
ဖခင်များနေ့ဆိုရင် မိမိဖခင်ကိုသတိရ၊ ပြောဆို၊ ချီးမွှမ်း၊ သက်သေခံကြတယ်။ အထူးသဖြင့် အမျိုးသမီးများ၊ ဖခင်ကိုမိခင်ထက် ပိုပြီးသတိရကြတယ်။
ဦးဂျပ်ဆမ်ရဲ့အကြောင်းပါ။ သာမန်ရိုးစင်းတဲ့ဖခင်များနေ့။
စံပြဖခင်အကြောင်း။ ဇနီးဆုံးပါးသွားသော်လည်း နောက်အိမ်ထောင်မထူ။ ဖခင်၊မိခင် တာဝန်၂ခုစလုံး ယူသွားတဲ့ဖခင်ကို ရှာရခက်နေပါတယ်။ သို့ သော် နောက်အိမ်ထောင်မပြုတဲ့ စံပြမိခင် များစွာတွေ့နေရတာ ကျေးဇူးတော်ပါပဲ။
ဆရာတစ်ပါးရဲ့ တရားမှာ ဘုရားကိုကြောက်သောဖခင်အကြောင်း။ မြန်မာဖခင် (အဘိုး) အသက်၆၀ကျော်မှ အိမ်ထောင်ရေးအမှုကျူးလွန်လို့ သားသမီး၊မြေးများ ၀ိုင်းဝန်းမှုနဲ့ ကိစ္စပြီးသွားပေမဲ့ မိခင်ဖြစ်သူက သင်းအုပ်ဆရာကို ရင်ဖွင့်တယ်။ ကျွန်မယောက်ျားဟာ အလွန်တာဝန် ကျေသောဖခင်။ အလွန်တာဝန် ကျေသောအဖိုး။ လိုလေသေး မရှိအောင် ထားပေးနိုင်သူ ဖြစ်ပါတယ်၊ သို့သော် သူမ အပေါ်တွင် မေတ္တာနှင့်သစ္စာတရားပျက်တယ် ဟုဆိုတယ်။ ဖခင်များ လမ်းပျောက်ခဲ့မှူများအတွက်။ ဖခင်ကိုရှုံချအပြစ်တင်ခဲ့သော ဇနီးသားသမီးမျာအတွက် ဆုတောင်းပေးရန် တိုက်တွန်းဟောပြောခဲ့ပါတယ်။
အများစုသောဖခင်များဟာ သာမန်၊စံပြဖခင်များဖြစ်ပါတယ်။ အိမ်ထောင်၊မိသားစုနဲ့ ရှိကြပါတယ်။ တချို့ ဖခင်များ ဇနီးသယ်ထက်သာလွန်ပြီး ချက်ပြုတ်၊ အိမ်မှုကိစ္စများ လုပ်နိုင်တယ်။ သားသမီးများ ရီးစားကိစ္စကိုတောင် နားထောင်ပေးရတဲ့ ဖခင်များစွာရှိပါတယ်။
ဦးဂျပ်ဆမ်လိုဖခင်ကတော့ အထူးစံပြဖခင်ပါ။ William Jackson Smart (1842-1919). အမေရိကန်လူမျိုး ဖြစ်ပါတယ်။ သမီးဖြစ်သူ ဆိုနိုရာ Sonora Smart Dodd အသက် ၁၆နှစ်အရွယ်မှာ မိခင်ကွယ်လွန်သွားပါတယ်။ နောက် ၂၁ နှစ်လုံး သား ၅ယောက် နဲ့ သမီးတစ်ယောက်ရဲ့ ဖခင်၊မိခင် တာဝန်များကို ကျေပြွန်ရုံမက၊ သစ္စာနဲ့မေတ္တာတရားပါ ပေးသူ ဦးဂျပ်ဆင် ဆိုသူဟာ သာမန်စစ်သားတစ်ဦးပါ။ လယ်သမားဖြစ်ပါတယ်။ ပညာမတတ်ရှာပါ။ အမေရိကန်ကျွန်စနစ်တိုက်ဖျက်တဲ့ ပြည်တွင်းစစ်မှာ စစ်ပွဲဆင်နွဲပြီး သာမန်ဖခင်တစ်ဦးအဖြစ် သားသမီးများအပေါ် မေတ္တာနဲ့သစ္စာပေးခဲ့ပါတယ်။ သားသမီး ၆ယောက် ဆိုတော့ ကြမ်းတမ်းလှတဲ့ အမေရိကန်ပြည်တွင်းစစ်မှာ မိသားစု၊စားဝတ်နေရေးအတွက် ဖူလုံအောင်လုပ်မပေးနိုင်တာ သေချာပါတယ်။ အံ့ကြ ကျေးဇူးသိတတ်လွန်းတဲ့ သမီးတစ်ယောက်က ကြိုးစားခဲ့ပါတယ်။ ဦးဂျပ်ဆပ် ကွယ်လွန်သွားတာ ဒီနှစ် ၂၀၁၀ ဆိုရင် ၈၁နှစ် ကြာသွားပါပြီ။ သမီးဖြစ်သူက မိခင်များနေ့တော့ ရှိနေပြီး ဖခင်များနေ့လည်းရှိသင့်တာယ် ယူဆပါတယ်။ ဦးဆောင်ပြီး ပထမဆုံး ဖခင်များနေ့ကို ၀ါရှင်တန်က အသင်းတော်မှာ တနင်္ဂနွေ ကိုးကွယ်ဝတ်ပြုရင်း ကျင်းပခဲ့ပါတယ်။
မိမိရဲ့ အသင်းတော်မှာ ကျင်းပပြီးနောက် အမေရိကန်နိုင်ငံလုံးအထိ ဖခင်များနေ့ကို ကျင်းပလာပါတယ်။ အမေရိကန်မှာတော့ သမ္မတနစ်ဆင်က ၁၉၇၂ မှာ ဇျွန်လ တတိယအပတ် တနင်္ဂနွေ 3rd Sunday of June ကို သတ်မှတ်ခဲ့ပါတယ်။ အချို့ နိုင်ငံ၊ဒေသ၊လူမျိုးအလိုက် သတ်မှတ်ရက် မတူကြပါ။
တာဝန်ကျေရုံမက၊ မေတ္တာနှင့် သစ္စာပါ ပေးသော ဖခင်များဖြစ်ရန်အတွက် ဆုတောင်းပေးကြပါစို့။
Ref:
http://burmesebible.com/blogspot/revmm_fatherday.fear.God.htm

ဦးဂျပ်ဆမ်ရဲ့ - ဖခင်များနေ့






