မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည် Christian Ezine

Saturday, Apr 18th

Last update06:59:36 PM GMT

You are here:: ၀ိညာဉ်ရေးရာ ကဗျာ၊သီဆိုချီးမွမ်းခြင်း စိုင်းထီးဆိုင်အမှတ်တရ MP3 သီချင်းအချို့

စိုင်းထီးဆိုင်အမှတ်တရ MP3 သီချင်းအချို့

E-mail Print PDF


စိုင်းထီးဆိုင်သီချင်းများဆိုလျှင်အသက်၄၀ကျော်မြန်မာနိုင်ငံမှမိတ်ဆွေအားလုံး၏ နှလုံးသားတွင်ထာဝရရှိပါတယ်။ ကျွန်တော်ငယ်စဉ်က မုံရွာမြို့တွင် မန္တလေးတက္ကသိုလ်ခရစ်ယာန်မစ်ရှင်အဖွဲ့နှင့်လာရောက်စဉ်က စတင်တွေ့ခဲ့ဖူးပါသည်။ ဒေါက်တာစိုင်းခမ်းလိတ်နှင့် သဘာဝရင်သွေးငယ် The Wild Ones အဖွဲ့သည်လည်း မန္တလေးအခြေပြုခဲ့ပြီး ၁၉၇၈နောက်ပိုင်းတွင် မန္တလေးရောက်၊ ရှမ်းတယောက် တေးစီးရီးဖြင့် ရန်ကုန်သာမက၊ မြန်မာတနိုင်ငံလုံးတွင် စိုင်းထီးဆိုင်သီချင်းများ လွမ်းမိုးခဲ့သည်။ အချစ်သီချင်းများဖြစ်ပြီး လူငယ်များနှစ်ခြိုက်စွာသီဆိုကြပါသည်။
ယခုအခါ စိုင်းထီးဆိုင်ကွယ်လွန်သွားပြီဖြစ်သည်။ အသံသာယာလှပြီး၊ မြန်မာနိုင်ငံသားများကို ပြောင်မြောက်သေးတေးစာသားများ၊ ပြောင်မြောက်သောတေးဂီတအဖွဲ့ဖြင့် ရာစုနှစ်၃၀ခန့် လွမ်းမိုးခဲ့ပါသည်။ စိုင်းထီးဆိုင်၏ဘ၀သည် သူ့တေးသီချင်းများလောက် စံနမူနာမရှိသော်လည်း လူချစ်လူခင်များလှသည့်၊ ရိုးသားသော အဆိုတော်ဖြစ်သည်။ အသက်၅၈နှစ်အရွယ် ၂၀၀၈တွင်ကွယ်လွန်သည်။

စိုင်းထီးဆိုင်မူရင်းသီချင်းအချို့ အမ်ပီသရီးများကို စုစည်းတင်ပြလိုက်ပါသည်။


ယူကြုတွင်လည်း စိုင်းထီးဆိုင်သီချင်းများစွာနားဆင်နိုင်ပါသည်။ ကျွန်ုပ်တို့ငယ်စဉ်က ဂီတာလက်စွမ်းပြရန်အတွက် ခြင်္သေ့လည်ပြန်သီချင်းကို လူငယ်ဂီတာသမားများ လေ့ကျင့်၊သီဆိုနိုင်ရပါသည်။ ထိုသီချင်းကို  Youtube ယူကြုလင့်အဖြစ်တင်ပြထားပါသည်။
http://www.youtube.com/watch?v=Gda4QCAKucQ&feature=player_embedded#!

Apache Server at murann.com (Zaw Aung - Monywa) Port 80
Hits: 5065
Comments (62)Add Comment
...
written by ထာဝရ ချစ်သူ, August 17, 2012
သီချင်းအားလုံးကြိုက်တယ်နောက်ထပ်လဲတ်ပေးပါ
ထာဝရကျေးဇူးတင်ပါတယ
report abuse
vote down
vote up
Votes: -4
..., Lowly rated comment [Show]
..., Lowly rated comment [Show]
..., Lowly rated comment [Show]
..., Lowly rated comment [Show]
..., Lowly rated comment [Show]
..., Lowly rated comment [Show]
..., Lowly rated comment [Show]
..., Lowly rated comment [Show]
..., Lowly rated comment [Show]
...
written by နေတိုးအစစ်, February 12, 2013
ကျေးဇူးကမ္ဘာ
report abuse
vote down
vote up
Votes: -1
...
written by zawkyawnaing43053708, February 13, 2013
ကိုထီး သီချင်းတွေကို အရမ်းကြိုက်တယ်
report abuse
vote down
vote up
Votes: +1
..., Lowly rated comment [Show]
...
written by cupibaungkyaw, February 16, 2013
ကျွန်တော်ဟာ ကိုထီသီဗချင်းတွေးကုအရမ်းဘဲကြေိုက်ပါ ယ် ကိုထီးဟာကျွနမတော် ဘဝရဲ့အကြိုက်ဆိုးအိုတော်ပါ

report abuse
vote down
vote up
Votes: -2
..., Lowly rated comment [Show]
...
written by zawmin, February 21, 2013
ကျေးဇူးပါဗျာ။ယူရတာ ရမ်းလွယ်ပါတယ်
report abuse
vote down
vote up
Votes: -5
..., Lowly rated comment [Show]
...
written by တင်ကျော်မိုး, February 26, 2013
ကျေးဇူးတင်ပါတယ်။

အကောင်းတကာအကောင်းဆုး(၃)ကို

အချိန်ရရင်တင်ပေးပါ နာ်။
report abuse
vote down
vote up
Votes: +2
...
written by kyaw kyaw, February 27, 2013
အရမ်းကြိုက်တယ်

report abuse
vote down
vote up
Votes: -3
...
written by စိုင်းထီးဆိုင်, March 02, 2013
သူ့သီချင်းတွေအကုန်ုံကြိုက်တယ် အသက်တစ်ရာထိအောငမရိ စေချင်တာ အသက်တိုလွန်းတာ ဘာဖြစ်လို့လဲ
report abuse
vote down
vote up
Votes: -1
...
written by hp, March 03, 2013
တော်ချိန်မှာမတော်တ်ခဲ့သူမို့ သီချင်းလေးတင်ပေးပီါး
report abuse
vote down
vote up
Votes: -4
...
written by LOVEALOSHITTAL, March 05, 2013
သီချင်းလေးကကောင်းပ တယ်
report abuse
vote down
vote up
Votes: -1
...
written by coolingcloud, March 07, 2013
ရှားရှားပါးပါးအကော်းဆုံးပါ
report abuse
vote down
vote up
Votes: +1
...
written by mgmglatt, March 07, 2013
မိုက်တယ်ဗျာ သီချင်တွေအာလုံးဘဲ
ပဲခူးသား
report abuse
vote down
vote up
Votes: +1
...
written by mgmglatt, March 07, 2013
အားလုံးကြိုက်တယ်။ပ ခူးသား။
report abuse
vote down
vote up
Votes: -1
...
written by B B, March 10, 2013
သီချင်းကောင်းလေးတေ မို့ အရမ်းကြိုက်ပါတယ်။
report abuse
vote down
vote up
Votes: -2
...
written by မောင်မောင်, March 13, 2013
ကျေးဇူးတင်ပါတယ်
report abuse
vote down
vote up
Votes: -2
...
written by ဖြိုးလင်း, March 14, 2013
စိုင်းထီးဆိုင်တေြး င်းကိုကျွန်တော်လ်းကြိုက်ပါတယ်
report abuse
vote down
vote up
Votes: -4
...
written by ဖြိုးလင်း, March 14, 2013
သူ့သီချင်းတွေအားလံးကိုကျွန်တော်ကြိုပါတယ်
report abuse
vote down
vote up
Votes: -1
...
written by zaw, March 16, 2013
ကြိုက်တာလေးတွေကူးသားပြီကျေးဇူးကမ္ဘာပ ။
report abuse
vote down
vote up
Votes: -1
...
written by ထာဝရ, March 20, 2013
ကျေးဇူးတင်ပါတယ်နော သီချင်းတွေအားလုံး ကိုက်တယ်
report abuse
vote down
vote up
Votes: +0
...
written by ဇော်ထက် မုံရွာ, March 21, 2013
ကျေးဇူးအများကြီးတင ပါတယ်ဗျ
အချစ်ဆုတောင်း။အချစ ပေးသမျှ။ဥပါယ္တံမ် င္သခင္မ။
နောက်ဆုံးပျိုးခင်း ခွဲရပြန်ပြီ သီချင်းများရှိရင် ကျေးဇူးပြုပြီးတင်ေးစေလိုပါတယ်ခင်ဗျ။
ကိုထီးရဲ့သီချင်းမျးချစ်သူ
report abuse
vote down
vote up
Votes: -2
...
written by နေလင်းသစ်, March 21, 2013
သီချင်းကောင်းလေးတေ ကြိုက်ပါတယ်
နောက်ဆုံးဆိုခဲ့တဲီ့ချင်းလေးတွေတင်ပေ ပါအုံး
ကျေးဇူးတင်ပါတယ်
report abuse
vote down
vote up
Votes: +0
...
written by written by ayethuzar march23'20013, March 21, 2013
ဦးစိုင်းရဲ့သီချင် တွေအားလုံးကိုအရမ် ကြိုက်တယ်အခုလိုတင် ပေးထားတဲ့အတွက်ကျေူးးအများကြီးတင်ပါတ်
report abuse
vote down
vote up
Votes: +0
...
written by minzaw, March 31, 2013
ကျေးဇူုးပါ။ ရှားပါးတဲသီချင်းလေ ရှိတယ်။ ရှာလို့ ရရင်တင်ပေးပါ ။ စာသားက သူနဲ့ တပည့် တော်သည်သံသရာထဲရှိ ဉ် ပါရမီဖြည်ဘက် အဖြစ် ဖြစ်လို
report abuse
vote down
vote up
Votes: +0
...
written by win naing tun, April 01, 2013
ဒီဆိုဒ်ကို အခုမှတွေ့တယ် အရမ်းလည်းကြိက်ပါတယ ။
ကျေးဇူးတင်ပါသည်။
report abuse
vote down
vote up
Votes: +0
...
written by စိုင်းမှူးဆက်, April 03, 2013
ဦးထီးရဲ့သီချင်းတေ ကို ခုလိုအားပေးကြတဲ့သူ တွရှိနေတာ သိရတော့ဝမ်းသာမိပါတ်ဗျာ
report abuse
vote down
vote up
Votes: -1
...
written by zawmyolwim, April 11, 2013
ဘိုထီးသီချင်းတွေကု ကြိုက်ပါတယ်ဘယ်လိုးရမလဲ
report abuse
vote down
vote up
Votes: -1
...
written by zz, April 12, 2013
အခုလိုသီချင်းတွေတင ထားပေးတာကျေးဇူးတင် ပါတယ်
report abuse
vote down
vote up
Votes: -3
...
written by sawnaywar, May 17, 2013
sawnaywar
report abuse
vote down
vote up
Votes: +0
...
written by aungaung, May 23, 2013
ဦးစိုင်းသီချင်းအာ လုံးကြိုက်ပါတယ်
report abuse
vote down
vote up
Votes: -2
...
written by bလုံး, May 26, 2013
ကြားနေရရင် အမြဲသတိရတဲ ငယ်ဘဝ


အတွေးသက်သက်

တင်ပေးပါ
report abuse
vote down
vote up
Votes: -2
...
written by nyein nyein, June 16, 2013
သီချင်းက Download လုပ်လို့မရဘူး ဦးထီးသီချင်းတွေကိ ကြိုက်တယ် မရလို့စိတ်ညစ်တယ်
report abuse
vote down
vote up
Votes: +1
...
written by manaw, June 25, 2013
oh..verygood
report abuse
vote down
vote up
Votes: +1
...
written by blone, July 03, 2013
မရိုးနိုင်တဲသီချင် များ ဘိုထီးဘဲလို့

report abuse
vote down
vote up
Votes: +1
...
written by ထိန်ထိန်, July 08, 2013
ကျွန်တော်အကြိုက်ဆုးပါဘဲ
report abuse
vote down
vote up
Votes: +2
...
written by အောင်အောင်, July 14, 2013
ဦးစိုင်းရဲ့တခြားသ ချင်းတွေတင်ပေးပါဥး
report abuse
vote down
vote up
Votes: +0
...
written by ရဲဆက်, July 22, 2013
very very goodတယ် thank
report abuse
vote down
vote up
Votes: -1
...
written by လှမျိုး, July 25, 2013
ကိုထီးရဲ့ အချစ်ဆိုတာလျှို့ဝှ်ချက်တစ်ခုပါ
သီချင်းလေးတင်ပေးပါ
report abuse
vote down
vote up
Votes: -1
...
written by phyu, July 27, 2013
တောင်တန်းတွေရယ်
ရှမ်းသိချင်းတွေရယ်
အရမ်းကြိုက်တယ်
ကျေးဇူး
report abuse
vote down
vote up
Votes: -1
...
written by စန်းစန်း, July 30, 2013
စိုင်းထီးဆိုင်သီခ်ျးတွေကိုကြိုက်ပါ

ယ် ။မြ
င့်မိုရ်မို့လားသီခ င်းလေးတင်ပေးပါ
report abuse
vote down
vote up
Votes: +0
...
written by့ ဟိန်းထက်ဝင်း , August 03, 2013
ကျေးဇူး အများ ကြီး တင် ပါတယ် ဗျာ
စိုင်း ထီး ဆိုင် ကို အရမ်း ကြိုက်တာ
report abuse
vote down
vote up
Votes: +1
...
written by ဇော်ထက်, August 13, 2013
ဗိုလ်ထီးဆိုတာဘယ်တေ့ မှမသေဘူး ရင်ထဲမှာအမြဲရှိတယ်
report abuse
vote down
vote up
Votes: -1
...
written by Ohnmar, August 19, 2013
စိုင်းထီးဆိုင် ရဲ့သီချင်းတွေကိုအရ်းကြိုက်ပါတယ်
report abuse
vote down
vote up
Votes: +0
...
written by ဘီလုံး, September 01, 2013
ဗိုလ်ထီရဲ့သီချင်ွးေ အရမ်းကြိုက်တယ်

ကျေးဇူးလဲတင်တယ်ဗျာ
report abuse
vote down
vote up
Votes: +1
...
written by ayekoko, September 23, 2013
အကိုတို့အခုလိုတင်ေးတဲ့အတွက်ကျေးဇူးတ်ပါတယ်.... ဒါပေမဲ့အကိုတို့ရေကွန်တော်ရှာနေတဲ့သျီင်းလေးတစ်ပုဒ်ကတော့ ခုတထိရှာလို့မတွေ့ သးပါဘူးဗျ.. ကူရှာပေးပါလို့တောငးဆိုပါတယ်...... အဲဒီသီချင်းလေးကစိုးထီးဆိုင်းရဲ့ ပါရမီရှင်စီရီထဲ့က (ချစ်စိုးရိမ်)သီချငးလေးပါ.ကျွန်တော် ရှာနေတာကြာလှပြီ မတွေ့လို့ပါအကိုတို.ရယ်
report abuse
vote down
vote up
Votes: -1
...
written by အိုက် နော်ဖ, September 24, 2013
ကျွန်တော်ကတော့စိုငးထီးဆိုင်တို့နြဲေ တူနယ်တူတရေထည်းသောက်ကြတာပါ အရမ်းလေးစာတယ် သီချင်တိုင်မှာအဓိပာယ်အရမ်းရှိတယ် favorite အဖြစ်ဆုံးဘဲ
report abuse
vote down
vote up
Votes: +1
...
written by ဇေယျမေမြို့, October 17, 2013
ကျနော် အကြိုက်ဆုံးဦးထီးရ့ သီချင်းများကို တင်ပေးထားတဲ့အတွက် အရမ်းကျေးဇူးတင်ပါသ်ခင်ဗျာ
report abuse
vote down
vote up
Votes: -2
...
written by winthan, November 15, 2013
ကိုစိုင်းသီးချင်းမားကိုလေးစားပါတယ်
report abuse
vote down
vote up
Votes: -1
...
written by winthan, November 15, 2013
ဦးစိုင်းထီးစိုင်ီးးချင်းတွေကနောက်န်တစ်ရာတိုင်းမကွယ်ေ ပြာက်ပါဘူး
report abuse
vote down
vote up
Votes: -1
...
written by ko zay, October 24, 2014
thank.you ပါ
report abuse
vote down
vote up
Votes: +0
...
written by Zaw Htat Aung, December 02, 2014
ဦးထီး သီချင်းတွေ အရမ်းကြိုက်တယ်ဗျာ ဂီတရဲ့ ပါရမီရှင်တွေပါ မြန်မာနိုင်ငံဆိုတှိာနေသရွှေ့ ဦးထီး သီချင်းတွေ တောင့်တ နားဆင်နေချင်ကြမာပါ ဦးထီးကောင်းရာရောက ပါစေလို့ဆုတောင်းပ တယ်
report abuse
vote down
vote up
Votes: +0

Write comment
smaller | bigger

busy

Facebook Google Twitter buttons

သက်သေခံချက်များ Testimony (random article)

ဘုရားသခင်ရှာနေသောသောနှလုံးသား - ဒေဗစ်လား


Rev David Lah's Bible Study (Prepared by လောမဲ)

ထာဝရဘုရားသည် စုံလင်သောစေတနာစိတ်ရှိသော သူတို့ဘက်၌၊ ခိုင်ခံ့စွာနေခြင်းငှါ၊ မြေကြီးတပြင်လုံးကို အနှံ့အပြား ကြည့်ရှုလျက်ရှိတော်မူ၏။ ဒုရာဇ၀င်ချုပ် ၁၆း၉

ဘုရားသခင်သည် သူ့အတွက် နှလုံးသားတခုလုံးကိုဆက်ကပ်မည့်သူ၊ နှလုံးသားကိုအကြွင်းမဲ့ဆက်ကပ်မည့် သူများ၊ နှလုံးသားကိုဘုရားသခင်အားလုံးလုံးလျားလျားရာနှုန်းပြည့်ဆက်ကပ်မည့်လူသားများ၊ ဘုရားသခင် တွင်စိတ်နှလုံးပြင်းပြနေသူများ၊ ဘုရားသခင်တွက်အသင့်ရှိနေသောနှလုံးသားများကို  မြေကြီး တပြင်လုံးမှာ ရှာလျှက်ရှိနေပါသည်။ ထိုသို့သောသူများကိုဘုရားသခင်သည်သူတို့ဖက်မှရပ်တည်လျှက် ကောင်း ကြီးပေး ရန်အလိုတော်ရှိသောဘုရားဖြစ်ပြီး၊ သူ့သားသမီးများကိုရွေးကောက်ပြီးချီးမြှောက်ခြင်သောဘုရား၊ သူတပါး ရှေ့မှာသူ့သားသမီးများကိုမျက်နှာရခြင်သောဘုရား၊ သူတပါးရှေ့မှာအမြှီးမဖြစ်စေဘဲ ဦးခေါင်းဖြစ်စေခြင် လျှက်ချီးမြှောက်ခြင်သောဘုရား၊ သူတပါးအသက်တာနှင့်မတူသောတမူထူးခြားသောအသက်တာဖြင့်ချီး မြှောက်ခြင်သောဘုရားဖြစ်ပါသည်။

စုံလင်သောစေတနာစိတ်ရှိပြီး နှလုံးသားမှန်ကန်သော လူငယ်သုံးဦးဘက်မှာ ဘုရားသခင်ရပ်တည်ကြောင်း ဒံယေလအနာဂ္ဂတိကျမ်း ၃ မှာတွေ့နိုင်ပါတယ်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ ဆိုသောလူငယ်  ၃ဦး ဘုရားသခင်ပေါ်မှန်ကန်ကန်သောနှလုံးသားဖြင့် ခိုင်မာစွာရပ်တည်လျှက် အခြားသောဘုရားကိုကိုးကွယ်ရန် ဘုရင်၏အမိန့်ကို လွန်ဆန်သဖြင့် မီးတွင်းသို့ ချပစ် ခြင်းခံရသော်လည်း ဘုရားသခင်သည် မီးတွင်း ထဲထိ ဆင်းလာပြီးသူတို့ဘက်တွင် ခိုင်ခန့် စွာရပ်တည်ခဲ့ပါသည်။ ဘုရားသခင်သသည် ထိုလူငယ် ၃ဦးကိုဘဲ ကောင်းကြီးပေးခြင်သောဘုရားမဟုတ်ပါ။ ကျနော်၊ ကျမယောက်စီတိုင်း၏အသက်တာတွင် ထိုကဲ့ သို့သော ကောင်းကြီးမင်္ဂလာများပေးလျှက်ရပ်တည်ခြင်နေပါသည်။

