမြင်ယုံနဲ့ ဆရာကြီး ဦးဖေမောင်တင်ကို သိကြသလို၊ ဦးဖေမောင်တင်ဟာ ခရစ်ယာန်တစ်ယောက်ဆိုတာကိုလည်း သိကြတာမို့ ဆရာကြီးဟာ ခရစ်တော်ရဲ့ နာမကို အချိန်ပြည့် ဂုဏ်ပြု ထင်ရှား ပြနေပါတယ်။" (အသက်ရှည် ၂။ စာ ၄၅၇)

ဤကဲ့သို့ ဘုန်းတော်ကြီး ပြောကြားနေစဉ် ဆရာကြီးက နံနက်စောစော ဘုရားကျောင်း မလာခင် အိပ်ယာထစဉ်က သူ ဖတ်ကြားခဲ့သော ဓမ္မသစ်ကျမ်း၊ ရှင်လုကာ ခရစ်ဝင်ကျမ်း (၂၂း၃၁-၃၂) တွင်ပါသော "တဖန် သခင်ဘုရားက ရှိမုန်ရှိ မုန့်၊ ဂျုံ၊ ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည့်အကြောင်း၊ အခွင့်တောင်းသည်ဖြစ်၍ သင်၏ ယုံကြည်စိတ် မပျက်စေချင်းငှာ ငါသည် သင့်အဖို့ ဆုတောင်းလေပြီ" ဆိုသော ရွှေကျမ်းချက်ကို ပြေး၍ အမှတ်ရလိုက် လေသည်။

ဆရာကြီးသည် ၄င်းကို စာတန်မာနတ်က ဂျုံဆန်ကို ဆန်ကာနှင့် ချသကဲ့သို့ ချပစ်ရန် နှစ်ပေါင်း ၈၀ လုံးလုံး ကြိုးစားအားထုတ် နေကြောင်း သတိပြု တွေးကြည့်လိုက်မိသည်။ သို့ရာတွင် သခင်ခရစ်တော်က "သင်၏ ယုံကြည်ခြင်း စိတ်မပျက်စေခြင်းငှာ ငါသည် သင်တို့အဖို့ ဆုတောင်းလေပြီ" ဟု ဂတိပေးခဲ့သည့် အတိုင်း သခင်ယေရှု၏ ဆုတောင်းပေးမှုကို ယုံကြည်သော ဆရာကြီး ဦးဖေမောင်တင်သည် ဆန်ကာပေါက်ကြားထဲက လိမ့်ကျသွားလုဆဲ ဖြစ်နေရာမှ ယခု အသက်၈၀ ပြည့်နှစ်တွင် စာတန်မာနတ်၏ စုံစမ်းခြင်းမှ လွတ်မြောက်ခဲ့လေသည်။

ဤကဲ့သို့ ၀ိညာဉ်ကယ်တင်ခြင်း ခံရပြီးဖြစ်ကြောင်း သတိပြုမိသော ဆရာကြီးသည် ၄င်း၏ ရင်ထဲတွင် မကြုံဖူး ထူးကဲသော ငြိမ်းချမ်းသာယာမှု ထူးထူးခြားခြား ထိတွေ့ ခံစားရသည် ဟု ဆိုပါည်။

ထို့နောက် ၄င်း၏ အထုပတ္တိရေးသော မလေးလုံအား ၀န်ခံချက် တစ်ခု ပေးရန် ဆုံးဖြတ်လိုက်ပါသည်။ ၄င်းသည် ဘာသာယုံကြည်ချက်နှင့် ပတ်သက်၍ တစ်ချိန်က ဒေါက်တာကာပင်တာ (Dr Carpenter) က ခရစ်ယာန်ဘာသာဝင်လားဟု မေးစဉ်က မဟုတ်ဘူး ဟု ဖြေခဲ့သည့်အတွက် ၄င်း၏ သွားများအားလုံး နှုတ်ပယ်ခံရပြီး အသက်၃၀ကျော် ကလေးမှာပင် အံပုံအတု တပ်ခဲ့ရခြင်းသည် ဘုရားရိုက်ခြင်း ဖြစ်သည်ဟု ထင်မှတ်ခြင်း ဖြစ်ခဲ့သည်။ သို့ရာတွင် လူသားတို့၏ အပြစ်ကြွေးကို အသက်သွေးနှင့် လဲ၍ ပေးဆပ် ကယ်တင်ခဲ့သော သခင်ခရစ်တော်၏ မေတ္တာ မည်မျှကြီးများကြောင်းကို ဆရာကြီးသည် ယုံကြည်ရင်းစွဲဖြစ်၍ ဘုရားသခင်၏ မေတ္တာ ဂရုဏာတော်ကို သံသယ မဖြစ်တော့ဘဲ ဆက်လက်၍ ယေရှုခရစ်တော်ကို ယုံကြည် ကိုးစားခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် ခရစ်ယာန်ဖြစ်ရုံမက ခရစ်တော်၏ သစ္စာရှိသော တပည့်တစ်ဦးဖြစ်ပြီး ခရစ်ယာန်ဘာသာ၊ သာသနာကို မည်မျှလောက် ကြည်ညိုလေးစားသည်၊ မည်ကဲ့သို့ ပြုစုပျိုးထောင်ခဲ့သည် ဆိုခြင်းကို ခိုင်ခိုင်မာမာ ပြောနိုင်ခဲ့ပါသည်။ ဆရာကြီး၏ မိဘ၊ ဆွေမျိုးရင်းချာ များကို စစ်ဆေး ကြည့်ရှုသောအခါ အားလုံးသည် အင်္ဂလီကန် ခရစ်ယာန်များ မဟုတ်ကြပါ။ ဦးထွန်းငြိမ်း အဘိဓာန် ဟူ၍ ထင်ရှားကျော်ကြားသော စာအုပ်ကို ပြုစုခဲ့သူ စာတော်ပြန် ဦးထွန်းငြိမ်းသည် ဆရာကြီး၏ ဦးလေးအရင်းဖြစ်သည်။ ၄င်းတို့အားလုံးသည် ခရစ်ယာန် ခေါင်းဆောင်များ ဖြစ်သော်လည်း လူတိုင်းသည် အင်္ဂလီကန် ခရစ်ယာန်များ မဟုတ်ကြပေ။ မည်သည့်အချိန်တွင် ဆရာကြီး အင်္ဂလီကန် ခရစ်ယာန် ဖြစ်လာသနည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။

ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီက တက္ကသိုလ်မှာ ပါမေက္ခများသည် အင်လျားလမ်းရှိ သန့်ရှင်းသောကားတိုင် ဘုရားကျောင်းတွင် ၀တ်ပြုလေ့ရှိသည်။ အထူးသဖြင့် ဤကျောင်းသို့ လာရောက်ဝတ်ပြုသော သူများမှာ တက္ကသိုလ် ပရောဖက်ဆာ ဆရာပီးကော့ (Prof. Peacock)၊ ပရောဖက်ဆာလုစ် (Prof. Luce)၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပိုင်းမှ မစ္စတာဖာနီဗယ် (Mr. Furnivell) အစရှိသော အကျော် ဒေးယျ ပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။ သန့်ရှင်းသောကားတိုင် ဘုရားကျောင်းမှာလည်း ဆရာကြီး အက်ပဲတန် (Appleton) ၊ ဆရာကြီးစတေလာ၊ သူ့ကို (Oxford Don) ဟု ခေါ်ကြောင်း သိရသည်။ ဆရာကြီး ဦးဖေမောင်တင်သည့် သူ၏ နှမ ဒေါ်တီတီ၏ ခင်ပွန်း ပရောဖက်ဆာ လုစ် နှင့် ခင်မင်ရင်းနှီးသည့်အတွက် သန့်ရှင်းသောကားတိုင် ဘုရားကျောင်းမှာပင် တက်ခဲ့သည်။ ဆရာကြီးအက်ပဲတန်၏ သွန်သင်ချက်များ၊ တရားဓမ္မများနှင့် ပတ်သက်ပြီး ဆရာကြီးအနေနှင့် စဉ်းစားစရာများ တွေးတော ဆင်ခြင်စရာများ ဖြစ်လာကာ နှစ်ဦးနှစ်ဝ အကြိတ်အနယ် နက်နက်နဲနဲ ဝေဖန်သုံးသပ်ပြီး နောက်ဆုံးတွင် လက်တင်မင်္ဂလာ ခံယူခဲ့ပါသည်။ ဤနည်းဖြင့် ဆရာကြီးသည် အင်္ဂလီကန် ခရစ်ယာန်ဖြစ်လာခြင်း ဖြစ်သည်။

