မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Monday, Sep 06th

Last update03:33:41 AM GMT

You are here:: ရသ မိခင်များနေ့ အမှတ်တရ၊ .. ပုခက်လွှဲသောလက် ..

မိခင်များနေ့ အမှတ်တရ၊ .. ပုခက်လွှဲသောလက် ..

E-mail Print PDF


 အမေများကို ဂုဏ်ပြုစာလွှာ
 အမေများနေ့ကိုအမြဲထာဝရ အမှတ်ရကြပါစေရန်
 အကာ နှင့် ဇင်မာမင်းညိုတို့မှ ပေးပို့လိုက်ခြင်း ..




 မိခင်သည် သားသမီးများကို လမ်းပြသည်၊
 သားသမီးများ၏ အိပ်မက်နှင့်ဆန္ဒများ အကောင်ထည်ပေါ်ရန် ကူညီသည်။
 မိခင်၏ ဥာဏ်ပညာ၊ သားသမီးအပေါ်ယုံကြည်ချက်များမှာ
 နေ့စဉ်အမျှ ထွန်းလင်းလာသည်။





 မိခင်အားလုံးသည် သားသမီးများအတွက်
 ချစ်ခြင်းမေတ္တာချမ်းသာကြွယ်ဝကြသည်။
 မိခင်မေတ္တာသည် ဆင်းရဲခြင်းမရှိ၊ အကျည်းမတန်၊ အိုမင်းခြင်းမရှိ။
 မိခင်မေတ္တာသည် ထာဝရ လှပသောဝမ်းမြောက်ခြင်းဖြစ်သည်။




 မိခင်သည် ထမင်းတစ်ပန်းကန်ကို သားသမီး၂ဦးကို ခွဲဝေကြွေးသည်။
 သူမစားဖို့ မချန်ထားပါ။
 သားသမီးများက "အမေ မဆာဘူးတဲ့၊ သူကအမေပဲတဲ့" ..ဟုပြောကြသည်။




 မိခင်က သင်သည် စစ်သားဆိုလျှင် ဗိုလ်ချုပ်ဖြစ်လိမ့်မယ်။
 သင်သည် ကိုရင်ဆိုရင် ကျောင်းထိုင်ဆရာတော် ဖြစ်လိမ့်မယ် . ပြောသည်။
 သော်ငြားလည်း ကျွန်တော် ပန်းချီဒီဇိုင်းဖြစ်သွာသည်။ ပီကာဆို လိုပန်းချီဆွဲသည်။





 နားသိပ်မကြားသော သားငယ် 
 ကျောင်းမှ ဆက်လက်မသင်နိုင်တော့ကြောင်း စာကို
 မိခင်က ဖတ်ပြီး မိခင်ကိုယ်တိုင် စာသင်ပေးတော့သည်။
 ထိုသားငယ်သည် အမေရိကားမှ သောမတ်အယ်ဒီဆင် ဖြစ်သည်။
 မီးလုံးတီထွင်မှုဖြင့် အလင်းရစေခြင်းမှာ များစွာသောမိဖများအတွက်
 နမူနာဖြစ်သည်။





 မိခင်၏  ဘုရားရှင်အကြောင်း တကျပ်သား ဒေသနာ ပြောပြချက်သည်
 ဘုန်တော်ကြီး၏ တပိသာ တရားဒေသနာနှင့် ညီမျှသည်။



 အမေမိခင်ကဲ့သို့ ပြုမူနေထိုင်ကျင့်ကြံခြင်းသည်
 အမျိုးသမီးတစ်ဦးဘ၀၏ အထွဋ်အထိပ်ဖြစ်သည်။




 သို့သော် လောကတွင် မိခင်တစ်ဦးတည်း ရှိပါသည်။
 
Book title by Kate Dougls Wiggin (1856-1923)




 မိခင်မျက်နှာကြည့်ပြီး လမ်းလျှောက်တတ်ခြင်းဖြင့်
 သားသမီးများ ဘ၀အစပြုသည်။




 တတ်သိပညာရှင် - ပရောဖက်ရှင်နယ်လုပ်ငန်းအားလုံးတွင်
 မိခင်အလုပ် သည် အရေးအပါဆုံးဖြစ်သည်။




 ပုခက်လွှဲသောလက်သည် လောကကို အုပ်စိုးသည်
 
အမေရိကန် ကဗျာဆရာကြီး William Ross Wallance (1819-1881)
 
 
သုတ္တံကျမ်း ၃၁း ၁၀-၃၁
သီလနှင့် ပြည့်စုံသော မိန်းမကို အဘယ်သူတွေ့ရသနည်း။ ထိုသို့သော မိန်းမသည် ပတ္တမြား ထက်အဘိုး သာ၍ ထိုက်ပေ၏။  သူ၏ ခင်ပွန်းသည် သူ့ကိုယုံ၍၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။ ထိုမယားသည် မိမိခင်ပွန်း အကျိုးကို မဖျက်၊ တသက်လုံးပြုစုတတ်၏။ သိုးမွေးနှင့်ဝါကို ရှာ၍၊ မိမိလက်နှင့် အလိုအလျောက် လုပ်တတ်၏။ ကုန်သည်သင်္ဘောကဲ့သို့ ဖြစ်၍၊ စားစရာကိုဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။ မိုဃ်းမလင်းမှီ ထလျက်၊ အိမ်သူအိမ် သားတို့အား စားစရာကို၎င်း၊ ကျွန်မတို့အား အငန်းအတာကို၎င်း ပေးဝေတတ်၏။ ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကို ဝယ်ယူတတ်၏။ ကိုယ်တိုင်လုပ်၍ ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။ မိမိခါးကို ခွန်အားနှင့် စည်း၍၊ မိမိလက်တို့ကို သန်မြန်စေတတ်၏။ မိမိလုပ်သော ဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏ မီးခွက်သည် တညလုံး မသေတတ်။ ချည်ဖြစ်စေတတ်သော တန်ဆာတို့ကို ကိုယ်လက်နှင့် ကိုင်၍ လုပ်ဆောင် တတ်၏။ ဆင်းရဲသော သူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ်သော သူတို့အား လက်ရုံးကို ဆန့်တတ်၏။ မိုဃ်းပွင့် ကျသော်လည်း၊ မိမိအိမ် သူ အိမ်သားတို့အတွက် မစိုးရိမ်။ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကိုဝတ်ကြ၏။ ကိုယ်အဘို့စောင်တို့ကို ရက်၍၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်၏။ သူ၏ ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သားအသက် ကြီးသူတို့နှင့် ထိုင်၍၊ ထင်ရှားသောသူဖြစ်ရ၏။ ချောသောအထည်အလိပ်ကို ရက်၍ရောင်းတတ်၏။ ခါးစည်းတို့ကို လည်း ကုန်သည်၌ချတတ်၏။ သူလုပ်သော အထည်အလိပ်သည် ခိုင်ခံ့၍၊ လှသော အဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။ ပညာစကားကို ပြောတတ်၍၊ မေတ္တာတရားအားဖြင့် နှုတ်မြွတ်တတ် ၏။ အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ်၏။ ပျင်းရိခြင်း အစာကိုမစားတတ်။ သူ၏ သားသမီးတို့သည် ထ၍၊ အမိကိုကောင်းကြီးပေးတတ်ကြ၏။ သူ၏ ခင်ပွန်းကလည်း၊ လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာပြုကြပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲသည်ဟု သူ့ကိုချီးမွမ်းတတ်၏။ ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောမိန်းမ မူကား၊ ချီးမွန်းခြင်းကို ခံရလိ့မ်မည်။ ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသော အမှုသည် မြို့တံခါး တို့၌ သူ၏ အသရေကို ထင်ရှားစေသတည်း။

ရှောလမုန်မင်းကြီး စီရင်ရေးထားသော သုတ္တံကျမ်းပြီး၏။


 ... The End ...
 
Murann 2010 - Mother Day

Comments (0)Add Comment

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy