မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည် Christian Ezine

Sunday, Apr 26th

Last update08:58:23 PM GMT

You are here:: ၀ိညာဉ်ရေးရာ ဓမ္မပညာအထောက်အကူပြုစာစောင်၊(Jul 2012) ကောင်းကင်၌ဆုလပ်များခံစားဖို့ - ဦးတင်မောင်ထွန်း (Rev, Dr)

ဓမ္မပညာအထောက်အကူပြုစာစောင်၊(Jul 2012) ကောင်းကင်၌ဆုလပ်များခံစားဖို့ - ဦးတင်မောင်ထွန်း (Rev, Dr)

E-mail Print PDF


ီDownload Link

http://burmesebible.com/pulpit/Pulpit%20July%202012.pmd.pdf

မာတိကာ
ကောင်းကင်၌ဆုလဒ်များခံစားဖို့ - ညီအစ်ကိုကြီးဦးတင်မောင်ထွန်း
အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူ - ညီအစ်ကိုဦးကပ်ခန့်ခုပ်
ဇာတိသဘောကို ငြင်းပယ်၍ - ညီအစ်ကိုဦးထန်ကျင့်လန်
ယုံကြည်ခြင်းဖြင့်တိုးဝင်ပါ - ဆရာဦးညွန့်လှ
ယခုဘဝနောင်ဘဝနှင့်ဆိုင်သောအာမခံချက် - ညီအစ်ကိုကြီးဦးတင်မောင်ညို
သမ္မာကျမ်းစာကိုအလေးဂရုပြု၍ - ဆရာဦးအောင်သက်ညွန့်
သက်သေခံချက်

ကောင်းကင်၌ဆုလပ်များခံစားဖို့ - ဦးတင်မောင်ထွန်း

လူ၌ ခန္ဓာနှင့် ဝိညာဉ် နှစ်ဖြာ တွဲဖက်နေပါသည်။ ခန္ဓာက အနားယူဖို့ အိပ်ပျော်နေသည်က အရေးမကြီးသော်လည်း ဝိညာဉ်အိပ်ပျော်နေပါက ယုံကြည်သူတို့အတွက်စိတ်ပူစရာဖြစ်ပါသည်။ ဓမ္မဟောင်းကာလက ဘုရားသခင်သည် ဣသရေလလူများအား ဘုရားသခင်အကြောင်း လျှောက်၍ သက်သေခံဖို့
မပြောပါ။ လောကလူသားများအားငါ့နာမနှင့် သမုတ်သောငါ့လူများကိုကြည့်ပါ။ ငါ၏သက်သေကို တွေ့ရမည်ဟု ဘုရားသခင်က မိန့်တော်မူပါသည်။ ဤသည်ကို ဓမ္မဟောင်းအသင်းတော်ဟု ဆိုနိုင်ပါသည်။ ဓမ္မဟောင်းအသင်းတော်၌ လက္ခဏာရှိပါသည်။ ထိုလက္ခဏာက ဘုရားသခင်နှင့် အဆက်ရှိသောလူမျိုးကြီးဝင်များမှ ပေါက်ဖွားရပါသည်။ အာဗြဟံမှ အစပြုပါသည်။ ဤသည်မှာယနေ့ ဓမ္မသစ်ကာလရှင်သန်နေသော ခရစ်တော်၏ကိုယ်တည်းဟူသောအသင်းတော်၏အရိပ်ဖြစ်ပါသည်။ အရိပ်ဟူသည် ထင်ထင်ရှားရှား မတွေ့ရပါ။ (ကမ္ဘာ၊ ၅း၂၄)တွင်ဧနောက်အားဖြင့် အစပြုတွေ့ရသည်။ ဧနောက်သည် ဘုရားသခင်နှင့် သွားလာသည်ဟု ဖော်ပြထားပါသည်။ ထိုအချိန်က လူသည် အပြစ်၌ ပြိုလဲသွားပြီးချိန်ဖြစ်ပါသည်။လူအများက မိမိတို့လုပ်ချင်ရာကိုလုပ်နေကြပါသည်။ သို့သော် နှလုံးသား၌ ဘုရားသခင်ကို အာရုံပြု၍အသက်ရှင်နေသူ ရှိသည်ကို တွေ့ရသည်။ ဧနောက်မတိုင်မှီ ကိုယ်တော်နှင့် လျှောက်ခွင့်မရသော်လည်း အသက်ရသွားသောသူတစ်ယောက်ကို(ကမ္ဘာ ၄)တွင် တွေ့ရသည်။ သူကအာဗေလ ဖြစ်ပါသည်။ အာဗေလနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ အာဗေလသည် သေလွန်သော်လည်းတရားဟောသေး၏ဟု (ဟေဗြဲ၊ ၁၁း၎)တွင် ဖော်ပြထားပါသည်။အာဗေလပူဇော်သောယဇ်ကို ဘုရားသခင်က လက်ခံပြီး ဘုရားသခင်နှင့် အဆက်ဖြစ်သွားပါသည်။ ဧနောက်သည် ကမ္ဘာလောကကြီးထဲ၌ ဘုရားသခင်နှင့်အတူ လျှောက်သွားပြီးမှသူ့အား ကိုယ်တော်က သိမ်းယူတော်မူပါသည်။ ဧနောက်သည် သေခြင်းနှင့် မတွေ့ရဘဲ ကောင်းကင်ဝင်သွားပါသည်။

ဘုရားသခင်၏စိတ်တော်နှင့်တွေ့ေ့သောသူ
(ကမ္ဘာ၊ ၆း)တွင် ကျွန်ုပ်တို့နောဧကို တွေ့ရသည်။ နောဧသည်ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူဖြစ်သည်ဟု ဖော်ပြထားပါသည်။(ကမ္ဘာ၊ ၆း၈) ထိုအချိန်ကာလကဘုရားသခင်၏ စိတ်တော်နှင့်တွေ့သော သူရှိခဲ့လျှင် ယနေ့သာ၍ ရှိနိုင်ပါသည်။ထိုအချိန်က လူသည်ဘုရားသခင်နှင့် သြတ္တပ္ပအားဖြင့် ဆက်သွယ်ကြသည်။ ထိုမှတဆင့် ပညတ်နှင့်ဆက်သွယ်ပြီးယနေ့မျက်မှောက်အချိန်၌ သန့်ရှင်းသောဝိညာဉ်တော်နှင့် ဆက်ကြရပါသည်။ သြတ္တပ္ပနှင့်ဆက်ခြင်းက ရေဒီယို ဖွင့်၍ နားထောင်သကဲ့သို့ ဖြစ်သည်။ ကိုယ်တော်သည် လူအား ထိုအချိန်ကာလက သြတ္တပ္ပ၌ အသိပေးဖော်ပြပါသည်။ ယနေ့တွင်မူ ရုပ်မြင်သံကြားကဲ့သို့ ထင်ထင်ရှားရှားသိမြင်နိုင်သည်။နောဧနှင့်ပတ်သက်၍ ဆက်လက်ဖော်ပြသည်မှာ

''နောဧသည် ဖြောင့်မတ်သောသူ၊ူ၊ မိမိမိအိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့်အတူသွားလာ၏'(ကမ္ဘာ၊ ၆း၉)''

ထိုအခါ မြေကြီးသည်ဘုရားသခင်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏''(ကမ္ဘာ၊ ၆း၁၁)

ကမ္ဘာကြီးပေါ်ရှိလူများအလွန်ဆိုးနေကြချိန်၌ ဘုရားသခင်နှင့်
သွားလာသောသူရှိပါသည်။ ဆိုးနေသောသူများကြား၌ ဘုရားသခင်နှင့် သွားလာသောနောဧကို ဘုရားသခင်စကားပြောပါသည်။ နောဧသည် ကျွန်ုပ်တို့ကဲ့သို့ သာမညလူသာဖြစ်ပါသည်။ နောဧအား ဘုရားသခင်သည် ကမ္ဘာကြီးနှင့်တကွ လူတို့ကို ဖျက်ဆီးမည်ဟု အသိပေးပါသည်။ ပြီးနောက် ကမ္ဘာကြီးထဲ၌နောဧအသက်ရှင်နိုင်ဖို့ရန် သင်္ဘောဆောက်ဖို့ မိန့်တော်မူပါသည်။ လူတို့ကိုလည်း ကမ္ဘာကြီးကို ဖျက်ဆီးတော်မူမည့်အကြောင်း သတိပေးစေပါသည်။ လူတို့က မယုံကြည်ကြပါ။ နောဧအား အရူးဟုဆိုကြသည်။သူတို့ မျက်စေ့နှင့်ကြည့်၍ ဦးနှောက်နှင့် စဉ်းစားပါက တောင်ပေါ်၌သင်္ဘောဆောက်ခြင်းသည် ဘုရားစေခိုင်းခြင်း မဖြစ်နိုင်ဟု မှတ်ယူကြသည်။ နောက်ဆုံး၌ ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ရေလွှမ်းမိုးခြင်းဖြစ်ပြီး နောဧနှင့်ဇနီး သားသုံးယောက်နှင့် ချွေးမသုံးယောက်တို့သာ သင်္ဘောထဲသို့ဝင်ကြသဖြင့် အသက်ရှင်ခွင့်ရခဲ့ကြသည်။ နောဧအချိန်ကာလပြီးနောက် (ကမ္ဘာ၊ ၁၂)တွင် ဘုရားသခင်က လောကကြီးထဲမှ အာဗြံကို နာမည်နှင့်ခေါ်၍ ဆက်သွယ်မှုပြုပါသည်။ ထိုသို့ခေါ်ခြင်းမှာသူ၏ပြည်၊ သူ၏အမျိုးသားချင်းများထဲမှ ထွက်ပြီး ဘုရားသခင်ကိုယ်တော်တိုင်ပြလတ္တံ့သောပြည်သို့ သွားစေဖို့ရန် ဖြစ်ပါသည်။ ထိုနည်းတူယနေ့အသင်းတော်ကိုလည်း ကိုယ်တော်ကိုယ်တိုင် လမ်းပြနေပါသည်။ပြီးမှ သင့်အား လူမျိုးကြီးဖြစ်စေမည်ဟု အာဗြံအား ဘုရားသခင်က ကတိ
ပေးပါသည်။

ထိုအချိန်တွင် အာဗြံ၌ကလေး မရှိပါ။ ထိုသို့ကလေးမရှိဘဲကြာမြင့်စွာ ခရီးသွားနေရင်းနှင့် သားမရှိဘဲ သွားနေရ၍ အာဗြံစိတ်ပျက်လာကြောင်း တွေ့ရသည်။ ထိုအချိန်၌ ဘုရားသခင်သည် မြေကြီးပေါ်၌လူမျိုးကြီး ဖြစ်ဖို့ရန် ပြင်ဆင်နေခြင်းဖြစ်ပါသည်။ လူမျိုးကြီးဝင်တိုင်း
ကိုယ်တော်က စကားပြောပါသည်။မည်သို့စကားပြောပါသနည်း။ အိပ်မက်ရူပါရုံအားဖြင့်၎င်း၊ အသံတော်အားဖြင့်၎င်း၊ အလင်းတော်အားဖြင့်၎င်း စကားပြောပါသည်။ (ကမ္ဘာ၊၂၈)တွင် ယာကုပ်သည် အစ်ကို၏ရန်ကို ကြောက်၍ ဦးရီးတော်လာဗန်ထံသို့ ပြေးရာတွင် လမ်း၌ တစ်ညအိပ်စဉ် အိပ်မက်ရူပါရုံကို မြင်ရပါသည်။ မြေကြီးပေါ်၌ လှေခါးထောင်လျက်ရှိပြီး မိုဃ်းကောင်းကင်တိုင်အောင်ဖြစ်ပါသည်။ ထိုလှေခါး၌ကောင်းကင်တမန်တို့က တက်ဆင်းလျက်ရှိပြီး ထာဝရဘုရားသည် လှေခါးထိပ်၌ ရပ်လျက်ရှိပါသည်။ ထိုအချိန်၌ ဘုရားသခင်သည် ယာကုပ်အား ငါသည် သင်၏အဘအာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရားတည်းဟူသောထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူပါသည်။ ဤသို့ဘုရားသခင်ဆက်သွယ်ခြင်းခံရသူသည် လူမျိုးကြီးဝင်ဖြစ်ပါသည်။ ဧသောသည် လူမျိုးကြီး မဝင်ပါ။ ဘုရားပေးသောသားဦးအရာကို အရေးမထား၊ မထီမဲ့မြင်ပြုပြီး ဆာလောင်မှုကြောင့် သားဦးအရာကို ပဲဟင်းတစ်ခွက်နှင့်ရောင်းစားပါသည်။ ယနေ့ ဘုရားသခင်ကို ဥပေက္ခာပြုလိုသောသူများလည်း ရှိကြမည်ဖြစ်ပါသည်။ ထိုနည်းတူ နှုတ်ကပတ်တော်အတိုင်းလိုက်လိုသောသူလည်း ရှိမည်ဖြစ်သည်။ နှုတ်ကပတ်တော်အတိုင်းလိုက်သူက သက်သေတွေ့ရမည်ဖြစ်သည်။ အာဗြံအား ဘုရားသခင်ကစကားပြောပါသည်။ အာဗြံက ကလေးမရှိသဖြင့် ကျွန်ုပ်အိမ်၌ ဘွားသောကျွန်သည် ကျွန်ုပ်အမွေခံဖြစ်ရပါမည်လားဟု မေးလျှင် ဤသူသည်
သင်၏အမွေခံမဖြစ်ရ၊ သင်၏ကိုယ်ထဲက ထွက်သောသူသည် သင်၏အမွေခံဖြစ်မည်ဟု မိန့်တော်မူပါသည်။ထိုသို့မိန့်တော်မူသော်လည်း ကြာမြင့်စွာ ကလေးမရသဖြင့် ဇနီးအကြံပေးသည့်အတိုင်း ကျွန်မကို သိမ်းယူပါသည်။ ထိုသို့သိမ်းယူသဖြင့် ကလေးတစ်ယောက်မွေးလာပြီး လူမျိုးတစ်မျိုးဖြစ်လာပါသည်။ သို့သော်ပဋိညာဉ်နှင့်ရသောသား မဟုတ်ပါ။ဘုရားသခင်၏အခွင့်တော်အားဖြင့်ရသောသားဖြစ်ပါသည်။

လူမျိုးကြီးဝင်သောသူမူများ

ဘုရားသခင်၏ပဋိညာဉ် နှင့်ပတ်သက်၍ ရသောသားက အံ့သြဘွယ်လက္ခဏာသက်သေပါရမည်ဖြစ်သည်။ ထို့ကြောင့် အာဗြဟံသည်အသက်တစ်ရာပြည့်မှ ဂတိတော်နှင့်ယှဉ်သောသားကို ရပါသည်။ ထိုအချိန်၌ အာဗြဟံ၏ဇနီးစာရာသည် အသက်ကြီး၍သွေးဆုံးပြီး လူ့အနေနှင့်မဖြစ်နိုင်တော့သည့်အချိန်ရောက်မှဣဇက်ကို ရပါသည်။ အာဗြဟံ၌ဘုရားသခင်၏နှုတ်ကပတ်တော်သက်သေက ပေါ်လာပါသည်။ ထိုသို့ နှုတ်ကပတ်တော်သည် သက်သေနှင့်တကွ ပေါ်လာသောလူများထဲမှဆင်းသက်လာသောသူများတွင်ဘုရားသခင်နှင့် စကားပြောသောသူ
က အနည်းငယ်သာ ရှိပါသည်။ ထိုအထဲတွင် အဘိမလက်အမည်ရှိတစ်ပါးအမျိုးသားတစ်ယောက်လည်း ပါလာပါသည်။ သမ္မာကျမ်းစာ၌ အားလုံးကို မဖော်ပြသော်လည်း ဘုရားသခင်နှင့် စကားပြောသောသူအားလုံးသည် လူမျိုးကြီးဝင်ဖြစ်ကြပါသည်။ ထိုသူတို့သည် ဣသရေလလူမဟုတ်ကြသော်လည်း လူမျိုးကြီးဝင်ဖြစ်ကြသည်။ ယနေ့၌လည်း ခရစ်ယာန်မဖြစ်သော်လည်း ဘုရားနှင့်ဆက်သွားသောသူများရှိကြမည်ဖြစ်သည်။ လူမျိုးကြီးဝင်ဖြစ်သောသူတိုင်းသည် ဘုရားသခင်နှင့်ဆက်ကြပါသည်။ ဘုရားသခင်နှင့်ဆက်သောသူများ၏အသက်တာ၌ အံ့သြဘွယ်
ဖြစ်ပါသည်။ (ကမ္ဘာ၊ ၁၇)တွင် ဘုရားသခင်သည် အာဗြဟံအား ဂတိတော်နှင့်အညီ ရသောသားကို ကောင်းကြီးပေးမည်ဟု ဂတိတော်ပေးပါသည်။ထိုသားသည် လူမျိုးကြီးဝင် ဖြစ်ပါသည်။ ဣရှမေလကိုလည်း ဘုရားသခင်ကကောင်းကြီးပေးမည်ဟု ဂတိပေးပါသည်။ သို့သော် ထိုသားသည်လူမျိုးကြီးဝင် မဖြစ်ပါ။ (ထွ၊ ၁၂)ရောက်လာသည့်အခါ မောရှေနှင့်ဘုရားသခင်စကားပြောသည်ကိုတွေ့ရသည်။ မောရှေအား ဘုရားသခင်က သင့်အား အဲဂုတ္တုပြည်မှ ဣသရေလလူတို့ကို နှုတ်ဆောင်ဖို့ရန် ဖာရောဘုရင်ထံသို့ စေလွှတ်မည်ဟုမိန့်တော်မူပါသည်။ ထိုအခါ မောရှေက ကျွန်ုပ်သည် ဣသရေလလူတို့ရှိရာသို့ရောက်၍ သင်တို့ဘိုးဘေးများ၏ဘုရားသခင်သည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်ပြီဟုဆိုလျှင် သူတို့က ထိုဘုရားသခင်၏နာမတော်ကား အဘယ်သို့နည်းဟု မေးလျှင်အကျွန်ုပ်အဘယ်သို့ ပြန်ပြောရမည်နည်းဟု ဘုရားသခင်အား မေးလျှောက်ပါသည်။ မောရှေသည် အဲဂုတ္တုပြည်မှ လူသတ်မှုနှင့် ထွက်ပြေးလာသောသူဖြစ်၍ သူတို့နှင့် မျက်နှာခြင်းဆိုင်ရန် မဝံ့မရဲဖြစ်နေပါသည်။တဖန်မောရှေက ကျွန်ုပ်သည် စကားအသောသူဖြစ်သည်ဟု ဆိုပြန်လျှင်သင်၏အစ်ကိုအာရုန်ကို သင်၏ကိုယ်စားစကားပြောစေမည်ဟု မိန့်တော်မူပါသည်။ ထိုသူတို့သည် လူမျိုးကြီးဝင်များဖြစ်ကြသည်။ မောရှေနှင့် အာရုန်ပြီးနောက် ယောရှု၊ ကာလက်တို့သည် လူမျိုးကြီးဝင် ဖြစ်သည်။ ကျန်လူအများက အရေအတွက်အားဖြင့် ခြောက်သိန်းကျော်ရှိသော်လည်း လူအများကြီးဝင်သာဖြစ်ကြသည်။ လူမျိုးကြီးဝင်သူများကိုဘုရားသခင်က တိုက်ရိုက်ဆက်သွယ်ပါသည်။ ကျန်လူများကို ဘုရားသခင်က မဆက်၍လား။ မဟုတ်ပါ။ သူတို့ကိုယ်တိုင်နှလုံးသားက ဘုရားသခင်နှင့် မဆက်ကြခြင်း ဖြစ်ပါသည်။ လူသည် ဦးနှောက်အသိနှင့် သွားနေသမျှကာလပတ်လုံး ထိုသူနှင့် ဘုရားသခင်ဆက်၍ မရပါ။ နှုတ်ကပတ်တော်က ထိုအတိုင်း သက်သေဖော်ပြပါသည်။ တမန်တော်ကြီးက ထိုသို့သောသူများသည် မျက်စေ့နှင့်မမြင်၊နားဖြင့်မကြား၊ စိတ်နှလုံးနှင့် မခံစားတတ်သေးသောသူများဟု ဆိုပါသည်။ (၁ကော၊ ၂း၉-၁ဝ)

ဦးနှောက်နှင့် သွားလာသောသူများသည် သင်ထားသောအရာကို နားလည်သော်လည်း ဘုရားသခင် ပြင်ဆင်ထားသောနက်နဲမှုကိုနားမလည်ပါ။ ဘုရားကိုချစ်၍ နှလုံးနှင့်သွားလာသောသူကို ဘုရားသခင်က ဖော်ပြပါသည်။တမန်တော်ကြီးရှင်ပေါလုသည်လည်းဘုရားသခင်၏ဖော်ပြမှုကို ခံခဲ့ရပါသည်။ အကြောင်းမှာ တမန်တော်ကြီးသည် ဘုရားသခင်ကို ချစ်သောကြောင့် ဖြစ်သည်။

ဘုရားသခင်၏လက်တော်အတူပါရှိ၍

ထိုမှတဆင့် ပင်တေကုတ္တေနေ့ ရောက်လာသောအခါ အံ့သြဘွယ် ဘုရားသခင်၏ဂတိတော်နှင့်ပြုသောအမှုကို တွေ့ရသည်။ ဘုရားသခင်၏တန်ခိုးတော်ကို ခံရသောလူစုက အသက်တာများ ပြောင်းလဲဖို့ရန် ဧဝံဂေလိသတင်းကောင်းကိုအစပြုဟောပြောခဲ့ပါသည်။ ဘုရားသခင်သည်လည်း မိမိတပည့်တော်များအား သင်တို့သည် လောကီနိုင်ငံအရပ်ရပ်သို့ သွား၍ ငါ၏ဧဝံဂေလိတရားကို ဟောကြလော့ဟု မိန့်တော်မူပါသည်။ ဧဝံဂေလိတရားကို ဟောသည့်အတွက် ဧဝံဂေလိဆရာများသည် လောကုတ္တရာ၌ ရွှေတည်းဟူသောထာဝရတည်သောအကျိုးကို ရမည်ဖြစ်သည်။ ဧဝံဂေလိဟောပြောခြင်းအားဖြင့် ပြောင်းလဲလာသောသူများသည် ထာဝရကာလ၌ ဧဝံဂေလိဆရာတို့အတွက် ရွှေဖြစ်ပါသည်။

''တပည့်တော်တို့သည်လည်း ထွက်သွား၍ ဘုရားသခင်သည်မစတော်မူသည်နှင့်၎င်း၊သူတို့၌ဖြစ်သောနိမိတ်လက္ခဏာအားဖြင့် နှုတှုတ်က်ကပတ်တ်တရားတော်ကို တည်စေတော်မူသည်နှင့်၎င်း၊ ခပ်သိမ်းသောအရပ်တို့၌တရားဟောကြ၏''(မာ၊ ၁၆း၂ဝ)

တပည့်တော်တို့ထွက်သွားပြီး ဧဝံဂေလိတရားကို ဟောပြောသည့်အခါ သခင်ဘုရား၏မစခြင်းသက်သေပါကြောင်း တွေ့ရသည်။ဧဝံဂေလိတရားကို သင်ပေးပြီးပါဝင်၍ လွှတ်လိုက်ပါက ငွေဖြစ်ပါသည်။

ကောင်းကင်ဘဏ္ဍာ၌ ရွှေ၊ ငွေနှင့်ကျောက်ကောင်းဟူ၍ ရှိပါသည်။ ငွေသည်လည်း မီးမလောင်ပါ။ ဧဝံဂေလိဟောပြောခြင်းအမှု၌ ဘုရားသခင်အတူပါရှိသည့်အခါ နိမိလက္ခဏာဖြစ်၍ အံ့သြဘွယ် ပြောင်းလဲလာခြင်းသက်သေကို တွေ့ရပါသည်။ (တမန်၊၁၁း၁၉-၂၁)တွင် တမန်တော်တို့နှင့်တပည့်တော်တို့သည် သတေဖန်၏အမှုကြောင့် ညဉ်းဆဲခြင်းကို ခံရသဖြင့် အရပ်ရပ်သို့ ကွဲပြားသွားကြပြီးကုပရု၊ အန္တိအုတ်မြို့သို့ ရောက်သွားကာဧဝံဂေလိတရားကို ဟောကြပါသည်။ ရွှေဖြစ်ဖို့မလုပ်ဘဲ တစ်နေရာတည်း၌ နေကြသဖြင့် ဘုရားသခင်သည် သူတို့ကို ဖိအားပေး၍ အရပ်ရပ်သို့ ကွဲလွင့်သွားစေပါသည်။

''ဘုရားသခင်၏လက်တော်သည် ထိုသူတို့နှင့်အတူရှိတော်မူသဖြင့် လူအပေါင်းတို့သည် ယုံကြည်၍ ဘုရားသခင်ထံတော်သို့ ပြောင်းလဲကြ၏''(တ၊ ၁၁း၂၁)

ဧဝံဂေလိလုပ်သောသူတို့၏အပေါ်၌ အမြဲတစေဘုရားသခင်၏လက်တော်ရှိပါသည်။ အခစားလုပ်သောသူတို့၌ မရှိပါ။ စေတနာနှင့်လုပ်သောသူ၊ မေတ္တာနှင့်လုပ်သောသူတို့အပေါ်၌ သခင်ဘုရား၏လက်တော်အစဉ်ရှိပါသည်။ ထိုသို့ရှိသဖြင့် လူအပေါင်းတို့သည် ယုံကြည်၍ ပြောင်းလဲလာကြပါသည်။ ယနေ့ဧဝံဂေလိဟောဖို့ရန် ကမ္ဘာ့သာသနာပြုအဖွဲ့များက ရက်သတ်မှတ်၍ တွန်းအားပေးကြသည်။ ဘုရားသခင် ကမူ နေ့တိုင်း ဧဝံဂေလိဟောကြဖို့ မိန့်တော်မူပါသည်။ ယုံကြည်သူတိုင်းအတွက် အခွင့်အရေးရှိပါသည်။ ယနေ့ကျွန်ုပ်တို့က လူမျိုးကြီးဝင်လား၊ဣသရေလလူတို့ကဲ့သို့ လူအများကြီးဝင်လား၊ ဣသရေလလူတို့ကဲ့သို့လူအများကြီးဝင်ဖြစ်ပါက အခမဲ့ရသောဘုရားသားသမီးကဲ့သို့ ဖြစ်ကြပေမည်။ ဘုရားသခင်သားသမီးဖြစ်ရခြင်းက အခမဲ့ကျေးဇူးတော်နှင့်ဖြစ်ရခြင်းဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့အသက်တာအားဖြင့် ကောင်းကင်သို့ရွှေရောက်ပါသလား၊ ငွေ ရောက်နေပါသလား။ ကောင်းကင်သို့ ငွေရောက်လိုပါက ဧဝံဂေလိအတွက်ပံ့ပိုးကြပါ။ ဆုတောင်းကြပါ။ ကောင်းကင်သို့ ရွှေပို့လိုပါက ကိုယ်တိုင်သက်သေခံကြပါ။ သက်သေခံခိုင်းခြင်း ဖြစ်ပါသည်။ ဟောပြောခိုင်းခြင်းမဟုတ်ပါ။ နှုတ်ကပတ်တော်တည်းဟူသောဧဝံဂေလိသည် စာကိုဖတ်ပြီး၊ ကျက်ပြီးဟောခိုင်းခြင်း မဟုတ်ပါ။ အသက်တာ၌ ကိုယ်တွေ့ခံစားရသောသက်သေ၊ ဘုရားသခင်၏ကောင်းမြတ်ခြင်းကို တဆင့်ပြန်၍ပြောပြခြင်း၊သက်သေခံခြင်းသည်သတင်းကောင်းဖြစ်ပါသည်။ ဧဝံဂေလိတရားက အပြစ်သားတိုင်းအတွက် ကောင်းသောသတင်း ဖြစ်ပါသည်။ အပြစ်ရှိနေသောသူသည် သေလျှင် ငရဲကျမှာသေခြာပါသည်။ ဘာသာတိုင်းကိုလေ့လာဆင်ခြင်ကြည့်ပါ။ မကောင်းမှုပြုသောသူဘယ်တစ်ယောက်မျှကောင်းသောနေရာသို့မရောက်နိုင်ပါ။

မိမိတို့မကောင်းတာ မလုပ်ပါဟု အချို့က ဆိုနေကြသော်လည်း စိတ်နှလုံးက အပါယ်ကြောက်နေပါကမကောင်းတာလုပ်ထား၍ဖြစ်သည်။အပြစ်ရှိနေ၍ဖြစ်ပါသည်။ အြေ<ွကးမရှိပါက အကြွေးရှင်ကို ကြောက်စရာမရှိပါ။ အကြွေးရှိပါက အကြွေးရှင်၏အသံကို ကြားယုံနှင့်ပင် ပုန်းနေရပါသည်။ ယနေ့ ကျွန်ုပ်တို့၌ အပြစ်ရှိသောကြောင့် သေခြင်းကို ကြောက်နေကြရပါသည်။ ထိုအခြေမှ လွတ်နိုင်မည့်သတင်းက သတင်းကောင်းဖြစ်ပါသည်။ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ၊ သားတော်ကိုယုံကြည်သောသူသည် ဘုရားသခင်၏သားသမီးဖြစ်သည်။ (ယော၊၃း၁၈)(ဂလာ၊၃း၂၆) ဣသရေလလူတို့သည် ဘုရားသခင်၏သက်သေကိုထူဖို့ ဘုရားသခင်၏လူဖြစ်ခွင့်သာရကြသည်။ကျွန်ုပ်တို့က ဘုရားသခင်၏သားဖြစ်ကြရပါသည်။ ဘုရားသခင်၏အိမ်တော်သို့ ဝင်ခွင့်ရကြသူများ ဖြစ်သည်။ကျွန်ုပ်တို့ကောင်းကင်သို့ မည်သည့်အရာပို့ကြမည်နည်းး။ ကျွန်ုပ်တို့လောက၌ ပိုင်ဆိုင်သမျှတိုက်၊ အိမ်၊ ကား၊ရွှေ၊ ငွေပစ္စည်းဥစ္စာအားလုံးတို့သည်တစ်နေ့ လောကမှ ထွက်ခွာသွားသောအခါ ကျန်ရစ်ခဲ့မည်ဖြစ်သည်။

ဧဝံဂေလိအတွက် ကျွန်ုပ်တို့ပါဝင်ခဲ့သမျှမကျန်ခဲ့ပါ။ ကျွန်ုပ်တို့အသက်တာပြောင်းလဲပြီး ခင်ပွန်း၊ ဇနီးမပြောင်းလဲသေးပါက၊ သူတို့ငရဲသွားရမည့်အရေးစဉ်းစားပြီး အိပ်ပျော်ကြပါရဲ့လား၊ အမှန်ချစ်ပါက အိပ်ပျော်ကြမည်မဟုတ်ပါ။ မချစ်ပါက ဒီလောက်ဆိုးသောသူ ငရဲသွားတာတောင်နည်းသေးတယ်ဟု ဆိုကြပေမည်။ သတင်းကောင်းက လူတိုင်းကြား၍ ခံစားဖို့ဖြစ်သည်။ ကျွန်ုပ်တို့နေ့စဉ်ဝေစာဝေခြင်းအားဖြင့် ပါဝင်နိုင်သည်။ သက်သေခံခြင်းအားဖြင့်ပါဝင်နိုင်သည်။ ယနေ့ မပြောင်းလဲလျှင်လည်း တစ်နေ့ပြောင်းလဲလာဖို့ရန် မျှော်လင့်နိုင်ပါသည်။ ပြောင်းလဲတိုင်း ကောင်းကင်သို့ ရွှေမှုန်ကလေးများပို့ထားခြင်းကဲ့သို့ဖြစ်ပြီး ကောင်းကင်သို့ ရောက်သွားသည့်အခါ များစွာသောဆုလဒ်များအဖြစ် တွေ့ရမည်ဖြစ်သည်ကို ဆင်ခြင်၍ အားထုတ်လျက် အသက်ရှင်ကြဖို့ရန်မေတ္တာနှင့် အသိပေးဝေငှလိုက်ပါသည်။


နာမတော်မြတ်၌
ညီအစ်ကိုကြီး Dr. တင်မောင်ထွန်း (Rev)

Facebook Google Twitter buttons

သက်သေခံချက်များ Testimony (random article)

ခရစ်တော်၌ ရှိသောလူ

(ဇော်ထူး)

သားတော်မောင် ယာကုပ်တကောင် ကုတင်ပေါ်တွင် ပတ်ချာလှည့် ဆော့ကစားနေ၍ ကျွန်တော်မနည်း လိုက်ဖမ်းနေရသည်။ ဒီကောင်ကလေးက ရေချိုးပေးပြီးလျင် ထိုသို့ပြုနေကျ။ ရေချိုးပြီးတိုင်း ကုတင်ပေါ်တွင် ရေစိုစိုနှင့် လူးကာလှိမ့်ကာ လှည့်ကာပတ်ကာနှင့် ဆော့ကစားတတ်တာ သူ့အကျင့်။ သူ့ကို ဆွဲဖမ်းလိုက် ခေါင်းကို ခြောက်အောင်သုတ်လိုက်၊ တဖန်ထွက်ပြေးပြန်သဖြင့် အမိပြန်ဖမ်းကာ ပေါင်ဒါကိုလိမ်းလိုက် နှင့် သူနှင့် နပန်းလုံးနေရသည်။ ကျွန်တော်မောပြီး လိုက်မဖမ်းနိုင်သဖြင့် ဆော့မကစားရန် အသားနားခံ တောင်းပန်တော့မှ ဘသားချောက ဖခင်ဖြစ်သူ ကျွန်တော့်ကို သနားသွားသည် ထင်သည်။ ပြုံးစပ်ပြုံးစပ်နှင့် အနားမှာ အသာတကြည် လာထိုင်ရှာသည်။ ထိုအခါမှ ဒိုက်ပါဝတ်ခြင်း၊ အင်္ကျီဘောင်းဘီဝတ်ခြင်းတို့ကို အေးအေးသက်သာပြုရသည်။ သူ၏ အမှုအားလုံးအပြီးမှာ နံရံပေါ်မှာ ချိတ်ထားသော နာရီကို လှမ်းကြည့်လိုက်သည်။

ဟိုက်။ ၁ နာရီတောင် ကျော်ပြီပဲ။ ဆရာမျိုးသူ၏ သိက္ခာတင် အခမ်းအနားကို သွားဖို့ တာစူထားသည့် ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ အခမ်းအနားက တနာရီခွဲမှာ စမည်။ အခုပင် တနာရီကျော်နေပြီ။ မှီမှ မှီပါ့တော့မလား။ ကမန်းကတန်း အင်္ကျီနှင့် ဘောင်းဘီကို လဲလိုက်သည်။ သမီးဖြစ်သူ ချောလေးက အရေးထဲမှ ဖျားနေပြန်သည်။ မိသားစုကို ခေါ်ရန်မဖြစ်နိုင်တော့။ ထို့ကြောင့် သူတို့ကို ချန်ထားကာ တကိုယ်တည်းထွက်လာခဲ့သည်။ ထွက်လာသည့်အချိန်တွင် တနာရီ ဆယ့်ငါးခန့် ရှိနေပြီဖြစ်သည်။ ရထားနှင့် သွားလျင် မှီတော့မည်မဟုတ်။ တက္ကစီငှား၍ သွားရန် ဆုံးဖြတ်လိုက်ပြီး လမ်းဘေး ပလက်ဖောင်းပေါ်မှာ ရပ်လိုက်သည်။ ပလက်ဖောင်းပေါ်ကနေ တက္ကစီ တစီးစီး အလာကို စောင့်နေလိုက်သည်။ ကျွန်တော့်ရှေ့ကနေ တက္ကစီတွေ တစီးပြီးတစီး ဖြတ်သွားသည်။ အားလုံးက မအားလပ်ကြောင်း ညွှန်ပြသည် အနီရောင် မီးတွေနဲ့ချည်း ဖြစ်သည်။ မီးနီတက္ကစီတွေကို မကျေနပ်စွာ ကြည့်ရင်း အားလပ်သည့် အစိမ်းရောင်မီး တက္ကစီ တစီးစီးအလာကို စိတ်မရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။ မကြာမှီမှာပင် အစိမ်းရောင်မီးနှင့် တက္ကစီတစီးလာနေသည်ကို ၀မ်းမြောက်စွာ တွေ့လိုက်ရသည်။ လွတ်သွားမည် စိုး၍ လက်ကို အရှည်ဆုံးဖြစ်အောင် ဆန့်ထုတ်ကာ တားလိုက်သည်။ ကျွန်တော်တားသည်ကို အစိမ်းရောက်မီးနှင့် တက္ကစီသမား မြင်သွားဟန်တူသည်။ ကျွီကနဲ့ နေအောင် ဘရိတ်ကို အုပ်ကာ ကျွန်တော့်ရှေ့မှာ တုံ့ကနဲ နေအောင် ရပ်လိုက်သည်။

တက္ကစီကားပေါ် ရောက်တော့ တက္တစီသမားက ဘယ်သွားမှာလဲ သဘောနှင့် မေးငေါ့ပြသည်။ သွန်မဆင် ဘက်(ပ်)တစ်ချာ့(ပ်) လို့ ပြောတော့ တခါမှ မကြားဘူးသည့်အလား ကြောင်တောင်တောင်နှင့် ပြန်ကြည့်သည်။ သူမသိဘူး ဟု ဆိုသည်။ ကဲ မသိလဲ မပူနဲ့ ကျွန်တော်သိတယ်။ လမ်းကို ကျွန်တော်ပဲ ပြပေးမယ် လို့ ကျွန်တော် ဆိုလိုက်တော့ သူက ကျေးဇူးတင်ကြောင်း ပြောပြီး ကားကို စမောင်းသည်။ ကျွန်တော်၏ စိတ်ထဲမှာ ချာ့(ခ်ျ)ကို အချိန်မှီ ရောက်ရန် စိတ်စောနေသည်။ ဖြစ်နိုင်လျင် လေယာဉ်တစီးငှားကာ သွားလိုက်ချင်သည်။ အလျင်လိုနေသည့် ကျွန်တော့်ကို တက္ကစီသမားက အလိုက်မသိစွာ စကားကို ဖောင်ဖွဲ့ပြောနေပြီး ကားကို ဖြေးညှင်းစွာ မောင်းနေသည်။ သူနှင့် စကားပြောရသည်မှာ စိတ်မပါပေမင့် မကောင်းတတ်၍ အလိုက်အထိုက် ပြန်ပြောနေမိသည်။ စိတ်ထဲမှာတော့ မောင်မင်းကြီးသား မြန်မြန်မောင်းပါလို့ ပြောနေမိသည်။ သူကတော့ ကျွန်တော့်စိတ်ထဲက အဖြစ်ကို သိဟန်မတူ။ တောင်တောင်အီအီ ရောက်တတ်ရာရာများကို ပြောပြီး လေကြောရှည်နေသည်။ ကြာတော့ ကျွန်တော် သည်းမခံနိုင်တော့။ ကျေးဇူးပြုပြီး မြန်မြန်မောင်းပါဗျာ။ ကျွန်တော် အလျင်လိုနေလို့ ဆိုတော့မှ ဆောရီးဆောရီး ဆိုကာ စကားကိုဖြတ်၍ အလျင်အမြန်မောင်းရှာသည်။ ဒီလိုမြန်မြန်မောင်းတော့လည်း ခဏလေးနှင့် လိုရာကို ရောက်သည်။

ချပ်(ခ်ျ)ကို ရောက်တော့ အချိန်က အတော်ကို နောက်ကျနေပြီ။ ကျသင့်ငွေကိုရှင်း တက္ကစီပေါ်ကဆင်းကာ အခမ်းအနားရှိရာ ခန်းမဆောင်သို့ သွားသည့် လှေကားထစ်များကို ကျော်တက်ပြေးလွှား လိုက်သည်။ အပေါ်ထပ်ရောက်တော့ အခမ်းအနား အ၀င်ဝတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးများနှင့် စားပွဲတခုက အသင့် စောင့်ကြိုနေသည်။ စားပွဲပေါ်တွင် စာအုပ်ကြီးတအုပ်ကို ဖွင့်ထားသည်။ စာမျက်နှာ ပေါ်တွင် ဆရာ့အတွက် ဂုဏ်ပြုမှတ်တမ်းလေးများကို တက်ရောက်လာသူ အသီးသီးက ရေးထိုးထားနေသည်ကို တွေ့ရသည်။ စားပွဲမှာ ထိုင်နေသည့် မိန်းကလေးများက ကျွန်တော့်ကို မြင်တော့ ဆရာ့အတွက် မှတ်တမ်းလေး အမှတ်တရ ရေးပေးပါဟု ပြောသောကြောင့် ဘောလ်ပင်ကို ကောက်ကိုင်ကာ အောက်ပါအတိုင်း ရေးလိုက်သည်။

ကွန်ဂရက်ကျူလေးရှင်း။ ဆရာရဲ့ အမှုဆောင် ကာလတလျှောက်လုံး ဘုရားသခင် ကောင်းချီးပေးပါစေ ဆိုသော စာသားကို

အင်္ဂလိပ်လို ရေးလိုက်သည်။ ရေးပြီးမှ စုတ်ချာလှသော ကျွန်တော်၏ အင်္ဂလိပ်လက်ရေးကို ကြည့်ပြီး မကျေနပ်သောကြောင် နောက်တခါ ပြန်ရေးဖို့ ပြင်လိုက်သည်။ လက်ရေးကအရေးမကြီးပါဘူးကွာ အဓိပ္ပါယ်က ပိုအရေးကြီးတယ် လို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ရင်း ပြင်ရေးမနေတော့ပဲ အခမ်းအနား ကျင်းပသည့် ခန်းမဆောင်ထဲသို့ ၀င်လိုက်သည်။ ခမ်းမဆောင်တခုလုံးသည် လူပရိတ်သတ်အများနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ခုံတန်းလျားများအာလုံး နေရာလွတ်မကျန်တော့။ ထိုင်စရာ နေရာ ရလိုရငြား ဟိုဟိုဒီဒီ ရှာဖွေကာ ကြည့်ရှုလိုက်သည်။ နေရာလွတ်က ရှာမတွေ့။ မကျေနပ်သေးသဖြင့် နောက်ဆုံး ခုံတန်းလျားများကနေ ရှေ့ဆုံးခုံတန်းလျားအထိ လျှောက်သွားပြီး တနေရာစာ ရလိုရငြား လည့်ပတ်ရှာဖွေကြည့်လိုက်သည်။ တနေရာဆို တနေရာမှ မတွေ့။ ရှာမတွေ့သည့်အဆုံး ခန်းမဆောင်၏ နောက်ဖက်သို့ ပြန်လာကာ နံရံကို မှီပြီး ရပ်လိုက်သည်။ ထိုင်လို့ မရပေမင့် အနည်းဆုံးတော့ မှီပြီး ရပ်ရန် နေရာရ၍ တော်သေးသည်။ ရပ်နေလျက်ပင် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကစား ကြည့်ရှုလိုက်သည်။ စင်မြင့်ပေါ်ရှိ ခုံတန်းပေါ်တွင်က အဖြူရောင် လက်ဝါးကပ်တိုင်ပုံပါသည့် အနီရောင်ပ၀ါ များကို လွှမ်းခြုံထားသည့် သိက္ခာတော်ရ ဆရာကြီးများက ထိုင်နေကြသည်။ မြန်မာပြည်မှ ဖိတ်ခေါ်ထားသော ဆရာကြီးများ ဖြစ်ဟန်တူသည်။ ကျွန်တော်နှင့် သိသော ဆရာတပါးတလေများ ပါမလား ဆိုပြီး ကြည့်လိုက်သေးသည်။ ကျွန်တော်သိသော ဆရာတယောက်မှ မပါ ။ မြန်မာပြည်က ဆရာများနှင့်အတူ စင်္ကာပူမှ ဆရာတော်ကြီးများကိုလည်း တွေ့ရသည်။ သူတို့ကတော့ နက်ကတိုင်နှင့် ကုတ်အင်္ကျီများကို အနောက်တိုင်း ဆန်ဆန် ၀တ်ဆင်ထားသည်။ ဘယ်ဘက် အဆုံးမှာ ကတော့ ဆရာ သြဂတ်စတပ်ကို ကျက်သရေအပြည့်နှင့် တွေ့လိုက်ရသည်။ ဆရာ့၏ ဘေးမှာတော့ ဆရာရဲဝင်းလတ်က တည်ငြိမ်စွာ ထိုင်နေသည်။

မကြာမီမှာ သီဆိုချီးမွမ်းခြင်း ဖြင့် အခမ်းအနား စတင်သည်။ ကိုသားငယ်က သီဆိုချီးမွမ်းခြင်းကို ဦးဆောင်သည်။ ကုတ်အင်္ကျီ၊ နက်ကတိုင်နှင့် အကျအန ၀တ်ဆင်ထားသော ကိုသားငယ်သည်လည်း ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည်စုံနေသည်။ တီးခတ်သော တူရိယာပစ္စည်းအသံများက ခန်းမဆောင် တခုလုံး မြိုင်ဆိုင်စွာ ပျံ့လွင်နေသည်။ ယုဒသန်နှစ်ခြင်းအသင်းတော်၏ သီဆိုချီးမွမ်းခြင်း အဖွဲ့မှ လူငယ်များ နှင့် အတူ ပရိတ်သတ်များ၏ ဂုဏ်တော်ချီးမွမ်းသံက ကျွန်တော့် နှလုံးသားထဲတွင် ၀မ်းမြောက်မှုကို ဖြစ်ပေါ်စေသည်။ သံပြိုင် ကျူးဧ သီဆိုတေးကား၊ ခန်းမတွင်မက ဘ၀ဂ်တိုင်အောင် လျှံနေသည်ဟု ထင်မိသည်။ သီချင်းများအားလုံးက အင်္ဂလိပ်လိုချည်းဖြစ်သည်။ လျှာခလုတ်မတိုက်အောင် သတိထားကာ သီဆိုနေရပေမဲ့ သီဆိုကိုးကွယ်ခြင်း နှလုံးသားကိုသာ အဓိကထားသော ဘုရားသခင် ၀မ်းမြောက်ပေလိမ့်မည်။ သီချင်း ၃ ခု ဆိုအပြီးမှာတော့ သားတော်မောင်ကြောင့် မောရတာတွေ၊ တက္ကစီသမားအား စိတ်ထဲကနေ မကျေနပ်တာတွေ၊ အားလုံး ကြက်ပျောက် ငှက်ပျောက်ပျောက်ကုန်သည်။ ဘုရားသခင်အား ကိုးကွယ်ခြင်းနှင့် စိတ်နှလုံးထဲမှာ ထားခြင်းသည် အပြစ်၏ ကျေးကျွန်ဘ၀ကနေ လွတ်မြောက်စေသည် ဆိုသည်ကို ခံစားမိခိုက်မှာပင် ကိုးကွယ်ချီးမွမ်းခြင်း အစီအစဉ် ပြီးဆုံးသွားသည်။

နောက်အစီအစဉ်ကတော့ ကျမ်းစာဖတ်ခြင်း အစီအစဉ် ဖြစ်သည်။ ဆရာတော် သြဂတ်စတပ်ကိုယ်တိုင် ဖတ်ရွတ်သည်။ ရှင်မဿဲ ခရစ်ဝင်ကျမ်းမှ အခန်းကြီး ၂၀ ၁- ၁၆ အထိ ဖတ်သွားသည်။ အခန်းငယ် ၁၆ မှ  စာသား ဖြစ်သည့်

 ထိုနည်းတူ နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်။ 

ဆိုသည့် စာသားကို ဆရာသြဂတ်စတပ်က နှစ်ကြိမ်တိုင်တိုင် ဖတ်ရွတ်သွားသည်။ ဆရာတော် ဖတ်ပြီးသောအခါ ထိုကျမ်းပိုဒ်ကို ဟောရန် စင်္ကာပူမှ ဆရာတော်တပါးက တရားဟော စင်မြင့်တွင် နေရာယူသည်။ ကျမ်းပိုဒ်ပါ စာသားများ၏ အနက်ကို သူက ဖွင့်ဆို ရှင်းပြသည်။ စပျစ်ဥယာဉ်ကို ပိုင်သော အိမ်ရှင်သည် နံနက်စောစော အိမ်မှထွက်၍ ဥယာဉ်၌ လုပ်ဆောင်ရန် အလုပ်သမားများကို ဒေနာရိ တပြားနှင့် သဘောတူငှားရမ်းသည်။ တချက်တီးအချိန်တွင် အိမ်ရှင်သည် တဖန်ထွက်ပြန်၍ ဥယာဉ်၌ လုပ်ဆောင်မည့် သူများကို ဒေနာရိ တပြားနူန်းနှင့် ထပ်မံငှားရမ်းပြန်သည်။ ထိုသို့အားဖြင့် နှစ်ချက်တီး၊ သုံးချက်တီး၊ ဆယ်တနာရီ အချိန်များတွင်လည်း အိမ်မှ ထွက်ကာ ထို့နည်းတူ ငှားရမ်းပြန်၏။ လုပ်ခများ ရှင်းရန် အချိန်ရောက်သော အခါ၊ နံနက်မှ စ၍ ငှားရမ်းခဲ့သူများကို ကတိအတိုင်း ဒေနာရိ တပြားကို လုပ်အားခအဖြစ်  ရှင်းသည်။ ဆယ့်တနာရီအချိန်မှ ခေါ်၍ ခိုင်းသူများကိုလည်း ဒေနရိတပြားပင် ပေးသည်။ ထိုအခါ နံနက်ကတည်းက အချိန်နာရီများစွာ လုပ်ခဲ့ရသူများက  တနာရီတည်းသာလုပ်ရသည့် နောက်မှလုပ်သောသူများနှင့် တန်းတူ လုပ်အားခရခြင်းအပေါ် မကျေနပ်ကာ အိမ်ရှင်အား မတရားဟု အပြစ်ဆိုသည်။

ထိုနေရာ၌ တရားဟော ဆရာက ခေတ္တရပ်ကာ လူ၏ စိတ်သည် ထိုကဲ့သို့ သဘောမျိုးရှိတတ်သည်ဟု ဆိုသည်။ မိမိနောက်မှ လာသောသူသည် မိမိထက် သာလွန်သွားသည့် အခါမျိုးတွင် ဣသာမိစ္ဆရိယ စိတ်မျိုး ဖြစ်ပေါ်တတ်သည်။  အမျက်ဒေါသထွက်တတ်သည်။ နောက်မှ လာသူသည် ချီးမြှောက်ခြင်းကို အမှန်တကယ်ပင် ရသင့်ရထိုက်၍ ရသွားသည့်အခါ ပေါက်ဖွားလာသည့် မနာလိုစိတ်သည် မဖြစ်သင့်မဖြစ်ထိုက်သော မနာလိုမှု ဖြစ်သည်။ နောက်မှ လာသူသည် ချီးမြှောက်ခြင်းကို ထိုက်တန်ခြင်းမရှိပဲ ရသွားအခါ စိတ်ထဲမှာ ဖြစ်ပေါ်လာသည် မနာလိုမှုသည် ဖြစ်သင့်ဖြစ်ထိုင်သည့် မနာလိုမှု ဖြစ်သည်။ ထိုအခါ မခံချင်စိတ်လည်း ဖြစ်ပေါ်တတ်သည်။ မတရားဘူးဟုလည်း ခံစားရတတ်သည်။ ကြွရောက်လာသော ပရိတ်သတ်များကြားထဲတွင် ထိုကဲ့သို့ စိတ်ထားမျိုးရှိပါသလားဟု တရားဟောဆရာက မေးမြန်းသည်။ ဓမ္မဆရာများရဲ့ နှလုံးသားများထဲမှာ၊ အသင်းတော်ခေါင်းဆောင်များရဲ့ နှလုံးသားထဲမှာ၊ အသင်းသားများရဲ့ နှလုံးသားထဲမှာ ဆရာမျိုးသူအား ချီးမြှောက်ခြင်းအပေါ် မနာလို ၀န်တိုမှုများ ရှိပါသလားဟု လှည့်ပတ် မေးမြန်းသည်။ ခန်းမတခုလုံးက ငြိမ်နေသည်။ မည်သည့် တုန့်ပြန်မှုမှ မကြားရ။ ထောင်ကျော်ရှိနေသော ခန်းမထဲရှိ ပရိတ်သတ်များ၏ နှလုံးသားအသီးသီးထဲတွင် ထိုကဲ့သို့သော စိတ်မျိုး မရှိတန်ရာ။

ထိုသို့ စိတ်ငြိမ်နေစဉ်မှာပင် အခမ်းအနား အစီအစဉ်စာရွက်ကို ကျွန်တော်ပြန်ကြည့်သည်။ ဆရာတော် သြဂတ်စတပ်၏ နှလုံးသားအိမ်မှ စာစုလေးကို ဖတ်မိသည်။ ထိုစာစုလေးက တိုတောင်းသော်လည်း ထိမိသည်။ ဘုရားသခင်သည် လူ၏နှလုံးသားကို တန်ဖိုးထားကြောင်း ရေးသားထားသည်ကို ခွန်အားဖြစ်စွာ ဖတ်ရှုမိသည်။ ဟုတ်သည် နှလုံးသားသည် ဘုရားသခင်အတွက် အရေးကြီးပေသည်။ ဖြူစင်သောနှလုံးသားနှင့် ဆက်ကပ်ခြင်းကို ဘုရားသခင်လိုလားသည်။ ညစ်ထေးနေသော နှလုံးသားနှင့် ဆက်ကပ်ခြင်းကို ဘုရားသခင်မလိုလား။ ဖြူစင်သောနှလုံးသားနှင့် ဆပ်ကပ်သော သူတို့၏ လုပ်ရပ်သည် ကျောက်သံပတ္တမြားများဖြစ်ပြီး မီးနှင့် စစ်သောအခါ ပျက်စီးသွားမည် မဟုတ်။ ညစ်ထေးသော နှလုံးသားဖြင့် ဆက်ကပ်သော သူတို့၏ လုပ်ရပ်သာ ကောက်ရိုးမြက်ခြောက်များကဲ့သို့ ဖြစ်၍ မီးနှင့် စစ်သောအခါ လောင်ကျွမ်းပျက်စီးကြပေလိမ့်မည်။ ခန်းမထဲရှိ ယုံကြည်သူအယောက်စီတိုင်း ညစ်နွမ်းသော ထိုစိတ်မျိုး ရှိကြလိမ့်မည်မထင်။

တရားဟော ဆရာသည် အဘယ်ကြောင့် ထိုကဲ့သို့သော တရားကို ဟောသည်ကို ကျွန်တော် စဉ်းစား၍ မရ။ သိက္ခာတင်ပွဲ အခမ်းအနားများတွင် ထိုကဲ့သို့ ဖြစ်တတ်ကြ၍ ဟောသည်လော။ သို့တည်းမဟုတ် မဖြစ်ကြရန် ကြိုတင် ကာကွယ်လို၍ ဟောသည်လော ဆိုသည်ကို ကျွန်တော် မသိ။ သို့ပါသော်လည်း ထိုကဲ့သို့သော မနာလိုခြင်းရှိသည့် စိတ်ထားမျိုး ကျွန်တော့်အသင်းတော်တွင် မရှိစေချင်ပါ။ ယုဒသန်အသင်းတော်တွင် မရှိစေချင်ပါ။ ယုဒသန်အသင်းတော်တွင်သာ မဟုတ်။ စင်္ကာပူရှိ အသင်းတော်များတွင်လည်း မရှိစေချင်ပါ။ တကမ္ဘာလုံးရှိ အသင်းတော်များတွင်လည်း မရှိစေချင်ပါ။ တရားသော်ငြားလည်း ဖြစ်ပေါ်တတ်သည့် မဖြစ်သင့် မဖြစ်ထိုက်သော မနာလိုခြင်း၊ မတရားသောကြောင့် ဖြစ်သင့်ဖြစ်ထိုက်သော မနာလိုခြင်း နှစ်ရပ်စလုံး ဘယ်မနာလိုခြင်းမျိုးမှ မရှိစေသင့်ပါ။

ကျွန်တော်၏ အတွေးများကို တရားဟော ဆရာက ဖြတ်တောက်လိုက်သည်။ တရားဟောဆရာက အကယ်၍များ ဆရာမျိုးသူအား ချီးမြှောက်ခြင်းကို မတရား ဘူးဟု ခံစားမိလျင် ခရစ်တော်ကို သတိရပါ။ ခရစ်တော်သည် မိမိအပြစ်တပြားမှပင် မရှိပါပဲလျက် မတရားသဖြင့် လက်ဝါးကားတိုင်တင်ကာ အသေခံခဲ့ရပါသည်။ ခရစ်တော်က သူခံရတာ မတရားဘူးဟု ဆိုကာ လက်ဝါးကပ်တိုင်၌ အသေခံတော်မမူလျင် ကျွန်တော်တို့လည်း ကယ်တင်ခြင်းရမည် မဟုတ်ပါ။ ရှင်ပေါလုကလည်း မတရားမှုကို သီးညည်းမခံခဲ့လျင် တိုင်းတပါးသားဖြစ်သော ကျွန်တော်တို့လည်း ကယ်တင်ခြင်း သတင်းကောင်းကို ကြားရမည် မဟုတ်ပါ။ ထိုကြောင့် တရားသည်ဖြစ်စေ၊ မတရားသည် ဖြစ်စေ ခရစ်တော်နှင့် ရှင်ပေါလုတို့ကို စံနမူနာ ပြု၍ မနာလိုကင်း၊ ၀န်တိုရှင်းကာ အမှုတော်မြတ်ကို ဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းသွားသည်။  တရားဟောခြင်းကို အဆုံးသတ်သည့်အနေဖြင့် "နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြလိမ့်မည်။" ဆိုသည့် ကျမ်းပိုဒ်ကို ရှင်းလင်းသည်။ ရှေ့သို့ အရင်ရောက်ရန် "ငါ" ကို ရှေ့တန်းတင်လျင်လည်းကောင်း၊ မိမိကိုယ်ကို ရှေ့ဆုံးမှာ ထား၍ ချီးမြှောက်လျင်သော်လည်းကောင်း၊ ထိုသူသည် နောက်ကျကျန်ရစ်ခဲ့လိမ့်မည်။ သို့ပါသော်လည်း "ငါ"ကို နောက်မှာထား၍ အမြဲ နောက်ဘက်မှာနေလျင်သော်လည်းကောင်း၊ နှိမ့်ချစွာ အမှုတော်ကို ဆောင်ရွက်လျင်သော်လည်းကောင်း၊ ထိုသူသည် အရင်ဆုံးကျသည့် ရှေ့ဆုံးတန်းကို တွန်းပို့ခြင်း ခံရလိမ့်မည်ဟု လေးနက်သော တရားကို ဖွင့်ပြ ရှင်းလင်းသွားသော တရားဟောဆရာအား မှန်လိုက်လေ ဟု ကျွန်တော် ထောက်ခံလိုက်သည်။  

ကျွန်တော့်အမြင်တွင် ဆရာမျိုးသူသည် ထိုက်တန်စွာ ချီးမြှောက်ခြင်း ခံရသော သူ တယောက်ဖြစ်သည်။ ဆရာနှင့် ကျွန်တော် ထဲထဲဝင်ဝင် သိကျွမ်းခြင်း မရှိသော်လည်း ဆရာ၏ စိတ်သဘောထားကို ကျွန်တော်ကျက်မိသည်။ ဆရာသည် အလွန်ပင် သိမ်မွေ့သည်။ အကျင့်စာရိတ္တဆိုင်ရာ၌လည်း ပုံသက်သေကောင်း ပြနိုင်သည်။ နှလုံးသား ဖြူစင်သည်။ ပညာတတ်တယောက် ဖြစ်ငြားသော်လည်း မာနမရှိ။ အမြဲ နှိမ့်ချသောသူ တယောက် ဖြစ်သည်ကို ကျွန်တော်ထိတွေ့ခံစားဘူးသည်။ ကျွန်တော်သည် လူတယောက်ကို တန်ဖိုးဖြတ်ရာ၌ သူ၏ ပိုင်ဆိုင်မှုကို ကြည့်၍ တန်ဖိုးမဖြတ်ပါ။ သူ၏ ပညာကို ကြည့်၍လည်း တန်ဖိုးမဖြတ်ပါ။ သူ၏ လုပ်နိုင်စွမ်းရည်ကို ကြည့်၍လည်း တန်ဖိုးမဖြတ်ပါ။ သူ၏ တန်ခိုးပါဝါကို ကြည့်၍ အထင်မကြီးပါ။ သူ၏ ရာထူးဌာနန္တာရကို ကြည့်၍လည်း မရိုသေပါ။ ကျွန်တော် လေးစားသော သူမျိုး တမျိုးတည်းသာ ရှိသည်။ "ခရစ်တော်၌ ရှိသောလူ" ၏ ဖြောင့်မတ်ခြင်းမျိုးရှိသော သူကိုသာ ကျွန်တော် ရိုသေလေးစားပါသည်။ ဆရာမျိုးသူတွင် ထိုကဲ့သို့သော ဖြောင့်မတ်ခြင်းမျိုးကို ကျွန်တော်တွေ့ရသည်။ ထိုဖြောင့်မတ်ခြင်း တခုတည်းနှင့်ပင် ဆရာသည် ထိုက်တန်စွာ ချီးမြှောက်ခြင်း ခံထိုက်သည်ဟု ကျွန်တော်ထင်သည်။ ထို့အပြင် ဆရာသည် ကျွန်တော့်အတွက် သမ္မာတရားများကို နားလည်အောင် အားထုတ်ခြင်းအရာ၌ အကူအညီများစွာ ပေးခဲ့သည်။ ကျွန်တော်မေးသမျှကို ဆရာစိတ်ရှည်လက်ရှည် ဖြေသည်။ နားလည်အောင် ရှင်းပြသည်။ ကျွန်တော်၏ ၀ိညာဉ်ရေးရာ ကျဆင်းနေချိန်များ၊ တိုက်ခိုက်မှုများကို ခံနေရသည့် အချိန်များတွင် ဆရာသည် ကျွန်တော့်အပေါ် အားပေးဖေါ် ဖြစ်ခဲ့သည်။ ဆရာသည် ပညာပြည့်ဝ၊ နှလုံးလှသူ တယောက် ဖြစ်သည်မှာ သေချာသည်။ ဆရာကဲ့သို့သော လူမျိုးကို ချီးမြှောက်ခြင်းအား မတရားဘူးဟု ခံစားမိသူများ မရှိပါစေနှင့်။

တရားဟောခြင်း အစီအစဉ်ပြီးသော အခါ ဆရာမျိုးသူ၏ အတ္တုပတ္တိအကျဉ်းနှင့် စင်္ကာပူနှစ်ခြင်းအသင်းချုပ်ကောင်စီ၏ အစီရင်ခံစာ ကို ဖတ်ကြားသည်။ ဆရာသည် ၁၉၈၃ ခုနှစ်တွင် စင်္ကာပူသို့ လာရောက် ပညာသင်ကြားခဲ့ပြီး၊ ရေကြောင်း အင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှတဖန် လေယာဉ်မှူးသင်တန်းကို တက်ရောက်ခဲ့ပြီး စင်္ကာပူလေကြောင်းလိုင်းတွင် လေယာဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမှ နေ၍ ဘုရားသခင်၏ ရွေးကောက်ခြင်းကို ခံခဲ့ရပြီး ယုဒသန်နှစ်ခြင်း အသင်းတော်တွင် လက်ထောက်သင်းအုပ်အဖြစ် အမှုတော်မြတ်ကို ထမ်းဆောင်ခဲ့သည်။ သီအိုလော်ဂျီ ဘွဲ့ကိုမူ စင်္ကာပူ ရှိ ကျမ်းစာကျောင်း တွင် ရယူခဲ့ကာ အမှုတော် သက်တမ်း ၅ နှစ်ကျော်တွင် သိက္ခာတော်ရ ဆရာအဖြစ် ချီးမြှင့်ရန် ရွေးချယ်ခံရခြင်း ဖြစ်သည်။ သိက္ခာတော်ရ ဆရာဖြစ်ရန် အရည်အချင်းစစ် စာမေးပွဲများကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြီး အသင်းတော်အုပ်ချုပ်ခြင်းနှင့် ပတ်သက်သည့် အရာများကို လက်တွေ့ကျကျ ဖြေဆိုနိုင်ခဲ့သဖြင့် ယခုကဲ့သို့ သိက္ခာတော်ရ ဆရာအဖြစ် အခမ်းအနားနှင့် ချီးမြှင့်ခြင်း ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။ ဘွဲ့ရပညာတတ်သော ဆရာသည် မိမိတတ်ကျွမ်းသော လောကီပညာရပ်များဖြင့် ငွေကြေးမြောက်များစွာကို ရှာဖွေနိုင်ပါလျက်၊ ဘုရားသခင်၏ ခေါ်ခြင်းကို နားငြောင်းပြီး အမှုတော်မြတ်၌ ခြေစုံပစ်ဝင်ကာ ထမ်းဆောင်နိုင်မှုအပေါ် ကျွန်တော် အံ့သြလေးစားမိရပေသည်။


အခမ်းအနား အစီအစဉ်အရ ဆရာမျိုးသူအား သိက္ခာတော်ရ ဆရာကြီးများ အားလုံးလက်တင်၍ ဘိသိက် ပေးကြသည်။ ထို့နောက်မှ ဆရာတော်သြဂတ်စတပ်မှ ဆရာ့အတွက် သိက္ခာတော်ရ ဆရာများဝတ်ဆင်လေ့ရှိသော အနီရောင် ပုဝါ ၀တ်ရုံလွှာကို ၀တ်ဆင်ပေးသည်။ ဆရာနှစ်ပါး ထိုသို့ တယောက်က တယောက်ကို ချီးမြှောက်ခြင်းကို မြင်တွေ့ရသော ကျွန်တော် အလွန်ပင် ၀မ်းမြောက်မိသည်။ ထိုမြင်ကွင်းလေးသည် ယုဒဿန်နှစ်ခြင်း အသင်းတော်၏ အနာဂတ်ကို ပုံဆောင်သော မြင်ကွင်းပင် ဖြစ်သည်။ ကြီးသူက ငယ်သူကို  လက်တွဲခေါ်ယူခြင်း၊ ငယ်သူက ကြီးသူကို လေးစားခြင်း သဘောကို ထိုမြင်ကွင်းတွင် တွေ့ရသည်။ ထိုနောက်မှ ဆရာမျိုးသူက ကျေးဇူးတင်စကား ပြောကြားရင်း ယုဒဿန် နှစ်ခြင်းအသင်းတော်အတွက် ကျရာနေရာမှ ထမ်းဆောင်မည် ဖြစ်ကြောင်းကို အာဗြဟံ၏သား ဣဇာက်အတွက် ကြင်ယာရှာပုံတော် အကြောင်းနှင့် ဆက်စပ် ပြောဆိုသည်။ ဣဇက်အတွက် ကြင်ယာရှာသည့်အခါ ပါဝင်သည့် လူများဖြစ်သည့် ဣဇာက်၊အာဗြဟံ၏ကျွန်၊ကုလားအုပ်၊ရေဗက္က၊ရေဗက္ကအထိန်းတော် စသည်တို့ ရှိသည့် အနက်မှ ဝေယျာဝစ္စ အမှုများကိုသာ ဆောင်ရွက်သည့် ရေဗက္ကအထိန်းတော် နေရာတွင် သူပါဝင်ဆက်ကပ်ပါမည် ဟု ပြောဆိုသည့်အခါ ကျွန်တော်သည် ဆရာ၏ နှိမ့်ချ ခြင်းအရာကို မလေးစားပဲ မနေနိုင်ပါ။ နောက်တန်းမှာ နေ၍ အမှုကို ထမ်းမည့် စိတ်ထားရှိသော ဆရာ့ကို "နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်" ဟု ဆိုသည့်အတိုင်း ဘုရားသခင်သည် ရှေ့မှာထား၍ ချီးမြှောက်လိမ့်မည် ဆိုသည်ကို ကျွန်တော် ရဲရဲကြီး ပြောရဲပါသည်။

အခမ်းအနားကို သိက္ခာတော်ရဆရာ တည်းဟူ ရာထူးကို ပူပူနွေးနွေး ရရှိထားသော ဆရာကိုယ်တိုင်က လက်တင် ကောင်းချီးပေးကာ အဆုံးသတ်လိုက်သည်။ အခန်းအနားအပြီး ဆရာနှင့်အတူ ဓါတ်ပုံရိုက်ခွင့်ရရန် အကြာကြီး ကျွန်တော် ထိုင်စောင့်သည်။ လူအများနှင့် တွဲလျက် ဓါတ်ပုံများရိုက်နေသည်ကို စိတ်ရှည်လက်ရှည် ထိုင်စောင့်အပြီး လူရှင်းသောအခါ ဆရာနှင့်အတူ ကျွန်တော် အမှတ်တရ ဓါတ်ပုံ ရိုက်ခဲ့သည်။ ထိုသို့ ဓါတ်ပုံ ရိုက်ခဲ့ရသည့် အချိန်သည် ကျွန်တော့်အတွက် ဂုဏ်ယူဝမ်းမြောက်စရာ အကောင်းဆုံး အချိန်ဖြစ်သည်။ ကျွန်တော့်ကဲ့သို့ပင် ယုဒဿန်အသင်းတော် ဆရာတော်သြဂတ်စတပ် အပါအ၀င် အသင်းတော်ခေါင်းဆောင်များ၊ အသင်းသူအသင်းသားများလည်း ဆရာ့အတွက် ဂုဏ်ယူကြမည်ဆိုသည်ကို ကျွန်တော် အတပ်သိပါသည်။ ဤအခမ်းအနားသည် "ခရစ်တော်၌ ရှိသောလူ" တယောက်ကို ထိုက်ထိုက်တန်တန် ချီးမြှောက်လိုက်သော မင်္ဂလာအခမ်းအနား တရပ်ဖြစ်ကြောင်း နှင့် ယုဒဿန် အသင်းတော်ကြီး အဓွန့်ရှည် တည်တံ့ရန်အတွက် အုတ်မြစ်ကောင်းတခုကို ချလိုက်သော အခမ်းအနားတခုလည်း ဖြစ်ကြောင်းကို သိမှတ်ရင်း ဆရာမျိုးသူအား ဤဆောင်းပါးဖြင့် ရေးသား ဂုဏ်ပြုလိုက်ရပါသည်။ ဆရာ နှင့် ဆရာ၏ သာသနာသည် အသင်းတော်နှင့် အတူ တည်တံ့ ခိုင်မြဲပါစေသော်။

နာမတော်အားဖြင့်

ဇော်ထူး

 

 

ဝိညာဉ်ရေးရာ Spiritual (random article)

ဝိညာဉ်ခွန်အားနည်းချိန်အတွက်ဆာလံကျမ်းပိုဒ်များ


U Myo San (Bangkok)

အမှတ်တရကျမ်းပိုဒ်လေးများ ဝေငှပါသည်။

(ဆာလံ ၂၂း၉-၁၁) သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို အမိဝမ်းထဲက ဆွဲယူ၍ ၊နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်း ကို ပယ်ရှင်းတော်မူ၏၊၊ အကျွန်ုပ်သည် ဘွားကတည်းကပင် လက်တော်သို့ ရောက်ပါ၏၊၊ အမိဝမ်းထဲမှ စ၍ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူပါပြီ၊၊ အကျွန်ုပ်နှင့် ဝေးဝေးနေတော်မမူပါနှင့်၊၊ ဘေးအန္တ ရာယ် ရောက်လုနီးပါပြီ၊၊ မစသောသူမရှိပါ၊၊

(ဆာလံ ၂၅း၁-၃၊၇၊၈) အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်တသလျက် နေပါ၏။

Read more... Link  

Footer Monthly Articles & Web.Blogs

 

ဝိညာဉ်ရေးဆိုင်ရာလစဉ်ရွေးချယ်ထားသောမုရန်ဆောင်းပါးအချို့

 


Our Friendly Web & Blogs Links
jbcs.org.sg/main
woorank.com/en/www/sawpatrick.net
moemaka.com/2012/06/guest-writer-ပြည်သူတို့လိုချင်နေတ
spiritlessons.com/languages/index.htm
thawthikho.blogspot.com/2010/02/blog-post_9931.html
mahnkoko.blogspot.com.au
divinerevelations.info/languages/index.htm
mcathailand.com
myanmarinsingapore.com
karenfamily.org/profiles/blogs/links-1
zomimessenger.com/2012/09/column-music-column-extra-links-holy.html
streamoflife99.com/articles/jesus18yrsproblem.html
tudoenkung.wordpress.com/online-bibles
burmesebible.com/links.htm
jinghpawtingsan.blogspot.com/2011/04/morphvox-junior-voice-changer.html
sawkyawoo.com/2011/10/website_21.html
bethelkhrihfabu.net/nitin-bible-relnak.html
immanuelmyanmarchurch.com/apps/blog
mahnkoko.blogspot.com.au/2012/06/blog-post_10.html
kc-nl.blogspot.in/2011/09/2011-ning-ladaw-kcnl-nawku-hpung-wai.html
laaituibaptistchurch.com
mahnkoko.blogspot.com/2012/07/normal-0-false-false-false-en-au-x-none.html
mcflondon.com
dawnathar.blogspot.com/2010/11/blog-post_8330.html
imcwheaton.org
kc-nl.blogspot.com/2012/05/atrocities-in-kachin-land.html
kokomaunguk.blogspot.co.uk/2012/01/blog-post_21.html
sawpatrick.net
shinthan.com
bangkokchristchurch.net
batupuei.webs.com
burmesebible2008.blogspot.com/2009/10/typhoon-in-philippines.html
globalmcf.ning.com
intouchcnet.com
karanilan.webs.com/apps/videos/videos/show/5464117
kokomaunguk.blogspot.com.au/2012/06/blog-post_09.html
kokomaunguk.blogspot.sg/2012/08/blog-post_8666.html
mcctulsa.com
mgchit.blogspot.in/2012/08/blog-post_18.html
mmwebgallery.com
nlbcusa.wordpress.com
sawchit.blog.com/2011/06/12/ကျီးတို့အလယ်မှ-ဒေါင်း
sawchitthu.blogspot.com/2012/03/software-license-version.html
simonkamta.blogspot.com/p/mp3-download_16.html

swecanaan.blogspot.com/2012/09/andriod-phone-program.html
thelordword.com
tkbc-japan.net
bangkokchristchurch.net

haineni.ning.com
bangkokchristchurch.net
globalmcf.ning.com/
thawthikho.blogspot.com
orangeask.com
miccfortwayneusa.blogspot.com
mcflondon.com
kokomaunguk.blogspot.com

mission-one.co.cc                   
chanlinnay.mandalaybloggers.org

thespiritfruit.com
mg-m.blogspot.com  ကျမ်းစာလေ့လာနည်းများ
mcbc4u.blogspot.com မုရန်ဆောင်းပါးအချို့.
www.myatmingalar.com/ မြတ်မင်္ဂလာဒေသနာများ
myanmar-odb.org နေ့စဉ်ခွန်အား(မြန်မာ)

Ref:

http://www.alexa.com

Facebook Twiter Google Buttons

ရယ်ရွှင်ဘွယ်ရာ (Random Selection)


Received from William
ရယ်မောဘွယ်များ၊ ဟာသ များဟာ ပညာပေးရာမှာ အလွန်ထိရောက်သလို.. မိတ်ပျက်၊ အဖွဲ့အစည်းပျက်စီးသွားနိုင်ပါတယ်။ ဘယ်သူ့မှ မထိခိုက်တဲ့ ရယ်ရွှင်ဘွယ်များကို မုရန်မှ တင်ပြပေးရန် ရည်ရွယ်ပါတယ်။ ရံဖန်ရံခါ လူ၊အဖွဲ့အစည်းများနဲ့ တိုက်ဆိုင်မှုရှိခဲ့သော် နားလည်ခွင့်လွှတ်စေလိုပါတယ်။

အခု နာမည်ကျော် အီတာလီယံ တေးဂီတတင်ဆက်မှုလေးကတော့ .. ကမ္ဘာကျော်တေးသီချင်းများနဲ့တေးသရုပ်ဖေါ်မှုများကို ယူတြုအဖြစ် စုပေါင်းတင်ဆက်ထားခြင်းဖြစ်ပါတယ်။ အားလုံး ရယ်မောနိုင်ကြပါစေ...

မုရန်

https://www.youtube.com/watch?v=sAFI1i5FIBc&feature=player_embedded#!

 

ဗဟုသုတဆောင်းပါး (Random Selection)

Dee De

အမိနိုင်ငံမှထွက်ခွါလာပြီး ပြည်ပကို ရောက်ကတည်းက ယုံကြည်သူအများစု၏ ဆုတောင်းချက်များမှာ အလုပ် အကိုင်ရရှိရေး၊ အလုပ်ရပြီးသော် အလုပ်သမားဝန်ကြီးဌာနမှ အလုပ်လုပ်ကိုင်ခွင့် ပါမစ်ရရေး၊ အေးဂျင့် နှင့်လာ သူများက အကြွေးကျေရေး၊ အလုပ်ထဲမှာ အဆင်ပြေရေး စသည်ဖြင့် ဘုရားသခင်ထံမှာ တောင့်ရှောက် ဆု တောင်းနေခဲ့ပါသည်။ အရာရာတိုင်းတွင်၎င်း၊ အမှု့ကြီးငယ်တိုင်းတွင် ဘုရားသခင်ကို ကိုးစားခြင်း၊ ဆုတောင်း ခြင်းဖြင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် မင်္ဂလာရှိသော အမှု့ဖြစ်သည့်အားလျော်စွာ ဘုရားသခင်ထံ တော်မှ ကိုယ်နှင့် သင့်တော်သော ကောင်းကြီးမင်္ဂလာများရရှိပါသည်။

ပြည်ပတွင်ရှိသော လူများ၏ဘ၀သည် စိန်ခေါ်မှု့များနှင့်ပြည့်နေပါသည်။ အလုပ်ရှင်၊ အလုပ်သမားနှင့် အဆင် ပြေရေး၊ တာဝန်ကိုကျေပြွန်စွာထမ်းဆောင်နိုင်ရေး၊ ကုမ္မဏီမပြိုလဲရေး၊ အလုပ်မပြုတ်ရေး၊ လုပ်ငန်းခွင်မတော်တ ဆထိခိုက်ခြင်းမှ ကင်းဝေးရန်၊ ရသင့်ရထိုက်သောရာထူးများရရှိရန်၊ ရသင့်ရထိုက်သော လုပ်အားခရရှိရန်၊ ဖျား နာခြင်းမရှိရန် အစရှိသဖြင့် စိန်ခေါ်မှုအားလုံးကို ဘုရားသခင်ထံမှာ အပ်နှံလျှက် အစဉ်မပြတ်ဆုတောင်း နေရပါ သည်။ ပထမဆင့်ဆုတောင်းချက် ပြည့်စုံသွားသဖြင့် လျော့တိလျော့ရဲ ဘုရားသခင်ကို မေ့ချင်သလို၊ ဆုတောင်း ခြင်းအားနည်းသွားသော ယုံကြည်သူတချို့များ  ဤဒုတိယဆင့် စိန်ခေါ်မှု့များမကျော်နိုင်သောအခါ ပျာပျာသလဲ ဖြင့် ဘုရားသခင်ထံပြန်ပြေးလာပြီး ၀န်ချတောင်းပန် ဆုတောင်းပြန်၏။ သားသမီးတိုင်းကို ချစ်တော်မူသော အနန္ဒမေတ္တာရှင်ဘုရားသခင်သည် ချစ်တော်မူသောသူများကို ဆုံးမပဲ့ပြင်လျှက် သူ့ထံသို့ပြန်လာသောသူ များကို အပြုံး မေတ္တာဖြင့်လက်ခံလေ့ရှိပါသည်။ ထိုနည်းတူ ပြည်တွင်းတွင် ရှိသော ယုံကြည်သူများ အားလုံး    သည် လည်း ဘ၀ အရွယ်တိုင်းတွင် စိန်ခေါ်မှု့များ၊ အခက်အခဲများ နှင့် ပြည့်နေပါသည်။

ဘ၀စိန်ခေါ်မှု့များသည် ထိုနေရာတွင်မပြီးသေး။ အိမ်ထောင်ရှင်များ မိသားစုခေါ်ရန်၊ အပျိုလူပျိုများ ဘ၀အဖေါ် နှင့် အိမ်ထောင်ရေးပြင်ဆင်ရန်၊ ပညာရေး၊ အိမ်ဝယ်ရန်၊ ဘ၀ရှေ့ရေးခိုင်မာအောင်တည်ဆောက်ရန် အစရှိသော စိန်ခေါ်မှု့အခက်အခဲများကို ဘုရားသခင်ကို ကိုးစားလျှက်ဆက်လက်ဆုတောင်းရပါသည်။ အချို့ယုံကြည်သူများ မှာ ဤတတိယအဆင့် စိန်ခေါ်မှု့များကို လက်လျှော့လျှက် ရှိနေသော အနေထားတွင် ရောင့်ရဲတင်းတိမ်နေကြ သူများလည်းရှိပါသည်။ စိန်ခေါ်မှု့များသည် ဤတတိယအဆင့်တွင်မပြီး အသက်အိုရင့် ပြီး သေသည့်အချိန်ထိ ဘ၀စိန်ခေါ်မှု့များ၊ အခက်ခဲများနှင့် ပြည့်လျှက်ရှိပါသည်။ လူအများစုသည် ရက်သတ္တတစ်ပတ်လျှင် ၆ ရက်၊ တချို့ဆိုလျင် ၇ ရက်ထိလုပ်ရပြီး တစ်ပတ်ခြား၊ တနည်အားဖြင့် တစ်လ လျှင် ၂ ရက်သာနားခွင့်ရပါသည်။

ပင်ပန်းလှသော လူ့ဘ၀တွင် ကျနော်တို့သည် မည်သူ့အတွက် အသက်ရှင်နေပါသနည်း။

တိုတောင်းလှသော ဤလူ့ဘ၀သည် အဘယ်ကြောင့် ပင်ပန်းနေရသနည်း။

ရှောလမုန်မင်းကြီး

က္ကုသရေလလူမျိုးတွက် ပထမဆုံးဗိမာန်တော် ဆောက်လုပ်ခဲ့သူမှာ ရှောလမုန်မင်းကြီးဖြစ်ပါသည်။

ထိုမြို့၌ ထာဝရဘုရားသည် ညဥ့်အခါအိပ်မက်တွင် ရှောလမုန်အား ထင်ရှားလျက်၊ ငါပေးရမည်ဆုကို တောင်းလော့ဟု ဘုရားသခင်မိန့်တော်မူ၏။ ဓမ္မရာဇ၀င်တတိယစောင် ၃း၅

အနန္ဒတန်ခိုးရှင်ထာဝရဘုရားသခင်မှ သင့်ကို လိုချင်သောဆုတောင်းပါဟု ပြောလျှင် အသင်မိတ်ဆွေ ဘာဆုတောင်းမည်နည်း။ လက်ရှိဘ၀တွက် အရေးကြီးဆုံးသော လိုအပ်ချက် များတောင်းကြမည် ဖြစ်သည်။ သင်၏အသက်တာတွင် အရေးကြီးဆုံးလိုအပ်ချက်များသည် မည်သည့်အရာများဖြစ်သနည်း။ ရှောလမုန်မင်း ကြီးသည် လူသားတစ်ဦးဖြစ်သည့်အားလျှော်စွာ ဘုရားသခင်ထံမှတောင်းသောဆုကျေးဇူးများသည် ထူးခြားခဲ့ ၏။ နိုင်ငံတော်တည်တံ့ရန် တောင့်တင်းသောစစ်အင်အား၊ခိုင်မာသောစီးပွါးစနစ်၊ မင်းစည်းစိမ်များကို မတောင်း ဘဲ ဖြောင့်မတ်စွာတရားစီရင်နိုင်ရန် “ပညာ” ကိုသာတောင်းခဲ့ပါသည်။

သို့ဖြစ်၍ ကိုယ်တော် ကျွန်သည် ကိုယ်တော်၏ လူတို့ကို တရားစီရင်နိုင်မည်အကြောင်းကောင်းမကောင်းကို ပိုင်းခြား၍ သိတတ်သော ဥာဏ်ကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ်တော်၏ လူတို့ကို အဘယ်သူသည် ကိုယ်အလို အလျောက်တရား စီရင်နိုင်ပါမည်နည်းဟု တောင်းလျှောက်၏။

ထိုသို့ ရှေလမုန်တောင်းလျှောက်သော ပဌနာစကား ကို ထာဝရဘုရားသည် နှစ်သက်တော်မူ၏။

၃ရာ ၃း၉-၁၀။

ဘုရားသခင်သည် ရှောလမုန်မင်းကြီးကို သူတောင်းသောပညာသာမက အပိုဆုများကို ပေးသနားခဲ့ပါသည်။ ထို့ ကြောင့် ရှောလမုန်မင်းကြီးသည် ကျမ်းစာထဲတွင်ထူးခြား အောင်မြင်သော ဘုရင်တစ်ပါးဖြစ်ခဲ့ပါသည်။ ဓမ္မရာဇ၀င်တတိယစောင် ၃း ၁၁-၁၄

ပညာသည် အမြတ်ဆုံးဖြစ်ကြောင်း သုတ္တံကျမ်းထဲတွင် ဖေါ်ပြထားပါသည်။

ပညာသည် အမြတ်ဆုံးသော အရာဖြစ်၏။ ပညာကို ဆည်းဖူးလော့။ ဆည်းဖူး သမျှသော ဥစ္စာတို့တွင် ဥာဏ်ကို ဆည်းဖူးလော့။ သုတ္တံ ၄း၇

ဘုရားသခင်သည် သူ၏သားသမီးများကို ကောင်းကြီးပေးရန် အမြဲတမ်းအဆင်သင့်ရှိသလို ကောင်းကြီးများကို ရယူရန် ကျနော်တို့ကို အမြဲတမ်းဖိတ်ခေါ်နေပါတယ်။ ဘုရားသခင်သည် ကျနော်တို့ယုံကြည် သူသား သမီး များကို သူ၏အမွှေခံသားသမီးဖြင့် သတ်မှတ်ထားပါသည်။ ကျေးဇူးတော်ကြောင့် အမွှေခံခွင့်ရရှိထားသော အသင်မိတ်ဆွေ- အဖဘုရားထံမှ အမြင့်ဆုံးဆုကျေးဇူးဖြစ်သော ပညာအမွှေကို တောင်းခဲ့ပြီးပြီလား။

သင်တို့တွင်တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ၊ ခပ်သိမ်း သော သူတို့အားစေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကိုတောင်းစေ။ တောင်းလျှင် ရလိမ့်မည်။ ယာကုပ် ၁း၅

အကြောင်းမူကား၊ ထာဝရဘုရားသည် ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သောဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာ ဖြစ်တတ်၏။ သုတ္တံ ၂း၆

ပညာ၏ဆုကျေးဇူးကို ကျမ်းစာထဲတွင်အများအပြား ဖေါ်ပြထားပြီး အထူးသဖြင့် သုတ္တံကျမ်းတွင်လည်းဖေါ်ပြ ထားပါသည်။ ပညာသည် ဥစ္စာပစ္စည်းလို မပျောက်ပျက်တတ်ဘဲ အောင်မြင်သော လူ့ဘ၀အသက်တာကို ရရှိ စေပါသည်။

အကြောင်းမူကား၊ ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘော ကိုငါတို့အား ပေးတော်မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏။ ၂တိ ၁း၇

ဘုရားသခင်သည် ရဲရင့်သောစိတ်ကို ပေးထားသဖြင့် အခက်ခဲပြသာနာများကို တည်တည်ငြိမ်ငြိမ် ဖြင့်ကျော် လွှားနိုင်သောအခွင့်၊ အရာရာတိုင်းတွင် စိတ်နှလုံးတည်ငြိမ်ရသောအခွင့်ကို ရရှိစေပါသည်။ တန်ခိုးပါသောစိတ် ကိုဘုရားသခင်ကပေးထားသဖြင့် အလုပ်ရှင် လုပ်ဖေါ်ကိုင်ဖက် များနှင်အဆင်ပြေရသောအခွင့်၊ အခက် အ ခဲပြ သနာများကိုဖြေရှင်းနိုင်သောအခွင့်၊ အန္တာရယ်များနှင့်ကင်းလွှတ်ရသောအခွင့်၊ ထူးချွန်အောင် မြင်ရ သော အ ခွင့်ထူး များကိုရရှိစေပါသည်။ ချစ်တတ်သောစိတ်ကို ရရှိလျှင် ပညတ်တော်အားလုံးကို ကျင့် နိုင်သောအခွင့်၊ လူအများ ၏ချစ်ခင်လေးစားခြင်းကိုခံစားရသည့်အခွင့် ကိုရရှိစေပါသည်။ ရှင်းလင်းသောစိတ်ကို     ရရှိလျှင် အကျင့်စာရိတ္တ ကောင်းမွန်ခြင်း၊ အမြဲတမ်းဝမ်းမြှောက်နိုင်ခြင်းအခွင့်ကို ရရှိစေပါသည်။

အကြောင်းမူကား၊ ကိုယ်နှင့်စပ်ဆိုင်သောသူကိုကိုယ်နှင့် အမျှချစ်လော့ဟူသော ပညတ်တပါးကိုကျင့်လျှင်၊ ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာရောက်၏။ ဂလာတိ ၅း၁၄

ကျနော်တို့၏ နေ့စဉ်အသက်တာတွင် အလုပ်နှင့်အိမ်၊ အိမ်နှင့်လုပ်၊ အလုပ်နှင့်ပြသာနာ၊ အိမ်နှင့် စားဝတ်နေရေး ပြသာနာ၊ ကျန်းမာရေးပြသနာ၊ မိသားစုပြသနာ စသည့်ပြသနာပေါင်းသောင်းခြောက်ထောင် ကိုဘာလို့ခါးမှာ စည်းထားနေကြသနည်း။ လောကမှာ အောင်မြင်သောအသက်တာတွက် “ ပညာဆုကျေးဇူး” ကိုပေးထားပြီး အောင်မြင်နိုင်သောအခွင့်ကို ဘုရားသခင်က အာမခံပေးထားပါတယ်။

ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ် နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏၊၊ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသောသူအား ပေးစရာဘို့၊ ဆည်းဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏၊၊ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကို ကျက်စားသောအမှုဖြစ်၏၊၊ ဒေသနာကျမ်း ၂း၂၆

ချစ်သောမိတ်ဆွေတို့- အမြင့်ဆုံးဆုကျေးဇူးဖြစ်သော “ ပညာဆုကျေးဇူး” ကိုဘုရားသခင်ထံမှာ တောင်းယူပြီး ပြီ လား။ ကောင်းကြီးမင်္ဂလာများကို ကြွယ်ဝစွာရရှိရန် မိမိတို့စိတ်နှလုံးကို အသစ်ပြုပြင်ရန် လိုပါသည်။ စိတ်နှလုံး ကို အသစ်ပြုပြင်ရန် သူတစ်ပါး ချည်နှောင်ထားသောစိတ်၊ ကိလေသစိတ်၊ ညစ်ညူးသောစိတ်၊ ရန်လိုသောစိတ်၊ သင်းကွဲသောစိတ်၊ ၀ါကြွားသောစိတ်၊ ဂုဏ်ပြိုင်သောစိတ်၊ မန်မာနစိတ်၊ ကြမ်းတမ်းသောစိတ်၊ သူတစ်ပါး အား ပြုစားလိုသော စိတ် များကင်းရှင်းရန်လိုပြီး ချစ်တတ်သောစိတ်၊ နှုတ်ကပတ်တော်တိုင်းအသက်ရှင်လိုသောစိတ်၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း နှင့်အတူ နှုတ်ကပတ်တော်တွင် ပျော်မွေ့လိုသောစိတ် ရှိရန်လိုအပ်ပါသည်။

ဥာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏။ သုတ္တံ ၃း၁၃

အယောက်စီတိုင်း ဘုရားသခင်ထံတော်မှ ပညာဆုကျေးဇူး ကိုရယူနိုင်ပါစေ။

Dee De

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.1)

အဖကျေးဇူး

နံနက် အာရုံလင်းချိန် ဟိုကောင်းကင်ထက်မှာ
ဝမ်းမြောက် ပျော်ရွှင်နေ့စဉ် ခံစားရ
တောင်ပေါ်လျှိုမြောင်ဖြစ်ပါစေ၊ တောင်အောက် မြေပြန့်ဖြစ်ပါစေ
ကိုယ်တော်ဘုရားရဲ့ မေတ္တာ ပြောင်းလဲခြင်းမရှိပေ

ညဥ့်ချမ်း သန်းကောင်ယံဖြစ်ပါစေ၊  အဖဘုရားရဲ့ အရိပ်အောက်မှာ

ငြိမ်သက်ပျော်ရွှင်ချမ်းသာ ခံစားရ
အဆင်ပြေနေသည်ဖြစ်ပါစေ၊ ခက်ခဲနေသည်ဖြစ်ပါစေ
ကိုယ်တော်ဘုရားရဲ့မေတ္တာ လုံလောက်လျှက်နေ

Cho:  အိုအဖ . . ကိုယ်တော်အား . . အစဉ်ချီးမွှမ်းမည်

နာရီစက္ကန့်တိုင်းမှာ ချီးမွှမ်း၍မကုန်ပါ
ယနေ့တိုင်အောင် ကြီးမားမေတ္တာ ဂရုဏာ
အဖဘုရားရဲ့ ကျေးဇူးတော် ကြီးမားလှ


 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.2)

 

ဘီယာဆိုင်မှာ ဇီဇာကြောင်ကာ မောင် မထိုင်နိုင်ပါ

အများသုံးပြီး ဈေးပေါတဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ။

 

ဘာဘီကျုကို ပါတီလူစုပြီး မောင် မကိုင်နိုင်ပါ

ထမင်းတစ်ဆုပ် ဟင်းအပုပ်နဲ့ စက္ကူစုတ်ထဲမှာ။

 

အပေါင်ဆိုင်မှာ ယောင်တောင်ပေါင်တောင် မောင် မငိုင်နိုင်ပါ

လမ်းဘေးက အလုပ်ကြမ်းတဲ့ လုပ်ငန်းခွင်ထဲမှာ။

 

အပျိုတစ်သုတ်နဲ့ ဘီယာစုပ်ပြီး မောင် ဘိုလို မမှုတ်ချင်ပါ

တီဗွီ အစုတ် ပဲလှော်တစ်ထုတ်နဲ့ ရေနွေး မှုတ်သောက်တတ်သူပါ။

 

4D ထီ ဆိုင်မှာ တန်းစီပြီးတော့ ကံ ကို မောင် မမျှော်နိုင်ပါ

ကောင်းတဲ့ အလုပ်ဆို ဘာမဆိုလုပ်ဖို့ ဆုံးဖြတ်ထားသူပါ။

 

သူဌေးကြိုက်တဲ့ ခွေးမိုက်လို့ မောင် အခေါ်မခံနိုင်ပါ

အလုပ်ကြမ်းသမား ရောင်းရင်းများနဲ့ လက်ရည် တစ်ပြင်တည်းပါ။

 

ဒစ္စကို ဘားမှာ ညီအစ်ကို ကုလား နဲ့ မောင် မကနိုင်ပါ။

ခြေလှုပ်လက်လှုပ် လေချွန်ပြီးတော့ မောင်က အပျင်းဖြေတတ်သူပါ။

 

နွေနေပူပူ သူဌေး ဆူတဲ့ စင်ကာပူနိုင်ငံမှာ

ငွေလည်ချူယူ ကညာဖြူတွေနဲ့ မောင် မကြူနိုင်အားပါ။

 

ချွေးစေးကပ်နေတဲ့ မောင့်ရင်ဘတ်ရဲ့  အနီးဆုံး တစ်နေရာမှာ

အတင်း မတုတ်တတ်တဲ့ ရွာက မိဘုတ်အတွက် ကဗျာ တစ်ပုဒ် ကပ်ထားမှာ။                   ။

မင်းအောင်သက်လွင

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.3)

ပွင့်လှစ်နေတဲ့ကောင်းကင်
လှမ်း၍မျှော်ကြည့်သောအခါ
သန့်ရှင်းသောဘုရားစိုးစံသည်

ကျွန်ုပ်၏အလိုအပ်ဆုံးအရှင်
ကျွန်ုပ်၏မျှော်လင့်ခြင်းသခင်
ကျွန်ုပ်၏ အတမ်းတဆုံး

ကိုယ်တော်သန့်ရှင်း သန့်ရှင်း
သန့်ရှင်းသောဘုရား
ကိုယ်တော်သန့်ရှင်း သန့်ရှင်း
သန့်ရှင်းသောဘုရား

ဘုန်းတန်ခိုးနှင့် ဆင်ြး<ွကမူပါ
နှလုံးသားထဲက ချီးမွမ်းကိုးကွယ်
သခင့်ရဲ့မျက်မှောက်လွှမ်းမိုးသော အရပ်
ထိုအရပ်ရပ်တို့၌ ကျွန်ုပ်အမြဲရှိချင်

( သန့်ရှင်းသောဘုရား
ကိုယ်တော် တပါးတည်းသာ
ထာဝရ အမြဲကိုးကွယ်မည် . . )


မပြောင်းလဲနိုင်တဲ့ မေတ္တာ
အမြဲတမ်းတည်မယ့် သစ္စာ
သခင်ဘုရား၏ ဖြောင့်မတ်ခြင်း

ကောင်းကင်သားများနှင့်အတူ
မြွတ်ဆိုချီးမွမ်းကိုးကွယ်
အနှိုင်းမဲ့ တန်ခိုးရှင်ဘုရား


Htar Wa Ya.ppt