ဆရာကြီးသည် အသက်အရွယ်ရောက်လာ၍ ဒေါ်ကြည်ကြည်နှင့် အိမ်ထောင်ပြုသောအခါတွင်လည်း ခရစ်ယာန်ဘာသာ ထုံးတမ်းအစဉ်အလာအရ သာယာဝတီမြို့တွင် လက်ထပ်ခဲ့ကြောင်း သိရသည်။ (ဘသက်ရှည် ၂၊ စာ ၉၈၆)။ ဆရာကြီးသည် အချိန်ခါမရွေး၊ ဒေသမရွေး၊ ခရစ်ယာန် သာသနာကို လေးစားပြီး၊ အရေးထားခဲ့ကြောင်းကိုလည်း သိရသည်။ စစ်အတွင်း ရန်ကုန် အနောက်ပိုင်းတွင် အမှုထမ်းဆောင်ရသော ဘုန်းတော်ကြီး ဦးဘထက်သည် မည်မျှလောက် ခရီးဝေးသည်ဖြစ်စေ ကုန်ကြောင်းတလှည့်၊ ခြေကျင်တမျိုး၊ တပည့်တော်များရှိရာ ဝေးလံခေါင်သိသော နေရာမျိုးသို့ မညည်းမညူ သွားရောက်၍၊ ဆုတောင်းပေးခြင်း အစရှိသော စက္ကရမင်တ ခုနှစ်ပါးစလုံးကို စီရင် ဆောင်ရွက်ပေးခဲ့ရာ ဆရာကြီးဦးဖေမောင်တင်ရှိရာ နေရာကိုပင် ရောက်ရှိ၍ ဘုရားဝတ်ပြုပေးခြင်း ပြုလုပ်ခဲ့ပါသည်။

ဆရာကြီးသည် ခရစ်ယာန် တစ်ဦးဖြစ်သော်လည်း မြန်မာ့ယဉ်ကျေးမှု တစ်ရပ်ဖြစ်သော ဗုဒ္ဓဘာသာကို မပစ်ပယ်ခဲ့ပေ။ ဗုဒ္ဓဘာသာ၏ ၀ိသုဒ္ဒိမဂ်ကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးခဲ့ခြင်းဖြင့် ဗုဒ္ဓဘာသာကို ကမ္ဘာကသိအောင် ဆောင်ရွက်ပေးရာ ရောက်ခဲ့ပါသည်။ ထို့ပြင် နိုင်ငံခြားသား ခရစ်ယာန်ဘာသာဝင်များကို လည်းကောင်း၊ မြန်မာခရစ်ယာန် သာသနာပြုများကို လည်းကောင်း၊ ဗုဒ္ဓတရားတော်အကြောင်း ဟောပြောပို့ချခြင်းကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင် အနားယူသည့်အချိန်တွင်မှာပင် သန့်ရှင်းသောကားတိုင် ဘုရားကျောင်းရှိ ကျမ်းစာသင်ကျောင်းတွင် အချိန်ပိုင်းဆရာအဖြစ် ဘုန်းတော်ကြီးလောင်းများအား စာပေပို့ချပေးခဲ့ပါသည်။ ဘုန်းတော်ကြီး ဦးဂျေမြသန်း (ယခု ဂိုဏ်းထောက်ကြီး ကသီဒြယ်ဘုရားကျောင်းတာဝန်ခံ၊ မန္တလေး) ၏ ပြောပြချက်အရ၊ ၄င်း ကျမ်းစာကျောင်းတွင် ရှိနေစဉ် ၁၉၆၄-၁၉၆၈ အတွင်း ဆရာကြီးဦးဖေမောင်တင်သည် ၄င်းတို့အား ဗုဒ္ဓစာပေကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပို့ချပေးကြောင်း သိရပါသည်။ ဂေါတမ မြတ်စွာဘုရား၏ ဘုရားဖြစ်စဉ်သမိုင်း (ဗုဒ္ဓ၀င်) နှင့် ရွှေတိဂုံသမိုင်းကို ပို့ချပေးခဲ့ကြောင်း သိရပါသည်။ အဓိကအားဖြင့် မေတ္တာတရားနှင့် ၀ိပဿနာအကြောင်းကို အလေးပေး ပို့ချပေးခဲ့ကြောင်း သိရပါသည်။

ခရစ်ယာန် နှင့် ဗုဒ္ဓဘာသာ သာသနာတို့နှင့် ပတ်သက်သော ဟောပြောပွဲများ၊ ဆွေးနွေးပွဲများတွင်လည်း သဘာပတိ၊ ဥက္ကဌ အမြဲတမ်း ပြုလုပ်ပြီး အငြင်းအခုံဖြစ်သည့်အခါတိုင်းတွင်လည်း အဆုံးအဖြတ် ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ဤ သာဓကသည် ဗုဒ္ဓစာပေတွင်သာ ဆရာကြီးကျွမ်းကျင်သည်မဟုတ်၊ မိမိ၏ ဘာသာရင်းဖြစ်သော ခရစ်ယာန်ဝါဒကိုလည်း နှံ့စပ်စွာ သိရှိ နားလည်ကြောင်း အထင်အရှားပင် ဖြစ်ပါသည်။ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ (တစ်နည်း) ခရစ်တော် နှင့် ဗုဒ္ဓ တို့၏ အမေးအဖြေနှင့် ပတ်သက်၍ အဓိကကျသော နှိုင်းယှဉ်ချက်များ ဖြစ်သည့် အချက်များကိုလည်း ဆရာကြီးသဘောပေါက်ခဲ့သည်။ ဥပမာ - ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ အယူအဆဖြစ်သော တစ်ကိုယ်ကောင်းမဆန်ခြင်း၊ (Christian and Buddhist idea of Selflessness)၊ ဗုဒ္ဓ၀ါဒ၏ ဘုရားနှင့်ပတ်သက်သော အယူအဆ၊ (The Idea of God in Buddhism)၊ ဗုဒ္ဓဘာသာတရား၏ ယုံကြည်ခြင်းနှင့် သနားခြင်း အယူဝါဒ (Faith and Grace in Buddhism)၊ ခရစ်ယာန်တို့၏ ဆုတောင်းခြင်းအမှုနှင့် ဗုဒ္ဓဘာသာတို့၏ တရားထိုင်ခြင်း (Christian Prayer and Buddhist Meditation)၊ နိဗ္ဗာန်နှင့်ဘုရားသခင်၏ နိုင်ငံတော် (Nirvana and the Kingdom of Heaven)၊ ဗုဒ္ဓဘာသာ၏ မေတ္တာတရားတော်နှင့် ခရစ်ယာန်တို့၏ ချစ်ခြင်းမေတ္တာ သဘောတရား (Buddhist Metta and Christian Charity)၊  ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တို့၏ လူသားတို့နှင့် ပတ်သက်သော သဘောထား (Man and Buddhism and Christianity) (Certain factors in the Buddhist-Christian Encounter 1998, P.9) အစရှိသည့် အချက်များကို ဆရာကြီး နှိုင်းယှဉ် လေ့လာ၍ ကောင်းစွာသဘောပေါက်ကြောင်း သိရပါသည်။ ဤသဘောတရားများကို လေလာဆင်ချင်ပြီးနောက် ဆရာကြီးအနေနှင့် နှစ်မျိုးစလုံးသော ဘာသာသည် ကောင်းမွန်ပါသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာသည် အထူးကောင်းပါသည်။ သို့သော် ခရစ်ယာန်ဘာသာကဲ့သို့ "ကားတိုင်မပါ" ဟု ပြောခဲ့ပါသည်။ ကားတိုင်၏ အဓိပ္ပါယ်မှာ ကယ်တင်ခြင်း (Salvation of one's soul) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ (ဂိုဏ်ထောက်ကြီး ဂျေ၊ မြသန်းနှင့် တွေ့ဆုံမေးမြန်းချက်)

ထိုနောက် ဆရာကြီးယုသန် မြန်မာလိုပြန်ဆိုသော (The Holy Bible) သမ္မာကျမ်းကိုလည်း ဆရာကြီးအနေဖြင့် နှစ်ခြိုက် သဘောကျ လက်ခံခဲ့ကြောင်း၊ ဆရာကြီး ယုဒသန်က သန့်ရှင်းသောကျမ်းစာအုပ်ဟု ပြန်ရမည့်အစား သမာသမတ်ရှိသော ကျမ်းဖြစ်၍ သမ္မာကျမ်းစာဟု အမြင်ကျယ်စွာ ဘာသာပြန်ခြင်းကို ကျေနပ် လက်ခံခဲ့ကြောင်းကိုလည်း ၀န်ခံခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် စာဖတ်သည့်အချိန်မှ စ၍ အမေရိကန် သာသနာပြု ဆရာယုဒသန် ပြန်ဆိုခဲ့သော ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း နှစ်ကျမ်းပေါင်းဖြစ်ော သမ္မာကျမ်းစာအုပ်နှင့် ထိတွေ့ရင်နှီးလာခဲ့သည်။ ထိုမှတစ်ဖန် အင်္ဂလိပ်စာ တတ်မြောက်လာသောအခါ ဆရာယုဒသန်၏ အင်္ဂလိပ်မြန်မာ အဘိဓာန်ကို လက်စွဲပြုကာ ဟေဗြဲဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခဲ့သော သမ္မာကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုကျွမ်းဝင်လာပြန်သည်။ မူရင်း အင်္ဂလိပ်ဘာသာနှင့် ဆရာယုဒသန် မြန်မာပြန်ဆိုထားသော သမ္မာကျမ်းစာတို့ကို နှိုင်းယှဉ်လေ့လာ၍လည်း ဖတ်ရှုခဲ့သည်။ ဆရာကြီးသည် ၁၈ရာစုခေတ် အချိန်မျိုး၌ ကြိုးစားအားထုတ်ကာ သာသနာပြုရင်း မြန်မာဘာသာသို့ ပြန်ဆိုရေးသားထားသော ဆရာကြီးယုဒသန်၏ သမ္မာကျမ်းကြီးကို လက်ခံခဲ့သည်။ ဆရာကြီးယုဒသန်၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကျမ်းကြီးကိုလည်း အသိအမှတ်ပြုခဲ့ပါသည်။ (ဘသက်ရှည် ၁၊ စာ ၃၁၄)

ဆရာကြီးဦးဖေမောင်တင် သည် ခရစ်ယာန် စစ်စစ်ပီသစွာ သခင်ယေရှု ခရစ်တော် မိန့်ကြားခဲ့သည့် "သူ့တစ်ပါးကို ကိုယ်နှင့်အမျှ ချစ်လော့"  ဆိုသည့် အမိန့်အတိုင်း၊ သူ၏ ဘ၀အသက်တာတွင် သူ့တစ်ပါးအား၊ သနားကြင်နာခဲ့သည်။ အကူအညီပေးခဲ့သည်။ သာဓကအားဖြင့် ပြရမည်ဆိုလျှင် မြန်မာစာ ပါမောက္ခ ဆရာကြီးတစ်ဦး၏ ပြောပြချက်အရ၊ မိမိတက္ကသိုလ် ကျောင်း၌ ပညာသင်ကြားနေချိန် ကမ္ဘာနှင့်အ၀န်း မြန်မာနိုင်ငံပါ စီးပွားရေး ကပ်ဆိုးကြီးနှင့် ကြုံတွေ့ရသောအခါ ဆက်လက်၍ ပညာသင် ဆည်းပူးနိုင်ခြင်း မရှိခဲ့ပါ။ ထိုအခါ ဆရာကြီးက မိဘသဖွယ် ကူညီထောက်ပံ့ခဲ့သဖြင့် ဆက်လက်၍ ပညာသင်ကြားနိုင်ခဲ့ကြောင်း၊ ထို့အတူ ချို့တဲ့သော ကျောင်းသားများကိုလည်း မိမိနည်းတူ အကူအညီ အထောက်အပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ဤသို့ ကူညီထောက်ပံ့ခြင်းကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ဆိတ်ဆိတ်နေခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် ဆရာကြီးဦးဖေမောင်တင်သည် ခရစ်တော်က တောင်ပေါ်ဒေသနာ ဟောကြားစဉ်က အထူးပြုခဲ့သော မင်္ဂလာတရား ရှစ်ပါး (မဿဲ ၅း၃-၁၂) အနက် "သနားစုံမက်တတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရလတ္တံ့" ဟူသော တရားနှင့်လည်း ကိုက်ညီ၍၊ ဘုရားသခင်၏ စုံမက်ခြင်းကို ခံစားရကြောင်းကို ဆရာကြီး ပင်စင်ယူပြီးသည့်နောက် မတောင့်မတ၊ မကြောင့်မကြဘဲ နေထိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

ဆရာကြီး အသက် ၈၀ ပြည့် မွေးနေ့ အခမ်းအနား၌ လောကတွင် မာန်မာန ထောင်လွှားခြင်း၊ တက်ကြွခြင်း၊ မရှိသင့်ကြောင်း၊ နှိမ့်ချစွာ နေထိုင်ခြင်းသာ အကောင်းဆုံးဖြစ်ကြောင်းကို တပည့်များအား ဆုံးမသြ၀ါဒ ပေးခဲ့သည်။ သူ၏ စကားအတိုင်းလည်း ပြုမူနေထိုင်ကြောင်း သိရှိရပါသည်။ ထို့အပြင် ဆရာကြီးသည် သူ၏ ဘ၀တစ်လျှောက်လုံးတွင် သူ့တစ်ပါး၏ အကျိုးများကိုသာ ဆောင်ရွက်ခဲ့သည်။ တနည်း စာပေပညာအားဖြင့် မြန်မာတစ်မျိုးသားလုံးကို အလုပ်အကျွေးပြုခဲ့သည်။ ဤသည်မှာ ခရစ်တော် ဟောကြားခဲ့သော "လူသားသည် သူ့တစ်ပါးကို စေချင်းငှါ မလာ၊ သူ့တစ်ပါးကို အစေခံခြင်းငှာ လာသည်"  (Not to be served, but to serve) မဿဲ (၂၀း၂၇-၂၈) ဆိုသော အဆိုအမိန့်နှင့် ကိုက်ညီစွာ ပညာနှင့်ပတ်သက်၍ အစေစား ခံခဲ့သည်။

