မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည် Christian Ezine

Saturday, Oct 25th

Last update12:25:28 AM GMT

You are here:: ရယ်ရွှင်ဘွယ်များ အင်တာနက်ကဖေး-ခေတ်စားနေဆဲပါ (ကာတွန်း-ညီညီမြန်မာ)

အင်တာနက်ကဖေး-ခေတ်စားနေဆဲပါ (ကာတွန်း-ညီညီမြန်မာ)

E-mail Print PDF







ညီညီမြန်မာ
http://www.nyinyimyanmar.co.cc မှတဆင့်ဖေါ်ပြသည်။


Hits: 8161
Comments (28)Add Comment
...
written by ကိုးကိုး, September 13, 2012
များများရေးးနိေ်ပါ စဗျာ
report abuse
vote down
vote up
Votes: +3
...
written by ပြည့်, September 22, 2012
ရယ်ရတယ်ဆက်ရေးပါအုံ
report abuse
vote down
vote up
Votes: +1
...
written by Sandar, October 05, 2012
Your idea is very good.Please write more.
report abuse
vote down
vote up
Votes: +0
...
written by Sandar, October 05, 2012
Your idea is very good.
report abuse
vote down
vote up
Votes: -1
...
written by့ ဟိန်းထက်, October 12, 2012
များများရေးနိုင်ပါ စ။
report abuse
vote down
vote up
Votes: +0
...
written byွှToegyiaung, October 15, 2012
ကြိုက်တယ်ဗျာဆက်ရေါးအုန်ဗျာ

report abuse
vote down
vote up
Votes: +4
...
written by နန်းဝင်းအောင်, October 25, 2012
ဆက်ရေးပါအုံးအကိုအရ်းကောင်ပါတယ်
report abuse
vote down
vote up
Votes: +0
...
written by dragoncute1500, November 02, 2012
မိုက်ပါတယ်............
report abuse
vote down
vote up
Votes: -2
...
written by ztc, November 06, 2012
ကောင်းတယ်
report abuse
vote down
vote up
Votes: +1
...
written by aa, December 28, 2012
နောက်ထက်ထင်ပြီးဓာတ ပုံတွေတင်ပါလားဗျောင်းပါတယ်..

report abuse
vote down
vote up
Votes: +2
...
written by ငယ်လေး, January 17, 2013
သမီးက ကာတွန်းဟာသတွေကို သိပ်ကြိုက်တယ် ဆက်ရေးပါ အားပေးနေမယ်
report abuse
vote down
vote up
Votes: -1
...
written by waihin, January 18, 2013
ဖတ်လို့ကောင်းပါတယ်ွယ်
report abuse
vote down
vote up
Votes: +0
...
written by ei, January 28, 2013
ကောင်းပါတယ်
report abuse
vote down
vote up
Votes: +0
...
written by soe thura, March 05, 2013
နဲနဲရှည်ရှည်ဟာသလေး ရးနော်
report abuse
vote down
vote up
Votes: +0
...
written by wialay, March 08, 2013
ဒီထက်ဟားရတာတွေမျာျးားရေးပေးပါနော်

report abuse
vote down
vote up
Votes: -2
...
written by KHK, March 25, 2013
ကောင်းပါတယ်
အင်တာနက်အကြောင်းပဲ ရးနေတယ်ပြောင်းရေုးံး
report abuse
vote down
vote up
Votes: +1
...
written by ကိုကင်, April 18, 2013
ကောင်းတယ်
report abuse
vote down
vote up
Votes: -2
...
written by maythandar, May 03, 2013
အရမ်းကောင်းတယ် ထပ်တင်ပေးပါအုံးနော
report abuse
vote down
vote up
Votes: +0
...
written by မိုးမမ, May 14, 2013
အတွေးလေးတွေကိုသဘျောဆက်ရေးပါအားပေးနေ ယ်နော်
report abuse
vote down
vote up
Votes: +0
...
written by aaaa, July 17, 2013
ကောင်းပါ့
report abuse
vote down
vote up
Votes: -1
...
written by zaw, August 12, 2013
မိုက်တယ်ဗျာ
report abuse
vote down
vote up
Votes: +0
...
written by zaw, August 12, 2013
ဒီဟာသ လေးတွေ ယူရင် မူရင် ရေးသားသူကို ပဲ ထည့်မှာလားဗျ
report abuse
vote down
vote up
Votes: -1
...
written by ပုလင်း, August 30, 2013
ကျွန်တော်လဲကာတွနိးုကြိုက်တယ်ဆက်ရေါးအုံးအားပေနေမယ်
report abuse
vote down
vote up
Votes: +1
...
written by thargyi, September 08, 2013
လေးစားလောက်ပါတယ်ဗျ
report abuse
vote down
vote up
Votes: +0
...
written by moh, October 17, 2013
အရမ်းကိုကြိုက်ပါတယ အားပေးနေမယ်နော်
report abuse
vote down
vote up
Votes: +0
...
written by moh, October 17, 2013
ကောင်းပါတယ်တော်ပါတ်
report abuse
vote down
vote up
Votes: +2
...
written by tin moh moh hlaing, October 17, 2013
အရမ်းကိုကောင်းတဲ့ဟ သများရေးပေးပါအုံး
report abuse
vote down
vote up
Votes: +1
...
written by ကိုရိုင်း, October 17, 2013
တော်ပါတယ်
report abuse
vote down
vote up
Votes: -1

Write comment
smaller | bigger

busy

Facebook Google Twitter buttons

သက်သေခံချက်များ Testimony (random article)

လူသစ်စိတ်သစ်နှင့်ကျွန်တော်


လမုန်နော်ဒီ (ကွတ်ခိုင်)

မလေးရှားနိုင်ငံ၊ ပီနန်မြို့အနီးမှ Petani Baptist Church မြန်မာမိတ်သဟာရမှ ထုတ်ဝေသောစာစောင် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ဦးဆောင်မိတ်သဟာရပြုခဲ့သော ဆရာချိုမနားလိန်း နှင့် ဇနီးသည် ဆရာမဆိုင်းခေါန် တို့သည် မြန်မာပြည် ၀ိုင်စီ YC  Youth of Christ မှ အမာခံများ ဖြစ်ခဲ့ကြပါသည်။ မြန်မာပြည်အနှံ့  ဧ၀ံဂေလိလုပ်ဆောင်ခဲ့ပြီးနောက် ပြည်ပသို့ထွက်လာခဲ့ပါသည်။ မလေးရှားနိုင်ငံ ပီနန်မြို့တွင် ၄နှစ်ခန့် သင်းအုပ်ဆရာ၊ ဧ၀ံဂေလိဆရာအဖြစ် လည်းကောင်း။ ယခု  စင်ကာပူနိုင်ငံ COS  Church Of Singapore  မြန်မာအစီအစဉ် သင်းအုပ်ဆရာအဖြစ် အမှုတော်ထမ်းဆောင်လျှက်ရှိပါသည်။

The End

 

ဝိညာဉ်ရေးရာ Spiritual (random article)

မင်္ဂလာတရားတော်၊ ရန်ငြိမ်းစေခြင်း၊ စိတ်နှလုံးနှိမ့်ချခြင်းနှင့်စိတ်နှလုံးဖြူစင်ခြင်း

မင်္ဂလာတရားတော် (၁)

သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်ဘုရား သခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။

မဿဲ ၅း၉-၁၀

မဟတ္တမ ဂန္ဒီ (Mahatma Gandhi)

ဂန္ဒီသည် ငယ်စဉ်က ကျောင်းပညာရပ်များ၌ ထူးချွန်သူတစ်ဦး မဟုတ်ချေ။ သူသည် အခြေခံပညာရပ်များကို သင်ကြားတတ်မြောက်ပြီးနောက် လန်ဒန်မြို့ သို့ သွားရောက်ကာ၊ ရှေ့ နေတစ်ယောက်ဖြစ်ရန် ဥပဒေပညာရပ်ကို သင်ကြားသည်။ ထိုသို့ ပညာသင်ကြားနေစဉ်အတွင်း ဂန္ဒီသည် ဘာသာရေးကို စိတ်ဝင်စားလာခဲ့သည်။ အထူးသဖြင့် ခရစ်တော်နှင့် ခရစ်ယာန်ဘာသာကို အလွန်အမင်း နှစ်ခြိုက်ခဲ့သည်။ ဓမ္ဓဟောင်းကျမ်းကို လေ့လာစဉ်အခါက ”ဖတ်ရတာ အရမ်းခက်ခဲတာပဲ” ဟုဆိုခဲ့သည်။ ဓမ္မသစ်ကို ဖတ်သောအခါ ဂန္ဒီသည် အထူးစိတ်လှုပ်ရှားလာသည်။ ခရစ်တော်၏ နာမည်ကျော်ကြားလှသော တောင်ပေါ်ဒေသနာသည် သူ၏ နှလုံးသားထဲသို့ စူးနစ်ဝင်ရောက်ခဲ့သည်။ အဆိုးကို အဆိုးအားဖြင့် မတုန့်ပြန်ပဲ အကောင်းအားဖြင့်တုန့်ပြန်ရန်၊ မိမိပါးတစ်ဖက်ကို ရိုက်လျင် အခြားပါးတစ်ဖက်ကိုပါ အရိုက်ခံရန်၊ အင်္ကျီကို တောင်းလျင် မိမိ ၀တ်ရုံကို ပါပေးရန် စသည့် သြ၀ါဒများသည် ဂန္ဒီ၏စိတ်ထဲတွင် စွဲမြဲနေခဲ့သည်။

”ခရစ်တော်ဟာ အရမ်းကို နူးညံ့တယ်။ သိမ်မွေ့တယ်။ စိတ်ရှည်တယ်။ သည်းခံတယ်။ ခွင့်လွှတ်ခြင်း အပြည့်ရှိတယ်။ ပြီးတော့ ”လုံးဝ ပြီးပြည့်စုံပြီး ပြည့်ဝတဲ့လူဆိုတာ သူတစ်ပါးက ပါးတစ်ဖက်က ရိုက်လို့ရှိရင် နောက်ပါးတစ်ဖက်ကိုပါ ပေးဖို့ အသင့်ဖြစ်တဲ့လူ” ဖြစ်ရမယ်လို့ သင်ကြားခဲ့တာ တကယ့်ကို လှပတဲ့ ဥပမာလေးပါပဲ။”

ဟု ဂန္ဒီဆိုခဲ့သည်။

ဂန္ဒီသည် အိန္ဒိယပြည်သို့ ပြန်ရောက်လာပြီး ကုမ္ပဏီ တစ်ခု၌ အလုပ်ရခဲ့သည်။ ထို ကုမ္ပဏီ၏ စေခိုင်းချက်အရ တောင်အာဖရိရှိ ဗြိတိသျှကိုလိုနီ နိုင်ငံလေးတစ်နိုင်ငံသို့ သွားရောက်အမှုထမ်းရသည်။ ထိုသို့ အမှုထမ်းနေစဉ် လူမျိုးရေးခွဲခြားမှုများ၊ မတရားမှုများကို ကြုံတွေ့ ခဲ့ရသည်။

ဂန္ဒီသည် ခရီးတစ်ခုပြုရန် ရထားဖြင့် ပထမတန်းစားတွဲမှ လိုက်ပါလာခဲ့သည်။ မြို့ တစ်မြို့ သို့ အရောက်တွင် မျက်နှာဖြူတစ်ဦးသည် ဂန္ဒီစီးနင်လာသော တွဲပေါ်သို့ တက်ရောက်လာပြီး အိန္ဒိယသားဖြစ်သူ ဂန္ဒီအား တွေ့ မြင်သွားသည်။ ထိုမျက်နှာဖြူသည် အလွန်အမင်းစိတ်ဆိုးဒေါသထွက်လျက် ဂန္ဒီ့ အား တွဲပေါ်မှ မောင်းထုတ်ပေးရန် မီးရထားအရာရှိကို တောင်းဆိုသည်။ ထိုမီးရထားအရာရှိက ဂန္ဒီအား အခြား တတိယတန်းစားတွဲသို့ ပြောင်းရွှေ့ ပေးရန် ပြောဆိုသောအခါ ဂန္ဒီက ငြင်းဆန်လိုက်သည်။ ဂန္ဒီက တွဲမှ ဆင်းမပေးသောအခါ ပုလိပ်အရာရှိတစ်ဦး ရောက်ရှိလာပြီး ဂန္ဒီ၏ အထုပ်အပိုးများကို မီးရထားပေါ်မှ ပစ်ချလိုက်သည်။ ဂန္ဒီ့ ကိုပါ အတင်းအဓမ္မ တွန်းထုတ်လိုက်သည်။ ဂန္ဒီခမျာ ရထားပေါ်မှ ဆင်းနေခဲ့ရသည်။

ထိုကဲ့သို့ အဖြစ်မျိုးသာမက ဟော်တယ်များ၌ အိန္ဒိယသားများကို အတည်းမခံခြင်း၊ အိန္ဒိယ ရိုးရာခေါင်းပေါင်းကို မ၀တ်ရန် တားမြစ်ခြင်း စသည်တို့သည် ဂန္ဒီ၏ ဘ၀ကို တဆစ်ချိုးပြောင်းလဲစေခဲ့သည်။ ဂန္ဒီသည် လှုမှုရေးဆိုင်ရာ မတရားမှုများ၊ လူမျိုးရေး ခွဲခြားမှုများတွင် ဦးဆောင်လှုပ်ရှားလာသည်။ ထိုသို့ လှုပ်ရှားသည့်အခါ အကြမ်းမဖက်ရေး မူကို သုံးခဲ့သည်။ အကြမ်းဖက်မှုများကို မည်သို့မျှ မတုန်ပြန်ပဲ ရဲဝံ့စွာ ခေါင်းငုံ့ခံသည်။ သူ၏ဖြောင့်မတ် မှန်ကန်မှုကြောင့် ဂန္ဒီသည် မကြာခဏ အညှင်းဆဲခံရသည်။ ထောင်ကြခံရသည်။ သို့သော် ဂန္ဒီသည် အကြမ်းမဖက်ရေးမူကို မစွန့်လွှတ်ပဲ ငြိမ်းချမ်းစွာပင် ဆောင်ရွက်ခဲ့သည်။ သူ၏ အကြမ်းမဖက်ပဲ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့မှုများသည် အိန္ဒိယနိုင်ငံ လွပ်လပ်ရေးကို အောင်မြင်စွာ ဆွတ်ခူးရန် ခိုင်မာသော အုတ်မြစ်များဖြစ်ခဲ့သည်။ ခေါင်းငုံခံခြင်း၊ သည်းခံခြင်း၊ ရန်ကို ငြိမ်းစေခြင်းတို့သည် ပျော့ညံ့ခြင်း မဟုတ်ပဲ မမြင်ရသည့် အားတစ်ရပ်ဖြစ်ကြောင်း ဂန္ဒီလက်တွေ့ ပြခဲ့သည်။

တစ်ခါက တောင်အာဖရိက၌ ရှိနေစဉ် ဂန္ဒီသည် သာသနာပြုဆရာတစ်ဦးဖြစ်သူ Charles Andrew နှင့် အတူ တစ်ညနေခင်း၌ အတူတကွ လမ်းလျှောက်ခဲ့သည်။ ထိုသို့ လျှောက်နေစဉ် ရုတ်တရက် လူတစ်စုထွက်ပေါ်လာပြီး သူတို့ ရှေ့ မှ ပိတ်ရပ်လိုက်သည်။ သာသနာပြုဆရာက ထိုလူစုသည် မိမိတို့ကို ရန်ပြုမည့်သူများဟု အကဲခတ်သိရှိလိုက်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ ဂန္ဒီက မပြေးရန်တားလိုက်သည်။

” ဓမ္မသစ်ကျမ်းမှာ ကိုယ့်ရဲ့ ညာဘက်ပါးကို ရိုက်ရင် ဘယ်ဘက်ပါးကို ပါ ပေးရမယ်လို့ ပြောထားတယ် မဟုတ်လား”

”အဲဒါက တင်စားပြီး ပြောထားတာ” ဟု သာသနာပြုဆရာက ဆိုသည်။

”ကျုပ်တော့ အဲဒီလိုမထင်ဘူး။ ကျုပ်ထင်တဲ့ဆိုလိုချက်က ကျုပ်တို့ဟာ သတ္တိရှိရမယ်။ သူတစ်ပါး ရိုက်နှက်တာကို တစ်ချက်မကဘူး။ အချက်ပေါင်းများစွာ ခံမယ်။ ဒီလိုခံပေမယ့်လို့ တစ်ချက်မှ ပြန်ပြီး မတုန့်ပြန်ဘူး။ ထွက်လည်းမပြေးဘူး။ အဲဒီလိုဆိုရင် ကျုပ်တို့ကို ရန်ပြုတဲ့လူရဲ့ စိတ်ဟာ တစ်မျိုးဖြစ်သွားတယ်။ တဖက်လူရဲ့ ဒေါသဟာ ပြေလျှော့သွားမယ်၊ ပြီးတော့ ဒေါသစိတ်အစား ရိုသေတဲ့စိတ်က ၀င်လာမယ်။ ခရစ်တော်က ဒီသဘောတရားကို ကောင်းကောင်းသိတယ်။ ဒီနည်းအားဖြင့် အောင်မြင်နိုင်တာ ကျုပ်ဘ၀ လက်တွေ့ပဲ။”

ဟု ဂန္ဒီရှင်းပြခဲ့သည်။

လူမည်းခေါင်း ဆောင် မာတင်လူသာကင်းဂျေအာရ် (Martin Luther King Jr.)

များမကြာမှီ နှစ်များ၌ အမေရိကန်မှ လူမည်းခေါင်းဆောင် ဖြစ်သူ ဒေါက်တာမာတင်လူသာကင်းသည် ဂန္ဒီ၏ နည်းကို သေချာစွာလေ့လာပြီး လက်တွေ့ အသုံးချခဲ့သည်။ အကြမ်းမဖက်နည်းကို စတင်ကျင့်သုံးသော ဒေါက်တာကင်းကို လူမည်းများစွာတို့က ကျောခိုင်းခဲ့ကြပြီး ”လူမည်းတို့၏ စွမ်းအား” ဆောင်ပုဒ်ကိုသာ လိုက်နာခဲ့သည်။ ပုလိပ်များ၏ နံပါတ်တုတ်ဖြင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံရသူများ၊ ထောင်မှူးများ၏ ညှင်းပန်းနှိပ်စက်မှုများကို ခံရသော လူမည်းများအဖို့ ဒေါက်တာကင်း၏ အကြမ်းမဖက်နည်းလမ်းကို အဘယ်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။ သို့သော် ဒေါက်တာကင်းသည် သူ၏ အကြမ်းမဖက်နည်းလမ်းကို မြဲမြံစွာ ကိုင်ဆွဲထားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတ၀ှမ်း မြို့ ကြီးများ၌ လူမည်းများ ဆန္ဒပြခဲ့စဉ် ဒေါက်တာကင်းသည် တစ်မြို့ ဝင် တမြို့ ထွက်  လူမည်းများအား ဒေါသများကို ပြေငြိမ်းရန် လိုက်လံအားပေးခဲ့သည်။ ”အကောင်းကို လိုချင်ရင် အဆိုးအားဖြင့် ဘယ်တော့မှ ရနိုင်မှ မဟုတ်ဘူး” ဟု ရဲရဲတောက် မိန့်ခွန်းခြွေသည်။ ဒေါက်တာကင်းသည် ထိုသဘောတရားများကို တောင်ပေါ်ဒေသနာ နှင့် ဂန္ဒီတို့ထံမှ နားလည်သဘောပေါက်ခြဲ့ခင်း ဖြစ်သည်။ သူ၏မိန့် ခွန်းတိုင်းတွင် ထိုသဘောတရားသည် အမြဲထင်ဟပ်နေကြောင်း တွေ့ ရသည်။

”ကျုပ်တို့ခရစ်ယာန်မှာ ကားတိုင်ဟာ သရဖူထက် ပိုမြင့်မြတ်တယ်။ သရဖူထက် ရှေ့ ကလာရမယ်လို့ ဆိုထားတယ် မဟုတ်လား။ ခရစ်ယာန်တစ်ယောက်ဟာ ကိုယ်ရဲ့ ကားတိုင်ကို ရဲရဲကြီး ထမ်းနိုင်ရမယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဘယ်လောက်ပဲနာကျင်ပါစေ၊ဘယ်လောက်ပဲတင်းကျပ်ပါစေ ရဲရဲကြီးကိုထမ်းရမယ်။ ကျုပ်တို့ရဲ့ ခန္ဓာမှာ ကားတိုင်ရာဟာ အမာရွတ်ကျန်တဲ့အထိ ထမ်းရမယ်။ ဒါမှလည်း ကောင်းကျိုး သရဖူကို လှလှကြီး ခံစားရမှာ။ ဒီသရဖူကြီးကို ရရှိဖို့ ကျုပ်တို့ ဆင်းရဲခြင်းတော့ ခံရမယ်”

ဟု ဒေါက်တာကင်းက ဆိုသည်။

ဒေါက်တာကင်း၏ အကြမ်းမဖက်ရေးမူသည် လုံးလုံးလျားလျားကြီး မှန်ခဲ့သည်။ ဘယ်လောက်ပဲ ယထာဘူတမကျပါစေ၊ လူသားများ၏ ကိုယ့်ကိုကို ကာကွယ်လိုသောသဘောကို ဆန့်ကျင်နေပါစေ၊ ဒေါက်တာကင်းသည် ငြိမ်းချမ်းရေးမူကို မစွန့်လွှတ်ခဲ့။ လူမည်းများက လက်စားချေရန် တိုက်တွန်းဆန္ဒပြုသော်လည်း ဒေါက်တာကင်းက ချစ်ခြင်းမေတ္တာထားရန်သာ တိုက်တွန်းခဲ့သည်။

Alabama ပြည်နယ်ရှိ Salma မြို့ အနီး တံတားတစ်ခုအနီးတွင် ဖြစ်သည်။ နံပါတ်တုတ်များ၊ မီးသတ်ပိုက်များ၊ ဂျာမန် ရဲခွေးများဖြင့် အင်အားအပြည့်အစုံရှိသော နယ်မြေထိမ်းသိမ်းရေးရဲများ ရှေ့ တွင် လူမည်းအခွင့်အရေးတောင်းဆိုသူများသည် စီတန်းကာ မားမားရပ်နေကြသည်။ ထိုအချိန်တွင် ရဲချုပ်ကြီး Jim Clark သည် အမိန့်ပေးလိုက်သည်။ လုံခြုံရေးရဲများ အကာအကွယ်မဲ့၊ လက်နက်မဲ့ လူမည်းများကို ရက်စက်စွာတိုက်ခိုက်ကြသည်။ လူမည်းများ၏ သွေးတို့ဖြင့် လမ်းတို့မှာ စွန်းထင်းသွားသည်။ ထိုအဖြစ်အပျက်ကို ရုပ်မြင်သံကြားမှ မြင်လိုက်ရသော အမေရိကန်ပြည်သူလူထုသည် ရဲများ၏ မတရားအကြမ်းဖက်မှုများကို ရွံရှာစက်ဆုပ်သွားပြီး လူမည်းများတောင်းဆိုသော လူတန်းစား တူညီမှုအခွင့်အရေးကို ပေးရန် တစ်ခဲနက်ဆန္ဒပြုလိုက်သည်။

အခြားသောဖြစ်ရပ်များ

အရှေ့ တောင်အာရှတွင်လည်း ဖီလီပိုင် နိုင်ငံတွင် အကွီနို၏ ဦးဆောင်မှုဖြင့် ဖိနှိပ်မှုများမှ လွတ်မြောက်ခဲ့သည်။ ထိုစဉ်အခါက သာမာန်အရပ်သားများသည် လမ်းမများပေါ်၌ စုဝေးကာ ဆုတောင်းနေခဲ့သည်။ စစ်သံချပ်ကာကားများသည် ဒူးထောက်ကာ ဆုတောင်းနေကြသူ အရပ်သားများရှေ့ အရောက်တွင် မမြင်ရသည့် အားတစ်ရပ်က ပိတ်ဆို့နေသည့်ပမာ တုံ့ကနဲရပ်သွားခဲ့ရသည်။

ထို့နောက်ပိုင်းနှစ်များတွင် ပိုလန်၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗားကီယား၊ အရှေ့ ဂျာမဏီ၊ ဘူလ်ဂေးရီးယား၊ ယူဂိုဆလားဗီးယား၊ ရူမေးနီးယား၊ မွန်ဂိုးလီးယား၊ အယ်ဘားနီးယား၊ ဆိုဗီယက်ပြည်ထောင်စု၊ နီပေါ၊ ချီလီ စသည့် နိုင်ငံများတွင် လူပေါင်းများစွာတို့သည် ဖိနှိပ်ချုပ်ချယ်မှုများကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် တွန်းလှန်နိုင်ခဲ့သည်။ အထူးသဖြင့် အရှေ့ ဥရောပနိုင်ငံများတွင် ထိုတွန်းလှန်မှုများကို ခရစ်ယာန် အသင်းတော်များမှ ဦးဆောင်ခဲ့သည်။ ဆန္ဒပြတောင်းဆိုသူများသည် ဖယောင်းတိုင်များကိုင်ဆောင်ကာ ဆုတောင်းလျက်၊ ဂုဏ်တော်ချီးမွမ်းလျက်၊ ချီတက်ကြသည်။ ယောရှုလက်ထက်ကအတိုင်း ကြီးမားသော တံတိုင်းကြီးများသည် ငြိမ်းချမ်းစွာ တောင်းဆိုသူများအားဖြင့် ပြိုကြခဲ့ရသည်။

တဖန်ဆိုပါဦးမည်။

ရန်ငြိမ်းစေတတ်သောသူများသည် မင်္ဂလာရှိကြသည်။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်။ ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှင်းဆဲခြင်းကို ခံရသောသူ တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။

မှန်လွန်းလှစွ ပါတကား။


 

မင်္ဂလာတရားတော်(၂)

စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံတော်ဖြစ်၏။ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူ တို့သည်သက်သာခြင်းသို့ရောက်ကြလတံ့၊

မဿဲ ၅း ၃-၎

ဘုရားသခင်သည် ဤလောကကြီးအား လူသားများအမြင်နှင့် မတူသည့် အမြင်တစ်မျိုးဖြင့် ကြည့်မြင်သည်။ ချမ်းသာသောသူများထက် ဆင်းရဲသော သူများကို ဘုရားသခင်မှ အထူးအလေးထား ဦးစားပေးတတ်ကြောင်းကို ခရစ်ဝင် ကျမ်းများ၌ တွေ့ရတတ်သည်။ အသပြာ နှစ်ပြားလုံး လှူဒါန်းသော မုဆိုးမ၊ မျက်မမြင် သူတောင်းစား၊ ဖောက်ပြားသော မိန်းမငယ်၊ နူနာစွဲသောသူ တို့သည် ခရစ်တော်အား အထူးဂရုဏာသက်စေပြီး ခရစ်တော်ကိုယ်တိုင် အလေးထားကုသပေးသူများ၊ ကယ်တင်ခဲ့သူများဖြစ်ပေသည်။ ခရစ်တော်သည် ထိုသို့သော ဆင်းရဲသည့်သူများကို မင်္ဂလာရှိသူ များအဖြစ်လည်း ရှုမြင်သည်။ သို့သော် ဤကမ္ဘာလူသားတို့၏ အမြင်သည် ထိုကဲ့သို့ ဟုတ်ပါ၏လော။

အတွေ့အကြုံလေးတစ်ခု

“ဟဲ့ .. ကောင်လေး။ အိမ်ရှေ့ မှာ ရစ်သီရစ်သီ လုပ်မနေနဲ့။ တခြားတစ်နေရာမှာ သွားစမ်း။”

အိမ်နီးချင်း အန်တီကြီး အသံကြောင့် စာရေးသူသည် စာဖတ်နေရာမှ ခေါင်းထောင်ထကာ ကြည့်လိုက်သည်။ စာရေးသူ ဖခင်သည် ၀န်ထမ်းဖြစ်သောကြောင့် ၀န်ထမ်းများအတွက် သတ်မှတ်ထားသော တန်းလျားမှာ နေရသည်။ တန်းလျားဖြစ်သည့် အားလျော်စွာ အိမ်များမှာ နီးကပ်စွာ တည်ရှိနေပြီး မိသားစုတစ်စုနှင့် တစ်စု ရင်းနီးခင်မင်ကြသည်။ တအိမ်မှ ပြောဆိုသံများကိုလည်း အခြားတစ်အိမ်မှ အတိုင်းသားကြားရတတ်သည်။ အန်တီကြီး၏ အသံကို ကြားနေကြ ဖြစ်သော်လည်း ယခုတစ်ခေါက်တွင် မည်သူ့ကို ပြောဆိုသည်ကို ကြည့်ရှု လိုသောကြောင့် မတ်တပ်ရပ်ကာ ကြည့်လိုက်မိခြင်းဖြစ်သည်။

ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်သည် အန်တီကြီး၏ အိမ်ရှေမှာ အရိပ်ခိုကာ အနားယူနေခြင်း ဖြစ်သည်။ အတန်ပင် နွမ်းပါးသော အ၀တ်နှင့် ဘောင်းဘီတိုကို ၀တ်ဆင်ကာ ပုဆိုးစုတ်ကလေး တစ်ထည်ကို စလွယ်သိုင်းကာ ၀တ်ဆင်ထားသည်။ ပလပ်စတစ် ကောက်သော တုတ်တစ်ချောင်းကို ကိုင်ထားပြီး ငိုက်နေခြင်း ဖြစ်သည်။ အန်တီကြီး၏ အော်ငေါက်သံကြောင့် အနားယူနေရာမှ ရုတ်တရက်ထကာ အဝေးတစ်နေရာရှိ အရိပ်အာဝါသကောင်းသော ပင်ရိပ်တစ်ခုဆီသို့ ဖြေးညှင်းသော ခြေလှမ်းများဖြင့် လျောက်သွားသည်ကို စာရေးသူ မျက်စိတစ်ဆုံးထိ လိုက်ကြည့်လိုက်သည်။

” ဒီကောင်လေးတွေက မလွယ်ဘူး။ လစ်ရင်လစ်သလို တိုတတ်တယ်။ အိမ်လည်း ကျက်သရေ ယုတ်တယ်။”

စာရေးသူအား တိုင်တည်ကာ ပြောသလိုလို၊ မိမိဖာသာ ရေရွေတ်သလိုမျိုး ပြောဆိုကာ အန်တီကြီး အိမ်ထဲသို့ ပြန်ဝင်သွားသည်။ ”မရှိခိုးနိုး” ထင်မှတ်ကာ မောင်းထုတ်ခြင်းလည်း ဖြစ်သလို၊ ဘယ်လိုကြည့်ကြည့် တင့်တယ်လှပခြင်းမရှိလေသော ဤဆင်းရဲသားလေးကို ကျက်သရေ မရှိလေခြင်း ဟု သတ်မှတ်ကာ အန်တီကြီးမှ မောင်းထုတ်ခြင်းဟု ယူဆရပေသည်။ မျက်နှာငယ်ရသော၊ ဆင်းရဲသားများ၏ ဘ၀သည် အဘယ်ကဲ့သို့ မင်္ဂလာရှိနိုင်ပါမည်နည်း။

မင်္ဂလာဆောင်အခန်းအနားတစ်ခု

”ဟယ် .. သတို့သားနဲ့ သတို့သမီးက လိုက်ဖက်လိုက်တာ။ နေနဲ့လ ရွှေနဲ့မြ လိုပဲ။ ကျက်သရေရှိလိုက်တာ။”

စာရေးသူ၏ ဘကြီးဖြစ်သူသည် မင်္ဂလာဆောင်များ၌ သြဘာစာဖတ်ရသော နာမည်ကြီး သြဘာပေးသူဖြစ်သည်။ ဘကြီးဖြစ်သူ ကမကထပြုဆောင်ရွက်သော မင်္ဂလာဆောင် အချို့ ကို စာရေးသူလိုက်ပါတတ်သည်။ တစ်ခုသောမင်္ဂလာဆောင်၌ တက်ရောက်နေစဉ် အနီးဝန်းကျင်မှ ပျိုပျိုမေတစ်သိုက် ဝေဖန်လိုက်သံကြောင့် သူတို့သားနှင့် သူတို့သမီးကို ကြည့်လိုက်မိသည်။ သူတို့သားသည် ကြိကြိတက် ချမ်းသာသော လူကုံထံ အသိုင်းအ၀ိုင်းမှ ဖြစ်ပေသည်။ ချမ်းသာခြင်း ဆုကျေးဇူးအပြင် ရုပ်ရည်ပါရမီအားဖြင့်လည်း ပြည့်စုံသည်ဟု ဆိုနိုင်ပေသည်။ သူတို့သား၏ ရုပ်ရည်သည် ခန့်ငြားသည်သာမက ဆွဲဆောင်ခြင်းအပြည့်ရှိသော သံလိုက်ဓါတ် ပါသည် ရုပ်ရည်မျိုးဖြစ်ပေသည်။

သူတို့သမီး ဖြစ်သူမှာလည်း ကြေးရတတ် အသိုင်းအ၀ိုင်းမှ ဖြစ်ကာ ရုပ်ရူပကာမှာ နတ်သမီးတမျှ လှပပေသည်။ ကော့ရွှန်းသော မျက်တောင်၊ ကြည်လဲ့သော မျက်ဝန်း၊ သွယ်လှသော မျက်နှာ ကျဟန်တို့သည် မင်းသမီးများ ရှုံးလောက်အောင်ပင် လှပပေသည်။ သူတို့သားနှင့် သူတို့သမီး တို့ကို မြင်သူလေတိုင်း ငေးမောကာ လူတိုင်းအားကျကြသည်။ မင်္ဂလာတီးဝိုင်းမှ မင်္ဂလာ စည်တော်သံ၊ မင်္ဂလာ သီချင်း၊ မင်္ဂလာလက်ဖွဲ့ များဖြင့် မင်္ဂလာ အပေါင်း ခညှောင်းလှသည် ကြေးရတတ် လူကုံထံ တို့၏ မင်္ဂဆောင်လေးတစ်ခု ဖြစ်ပေသည်။ ဤမင်္ဂလာဆောင်လေးမှ မင်္ဂလာ ဇနီးမောင်နှံ နှင့် ပလပ်စတစ်ကောက်သည့် ဆင်းရဲသားလေးအား နှိုင်းယှဉ်ကြည့်သော် မင်္ဂလာ ဘယ်သူရှိသည်ကို လူတိုင်း တွေးတောစရာမလိုပဲ သိကြကုန်သည်။ သို့ပါသော်လည်း အဘယ်သူသည် အမှန်တစ်ကယ် မင်္ဂလာ ရှိသည်ကိုမူ ခရေစေ့တွင်းကျ တွေးတောကာ စဉ်းစားဆင်ခြင်မိကြပါ၏လော။

ဟာသပုံပြင်လေးတစ်ပုဒ်

တစ်ရံရောအခါက အသင်းတော်တစ်ခု၌ အလွန်ကြွယ်ဝသော သူဋ္ဌေးကြီးတစ်ဦးသည် သူ၏ငယ်စဉ်ဘ၀ ဖြစ်စဉ်ကို သက်သေခံပြောကြားသည်။

”ကျွန်တော်ငယ်ငယ်တုန်းက ဒီအသင်းတော်မှာ အမြဲတမ်း ဘုရားရှိခိုး ကျောင်းတက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ ကုန်းကောက်စရာ မရှိအောင်ကို ဆင်းရဲတယ်။ တစ်နေ့မှာ အသင်းတော်က အလှူငွေ ကောက်ခံပါတယ်။ ကျွန်တော့်အိပ်ထဲမှာ မှတ်မှတ်ရရ ငွေဆိုလို့ နှစ်ကျပ်ပဲရှိပါတယ်။ ကျွန်တော်နောက်နေ့စားစရာအတွက် ဒီငွေနှစ်ကျပ်ကလွဲလို့ ဘာမှ မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ဘာမှ စဉ်းစားမနေတော့ပဲ ကျွန်တော့်ထက် ပိုပြီးလိုအပ်မဲ့ သူတွေအတွက် အဲ့ဒီ ငွေနှစ်ကျပ်လုံးကို အိပ်သွန်ဖာမှောက် လှူဒါန်းခဲ့တယ်။ အခုတော့ ဘုရားသခင်ဆီက ကောင်းကြီးမင်္ဂလာကို အများကြီး ခံစားရပါတယ်။”

သူဋ္ဌေးကြီးက ထိုသို့ သက်သေခံပြောကြားအပြီး အသင်းတော် တစ်ခုလုံးက သူဋ္ဌေးကြီးအား အားကျသောမျက်လုံးများဖြင့် သောင်းသောင်းဖြဖြ လက်ခုပ်တီးကာ ချီးမွမ်းကြသည်။ သူဋ္ဌေးကြီးလည်း ချီးကျူးထောပနာ ပြုမှုကို ခံယူအပြီး ကြည်းနူးမှုအပြည့်ဖြင့် ထိုင်ချလိုက်သည်။ သူဋ္ဌေးကြီးထိုင်ချပြီးသည်နှင့် ကပ်လျက်ခုံ၌ ထိုင်လျက်နေသော အဖွားအို တစ်ဦးက ပြောလိုက်သော စကားကြောင့် သူဋ္ဌေးကြီးမှာ အကြီးအကျယ် မျက်နှာပျက်သွားခဲ့ရသည် ဟူ၏။

”ဟင်း.. ဟင်း.. ဟင်း...။ သူဋ္ဌေးမင်း အခုတစ်ခါ အဲဒီလို ထပ်ပြီး အိပ်သွန်ဖာမှောက် လှူနိုင်မှာ မဟုတ်ဘူး ဆိုတာကို လောင်းရဲတယ်။” ဟု

အဖွားအိုက ဆိုသတတ်။

ဟာသပုံပြင်လေးတစ်ခု ဖြစ်သော်လည်း အချက်ကလေး တစ်ခုကို သေချာစွာ တွေးတောကြည့်လျင် မြင်နိုင်သည်။ ဆင်းရဲစဉ် ဘ၀တုန်းက သူဋ္ဌေးကြီး၌ ရှိခဲ့သော အရည်အချင်း တစ်ခုသည် ချမ်းသာလာသောအခါ ပျောက်ဆုံးသွားခဲ့သည်။ ထိုအရည်အချင်းသည် မည်သည့်အရည်အချင်း ဖြစ်ပါသနည်း။

ကျမ်းစာထဲမှ ချမ်းသာသော လူငယ်တစ်ဦး

ကျမ်းစာထဲ၌ ချမ်းသာသော လူငယ်တစ်ဦးသည် ခရစ်တော်ကို ချဉ်းကပ်ပြီး ကောင်းကင်နိုင်ငံသို့ ၀င်ရန် မည်ကဲ့သို့ ပြုရမည်ကို မေးလျှောက်လေသော် ခရစ်တော်က

”ကိုယ်ရှိသမျှတို့ကို ရောင်း၍ ဆင်းရဲသော သူတို့အား ပေးလော့။ ထိုသို့ ပြုလျင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။” ဆိုလေသည်။

ထိုသူသည် များစွာသော ဥစ္စာကို ရတတ်သောသူ ဖြစ်၍ ထိုစကားကိုကြားလျှင် မျက်နှာပျက်၍ စိတ်မသာသည်နှင့် အပါးမှ ခွာ၍ သွားလေသည်။ ဤလူငယ်သည်လည်း မည်သည့်အရည်အချင်းတစ်ခု ပျောက်ဆုံးနေပါသနည်း။

သူဆင်းရဲတို့၏ အရည်အချင်းများ

ဟာသပုံပြင်ထဲမှ သူဋ္ဌေးမင်းနှင့် ကျမ်းစာထဲမှ ဥစ္စာရတတ်သော လူငယ်တို့သည် အရည်အချင်း တစ်ခု ပျောက်ဆုံးနေသည်။ ထိုအရည်အချင်းကား-

သူဆင်းရဲတို့သည် ၄င်းတို့၏ ဘ၀ကို ဘုရားပေါ်၌ ”၀”ကွက် ပုံအပ်ထားပြီး သူချမ်းသာတို့ကမူ သူတို့၏ ဘ၀ကို ဘုရားပေါ်မှာထက် ငွေကြေးဥစ္စာပစ္စည်းများပေါ်တွင် ”၀”ကွက် ပုံအပ်ထားခြင်း ဖြစ်သည်။

ထိုအရည်အချင်းအပြင် သူဆင်းရဲတို့တွင် အောက်ပါအရည်အချင်းတို့သည် ပိုမိုထင်ရှားစွာ ပေါ်လွင်လေ့ရှိသည်။

၁။ သူဆင်းရဲတို့သည် ဘ၀၌ ဆင်းရဲကြမ်းတမ်းမှုကြောင့် သူတို့အတွက် ကယ်တင်ခြင်းသည် အရေးတကြီးလိုအပ်ကြောင်းကို သိမြင်သည်။

၂။ သူဆင်းရဲတို့သည် ဘုရားအပေါ်၌ မှီခိုနေသည်သာမက အချင်းချင်းအပေါ်၌လည်း ”ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ” ဆိုသကဲ့သို အပြန်အလှန် မှီခိုကြသည်။

၃။ သူဆင်းရဲတို့သည် ၄င်းတို့၏ ဘ၀လုံခြုံမှုကို ဥစ္စာပစ္စည်းများ အပေါ်မှာထက် လူသားများပေါ်တွင် မှီခိုကြရသည်။

၎။ သူဆင်းရဲတို့သည် မိမိကိုယ်ကို အရေးပါအရာရောက်သူဟု ဘယ်သောအခါမျှ ထင်မှတ်လေ့မရှိ။

၅။ သူဆင်းရဲတို့သည် အချင်းချင်းယှဉ်ပြိုင်နေခြင်းထက် အချင်းချင်းရိုင်းပင်း ကူညီခြင်းက ပို၍ အကျိုးရှိသည်ကို ကောင်းစွာ သဘောပေါက်ကြသည်။

၆။ သူဆင်းရဲတို့သည် သုံးခြင်းနှင့် ဖြုန်းခြင်းကို ကောင်းစွာ ခွဲခြားသိမြင်သည်။

ရ။ သူဆင်းရဲတို့သည် စိတ်ရှည်သီးခံပြီး စောင့်ဆိုင်းနိုင်ကြသည်။ အမြဲတစ်စေ သူတစ်ပါးကို မှီခိုနေရသော ဆင်းရဲခြင်းသဘာဝက ၄င်းတို့ကို သင်ကြားပေးထားခြင်း ဖြစ်သည်။

၈။ သူဆင်းရဲတို့၏ စိုးရိမ်ပူပန်မှုသည် အမှန်တစ်ကယ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူဆင်းရဲတို့သည် တော်ရုံတန်ရုံ ဆင်းရဲ ဒုက္ခများ၏ ဒဏ်ကို မညည်းမညူပဲ ခံနိုင်ခဲ့သောကြောင့် ဖြစ်သည်။ (သူဋ္ဌေးဖြစ်သူ သဘောင်္မှောက်၍ ပူပန်နေခြင်းထက် သူတောင်းစားဖြစ်သူ တောင်းစားစရာ ခွက်ပျောက်နေ၍ ပူပန်နေခြင်းက ပို၍ သဘာဝ ကျပေသည်။)

၉။ သူဆင်းရဲတို့သည် ခရစ်တော်၏ သတင်းကောင်းကို ကြားရလျင် အမှန်တစ်ကယ် ၀မ်းမြောက်စွာ ခံယူတတ်ကြပြီး ခြိမ်းခြောက်မှုတစ်ခုလို၊ ဆူပူပြစ်တင်ခြင်း တစ်ခုလို ဘယ်သောအခါမျှ မခံယူတတ်ကြပေ။

၁၀။ သူဆင်းရဲတို့သည် သတင်းကောင်းကို ခံယူပြီး ဘုရားသခင်၏ ခေါ်သံနောက်ကို လိုက်လျှောက်ရာ၌ ရှိသမျှကို စွန့်ပစ်ကာ လိုက်လျှောက်နိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူဆင်းရဲတို့၌ ဆုံးရှုံးစရာဆို၍ များများစားစား မရှိသောကြောင့်ဖြစ်သည်။

သူဆင်းရဲတို့သည် ”မှတစ်ပါးအခြားမရှိ” ဆိုသလို ရွေးချယ်စရာ လမ်းမရှိသောကြောင့် ခရစ်တော်၏ ကျေးဇူးတော်ကို လက်ခံရန် အသင့်ဖြစ်နေကြသည်။ သူဆင်းရဲတို့သည် အမြဲတစ်စေ လိုအပ်နေသည်။ အမြဲတစ်စေ မှီခိုနေရသည်။ အမြဲတစ်စေ ဘ၀ကို ကြမ်းတမ်းစွာ ရင်ဆိုင်နေရသည်။ ထိုအချက်များကြောင့် ၄င်းတို့သည် ခရစ်တော်၏ မေတ္တာ လက်ဆောင်ကို ၀မ်းမြောက်စွာ ကြိုဆိုလက်ခံနိုင် ကြခြင်းဖြစ်ပေသည်။

အထက်ပါ အချက်ဆယ်ချက်များ၌ သူဆင်းရဲများအစား သူချမ်းသာများအား အစားထိုးကြည့်ပါ။ အားလုံးဆန့်ကျင်ဖက် ဖြစ်ပေလိမ့်သည်။

ဥပမာအားဖြင့် အချက်(၁) ကို ကြည့်လျှင် ”သူချမ်းသာတို့သည် သူတို့ဘ၀၌ ကယ်တင်ခြင်းကို အရေးတကြီးမလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဘ၀သည် ချမ်းသာကာ ပြည့်စုံနေသောကြောင့် ဖြစ်သည်။”

အချက်(၄) ကို ကြည့်လျင်လည်း ”သူချမ်းသာသည် မိမိကိုယ်ကို အရေးပါအရာရောက်သူဟု ထင်မှတ်လေ့ရှိကြသည်။”

စာရေးသူသည် အထက်ပါအချက်များ၌ မိမိကိုယ်ကို အစားထိုးကာ ကြည့်မိသည်။ ချမ်းသာသူတစ်ယောက် မဟုတ်သလို ဆင်းရဲသူ တစ်ယောက်မဟုတ်သော အလယ်အလတ်တန်းစားဝင် စာရေးသူသည် အထက်ပါအချက် အတော်များများ၌ ချမ်းသာသူများနှင့် တန်းတူကိုက်ညီ နေသည်ကို အံ့သြစွာ တွေ့ရသည်။ စာဖတ်သူများ ကိုယ်တိုင်လည်း အထက်ပါအချက်များ၌ မိမိကိုယ်တိုင် အစားထိုးကြည့်ပါ။ မည်ကဲ့သို့ အဖြေထွက်လာပါမည်လဲ။

အထက်ပါအချက်ကောင်းများသည် သူဆင်းရဲတို့၏ အားသာချက်များ ဖြစ်ပေသည်။ ထိုအချက်များသည် ကောင်းကင်နိုင်ငံသို့ ၀င်ရောက်ရန် လိုအပ်သော အရည်အချင်းများကောင်းများပင် ဖြစ်ပေသည်။ သူချမ်းသာတို့သည် ဤအချက်များကို လုံးလုံးပိုင်ဆိုင်ကြခြင်း မရှိကြပေ။ သို့အတွက်ကြောင့်ပင် သူချမ်းသာတို့ ကောင်းကောင်နိုင်ငံသို့ ၀င်ရန်ခက်ခဲလှကြောင်းကို ခရစ်တော်က ”ကုလားအုပ်သည် အပ်နဖားထဲသို ၀င်လျင် လွယ်ကူပေဦးမည်။ သူချမ်းသာတို့ကား ကောင်းကင်နိုင်ငံသို့ ၀င်ရန် မလွယ်ကူ” ဟု ဆိုခဲ့သည် မဟုတ်ပါလား။

အမှန်တစ်ကယ်ပင် သူဆင်းရဲတို့သည် မင်္ဂလာ ရှိကြပေသည်။ ဆင်းရဲမှုကိုယ်တိုင်သည် မင်္ဂလာတစ်ပါးတော့ မဟုတ်သည်က သေချာပေသည်။ ထိုဆင်းရဲမှုသည် မင်္ဂလာ မရှိသည့်အတွက်လည်း ခရစ်တော်သည် ဤကမ္ဘာမြေ၌ လူသားဘ၀ခံယူစဉ်ကပင် နူနာများကိုကုသခြင်း၊မျက်မမြင်များကိုကုသခြင်း စသည့် လောကဆင်းရဲများကို တတ်နိုင်သမျှ ပြေငြိမ်းစေခဲ့သည်။ သူဆင်းရဲတို့၏ မင်္ဂလာ အမှန်မှာ ဆင်းရဲမှုမဟုတ်ပေ။ ဆင်းရဲခြင်းကြောင့် ဖြစ်တည်လာသော မည်သည့် သူချမ်းသာမှာ မပိုင်ဆိုင်နိုင်သည့် အထက်တွင်ဆိုခဲ့သည့် ကောင်းမြတ်သည့် စိတ်ထား၊ အရည်အချင်းကောင်းများ ဖြစ်ပေတော့သည်။


 

မင်္ဂလာတရားတော်(၃)

စိတ်နှလုံးဖြူစင် သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ရကြလတံ့။ မဿဲ ၅း၈

ကျွန်တော်ဟာ ဘုရားကို အရမ်းမြင်ချင်ပါတယ်။ ခုချိန်ထက်ထိတော့ ဘုရားကို ကျွန်တော် မမြင်ဘူးသေးပါဘူး။ မမြင်ရလေ ပိုပြီးတွေ့ချင်လေပါပဲ။ အခုမမြင်ရလဲ နောင်တချိန်ချိန်မှာ မြင်ချင်ပါတယ်။ ဘုရားဆိုတာ ဘယ်လိုမျိုးပါလိမ့်လို့လည်း မကြာခဏ ရော်ရမ်းမှန်းဆ တမ်းတကြည့်တတ်ပါတယ်။ ညညများဆို ကြယ်တွေတောက်ပ နေတဲ့ မိုးကောင်းကင် ကို မျှော်ကြည့်ရင်း ဘုရားရှင်ဘယ်မှာများရှိနေပါလိမ့်ဆိုတာမျိုး တွေးပြီးအကြိမ်ကြိမ် ငေးမောလွမ်းဆွတ်တာမျိုးလည်း မနည်းတော့ပါဘူး။ စိတ်ချင်းဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်ရခြင်းများ အမှန်တစ်ကယ် မရှိခဲ့ပါဘူး။ ယုံကြည်ခြင်းနဲ့ပဲ မိမိဆုတောင်းသံကို နားညောင်းမယ်လို့ စိတ်ကူးပြီး ထားရခြင်းများလည်းရှိခဲ့ပါတယ်။

ဘုရားရဲ့ ဂုဏ်အင်္ဂါရပ်များ ဖြစ်တဲ့ နေရာတိုင်းမှာရှိနေခြင်း၊ စကြာဝဠာထက်မက ကြီးမားခြင်းများ စတဲ့ အစွမ်းတန်ခိုးများကိုလည်း ကြိုးစားပြီးနားလည်အောင် မြင်ယောင်ကြည့်ခဲ့ပေမဲ့ လည်း ဥာဏ်ရည် မမှီတာကြောင့် လက်လျော့ခဲ့ရတာတွေလည်း မနည်းတော့ပါဘူး။ အထူးသဖြင့် ဘုရားရှင်ဟာ နေရာတိုင်းမှာ တပြိုင်တည်း၊တစ်ချိန်ထဲမှာ ရှိပြီး ဆက်သွယ်လှုပ်ရှား နိုင်တာကို ဘယ်လိုမှ နားမလည် နိုင်ခဲ့ပါဘူး။ ဒီလောက်ကြီးမားလှတဲ့ စကြာဝဠာကြီးမှာ ဘယ်လိုများ နေရာတိုင်းမှာ ရှိနေပါလိမ့် ဆိုတဲ့ အတွေးမျိုးက ၀င်ရောက်ခဲ့ပေါင်းလည်း မနည်းတော့ပါဘူး။ ကွမ်တမ်ညှို့ ခြင်း (Quantum Entanglement) ကို နားလည် သဘောပေါက်ခဲ့တာကြောင့် ဘယ်လောက်ကြီးမားပေမဲ့လည်း နေရာတိုင်းမှာ ရှိနေနိုင်ခြင်း သဘောတရားကိုတော့ ရေးရေးလေးမြင်တတ်ခဲ့ပါတယ်။ ဒီလိုသဘောတရားကို နားလည်ခဲ့ပေမဲ့လို့ ကျွန်တော်မကျေနပ်နိုင်သေးပါဘူး။ ကျွန်တော်ဟာ ဘုရားကို မျက်ဝါးထင်ထင် မြင်ချင်ပါသေးတယ်။

တခါတရံ လောကရဲ့ ငြီးငွေ့မှုတွေကြား စိတ်ပျက်တတ်တဲ့ ကျွန်တော်ဟာ၊ မီးလောင်ချုံပုတ်အနေနဲ့ ဘုရားကို မထင်မှတ်ပဲ မြင်ခဲ့တဲ့ မောရှေလိုဖြစ်ချင်ပါသေးတယ်။ နှစ်ပေါင်းလေးဆယ်ကျော် တောအရပ်မှာ သိုးတွေကို ကျောင်းရင်းနဲ့ အချိန်ဖြုန်းခဲ့တဲ့ မောရှေဟာ ထူးဆန်းစွာ တောက်လောင်နေတဲ့ ချုံပုတ်တစ်ခုကို မြင်တွေ့ခဲ့တယ်။ မီးလောင်နေပေမဲ့ မီးမကျွမ်းတဲ့ ဒီချုံပုတ်လေးနားကို စူးစမ်းလိုစိတ်နဲ့ ချဉ်းအကပ်၊ ”မောရှေ” လို့ ခေါ်သံအကြားမှာ ဘုရားရှင်မှန်း သိသွားတဲ့ မောရှေဟာ သန့်ရှင်းတဲ့ မြေဖြစ်တာကြောင့် ခြေနင်းကို ချွတ်၊ အနီးကိုတောင် မကပ်ဝံ့ပဲ၊ မျက်လွှာကိုချ ပျပ်ဝပ်ရိုကျိုးကာ ရှေ့ တော်မှောက်မှာ ခစားခဲ့တယ်။ ဘုရားကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားရလို့ အံသြနေတဲ့ မောရှေ ၊ ကြောက်ရွံ့ တုန်လှုပ်သွားပေမယ့် ၀မ်းမြောက်နေတဲ့မောရှေ၊ ဘုရားရဲ့ ခန်းနားကြီးကျယ်ပြီး သန့်ရှင်းမှုကို ခံစားမိတဲ့ မောရှေ။ အဲဒီလိုမောရှလိုမျိုး ကျွန်တော် ဖြစ်ချင်ပါတယ်။ သူရဲ့နေရာမှာ ကျွန်တော်ဖြစ်လိုက်ရင်လဲ ဘယ်လောက်ကောင်းလိုက်လေမလဲ။

တခါတရံ လောကရဲ့ ဆင်းရဲဒုက္ခတွေ ကြုံရတတ်တဲ့ ကျွန်တော်ဟာ၊ မိုးသက်မုန်းတိုင်းအနေနဲ့ ဘုရားကို မြင်ခဲ့ရတဲ့ ယောဘလို ဖြစ်ချင်ပါသေးတယ်။ ချမ်းသာကြွယ်ဝပြီး ပြည့်စုံကုံလုံခဲ့တဲ့ ယောဘဟာ တခဏချင်းမှာပဲ သူ့ရဲ့ပိုင်ဆိုင်မှုတွေ ဆုံးရှုံးကုန်တယ်။ သားသမီးများလည်း ဆုံးရှုံးရတယ်။ သူကိုယ်တိုင်လည်း ရောဂါဗရပွ ခံစားရပြီး မြို့ စွန်တစ်နေရာမှာ နေခဲ့ရတယ်။ ”ငါ့အသားတွေမှာ လောက်တွေတွယ်နေတယ်။ ငါ့အသားတွေ ကွဲအက်ဖူးရောင်ပြီး ပြည်တွေနဲ့ တစ်စိုစို ဖြစ်နေတယ်။ ” လို့ ယောဘ ညီးတွားရှာတယ်။ ”အိပ်တဲ့အချိန်မှာ မိုးလင်းချိန်ကို ငါတောင့်တမိတယ်။ မိုးလင်းပြန်တော့ မိုးချုပ်ချိန်ကို ငါတောင့်တမိပြန်တယ်။ နေ့စဉ်ရက်ဆက် ဒီဒုက္ခတွေကို မချိတင်ကဲ ငါခံစားရတယ်။ ဒီဒုက္ခနေ့တွေ ဘယ်တော့များမှ ကုန်ဆုံးပါ့မလဲ။” လို့ ယောဘ ညည်းညူရှာတယ်။ အဲဒီလို ဒုက္ခကြီးစွာ ခံစားနေရတုန်းမှာပဲ မိုးသက်မုန်တိုင်းအနေနဲ့ ဘုရားရှင်ကို မြင်လိုက်ရလို့ စိတ်သက်သာရာ ရသွားတဲ့ ယောဘ၊ ၀မ်းမြောက်ပျော်ရွှင်သွားရတဲ့ ယောဘ၊ ယုံကြည်မှုပိုပြီး ခိုင်မာသွားရတဲ့ ယောဘ။ အဲဒီလို ယောဘလိုမျိုး ကျွန်တော်ဖြစ်ချင်ပါသေးတယ်။

အမြဲလိုလို ဆုတောင်းခြင်း ယဇ်အားဖြင့်သာ ဘုရားရှင်ကို ပူဇော်ခဲ့ရတဲ့ ကျွန်တော်ဟာ၊ သူငယ်တော်ယေရှုကို ကိုယ်တိုင်ကိုယ်ကျ ပူဇော်ခဲ့ရတဲ့ မာဂုပညာရှိတွေလို ဖြစ်ချင်ပါသေးတယ်။ မာဂုပညာရှင်များဟာ ကယ်တင်ရှင်ပေါ်ထွန်းမဲ့ နိမိတ်ဖြစ်တဲ့ ကြယ်ကို ကောင်းကင်မှာ ထင်ရှားစွာ မြင်ရကတည်းက အရှေ့ ဘက်အရပ်ကနေ ယေရုဆလင်မြို့ ကို ခရီးပြင်းနှင်လာခဲ့ပါတယ်။ ရက်ပေါင်းများစွာ ကန္တာရခရီးကြမ်းကို ဖြတ်ကျော်ခဲ့ရပေမယ့်လည်း သူငယ်တော်ကို ဖူးမြင်လိုတဲ့ စိတ်ဇောက ကြီးမားလွန်းတာကြောင့် မောပန်းရကောင်းမှန်း သိခဲ့ဟန် မတူပါဘူး။ ကြယ်ရဲ့ လမ်းညွှန်မှုနဲ့ ဗက်သလင်မြို့ မှာ သူငယ်တော်ယေရှုကို မိခင် ဖြစ်သူ မာရိနဲ့ အတူတကွ တွေ့ လိုက်ရတော့ မာဂုပညာရှင်များရဲ့ ၀မ်းမြောက်မှုဟာဖြင့် အတိုင်းမသိပါပဲ။ မာဂုပညာရှင်များဟာ ပါလာတဲ့ ဘဏ္ဍာသေတ္တာကို ဖွင့်ပြီး ရွှေ၊လောဗန်၊မုရန် စတဲ့ တန်ဖိုးကြီး နံ့သာပစ္စည်းပေါင်းစုံနဲ့ ပူဇော်ခဲ့ကြတယ်။ ခရီးလမ်းကြောင့် ပင်ပန်းနွမ်းနွယ်ရပေမဲ့ သူငယ်တော်ယေရှုကို မျက်ဝါးထင်ထင် ဖူးတွေ့လိုက်ရလို့ အမောပြေကြည်နူးသွားကြတဲ့ မာဂုပညာရှိတွေ၊ ပူဇော်သက္ကာတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ တင်လှူဆပ်ကပ် လိုက်ရလို့ ကျေနပ်သွားကြတဲ့ မာဂုပညာရှိတွေ၊လူသားတွေကို ကယ်တင်တော့မယ် သူငယ်ဟာ တစ်ကယ်ပေါ်ထွန်းနေတာ တွေ့လိုက်ရလို့ ၀မ်းမြောက်သွားကြတဲ့ မာဂုပညာရှိတွေ။ သူတို့တွေလို ကျွန်တော် ဖြစ်ချင်ပါသေးတယ်။

ဟုတ်ပါတယ်ဗျာ။ ကျွန်တော်ဟာ ကျမ်းစာထဲက ဘုရားကို မြင်ခွင့်ရတဲ့ သူများလို ဘုရားကို မျက်ဝါးထင်ထင် မြင်ချင်ပါသေးတယ်။ အားလုံးသော ခရစ်ယာန် ညီအစ်ကို မောင်နှမများလည်း မြင်ချင်ကြမှာ မြေကြီးလက်ခတ် မလွဲဘူးလို့ ကျွန်တော် ပြောရဲပါတယ်။ ဒါပေမဲ့ စိတ်နှလုံးဖြူစင်မှ ဘုရားကို မြင်ရမယ်ဆိုတော့ အပြစ်သား ဖြစ်တဲ့ ကျွန်တော်တို့တစ်တွေ ဘုရားကို မြင်နိုင်ပါ့မလား။ အပြစ်သားဖြစ်တဲ့ ကျွန်တော်တို့အားလုံး စိတ်နှလုံး ဖြူစင်အောင် ကျင့်ကြံနိုင်ပါ့မလား။

ဟန်ဆောင်နေသူလား အပြစ်သားလား

ဒီနေရာမှာ အလျဉ်းသင့်လို့ ဟန်ဆောင်သူ နဲ့ အပြစ်သား ကို ခွဲခွဲခြားခြား သိဖို့ ကျွန်တော်ရေးသားလိုက်ပါတယ်။ ဟန်ဆောင်သူလို့ ကျွန်တော် သုံးနူန်းလိုက်ပေမဲ့ ကျွန်တော်ရည်ညွန်းတဲ့ အင်္ဂလိပ် စကားလုံးကတော့ hypocrite ပါ။ ဆရာကြီး ယုဒဿန်ရဲ့ ကျမ်းစာမှာတော့ လှို့ ဝှက်သောသူ လို့ ပြန်ဆိုထားသည်ကို တွေ့ရပါတယ်။ ဒီ hypocrite ဆိုတဲ့ စကားလုံးဟာ ဂရိကနေ ဆင်းသက်လာပြီးတော့ ရှေးခေတ်ဂရိပြဇတ်တွေမှာ မျက်နှာဖုံးတပ် သရုပ်ဆောင်သူများကို ဆိုလိုပါတယ်။ တစ်ယောက်တည်းကနေ မျက်နှာဖုံးအမျိုးမျိုး တပ်ပြီး ဇတ်ကောင်အမျိုးမျိုးရဲ့ သရုပ်ကို ဆောင်ရတဲ့ သူဖြစ်ပါတယ်။

ဓမ္မသစ်ကျမ်းများမှာလည်း ဒီလိုဟန်ဆောင်တတ်သူများကို တွေ့ရမယ်ဖြစ်ပါတယ်။ နာမည်ကျော်တဲ့ ဖာရိရှဲများဟာ hypocrite အကြီးစားများဖြစ်ပါတယ်။ သူတို့တစ်တွေဟာ အစပိုင်းကတော့ ”ဘုရားချမှတ်ထားတဲ့ ပညတ်ချက်တွေကို လိုက်နာမယ်။ ဘုရားလိုချင်တဲ့ သန့်ရှင်းခြင်းတွေကို ရအောင် စောင့်ထိန်းမယ်” ဆိုပြီး စခဲ့ကြပါတယ်။ အဲဒီလို အစပြုပြီး ဖြူစင်အောင် ကျင့်ကြံကြိုးစားပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ မအောင်မြင်မှန်း သူတို့ကိုယ်သူတို့ သိပေမဲ့လည်း ၀န်မခံချင်တာကြောင့် အများလူတွေရှေ့ မှာ ဖြောင့်မတ်ဖြူစင်သူများသယောင်ယောင် ဟန်ဆောင်လာကြပါတယ်။ အပြင်ပန်းအားဖြင့် ဖြူစင်ဖြောင့်မတ်ယောင်ဆောင်ကြပေမဲ့လည်း အတွင်းအားဖြင့်တော့ ပုပ်သိုးနေကြတဲ့ သူများဖြစ်ကြပါတယ်။ ဘုရားဖြစ်တဲ့ ခရစ်တော်ဟာ အမြင်စူးရှတာကြောင့် ဖာရိရှဲတွေရဲ့ အပေါယံ ရွှေမှုန်ကြဲ ထားတာကို မြင်ပါတယ်။ ဒါကြောင့်လည်းပဲ သူတို့တွေကို အပြင်သာဖြူပြီး အထဲမှာ ပုပ်နေတဲ့ သချိုင်းဂူများလို့ အောက်ပါအတိုင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

”လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အ မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ”

ကျွန်တော်တို့တစ်တွေလည်း ဖြူစင်အောင်ကြိုးစားရာမှာ အောင်မြင်မှု ရချင်မှရပါလိမ့်မယ်။ ဒီလိုမအောင်မြင်ပဲနဲ့ ဖြူစင်သယောင်ဆက်နေမယ် ဆိုရင်တော့ဖြင့် ဟန်ဆောင်မျက်နှာဖုံးစွပ်ထားတဲ့ hypocrite နဲ့ ဘာမှ မခြားကြပါဘူး။ ကျွန်တော်တို့တစ်တွေဟာ ဟန်ဆောင်တတ်တဲ့ သူများဖြစ်လာပြီဆိုရင်ဖြင့် စိုးရိမ်စရာကောင်းလာပါပြီ။ အဲဒီလိုဖြစ်လာရင် ဆက်ပြီးဟန်ဆောင်နေခြင်းကိုရပ်တန်းကရပ်ပြီး၊ ဖြောင့်မတ်ခြင်း အစစ်အမှန်ရှိတဲ့ ခရစ်တော်နဲ့ ကားတိုင်ဆီကို အမြန်ဆုံးနည်းနဲ့ ပြေးပြီး ချဉ်းကပ်ကြဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဇာတိအမှန်ကို ဖုံးအုပ်ထားတဲ့ မျက်နှာဖုံးကို ဖယ်ခွာပြီး၊ ဖြောင့်မတ်ခြင်းတည်းဟူသော ၀တ်ရုံကို ခရစ်တော်ထံမှာ တောင်းခံရမှာ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ ဖြောင်မတ်ခြင်းဝတ်ရုံကို ၀တ်ထားခြင်းဟာ hypocrite လို ဖုံးကွယ်ခြင်းမျိုး မဟုတ်ပါဘူး။ အဲဒါဟာ အပြစ်ခွင့်လွှတ်ခြင်းကို ခရစ်တော်ထံမှ ရရှိခံစားရပြီး ဖြူစင်သွားစေခြင်း ဖြစ်ပါတယ်။

အပြစ်သားများနဲ့  ဖြူစင်တဲ့နှလုံးသား

ဟန်ဆောင်သူဘ၀ကို ရှောင်ကျဉ်နိုင်သေးပေမဲ့လည်း အပြစ်သားများဖြစ်နေသေးတဲ့ ကျွန်တော်တို့ တစ်တွေဟာ လုံးဝဖြူစင်တဲ့ နှလုံးသားကိုကော ပိုင်ဆိုင်နိုင် ကြပါ့မလား။

ကျွန်တော်တို့တစ်တွေဟာ အပြစ်သားများဖြစ်လို့ မိမိကိုယ်တိုင် ဖြူစင်အောင်ပြုလုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်းကို အဲသယောပိ(Ethiopian) လူဟာ သူ့ရဲ့အဆင်းကို ပြောင်းရန်မဖြစ် နိုင်ပုံ၊ ကျားသစ်များဟာလည်း သူတို့ရဲ့ အကွက်ကို ဘယ်လိုမှ မပြောင်းနိုင်ပုံများနဲ့ ဥပမာ ပေးပြောဆိုသွားတာကိုလည်း ယေရမိအနာဂတ္တိကျမ်းမှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဖြင့် ကျွန်တော်တို့ မလုပ်နိုင်ကြတော့ဘူးလား လို့ မေးစရာရှိပါတယ်။ လုပ်နိုင်ပါတယ်။ ဘုရားရဲ့ ကျေးဇူးတော်အားဖြင့် ကျွန်တော်တို့ ဖြူစင်နိုင်ကြပါတယ်။ လူမတတ်နိုင်တဲ့ အရာကို ဘုရားတတ်နိုင်ပါတယ်။ ဖြူစင်တဲ့နှလုံးသားဆိုတာ ဘုရားကနေ ပေးတဲ့လက်ဆောင်ဖြစ်ပြီးတော့ အသစ်တစ်ဖန်မွေးဖွားအားဖြင့်၊ လူသစ်ဖြစ်ခြင်းအားဖြင့်၊ သန့်ရှင်းသော ၀ိညာဉ်တော် ကျွန်တော်တို့ထဲမှာ ကိန်းဝပ်ခြင်းအားဖြင့် အဲဒီနှလုံးသားကို ရယူနိုင်ပါတယ်။

ဒါ့အပြင် ဘုရားသခင်နဲ့ အမြဲတစ်စေ မိဿဟာရ ပြုခြင်းအားဖြင့်လည်း ဖြူစင်တဲ့နှလုံးသားကို ရနိုင်ပါသေးတယ်။ ”တစ်ယောက်အားဖြင့် ယူသော်မရ၊တစ်သောင်းအားဖြင့် ယူသော်ရ၏” ဆိုသလို ကျွန်တော်တို့ တစ်ယောက်တည်း ကြိုးစားလို့မရပေမဲ့လည်း၊ တစ်သောင်းအားနဲ့ ညီတဲ့ ဘုရားရဲ့ အားအကူအညီကို မိဿဟာရ ပြုခြင်းတိုင်းမှာ ရယူနိုင်ကြပါတယ်။ ပြီးတော့လည်း ဘုရားရဲ့ အမှုတော်မြတ်ကို ဆောင်ရွက်ရင်းနဲ့လည်း ဖြူစင်တဲ့နှလုံးသားကို ရဖို့ ကျင့်ကြံနိုင်ပါသေးတယ်။ ဘုရားအမှုတော်ထမ်းတဲ့အခါမှာ ဘုရားကကျွန်တော်တို့ကို တစ်ပါးသူများ ကောင်းချီးရဖို့ အသုံးပြုပါတယ်။ အဲဒီလို အသုံးပြုတဲ့အခါမှာ ဘုရားကိုသာ ပိုမိုအာရုံစိုက်ပြီး ဘုရားနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်ခွင့်ရတဲ့ အတွက်ကြောင့် အကျင့်စာရိတ္တများ တဖြည်းဖြည်းကောင်းမွန်လာပြီး ဖြူစင်လာနိုင်ပါတယ်။

စစချင်းတော့ ကျွန်တော်တို့ အားလုံးဖြူစင်ကြမှာ မဟုတ်ပါဘူး။ အပြစ်များကို လုပ်မိကြဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အထက်ကပြောခဲ့သလို ဘုရားထံချဉ်းကပ်ခြင်း၊ ခရစ်တော်ကို စိတ်နှလုံး၌ သွင်းထားခြင်း၊ အပြစ်ပြုမိတဲ့အခါ ဘုရားထံ ၀န်ချတောင်းပန်ခြင်းအားဖြင့် လုပ်မိတဲ့ အပြစ်များဟာ တဖြည်းဖြည်းနည်းသွားပြီးတော့ အဆုံးမှာ ဖြူစင်နိုင်ကြပါတယ်။ ဘုရားဖူးခရီးသည်လိုပါပဲ ။ ကျွန်တော်တို့ဟာ တဖြည်းဖြည်းနဲ့ ဘုရားရှိရာ အရပ်ဆီကို ချီတက်ရင်း နောက်ဆုံးမှာ ဘုရားကို တွေ့မြင်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဖြူစင်လာလေ မင်္ဂလာနဲ့ ပိုမိုပြည်စုံလာလေ ဖြစ်ပြီး ကတိတော်ထားခဲ့တဲ့အတိုင်း အဆုံးမှာ ဘုရားကို မြင်နိုင်ကြမယ် ဖြစ်ပါတယ်။ အားလုံးသော စာဖတ်သူ ခရစ်ယာန် ညီအစ်ကိုများလည်း အဆုံးမှာ ဖြူစင်သော နှလုံးသားနဲ့ ဘုရားရှင်ကို မြင်နိုင်ကြပါစေ။

နောက်တစ်ဖန် ပြောပါရစေ။

စိတ်နှလုံးဖြူစင် သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ရကြလတံ့။ မဿဲ ၅း၈

နာမတော်မြတ်၌

လှမင်းသူ

 

မှီငြမ်းချက်များ။

1."The Jesus I Never Knew" by Philip Yancey

2."The Beatitudes" from internet resources

 

3။ Wikipedia

4၊ Gandhi and Christianity edited by Robert Ellsberg

5။ The Jesus I Never Knew by Philip Yancey

6။ The Comforting Whirlwind: God, Job, and the Scale of Creation by Bill McKibben

7။ The Beatitudes From Various Internet resources

 

Footer Monthly Articles & Web.Blogs

 

ဝိညာဉ်ရေးဆိုင်ရာလစဉ်ရွေးချယ်ထားသောမုရန်ဆောင်းပါးအချို့

 


Our Friendly Web & Blogs Links
jbcs.org.sg/main
woorank.com/en/www/sawpatrick.net
moemaka.com/2012/06/guest-writer-ပြည်သူတို့လိုချင်နေတ
spiritlessons.com/languages/index.htm
thawthikho.blogspot.com/2010/02/blog-post_9931.html
mahnkoko.blogspot.com.au
divinerevelations.info/languages/index.htm
mcathailand.com
myanmarinsingapore.com
karenfamily.org/profiles/blogs/links-1
zomimessenger.com/2012/09/column-music-column-extra-links-holy.html
streamoflife99.com/articles/jesus18yrsproblem.html
tudoenkung.wordpress.com/online-bibles
burmesebible.com/links.htm
jinghpawtingsan.blogspot.com/2011/04/morphvox-junior-voice-changer.html
sawkyawoo.com/2011/10/website_21.html
bethelkhrihfabu.net/nitin-bible-relnak.html
immanuelmyanmarchurch.com/apps/blog
mahnkoko.blogspot.com.au/2012/06/blog-post_10.html
kc-nl.blogspot.in/2011/09/2011-ning-ladaw-kcnl-nawku-hpung-wai.html
laaituibaptistchurch.com
mahnkoko.blogspot.com/2012/07/normal-0-false-false-false-en-au-x-none.html
mcflondon.com
dawnathar.blogspot.com/2010/11/blog-post_8330.html
imcwheaton.org
kc-nl.blogspot.com/2012/05/atrocities-in-kachin-land.html
kokomaunguk.blogspot.co.uk/2012/01/blog-post_21.html
sawpatrick.net
shinthan.com
bangkokchristchurch.net
batupuei.webs.com
burmesebible2008.blogspot.com/2009/10/typhoon-in-philippines.html
globalmcf.ning.com
intouchcnet.com
karanilan.webs.com/apps/videos/videos/show/5464117
kokomaunguk.blogspot.com.au/2012/06/blog-post_09.html
kokomaunguk.blogspot.sg/2012/08/blog-post_8666.html
mcctulsa.com
mgchit.blogspot.in/2012/08/blog-post_18.html
mmwebgallery.com
nlbcusa.wordpress.com
sawchit.blog.com/2011/06/12/ကျီးတို့အလယ်မှ-ဒေါင်း
sawchitthu.blogspot.com/2012/03/software-license-version.html
simonkamta.blogspot.com/p/mp3-download_16.html

swecanaan.blogspot.com/2012/09/andriod-phone-program.html
thelordword.com
tkbc-japan.net
bangkokchristchurch.net

haineni.ning.com
bangkokchristchurch.net
globalmcf.ning.com/
thawthikho.blogspot.com
orangeask.com
miccfortwayneusa.blogspot.com
mcflondon.com
kokomaunguk.blogspot.com

mission-one.co.cc                   
chanlinnay.mandalaybloggers.org

thespiritfruit.com
mg-m.blogspot.com  ကျမ်းစာလေ့လာနည်းများ
mcbc4u.blogspot.com မုရန်ဆောင်းပါးအချို့.
www.myatmingalar.com/ မြတ်မင်္ဂလာဒေသနာများ
myanmar-odb.org နေ့စဉ်ခွန်အား(မြန်မာ)

Ref:

http://www.alexa.com

Facebook Twiter Google Buttons

ရယ်ရွှင်ဘွယ်ရာ (Random Selection)


( ဓမ္မဟာသ - မင်းအောင်သက်လွင်)


အသင်းတော် တစ်ခုမှာပေါ့ဗျာ။

သဘာပတိက အလှူငွေ ကောက်ခါနီးတိုင်း အလှူငွေ မကောက်ခံခင်မှာ အရင် ဆုတောင်း ဆက်ကပ်လေ့ ရှိပါတယ်။

 အဲဒီလို ဆုတောင်းတဲ့ အခါတိုင်းမှာလဲ “ ညီအစ်ကို မောင်နှမတို့ အလှူငွေ မထဲ့ခင်မှာ ကိုယ်ထဲ့မဲ့ ငွေကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး လက်မှာ ကိုင်ထားပါ။။
အဲဒီငွေကို ဘုရားသခင်ထံမှာ အရင် ဆုတောင်း ဆက်ကပ်ပါမယ် ”လို့ သတိပေးပြီး
“ အို - အဘ ဘုရားသခင် သားသမီးတို့  တစ်ဦးစီရဲ လက်မှာ ကိုင်ထားသော ငွေကို ကိုယ်တော့်ရဲ့ ဥစ္စာ ငွေအဖြစ် ပေးလှူပါတယ် လက်ခံတော်မူပါ - -  ” လို့  ဆုတောင်းလေ့ ရှိပါတယ်။။  လူတွေ အားလုံးကလဲ “အာမင်” လို့  ကျေကျေနပ်နပ်'ကြီး ဝန်ခံ၊ အလှုငွေ မကောက်ခင်မှာ သဘာပတိက အရင်ဦးဆုံး ဆက်ကပ်ဆုတောင်းပါတယ်။။  ပရိတ်သတ်တွေကလဲ ထုံးစံအတိုင်း ငွေကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး လက်မှာ ကိုင်ထားကြပါတယ်။

သဘာပတိက -

“အို - အဘ ဘုရားသခင် သားသမီးတို့ တစ်ဦးစီရဲ့ လက်မှာကိုင်ထားသော ငွေမှအပ ပိုက်ဆံအိတ်ထဲက ကျန်သော ငွေတွေအားလုံးကို ကိုယ်တော့်ရဲ့ ဥစ္စာ အလှူငွေအဖြစ် ပေးလှုပါတယ် လက်ခံတော်မူပါ - ” လို့ ပြောပြီး။ ဆုတောင်းလိုက်ပါတယ်။

 အဲဒီအချိန်မှာ ခေါင်းငုံ့  ဆုတောင်းနေတဲ့ ပရိတ်သတ် အားလုံးဟာ
ကြက်သေ သေသွားပြီး ခန်းမ တစ်ခုလုံး အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်သွားပါတယ်။

  ခနကြာတော့ “အာမင်” သံအစား။ နှာမှုတ်သံ ပြင်းပြင်း ကို ကြားလိုက်ရပါတယ်။

The End... 

 

ဗဟုသုတဆောင်းပါး (Random Selection)


စိုးမင်း

လူဦးရေ သန်းပေါင်းခြောက်ဆယ်ရှိတဲ့ ကျွန်တော်တို့ မြန်မာပြည်မှာ ပညာရှိ သူတော်ကောင်း အမျိုးကောင်းသားစစ်စစ်ကြီးပါလို

့ ပြောနိုင်တဲ့သူ ဘယ်နှစ်ယောက်များ ရှိပါ့မလဲ သိရခက်ပါတယ်။ အကုန်လုံးကတော့ ကိုယ့်ကိုယ်ကိုယ် အဲသလိုပဲ ထင်နေကြတယ် မဟုတ်လား။ ကိုယ့်ဟာကိုယ် မဟုတ်မှန်းသိတောင် သူများတွေကတော့ အဲသလိုထင်လည်း နည်းသလားဆိုပြီး လူ့ရှေ့သူ့ရှေ့ကျရင် ဟန်ပန်ကြီးတခွဲသားနဲ့ ဟောက်စားလုပ်ချင်တဲ့သူတွေက ပိုများမလားပဲ။ ခက်တာက တကယ့်အစစ်ဆိုတာ ရဟန္တာဈာန်ပျံသလို ကိုယ်တိုင်မြင်ဖူးတဲ့သူ အလွန်ရှားသွားပြီမို့ သည်တခါတော့ အရုပ်ရေးပြတာမဟုတ်ပဲ လူပုဂ္ဂိုလ် အကောင်လိုက်ကြီးနဲ့  “သည်လိုလူမျိုးကိုခေါ်သကွ” ဆိုပြီး ဆွဲထုတ်ပြလိုက်ချင်ပါတယ်။ ငြင်းနိုင်ရင် ငြင်းရဲရင် ငြင်းကြည့်ကြပါဦး။ ဆရာကြီး ဦးဖေမောင်တင် လို့ ခေါ်ပါသဗျ။

သံသရာမှာ သတ္တ၀ါတွေ ကျင်လည်ရတဲ့အခါ ဘ၀ပေါင်းများစွာ ဆုံးစမထင် အတွင်တွင် မရပ်မနား တသွားတည်းသွားကြရပါသတဲ့။ အဲသလိုသွားနေရင်းက ထပ်ကာထပ်ကာ သွားမိတဲ့ခရီးကိုလိုက်ပြီး သတ္တ၀ါတွေမှာ စရိုက်ရယ်၊ အထုံရယ်၊ ပါရမီရယ်လို့ ပါလာကြရပါတယ်။ စရိုက်ဆိုတာကတော့ အကြိမ်ကြိမ် အဖန်ဖန် ပြုနေကျအပြုအမူကြောင့် ကာယကံရှင်ရဲ့ စိတ်နေစိတ်ထားမှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့သဘောကို ခေါ်တာနေမှာပေါ့။ ဆိုက်ကားသမားမှာ ဆိုက်ကားသမားစရိုက်ရှိမယ်။ ဆရာဝန်မှာ ဆရာဝန်စရိုက်ရှိမယ်။ စစ်ဗိုလ်စစ်သားမှာ စစ်ဗိုလ်စစ်သားစရိုက်ရှိမယ်။ အကျင့်ပါနေတာကြီးတစ်ခု စိတ်ရောကိုယ်ပါ စွဲလာလို့ရှိရင် စရိုက်လို့ ခေါ်လိမ့်မယ်။ အထုံဆိုတာကတော့ အကျင့်စရိုက်တစ်ခုခုကို မသိစိတ်ကပါစွဲပြီး အလိုအလျောက် လုပ်မိလျက်သား၊ အားထုတ်မှုမလိုပဲ အသားတကျလုပ်မိလျက်သား ဖြစ်လာတာကို ပြောတာပါ။ သတ္တ၀ါတွေမှာ သူတို့ကျင်လည်ရာဘ၀ဟောင်းတွေကို လိုက်လို့ စရိုက်တွေ အထုံတွေက ခုဘ၀ နောက်ဘ၀တိုင်အောင် အရိပ်ပမာ လိုက်ပါလာတတ်ပါတယ်။ တချို့က လောဘစရိုက်ရှိမယ်။ တချို့က ဒေါသစရိုက်ရှိမယ်။ တချို့က မောဟစရိုက်ရှိမယ်။ အဲသလိုမျိုးပါ။ အကုသိုလ်နဲ့ အထုံပါလာသူများကျတော့ မုဆိုးအတတ် တံငါအတတ်တို့မှာ တဘက်ကမ်းခတ် ကျွမ်းကျင်လာတာမျိုး၊ လက်နက်၊ အဆိပ်၊ သေရည် အရောင်းအ၀ယ်တွေနဲ့ မီလျံနာဖြစ်လာတာမျိုးပေါ့။ ပါရမီဆိုတာကတော့ မိမိသွားလိုတဲ့ ဆိပ်ကမ်းတစ်ခုကိုရောက်အောင် အစဉ်မပြတ် ကူးခတ်သွားသလိုမျိုး ဦးတည်ရာတစ်ခုခုအတွက် လိုအပ်တဲ့ အကျင့်ကောင်း စရိုက်ကောင်းတွေကို ဘ၀ပေါင်းများစွာ ၀ီရိယစိုက်ထုတ်လို့ အထုံပါအောင် ဖြည့်ကျင့်ရင်း တစတစပြည့်စုံလာလေသမျှကို ခေါ်တာဖြစ်ပါလိမ့်မယ်။ ဒါက ကိုယ်ဥာဏ်မီသလောက် တွေးကြည့်တာလေ။ မဟုတ်ရင်လည်း ဘုန်းဘုန်းတို့က ၀င်ဆွေးနွေးပေးကြပါဦး။

အဲသည် စရိုက်၊ အထုံ၊ ပါရမီဆိုတာတွေဟာ ကုသိုလ် အကုသိုလ်အမှုများလိုပဲ ကျင်လည်ရာဘ၀တိုင်းကို “၀ါသနာဘာဂီ ဆက်တိုင်းမီ” ဆိုသလို စိုက်လိုက်မတ်တတ် လိုက်ပါလာတတ်လေတော့  “သူတော်ချင်းချင်း သတင်းလွေ့လွေ့” တို့၊ “သမဏေန သမဏော”တို့ ပြောလေ့ရှိကြတဲ့အတိုင်း ကိုယ်နဲ့တူရာတူရာ ပုဂ္ဂိုလ်သတ္တ၀ါကိုသာ အစေးကပ်ကပ် စုဝေးနှီးနှော အဖော်သဟဲပြုကြသလို လေးစားကြည်ညို ဆည်းကပ်ရာတွေမှာလည်း စရိုက်တူ၊ သဘာဝတူ၊ လမ်းစဉ်တူရာကိုသာ အထင်တကြီး ကိုးကွယ်ယုံကြည်ကြပါလိမ့်မယ်။ သည်သဘောကြောင့်မို့လို့ ပညာရှင်ဆိုတာ အာဏာရှင်၊ ဓနရှင်တွေအကြားမှာ တန်ဖိုးမရှိနိုင်ပါဘူး။ (ပညာရဲ့တန်ဖိုးဆိုတာ ပညာတတ်တဲ့သူတွေသာ သိနိုင်တာမျိုးလို့တော့ မပြောရဲကြောင်းပါ။) “ခင်ဗျားပညာရှိကြီးလုပ်နေပြီးတော့ ရေဗူးပေါက်တာ ကျုပ်လာမပြောနဲ့ဗျာ။”  လို့ ငမိုးရိပ်မိကျောင်းလို ကြိမ်စကြာအရိုက်ခံနိုင်ပါ့မလား။ “နင့်လိုဘွဲ့နဲ့အကောင်မျိုး ဆယ့်ငါးယောက်လောက် ပိုက်ဆံပေးပြီး ခြေသလုံး နှိပ်ခိုင်းထားလို့ရတယ်။” လို့ပြောလာရင် ဆယ့်ငါးယောက်ပြည့်သွားမှာစိုးလို့  အလုအယက် တုံကင်ယူထားကြမလား။ ပညာရှိဆိုတာ ပညာရှိနေရုံသက်သက်တော့ မဟုတ်ပါဘူး။ သူ့မှာလည်း သူ့စရိုက် သူ့အထုံပါရမီနဲ့လာတာမဟုတ်လား။ ကေသရာဇာမှန်ရင် မြက်မစားဘူးဆိုတဲ့ စရိုက်သဘာဝတွေလည်း ရှိပါလိမ့်မယ်။ လျှာပေါ်မှာ မြက်ပေါက်စေဦးတော့ဆိုတဲ့ ပညာမာနလေးတွေလည်းရှိမယ်။ ပညာရှိတို့မည်သည် ဘာတွေကို လုပ်လေ့မရှိဘူး ဆိုတာတွေနဲ့ ဘာတွေကို လုပ်လေ့ရှိတယ် ဆိုတဲ့သဘောလေးတွေကို သဘောပေါက်စေချင်တဲ့အတွက် ပညာရှိဂုဏ်ရည်ဆိုတာကို လေ့လာကြည့်ကြရအာင်နော်။

ဆရာကြီးဦးဖေမောင်တင်ဟာ မြန်မာလူမျိုးတွေထဲက ပထမဦးဆုံးပါမောက္ခ ဖြစ်လာခဲ့ပြီး အသက်အားဖြင့်ဆိုရင် ၂၄နှစ်သာ ရှိပါသေးသတဲ့။ လူမျိုးခြားတွေချည့် ကြီးစိုးတဲ့ ကာလကတ္တားတက္ကသိုလ်ရဲ့ လက်အောက်ခံ ရန်ကုန်ကောလိပ်မှာ ဆရာကြီးအလုပ်လုပ်ရတဲ့ဌာနကတော့ အခု အရှေ့တိုင်းပညာဌာနလို့သိကြတဲ့ ပါဠိဘာသာဌာနမှာဖြစ်ပါတယ်။ မြန်မာလိုပြောရင် ဒဏ်တပ်တဲ့ ခရစ်ယာန်သာသနာပြုကျောင်းများကနေ အောင်လာပြီး “မြန်မာစကားတွေ မေ့ကုန်ပလားကွယ် မေ့ကုန်ပလားကွယ် ပြောစမ်းပါမောင်ရယ်” လို့ မကြည်အောင်သီချင်းထဲမှာပါတဲ့ အင်္ဂလိပ်ခေတ်ကောလိပ်ကျောင်းမှာ ပါဠိလိုဆရာတစ်ဆူဖြစ်အောင် တတ်ကျွမ်းတဲ့ဆရာကြီးဟာ ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ “ပဋိသင်္ခါယောနိသော အပျိုမြင်ရင် ငါ့ကိုပြော” လို့ ကျက်ခဲ့မှတ်ခဲ့ရတဲ့ ကိုရင်ဘ၀ ကျောင်းသားဘ၀မျိုးက လာတာလည်း မဟုတ်ပါဘူး။ ခရစ်ယာန်ဘာသာဝင်မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ ကိုယ်တိုင်လည်း ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူတစ်ဦးဖြစ်ပါတယ်။ ဘမျိုးဘိုးတူ မျိုးကောင်းရိုးကောင်းလို့ ပြောနိုင်တာကတော့ ၀န်ထောက်မင်းဦးတင်က မွေးဖွားလာခဲ့ပြီး ဦးလေးတော်သူက ကိုယ်တွေ ငယ်ငယ်က ခေါင်းအုံးအိပ်လို့ရပြီး အထူဆုံးစာအုပ်လို့ သိကြတဲ့ ဦးထွန်းငြိမ်း အင်္ဂလိပ်မြန်မာ အဘိဓါန်ကို ပြုစုသွားသူ ၀န်ထောက်မင်းကြီးဖြစ်ပါသတဲ့။ ဒါတောင်မှ ပါဠိဘာသာကို မြစ်ဖျားခံရာ အိန္ဒိယတိုင်းသားများအလယ် ကာလကတ္တားတက္ကသိုလ်မှာ တရားမင်းကြီးချုပ်ချီးမြှင့်တဲ့ “ဂျာဒင်းဆု” ကို ရခဲ့သလို ရနောင်းဘုရင်ခံက ချီးမြှင့်တဲ့ “ရနောင်းဆု” ရခဲ့ပါသတဲ့။ အဲသည်ရာထူးနေရာကို သူ့ကိုမှ မခန့်ရင် မိုးကြိုးကြီးပစ်သွားလိမ့်မယ်လို့ စိတ်ထဲမှာ စွဲနေကြလို့သာ ကိုလိုနီခေတ်ကြီးထဲ မြန်မာအမျိုးသားတစ်ယောက်အနေနဲ့ ပါမောက္ခရယ်လို့ မဖြစ်မနေ ခန့်အပ်သွားရပါသတဲ့။ (မြောက်ကိုရီးယားမှာ ကင်ဂျုံအီတော်သလို တော်တာမျိုး မဟုတ်ဘူးလို့ သိစေချင်ပါတယ်) ဒါက သူဘာလဲဆိုတာကို မသိမမီလိုက်သူတွေ သိရအောင် မိတ်ဆက်ပေးရုံ သက်သက်ပဲ ရှိသေးတာ။

သူဘာလုပ်ခဲ့သလဲဆိုတာတွေ သိရင်တော့ တခြားသူတွေမပြောပါနဲ့။ ကျွန်တော်တို့ ဘိုးတော်ဘတော် စာရေးဆရာကြီးများကိုယ်တိုင် လူချင်းတွေ့ရင် ထိုင်ကန်တော့လောက်အောင် ကြည်ညိုသွားကြတာ။ မြန်မာစာရေးဆရာထဲမှာ အင်္ဂလိပ်ဘာသာကို မွှတ်နေအောင်တတ်ကျွမ်းလို့ အသက်ငယ်ငယ်ကလေးနဲ့ အင်္ဂလိပ်စကောလားရှစ်တွေ အထပ်ထပ်ရခဲ့ပြီး ရှားလော့ဟုမ်းတွေကို ဦးစံရှားရယ်လို့ ဂန္တ၀င်မြောက်အောင် မြန်မာမှုပြုခဲ့သူ ဆရာကြီးရွှေဥဒေါင်းကတော့ ၀ိသုဒ္ဓိမဂ်ကျမ်း ကို အင်္ဂလိပ်ဘာသာပြန်သွားနိုင်တဲ့အတွက် ကြည်ညိုလွန်းလို့ ရှိခိုးပါသတဲ့။ မြန်မာစာပေလောကမှာ ခေတ်စမ်းစာပေရယ်လို့ ခေတ်တစ်ခေတ်ဆန်းလာအောင် ရှင်းလင်းတိကျပြောင်မြောက်တဲ့ အရေးအသားများနဲ့ လမ်းသစ်တီထွင်သွားသူ ဆရာကြီး သိပ္ပံမောင်ဝကတော့ နိုင်ငံရပ်ခြားမှာ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်သွားနိုင်သူ မြန်မာပုဂ္ဂိုလ်ထူးကြီးသုံးဦးရှိတာ လယ်တီဆရာတော်ဘုရားကြီး၊ ယစ်မျိုးမင်းကြီးဦးရွှေဇံအောင် နဲ့ ပါမောက္ခဦးဖေမောင်တင်ပါတဲ့။ ဗေဒါလမ်းကဗျာရယ်လို့ မြန်မာခေတ်စမ်းကဗျာလောကမှာ ပြိုင်ဘက်ကင်းအောင် ထင်ရှားခဲ့သူ ဆရာကြီးဇော်ဂျီကတော့ သူတွေ့ဖူးခဲ့တဲ့ လောဘနည်း၍ တင်းတိမ်ရောင့်ရဲတတ်သူနှစ်ဦးကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဆရာကြီးဦးဖေမောင်တင်ပါတဲ့။ ပညာတတ်ဆိုတာ တော်ရုံတန်ရုံ ပညာရှင်ကိုမြင်ရုံနဲ့ ကြည်ညိုခြောက်ခြားရိုးထုံးစံမရှိဘူးဗျ။ ဆရာ့ဆရာကြီးများ ကိုယ်တိုင်က ရှာမှရှားပါပေတယ်လို့ လေးလေးစားစား ရင်မှာထားကြတာဟာ ဘယ့်လောက်ပညာပြည့်သလဲ သိနိုင်လောက်ပါတယ်။ “အဲတော့ ဘာဖြစ်သလဲ။ ကားပါမစ်ကျမှာလား။ နေပြည်တော်မှာ မြေကွက်ပေးမှာလား။ ဘာမှလည်းလုပ်မရပဲနဲ့” ဆိုတဲ့သူတွေကတော့ နားလည်နိုင်မှာ မဟုတ်ပါဘူး။ သူတို့အတွက် ပညာဆိုတာ ရောင်းမရ ၀ယ်မရ၊ အမြတ်မရ၊ ဈေးကွက်မ၀င်။ ဘယ်နားသွား သုံးစားရမှာတုန်း။

