
သင်းအုပ် ဆရာမျက်ပြူး ဘ၀အတွေ့အကြုံများ
ဗိမာန်တော်တွင် ညပိုင်းတစ္တေ
ဒေါသကြီးသော အသင်းတော် လူကြီးတစ်ဦး သေဆုံးပြီးနောက် ဗိမာန်တော်တွင် ညပိုင်းတစ္တေ ခြောက်ခံရသည်ဟု အစောင့်က ဆိုလာသည်။ ညအဖေါ် အသင်းသားတစ်ဦး မရှိလျှင် မလုပ်နိုင်တော့ဟုလည်း ဆိုသည်။ မည်သူမှ အဖေါ်အတူ မအိပ်နိုင်သဖြင့် ဆရာမျက်ပြူး လာရောက် အိပ်ပေးရသည်။ ၂ ယောက်တည်းရှိသောကြောင့် တစ်ညတာဖြစ်စဉ်များကို တစ်ယောက် တစ်လှည့် မှတ်တမ်း ရေးပေးရန် ဖြစ်သည်။ ဆရာမျက်ပြူးအလှည်တွင် ညစောင့်အရက်မူးနေသောကြောင့် "ယနေ့ည ညစောင့်အရက်မူးသည်" ဟုရေးလိုက်သည်။
ညစောင့်အမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့်အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ
ဆရာမျက်ပြူးက အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။
ညစောင့်စိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ ညစောင့်အလှည့်ကျသောအခါ အမှန်အတိုင်းဤသို့ရေးလိုက်သည်။
"ယနေ့ည ဆရာမျက်ပြူးအရက်မမူးပါ။"
ရွှေ နဲ့ ဥာဏ်ပညာ
ဆရာမျက်ပြူး အား ဆန်းဒေးစကူး မှကူညီရန်ဖိတ်ကြားသည်။ ကျောင်းသားတစ်ဦးအား နောက်ဆုံး လူတွေ့ စာစစ်မေးရသည်။
" ရွှေ နဲ့ ဥာဏ်ပညာ နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ ဥာဏ်ပညာကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "
ဘယ့်သူလက်ချက်လဲ
ဆရာမျက်ပြူးတို့ အသင်းသား အိမ်တစ်အိမ်တွင် ညအချိန် ၀တ်ပြုစည်းဝေး တစ်ခုတွင်ဖြစ်သည်။ လူသစ် အမျိုးသမီးငယ် တစ်ဦး လည်းပါလာသည်။ သူမ ဆွဲလာသော စိန်ဘယက်ကိုကြည့်ပြီး လူအားလုံးက
`လှလိုက်တာ၊လှလိုက်တာ´
ဝိုင်းဝန်း ချီးကျူးကြသည်။ ချီးမွမ်း ခံရသဖြင့် ပီတိဖြစ်မိသော အမျိုးသမီးသည် အားပါးတရ ကြည့်ပါစေ ဟူသော ရည် ရွယ်ချက်ဖြင့် ဘယက်ကို ချွတ်ပေးသည်။ စိန်ဘယက်သည် တစ်လက်မှ တစ်လက်သို့ကူးသွားသည်။ နောက်ဆုံးတွင် စိန်ဘယက် ပျောက်သွားတော့သည်။ ဆရာမျက်ပြူး တော်တော် စိတ်ပျက်သွားသည်။
အိမ်ရှင်က စိတ်မကောင်းဖြစ်ရသော အသံဖြင့်ပြောသည်။``ကျီစားတာဆိုရင် လွန်သွားပြီဗျာ။ အခု စားပွဲပေါ်ကို ကျွန်တော် ငွေဖလား တင်ထားမယ်။ မီးခလုတ်ကို ပိတ်လိုက်ပြီး အမှောင်ထဲမှ ၅မိနစ်လောက် ကျွန်တော်ဆုတောင်းပါမယ်။ မီးကိုပြန် ဖွင့်လိုက်တဲ့ အချိန်မှာ စိန်ဘယက်ကို ငွေဖလားထဲမှာ ပြန်တွေ့ရမယ်လို့ မျှော်လင့်ချင်ပါတယ်။' '
မီးကို ပိတ်ပြီးနောက် ဆုတောင်းပြီး မီးပြန်ဖွင့်လိုက်သည်....ငွေဖလားကြီးမရှိတော့။
လက်တည့်လာလို့ပါ
လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု စကားများရာသို့ ဆရာမျက်ပြူး ရောက်လာသည်။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...
ဆရာမျက်ပြူးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။
ဆရာမျက်ပြူးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ...
မာ***နိမ်း
ဆရာမျက်ပြူး တစ်ယောက်ဟာ အိန္ဒိယကို ရောက်တော့ တက္ကစီ ငှားစီးပါတယ်။ တက္ကစီနဲ့ လျှောက်သွားရင်း တစ်နေရာ ရောက်တော့
အလွန်ခမ်းနားတဲ့ အိမ်ကြီး တစ်အိမ်ကို တွေ့ပါတယ်။ အဲဒါနဲ့ သူက တက္ကစီ ဒရိုင်ဘာကို “ဒါဘယ်သူ့ အိမ်ကြီးလဲ။” လို့ မေးတော့ တက္ကစီသမားက “မာ***နိမ်း”
လို့ ပြန်ဖြေပါတယ်။
အဲဒီလိုနဲ့ ဆက်သွားရင်း တနေရာ အရောက်မှာ အပျံစား ကားကြီး တစ်စီးကို တွေ့ပြန် ပါတယ်။ အဲဒီ အခါမှာလည်း ဆရာမျက်ပြူးက “ဒါဘယ်သူ့ ကားကြီးလဲ။” လို့ မေးကြည့်ပါတယ်။ တက္ကစီ ဒရိုင်ဘာက “ မာ***နိမ်း” လို့ပြန်ဖြေ ပြန်ပါတယ်။ ဆရာမျက်ပြူး ကတော့ မာ***နိမ်းဆိုတဲ့သူ အတော် ချမ်းသာတာပဲ လို့ တွေးပါတယ်။
အဲဒီလိုနဲ့ ဆက်သွားရင်း လမ်းမှာ အသုဘ တစ်ခုကို တွေ့ပြန်ပါတယ်။ အဲဒီအခါမှာ နိုင်ငံခြားသားက ဒါဘယ်သူ့ အသုဘလည်း မေးတော့ တက္ကစီသမားက “မာ***နိမ်း” လို့ ပြန်ဖြေပါတယ်။ နိုင်ငံခြားသားကတော့“အော်။ မာ***နိမ်းကြီး သေရှာပြီကိုး။” လို့ သနားတဲ့ အသံနဲ့ ရေရွတ်လိုက်ပါတယ်။
(မာ***နိမ်း= မသိဘူး။) :D
မုရန်
ရယ်မောဘွယ်သက်သက်ဖြစ်ပါသည်။

ဘ၀အတွေ့အကြုံများ