နိဂုံချုပ်အားဖြင့်

ဆရာကြီးဦးဖေမောင်တင်၏ အသက်တာနှင့် ခရစ်ယာန် သာသနာကို စစ်ဆေးဝေဖန်ရလျှင်၊ ၄င်းသည် ဘိုးဘွားမိဘများမှ ဆင်းသက်မွေးဖွားလာခဲ့သော ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်။ ၄င်းသည် ဘာသာရေးကို အထူးရိုသေ ကိုင်းရှိုင်းကာ ဘုရားတရားကို အထူး ယုံကြည်ကိုးစားသော ခရစ်ယာန်မိဘနှစ်ပါး၏ သွန်သင်ဆုံးမမှု အရိပ်အ၀ါသ အောက်၌ ကြီးပြင်းလာခဲ့သည်။ သို့ရာတွင် တက္ကသိုလ်သို့ ရောက်သည့်အခါတွင် ဗုဒ္ဓဘာသာကျမ်းဂမ်များ အခြေခံရာ ပါဠိစာပေကို သင်ယူလေ့လာရသောအခါ "ခရစ်ယာန်ဘာသာဝင် တစ်ယောက် ဖြစ်နေသောသူသည် ပါဠိ ဘာသာကို သင်ကြားရသောအခါ ပင်ရင်းဘာသာဖြစ်သော ခရစ်ယာန်ဘာသာကို ဆန့်ကျင်ရာများ ကျမည်လား ဟူ၍ တွေဝေခဲ့သည်ဟု ဆိုပါသည်" ( ဘသက်ရှည် ၁။ စာ ၂၉၃)။ ပါဠိဘာသာကို အလေးအနက် လေ့လာလိုက်စားခြင်း ပြုရသောအခါ ဘာသာနှစ်ခု၏ မွန်မြက်ချက်များ၊ မတူ၊ ကွဲပြား၊ ခြားနားချက်များကို တွေ့ရှိခဲ့ရသည်။ ဆင်တူရိုးမှား တူညီသည့်အချက်များလည်း ရှိကြောင်း လေ့လာမိပါသည်။ ဗုဒ္ဓစာပေ ကျမ်းများဖြစ်သော ပါဠိကျမ်းဂန်များကို အသေးစိတ် လေ့လာရသောအခါတွင် ဗုဒ္ဓဘာသာ တရားတော်မှ သူနှစ်သက်လက်ခံနိုင်လောက်သော တရားဓမ္မအချို့ကို ထုတ်နုတ် ကျင့်သုံးသွားသည်ကို တွေ့ရပါသည်။ အထူးသဖြင့် သီလကို သဘောကျ နှစ်ခြိုက်သွားကြောင်း သိရပါသည်။

ဆရာကြီးဦးဖေမောင်တင်သည် အသက်၃၀တွင် သူ့ကိုယ်သူ ခရစ်ယာန်တစ်ယောက် ဟူ၍ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပဲ အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုအချိန်က ဒေါက်တာ ကာပင်တာက ထုတ်၍မေးခဲ့သည်ကို ဟုတ်မှန်ကြောင်း ၀န်မခံခဲ့ပေ။ ဆရာကြီးအနေဖြင့် ကောင်းမွန်သော ဘာသာနှစ်ခုကို မည်သည့်ဘာသာကို အလေးပေး၊ အရေးထားရမှန်း မဝေခွဲနိုင်ဘဲ ဇဝေဇ၀ါ ဖြစ်နေချိန် ဖြစ်နိုင်ပါသည်။ ခန္တာကိုယ် ကျန်းမာရေးအတွက် အင်္ဂလိပ်ဆေးဝါးများနှင့်အတူ အစွမ်းထက်သော မြန်မာဆေးဝါးကောင်း အချို့ကို တွဲဖက်သုံးစွဲသကဲ့သို့ ဖြစ်နေပါသည်။

သူ၏ ၀ိညာဉ် ရှင်သန်ရေးအတွက် ထာဝရဘုရားသခင်နှင့် သားတော သခင်ယေရှုတို့၏ မိန့်ကြားသော ပညတ်ချက်များကို ယုံကြည်စွာ လိုက်နာကျင့်သုံးနေသကဲ့သို့၊ ထပ်မံတွေ့ရှိလာသော ဂေါတမဗုဒ္ဓ၏ ကျင့်စဉ်များထဲမှ သီလပုဒ်ကို သူ့အတွက် ဆေးစွမ်းကောင်းအဖြစ် တည်ဆောက်ကျင့်သုံးခြင်း ဖြစ်ဟန်တူပါသည်။ (ဘသက်ရှည် ၁၊ စာ ၂၉၆)။

ဆရာကြီး၏ ပညာနှင့် ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်များ အံ့မခန်း ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ထူး၏ ပညာထူးချွန်မှု နှင့် ကျော်ဇောခြင်းသည် မြန်မာနိုင်ငံသာမက အာရှတခွင်၊ အင်္ဂလန်နှင့် အမေရိကန်တို့ကိုပါ ပြန့်နှံ့ခဲ့ပါသည်။ ဗုဒ္ဓစာပေ၊ ပါဠိကျမ်းဂန် တို့တွင် ဇမ္ဗူတစ်ခွင် တုနှိုင်းမရှိ၊ အကျော်ဒေးယျ ဖြစ်ပါသည်။ ဆရာကြီးသည် အသက် ၇၆နှစ် ပင်စင်ယူသည့်အချိန်မှ စ၍ ပင်ရင်းဘာသာဖြစ်သော ခရစ်ယာန်စာပေနှင့် အသင်းတော်အတွက် ဇောက်ချလုပ်ကိုင်သည်ဟု ထင်မြင်မိပါသည်။ ဗုဒ္ဓစာပေနှင့် ခရစ်ယာန်စာပေ နှိုင်းစာလျှင် ခရစ်ယာန်စာပေအတွက် ဆောင်ရွက်ခဲ့သည်မှာ ရာနှုန်းနည်းကြောင်း ရိုးသားမှန်ကန်စွာ ပြောချင်ပါသည်။ ခရစ်ယာန်သာသနာအတွက် လုပ်ဆောင်ချက် နည်းပါးသည်ဟု ကောက်ချက်ချရသည်မှာလည်း အထောက်အထား မရနိုင်တော့၍ ဖြစ်နိုင်ပါသည်။ ပညာရှင်များ အနေဖြင့် ဆရာကြီး၏ ခရစ်ယာန် သာသနာနှင့် ပတ်သက်သော ဆောင်ရွက်ချက်များကို ဆက်လက် ဖော်ထုတ် ရေးသားပေးပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အားလုံးခြုံ၍ သုံးသပ်ရလျှင် ဆရာကြီးဦးဖေမောင်တင် သည် ပညာကြီး၏။ ဇွဲသတ္တိကြီး၏။ သဘောထားကြီး၏။ (ဤသည်မှာ ခရစ်ယာန်တစ်ဦး၏ သဘောအမှန်ဖြစ်ပါသည်။)  ဆရာကြီးသည် မာနမကြီး၊ စည်းစိမ်ဥစ္စာမမက်၊ ဂုဏ်ပကာသနကို မမက်၊ အဆောင်အယောင်ကို မမက်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ရုံမက၊ လောဘနည်း၍ တင်းတိန်ရောင့်ရဲ့သောစိတ် (ဤသည်မှာလည်း ခရစ်တော်၏ သဘောဖြစ်ပါသည်။) ရှိခြင်းကို ဆရာဇော်ဂျီက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် အလွန်တူကြောင်း ကောက်ချက်ချဖူးပါသည်။ ဆရာကြီး၏ အတုကို ယူ၍ တိုင်းပြည်နှင့် လူမျိုးအကျိုး သယ်ပိုးဆောင်ရွက်နိုင်သော ပညာတတ် ပုဂ္ဂိုလ်များ ပေါ်ထွန်းနိုင်ပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါသည်။

ဒေါ်ခင်ထွေးရီ
(ပါမောက္ခ၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန၊ မန္တလေးတက္ကသိုလ်)
၁၂-၁၂-၁၉၉၈



ဖေမောင်တင် ၁၁၁ နှစ်ပြည့် ဂုဏ်ပြုစာတမ်းများ
မောင်ထင်၊ ဒေါက်တာလှဖေ၊ ဒေါက်တာသန်းထွန်း၊
ပါမောက္ခဒေါ်ခင်ထွေးရီ၊ မောင်သာနိုး၊ မောင်စွမ်းရည်၊
မောင်ပေါက်စီ (မန်းတက္ကသိုလ်)၊ မောင်ဇေယျာ တို့၏