ဆရာကြီးရဲ့ကျေးဇူးတွေက ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးတင် မကသေးပါဘူး။ မြန်မာစာပေ တိုးတက်တွင်ကျယ်ရေး အတွက်လည်း ဦးဆောင်လမ်းပြသွားခဲ့တာ အထင်အရှားပါပဲ။ သင်ရိုးမြန်မာစာမှာ ဝေဿန္တရာဇာတ်တော်ကြီးကို ပြဌာန်းပေးခဲ့တဲ့အခါ ခရစ်ယာန်သာသနာပြုကျောင်းများက မြတ်စွာဘုရားရှင်ရဲ့ ပါရမီတော်ခန်းတွေမို့ ဗုဒ္ဓဘာသာတွေကို မသင်နိုင်ပါဘူးလို့ အပြင်းအထန် ကန့်ကွက်ကြပါတယ်။ ထူးခြားတာက ပြဌာန်းတဲ့သူကိုယ်တိုင်က ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်နေပြီး “ဗုဒ္ဓဘာသာနိုင်ငံမှာ ခရစ်ယာန်တွေက ဗုဒ္ဓဘာသာကိုသင်ခွင့်ရတာ ဘာဖြစ်သေးတုန်း။ ကျေးဇူးတောင်တင်ရဦးမှာ မဟုတ်လား။” တဲ့။ အဲဒီစကားဟာ ဗုဒ္ဓဘာသာဝင်အဖြစ် မပြောင်းပဲပြောနိုင်တာဖြစ်တဲ့အတွက် ပညာရပ်နဲ့ ပတ်သက်လာရင် ဘာသာတရားနဲ့တောင် ရောထွေးမသွားဘူးလို့ သိသာစေပါတယ်။ ကလေးဘ၀ကတည်းကစပြီး အထက်တန်း၊ တက္ကသိုလ်ပညာအထိ သင်ကြားလာခဲ့ရတဲ့ မြန်မာစာသင်ရိုး စကားပြေ ကဗျာများဟာ ဆရာကြီးရဲ့ ပြဌာန်းချက်တွေဖြစ်တဲ့အတွက် အခုကျွန်တော်တို့ ရေး ဖတ် ပြော သင်နေတဲ့ မြန်မာစာတွေအားလုံးဟာ ဆရာကြီးပုံသွင်းပေးလိုက်တဲ့ လက်ရာမွန်စစ်စစ်ဖြစ်ပါတယ်။ မြန်မာစာပေသမိုင်းကို ပြုစုခဲ့ရုံတင်မကဘူး။ မှန်နန်းရာဇ၀င်တော်ကြီးကို အင်္ဂလိပ်လိုပြန်ပြီး မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌတောင် လုပ်သွားသေးတာဆိုတော့ ကိုယ့်ကိုယ်ကိုယ် မြန်မာလူမျိုးပါလို့ ပြောရင် ဆရာကြီးဦးဖေမောင်တင်ဆိုတာ ဘယ်သူလဲလို့တော့ ကြားဖူးသင့်တယ် ထင်ပါတယ်။ (ခုခေတ် လှယဉ်ကျေးမယ်ကလေးတွေက ဒေါ်ခင်ကြည်နံမယ် မကြားဖူးသလို စာရေးဆရာ တော်တော်များများကလည်း ဆရာကြီးနံမယ်ပြောပြရင် ဘူကြီးတုန်း လို့ ပြန်မေးမယ့်သူ များပါတယ်။)

ဆရာကြီးရဲ့ အံ့ချီးမကုန်နိုင်တဲ့ အမူအကျင့်တွေထဲမှာ မှန်မှန်ကန်ကန် ရပ်တည်ခြင်းဆိုတာလည်း ပါပါတယ်။ မင်းပေါက်စိုးပေါက်ဇာတိကနေ နိုင်ငံရပ်ခြားမှာအထိ ထွန်းထွန်းပေါက်ပေါက် ပညာရဲရင့် ပွဲလည်တင့်ခဲ့သော်ငြား မြန်မာမူ မြန်မာစိတ်ကတော့ တစ်ရွေးသားမျှ လျော့မသွားပါဘူး။ အောက်စဖို့တက္ကသိုလ်က ဘီလစ် လို့ခေါ်တဲ့ ကျမ်းပြုပညာပါရဂူဘွဲ့ ရလာခဲ့ပေမယ့် ကျောင်းမှာ စာသင်ရတဲ့အခါ သူများတွေလို အနောက်တိုင်းဝတ်စုံမ၀တ်ပဲ ရင်ဖုံးတိုက်ပုံ၊ တောင်ရှည်ပုဆိုး၊ မောင့်ကျက်သရေခေါင်းပေါင်းကြီးနဲ့ သင်ပါသတဲ့။ သူနေတဲ့ အင်းစိန်ပေါက်တောကနေ ရန်ကုန်ကောလိပ်ကို လာတဲ့အခါ မော်တော်ဆိုင်ကယ်ကြီးနဲ့ တောင်ရှည်ကို ခါးတောင်းကျိုက်ပြီးလာတာတဲ့။ ရွဲ့များရွဲ့နေသလား အောင့်မေ့ရတယ်။ အင်္ဂလိပ်ကခန့်လို့ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေပေမယ့် အရေးကြုံရင် အမြဲတမ်း မြန်မာကျောင်းသားတွေဘက်ကသာ ရပ်တည်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ သူ့မှမခန့်ရင် မိုးကြိုးပစ်မှာကြောက်လို့ မဖြစ်မနေ ခန့်လိုက်ရတဲ့အဖြစ်ဟာ ပါမောက္ခရာထူးမှာတင် မဟုတ်ပါဘူး။ ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ဖြစ်လာတဲ့အခါမှာ ကျောင်းသားထုတစ်ရပ်လုံးကို ကျေနပ်စေဖို့ ဆရာကြီးကို ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ရာထူးကိုလည်း မဖြစ်မနေ ခန့်အပ်လိုက်ရပါတယ်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနုတို့ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ကိုအောင်ဆန်းတို့လို လူငယ်ကျောင်းသားများကတဘက်၊ အာဏာလက်ရှိ နယ်ချဲ့ အင်္ဂလိပ်အစိုးရကတဘက်အကြားမှာ ပညာရှင်ပီသစွာ  ဘယ်ဘက်ကိုမှ မယိမ်းပဲ သမာသမတ်ကျကျ ကိုယ့်တာဝန်ကိုယ်ကျေအောင်ထမ်းသွားခဲ့တာ သမိုင်းမှတ်တမ်းတစ်ခုပါပဲ။ “သည်သူငယ်တွေကို အခါပေးလိုက်ရင်ဖြင့် နောင်အခါ မင်းဆရာဖြစ်ရချေသေးရဲ့” ဆိုတဲ့အစားထဲကမဟုတ်တာ အင်မတန် အံ့သြချီးကျူးစရာပါ။ ၀န်ထမ်းတစ်ယောက်အနေနဲ့ ရပ်တည်ချက်မှန်သလို မြန်မာလူမျိုးတစ်ယောက် အနေနဲ့လည်း မှန်မှန်ကန်ကန် ရပ်တည်ပြန်တာပါပဲ။ တို့ဗမာအစည်းအရုံးတို့ တို့ဗမာသတင်းစဉ်တွေကို ထောက်ပံ့လေ့ရှိပါသတဲ့။ လှေနံနှစ်ဘက်နင်းတာမျိုး မဟုတ်ပဲ အလုပ်တာဝန်နဲ့ နိုင်ငံရေးရပ်တည်ချက်ကိုလည်း ရောထွေးမပစ်ဘူးဆိုတာ သတိပြုမိစေချင်ပါတယ်။ အလုပ်ထဲက လုပ်ပိုင်ခွင့်တွေသုံးပြီး မဲဆွယ်သူတွေကို မြင်ဖူးရင် ဘယ်လောက်ကြည်ညိုစရာကောင်းသလဲ သဘောပေါက်နိုင်ပါလိမ့်မယ်။

အစောကပြောခဲ့တဲ့အတိုင်း လူဆိုတာ ကိုယ်နဲ့တူရာတူရာကိုသာ ကြည်ညိုလေးစား အထင်ကြီးလေ့ ရှိကြတယ်ဆိုတော့ သည်ကနေ့ခေတ်အခါမှာတော့ ဆရာကြီးလို ပညာရှိစစ်စစ်ကြီးတွေကို လူမိုက်မှ လူမိုက် လို့်ပဲ ထောပနာပြုကြပါလိမ့်မယ်။ ပညာကို ငွေကြေးနဲ့ အလဲအလှယ်မပြုတတ်သေးပါဘူး။ ဆရာကြီးရဲ့ပညာကိုလေးစားလို့ ယိုးဒယားဘုရင်က ရွှေဒင်္ဂါးပေါင်တစ်ထောင် ချီးမြှင့်တဲ့အခါ ကိုယ်ကျိုးအတွက်မသုံးပဲ ပါဠိကျမ်းစာအသင်းကို လှူဒါန်းလိုက်ပါသတဲ့။ ဘီအေအောင်လို့ မြို့အုပ်လုပ်ရအောင် အိမ်တိုင်ရာရောက် ရာထူးခန့်တာကိုတောင် မလုပ်နိုင်ပါဘူးငြင်းပြီး အထက်တန်းပြဆရာအလုပ်ကိုပဲ ၀င်ပါသတဲ့။ ပညာရပ်ဆိုင်ရာ ပါရဂူဖြစ်အောင် ကျားကုတ်ကျားခဲ ကြိုးစားလာခဲ့တာဟာ “သည်လိုဘွဲ့မျိုးနဲ့ ဆရာဝန်တွေ နိုင်ငံခြားမှာသွားလုပ်ရင် တစ်နာရီ ဘယ်လောက်ရသလဲ သိရဲ့လား” လို့ ပြောနိုင်ဖို့ မဟုတ်ပါဘူး။ ရာထူးမမက်သော်ငြား သူတပါးအစားထိုးလို့မရတဲ့ ပညာရှင်နေရာကို ထိုက်ထိုက်တန်တန် ရရှိလာတဲ့အခါ တိုင်းတပါးသားတို့က မတရားသဖြင့် တင်စီးအနိုင်ယူလာတဲ့အခါမှာလည်း ခေါင်းငုံ့ခံလေ့မရှိပါဘူး။ လန်ဒန်မြို့ မြန်မာကျောင်းသားအသင်းဥက္ကဋ္ဌနေရာအတွက် ဆာဟာဗေးအင်ဒါဆင်နဲ့ ယှဉ်ပြိုင်အရွေးခံခဲ့တဲ့အခါ ဆာဘွဲ့ရ အင်္ဂလိပ်သူကောင်းမျိုးကြီးက မရှက်မကြောက် မဲလိမ်ပြီး အနိုင်ယူလိုက်ပါသတဲ့။ (ဖြစ်မှဖြစ်ရလေကွယ်။ အဟတ် အဟတ်) သူ့နိုင်ငံမှာလည်းဖြစ်ပြန်၊ လက်အောက်ခံ နိုင်ငံသားတစ်ယောက်နဲ့ နန်းတော်က သူကောင်းပြုထားသူတစ်ဦး အကြားမှာ ဖြစ်လာတဲ့ကိစ္စဖြစ်သော်ငြား ဆရာကြီးက အလျှော့မပေးပဲ လန်ဒန်တရားရုံးတော်ထိ တက်ရောက်တိုင်ကြားပြီး အဆုံးအဖြတ်ခံယူကာ အနိုင်ရခဲ့ပါသတဲ့။ (သည်တခါမှာတော့ အံ့သြမိတာ ဆရာကြီးတင်မကတော့ဘူး။ လန်ဒန်တရားရုံးတော်လည်း ပါသွားပြီ။ နှစ်ဘက်စလုံး ရူးများနေကြသလား မသိနော်။ ဟိ ဟိ)

နောင်လာနောက်သား မြန်မာများအတွက် ပညာမျိုးစေ့တွေချခဲ့တဲ့တာဝန်ကိုလည်း ဆရာကြီးက မလစ်ဟင်းခဲ့ပြန်ဘူးဗျား။ ဆရာကြီးသိပ္ပံမောင်ဝ၊ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီတို့ဟာ သူ့တပည့်တွေပါတဲ့။ “မီးသွေးခဲမို့ မဲသကို မြန်မာသွေးမို့ ရဲသကို” လို့ ဆိုရမလောက် ဆရာကောင်းတပည့် ပန်းကောင်းပန်ခဲ့ကြတဲ့သူတွေမှာ ပညာအမွေတင်မကပါဘူး။ ဆရာကြီးဆီက ပညာရှင်စိတ်ဓါတ်နဲ့ ရပ်တည်ချက်တွေကိုလည်း ဆက်ခံခဲ့ကြပါတယ်။ နယ်ပိုင်ဝန်ထောက်မောင်လူအေးဟာ အင်္ဂလိပ်လက်ပါးစေသက်သက်မဟုတ်ပဲ ခေတ်စမ်းစာပေအရေးအသားနဲ့ မြန်မာတွေကို နားမျက်စိဖွင့်ပေးခဲ့ရင်း တာဝန်ကျေပွန်သူဝန်ထမ်းတစ်ဦးပီပီ တရားဥပဒေစိုးမိုးရေးကိုလည်း မှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့တဲ့အတွက် ခေတ်ပျက်ချိန်မှာ ဓါးပြသတ်လို့ဆုံးရှာပါတယ်။ (အငြိုးနဲ့သတ်တယ်လို့ ပြောကြတာကိုး။ စာမတတ်တဲ့သူတွေက ပညာရှိမှန်းလည်း ဘယ်သိမလဲ။ အလိုလိုကို မုန်းနေဦးမလားမသိ) တော်လှန်ရေးကောင်စီအစိုးရတက်လာတဲ့အခါမှာ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဦးသာလှအပါအ၀င် မြန်မာဘာသာ၊ မြန်မာစာပေပါမောက္ခတွေဖြစ်ကြတဲ့ ဆရာကြီးမင်းသုဝဏ်တို့ ဆရာကြီးဦးအေးမောင်တို့ အားလုံး အလုပ်ထွက်စာတင်သွားကြတာဟာ သူတို့က ကွန်မြူနစ်တွေမို့လို့၊ ဦးနေ၀င်းအစိုးရကို မယုံကြည်လို့ဆိုတာမျိုး နိုင်ငံရေးသဘောမပါပဲ ပညာရှင်ဆိုတာ မလုပ်သင့်မလုပ်ထိုက်တာကို အတင်းအကြပ်စေခိုင်းလာလို့ရှိရင် ရာထူးစည်းစိမ်ကို စွန့်လွှတ်ဖို့ ၀န်မလေးဘူးဆိုတာ သဘောပေါက်အောင် တွေးတတ်ပါ့မလား မသိပါဘူး။ ဆရာကြီးကတော့ ဆရာကြီးပါပဲခင်ဗျ။ ပြည်ထဲအရေး ပေါက်နဲ့ကျေးမှာ ပဲ့ပြားရွှေကြူ လေယူရာမယိမ်းပဲ ကိုယ့်ပညာနဲ့ကိုယ် ပညာရေး အမျိုးသားရေးကိုသာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တဲ့အတွက် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ မဆလခေတ် ဘယ်ခေတ်မှာမဆို သူ့ကိုမှမဆည်းကပ်ရင် မိုးကြိုးပစ်တော့မလောက် အစိုးရတိုင်းက တလေးတစားမေတ္တာရပ်ခံပြီး တာဝန်တွေပေးယူရတဲ့အထိ ပညာအရာမှာ ပြိုင်ဘက်ကင်းခဲ့ပါတယ်။ စာပေစာတမ်း၊ ကျမ်းကြီးကျမ်းခိုင်၊ သမိုင်းအထောက်အထား သုတေသနလုပ်ငန်းတို့ကိုလည်း ညွှန်းလို့ဖွဲ့လို့မကုန်အောင် ပြုစုသင်ကြားပို့ချပေးသွားပါတယ်။ မြန်မာတို့ရဲ့ သမားစဉ် သမားဆက် ဆရာကာပြန် အာခေါင်လှံစူးပုံပြင်နဲ့ ဆရာစားတစ်ကွက်ချန်တဲ့ဓလေ့ဟာ ဆရာကြီးလက်ထက်မှာ စကားတစ်ခွန်းတည်းနဲ့ အမြစ်ပြတ်သွားပါတယ်။ “တပည့်ဆိုတာ ဆရာထက် တော်ရမယ်။ တပည့်က ဆရာ့ထက်ညံ့နေရင် လောကကြီးက တဆင့်ပြီးတဆင့် ကျဆင်းသွားမှာပေါ့။ တပည့်က ဆရာ့ထက် မတော်ရင် ဆရာညံ့လို့ပဲ။” တဲ့။ ပညာရေးလောကဆိုတာ ဆရာတွေ တပည့်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ “ပညာသမာ အာဘာနတ္ထိ ပညာနှင့်တူသောအလင်းရောင်သည်မရှိ” လို့ ကြွေးကြော်ထားတဲ့ ပညာ့ရပ်ဝန်းထဲမှာ ဆရာကြီးရဲ့ အဆုံးအမတွေကို ဆရာမွေးတပည့်မွေး မွေးကြတဲ့ ခေတ်ဆရာ ခေတ်တပည့်တွေ သဘောပေါက်နိုင်ပါ့မလား။ ဆရာကြီးရဲ့တန်ဖိုးကို အသိအမှတ်ပြုနိုင်ပါ့မလား။ သည်တခါ ဆရာစိုးရေးတဲ့စာက ရယ်လည်းမရယ်ရဘူး။ ဘယ်သူမှမကြားဖူးတဲ့ လူကြီးတစ်ယောက်အကြောင်းကို အမွှန်းတင်ပြီးရေးထားတယ်။ ပျင်းစရာကြီး လို့ အောင့်မေ့ကြမယ်ထင်တယ်နော်။ ပညာရှင်ဆိုတာ အာဏာရှင်၊ ဓနရှင်တွေအကြားမှာ ပြည်တန်ပတ္တမြားကို ရက်တက်ရည်နဲ့ လဲစားကြမယ့်သူတွေလား။ တဆိတ်လောက် ဆက်စဉ်းစားစေချင်ပါတယ်။ ဘ၀ဘ၀က အထုံပါလာတဲ့ စရိုက်စိတ်ထားကိုမှီလို့ သည်ဘ၀မှာ ဓနရှင်ဖြစ်ချင်တာလား။ အာဏာရှင်ဖြစ်ချင်တာလား။ ပညာရှင်ဖြစ်ချင်တာလားဆိုတာ ကိုယ့်ဘာသာသိအောင် အရင်လုပ်ကြပါဦး။ သီလရှင်ပဲ လုပ်တော့မယ်ဆိုရင်တော့ သဘောကွယ်။ အဘိတ်နေ့ကျ အိမ်ကြွခဲ့။ စာမရသေးရင် အောက်ကဟာ ကျက်ထား။

“ဘေးဘယာခပင်း ဝေးကွာရှင်း လွတ်ကင်းကြပါစေ။

ကိုးဆယ့်ခြောက်သွယ် အန္တရာယ် ကာကွယ်နိုင်ပါစေ။

စိန်ရွှေပတ္တမြား ဒီရေအလား တိုးပွားကြပါစေ။

မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်ပါစေ။” တဲ့။

(မှတ်ချက်။ ဆွမ်းဆန်မရမချင်း တစ်လုံးချင်း အသံရှည်ရှည်ဆွဲ၍ဆိုကာ ဆွမ်းဆန်ရသည်နှင့် နောက်ကကျားလိုက်သလို ဆောင့်ကြီးအောင့်ကြီး ပြီးအောင်ဆက်ဆိုပါ။)

Pe Maung Tine - for Christian to continue read
ပါမောက္ခ ဦးဖေမောင်တင် - ဒေါ်ခင်ထွေးရီ


http://www.murann.com/ezine/index.php?option=com_content&view=article&id=353:2010-11-16-02-35-25&catid=2:knowledge&Itemid=44

 

 

ပါမောက္ခ ဦးဖေမောင်တင်

Tuesday, 16 November 2010 10:09 ဒေါ်ခင်ထွေးရီ

ပါမောက္ခ ဦးဖေမောင်တင် နှင့် ခရစ်ယာန်သာသနာ

ဒေါ်ခင်ထွေးရီ
(ပါမောက္ခ၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန၊ မန္တလေးတက္ကသိုလ်)

ဦးဖေမောင်တင်သည် ၁၈၈၈ ခုနှစ် ဧပြီလ ၂၄ရက် ညနေ ၅း၃၀ နာရီတွင် အင်းစိန်မြို့ ပေါက်တောရပ်တွင် ဖွားမြင်သည်။ ဆရာကြီး၏ ဖခင် ဦးဖေသည် အင်းစိန်မြို့ တိရစ္ဆာန်ဆေးကုဌာနမှာ ရုံးအုပ်စာရေးကြီးဖြစ်သည်။ မိခင်မှာ ဒေါ်မြိုင်ဖြစ်သည်။ မွေးချင်း ၆ယောက်အနက် ပဉ္စမမြောက် သားဖြစ်သည်။ ငယ်နာမည်မှာ မောင်ဘတင်ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ အဘိဓာန် ကျမ်းပြု၊ စာတော်ပြန် ၀န်တော် ဦးထွန်းငြိမ်းသည် ဖခင်ဘက်မှ တော်သော ဦးလေးဖြစ်သည်။ မိခင်ဘက်မှ တော်သော အဘိုးသည် တောင်ခွင်သာသနာပိုင် အရှင် ၀ိသုဒ္ဓသီလာစာရ ဖြစ်သည်။



ဦးဖေမောင်တင်၏ ဖခင် ဦးဖေသည် ဘုရား၊ တရား အလွန်ကြည်ညို၍ ခိုင်မြဲသော နှစ်ခြင်းခရစ်ယာန်တစ်ဦး ဖြစ်သည်။ ၄င်း၏ ဖခင် ဦးဖေကို၊ ဦးဖေ၏ ဖခင် ဦးသာဒွန်းအောင် ကိုယ်တိုင် နှစ်ခြင်းမင်္ဂလာ ပေးခဲ့ခြင်းဖြစ်သည်။ ဦးသာဒွန်းအောင် သည်ကား အောက်မြန်မာနိုင်ငံ ဟင်္သာတမြို့မှ ပထမဆုံး တိုင်းရင်ားး သိက္ခာတော်ရ ဆရာ (Pastor) ဖြစ်သည်။ ဦးဖေနှင့် မိသားစုအားလုံးတို့သည် ဂျေအန်ဒါဘီ (J.N Derby) ၏ ခရစ်ယာန်တို့၏ ခံယူချက် စာအုပ်နှင့် ဂျွန်ဘန်ညန်း (John Bunyen) ရေးသားခဲ့သော ဘုရားဖူးသူ၏ တိုးတက်မှု (The Pilgrim's progress) စာအုပ်တို့၏ သြဇာလွမ်းမိုးမှုကို ခံခဲ့ရသည်။ ထို့ကြောင့်ပင် ဆရာကြီး ဦးဖေမောင်တင်၏ ဖခင် ဦးဖေသည် စာအုပ်သုံးအုပ်ကို ရေးသားရာ ခရစ်ယာန် စာပေအသင်းက ထုတ်ဝေခဲ့သည်။ ၄င်းတို့မှာ (The Pilgrim's Progress) ကိုမှီး၍ ခရီးသည်ကိုသုခ (Ko Thukha, the Traveller) အမည်ရှိ စာအုပ်၊  သမ္မာကျမ်းစာမှ ခရစ်ယာန်မိသားစုများ (Christian Families in the Bible) စာအုပ်နှင့် တမန်တော်ပေါလု၏ ဘ၀အသက်တာ (Life of Apostle Paul) တို့ဖြစ်သည်။

ဦးဖေမိသားစုသည် ဟင်္သာတမြို့မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ပြီးသောအခါ အာမီးနီးယန်းလူမျိုး ပလိုင်းမောက် ညီအစ်ကိုအသင်းတော် (Plymouth Brethren Church) မှ သာသနာပြုဆရာ မစ္စတာဂယ်လ်စတင် (Mr. Galstin) နှင့် တွေ့ရှိပြီး ကိုယ်ပိုင်အသင်း (Brethren Church) ကိုတည်ထောင်ခဲ့သည်။ မစ္စတာဂယ်လ်စတင် ကွယ်လွန်သောအခါ ဆရာကြီးဖေမောင်တင်၏ ဦးလေး ဦးထွန်းငြိမ်းက ဤအသင်း၏ တိုင်းရင်းသားခေါင်းဆောင်အဖြစ် လွှဲပြောင်းယူခဲ့သည်။ ဦးထွန်းငြိမ်းသည် အင်္ဂလိပ်-မြန်မာ အဘိဓာန် ကို ရေးသားပြုစုခဲ့သူဖြစ်ပြီး ကျမ်းစာအသင်းမှ ရေးသားထုတ်ဝေသော သမ္မာကျမ်းစာ စာအုပ် (Garrad Version) ပေါ်ပေါက်ရေးအတွက် စွမ်းဆောင်ခဲ့သောသူလည်း ဖြစ်သည်။

ဆရာကြီး ဦးဖေမောင်တင်၏ ဘ၀ဖြစ်စဉ်နှင့် ၄င်းလုပ်ဆောင်ခဲ့သော ဆောင်ရွက်ချက်များသည် အံ့မခန်းကြီးကျယ်ရုံမက၊ များလည်း အလွန်များပြားသည့်အတွက် ဤစာတန်းတွင် အကျယ်မဖော်ပြတော့ပဲ စာကြည့်တိုက်မှုးတစ်ဦးဖြစ်သူ မောင်ဇေယျာရေးသားတင်ပြခဲ့သော ဦးဖေမောင်တင်၏ ဘ၀ဖြစ်စဉ် ရက်စွဲများ ဆောင်းပါးတွင် အသေးစိတ် ဖေါ်ပြထားသည်များကို ဖတ်ရှုစေလိုပါသည်။

ဆရာကြီးသည် စာပေလောက၊ တက္ကသိုလ်လောကတွင် မတစ်ထောင်၊ တစ်ကောင်ဖွား ဆိုသည့် စကားအတိုင်း အလွန်ရှားမှရှားသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်တော် တစ်ဦးဖြစ်ပါသည်။ အသက်၂၄နှစ် အရွယ်ကပင် ရတောင့်ရခဲသော ပါမောက္ခ ရာထူးကို ရခဲ့ရုံမျှမက ပထမဆုံးသော တက္ကသိုလ်ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့ပါသည်။ ဆရာကြီးရေးပေးသော စာအုပ်စာတန်းများသည် အလွန်များပြားလှသည့်အတွက် ဆရာကြီး ဦးသော်ကောင်း ရှာဖွေတင်ပြခဲ့သော ဦးဖေမောင်တင်၏ စာစုစာရင်းတွင် ဖတ်ရှုနိုင်ပါသည်။ ဤစာအုပ်စာရင်းကို ကြည့်ပါက ဆရာကြီးသည် ခရစ်ယာန်ဘာသာဝင် ဖြစ်လင့်ကစား၊ ၄င်းရေးသားခဲ့သော ခရစ်ယာန်ဘာသာ၊ သာသနာအကြောင်းနှင့်တကွ ခရစ်ယာန်စာပေအတွက် ရေးသားသော စာပေများ ရှိခဲ့မည် မှန်သော်လည်း များများစားစား မတွေ့ရဘဲ ရှားရှားပါးပါး ဖြစ်နေပါသည်။ ထို့အတွက်ကြောင့် ဆရာကြီးဦးဖေမောင်တင် ရေးခဲ့သော ခရစ်ယာန်စာပေကို ဖေါ်ထုတ်ရေးသား ပေးကြဖို့ မေတ္တာရပ်ခံချင်ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် မိရိုးဖလာ ခရစ်ယာန်တစ်ဦးမဟုတ်ဘဲ၊ အမှန်တကယ် ယုံကြည်ပြီး လိုက်နာကျင့်သုံးသော ခရစ်ယာန် (Practicing Christian) ဖြစ်ကြောင်းကို သာဓကများဖြင့် ဖေါ်ပြနိုင်ပါသည်။

ဘုန်းတော်ကြီး ဦးဘထက် ဆရာကြီးထံ ရောက်လာစဉ်က မုတ်ဆိတ်များဖြင့် ဇော်ဂျီယောင်ယောင်၊ ရသေ့ယောင်ယောင်နှင့် အမြင်အားဖြင့် ဘုန်းတော်ကြီးအသွင် မပေါ်ခဲ့သည့်အတွက် စစ်ဆေးမေးမြန်းပြီးမှ လက်ခံယုံကြည် အရိုသေပေးကြောင်း သိရပါသည်။ ဘုရားသခင်ကိုယ်တိုင် သင်ကြားပေးခဲ့သည့်၊ "ကောင်းကင်ဘုံ၌ .... အစချီသော ပဌနာတော်ကြီး" ကို ရသလားဟု မေး၍ ဆိုပြရသည့်အပြင်၊ တမန်တော်ယုံကြည်ချက်ကိုလည်း ဆိုခိုင်းပြီးမှ ဘုန်တော်ကြီးအဖြစ် လက်ခံကြောင်း ဆရာမကြီး ဒေါ်ခင်ခင် (မယ်ခကွေး) အဆိုအရ သိရှိရပါသည်။ ဆရာကြီးအနေဖြင့် နောက်ဆုံးအကြိမ်ဆေးရုံတက်ရခါနီး အချိန်တွင် ဘုန်းတော်ကြီး ဆရာထွန်းစိန်ထံမှ (The Last Rites) ဟုခေါ်သည့် နောက်ဆုံး စက္ကရမင်တမင်္ဂလာ ခံယူပြီးမှ ဆေးရုံသို့ လာရောက်ခဲ့ကြောင်း သိရပါသည်။

ဆရာကြီးသည် အင်္ဂလီကန် ခရစ်ယာန်တစ်ဦး ဖြစ်သော်လည်း ခရစ်ယာန် အသင်းတော်များအားလုံး ပြန်လည် စုစည်းရေးကိုလည်း ရှေးရှုခဲ့သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ စစ်ကြီး မဖြစ်မှီကတည်းက ခရစ်ယာန် ဂိုဏ်ဂဏအားလုံးနှင့် သက်ဆိုင်သော ခရစ်ယာန် စာပေအသင်းကြီး (Christian Literature Society) ကို ဦးစီးခဲ့သူဖြစ်သည်။ ကွယ်လွန်သူ သာသနာပိုင်ချုပ် ဆရာတော်ကြီး ဦးဖရန်စစ်အာမြ ထံမှ ရရှိသော ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်းစီ၏ စည်းဝေးမှတ်တမ်းအရ ခရစ်ယာန်စာပေ အသင်းကြီးတွင် ပါဝင်ခဲ့သော ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဒါရိုက်တာ (Director)          - ဆရာကြီး ဦးဖေမောင်တင်
တွဲဖက်ဒါရိုက်တာ (မြန်မာ)    - ဆရာမကြီး ဒေါ်ခင်ခင် (မယ်ခကွေး)
တွဲဖက်ဒါရိုက်တာ (ကရင်)    - သရာထူးစော

အခြားကော်မတီလူကြီးများမှာ
၁။ ဦးအက်စ်လင်းစင်း
၂။ ဦးမောင်ကလေး
၃။ ဦးထွန်းဖေ
၎။ ဦးဖရန်စစ်အာမြ
၅။ သရာသာတိုး
၆။ သရာမူးလာ
၇။ Ven.G. Appletoe
၈။ Rev. R.J Varney
၉။ Rev. C.E. Olmstead
၁၀။ Miss Hunt
၁၁။ Miss Beebe
၁၂။ ဒေါ်စောမြိုင်
၁၃။ သရာသာလူး
၁၄။ ဦးထွန်းမြတ်
၁၅။ ဦးဘအုန်း
၁၆။ မစ္စ ကစ်တီသိန်း တို့ဖြစ်ကြသည်။

စစ်ကြီးအပြီး တက္ကသိုလ် ကျောင်းတော်ကြီးကို ပြန်လည်စည်းရုံးနေချိန်မှာ ဆရာကြီးသည် ခရစ်ယာန်စာပေ အသင်းကြီးကို ကိုယ်တိုင် ဥက္ကဌ ပြုလုပ်၍ စုစည်းမြေတောင် မြှောက်ပေးခဲ့သည်ကို ဘသက်ရှည် စာအုပ် ၂၊ စာမျက်နှာ ၄၈၈ တွင် ဖော်ပြထားသည်ကို တွေ့ရှိနိုင်သည်။

ဆရာကြီး၏ လုပ်ဖော်ကိုင်ဖက် ဖြစ်သော မက်သဒစ် ခရစ်ယာန် သာသနာမှ အနားယူခဲ့သူ ဆရာကြီး ဦးဘအုန်းအား ဆရာကြီးပေါ် ထင်မြင်ချက်ကို မေးမြန်းရာတွင် "ဆရာကြီး ဦးဖေမောင်တင်သည် အလွန်တော်သော ပုဂ္ဂိုလ် ဖြစ်ကြောင်း၊ ခရစ်ယာန် စာပေအသင်းကြီးတွင်လည်း တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြောင်း"  ပြောပြပါသည်။

ဆရာကြီးသည် အသက်အရွယ် ကြီးရင့်သည့်တိုင်အောင် ခရစ်ယာန်စာပေကို အရေးတယူ ထားကာ အကျိုးပြုခဲ့ပါသည်။ ခရစ်ယာန် စာပေအသင်းအတွက် ဆရာကြီးအထူးရေးသားခဲ့သော စာအုပ်များမှာ မိန်မကျော် ခုနှစ်ဦး၊  ဂျီဗလကြီး (Les Miserable by Victor Hugo) နှင့် ဓားပြစိုးမင်း (Raj the Brigand C့h့ief) တို့ဖြစ်ပါသည်။

ဆရာကြီးအနေဖြင့် တိုင်းရင်းသား ခရစ်ယာန်များကို သတိပေးနေသော အချက်မှာ နိုင်ငံခြား သာသနာပြုများ၏ မြန်မာဝေါဟာရကို ပြင်ရန် ဖြစ်သည်။ Missionary Burmese ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးကို မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တွင် ၁၉၁၁ ခုနှစ် အတွဲ ၁၊ အပိုင်း ၁ တွင် ရေးသားခဲ့သည်။ ဒုတိယ အချက်အနေဖြင့် တရားဟောပလ္လင် (Pulpit Burmese) ဘုန်းတော်ကြီးများ၊ သင်းအုပ်ဆရာများ၊ တရားဟောဆရာများ၏ တရားဒေသနာများတွင် သုံးသော မြန်မာဝေါဟာရများကို ပြင်ရန် တိုက်တွန်းခဲ့သည်။ တနည်းအားဖြင့် ပြောရလျှင် မြန်မာစကားကို မြန်မာအချင်းချင်း နားလည်နိုင်အောင် ခရစ်ယာန်ရော၊ ခရစ်ယာန်မဟုတ်သော အခြား တိုင်းရင်းသားများပါ နားလည်အောင် ပြောပါ၊ ရေးပါ .. ဟု ဆိုလိုခြင်းဖြစ်သည်။

ခရစ်ယာန်ဂိုဏ်း အချင်းချင်း စာပေအားဖြင့် ပေါင်းကူး ဖန်တီးပေးသကဲ့သို့ ခရစ်ယာန်များနှင့် ဗုဒ္ဓဘာသာ လေ့လာရေးအဖွဲ့ကို ဆရာကြီး အနေဖြင့် ဦးစီးဆောင်ရွက် ပေးခဲ့ပါသည်။ ဆရာကြီး အနေဖြင့် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းသား ဖြစ်စဉ်ကတည်းကပင် ပါဠိ အသင်းကြီး၏ ပန်ကြားချက်အရ အဌာလိနိကျမ်း နှင့် ၀ိသုဒ္ဓိမဂ်ကျမ်း များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့ဖူးပါသည်။

၎င်းနောက် ဆရာကြီးသည် ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာ တို့၏ တရားတွင် တူညီသော အချက်များကို ၄င်းရေးသားထားသော Buddhist-Christian Parallels ) တွင် ဖော်ပြထားရာ အလွန်စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။ ဤစာပေကို ဖတ်ရှုရခြင်းအားဖြင့် ဆရာကြီးသည် ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာ အနှစ်သာရများကို အကယ်စင်စစ် နားလည် သဘောပေါက်ပြီးမှ နောက်ဆုံး ၄င်း၏ နေ၀င်ချိန်ရက်များတွင် စစ်မှန်သော အင်္ဂလိကန် တစ်ဦးအဖြစ် လက်ခံကျင့်သုံး သေဆုံးသွားကြောင်း သိရပါသည်။

Buddhist-Christian Parallels နှင့် ပတ်သက်၍ ဆရာကြီး ဤကဲ့သို့ ရေးသားခဲ့သည်။

"မြန်မာနိုင်ငံ ဦးနု လက်ထက် ဆဌသင်္ဂါယနာ တင်၍ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းစဉ်က ခရစ်ယာန် ဘာသာဝင်များသည် ဗုဒ္ဓသာသနာနှင့် ပတ်သက်၍ အလွန်စိတ်ဝင်စားမှု ရှိခဲ့သည်။ ဤသို့ သင်္ဂါယနာတင်နေစဉ် မှာပင် ရန်ကုန်ရှိ ခရစ်ယာန် ဘာသာဝင်အချို့သည် Burma Christian Council ၏ ကမကထ လုပ်မှုဖြင့် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဟောကြားမှုများကို စိတ်ဝင်တစား တက်ရောက် နားထောင်နေပြီး ဖြစ်သည်။ အမှန်စင်စစ် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သော သာသနာပြု ဆရာများ လက်ထက်ကပင် ဗုဒ္ဓ၏ တရားတော်များကို စိတ်ဝင်စားမှု ရှိခဲ့သည်။ ထို့ကြောင့် ထိုနှစ်ဘာသာတို့၏ ဟောပြောသွန်သင်မှု အချို့သည် တူညီကြောင်းကို ဗုဒ္ဓ တရားတော် စာအုပ်များနှင့် ဓမ္မသစ် ကျမ်းတို့ကို ယှဉ်ဖတ်သည့်အခါ တွေ့ရသည်။ ၄င်းပြင် ၁၈၈၁ ခုနှစ်မှ စ၍ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ပါဠိကျမ်းစာ အသင်းကြီး (Pali Text Society of London) ကြီးမှုး ထုတ်ဝေခဲ့သော ဗုဒ္ဓသာသနာ စာအုပ်များ၊ ဓမ္မကျမ်းများကလည်း ဘာသာရေးသမိုင်းကို စိတ်ဝင်စားသော ကျောင်းသာများ၊ ပညာရှင်များက အထူးလေ့လာ လိုက်စားနေပြီး ဖြစ်သည်။ ဤသို့ တရားတော် နှစ်ခုကို နှိုင်းယှဉ်လေ့လာရာ၌ အချို့သည် ခရစ်ယာန် အယူအဆ အတွေးအခေါ်များကိ ဗုဒ္ဓတရားတော်မှ မှီငြမ်းပြု၍ ရေးသားခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။ အချို့ကမူ ဤကဲ့သို့ ကူးယူမှုကို ခိုင်လုံသော အထောက်အထားများ ရှိမရှိ၊ တပ်အပ်မပြောနိုင်ဟု ဆိုပါသည်။ အချို့ကမူ ထိုအဆိုပြုချက်ကို လုံးဝ လက်ခံခြင်း မပြုခဲ့ပေ။"

ဗုဒ္ဓကျမ်းစာနှင့် ဓမ္မသစ်ကျမ်းစာတို့မှ ထုတ်နှုတ် နှိုင်းယှဉ်သော အချက်များထဲမှ အထင်ရှားဆုံး တစ်ခုမှာ ဘုရားဖွားတော်မူခန်း နှင့် ပတ်သက်သော ပြောစမှတ် ပြုသည့် ဒဏ္ဍာရီတို့ (Nativity Legends) သည် စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။ သုတ္တနိပါတ် ပါဠိတော် မြန်မာပြန် ၃၆၃-၃၆၆ တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။

"အသိတ မည်သော (ကဏှဒေ၀ီလ) ရှင်ရသေ့သည် နှစ်သက် ၀မ်းမြောက်ကုန်၊ စင်ကြယ်သည့် အ၀တ်ကို ၀တ်ကုန်သော နတ် ပုဆိုးများကို မြှောက်လွှင့်ကုန်လျှက် အတိုင်းအထက် အလွန်ကခုန် မြူးတူးကုန်သော တ၀တိသာ နတ်အပေါင်းတို့ကို လည်းကောင်း၊ နတ်တို့အရှင် သိကြားမင်းတို့ကို လည်းကောင်း၊ နေသန့်စင်ရာ သာဝတိသာ နတ်ပြည်၌ မြင်လေ၏။ "

ဤ နာလကသုတ်ကို ကြည့်ပါက အပိုဒ် ၂၀အထိ ရှိပြီး၊ ခရစ်ယာန် သမ္မာကျမ်းစာ ဓမ္မသစ်ကျမ်း၊ ရှင်လုကာ အခန်းကြီး(၂)ခန်း၊ အခန်းငယ်(၈-၁၄) တွင် ဖော်ပြထားသည်မှာ ..
"ထိုပြည်မှာသိုးထိန်းတို့သည် ညဥ့်အခါတောအရပ်၌တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာပေါ်လာ၍၊ ပတ်ဝန်းကျင်၌ထာဝရဘုရား၏ ဘုန်းတော်ထွန်း တောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏။ ကောင်းကင်တမန်က လည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သိတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။ ယနေ့တွင်ဒါဝိဒ်၏ မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကိုခံတော်မူပြီ။ သင်တို့သည်အဘယ် နိမိတ်ဖြင့်သိရမည်နည်းဟူမူကား၊ သူငယ်သည်အဝတ်နှင့်ပတ်ရစ် ၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်ဟု ဆိုပြီးလျှင်၊ ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ခြင်းထင်ရှား၍၊ ကောင်းကင်ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီး တော်မူစေသတည်း။ မြေကြီးပေါ်၌ လည်းငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်းဟု ဘုရားသခင်ကိုချီးမွမ်း ၍ မြွက်ဆိုကြ၏။ "

၎င်းနောက် ဆက်လက်၍ ရှင်လုကာ ခရစ်ဝင်ကျမ်း အခန်းကြီး (၂)၊ အငယ် (၂၅-၃၅) အထိ ဆက်လက်၍ ဖော်ပြထားသည်မှာ
"ထိုအခါ ရှုမောင်အမည်ရှိသောသူတယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည်ဖြောင့် မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မြော်လင့်သော သူဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည်သူ့အပေါ်၌တည်သည်ဖြစ်၍၊ သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီမသေရဟု ဗျာဒိတ်တော်ကိုရ၏။ ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့ သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊ ရှုမောင်သည် ယေရှုကိုလက်နှင့်ချီပိုက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းလျက်၊ အစိုးရတော် မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်းကိုယ်တော်၏ ကျွန်သည်ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကိုကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။ ကိုယ်တော်၏ လူဣသရေလ အမျိုးကို ချီးမြောက်စေခြင်းငှါ၎င်း၊ တပါးအမျိုးသား တို့ကိုလင်းစေခြင်းငှါ၎င်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော  ကယ်တင်သော သခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စီနှင့် မြင်ရပါ၏ဟု မြွက်ဆို၏။ ထိုစကားများကို ယောသပ်နှင့် မယ်တော်သည်ကြားလျှင်အံ့သြခြင်းရှိကြ၏။ ရှုမောင်သည်လည်း သူတို့ကိုကောင်းကြီး ပေး၍မယ်တော် မာရိအား၊ ဤသူငယ်ကားဣသရေလလူအများလဲမည်အကြောင်း၊ အများထမည် အကြောင်း၊ လူအများ တို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါငြင်းခုံစရာဖြစ်မည်အကြောင်း ခန့်ထားသော သူဖြစ်၏။ ထိုမှတပါး သန်လျက်သည် သင်၏စိတ် နှလုံးကိုခွင်းလိမ့်မည်ဟု မြွက်ဆို၏။"

ဘာသာရေးသမိုင်းတွင် ကြီးကျယ်သော ပုဂ္ဂိုလ်များ မွေးဖွားသည်ကို ဖော်ပြရာတွင် အံ့သြဖွယ် အဖြစ်အပျက်များ (Miracles) အစဉ် ယှဉ်တွဲ ပါလာသည်ကို တွေ့ရသည်။ ယခု ဗုဒ္ဓနှင့် ခရစ်တော်တို့ မွေးဖွားခြင်း အဖြစ်အပျက်တွင် အနည်းငယ်စီ ကွဲလွဲမှုများ ရှိသည်ကို တွေ့ရပါသည်။ ဆရာကြီး ဦးဖေမောင်တင် အနေဖြင့် ဗုဒ္ဓ၊ ခရစ်တော်တို့၏ အကြောင်းနှင့် တရားဓမ္မတို့ကို အသေးစိတ် စေ့စေ့စပ်စပ် လေ့လာ၊ တွေ့မြင်ချက်ကို နှိုက်နှိုက်ချွတ်ချွတ် သိရှိနားလည်သောကြောင့်သာလျှင် နှိုင်းယှဉ် ဆွေးနွေးနိုင်ခြင်း ဖြစ်ပါသည်။ ဤသည်မှာ ခရစ်ယာန် သာသနာနှင့် ပတ်သက်၍လည်း ခရေစေ့တွင်းကျ သိရှိ၊ ကောက်နုတ် ဆွေးနွေးနိုင်သည်ဖြစ်၍ ချီးကြူးစရာ အလွန်ကောင်းပါသည်။

ဆရာကြီး ဦးဖေမောင်တင် အနေဖြင့် ၁၉၀၇ ခုနှစ် ဥပစာတန်း ဒုတိယာနှစ် (Senior Intermediate of Arts) စာမေးပွဲ ပထမရ၍ ဂျာဒင်းဆု (Jardine Prize) ကို ချီးမြှင့်ခြင်း ခံရရုံမက ခရစ်ယာန် ဘာသာဝင် ကျောင်းသားများအား ချီးမြှင့်သော ကလကတ္တာ တက္ကသိုလ်၏ စကောလားရှစ်ဆုကိုလည်း ဆွတ်ခူးခဲ့ပါသည်။ တက္ကသိုလ်ကျောင်းသားဘ၀ ငယ်ရွယ်စဉ်ကပင် မိမိကိုယ်ကို ခရစ်ယာန်တစ်ဦးဟူ၍ အသိအမှတ်ပြုခြင်းကို ထင်ရှားစေခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင် ပထမဆုံး ဘာသာပြန်ခဲ့သော စာအုပ်မှာ ခရစ်ယာန် ဓမ္မဟောင်းကျမ်းကို နားလည်အောင် ဖတ်ရှုနည်း ဖြစ်သည်။ မူရင်း ရေးသားသူမှာ ဘိရှော့ရှားဘန်း (Bipshop V.G . Sherbarn) ဖြစ်ပြီး၊ စာအုပ်နာမည်မှာ How to read the Old Testament ဖြစ်ပါသည်။ ၁၉၁၁ ခုနှစ်ထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် (JBRS) ပထမတွဲ၊ ပထမစာအုပ်တွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော Missionary Burmese မှာ ပထမဆုံး ကိုယ်တိုင်ရေး ဆောင်းပါးဖြစ်ပါသည်။ ၄င်းရေးစဉ်က မောင်တင်-ဘီအေ ကလောင်နာမည်ဖြင့် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ဤဆောင်းပါးတွင် ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်များအား ယုဒဿန် (Judson) ခေတ်က အသုံးပြုသော မြန်မာစာနှင့်သာ တင်းတိန်ရောင့်ရဲ့ခြင်း ရှိမနေပဲ မြန်မာ့လူထုကြားတွင် သုံးသော လက်ရှိ၊ သက်ရှိ မြန်မာစာနှင့်၊ မြန်မာစကားကို အသေးစိတ် လေ့လာခြင်းကို နက်ရှိုင်းစွာ ပြုလုပ်ပြီးမှ မြန်မာနိုင်ငံ၌ သာသနာပြုကြရန် အကြံပေး၍ နှိုးဆော် တိုက်တွန်းခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် ၁၉၆၀ ခုနှစ်တွင် ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာတို့၏ ယုံကြည်မှုကို နှိုင်းယှဉ်လေ့လာထားသည့် ဆုတောင်းခြင်းနှင့် ဘ၀နာ (Prayer and Meditation) စာအုပ်ငယ်ကို အင်္ဂလိပ်ဘာသာဖြင့် ပြုစုရေးသားခဲ့ပါသည်။ မြန်မာခရစ်ယာန်ကောင်စီမှ ထုတ်ဝေခဲ့ပါသည်။ ရန်ကုန်မြို့ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၂၁-၂၆) တွင် ပြုလုပ်သော East Asia Christian Conference နှင့် World Council of Churches တို့ ပူးပေါင်း၍ ကမကထ ပြုလုပ်သော စာတမ်းဖတ်ပွဲတွင် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က Certain Factors in the Buddhist-Christian Encounter) ကို ရေးသားတင်သွင်း ဖတ်ကြားခဲ့ပါသည်။ ဤစာတန်းတွင် ခရစ်ယာန်သာသနာပြုများအား ဗုဒ္ဓဘာသာနှင့် အတူယှဉ်တွဲ၍ မြန်မာစာ၊ မြန်မာစကားကို နက်နက်နဲနဲ လေ့လာ လိုက်စားပြီးမှ ဟောပြောကြရန် အကြံပေး နှိုးဆော် တိုက်တွန်းသွားပါသည်။ ထို့ပြင် ဆရာကြီးသည် ခရစ်ယာန်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ ဘာသာ၊ သာသနာခြင်း နားလည်မှုရှိရေး၊ ကိစ္စမျိုးကို ဆောင်ရွက်မှုတွင် ၁၉၅၇ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု ချိကာဂို တက္ကသိုလ်၊ ခရစ်ယာန် သမ္မာကျမ်းစာဌာန (Chicago Bible Department) တွင် ဗုဒ္ဓဘာသာတရား သင်ကြားပို့ချရန် သွားရောက်ခဲ့သည်။ ဆရာကြီးအား ၄င်း တက္ကသိုလ်ကပင် ၁၉၅၈ခုနှစ်တွင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ချီးမြှင့် ပေးအပ်ခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်ကို အချို့က ခရစ်ယာန် ဘာသာဝင်ဟု လက်ခံကြသော်လည်း မိရိုးဖလာ ခရစ်ယာန်ဘာသာဝင်ဟူ၍ ပြောကြပါသည်။ စာရေးဆရာမ မလေးလုံကလည်း ဆရာကြီးအား ဤကိစ္စနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ပါသည်။ ၁၉၇၃ ခုနှစ် မတ်လ ၇ ရက်နေ့၊ စနေနေ့အထိ ဆရာကြီးက အတိအကျ မဖြေနိုင်ဘဲ ရှိခဲ့ပါသည် (ဘသက်ရှည် ၂၊ စာ ၄၅၂)။ ဆရာကြီးအနေဖြင့် အမှန်အတိုင်း ၀န်ခံရမည်ဆိုလျှင် ၄င်း၏ မိဘများ ကွယ်လွန်ခဲ့ကြသည့် နောက်ပိုင်းတွင် ဘာသာကိုးကွယ်မှုနှင့် ပတ်သက်၍ ပေါ့လျော့ခဲ့မိကြောင်း သိရသည်။ ဤကဲ့သို့ ပေါ့လျော့ခဲ့သည်မှာလည်း သူတွေ့မြင် ခံစားရသော ဘာသာကိုးကွယ်မှုကို မပြုလိုခြင်းနှင့် မြန်မာစာပေကြီးပွားရေးကို အားသွန်ခွန်စိုက် လုံးပမ်းနေခြင်း တို့ကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။

ဆရာကြီးအနေဖြင့် ဘာသာရေး ပေါ့လျော့မှု ရှိသည် မှန်သော်လည်း တနင်္ဂနွေနေ့များတွင် မိသားစုနှင့် အတူ ဘုရားဝတ်ပြု ကိုးကွယ်ကြောင်း နှင့် သမ္မာကျမ်းစာကို အမြဲတမ်းဖတ်ရှုကာ အစဉ် စဉ်းစားလေ့ ရှိကြောင်း သိရပါသည်။ သို့ရာတွင် ဤကဲ့သို့ အပါတ်စဉ် ဘုရားရှိခိုးကျောင်း မှန်မှန်တက်ခြင်း၊ ကျမ်းစာဖတ်ခြင်းတို့ကို မသိမမြင်သော ခရစ်ယာန် မဟုတ်သူများက ၄င်း၏ ယုံကြည် ကိုးကွယ်မှုနှင့် ပတ်သက်၍ ၀ိဝါဒ ကွဲပြားနေခြင်းကို ဆရာကြီး သိခဲ့သော်လည်း ၄င်း၏ ခံယူချက်အတိုင်း မည်သူ့ကိုမျှ ဖြေရှင်းပေးခြင်း မရှိခဲ့ပါ။

ဆရာကြီး၏ အသက် ၈၀ ပြည့်နှစ် ၁၃၃၀ ပြည့်နှစ်၊ ကဆုန်လပြည့်နေ့၊ မွေးနေ့ ကျင်းပပေးရန်အတွက် အင်္ဂလိပ် မြန်မာရက် မည်သည့်ရက် ပြုလုပ်ချင်သနည်းဟု မေးသောအခါ မြန်မာပီပီ မြန်မာရက်ကို ရွေးပေးခဲ့ပါသည်။ သို့ရာတွင် မွေးနေ့ပွဲ ကျင်းပမည့်ရက်သည် ဗုဒ္ဓဘာသာဝင်များအတွက် အထွဏ်အမြတ်ထားသည့် ဗုဒ္ဓနေ့၊ အဖိတ်နေ့ ဖြစ်ရုံမက ပြုလုပ်မည့်နေရာမှာလည်း တက္ကသိုလ် ဓမ္မာရုံ ဖြစ်နေပါသည်။ ထို့ကြောင့် ဆရာကြီးသည် ပထမဆုံး မိမိကိုယ်ကို မိမိဝေဖန် ဆန်းစစ်ကြည့်ပါသည်။

ကျွန်ုပ်သည် ဘာလဲ။ ခရစ်တော်ကို အမှန်တကယ် ယုံကြည်လက်ခံသော ခရစ်ယာန်စစ်စစ် တစ်ယောက်ပေလား၊ (အင်္ဂလိကန် ဘာသာဝင်တစ်ဦးလား) သို့မဟုတ် မိရိုးဖလာ ခရစ်ယာန်တစ်ဦးပေလား ဟူ၍ မေးခွန်းထုတ်ကာ ဝေဖန် သုံးသပ်ခဲ့ပါသည်။ ဤမေးခွန်းအတွက် ဆရာကြီးသည် အိပ်မပျော်နိုင်အောင် ရှိခဲ့ပြီးမှ အဖြေ ပေါ်ပေါက်လာခဲ့ပါသည်။

နံနက်သို့ ရောက်သောအခါ အင်္ဂလီကန် ဘုန်းတော်ကြီး ဦးထွန်းစိန်ထံသို့ သွားခဲ့သည်။ မကြာခင် ရောက်လာတော့မည့် Easter Sunday (သခင်ခရစ်တော် သေခြင်းမှ ရှင်ပြန်ထမြောက်သော ဥပုသ် တနင်္ဂနွေနေ့) နေ့အတွက် ဘုန်းတော်ကြီး ပြင်ဆင်ထားသော တရားဟောချက်တွင် လက်တင်ဘာသာစကား နှစ်လုံးအစား ပါဠိစကား သုံးသည်က ပို၍ ကောင်းကြောင်းဖြင့် ပြင်ဆင်ပေးခဲ့ပြီးနောက်၊ ဒီကနေ့ Holy Communion (လူသတ္တ၀ါ အပေါင်းတို့၏ အပြစ်ကို သွေးနှင့် ဆေးကြောပေးခဲ့သော သခင်ခရစ်တော် အသေခံခြင်းကို အောက်မေ့သော ပွဲတော် ဥပုသ်နေ့) ရှိမရှိ မေးရော၊ တနင်္ဂနွေနေ့တွင် ရှိကြောင်း၊ ဘုန်းတော်ကြီးက ဖြေကြားလိုက်သဖြင့် အိမ်သို့ပြန်လာခဲ့သည်။ အကယ်၍ ပွဲတော် မင်္ဂလာ ရှိမည်ဆိုလျှင် ဆရာကြီးအနေဖြင့် သူ၏ မွေးနေ့အတွက် ပွဲတော်ယူရန် အကြံရှိပါလိမ့်မည်။ သို့သော် တွေဝေသော စိတ်ဖြင့် အိမ်သို့ ပြန်ရောက်ပြီး အသေအချာ စဉ်းစားပြီးမှ ဘုန်းတော်ကြီးထံ တစ်ခေါက်ပြန်သွားရန် ဆုံးဖြတ်ခဲ့သည့်အတိုင်း၊ သွားရောက်၍ အသက် (၈၀) ပြည့်မြောက်သော မွေးနေ့ဖြစ်၍ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာ တောင်းခံပေးပါရန် ပြောကြားခဲ့သည်။ ထိုအခါ အင်္ဂလီကန် ခရစ်ယာန် ဘာသာဝင်တို့၏ ဓလေ့ထုံးစံအတိုင်း ဘုန်းတော်ကြီးက ၄င်း၏ ရှေ့တွင် ဒူးထောက်နေသော ဆရာကြီး၏ ဦးခေါင်းပေါ်တွင် လက်တင်ကာ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာများကို တောင်းခံပေးခဲ့သည်။

ဆရာကြီးအနေနှင့် ဓမ္မာရုံတွင် ဗုဒ္ဓဘာသာဝင် တပည့်များ ပြုလုပ်ပေးမည့် အစီအစဉ်မတိုင်မှီ၊ မိမိ၏ ဘာသာရင်းဖြစ်သော အင်္ဂလီကန်ဘာသာဝင် ဓလေ့ထုံးတမ်း အတိုင်း ဦးစွာ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာ ခံယူလိုက်ခြင်းဖြစ်သည်။ ဤသို့ ပြုလုပ်ပြီးနောက် ဆရာကြီးသည် ထူးထူးခြားခြား ပေါ့ပါး၍ ရွှင်လန်းခြင်း အတိ ဖြစ်သွားကြောင်း ခံစားမိသည်ဟု ဆိုပါသည်။ နှစ်ပေါင်းအတန်ကြာ မိမိကိုယ်ကိုယ် ဘာသာယုံကြည်မှုနှင့် ပတ်သက်၍ မေ့မေ့လျော့လျော့ ခပ်ပေါ့ပေါ့ နေခဲ့သော ဆရာကြီး အသက် (၈၀) ပြည့်သော အခါမှ အလေးအနက်နှင့် ကွဲကွဲပြားပြား ခြားခြားနားနား မိမိဘာသာ သိမှတ် ခံယူလိုက်ပါသည်။ နောက်တစ်နေ့ တနင်္ဂနွေနေ့တွင်လည်း မိမိဇနီးနှင့်အတူ ဘုရားကျောင်းသို့ သွားကာ ပွဲတော်ယူလိုက်ပါသည်။
.....

ထိုနေ့က ဘုန်းတော်ကြီ ဦးထွန်းစိန်အနေဖြင့် တရားဟောအပြီးတွင် ဆရာကြီးဦးဖေမောင်တင်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ချီးကျူး၍ ပြောလိုက်ပါသည်။

"ယခု ဤအသင်းတော်မှာ အသက်အရွယ်အားဖြင့် အကြီးဆုံးဖြစ်တဲ့ ဆရာကြီးဦးဖေမောင်တင် ဟာဆိုရင် မြန်မာပြည်မှာသာမက ကမ္ဘာကသိနေတဲ့ ပုဂ္ဂိုလ်ကျော်ကြီးတစ်ယောက်ပါ။ ဒီလို ပုဂ္ဂိုလ်ကြီးများအတွက် အသင်းတော်က အမြဲတမ်းဂုဏ်ယူရပါတယ်။ ဆရာကြီးဟာဆိုရင် ကျုပ်တို့လို ဘုန်းကြီးလုပ်ပြီး တရားဟောနေစရာမလိုဘဲ တုတ်ကောက်တစ်ချောင်းနဲ့ လမ်းလျှောက်နေတာကို လှမ်းမြင်ယုံနဲ့ ဆရာကြီး ဦးဖေမောင်တင်ကို သိကြသလို၊ ဦးဖေမောင်တင်ဟာ ခရစ်ယာန်တစ်ယောက်ဆိုတာကိုလည်း သိကြတာမို့ ဆရာကြီးဟာ ခရစ်တော်ရဲ့ နာမကို အချိန်ပြည့် ဂုဏ်ပြု ထင်ရှား ပြနေပါတယ်။" (အသက်ရှည် ၂။ စာ ၄၅၇)

ဤကဲ့သို့ ဘုန်းတော်ကြီး ပြောကြားနေစဉ် ဆရာကြီးက နံနက်စောစော ဘုရားကျောင်း မလာခင် အိပ်ယာထစဉ်က သူ ဖတ်ကြားခဲ့သော ဓမ္မသစ်ကျမ်း၊ ရှင်လုကာ ခရစ်ဝင်ကျမ်း (၂၂း၃၁-၃၂) တွင်ပါသော "တဖန် သခင်ဘုရားက ရှိမုန်ရှိ မုန့်၊ ဂျုံ၊ ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့ စာတန်သည် သင်တို့ကို ချရမည့်အကြောင်း၊ အခွင့်တောင်းသည်ဖြစ်၍ သင်၏ ယုံကြည်စိတ် မပျက်စေချင်းငှာ ငါသည် သင့်အဖို့ ဆုတောင်းလေပြီ" ဆိုသော ရွှေကျမ်းချက်ကို ပြေး၍ အမှတ်ရလိုက် လေသည်။

ဆရာကြီးသည် ၄င်းကို စာတန်မာနတ်က ဂျုံဆန်ကို ဆန်ကာနှင့် ချသကဲ့သို့ ချပစ်ရန် နှစ်ပေါင်း ၈၀ လုံးလုံး ကြိုးစားအားထုတ် နေကြောင်း သတိပြု တွေးကြည့်လိုက်မိသည်။ သို့ရာတွင် သခင်ခရစ်တော်က "သင်၏ ယုံကြည်ခြင်း စိတ်မပျက်စေခြင်းငှာ ငါသည် သင်တို့အဖို့ ဆုတောင်းလေပြီ" ဟု ဂတိပေးခဲ့သည့် အတိုင်း သခင်ယေရှု၏ ဆုတောင်းပေးမှုကို ယုံကြည်သော ဆရာကြီး ဦးဖေမောင်တင်သည် ဆန်ကာပေါက်ကြားထဲက လိမ့်ကျသွားလုဆဲ ဖြစ်နေရာမှ ယခု အသက်၈၀ ပြည့်နှစ်တွင် စာတန်မာနတ်၏ စုံစမ်းခြင်းမှ လွတ်မြောက်ခဲ့လေသည်။

ဤကဲ့သို့ ၀ိညာဉ်ကယ်တင်ခြင်း ခံရပြီးဖြစ်ကြောင်း သတိပြုမိသော ဆရာကြီးသည် ၄င်း၏ ရင်ထဲတွင် မကြုံဖူး ထူးကဲသော ငြိမ်းချမ်းသာယာမှု ထူးထူးခြားခြား ထိတွေ့ ခံစားရသည် ဟု ဆိုပါည်။

ထို့နောက် ၄င်း၏ အထုပတ္တိရေးသော မလေးလုံအား ၀န်ခံချက် တစ်ခု ပေးရန် ဆုံးဖြတ်လိုက်ပါသည်။ ၄င်းသည် ဘာသာယုံကြည်ချက်နှင့် ပတ်သက်၍ တစ်ချိန်က ဒေါက်တာကာပင်တာ (Dr Carpenter) က ခရစ်ယာန်ဘာသာဝင်လားဟု မေးစဉ်က မဟုတ်ဘူး ဟု ဖြေခဲ့သည့်အတွက် ၄င်း၏ သွားများအားလုံး နှုတ်ပယ်ခံရပြီး အသက်၃၀ကျော် ကလေးမှာပင် အံပုံအတု တပ်ခဲ့ရခြင်းသည် ဘုရားရိုက်ခြင်း ဖြစ်သည်ဟု ထင်မှတ်ခြင်း ဖြစ်ခဲ့သည်။ သို့ရာတွင် လူသားတို့၏ အပြစ်ကြွေးကို အသက်သွေးနှင့် လဲ၍ ပေးဆပ် ကယ်တင်ခဲ့သော သခင်ခရစ်တော်၏ မေတ္တာ မည်မျှကြီးများကြောင်းကို ဆရာကြီးသည် ယုံကြည်ရင်းစွဲဖြစ်၍ ဘုရားသခင်၏ မေတ္တာ ဂရုဏာတော်ကို သံသယ မဖြစ်တော့ဘဲ ဆက်လက်၍ ယေရှုခရစ်တော်ကို ယုံကြည် ကိုးစားခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် ခရစ်ယာန်ဖြစ်ရုံမက ခရစ်တော်၏ သစ္စာရှိသော တပည့်တစ်ဦးဖြစ်ပြီး ခရစ်ယာန်ဘာသာ၊ သာသနာကို မည်မျှလောက် ကြည်ညိုလေးစားသည်၊ မည်ကဲ့သို့ ပြုစုပျိုးထောင်ခဲ့သည် ဆိုခြင်းကို ခိုင်ခိုင်မာမာ ပြောနိုင်ခဲ့ပါသည်။ ဆရာကြီး၏ မိဘ၊ ဆွေမျိုးရင်းချာ များကို စစ်ဆေး ကြည့်ရှုသောအခါ အားလုံးသည် အင်္ဂလီကန် ခရစ်ယာန်များ မဟုတ်ကြပါ။ ဦးထွန်းငြိမ်း အဘိဓာန် ဟူ၍ ထင်ရှားကျော်ကြားသော စာအုပ်ကို ပြုစုခဲ့သူ စာတော်ပြန် ဦးထွန်းငြိမ်းသည် ဆရာကြီး၏ ဦးလေးအရင်းဖြစ်သည်။ ၄င်းတို့အားလုံးသည် ခရစ်ယာန် ခေါင်းဆောင်များ ဖြစ်သော်လည်း လူတိုင်းသည် အင်္ဂလီကန် ခရစ်ယာန်များ မဟုတ်ကြပေ။ မည်သည့်အချိန်တွင် ဆရာကြီး အင်္ဂလီကန် ခရစ်ယာန် ဖြစ်လာသနည်း ဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။

ဒုတိယ ကမ္ဘာစစ်ကြီး မတိုင်မီက တက္ကသိုလ်မှာ ပါမေက္ခများသည် အင်လျားလမ်းရှိ သန့်ရှင်းသောကားတိုင် ဘုရားကျောင်းတွင် ၀တ်ပြုလေ့ရှိသည်။ အထူးသဖြင့် ဤကျောင်းသို့ လာရောက်ဝတ်ပြုသော သူများမှာ တက္ကသိုလ် ပရောဖက်ဆာ ဆရာပီးကော့ (Prof. Peacock)၊ ပရောဖက်ဆာလုစ် (Prof. Luce)၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပိုင်းမှ မစ္စတာဖာနီဗယ် (Mr. Furnivell) အစရှိသော အကျော် ဒေးယျ ပုဂ္ဂိုလ်များ ပါဝင်ခဲ့သည်။ သန့်ရှင်းသောကားတိုင် ဘုရားကျောင်းမှာလည်း ဆရာကြီး အက်ပဲတန် (Appleton) ၊ ဆရာကြီးစတေလာ၊ သူ့ကို (Oxford Don) ဟု ခေါ်ကြောင်း သိရသည်။ ဆရာကြီး ဦးဖေမောင်တင်သည့် သူ၏ နှမ ဒေါ်တီတီ၏ ခင်ပွန်း ပရောဖက်ဆာ လုစ် နှင့် ခင်မင်ရင်းနှီးသည့်အတွက် သန့်ရှင်းသောကားတိုင် ဘုရားကျောင်းမှာပင် တက်ခဲ့သည်။ ဆရာကြီးအက်ပဲတန်၏ သွန်သင်ချက်များ၊ တရားဓမ္မများနှင့် ပတ်သက်ပြီး ဆရာကြီးအနေနှင့် စဉ်းစားစရာများ တွေးတော ဆင်ခြင်စရာများ ဖြစ်လာကာ နှစ်ဦးနှစ်ဝ အကြိတ်အနယ် နက်နက်နဲနဲ ဝေဖန်သုံးသပ်ပြီး နောက်ဆုံးတွင် လက်တင်မင်္ဂလာ ခံယူခဲ့ပါသည်။ ဤနည်းဖြင့် ဆရာကြီးသည် အင်္ဂလီကန် ခရစ်ယာန်ဖြစ်လာခြင်း ဖြစ်သည်။

ဆရာကြီးသည် အသက်အရွယ်ရောက်လာ၍ ဒေါ်ကြည်ကြည်နှင့် အိမ်ထောင်ပြုသောအခါတွင်လည်း ခရစ်ယာန်ဘာသာ ထုံးတမ်းအစဉ်အလာအရ သာယာဝတီမြို့တွင် လက်ထပ်ခဲ့ကြောင်း သိရသည်။ (ဘသက်ရှည် ၂၊ စာ ၉၈၆)။ ဆရာကြီးသည် အချိန်ခါမရွေး၊ ဒေသမရွေး၊ ခရစ်ယာန် သာသနာကို လေးစားပြီး၊ အရေးထားခဲ့ကြောင်းကိုလည်း သိရသည်။ စစ်အတွင်း ရန်ကုန် အနောက်ပိုင်းတွင် အမှုထမ်းဆောင်ရသော ဘုန်းတော်ကြီး ဦးဘထက်သည် မည်မျှလောက် ခရီးဝေးသည်ဖြစ်စေ ကုန်ကြောင်းတလှည့်၊ ခြေကျင်တမျိုး၊ တပည့်တော်များရှိရာ ဝေးလံခေါင်သိသော နေရာမျိုးသို့ မညည်းမညူ သွားရောက်၍၊ ဆုတောင်းပေးခြင်း အစရှိသော စက္ကရမင်တ ခုနှစ်ပါးစလုံးကို စီရင် ဆောင်ရွက်ပေးခဲ့ရာ ဆရာကြီးဦးဖေမောင်တင်ရှိရာ နေရာကိုပင် ရောက်ရှိ၍ ဘုရားဝတ်ပြုပေးခြင်း ပြုလုပ်ခဲ့ပါသည်။

ဆရာကြီးသည် ခရစ်ယာန် တစ်ဦးဖြစ်သော်လည်း မြန်မာ့ယဉ်ကျေးမှု တစ်ရပ်ဖြစ်သော ဗုဒ္ဓဘာသာကို မပစ်ပယ်ခဲ့ပေ။ ဗုဒ္ဓဘာသာ၏ ၀ိသုဒ္ဒိမဂ်ကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုပေးခဲ့ခြင်းဖြင့် ဗုဒ္ဓဘာသာကို ကမ္ဘာကသိအောင် ဆောင်ရွက်ပေးရာ ရောက်ခဲ့ပါသည်။ ထို့ပြင် နိုင်ငံခြားသား ခရစ်ယာန်ဘာသာဝင်များကို လည်းကောင်း၊ မြန်မာခရစ်ယာန် သာသနာပြုများကို လည်းကောင်း၊ ဗုဒ္ဓတရားတော်အကြောင်း ဟောပြောပို့ချခြင်းကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင် အနားယူသည့်အချိန်တွင်မှာပင် သန့်ရှင်းသောကားတိုင် ဘုရားကျောင်းရှိ ကျမ်းစာသင်ကျောင်းတွင် အချိန်ပိုင်းဆရာအဖြစ် ဘုန်းတော်ကြီးလောင်းများအား စာပေပို့ချပေးခဲ့ပါသည်။ ဘုန်းတော်ကြီး ဦးဂျေမြသန်း (ယခု ဂိုဏ်းထောက်ကြီး ကသီဒြယ်ဘုရားကျောင်းတာဝန်ခံ၊ မန္တလေး) ၏ ပြောပြချက်အရ၊ ၄င်း ကျမ်းစာကျောင်းတွင် ရှိနေစဉ် ၁၉၆၄-၁၉၆၈ အတွင်း ဆရာကြီးဦးဖေမောင်တင်သည် ၄င်းတို့အား ဗုဒ္ဓစာပေကို ဘာသာရပ်တစ်ခုအဖြစ် သင်ကြားပို့ချပေးကြောင်း သိရပါသည်။ ဂေါတမ မြတ်စွာဘုရား၏ ဘုရားဖြစ်စဉ်သမိုင်း (ဗုဒ္ဓ၀င်) နှင့် ရွှေတိဂုံသမိုင်းကို ပို့ချပေးခဲ့ကြောင်း သိရပါသည်။ အဓိကအားဖြင့် မေတ္တာတရားနှင့် ၀ိပဿနာအကြောင်းကို အလေးပေး ပို့ချပေးခဲ့ကြောင်း သိရပါသည်။

ခရစ်ယာန် နှင့် ဗုဒ္ဓဘာသာ သာသနာတို့နှင့် ပတ်သက်သော ဟောပြောပွဲများ၊ ဆွေးနွေးပွဲများတွင်လည်း သဘာပတိ၊ ဥက္ကဌ အမြဲတမ်း ပြုလုပ်ပြီး အငြင်းအခုံဖြစ်သည့်အခါတိုင်းတွင်လည်း အဆုံးအဖြတ် ပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ဤ သာဓကသည် ဗုဒ္ဓစာပေတွင်သာ ဆရာကြီးကျွမ်းကျင်သည်မဟုတ်၊ မိမိ၏ ဘာသာရင်းဖြစ်သော ခရစ်ယာန်ဝါဒကိုလည်း နှံ့စပ်စွာ သိရှိ နားလည်ကြောင်း အထင်အရှားပင် ဖြစ်ပါသည်။ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ (တစ်နည်း) ခရစ်တော် နှင့် ဗုဒ္ဓ တို့၏ အမေးအဖြေနှင့် ပတ်သက်၍ အဓိကကျသော နှိုင်းယှဉ်ချက်များ ဖြစ်သည့် အချက်များကိုလည်း ဆရာကြီးသဘောပေါက်ခဲ့သည်။ ဥပမာ - ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်တို့၏ အယူအဆဖြစ်သော တစ်ကိုယ်ကောင်းမဆန်ခြင်း၊ (Christian and Buddhist idea of Selflessness)၊ ဗုဒ္ဓ၀ါဒ၏ ဘုရားနှင့်ပတ်သက်သော အယူအဆ၊ (The Idea of God in Buddhism)၊ ဗုဒ္ဓဘာသာတရား၏ ယုံကြည်ခြင်းနှင့် သနားခြင်း အယူဝါဒ (Faith and Grace in Buddhism)၊ ခရစ်ယာန်တို့၏ ဆုတောင်းခြင်းအမှုနှင့် ဗုဒ္ဓဘာသာတို့၏ တရားထိုင်ခြင်း (Christian Prayer and Buddhist Meditation)၊ နိဗ္ဗာန်နှင့်ဘုရားသခင်၏ နိုင်ငံတော် (Nirvana and the Kingdom of Heaven)၊ ဗုဒ္ဓဘာသာ၏ မေတ္တာတရားတော်နှင့် ခရစ်ယာန်တို့၏ ချစ်ခြင်းမေတ္တာ သဘောတရား (Buddhist Metta and Christian Charity)၊  ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တို့၏ လူသားတို့နှင့် ပတ်သက်သော သဘောထား (Man and Buddhism and Christianity) (Certain factors in the Buddhist-Christian Encounter 1998, P.9) အစရှိသည့် အချက်များကို ဆရာကြီး နှိုင်းယှဉ် လေ့လာ၍ ကောင်းစွာသဘောပေါက်ကြောင်း သိရပါသည်။ ဤသဘောတရားများကို လေလာဆင်ချင်ပြီးနောက် ဆရာကြီးအနေနှင့် နှစ်မျိုးစလုံးသော ဘာသာသည် ကောင်းမွန်ပါသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာသည် အထူးကောင်းပါသည်။ သို့သော် ခရစ်ယာန်ဘာသာကဲ့သို့ "ကားတိုင်မပါ" ဟု ပြောခဲ့ပါသည်။ ကားတိုင်၏ အဓိပ္ပါယ်မှာ ကယ်တင်ခြင်း (Salvation of one's soul) ဟု ဆိုလိုခြင်းဖြစ်ပါသည်။ (ဂိုဏ်ထောက်ကြီး ဂျေ၊ မြသန်းနှင့် တွေ့ဆုံမေးမြန်းချက်)

ထိုနောက် ဆရာကြီးယုသန် မြန်မာလိုပြန်ဆိုသော (The Holy Bible) သမ္မာကျမ်းကိုလည်း ဆရာကြီးအနေဖြင့် နှစ်ခြိုက် သဘောကျ လက်ခံခဲ့ကြောင်း၊ ဆရာကြီး ယုဒသန်က သန့်ရှင်းသောကျမ်းစာအုပ်ဟု ပြန်ရမည့်အစား သမာသမတ်ရှိသော ကျမ်းဖြစ်၍ သမ္မာကျမ်းစာဟု အမြင်ကျယ်စွာ ဘာသာပြန်ခြင်းကို ကျေနပ် လက်ခံခဲ့ကြောင်းကိုလည်း ၀န်ခံခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်သည် စာဖတ်သည့်အချိန်မှ စ၍ အမေရိကန် သာသနာပြု ဆရာယုဒသန် ပြန်ဆိုခဲ့သော ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း နှစ်ကျမ်းပေါင်းဖြစ်ော သမ္မာကျမ်းစာအုပ်နှင့် ထိတွေ့ရင်နှီးလာခဲ့သည်။ ထိုမှတစ်ဖန် အင်္ဂလိပ်စာ တတ်မြောက်လာသောအခါ ဆရာယုဒသန်၏ အင်္ဂလိပ်မြန်မာ အဘိဓာန်ကို လက်စွဲပြုကာ ဟေဗြဲဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုထားခဲ့သော သမ္မာကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရှုကျွမ်းဝင်လာပြန်သည်။ မူရင်း အင်္ဂလိပ်ဘာသာနှင့် ဆရာယုဒသန် မြန်မာပြန်ဆိုထားသော သမ္မာကျမ်းစာတို့ကို နှိုင်းယှဉ်လေ့လာ၍လည်း ဖတ်ရှုခဲ့သည်။ ဆရာကြီးသည် ၁၈ရာစုခေတ် အချိန်မျိုး၌ ကြိုးစားအားထုတ်ကာ သာသနာပြုရင်း မြန်မာဘာသာသို့ ပြန်ဆိုရေးသားထားသော ဆရာကြီးယုဒသန်၏ သမ္မာကျမ်းကြီးကို လက်ခံခဲ့သည်။ ဆရာကြီးယုဒသန်၏ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကျမ်းကြီးကိုလည်း အသိအမှတ်ပြုခဲ့ပါသည်။ (ဘသက်ရှည် ၁၊ စာ ၃၁၄)

ဆရာကြီးဦးဖေမောင်တင် သည် ခရစ်ယာန် စစ်စစ်ပီသစွာ သခင်ယေရှု ခရစ်တော် မိန့်ကြားခဲ့သည့် "သူ့တစ်ပါးကို ကိုယ်နှင့်အမျှ ချစ်လော့"  ဆိုသည့် အမိန့်အတိုင်း၊ သူ၏ ဘ၀အသက်တာတွင် သူ့တစ်ပါးအား၊ သနားကြင်နာခဲ့သည်။ အကူအညီပေးခဲ့သည်။ သာဓကအားဖြင့် ပြရမည်ဆိုလျှင် မြန်မာစာ ပါမောက္ခ ဆရာကြီးတစ်ဦး၏ ပြောပြချက်အရ၊ မိမိတက္ကသိုလ် ကျောင်း၌ ပညာသင်ကြားနေချိန် ကမ္ဘာနှင့်အ၀န်း မြန်မာနိုင်ငံပါ စီးပွားရေး ကပ်ဆိုးကြီးနှင့် ကြုံတွေ့ရသောအခါ ဆက်လက်၍ ပညာသင် ဆည်းပူးနိုင်ခြင်း မရှိခဲ့ပါ။ ထိုအခါ ဆရာကြီးက မိဘသဖွယ် ကူညီထောက်ပံ့ခဲ့သဖြင့် ဆက်လက်၍ ပညာသင်ကြားနိုင်ခဲ့ကြောင်း၊ ထို့အတူ ချို့တဲ့သော ကျောင်းသားများကိုလည်း မိမိနည်းတူ အကူအညီ အထောက်အပံ့ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ဤသို့ ကူညီထောက်ပံ့ခြင်းကိုလည်း ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ ဆိတ်ဆိတ်နေခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် ဆရာကြီးဦးဖေမောင်တင်သည် ခရစ်တော်က တောင်ပေါ်ဒေသနာ ဟောကြားစဉ်က အထူးပြုခဲ့သော မင်္ဂလာတရား ရှစ်ပါး (မဿဲ ၅း၃-၁၂) အနက် "သနားစုံမက်တတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရလတ္တံ့" ဟူသော တရားနှင့်လည်း ကိုက်ညီ၍၊ ဘုရားသခင်၏ စုံမက်ခြင်းကို ခံစားရကြောင်းကို ဆရာကြီး ပင်စင်ယူပြီးသည့်နောက် မတောင့်မတ၊ မကြောင့်မကြဘဲ နေထိုင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။

ဆရာကြီး အသက် ၈၀ ပြည့် မွေးနေ့ အခမ်းအနား၌ လောကတွင် မာန်မာန ထောင်လွှားခြင်း၊ တက်ကြွခြင်း၊ မရှိသင့်ကြောင်း၊ နှိမ့်ချစွာ နေထိုင်ခြင်းသာ အကောင်းဆုံးဖြစ်ကြောင်းကို တပည့်များအား ဆုံးမသြ၀ါဒ ပေးခဲ့သည်။ သူ၏ စကားအတိုင်းလည်း ပြုမူနေထိုင်ကြောင်း သိရှိရပါသည်။ ထို့အပြင် ဆရာကြီးသည် သူ၏ ဘ၀တစ်လျှောက်လုံးတွင် သူ့တစ်ပါး၏ အကျိုးများကိုသာ ဆောင်ရွက်ခဲ့သည်။ တနည်း စာပေပညာအားဖြင့် မြန်မာတစ်မျိုးသားလုံးကို အလုပ်အကျွေးပြုခဲ့သည်။ ဤသည်မှာ ခရစ်တော် ဟောကြားခဲ့သော "လူသားသည် သူ့တစ်ပါးကို စေချင်းငှါ မလာ၊ သူ့တစ်ပါးကို အစေခံခြင်းငှာ လာသည်"  (Not to be served, but to serve) မဿဲ (၂၀း၂၇-၂၈) ဆိုသော အဆိုအမိန့်နှင့် ကိုက်ညီစွာ ပညာနှင့်ပတ်သက်၍ အစေစား ခံခဲ့သည်။

နိဂုံချုပ်အားဖြင့်

ဆရာကြီးဦးဖေမောင်တင်၏ အသက်တာနှင့် ခရစ်ယာန် သာသနာကို စစ်ဆေးဝေဖန်ရလျှင်၊ ၄င်းသည် ဘိုးဘွားမိဘများမှ ဆင်းသက်မွေးဖွားလာခဲ့သော ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သည်။ ၄င်းသည် ဘာသာရေးကို အထူးရိုသေ ကိုင်းရှိုင်းကာ ဘုရားတရားကို အထူး ယုံကြည်ကိုးစားသော ခရစ်ယာန်မိဘနှစ်ပါး၏ သွန်သင်ဆုံးမမှု အရိပ်အ၀ါသ အောက်၌ ကြီးပြင်းလာခဲ့သည်။ သို့ရာတွင် တက္ကသိုလ်သို့ ရောက်သည့်အခါတွင် ဗုဒ္ဓဘာသာကျမ်းဂမ်များ အခြေခံရာ ပါဠိစာပေကို သင်ယူလေ့လာရသောအခါ "ခရစ်ယာန်ဘာသာဝင် တစ်ယောက် ဖြစ်နေသောသူသည် ပါဠိ ဘာသာကို သင်ကြားရသောအခါ ပင်ရင်းဘာသာဖြစ်သော ခရစ်ယာန်ဘာသာကို ဆန့်ကျင်ရာများ ကျမည်လား ဟူ၍ တွေဝေခဲ့သည်ဟု ဆိုပါသည်" ( ဘသက်ရှည် ၁။ စာ ၂၉၃)။ ပါဠိဘာသာကို အလေးအနက် လေ့လာလိုက်စားခြင်း ပြုရသောအခါ ဘာသာနှစ်ခု၏ မွန်မြက်ချက်များ၊ မတူ၊ ကွဲပြား၊ ခြားနားချက်များကို တွေ့ရှိခဲ့ရသည်။ ဆင်တူရိုးမှား တူညီသည့်အချက်များလည်း ရှိကြောင်း လေ့လာမိပါသည်။ ဗုဒ္ဓစာပေ ကျမ်းများဖြစ်သော ပါဠိကျမ်းဂန်များကို အသေးစိတ် လေ့လာရသောအခါတွင် ဗုဒ္ဓဘာသာ တရားတော်မှ သူနှစ်သက်လက်ခံနိုင်လောက်သော တရားဓမ္မအချို့ကို ထုတ်နုတ် ကျင့်သုံးသွားသည်ကို တွေ့ရပါသည်။ အထူးသဖြင့် သီလကို သဘောကျ နှစ်ခြိုက်သွားကြောင်း သိရပါသည်။

ဆရာကြီးဦးဖေမောင်တင်သည် အသက်၃၀တွင် သူ့ကိုယ်သူ ခရစ်ယာန်တစ်ယောက် ဟူ၍ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပဲ အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုအချိန်က ဒေါက်တာ ကာပင်တာက ထုတ်၍မေးခဲ့သည်ကို ဟုတ်မှန်ကြောင်း ၀န်မခံခဲ့ပေ။ ဆရာကြီးအနေဖြင့် ကောင်းမွန်သော ဘာသာနှစ်ခုကို မည်သည့်ဘာသာကို အလေးပေး၊ အရေးထားရမှန်း မဝေခွဲနိုင်ဘဲ ဇဝေဇ၀ါ ဖြစ်နေချိန် ဖြစ်နိုင်ပါသည်။ ခန္တာကိုယ် ကျန်းမာရေးအတွက် အင်္ဂလိပ်ဆေးဝါးများနှင့်အတူ အစွမ်းထက်သော မြန်မာဆေးဝါးကောင်း အချို့ကို တွဲဖက်သုံးစွဲသကဲ့သို့ ဖြစ်နေပါသည်။

သူ၏ ၀ိညာဉ် ရှင်သန်ရေးအတွက် ထာဝရဘုရားသခင်နှင့် သားတော သခင်ယေရှုတို့၏ မိန့်ကြားသော ပညတ်ချက်များကို ယုံကြည်စွာ လိုက်နာကျင့်သုံးနေသကဲ့သို့၊ ထပ်မံတွေ့ရှိလာသော ဂေါတမဗုဒ္ဓ၏ ကျင့်စဉ်များထဲမှ သီလပုဒ်ကို သူ့အတွက် ဆေးစွမ်းကောင်းအဖြစ် တည်ဆောက်ကျင့်သုံးခြင်း ဖြစ်ဟန်တူပါသည်။ (ဘသက်ရှည် ၁၊ စာ ၂၉၆)။

ဆရာကြီး၏ ပညာနှင့် ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်များ အံ့မခန်း ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်ထူး၏ ပညာထူးချွန်မှု နှင့် ကျော်ဇောခြင်းသည် မြန်မာနိုင်ငံသာမက အာရှတခွင်၊ အင်္ဂလန်နှင့် အမေရိကန်တို့ကိုပါ ပြန့်နှံ့ခဲ့ပါသည်။ ဗုဒ္ဓစာပေ၊ ပါဠိကျမ်းဂန် တို့တွင် ဇမ္ဗူတစ်ခွင် တုနှိုင်းမရှိ၊ အကျော်ဒေးယျ ဖြစ်ပါသည်။ ဆရာကြီးသည် အသက် ၇၆နှစ် ပင်စင်ယူသည့်အချိန်မှ စ၍ ပင်ရင်းဘာသာဖြစ်သော ခရစ်ယာန်စာပေနှင့် အသင်းတော်အတွက် ဇောက်ချလုပ်ကိုင်သည်ဟု ထင်မြင်မိပါသည်။ ဗုဒ္ဓစာပေနှင့် ခရစ်ယာန်စာပေ နှိုင်းစာလျှင် ခရစ်ယာန်စာပေအတွက် ဆောင်ရွက်ခဲ့သည်မှာ ရာနှုန်းနည်းကြောင်း ရိုးသားမှန်ကန်စွာ ပြောချင်ပါသည်။ ခရစ်ယာန်သာသနာအတွက် လုပ်ဆောင်ချက် နည်းပါးသည်ဟု ကောက်ချက်ချရသည်မှာလည်း အထောက်အထား မရနိုင်တော့၍ ဖြစ်နိုင်ပါသည်။ ပညာရှင်များ အနေဖြင့် ဆရာကြီး၏ ခရစ်ယာန် သာသနာနှင့် ပတ်သက်သော ဆောင်ရွက်ချက်များကို ဆက်လက် ဖော်ထုတ် ရေးသားပေးပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အားလုံးခြုံ၍ သုံးသပ်ရလျှင် ဆရာကြီးဦးဖေမောင်တင် သည် ပညာကြီး၏။ ဇွဲသတ္တိကြီး၏။ သဘောထားကြီး၏။ (ဤသည်မှာ ခရစ်ယာန်တစ်ဦး၏ သဘောအမှန်ဖြစ်ပါသည်။)  ဆရာကြီးသည် မာနမကြီး၊ စည်းစိမ်ဥစ္စာမမက်၊ ဂုဏ်ပကာသနကို မမက်၊ အဆောင်အယောင်ကို မမက်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ရုံမက၊ လောဘနည်း၍ တင်းတိန်ရောင့်ရဲ့သောစိတ် (ဤသည်မှာလည်း ခရစ်တော်၏ သဘောဖြစ်ပါသည်။) ရှိခြင်းကို ဆရာဇော်ဂျီက ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် အလွန်တူကြောင်း ကောက်ချက်ချဖူးပါသည်။ ဆရာကြီး၏ အတုကို ယူ၍ တိုင်းပြည်နှင့် လူမျိုးအကျိုး သယ်ပိုးဆောင်ရွက်နိုင်သော ပညာတတ် ပုဂ္ဂိုလ်များ ပေါ်ထွန်းနိုင်ပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါသည်။

ဒေါ်ခင်ထွေးရီ
(ပါမောက္ခ၊ နိုင်ငံတကာ ဆက်ဆံရေးပညာဌာန၊ မန္တလေးတက္ကသိုလ်)
၁၂-၁၂-၁၉၉၈



ဖေမောင်တင် ၁၁၁ နှစ်ပြည့် ဂုဏ်ပြုစာတမ်းများ
မောင်ထင်၊ ဒေါက်တာလှဖေ၊ ဒေါက်တာသန်းထွန်း၊
ပါမောက္ခဒေါ်ခင်ထွေးရီ၊ မောင်သာနိုး၊ မောင်စွမ်းရည်၊
မောင်ပေါက်စီ (မန်းတက္ကသိုလ်)၊ မောင်ဇေယျာ တို့၏

ဂုဏ်ပြုစာတမ်းများ၊ ကဗျာများ၊ မိန့်ခွန်းများ

ပါရဂူ၊ ဦးသော်ကောင်း (နှင့်အဖွဲ့)၊
အငြိမ်းစား ပါမောက္ခ ဦးသန်းထွတ်၊ ကျော်အောင်
ရွှေဘိုမိမိကြီး၊ ဒေါ်ခင်ခင် (ပြည်)၊ ပန်းတနော်ဦးခန့်၊
မြင့်သန်း၊ အယ်လင်စောဦး တို့၏

ဂုဏ်ပြုစာတမ်းများ၊ ဆောင်းပါးများ

ဆရာကြီး ဦးဖေမောင်တင်၏ စာတမ်းများ၊ ဆောင်းပါးများ
ယင်းတို့ကို
မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေခြင်း..
..


မှတ်ချက်။  ပါဠိကို ကျွမ်းကျင်လှသော ဗုဒ္ဓဘာသာဆရာတော်ကြီးများစွာရှိသောလည်း ခရစ်ယာန်ဘာသာဝင်နှစ်ဦးဖြစ်သော ဆရာယုဒသန် (Judson) နှင့် ဆရာဖေမောင်တင် တို့ နှစ်ဦးမှာ အလွန်လေးစားဖွယ်ဖြစ်ပါသည်။ ဆရာယုဒသန်က ခရစ်ယာန်ကျမ်းစာကို ဟီဘရူးဘာသာမှ မြန်မာဘာသာသို့  ဘာသာပြန်ပေးခြင်း၊ ပထမဆုံး ပါဠိ-မြန်မာ အဘိဓာန်ပြုစုခြင်း များဖြင့် အမှုတော်ဆောင်ခဲ့သလို၊ ဆရာဖေမောင်တင်က ဘာသာတရားမဲ့နေသော ဥရောပတိုက်သားများအား ဗုဒ္ဓတရားအား ပါဠိဘာသာမှ အင်္ဂလိပ်ဘာသာပြန်ပေးခဲ့ပါသည်။ ခရစ်တော်ယေရှု၏ မေတ္တာတရားကို ပြသရန်မှာ ခရစ်ယာန်ဖြစ်လာစေရေးမဟုတ်ပဲ၊ သူတို့ဘာသာတရားကို ဦးစွာနားလည်ရေးမှာ စာနာရေးကို ပြသသွားသည့် ဆရာဖေမောင်တင် အောက်မေ့ဘွယ် ဖြစ်ပါသည်။  မုရန်အယ်ဒီတာ

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.1)


ခံစားရ ဆုကျေးဇူးကောင်းကြီးမင်္ဂလာ
ရေတွက်လို့ ချီးမွှမ်းကာ သီဆိုမည်
အသက်မွေးလောက်သော အစာကို နေ့ရက်စဉ်တိုင်း
ပေးသနားတော် မူသောကြောင့်ကျေးဇူးတင်သည်

Cho:   သာယာသောမြစ်နားသို့ လမ်းပြခဲ့ပြီ
စိမ်းလန်းသော အရပ်၌အိပ်စေမူပြီ
ဖျားယောင်းသွေးဆောင်မှုအပေါင်းမှ လွတ်မြောက်စေပြီ
ကျေးဇူးတော် ကာလ၏ နေ့ရက်များ


 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.2)


Saya Ma
ဆရာမ
လောကသီချင်းများလည်း အရွယ်ကြီးငယ်မရေး နှစ်သက်ကြပါတယ်။
ထာဝရပျော်ရွှင်မှုအတွက်တော့ ဓမ္မသီချင်းများက သံစဉ်နဲ့သီချင်းများဖြစ်ပါတယ်။ သို့သော် တဒင်္ဂ ပျော်ရွှင်ဝမ်းမြောက်မှုများလည်း လိုအပ်တဲ့အတွက် ယူကြုမှ သီချင်းအချို့ကို တင်ပြလိုက်ပါတယ်။


 


Bo Bo Han, Shar Ei Bo Bo Han-A Ko Maung Dway Ka Pyaw Dar Lar

 


Full Moon Night, memory of Sai Htee Saing

 


Thingyan Moe

 


Myanmar Song -  Cho Pyone

 


Burmese Song - CHIT SAN MAUNG

(Oh God .. show them right way)

 


Myanmar song, "Mother and son" by Lashio Thein Aung

 


Htoo Eain Thin - Mother's House

 


Sai Sai Maw - shan pal poat lay

 


မြန်မာပြည်သိန်းတန် သီဆိုသော မြစ်ဆုံကိုလွမ်းစိတ်မပျယ်
KKT Bamar Pyi Thein Tan - Myit Son Ko Lwan Sate Ma Pyay

 


karen song - Karen Music 06

 


Greatest Burmese Gospel songs(9) Chin State' s Beauty



Soe Paing - A Chit Nya Yin Khone Than

 


Sein Lwin and Playboys 1977

 


Thein Tan (Myanmar Pyi) & Daughters on MRTV 1982

 


Mone Shwe Ye - Win Oo in Myanmar 1969

 



Sine Thu Ko Si Nae Moh - Sithu Lwin



Myanmar song, "Ma Aye" by Lwan Moe

 


Myanmar Hip Hop Song:Sai Sai Khan Hlaing_DayWi Nut Myo Nwe.

 


RZarni & Sone Thin Par - Myit Na Sin Yae Pin Lae

 

Ref:
http://burmesebible.com/monywa/youtube.burmese.songs.htm


Collection on Oct-2009

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.3)

ဂါလိလဲ သောင်ယံကမ်းစပ်နားဆီမှာ အိုတံငါ အာရုဏ်ဦးအထိ
ဝမ်းစာရှာ ကြိုးစားလည်း ငါးမရရှိပါ။  အမောဆို့လည်း
ညဘက်အဆုံးမှာ စိတ်ဓါတ်ကျ နွမ်းလျသည့်အခါ စကားအခွန်းများ
အမိန့်အဖြစ်ရောက်လာ ပေတရု ရေနက်ထဲသို့ ရွှေ့ပါလား

ငါး …  ရေနက်ထဲက ငါးများစွာရယ် 
ငါး .. ကိုယ်တော်ပေးတဲ့ ဆုလဒ်ရယ် 
အိုး ..  လူကိုမျှားမဲ့ ဘုရားရဲ့ တငါသည်
အိုး .. ရေနက်ထဲသို့ ထွက်ခွာဆဲ

ထာဝရဘုရားသခင်၏ တပါးတည်းသော သားတော်အား ပေတရု
ရင်ဆိုင်တွေ့တော့ အားငယ်ကာ အပြစ်ဒုစရိုက် ပြည့်နှက်လှစွာ
ကျွနိုပ်ဘ၀က ဆိုးညစ်လိုက်တာ ၀မ်းနည်းခိုက် နှစ်သိမ့်လိုက်တာ
ငါ့နောက်သို့ လိုက်ခဲ့စမ်းပါ လူကိုမျှားမဲ့ တံငါသည်ကြီးတယောက ဖြစ်စေမှာ