မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Monday, Sep 06th

Last update03:33:41 AM GMT

You are here:: ၀ိညာဉ်ရေးရာ နာကျည်းမှု ကင်းရှင်း၊ပပျောက်ခြင်းအချိန် (ဗီယက်နမ်စစ်မှဓါတ်ပုံနှင့်ယခုဘ၀)

နာကျည်းမှု ကင်းရှင်း၊ပပျောက်ခြင်းအချိန် (ဗီယက်နမ်စစ်မှဓါတ်ပုံနှင့်ယခုဘ၀)

E-mail Print PDF

နာကျည်းမှု ကင်းရှင်း၊ပပျောက်ခြင်းအချိန်

ဓါတ်ပုံတစ်ပုံ ၁၉၇၂ ဗီယက်နမ်စစ်ပွဲရဲ့ ကြောက်လန့်ဖွယ်ရာဖြစ်ရပ်ကို ကမ္ဘာကိုဖေါ်ပြခဲ့ပါတယ်။ ကလေးသူငယ်များနဲ့အတူ အ၀တ်ဗလာ၊ ၉နှစ်သမီးလေး လမ်းမပေါ် ငိုကြွေး၊ပြေးလွားနေခြင်းကို စစ်သားများ၊ ဗုံးပေါက်ကွဲမှု နောက်ခံများနဲ့ ၀မ်းနည်းဖွယ် စစ်အနိဌာရုံပါ။ သူ့မျက်စေ့ရှေ့ မှာ လေယာဉ်ပေါ်ကကျလာတဲ့ မီးလောင်ဗုံး၎လုံးကြောင့် တကိုယ်လုံးလောင်ာကြွမ်းခံရပြီး၊ သေရာပါ မီးလောင်ာအနာရွတ်များနဲ့ ဆေးရုံမှာ ၁၄လကြာအောင် ကုသခဲ့ရပါတယ်။ သူတို့ရွာလေးကို လာရောက်ဗုံးကြဲသူများကို နာကျည်းမှုကြီး

 နဲ့အတူ လပေါင်းမျးစွာ ကြောက်လန့်၊ငိုကြွေး၊ ပင်ပမ်း၊စိတ်ဆင်းရဲ့ခြင်းများစွာ ချောက်ခြားခဲ့ရပါတယ်။ မိခင်နဲ့မိသားစုရဲ့ စောင့်ရှောက်မှု နဲ့အတူ၊ နာကျည်းမှု ကင်းရှင်း၊ပပျေက်သွားအောင်မလုပ်နိုင်ခဲ့ပါဘူး။ မီးလောင်ဒဏ်ရကို မြင်တိုင်း နာကျည်းမှုတွေဖြစ်ခဲ့တယ်။ ရီးစားထားမှု၊ အိမ်ထောင်ပြုမှု၊ ကလေးမွေးမှုများကိုပါ နာကျည်းခဲ့သော်လည်း၊ နောက်ပိုင်း သခင်ယေရှုကို လက်ခံခဲ့ပြီးတဲ့နောက်မှာ ဘုရားသခင်က အိမ်ထောင်တခုကို တည်ထောင်ပေးခဲ့ပါတယ်။

 ဒီလို နာကျည်း၊ ကြောက်လန့်မှု အရိပ်တစ္ဆေ မှ လွန်မြောက်ခဲ့ခြင်းဟာ အဆက်မပြက်ဆုတောင်းခြင်း၊ လုပ်ဆောင်မှုများ နဲ့အတူ ကျမ်းစာဖတ်ခြင်း တို့နဲ့အတူ၊ ဘုရားသခင်ရဲ့ ချစ်ခြင်း၊ သနားဂရုနာ၊ ငြိမ်သက်ခြင်းများနဲ့သာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နေ့တိုင်း ဗုံးကြဲခဲ့တဲ့ ရန်သူအတွက် ဆုတောင်းပေးခဲ့ပါတယ်။ ယေယမိ ၃၃း၃ "ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကို ငါပြမည်။" ကျမ်းပိုဒ်အားဖြင့် ရန်သူကိုချစ်မေတ္တာထားနိုင်လာပါတယ်။

ရွာကလေးကို ဗုံးကြဲစစ်ဆင်ရေးလုပ်ခဲ့တဲ့ လေယာဉ်မှုး ဂျွန်ပလားမား John Plummer ဟာ ဒီဓါတ်ပုံကို မြင်ပြီးတဲ့နောက်ပိုင်း စိတ်တစ္ဆေခြောက်ခံရပါတယ်။ နောက်ပိုင်း ဒီမိန်ကလေးကို လိုက်ရှာပြီး ခွင့်လွတ်ဖို့ ပြောချင်လာတယ်။ သူဟာ ဗာဂျီးနီးယားပြည်နယ်မှာ မက်သဒစ်သင်အုပ်ဆရာတစ်ဦးဖြစ်လာခဲ့ပါတယ်။ 1966 ခုနှစ် ၀ါရှင်တန် ဗီယက်နမ်စစ်မှုထမ်းဟောင်းများ အခမ်းအနားမှာ အမျိုးသမီးတစ်ဦး စစ်အတွေအကြုံတွေ စင်ပေါ်တက်ပြောခဲ့ပါတယ်။ အောက်က နားထောင်နေတဲ့ သူမတို့ရွာကို ဗုံးကြဲဖျက်ဆီးခဲ့တဲ့ လေယာဉ်မှုး ဂျွန်ပလားမား John Plummer စင်ပေါ်ပြေး အတင်းပြေးထက်လာပြီး ကလေးသူငယ်လို ငိုကြွေး၊ခွင့်လွှတ်ဖို့ ပြောခဲ့တယ်။ သူမက ခွင့်လွှတ်ခဲ့ပြီး ရန်သူနဲ့ ပြန်လည်သင့်မြတ် မိတ်ဆွေဖြစ်ခဲ့ပါတယ်။

သူမအမည်ကတော့ ကင်ဖူ Kim Phuc လွန်ခဲ့တဲ့ ၃၆နှစ်က အတွေ့အကြုံများကို ပြန်လည်ပြောပြချက်၊ Youtube မှာကြည့်နိုင်ပါတယ်။

JavaScript is disabled!
To display this content, you need a JavaScript capable browser.


http://www.youtube.com/watch?v=Xhz2gCnhr-I

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy