မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Monday, Sep 06th

Last update03:33:41 AM GMT

You are here:: ဗဟုသုတ၊ပညာပေး မေတ္တာရှင်တစ်ဦး

မေတ္တာရှင်တစ်ဦး

E-mail Print PDF

မေတ္တာရှင်တစ်ဦး

အမျိုးသမီးတစ်ဦး သာမန်မိဘများမှ မွေးဖွားခဲ့ပါတယ်။ ဘားကလပ်တွေမှာ တီးမှုတ်အသက်မွေးရရှာပါတယ်။ အသက်၄၁နှစ်အရွယ်မှာ ကျိကျိတက်ချမ်းသာလာတယ်။ အင်္ဂလိပ်စာလုံး Philanthropist ဆိုတာ စေတနာ၊မေတ္တာနဲ့ အများအကျိုးအတွက်

ရက်ရောစွာလှုဒါန်းသူများကို ခေါ်ပါတယ်။ မသေဆုံးခင်ကတည်းက သူမရဲ့ မေတ္တာ နဲ့ ပိုင်ဆိုင်မှုများကို ပေးကမ်းလှုဒါန်းခဲ့ပါတယ်။

သူမသေဆုံးချိန် လှုဒါန်းပေးအပ်မှုတွေကတော့

၁။ ကယ်တင်ခြင်းတပ်အသင်းတော်ကို ဒေါ်လာ သန်း ၁၅၀၀ - Salvation Army 1500 Million

၂။ လူမှုရေးရေဒီယိုအစီအစဉ် ဒေါ်လာ ၂၂၅သန်း - National Public Radio 225 million

 

၃။ ဆန်ဒီရာဂိုတက္ကသိုလ် ငြိမ်းချမ်းရေးနဲ့တရားမျှတဘာသာရပ်အတွက် ဒေါ်လာ ၄၀သန်း - University of San Diego 40 million

၎။ နာကျင်မှုသက်သာစေသော ဆေးသုတေသနအတွက် ဒေါ်လာ၂၀သန်း - 20 million

၅။ တိရိစ္ဆာန်များ ဥယျာဉ်နဲ့ထိန်းသိမ်းရေး ဒေါ်လာ ၁၀သန်း - 10 million

၆။ မြို့နယ်ရေဒီယိုအစီအစဉ်တစ်ခု ဒေါ်လာ ၅သန်း - 5 million

မသေဆုံးခင်ကလှုဒါန်းမှုတွေ ဒေါ်လာသန်းပေါင်းရာနဲ့ချီလှုဒါန်းခဲ့ပါတယ်။ ဘယ်လက်နဲ့လှုရင် ညာလက်မသိပါစေနဲ့ ဆိုတဲ့အတိုင်း လူမသိ၊သူမသိ လှုဒါန်းတာပါ။ ဒါပေမဲ့ ငွေရရှိတဲ့ အဖွဲ့အစည်းတွေက အခြားသူတွေလည်း လှုချင်လာအောင် ဖေါ်ပြကြတယ်။ လူတွေအပေါ် သူမရဲ့မေတ္တာနဲ့ ဆင်းရဲသားများ နဲ့ အိမ်ယာမဲ့များကို အမြဲတမ်းအားပေးစကားပြောတတ်ပါတယ်။

ကျွန်တော်တို့ ကောင်ကြီးမင်္ဂလာလိုချင်ကြတယ်။ ရေးချင်တာကတော့ ၀ိညာဉ်ရေးရာ ကောင်းကြီးမင်္ဂလာအကြောင်းပါ။ လောကစ

 ည်းစိမ် ကောင်းကြီးမင်္ဂလာမဟုတ်ပါဘူး။ ဒါပေမဲ့ သခင်ယေရှု လမ်းပြခဲ့တဲ့ မေတ္တာအားဖြင့် လောကစည်းစိမ်များစွာရရှိခဲ့ပေမဲ့ အားလုံးကို ရက်ရောစွာလှုဒါန်းသွားသူ အမျိုးသမီးတစ်ဦးအကြောင်းပါ။

သူမကို Joan B. Kroc လို့ခေါ်ပါတယ်။ ၁၉၂၈ မှာမွေးဖွားခဲ့ပါတယ်။ ဖခင်က မီးရထားကြေးနန်းဆက်သွယ်ရေး အလုပ်သမားပါ။ မိဘဆင်းရဲပေမဲ့ သူမကတော့ တယော၊ စန္တယား ကျွမ်းကျင်၊တီးခတ်နိုင်ပါတယ်။ အိမ်ထောင်ပြုပြီး ကလေးတစ်ဦးရပြီးတဲ့နောက်မှာ စန္တယားတီးတဲ့လုပ်ငန်းနဲ့ ဖျော်ဖြေရင်း အသက်မွေးပါတယ်။ ၂၀၀၃ မှာ ကွယ်လွန်ချိန် ဘုရားသခင် နိုင်ငံတော်အတွက် များပြားစွားသော လောကဘဏ္ဍာအားလုံးကို လှုဒါန်းသွားပါတယ်။

ဘယ်လိုနည်းနဲ့ ကျိကျိတက်ချမ်းသာလာပါသလဲ။ ... ဟုတ်ပါတယ်။ McDonald Fast Food မက်ဒေါနားသူဌေးကြီးရဲ့ ဇနီးသည်ဖြစ်လာလို့ပါ။ သူဌေးကြီးကတော့ ဘာအတွက် ငွေရှာသလဲမသိပေမဲ့ သူကွယ်လွန်ပြီးတော့ ဇနီးသည်က နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းအတွက် သုံးလိုက်ပါတယ်။ ငွေကြေးအလွန်ရှာနိုင်တဲ့ မက်ဒေါနား သူဌေးကြီးခမျာ ဆက်လက်ရှာနိုင်ဖို့ မေတ္တာနဲ့ ၀ိညာဉ်ခွန်အားလိုအပ်နေပါတယ်။ သူဌေးကြီးရဲ့ လိုအပ်ချက်ကို ပေးစွမ်းနိုင်တဲ့ အမျိုးသမီးဖြစ်ပါတယ်။

အမျိုးသမီးများရဲ့ နှလုံးသားမေတ္တာ နဲ့ ရိုးရိုးလေးယုံကြည်တဲ့ ၀ိညာဉ်ခွန်အားဟာ မိသားစုကိုလွှမ်းမိုးလေ့ရှိပါတယ်။

 
Murann

Comments (1)Add Comment
artist
written by zarni Nyunt, July 24, 2010
Good story.
report abuse
vote down
vote up
Votes: +1

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy