မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည် Christian Ezine

Sunday, Dec 21st

Last update11:40:21 AM GMT

You are here:: ဆောင်းပါး-၁ ဗဟုသုတ၊ပညာပေး သံပုရာသီး အစွမ်းအံမခန်း (မိန်းကလေးများ ဖတ်သင့်သည်)

သံပုရာသီး အစွမ်းအံမခန်း (မိန်းကလေးများ ဖတ်သင့်သည်)

E-mail Print PDF


နေသူရိန်

*ခံတွင်း ကျန်းမာရေး*

သံပုရာသီးဟာ သွားကို ဖြူစေပါတယ်။ သံပုရာသီးအခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေရုံတင်မကဘူး။ တောက်ပစေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေပါတယ်။ သွားကိုက်နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်းပေးပါ။


*နှုတ်ခမ်းကွဲခြင်း*

မျက်နှာလိမ်းခရင်မ်တစ်ဇွန်း

(လက်ဖက်ရည်သောက်ဇွန်း) နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါလိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*

အုန်းရည်လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။


*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*

ကြက်ဥအကာရည်နှင့် သံပရာရည် (သံပုရာသီးတစ်လုံးစာ) တို့ရောပြီး ဆံနွယ်အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီးဆေးကြောပေးပါ။

တစ်လလောက် လုပ်ပေးရုံနဲ့တင် ဦးရေပြားသန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင်သွားပါလိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွ
က်*
ငှက်ပျောသီးမှည့်တစ်လုံးကို
ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာရည် တစ်စက်နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီးတို့ကို ရောစပ်ပေးပါ။
ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။

နောက်တစ်နည်းကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း) ကို ဟင်းသီးဟင်းရွက် ဆီနဲ့ရောပေးပါ။ ပြီးရင် သံပုရာရည်တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊

တံတောင်ဆစ်တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြားအလှအပအတွက်
အကောင်းဆုံးပေးစွမ်းစေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသ ဖြင့် ဝက်ခြံနဲ့ ယားနာတွေ ကို ပျောက်ကင်းစေတဲ့သတ္တိရှိပါတယ်။ မှဲ့ခြောက်တွေကိုလည်း ပျောက်ကင်း
စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင
်များအတွက်*
သံပုရာရည်နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက်ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကိုချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်း ပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြောပေးပါ။


*တံတောင်ဆစ်မည်းခြင်းအတွက်*


သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ

တွေဟာ မှောင်မှောင်မှိုင်းမှိုင်းနဲ့ ခြောက်ခြောက်သွေ့သွေ့ဖြစ်နေတတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ်ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင်ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်းထန်းနဲ့ မအိပ်ချင်ဘူးဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည်တစ်ခွက်တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကိုစိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်းတွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။

ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ်ဆိုရင်လည်း ပိုပြီးတောက်ပြောင်လာပါလိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက်ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြောပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင်စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့
ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်းပါတယ်။

*ခြေထောက်*

သံပုရာရည်တစ်ခွက်စာ (ကော်ဖီခွက်တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင်ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ) တို့ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူးဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။

တစ်ပတ်လောက်လုပ်ကြည့်လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာချောမွေ့လာပါလိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*

ပူပြင်းခြောက်သွေ့တဲ့နွေရာသ
ီလို ဥတုမျိုးမှာ ချွေးထွက်သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူသက်သာအောင်လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည်တစ်ဇွန်းနဲ့ရောပြီး သောက်ပေးပါ။ သွေးလေလည်ပတ်မှုကို ကောင်းမွန်စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက် သာစေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့
သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင်ပေးပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဂျာနယ်တစ်စောင်မှာ ဒီဆောင်းပါးကို ဖတ်မိရင်း အော် သံပုရာသီးရဲ့ ကောင်းကျိုးက ဒီလောက်ရှိနေတာ၊ နောက်ပြီး နေရာတိုင်းမှာလည်း သံပုရာ သီးကို လွယ်လွယ်ကူကူ ရနိုင်တယ်၊ ရေးကူးထားမှပဲ ဆိုပြီး ဒိုင်ယာရီထဲမှာကို ကူးထားပြီး သွားလေရာကို ယူသွားတတ် ပါတယ်၊ အခုတော့ ဘာရယ်မဟုတ်၊ ကျမ္မာရေး လိုက်စား သူ တွေအတွက် တစုံတခု အသုံးတည့်မယ် ထင်လို့ မှတ်တမ်း အဖြစ် တင်ပြလိုက်ပါတယ် …


၁။သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွားတတ် သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊


၂။ သံပုရာရည်ကို သကြားအနည်းငယ်ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။


၃။ ထမင်းစားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရပါမည်။


၎။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေအားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။


၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်း စေသည်။


၆။ သံပုရာဖျော်ရည်ကို နေ့စဉ်သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်းစေသည်။


၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်းစေသည်။


၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။


၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။


၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက် စေသည်။


၁၁။ သံပုရာသီးတလုံးကို မီးကျွမ်းအောင်ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။


၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။


၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။


၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါများ ပြတ်သွားနိုင်သည်။


၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်းစေနိုင်သည်။


၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာပျောက်ကင်းစေသည်။


၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကားမပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။


၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်တွင် ထည့် ကာ ခေါင်းလျော်နိုင်ပါသည်။




၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီး ရွှင်စေပါတယ်။


၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။


( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး )


စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ်နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကို မမြင်မိသလိုပဲ၊ ချွင်းချက်အနေနဲ့ တနေ့ကို ( ၃ ) လုံးထက် ပိုစား မိရင် တော့ အစာအိမ် အချဉ်ပေါက်တဲ့အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊




ပိန်နေသူများ ၀စေသည်


ရှေးရှေးသော ဆရာတော်ကြီးများကတော့ ညနေပိုင်းမှာ သံပုရာသီး( ၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း ( ၃ ) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေးအဖြူနှင့် သမအောင် မွှေကာ သကြားအနည်းငယ်ထည့်ပြီး သောက်လေ့ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ်နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာတော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်းကလီစာများကို ဆေးကုပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။


အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။


ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက်နိုင်ပါဘူး၊



ဝနေသူကို ပိန်စေသည်


ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည် နှင့် မသောက်ပဲ သံပုရည်သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထားစရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထားသလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ၊ သံပုရာကို လိုသလို အသုံးချနိုင်ကြ ပါေ စ လို့ တင်ပြရင်း ..


ရောက်လေရာတွင် သံပုရာ ဆောင်ထားလျင် ကျမ္မာပကတိ ချမ်းသာစွာ ရှိနိုင်ပါကြောင်း စေတနာစကား ပါးလိုက် ပါရစေတော့…


ဗိုက်ခေါက်ထူ/ဗိုက်ပူလို့ အလှပျက်နေသူများအတွက်


မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ဗိုက်ပူပြီး အဆီ များနေသူတွေအတွက်... လက်တွေ့... ၇ ရက်အတွင်း... သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကို မျှဝေလိုက်ပါတယ်...


ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..


ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါလိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...


ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ...


အကြမ်းပုဂံလုံးထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/
ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ် မျိုးမျိုးကို တစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း


ညအိပ်ယာဝင်ခါနီးတိုင်း.....
.

ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်...


တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...


မှတ်ချက်- ညစာကို ပုံမှန် ထက်... လျှော့စားပေးရင်... ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်
အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်ခင်ဗျာ

မှီငြမ်း လိပ်စာများ>>
www.genuinewhitefamily.org/ ,www.facebook.com/ ,khitlunge.org.mm/ ,dhammayaungchi.com,
Hits: 4149
Comments (5)Add Comment
...
written by ရွယသူလေးချမ်းချမ်း(ရင်တွင်းဖြစ်), February 09, 2012
ကျေးဇူးအများကြီးတင ပါတယ်ရှင်
report abuse
vote down
vote up
Votes: -4
...
written by May Thin Khaine, April 03, 2013
ကျေးဇူးအရမ်းတင်ပါတ်
report abuse
vote down
vote up
Votes: -1
...
written by littletaster, May 05, 2013
ကျေးဇူးအများကြီးတင ပါတယ်.
report abuse
vote down
vote up
Votes: +0
...
written by Phyu lay, September 07, 2013
ကျေးဇူးအရမ်းတင်ပါတ်
report abuse
vote down
vote up
Votes: +0
...
written by Su Myat, January 17, 2014
ကျေးဇူးပါ.,,. သိပ်တော့မသိသာသလိုဘ
report abuse
vote down
vote up
Votes: +0

Write comment
smaller | bigger

busy

Facebook Google Twitter buttons

သက်သေခံချက်များ Testimony (random article)

ပျော်ပျော်ရွှင်ရွှင် ကြောင်ကလေးနဲ့ ကြောင်မေမေ


နားထောင်တက်ခြင်းမှလေ့လာခြင်းသို့ 
နေသူရိန်
ကြောင်ကလေး တစ်ကောင်ဟာ တစ်နေ့ထက်တစ်နေ့ ကြီးပြင်းလာခဲ့တယ်။ တစ်နေ့မှာ ကြောင်မေမေက ကြောင်ကလေးကို ခေါ်ပြီး “သား ကြီးပြင်းလာပြီနော်.. နောက် ၃ ရက်ကြာရင် မေမေရဲ့နို့ကို သားမစို့ရတော့ဘူး။ ကိုယ်တိုင် အစာသွားရှာရမယ်” လို့ မှာတယ်။

ကြောင်မေမေ စကားကြားတော့ ကြောင်ကလေးက အထိတ်တလန့် ” မေမေ ဘယ်လိုအစာမျိုးကို သားရှာရမလဲ?” လို့ မေးတယ်။

“ဘယ်လိုအစာမျိုးကို စားရမလဲဆိုတာ ချက်ချင်းကြီး မေမေလည်း ပြောမပြတတ်ဘူး။ မေမေတို့ ဘိုးဘေးတွေ ထားခဲ့တဲ့နည်းကိုပဲ အရင်အသုံးပြုကြတာပေါ့။ ပထမဦးဆုံး ညရောက်ရင် လူနေအိမ် ခေါင်မိုးပေါ်မှာ သားသွားပုန်းနေပါ။ နောက် ထပ်ခိုးပေါ်မှာ၊ သေတ္တာဘေးမှာ၊ အိုးဘေးတွေမှာ သားသွားပုန်းနေပြီး လူတွေပြောတဲ့ စကားကို သေချာနားထောင်ပါ။ သားအလိုလိုနေရင်း အစာရှာတတ်သွားပါလိမ့်မယ်” လို့ ကြောင်မေမေက မှာတယ်။

ပထမညမှာ ကြောင်ကလေးဟာ ထပ်ခိုးမှာ သွားပုန်းနေပြီး ကလေးလေးကို မှာနေတဲ့ လူကြီးတစ်ယောက်ရဲ့ စကားတွေကို နားထောင်ခဲ့တယ်။ “သား.. ငါးနဲ့နွားနို့ကို ရေခဲသေတ္တာထဲ သေချာသိမ်းထားနော်၊ ကြောင်တွေက ငါးနဲ့နွားနို့ကို အရမ်းကြိုက်တယ်”

ဒုတိယညမှာ ကြောင်ကလေးဟာ အိုးဘေးကနေ မိန်းမကြီးတစ်ဦးရဲ့ စကားကို နားထောင်ခဲ့တယ်။ “အသားခြောက်နဲ့ ဝက်အူချောင်းတွေကို သေချာသိမ်းနော်။ ကြက်ကိုလည်း သေချာလှောင်ထားဦး.. ကြောင်ခိုးစားလိုက်မယ်”

တတိယညမှာ ကြောင်ကလေးဟာ ခေါင်မိုးပေါ်ကနေ သမီးကို ဆူနေတဲ့ ဘေးအိမ်က မိန်းမကြီးစကားကို နားထောင်ခဲ့တယ်။ “ငါးနဲ့ နို့ခြောက်တွေ ကြောင်စားလို့ကုန်ပြီ မဟုတ်လား? သေချာသိမ်းထားပါလို့ မှာထားရက်နဲ့.. ကြောင်တွေက အနံ့ခံကောင်းကြတယ်။ မုန့်တွေကိုလည်း သေချာသိမ်းထားဦး။ မနက်ကျရင် စားဖို့ မကျန်ဘဲနေဦးမယ်”

ဒီလိုနဲ့ ၃ရက်မြောက်တဲ့နေ့မှာ ကြောင်ကလေးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြောင်မေမေကို လာတွေ့ခဲ့တယ်။ ပြီးတော့ ” မေမေ.. မေမေစကားအတိုင်းပဲ လူတွေပြောတာကိုပဲ သား သေချာနားထောင်ခဲ့တယ်။ သား ဘာစားသင့်သလဲဆိုတာကို လူတွေက နေ့တိုင်းသားကို သင်ပေးတယ်” လို့ ပြောခဲ့တယ်။
နားထောင်ခြင်းပညာနဲ့ လူတွေပြောတာကို အရင်နားထောင်ပြီး ဘဝမှာ ကျွမ်းကျင်ဖို့အတွက် လေ့လာသင်ယူခဲ့တယ်။ ကြောင်ကလေးဟာ တဖြေးဖြေး ကိုယ်လိုချင်တဲ့ အစားအစာကို ရှာယူနိုင်ခဲ့တယ်။

“တစ်ခြားလူပြောတဲ့ စကားကို သေသေချာချာ အရင်နားထောင်ပါ။ သူတို့ရဲ့စကားက ကိုယ့်ကို တဖြေးဖြေး သင်ယူသွားလိမ့်မယ်”

လူ့ဘဝမှာလည်း ဒီလိုပါပဲ။ တစ်ချို့အချိန်တွေမှာ တစ်ခြားလူတွေက ကိုယ့်ကို တကူးတက လာသင်ပေး၊ ပြပေးမှာ မဟုတ်ဘူး။ ကိုယ်သင်ချင်၊ တတ်ချင်တယ်ဆိုရင် လူများပြောတာကို များများနားထောင်၊ လူများလုပ်တာကို များများကြည့်ပြီး သင်ယူတတ်ရမယ်။

နေသူရိန်
 

သို့ဖြစ်၍၊ ငါချစ်သောညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည်နားကြားခြင်းငှါလျင်မြန်ကြစေ။ စကားပြော ခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်းနှေးကြစေ။  ယာကုပ် ၁း၁၉
 

ဝိညာဉ်ရေးရာ Spiritual (random article)

ဘုရားသခင်ဖြစ်ဘွားစေတော်မူသော သူမည်သည်ကား

ဘုရားသခင်ဖြစ်ဘွားစေတော်မူသော သူမည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။

၁ ယော ၃း၉

(လှမင်းသူ)

ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ ဆိုတဲ့ အသုံးအနူန်းမျိုးဟာ ကျမ်းစာထဲမှာ အခြားနေရာများမှာလည်း တွေ့ရတတ်ပါတယ်။ ယေဘူယျအားဖြင့် ခြုံကြည့်လိုက်မယ်ဆိုရင် ဒီအသုံးအနူန်းဟာ သာမာန်နှစ်ခြင်းခံပြီးတဲ့ လူတယောက်ကို မဆိုလိုပါဘူး။ အပြင်ပန်းသာ ရုပ်ပြ ပြောင်းလဲသွားတဲ့ လူလဲ မဟုတ်ပါဘူး။ အတွင်းထဲကနေ လုံးလုံးလျားလား ပြောင်းလဲသွားတဲ့လူတယောက်ပါ။ သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှုကြောင့် သူ့ရဲ့ဝိညာဉ်ဟာ လုံးဝ ပြောင်းလဲသွားပါတယ်။ သူ့ရဲ့ အသက်ရှင်နေထိုင်ပုံဟာလည်း ပြောင်းလဲသွားပါတယ်။ လူတယောက်ဟာ ဘုရားသခင်ဖြင့် မွေးဘွားသွားရင် အဲဒီလူဟာ အရင်ကနဲ့ လုံးဝမတူတော့တဲ့ နေထိုင်မှုမျိုးနဲ့ နေထိုင်သွားပါတယ်။ လောကသစ်ထဲရောက်သွားတဲ့ လူတယောက်လို ဖြစ်သွားပါတယ်။

ဒီနေရာမှာ မွေးဖွားခြင်း ဆိုတဲ့ အသုံးအနူန်းလေးကြောင့် နားလည်ရတာ ပိုပြီး လွယ်ကူပါတယ်။ လူတယောက်မှာ ကြီးမားတဲ့ ပြောင်းလဲမှုမျိုး ဖြစ်သွားရင် အဲဒီလူကို ဒုတိယအကြိမ် ၀ိညာဉ်အားဖြင့် မွေးဖွားခြင်းခံရတဲ့လူလို့ ဆိုကြပါတယ်။ မိခင်ဝမ်းထဲကနေ မွေးဖွားခြင်းကတော့ ပထမအကြိမ် ဇာတိပကတိအတိုင်း မွေးဖွားခြင်းပဲ ဖြစ်ပါတယ်။ ပထမအကြိမ် ဇာတိပကတိအားဖြင့် မွေးဖွားခြင်း နဲ့ ဒုတိယအကြိမ် ၀ိညာဉ်အားဖြင့် မွေးဖွားခြင်း တို့ရဲ့ သဘောသတရားဟာ ဆင်တူကြပါတယ်။ ဒါကြောင့် ဇာတိပကတိအတိုင်း မွေးဖွားခြင်းကို နားလည်မယ်ဆိုရင် ၀ိညာဉ်အားဖြင့် မွေးဖွားခြင်းဆိုတာကိုလည်း နားလည်ဖို့ လွယ်ကူပါလိမ့်မယ်။

မွေးဖွားခြင်းမရှိသေးတဲ့ ကလေးငယ်ဟာ သက်ရှိတွေရဲ့ သဘာဝအတိုင်း မိခင်ဝမ်းထဲမှာ လေကို အမှီပြုပြီး အသက်ရှင် နေထိုင်ပါတယ်။ သူ့မှာ ထိတွေ့ခံစားမှု အာရုံ မရှိသေးပါဘူး။ ရှိခဲ့မယ်ဆိုရင်လည် ရာနူန်းပြည့် မရှိသေးပါဘူး။ သောတအာရုံ အင်္ဂါများဟာလည်း ပြည့်စုံခြင်း မရှိသေးတဲ့အတွက် ကြားချင်းကြားမယ်ဆိုရင် အနည်းငယ်သာ ကြားနိုင်ပါလိမ့်မယ်။ မျက်လုံးလေးတွေကလည်း မပွင့်သေး၊ မိခင်ဝမ်းကြာတိုက်ထဲမှာကလည်း မည်းမှောင်နေတော့ သူဟာ ဘာကိုဘာမှ မြင်နိုင်စွမ်း မရှိသေးပါဘူး။ ကလေးငယ်ဟာ မွေးဖွားဖို့ အချိန်နီးလာတာနဲ့အမျှ သက်ရှိလက္ခဏာလေးတွေ တစထက်တစ ထင်ရှားလာပြီး၊ တဖြည်းဖြည်း လှုပ်ရှားနိုင်တဲ့ ဘ၀မျိုး ရောက်လာပါတယ်။ သို့ပေမဲ့လည်း သူမှာ အာရုံ ခံစားနိုင်မှု ဆိုတာတော့ မရှိသေးပါဘူး။ အာရုံအားလုံးကို ခံစားနိုင်တဲ့စိတ်ဟာ ပိတ်နေဆဲ ဖြစ်ပါတယ်။ အဲဒါကြောင့် မြင်နေရတဲ့ အပြင်လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေပြီး၊အပြင်လောကနဲ့ ပတ်သက်တဲ့ အသိဥာဏ်၊ ဗဟုသုတ၊ အတွေးအခေါ်တွေ လုံးလုံးမရှိရှာသေးပါဘူး။ ဒီကလေးငယ်ဟာ မြင်နေရတဲ့ လောကကြီးနဲ့ တစိမ်းပြင်ပြင် ဖြစ်နေရခြင်းဟာ လောကကြီးနဲ့ သိပ်ပြီး ဝေးနေလို့တော့ မဟုတ်ပါဘူး။ လောကကြီးဟာ သူနဲ့နီးနီးလေးပါ။ လေးဘက်လေးတန် သူ့ကို လောကကြီးက ၀ိုင်းရံထားပါတယ်။ ကလေးငယ်ဟာ အပြင်လောကကို မသိသေးတာဟာ သူ့မှာ ခံစားနိုင်ခြင်း အာရုံမရှိသေးလို့ပဲ ဖြစ်ပါတယ်။ သူ့မှာ အပြင်ရုပ်ဝတ္တုလောကနဲ့ ဆက်သွယ်လို့ရတဲ့ စိတ်အာရုံဟာ မပွင့်သေးလို့ပဲ ဖြစ်ပါတယ်။ ပြီးတော့ ထူထဲလှတဲ့ ကန့်လန်ကာကြီးကလည်း ကာထားပြန်တော့ ကလေးငယ်ဟာ ဘယ်အရာကိုမှ ခွဲခြား နားလည်နိုင်စွမ်း မရှိသေးရှာပါဘူး။

မိခင်ဝမ်းကနေ မွေးဖွားသန့်စင်လိုက်တဲ့ အချိန်ကစပြီး ကလေးငယ်ရဲ့ အသက်ရှင်နေထိုင်ပုံ ရုတ်ချည်း ပြောင်းသွားပါတယ်။ အခုအခါမှာ သူဟာ ပတ်ပတ်လည်မှာ ရှိနေတဲ့ လေထုကြီးကို ပထမဆုံးအကြိမ် ထိတွေ့ခံစားမိပါပြီ။ အဲဒီလေကို ရှုရှိက်ရင်း အသက်ဆက်ဖို့အတွက် စတင် ရုန်းကန်လာပါပြီ။ ကလေးငယ်ရဲ့ လှုပ်ရှားမှုတွေဟာ သန်မာလာပြီး၊ သူရဲ့ အာရုံများဟာလည်း ထက်မြက်လာပါပြီ။ အာရုံခံ အင်္ဂါများဟာလည်း သူတို့ ဆောင်ရွက်ရမယ့် တာဝန်များကို အသီးသီး စတင်ဆောင်ရွက်ကြရင်း နိုးကြားထကြွ လာကြပြီ။

မျက်လုံးလေးတွေကလည်း ပွင့်လာကြပြီး အလင်းကို စတင်လက်ခံနိုင်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် စတွေ့ရပြီး အရင်က တခါမှ မတွေ့ဘူးခဲ့တဲ့ ပတ်ဝန်းကျင်က အရာပေါင်းစုံကို တွေ့လာရပါပြီ။ နားလေးများကလည်း ပွင့်လာပြီ ဖြစ်တဲ့အတွက် အပြေးအလွှားရောက်လာတဲ့ အသံမျိုးစုံကိုလည်း စတင်ပြီးကြားလာရပါပြီ။ ကလေးငယ်လေးရဲ့ စိတ်ဝိညာဉ်ဟာ အာရုံခံအင်္ဂါများက ဖွင့်ထားတဲ့ ၀င်ပေါက်လေးတွေကတဆင့် လောကမှာရှိတဲ့ အရာများအကြောင်းကို တဖြည်းဖြည်းနဲ့ ပိုမိုသိရှိလာပါပြီ။

ဘုရားသခင်အားဖြင့် မွေးဖွားသူများကလည်း ထိုနည်းလည်းကောင်း ပါပဲ။ မပြောင်းလဲခင် အချိန်တုန်းက သူဟာ ဘုရားကိုမှီပြီး အသက်ရှင်နေထိုင်ခဲ့ နေပေမဲ့လည်း ဘုရားကို သူမသိသေးပါဘူး။ ဘုရားရှိနေတဲ့ ခံစားမှုမျိုး၊ စိတ်အတွင်းထဲက သိနေမှုမျိုး သူ့မှာ မရှိပါဘူး။ သူဟာ ဘုရားပေးတဲ့ အသက်နဲ့ အသက်ရှင်နေရတယ်ဆိုတာလည်း မမြင်နိုင်သေးပါဘူး။ ဘုရားနဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို ခံစားနိုင်မှုမျိုး မရှိသေးတာကြောင့် သူ့ရဲ့ စိတ်ဝိညာဉ်မှာ ဘုရားနဲ့ ပတ်သက်တဲ့ အရာမှန်သမျှဟာ သူ့အတွက် ဘာမှ အဓိပ္ပါယ် မရှိသလိုမျိုး ခံစားနေရပါတယ်။ ဘုရားသခင်က အဝေးတနေရာကနေ ခေါ်နေပေမဲ့ သူမကြားနိုင်ပါဘူး။ သူ့ရဲ့ နားတွေအားလုံး ပိတ်နေတာကြောင့် ဘုရားရဲ့ အသံတော်ဟာ သူ့အတွက် ပျောက်နေခဲ့ပါတယ်။ သူဟာ ဘုရားရဲ့ ငိညာဉ်တော်ကိုလည်း ရှာဖွေခြင်း မရှိပြန်ပါဘူး။ သူရဲ့ ၀ိညာဉ်မျက်စိဟာ ပိတ်နေပြီး အမှောင်ထုဟာ သူ့ရဲ့ ပတ်ပတ်လည်မှာ ၀န်းရံထားပါတယ်။ သူ့မှာ ၀ိညာဉ်တော် အရာတွေကို ပိုင်းခြားနားလည်နိုင်ဖို့၊ ၀ိညာဉ်နဲ့ ပတ်သက်တဲ့ အာရုံခံအင်္ဂါတွေ မရှိသေးပါဘူး။ သူဟာ ပထမ အကြိမ်က မွေးဖွားခဲ့တဲ့အတိုင်း ဇာတိပကတိလူအတိုင်းပဲ ရှိနေပါသေးတယ်။

"ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် အရာတို့ကိုမခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အား ဖြင့်သာပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။"

သူဟာ မမြင်ရတဲ့ လောကနဲ့ ဆက်စပ်မှု မရှိတာကြောင့် အဲဒီလောကနဲ့ ပတ်သက်တဲ့ အသိဥာဏ် ဗဟုသုတမျိုးကလည်း ခေါင်းပါးရှာပါတယ်။ အဲဒီလောကဟာ ဟိုးအဝေးကြီးမှာ ရှိနေလို့လားလို့ ဆိုပြန်တော့ မဟုတ်ပါဘူး။ သူ့ရဲ့ အနီးမှာပဲ ရှိပါတယ်။ သူရဲ့ပတ်ပတ်လည်မှာ ၀ိုင်းရံပြီး ရှိနေပါတယ်။ အဲဒီအခြားလောကဟာ ကျွန်တော်တို့အားလုံးနဲ့ မဝေးလှပါဘူး။ အထက်အရပ်၊ အောက်အရပ်၊ အရပ်အားလုံးမှာ ရှိနေပါတယ်။ ဒါကို ဇာတိပကတိလူကတော့ ပိုင်းခြားနားလည်နိုင်ခြင်းငှာ မရှိပါဘူး။ အဲဒီလို နားမလည်နိုင်တာဟာ ၀ိညာဉ်နဲ့ ပတ်သက်တဲ့ အရာများကို နားလည်နိုင်တဲ့ အာရုံခံစားမှုမျိုး သူ့မှာမရှိလို့ပဲ ဖြစ်ပါတယ်။ ထူထဲတဲ့ ကန့်လန့်ကာကြီးကလည်း ကာဆီးထားတာကြောင့် ဖောက်ထွင်း မြင်နိုင်ခြင်းငှာ မစွမ်းသာလို့လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဘုရားသခင်အားဖြင့် မွေးဖွားခြင်း ခံရတဲ့ အခါ သူ့ရဲ့ အသက်ရှင်ပုံ ပြောင်းသွားပါပြီ။ အခုအခါမှာ သူဟာ ဘုရားကို ခံစားလာနိုင်ပါပြီ။ သူဟာ "အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော်မူ၏။ အကျွန်ုပ် အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏။" လို့ ယုံယုံကြည်ကြည် ပြောလာနိုင်ပါပြီ။ "ကိုယ်တော်သည် အကျွန်ုပ်ကို ပတ်လည်ဝိုင်းထား၍၊ အကျွန်ုပ်အပေါ်မှာ လက်တော်ကို တင်တော်မူပြီ။" လို့လည်း ယုံယုံကြည်ကြည် ဆိုလာနိုင်ပါပြီ။ ဘုရားသခင်ရဲ့ ၀ိညာဉ်တော်ဟာ အသစ်မွေးဖွားလာတဲ့ သူ့ရဲ့ စိတ်နှလုံးထဲကို ချက်ချင်း ထိုးဖောက် ၀င်ရောက်လာပါပြီ။

အဲဒီဝိညာဉ်တော်ကို ယုံကြည်ခြင်းနဲ့ အမြဲမပြတ် လက်ခံလာတာနဲ့ အမျှ ဘုရားသခင်ကို ချစ်ခြင်း၊ ဆုတောင်းခြင်း၊ ချီးမြှောက်ခြင်း၊ ကျေးဇူးတော် ချီးမွမ်းခြင်းများကို မပြတ်လုပ်လာပါတော့တယ်။ ချစ်ခြင်း၊ချီးမွမ်းခြင်း နဲ့ ဆုတောင်းခြင်းများဟာ ဘုရားသခင်အားဖြင့် မွေးဘွားလာသူတိုင်းရဲ့ သင်္ကေတလက္ခဏာများပဲ ဖြစ်ပါတယ်။ ဒီလို အသစ်သော ၀ိညာဉ်အားဖြင့် အသက်ရှင်လာတဲ့အခါ၊ ၀ိညာဉ်သဘောတွေကို စောင့်ထိန်းလာတာနဲ့အမျှ ၀ိညာဉ်ခွန်အား၊ ၀ိညာဉ်ခံစားမှုနဲ့ ၀ိညာဉ်လှုပ်ရှားမှုများဟာလည်း သိသိသာသာ တိုးပွား ထက်မြက်လာပါတော့တယ်။ ၀ိညာဉ်နဲ့ ပတ်သက်တဲ့ အာရုံခံအင်္ဂါအားလုံး နိုးထလာကြပြီး၊ ၀ိညာဉ်နဲ့ ပတ်သက်တဲ့ အကောင်းအဆိုးများကိုပါ ကောင်းစွာ ပိုင်းခြား နားလည် လာပါတော့တယ်။

အခုအခါမှာ သူ့ရဲ့ ပိုင်းခြားနားလည်နိုင်တဲ့ မျက်လုံးများကလည်း ပွင့်လာကြပြီး မမြင်ရတဲ့ ဘုရားသခင်ကို မြင်လာပါပြီ။ ဘုရားရဲ့ တန်းခိုးအာနုဘော်ကိုလည်း မြင်နိုင်လာပြီး၊ ဘုရားရဲ့ ချစ်မေတ္တာကိုလည်း ခံစားနိုင်ပါပြီ။ အပြစ်သားများကို ဘုရားသခင်က ချစ်ကြောင်းနဲ့ သားတော်အားဖြင့် ရွေးနုတ်ခဲ့ကြောင်းကိုလည်း မြင်လာပါပြီ။ ဘုရားသခင်ရဲ့ ချစ်မေတ္တာ နဲ့ ကြီးမားတဲ့ ကတိတော်များကိုလည်း တွေ့မြင်လာပါပြီ။ ဘုရားသခင်ရဲ့ အလင်းဟာလည်း သူ့ရဲ့ နှလုံးသားထဲမှာ ထွန်းတောက်လာရုံမက၊ ဘုရားသခင်ရဲ့ ဘုန်းအသရေထွန်းတောက်နေမှုကို ခရစ်တော်မှာ သိသိသာသာ တွေ့မြင်လာပါပြီ။ အမှောင်ထုအားလုံး သူ့ဆီကနေ လွင့်စင်သွားပြီး၊ ဘုရားရဲ့ မျက်နှာတော်အလင်း ထွန်းတောက်တဲ့ နေရာမှာပဲ သူ နေပါတော့တယ်။

အခုအခါမှာ သူ့ရဲ့နားတွေလည်း ပွင့်လာပြီ ဖြစ်တာကြောင့် ဘုရားသခင် ခေါ်သံဟာ အရင်ကလို အချည်းနှီး မဖြစ်တော့ပါဘူး။ သူဟာ ကောင်းကင်ကနေ ခေါ်တဲ့ အသံကို စတင်ကြားပြီး စတင်နားထောင်ပါတယ်။ သူ့ရဲ့ သခင် သိုးထိန်းကြီးရဲ့ အသံကို သူကောင်းကောင်း ကြားလာပါတယ်။ အခုအခါမှာ သူ့ရဲ့ ၀ိညာဉ်အာရုံများဟာ နိုးကြားထကြွလာပြီး၊ မမြင်နိုင်တဲ့ လောကနဲ့ ကြည်လင်ပြတ်သားစွာ ဆက်သွယ်လာနိုင်တာကြောင့် အရင်က ဘယ်လိုမှ နားမလည်၊မခံယူနိုင်တဲ့ အရာများကို တစထက် တစက် ပိုမို နားလည် သိကျွမ်းလာပါတော့တယ်။ အခုအခါမှာ "ဘုရားသခင်ရဲ့ ငြိမ်သက်ခြင်း ဆိုတာ ဘာလဲ၊ သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ ၀မ်းမြောက်ခြင်း ဆိုတာ ဘာလဲ၊ခရစ်တော်ကို လက်ခံယုံကြည်ခြင်း အားဖြင့် ဘုရားသခင်ကနေ ရလာတဲ့ ချစ်မေတ္တာ ဆိုတာ ဘာလဲ" ဆိုတာကို ထိတွေ့ ခံစား လာနိုင်ပါတော့တယ်။ ၀ိညာဉ်အားဖြင့် မွေးဖွားခြင်း ခံလိုက်ရတဲ့ သူဟာ ဘုရားနဲ့ သူနဲ့ ကြားမှာ ကာဆီးထားတဲ့ ကန့်လန့်ကာကြီး မရှိတော့တာကြောင့်၊ ချစ်မေတ္တာတွေ ပေါက်ဖွားလာပြီး ဘုရားသခင်ထံမှာ သူဟာ တည်နေသလို၊ ဘုရားသခင်ကလည်း သူ့ထံမှာ တည်နေပါတော့တယ်။

ဘုရားသခင်ဖြစ်ဘွားစေသောသူ ဆိုတာ အဲဒီလိုလူမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုလူမျိုးဟာ ဒုစရိုက်အပြစ်ကို မပြုနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆိုခဲ့ပြီးတဲ့အတိုင်း ဘုရားသခင်အားဖြင့် မွေးဖွားပြီးသူ မှန်သမျှဟာ ဘုရားသခင်အပေါ်မှာ အမြဲ မှီခိုနေတယ်။ ၀ိညာဉ်တော်ရဲ့ ကျေးဇူးတော် လွှမ်းမိုးခြင်းအောက်မှာ အမြဲ ခိုလှုံတယ်။ ယုံကြည်ခြင်း ခိုင်မာလာပြီး မေတ္တာစိတ်တွေ ရှိလာတယ်။ ယုံကြည်ခြင်းအားဖြင့် သူ့ရဲ့ဝိညာဉ်အပေါ်မှာ ဘုရားသခင်ရဲ့ ၀ိညာဉ်တော် သက်ရောက်နေတယ် ဆိုတာ မြင်လာတယ်။ ခံစားရတဲ့ ကျေးဇူးတရားကို ပြန်ပြီး တုံပြန်တတ်တယ်။ အမြဲမပြတ် ချီမွမ်းကာ ဆုတောင်းတတ်တယ်။ ဒီလိုတွေ ဖြစ်လာတာကြောင့် မွေးဖွားခြင်း ခံပြီးသူတိုင်းဟာ "မျိုးစေ့တော်တည်နေသ၍ ထိုသူသည်ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်" ပါဘူး။

အပြစ်ဒုစရိုက် ဆိုတာ ဘုရားသခင် ဖော်ပြချမှတ်ထားတဲ့ ပညတ်ချက်များကို သိသိကြီးနဲ့ ချိုးဖောက်ခြင်းပဲ ဖြစ်ပါတယ်။ ဘုရားသခင်ဖြစ်ဘွားစေခြင်း ခံရသူတိုင်းဟာ ယုံကြည်ခြင်းနဲ့ မေတ္တာသာ ရှိတဲ့အတွက်၊ ဆုတောင်းကျေးဇူးတော်ချီးမွမ်းတတ်တဲ့သူသာ ဖြစ်တာကြောင့် ဒုစရိုက်ကို မပြုတော့ရုံတင်မကဘူး၊ ဒုစရိုက်ပြုဖို့ရန်လည်း မဖြစ်နိုင်တော့ပါဘူး။ ခရစ်တော်အားဖြင့် ဘုရားသခင်ကို ယုံကြည် ချစ်မြတ်နိုးနေသ၍၊ သူ့နှလုံးသား တခုလုံးကို ပုံကာ အပ်နှံထားနေသ၍ ဒုစရိုက်မှု ဆိုတာကို မပြုတော့ပါဘူး။ ဘုရားသခင်တားမြစ်ထားတာမှန်သမျှ နူတ်အားဖြင့်သော်လည်းကောင်း၊ ကိုယ်ခန္ဓာအားဖြင့်သော် လည်းကောင်း မချိုးဖောက်တော့ပါဘူး။ "မျိုးစေ့တော်တည်နေသ၍၊ ချစ်မေတ္တာနဲ့ ဆုတောင်းခြင်း ကျေးဇူးတော်ချီးမွမ်းတတ်တဲ့ ယုံကြည်မှုမျိုး ရှိနေသ၍" ဘုရားရဲ့ မျက်မှောက်တော်မှာ မတင့်တယ်တဲ့အရာ အားလုံးကို ရှောင်ကြဉ်ဖို့ သူ့အတွင်းစိတ်က နိုးဆော်နေပါတော့တယ်။

ဒီနေရာ ပြဿနာ တခု အကြီးအကျယ် တက်ပါတော့တယ်။ တမန်တော်ကြီး ပြောတဲ့စကား လက်မခံနိုင်ရလောက်အောင် ဖြစ်ရတဲ့ ပြဿနာကြီး တခုပါ။ အဲဒီ ပြဿနာကတော့

ဘုရားသခင်အားဖြင့် အမှန်တကယ် မွေးဖွားပြီးခြင်း ခံရတဲ့ သူများ တချို့ ရှိပါတယ်။ သူတို့ဟာ "ဘုရားသခင်အားဖြင့် မွေးဖွားကြသူများ ဖြစ်တယ်" ဆိုတဲ့အချက်ကို ဘယ်လိုမှ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ သူတို့ဟာ ဒုစရိုက်ပြုနိုင်ရုံတင် မကပါဘူး။ ဒုစရိုက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြပါတယ်။ ဒီလူများဟာ ဘုရားသခင်ရဲ့ ပညတ်ချက်များကို တားမြစ်ထားမှန်း သိပေမဲ့ နူတ်နဲ့သော်လည်းကောင်း၊ ကိုယ်ခန္ဓာအားဖြင့်သော် လည်းကောင်း ကျူးလွန်ခဲ့ကြပါတယ်။ ကျမ်းစာထဲမှာ ထင်ရှားတဲ့ အဲဒီလိုမျိုး ပုဂ္ဂိုလ်တယောက်ကတော့ ဒါဝိဒ်ဘုရင်ပဲ ဖြစ်ပါတယ်။

ဒါဝဒ်ဘုရင်ဟာ ဘုရားသခင်အားဖြင့် ဘွားသူတယောက် ဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါဝိဒ်ဟာ သူကိုးကွယ်ယုံကြည်တဲ့ ဘုရားသခင်ကို ကောင်းကောင်းသိပါတယ်။ သူဟာ ယုံကြည်မှု ကြီးမားပြီး ဘုရားဘုန်းတော်ကိုသာ အမြဲထင်ရှားစေသူ တယောက်ပါ။

ဆာလံ ၂၃ မှာ သူ့ရဲ့ ယုံကြည်မှု ကြီးမားကြောင်းကို တွေ့ရပါမယ်။

" ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏၊၊ ငါသည် ဆင်းရဲမခံရ၊ စိမ်းလန်းသော ကျက်စားရာ အရပ်၌ ငါ့ကို အိပ်စေတော်မူ၏၊၊ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏၊၊ ငါ့ဝိညာဉ်ကို အားဖြည့်၍ နာမတော် အဘို့အလို့ငှါ တရားလမ်းထဲ၌ သွေးဆောင်တော်မူ၏၊၊ အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊ "

ချစ်မေတ္တာစိတ်သာ အမြဲပြည့်နေသူ တယောက်လည်း ဖြစ်ပါတယ်။ ဆာလံ ၁၈ မှာ သူဟာ ဘုရားကို ဘယ်လောက် ချစ်ကြောင်း တွေ့နိုင်ပါတယ်။

"အို ထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အား ဗလတည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏၊၊ ထာဝရဘု ရားသည် ငါ၏ကျောက်၊ ငါ၏ မြို့ရိုး ငါ့ကို ကယ်လွှတ်သောသခင်၊ ငါ၏ဘုရား ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ ငါ့ကို ကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏၊၊"

ဆုတောင်းခြင်းအားကြီး တဲ့လူလည်း ဖြစ်ပါတယ်။ ဘယ်ဘ၀ အခြေအနေမှာပဲဖြစ်ဖြစ် နှလုံသားကို အလုံးစုံ ဆက်ကပ်အပ်နှံပြီး ကျေးဇူးတော်ကို ချီးမွမ်းတတ်သူလဲ ဖြစ်ပါတယ်။

ဆာလံ ၃၄ နဲ့ ၁၁၈ မှာ သူဆိုထားတာကို ကြည့်ရင် သိနိုင်ပါတယ်။

"ငါသည် ခပ်သိမ်းသော ကာလတို့၌ ထာဝရ ဘုရားကို ကောင်းချီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ် မပြက် မြွက်ဆိုမည်။" ဆာလံ ၃၄း၁

"ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၍ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ အကျွန်ုပ်၏ ဘုရားဖြစ်တော်မူ၍ ကိုယ်တော်ကို မြှောက်ပါမည်၊၊" ဆာလံ ၁၁၈း၂၈

ဒါနဲ့များတောင် ဘုရားသားဖြစ်တဲ့ ဒါဝိဒ်ဘုရင်ဟာ သူတပါးသားမယားကို ပြစ်မှားခြင်း နဲ့ လူ့အသက်ကို သတ်ခြင်း ဆိုတဲ့ ပြစ်မှုကြီးတွေကို ကျူးလွန်ခဲ့ပါတယ်။

ဒါဘာကြောင့် ဖြစ်ရတာပါလဲ။ ဒီပြဿနာကြီးရဲ့ အဖြေကို သိချင်ရင်တော့ အချက်ကလေးတချက်ကို သတိပြုမိဖို့ပါပဲ။

"ဘုရားသခင် ဖြစ်ဘွားစေတော်မူသော သူသည်၊ မိမိကိုမိမိစောင့်ရှောက်သဖြင့်၊ မာရ်နတ်သည် ထိုသူကို မထိမခိုက်နိုင်ရာ။" လို့ ဆိုထားပါတယ်။

ဆိုလိုတာက ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူဟာ မိမိကိုယ်ကို စောင့်ရှောက်မှသာ မာရ်နတ်က ထိလို့ မရနိုင်တာ ဖြစ်ပါတယ်။ မိမိကိုယ်ကို စောင့်ရှောက်မှု မရှိတော့ဘူး ဆိုရင် ယုံကြည်မှုထဲက လမ်းလွဲသွားပြီး၊ သာမာန်လူတယောက်လို အပြစ်ကို ကျူးလွန်နိုင်ပါတော့တယ်။

ဘုရားသခင်အားဖြင့် မွေးဖွားပြီးတဲ့သူတယောက်ဟာ မယိုင်မလဲ ခိုင်မြဲစွာ ရပ်တည် နေရာကနေ၊ ယိမ်းယိုင်လဲပြို သွားတဲ့အထိ တဆင့်ပြီးတဆင့် ကျရှုံးလာတဲ့ ဖြစ်စဉ်ကတော့

၁။ သူဟာ မိမိကိုယ်ကို မစောင့်ရှောက်တော့ဘူး။

၂။ သူ့မှာ အပြစ်လို့ မခေါ်နိုင်သေးတဲ့ အတွင်းပြစ် စဖြစ်လာပါတယ်။

ဆုတောင်းခြင်း မရှိတော့ဘူး။ အထက်က ခေါ်သံကို မကြားတော့ပါဘူး။ ဘုရားရဲ့ ဆုကျေးဇူးဟာ သူ့မှာ နိုးကြားမှု မရှိတော့ဘူး ။

၃။ အပြစ်မြောက်တဲ့ အတွင်းပြစ် ဖြစ်လာပါတယ်။

နှလုံးသားထဲမှာ ဖြစ်ပေါ်လာတဲ့ ကောက်ကျစ်စဉ်းလဲမှုဘက်ကို စိတ်ပါလာတယ်။

မတော် လောဘ၊ ရမက်ဒေါသ၊သွေးသားဆန္ဒ တွေရဲ့ တောင်းဆိုမှုကို အရှုံးပေး လိုက်လျောလိုက်ပါတယ်။

၎။ နောက်တဆင့်အနေနဲ့ သူ့ရဲ့ ယုံကြည်မှုဟာ ပျောက်သွားတယ်။

အပြစ်မလုပ်ဖို့ တောင်းပန်ပြောဆိုနေတဲ့ ဘုရားသခင်ဟာ သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။ ဘုရားကို ချစ်တဲ့စိတ်ဟာလည်း တပါတည်း ပျောက်သွားတယ်။

သာမန်လူတယောက်လို အားနည်းသွားပြီး ကိုယ်ထိလက်ရောက် ဒုစရိုက်ပြုနိုင်တဲ့ အခြေအနေမျိုး ရောက်သွားပါတော့တယ်။

 

သာဓကပြပြီး ရှင်းပြရမယ်ဆိုရင်၊ ဒါဝိဒ်ဘုရင်ဟာ ဘုရားသခင်ဖြစ်ဘွားစေတဲ့သူ ဖြစ်ပါတယ်။ ယုံကြည်ခြင်းနဲ့ ဘုရားကို လည်း သူမြင်ပါတယ်။ ဘုရားကိုလည်း ရိုးသားစွာ ချစ်ရှာပါတယ်။

"ကိုယ်တော်မှ တပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ်၌ အဘယ်သူရှိပါသနည်း။ ကိုယ်တော်ကို အလိုရှိသည်နှင့် အမျှ မြေကြီးပေါ်မှာ အကျွန်ုပ်သည် အဘယ်အလိုရှိပါသနည်း။" လို့ သူ အမှန်တကယ် ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဖောက်ပြန်ပျက်စီးတတ်တဲ့ ဇာတိပကတိစိတ်ကြီးဟာ သူ့နှလုံးသားထဲမှာ ရှိနေသေးပါတယ်။ အဲဒီဇာတိပကတိစိတ်ကြီးဟာ မကောင်းမှုအလုံးစုံရဲ့ မျိုးစေ့ပဲဖြစ်ပါတယ်။

ဒါဝိဒ်ဘုရင်ဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းရင်း နန်းတော်မိုးပေါ်မှာ စင်္ကြန်သွားနေရာကနေ အောက်ကို ငုံကြည်လိုက်တော့ အလွန်အဆင်းလှတဲ့ ဗာသရှေဘ ရေချိုးနေတာကို လှမ်းမြင်လိုက်ရပါတယ်။ အဲဒီအခိုက်မှာ စုံစမ်းသွေးဆောင်မှုကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ မကောင်းတဲ့ အတွေးတခုဟာလည်း စိတ်ထဲမှာ ချက်ချင်း ဖြစ်ပေါ်လာပါတယ်။ ဒါဝိဒ်ဘုရင်ထံမှာ မကောင်းတဲ့စိတ် ကျရောက်နေပြီဆိုတာနဲ့ ဘုရားသခင်ရဲ့ ၀ိညာဉ်တော်ဟာ သူ့ကို မပျက်မကွက် သတိပေးပါလိမ့်မယ်။ သူလည်း အဲဒီသတိပေးချက်ကို ကြားမှာ သေချာပါတယ်။ ဒါပေမဲ့ သူရဲ့ မကောင်းတဲ့အတွေးဘက်ကို လိုက်လျောလိုက်တဲ့အတွက် စုံစမ်းသွေးဆောင်မှုက သူ့ကို အနိုင်ယူစိုးမိုးလိုက်ပါတော့တယ်။ အဲဒီအခါမှာ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ ညစ်နွမ်းသွားပါတယ်။ ဘုရားကိုတော့ သူမြင်ပါသေးတယ်။ ဒါပေမဲ့ အရင်ကလို ထင်ထင်ရှားရှားမျိုးမဟုတ်တော့ပဲ မြူဆိုင်းသလို မှုန်မှုန်ဝါးဝါးပဲ မြင်ရပါတော့တယ်။ ဘုရားကိုလည်း ချစ်ပါသေးတယ်။ ဒါပေမဲ့ အရင်ကလောက် စိတ်အားထက်သန်ခြင်းမျိုးမရှိတော့ပါဘူး။ အရင်ကလောက်လည်း မြတ်နိုးတွယ်တာမှု မရှိတော့ပါဘူး။ ဘုရားသခင်က အလွန်ဝမ်းနည်းခြင်းမက ၀မ်းနည်းခြင်းကြီးစွာ ဖြစ်ပြီး၊ တိုးညှင်းတဲ့ အသံတော်နဲ့ "အပြစ်ဟာ တံခါးဝမှာ ရောက်နေပြီ။ ငါ့ကို မျှော်ကြည့်ပြီး မကောင်းမှုကနေ လွတ်မြောက်အောင် ရုန်းထွက်ပါ ချစ်သား" လို့ ပြောပါသေးတယ်။ ဒါပေမဲ့ ဒါဝိဒ်ဘုရင် မကြားတော့ပါဘူး။ သူ့ မျှော်တော့ ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်ထံကို တော့ မဟုတ်ပါဘူး။ မကြည့်သင့် မကြည့်အပ်တဲ့ အရာကို သူမျှော်ကြည့်လိုက်တာပါ။ ဒါဝိဒ်ဘုရင်မှာ ဇာတိပကတိစိတ်ဟာ ၀ိညာဉ်ပကတိစိတ်ကို အုပ်စိုးသွားပြီး၊ တဏှာရမက်မီးဟာ သူ့ရဲ့ စိတ်ထဲမှာ ဟုန်းဟုန်းတောက်လောင် လာပါတော့တယ်။

သူ့ရဲ့ဝိညာဉ်မျက်စိဟာ နောက်တဖန်ပိတ်သွားပြီး ဘုရားသခင်ဟာ သူ့ရဲ့ မြင်ကွင်းထဲကနေ ပျောက်သွားပါတော့တယ်။ ယုံကြည်ခြင်းတွေ၊ ဘုရားနဲ့ မိတ်သဟာယ ပြုခြင်းတွေ၊ ဘုရားကို ချစ်ခြင်းတွေဟာလည်း တမုဟုန်ချင်း ပျောက်ကွယ်သွားပါတော့တယ်။ ဒိနောက်မှာတော့ မုန်ရိုနေတဲ့ဆင်ရိုင်းတကောင်လို ထိန်းမနိုင် သိမ်းမရတော့ပဲ သူတပါးသားမယားကို မကျူးလွန်ဖို့ တားမြစ်ထားတာကို သိသိကြီးနဲ့ တမင်ကျူးလွန်ပါတော့တယ်။

ကျေးဇူးတရား အောက်မှာ ရှိနေရာကနေ ဒုစရိုက်မှုပြုတဲ့ဆီကို ရောက်ဖို့ ကျရှုံးလာတဲ့ ဖြစ်စဉ်ကို ဒီနေရာမှာ မြင်နိုင်ပါတယ်။ ဒီဖြစ်စဉ်ဟာ တဆင့်ပြီး တဆင့် ဖြစ်တာပါ။

၁။ မြဲမြံစွာ ယုံကြည်ခြင်း၊ ချစ်မြတ်နိုးခြင်း ဆိုတဲ့ ဘုရားသခင်ရဲ့ မျိုးစေ့တော်ဟာ ဘုရားသခင်အားဖြင့် မွေးဖွားလိုက်တဲ့သူတိုင်းမှာ ရှိနေပါတယ်။ အဲဒီလို မွေးဘွားလိုက်တဲ့သူဟာ မိမိကိုယ်ကို စောင့်ရှောက်တာကြောင့် ဒုစရိုက်အပြစ်ကို မပြုနိုင်ပါဘူး။

၂။ အဲဒီအချိန်မှာ စုံစမ်းသွေးဆောင်မှု တခု ဖြစ်ပေါ်လာပါတယ်။ အဲဒီသွေးဆောင်မှုဟာ ဇာတိကြောင့်လည်း ဖြစ်မယ်။ စာတန်ကြောင့်လည်း ဖြစ်မယ်။ ဘယ်အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သွေးဆောင်မှု တခု ဖြစ်ပေါ်လာတယ်။

၃။ ဘုရားသခင်ရဲ့ ၀ိညာဉ်တော်က အဲဒီအချိန်မှာ ဒုစရိုက်အပြစ်ကျရောက်တော့မယ်ဆိုတာကို သတိပေးပါတယ်။ ဆုများများတောင်းဖို့ တိုက်တွန်းလှုပ်ဆော်တယ်။

၎။ ဒါပေမဲ့ သူဟာ သွေးဆောင်မှုကို စပြီး အလျှော့ပေးလိုက်တယ်။ သွေးဆောင်မှုအပေါ်မှာ တဖြည်းဖြည်း သာယာလာတယ်။

၅။ သူ့ရဲ့ ယုံကြည်မှု အားနည်းသွားတဲ့အပေါ်၊ ဘုရားကို ချစ်တဲ့အချစ် အေးစက်သွားတဲ့အပေါ်မှာ သန့်ရှင်းသောဝိညာဉ်တော် စိတ်ထိခိုက်သွားတယ်။

၆။ သန့်ရှင်းသောဝိညာဉ်တော်က လမ်းမှန်ကိုသာ လျှောက်ပါ လို့ သူ့ကို ပြတ်ပြတ်သားသား ကန့်ကွက် ပြောဆိုလာပါတယ်။

ရ။ သတိပေးပြောဆိုလာတဲ့ ဘုရားသခင်ရဲ့ စကားကို နားမထောင်တော့ပဲ နားဝင်ချိုအောင် ပြောလာတဲ့ သူရဲ့ စကားကိုပဲ နားထောင်ပါတော့တယ်။

ဂ။ သူ့မှာ မကောင်းတဲ့ စိတ်ဖြစ်ပေါ်လာပြီး အဲဒီမကောင်းတဲ့စိတ်ဟာ ၀ိညာဉ်တခုလုံးကို ပျံနှံသွားတယ်။ သူ့မှာ အရင်က ရှိနေတဲ့ ယုံကြည်ခြင်း၊ ချစ်ခြင်းတွေ လုံးဝပျောက်ကွယ်သွားတယ်။

ဘုရားသခင်ရဲ့ စွမ်းအင်တန်ခိုးများဟာလည်း သူ့ဆီကနေထွက်ခွာသွားတာကြောင့် သူဟာ အပြစ်တွေကို ကာယကံမြောက် ကျူးလွန်နိုင်တဲ့ အခြေအနေမျိုး သူရောက်သွားတယ်။

 

ဒါကြောင့် အဆုံးသတ် ပြောရရင် "ဘုရားသခင်ဖြစ်ဘွားစေတော်မူသော သူမည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်" ပါဘူး။ ဒါပေမဲ့ အမြဲမပြတ် သတိထားပြီး မိမိကိုယ်ကို စောင့်ရှောက်ဖို့တော့ လိုပါတယ်။ မိမိကိုယ်ကို မစောင့်ရှောက်တာ့ဘူးဆိုရင် ယုံကြည်ခြင်း ခိုင်မာလွန်းလှတဲ့ ဒါဝိဒ်လို ဘုရင်မျိုးတောင်မှ ကြီးမားတဲ့ ဒုစရိုက်မှုကြီးကို ပြုတတ်ပါသေးတယ်။ လှည့်ဖြားတတ်တဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားကို မယုံကြပါနဲ့။ ဒုစရိုက်အပြစ်ကို သေမင်းထက် ကြောက်ကြပါ။ ဒုစရိုက်အပြစ်ကို ငရဲထက် ကြောက်ကြပါ။

အို ဘုရားသခင်ဖြစ်ဘွားစေသော သူအပေါင်းတို့ .......

သတိတရား အမြဲ ရှိကြပါလော့။ ဘုရားစကားတော်ကို အမြဲ နားထောင်ကြပါလော့။ ရောက်လေရာရာ အမြဲမပြတ် ဆုတောင်းကြပါလော့။ နှလုံးသားကို ဘုရားသခင်ထံ အမြဲ အပ်နှံထားပါလော့။ ထို့သို့ပြုခြင်းအားဖြင့် ယုံကြည်ခြင်း အမြဲ ရှိစေကြလော့။ ချစ်ခြင်းမေတ္တာ အမြဲ ရှိစေကြလော့။ ဒုစရိုက်အပေါင်းကို ရှောင်ရှားကြလော့။

နာမတော်အားဖြင့်

လှမင်းသူ

 

Footer Monthly Articles & Web.Blogs

 

ဝိညာဉ်ရေးဆိုင်ရာလစဉ်ရွေးချယ်ထားသောမုရန်ဆောင်းပါးအချို့

 


Our Friendly Web & Blogs Links
jbcs.org.sg/main
woorank.com/en/www/sawpatrick.net
moemaka.com/2012/06/guest-writer-ပြည်သူတို့လိုချင်နေတ
spiritlessons.com/languages/index.htm
thawthikho.blogspot.com/2010/02/blog-post_9931.html
mahnkoko.blogspot.com.au
divinerevelations.info/languages/index.htm
mcathailand.com
myanmarinsingapore.com
karenfamily.org/profiles/blogs/links-1
zomimessenger.com/2012/09/column-music-column-extra-links-holy.html
streamoflife99.com/articles/jesus18yrsproblem.html
tudoenkung.wordpress.com/online-bibles
burmesebible.com/links.htm
jinghpawtingsan.blogspot.com/2011/04/morphvox-junior-voice-changer.html
sawkyawoo.com/2011/10/website_21.html
bethelkhrihfabu.net/nitin-bible-relnak.html
immanuelmyanmarchurch.com/apps/blog
mahnkoko.blogspot.com.au/2012/06/blog-post_10.html
kc-nl.blogspot.in/2011/09/2011-ning-ladaw-kcnl-nawku-hpung-wai.html
laaituibaptistchurch.com
mahnkoko.blogspot.com/2012/07/normal-0-false-false-false-en-au-x-none.html
mcflondon.com
dawnathar.blogspot.com/2010/11/blog-post_8330.html
imcwheaton.org
kc-nl.blogspot.com/2012/05/atrocities-in-kachin-land.html
kokomaunguk.blogspot.co.uk/2012/01/blog-post_21.html
sawpatrick.net
shinthan.com
bangkokchristchurch.net
batupuei.webs.com
burmesebible2008.blogspot.com/2009/10/typhoon-in-philippines.html
globalmcf.ning.com
intouchcnet.com
karanilan.webs.com/apps/videos/videos/show/5464117
kokomaunguk.blogspot.com.au/2012/06/blog-post_09.html
kokomaunguk.blogspot.sg/2012/08/blog-post_8666.html
mcctulsa.com
mgchit.blogspot.in/2012/08/blog-post_18.html
mmwebgallery.com
nlbcusa.wordpress.com
sawchit.blog.com/2011/06/12/ကျီးတို့အလယ်မှ-ဒေါင်း
sawchitthu.blogspot.com/2012/03/software-license-version.html
simonkamta.blogspot.com/p/mp3-download_16.html

swecanaan.blogspot.com/2012/09/andriod-phone-program.html
thelordword.com
tkbc-japan.net
bangkokchristchurch.net

haineni.ning.com
bangkokchristchurch.net
globalmcf.ning.com/
thawthikho.blogspot.com
orangeask.com
miccfortwayneusa.blogspot.com
mcflondon.com
kokomaunguk.blogspot.com

mission-one.co.cc                   
chanlinnay.mandalaybloggers.org

thespiritfruit.com
mg-m.blogspot.com  ကျမ်းစာလေ့လာနည်းများ
mcbc4u.blogspot.com မုရန်ဆောင်းပါးအချို့.
www.myatmingalar.com/ မြတ်မင်္ဂလာဒေသနာများ
myanmar-odb.org နေ့စဉ်ခွန်အား(မြန်မာ)

Ref:

http://www.alexa.com

Facebook Twiter Google Buttons

ရယ်ရွှင်ဘွယ်ရာ (Random Selection)


Received from William
ရယ်မောဘွယ်များ၊ ဟာသ များဟာ ပညာပေးရာမှာ အလွန်ထိရောက်သလို.. မိတ်ပျက်၊ အဖွဲ့အစည်းပျက်စီးသွားနိုင်ပါတယ်။ ဘယ်သူ့မှ မထိခိုက်တဲ့ ရယ်ရွှင်ဘွယ်များကို မုရန်မှ တင်ပြပေးရန် ရည်ရွယ်ပါတယ်။ ရံဖန်ရံခါ လူ၊အဖွဲ့အစည်းများနဲ့ တိုက်ဆိုင်မှုရှိခဲ့သော် နားလည်ခွင့်လွှတ်စေလိုပါတယ်။

အခု နာမည်ကျော် အီတာလီယံ တေးဂီတတင်ဆက်မှုလေးကတော့ .. ကမ္ဘာကျော်တေးသီချင်းများနဲ့တေးသရုပ်ဖေါ်မှုများကို ယူတြုအဖြစ် စုပေါင်းတင်ဆက်ထားခြင်းဖြစ်ပါတယ်။ အားလုံး ရယ်မောနိုင်ကြပါစေ...

မုရန်

https://www.youtube.com/watch?v=sAFI1i5FIBc&feature=player_embedded#!

 

ဗဟုသုတဆောင်းပါး (Random Selection)



လင်းယုန်ငှက်ကို သမ္မာကျမ်းစာမှာလည်း အထူးရေးသားထားပါတယ်။ ဟေရှာယ၄၀ အဆုံးပိုဒ်မှာ ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။  ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။  ပြေးသော်လည်းမပင်ပမ်း၊ ခရီးသွားသော်လည်းမမော။

၂၀၀၈ စင်ကာပူနှစ်ခြင်းအမှု့ဆောင်များ Retreat မှာ ဓမ္မဆရာတစ်ဦးက နာမည်ကျော် လင်းယုံဆလိုက်ရှိုးကို ရှယ်ပေးပါတယ်။ အသက်၄၀အရွယ်မှာ လင်းယုန်ငှက်ရဲ့ ဘဝအသစ်ပြုပြင်ခြင်းကို Eagle Rebirth အဖြစ်အပျက်နဲ့၊ ယုံကြည်သူများလည်း Born Again ဘဝခရီးတာကို ပြောင်းလဲရမယ် ..လို့ ပြောပါတယ်။ အလွန်ခွန်အားရပါတယ်။ အဲဒီ ဆလိုက်ရှိုးကို အီးမေး၊ ဝက်ဆိုဒ်နဲ့ အသက်၄၀ကျော် မိတ်ဆွေများစွာကို ပို့ပေး၊ အားပေးခဲ့ပါတယ်။

နောက်တစ်နှစ်ကျော်တဲ့အချိန်မှ ဆရာတော်တစ်ပါးက လင်းယုန်ငှက်ဇတ်လမ်းကို တရားဟောရာမှာ ထည့်ပြောပါတယ်။ ကျွန်တော့်ကို မင်းမှားတယ်လို့ တည့်တည့် လုံးဝမပြောပါဘူး။ နုနယ်၊ငယ်ရွယ်သူတစ်ဦး အားမာန်တက်နေချိန်မှာ မင်းမှားတယ် တဲ့တဲ့ပြောလိုက်ရင် အရမ်းစိတ်ဓါတ်ကျမယ်။ ပြီးတော့ အဲဒီဆရာကိုလဲ စိတ်မဆိုးတောင်၊ ကိုယ့်ဖာသာ တော်တော် ရှက်သွားမိပါမယ်။

ဒီဇတ်လမ်းလေးက မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲချင်သူများအတွက် အလွန်ကောင်းတဲ့ Eagle Rebirth ဖြစ်ပါတယ်။ နှုတ်သီး၊ ခြေသဲတွေကို ကျောက်တောင်နဲ့ရိုက်ချိုးပြီး ဟိုး.. အမြင့်ဆုံးတောင်ထိပ်မှာ လပေါင်းများစွာ နှုတ်သီး၊ ခြေသဲ အသစ်တွေ ပေါက်လာတဲ့အထိ အစားမစားပဲ နာကျင်စွာနေထိုင်ပြီး၊ အသစ်ပေါက်လာတဲ့ အတောင်သစ်၊ နှုတ်သီး၊ ခြေသဲ အသစ်တွေနဲ့ နောက်ထပ် အနှစ်၃၀ကို သားကောင်းလိုက်ဖမ်းပြီး အသက်ရှင်သွားကြောင်း ဇတ်လမ်းလေးပါ။

တကယ်တော့ Eagle Rebirth မလုပ်ကြောင်း၊ သို့သော် ဒီဇတ်လမ်းလေးက တကယ်လိုလိုနဲ့ ကျမ်းပိုဒ်က ဆိုလိုတာက၊ အတောင်သစ်လို့ပဲ ဟေရှာယမှာ ရေးပါတယ်။ ခြေသဲ၊နှုတ်သီး အသစ်မဟုတ်ကြောင်းပါ။

ပိုမိုသိလိုသူများ မူရင်းဆလိုက်နဲ့ တကယ့်လင်းယုံဘဝဖြစ်စဉ်တို့ကို အောက်ပါလင့်မှာ ဖော်ပြထားပါတယ်။

http://www.hoax-slayer.com/rebirth-of-the-eagle-hoax.shtml   မုရန်။

 

***************

Transcript of slide show:

This is the story of an eagle
The Eagle has the longest life-span of it's species
It can live up to 70 years
But to reach this age, the eagle must make a hard decision
In it's 40th year its long and flexible talons can no longer grab prey which serves as food
Its long and sharp beak becomes bent
It's old-aged and heavy wings, due to their thick feathers, stick to it's chest & make it difficult to fly
Then, the eagle is left with only two options: DIE or go through a painful process of CHANGE which lasts 150 days
The process requires that the eagle fly to a mountain top and sit on it's nest
There the eagle knocks it's beak against a rock until it plucks it out
Then the eagle will wait for a new beak to grow back and then it will pluck out it's talons
When it's new talons grow back, the eagle starts plucking it's old-aged feathers
And after 5 months, The eagle takes its famous flight of rebirth and lives for 30 more years
Why is change needed? Many times, in order to survive we have to start a change process. We sometimes need to get rid of old memories, habits and other past traditions. Only freed from past burdens, can we take advantage of the present.

Note that several slightly different versions of the slide presentation are circulating

 

Although scientists have studied eagles of various species for generations and much has been published about them, no credible sources back up the "eagle rebirth" story in any way. There are, however, plenty of reliable sources that dismiss the story as a foolish hoax.

Rebirth stories, such as that of the mythical phoenix rising from the ashes of its funeral pyre, have been part of human cultures for thousands of years. The philosophical message behind the story - that we often need to undergo a painful and prolonged process of change in our lives in order to spiritually grow and move forward - is certainly worth heeding. However the nonsensical story used as a vehicle for the message all but destroys its credibility.

And there are other anomalies in the presentation. In some slides, the eagle shown in the photographs is a Bald Eagle, but in others a different species, the Golden Eagle, is shown. The story also sprouts the scientifically meaningless claim that "the eagle has the longest life-span of its species". The author perhaps meant to say that eagles live longer than all other kinds of birds, but this is also incorrect. Parrots and other species of birds are known to live longer than eagles.

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.1)

Give Thanks

[Give thanks with a grateful heart,
Give thanks to the Holy One.
Give thanks because He’s hiven,
Jesus Christ His Son.]  (repeat)

[And now let the weak say I am strong.
Let the poor say I am rich,
because of what the Lord has done for us. ] (repeat)
Give thanks

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.2)

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.3)


Lord I lift Your Name on High
Lord I love to sing Your praises.
I'm so glad You're in my life.
I'm so glad  You came to save us.  (repeat)

You came from Heaven to Earth

To show The Way.
From the Earth to The Cross,
My debt You paid.
From The Cross to the grave,
From the grave to the sky,
Lord I lift Your Name on High;  (3x)