ဂုဏ်ပြုစာတမ်းများ၊ ကဗျာများ၊ မိန့်ခွန်းများ

ပါရဂူ၊ ဦးသော်ကောင်း (နှင့်အဖွဲ့)၊
အငြိမ်းစား ပါမောက္ခ ဦးသန်းထွတ်၊ ကျော်အောင်
ရွှေဘိုမိမိကြီး၊ ဒေါ်ခင်ခင် (ပြည်)၊ ပန်းတနော်ဦးခန့်၊
မြင့်သန်း၊ အယ်လင်စောဦး တို့၏

ဂုဏ်ပြုစာတမ်းများ၊ ဆောင်းပါးများ

ဆရာကြီး ဦးဖေမောင်တင်၏ စာတမ်းများ၊ ဆောင်းပါးများ
ယင်းတို့ကို
မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေခြင်း..
..


မှတ်ချက်။  ပါဠိကို ကျွမ်းကျင်လှသော ဗုဒ္ဓဘာသာဆရာတော်ကြီးများစွာရှိသောလည်း ခရစ်ယာန်ဘာသာဝင်နှစ်ဦးဖြစ်သော ဆရာယုဒသန် (Judson) နှင့် ဆရာဖေမောင်တင် တို့ နှစ်ဦးမှာ အလွန်လေးစားဖွယ်ဖြစ်ပါသည်။ ဆရာယုဒသန်က ခရစ်ယာန်ကျမ်းစာကို ဟီဘရူးဘာသာမှ မြန်မာဘာသာသို့  ဘာသာပြန်ပေးခြင်း၊ ပထမဆုံး ပါဠိ-မြန်မာ အဘိဓာန်ပြုစုခြင်း များဖြင့် အမှုတော်ဆောင်ခဲ့သလို၊ ဆရာဖေမောင်တင်က ဘာသာတရားမဲ့နေသော ဥရောပတိုက်သားများအား ဗုဒ္ဓတရားအား ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာပြန်ပေးခဲ့ပါသည်။ ခရစ်တော်ယေရှု၏ မေတ္တာတရားကို ပြသရန်မှာ ခရစ်ယာန်ဖြစ်လာစေရေးမဟုတ်ပဲ၊ သူတို့ဘာသာတရားကို ဦးစွာနားလည်ရေးမှာ စာနာရေးကို ပြသသွားသည့် ဆရာဖေမောင်တင် အောက်မေ့ဘွယ် ဖြစ်ပါသည်။  မုရန်အယ်ဒီတာ

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.1)

Because He Lives

God sent His son, they called Him Jesus
He came to love, heal, and forgive.
He lived and died to buy my pardon,
An empty grave is there to prove my Savior lives.
Because He lives, I can face tomorrow.
Because He lives, All fear is gone.
Because I know He holds the future,
And life is worth the living just because He lives.


 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.2)

 

ဖေါရိန်း တီရှပ် ဂျင်း စကတ် နဲ့ ။

အဖိုးတန် ရေမွှေး ဆွတ်ဖြန်းထားလဲ

အဝတ်အစား နဲ့ အရေပြား ကြားမှာ ။

အနံ့ဆိုး တွေ ရှိနေသေးတယ် ။

Read more... Link  

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.3)

အတောင်အောက်မှာ..
ဝှက်ထားမူပါ
စောင့်ထိန်းပါ...
တန်ခိုးကြီးလက်တော်ဝယ်

CHO..
ပင်လယ်လှိုင်းလုံးရယ်
မိုးကြိုးထန်ချိန် လေဟုန်စီးအဖနှင့်
မုန်တိုင်းများအထက်
ကိုယ်တော် အုပ်စိုးရှင်
လှိုင်းလုံးတွေပေါ်
ကိုယ်တော်ရှင်ကြောင့်သာ
ငြိမ်ဝပ်လျှက်..နေမည်။


ကိုယ်တော့် သာ
ခိုနားစေပါ
ခက်ခဲချိန်
ကိုယ်တော်တန်ခိုး..ယုံကြည်

CHO..
ပင်လယ်လှိုင်းလုံးရယ်
မိုးကြိုးထန်ချိန် လေဟုန်စီးအဖနှင့်
မုန်တိုင်းများအထက်
ကိုယ်တော် အုပ်စိုးရှင်
လှိုင်းလုံးတွေပေါ်
ကိုယ်တော်ရှင်ကြောင့်သာ
ငြိမ်ဝပ်လျှက်..နေမည်။