မီးတွင်းထဲမှ သခင်ယေရှုနှင့် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ

ခြင်္သေ့တွင်းထဲသို့ချခံရသော ဒံယေလ၊ မီးတွင်းထဲသို့ချခြင်းခံရသော ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ အဖြစ်အပျက်များကို ပုံပြင်တခုလိုသဘောထားခြင်းထက် ယခုခေတ် ကျနော်တို့ယုံကြည်သူသားသမီးများ အသက်တာတွင် ဖေါ်ပြနိုင်ရန် ဆက်ကပ်မည့်နှလုံးသားများကို ဘုရားသခင်ရှာဖွေနေပါသသည်။  ဒံယေလ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ ကဲ့သို့အဖြစ်အပျက်များကို ပုံပြင်လိုသဘောထားခြင်းထက် ယခုခေတ် ကျနော်၊ ကျမတို့အသက်တာတွင် ဘုရားသခင် ဖေါ်ထုတ်သက်သေပြခြင်နေပါသည်။

ခြင်္သေ့တွင်းထဲမှဒံယေလ

ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော် မူလျှင်၊ အဘယ်သူသည်ငါတို့တဘက်၌နေနိုင်မည်နည်း။           ရောမ ၈း၃၁

အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ ရှောက် သွားရသော်လည်း ဘေးအန္တရာယ်   ကို မကြောက်ပါ၊၊ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော် မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏၊၊ ဆာလံ၂၃း၎

ဤကျမ်းပိုဒ်၏သက်သေသာဓကအဖြင့် ဒါဝိဒ်၏လူငယ်အသက်တာကို လေ့လာနိုင်ပါသည်။ ဒါဝိတ်သည် ဘုရားသခင်ပေါ်တွင်ထားရှိသောသူ့စိတ်နှလုံးအားကြီး၏။ ဘုရားသခင်သည် သူနှင့်ရှိမှရှိပါ့မလားဆိုသည့် သံသယစိတ်လုံးဝမရှိ။ ဘုရားသခင်မှစိတ်အားကြီးသဖြင့် စော်ကားနေသောဂေါလျကိုတိုက်မည်ဟုပြော သောဒါဝိဒ်၏စကားကို သူ့အကိုများကမာနထောင်လွှားသောစကားဟုအပြစ်တင်ခဲ့ပါသေးသည်။ စစ်ဝတ် တန်ဆာမပါဘဲ ဂေါလျတ်ရှေ့ရောက်သော ဒါဝိဒ်သည် ဘုရားသခင်၏နာမကို ဖေါ်ပြခြင်းသည် နာမတော် အားချီးမွမ်းခြင်းပင်ဖြစ်သည်။

ဒါဝိဒ်ကသင်သည်ထား၊ လှံ၊ ကိဒုန်ပါလျက်ငါ့ထံသို့လာ၏။ ငါသည်သင်ကြိမ်းပသော ဣသရေလ ဗိုလ်ခြေတို့၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ နာမတော်ပါလျက် သင်ရှိရာသို့လာ၏။ ဓမ္မရာဇဝင်ပဌမစောင် ၁၇း၄၅

ဘုရားသခင်တွင်စိတ်အားကြီးခြင်းဆိုသသည်မှာ အလကားနေအလကားရှောက်ကြွားသည့်လူမဟုတ်၊ ဟောင်ဘွါဟောင်ဘွါစကားလည်းမပြောတတ်ပါ။ ဘုရားသခင်တွင်စိတ်အားကြီးခြင်းသည် ဘုရားသခင်ကို ယုံကြည်အားကြီးသူ၊ ဘုရားသခင်ပါလျှင်အရာခတ်သိမ်းကိုတတ်နိုင်ကြောင်းယုံကြည်သူ၊ အရာခတ်သိမ်း တွက် ဘုရားသခင်ကို ကိုးစားသူ၊ ဘုရားသခင်ပါလျှင်ဘယ်အရာမဆိုရင်ဆိုင်နိုင်သူ၊ ပြသာနာတခုဖြစ်လာ ရင် ထိုပြသာနာသည် ဘုရားသခင်ထက်မကြီးမြတ်ကြောင်းနားလည်ထားသူဖြစ်ပါသသည်။

ဒါဝိဒ်နှင့်ဂေါလျတ်

ဘုရားသခင်ထံတွင်စိတ်အားကြီးရန်စုံလင်သောနှလုံးသားရှိရန်လိုပါသသည်။

ထို့ကြောင့် အဓိကကျသည့်အချက်သည် သင်၏နှလုံးသားပင်ဖြစ်သည်။ သင်နှလုံးသားတွင်အဓိက စွဲကပ် သည့်အရာသည် ဘယ်အရာနည်း၊ သင့်နှလုံးသား၏အလိုခြင်အတောင့်ဆုံးအရာသည် ဘယ်အရာနည်း။ သင့်နှလုံးသားမှအချစ်ဆုံးပုဂ္ဂိုလ်သည် မည်သူနည်း။ သင်တန်ဖိုးအထားဆုံးအရာပုဂ္ဂိုလ်သည်မည်သူနည်း၊ သင့်နှလုံးသားမှအစွဲလမ်းဆုံးသူသည်ခရစ်တော် ဖြစ်နေလျှင်၊ သင်အလိုအပ်ဆုံးအရာသည် ခရစ်တော်ဖြစ် လျှင်၊ သင်၏အချစ်ဆုံးသည်ခရစ်တော်ဖြစ်လျှင်၊ သင်၏အရာခပ်သိမ်းဟာခရစ်တော်ဖြစ်နေလျှင် သင်၏စိတ် နှလုံးသည်ပြည့်စုံသော စိတ်နှလုံးဖြစ်ပြီး ထိုစိတ် နှလုံးကို ဘုရားသခင်က ကာကွယ်ခြင်၊ ထိုစိတ်နှလုံးကို ဘုရားသခင်ကကောင်းကြီးပေးပြီး ချီးမြှောက်ခြင် သောဘုရားဖြစ်သည်။

လုပ်ရပ်ဘယ်လောက်ဘဲမှန်မှန် နှလုံးသားမမှန်ပါက ဘုရားသခင်ဘယ်လိုမှကောင်းကြီးပေးလို့မရပါ။ ဥပမာ အနေဖြင့် ရှင်ပေါလုကိုကြည့်နိုင်ပါသည်။ ပေါလုသည် ခရစ်တော်မသိခင် သူ၏အမည်မှာ ရှောလုဖြစ်၏။ ရှောလုသည် ဘုရားတွင်စိတ်အားကြီးသူတယောက်ဖြစ်ပြီး ယုံကြည်သူခရစ်ယာန်များကို လိုက်သတ်နေသူ ဖြစ်သည်။ သူသည်ဂျုးလူမျိုးတဦးဖြစ်ပြီး ဖန်ဆင်းရှင်ထာဝရဘုရားကိုယုံကြည်ပြီး စိတ်အားကြီးသူဖြစ်သည်။ နှလုံးသားမှန်သော်လည်း လုပ်ရပ်မှားသဖြင့် ဘုရားသခင်ကိုယ်တိုင်အတွေ့ခံပြီးပြုပြင်ခဲ့ပါသဖြင့် ရှောလုမှ ပေါလုသို့ပြောင်းလဲခဲ့ပြီး သေသိအထိခရစ်တော်၏ဒေသနာခရီးကို လျှောက်လှမ်းခဲ့ပြီး ခရစ်တော်အတွက် သေခံခဲ့ပါသည်။

ကျနော်တို့အသင်းတော်ထဲတွင်လည်း လုပ်ရပ်မှန်ပြီး နှလုံးသားမမှန်သောသူများစွာကိုတွေ့နေရပါတယ်။ ဘုရားကျောင်းမှန်မှန်တက်ခြင်း၊ အလှုငွေမှန်မှန်ပေးခြင်း၊ ၀တ်ကောင်းစားလှဖြင့်ပွဲတော်ယူခြင်း သီချင်းဆို ခြင်း၊ သီချင်းသာဆိုနေသော်လည်းစိတ်နှလုံးကဘုရားသခင်ထံမှာမရှိဘဲ အတွေးမျိုးစုံဖြင့်အပြင်ရောက်နေ ခြင်း၊ အစရှိသဖြင့်လုပ်ရပ်အားလုံးမှန်နေသော်လည်း နှလုံးသားမှန်ကန်မှုမရှိ၊ နှလုံးသားကဘုရားထံမှမရှိ သဖြင့် ဘုရားသခင်ကကောင်းကြီးပေးလို့မရသလို ထိုသူများဖက်တွင် ဘုရားသခင်ကခိုင်မာစွာရပ်တည် ပြီးချီးမြှောက်၍မရပါ။ အလူငွေထည့်သည့်ခါ အငယ်ဆုံးသောငွေ ၁ကျပ်တန် ၂ကျပ်တန်တွေကိုမှ ရှာထည့် လေ့ရှိသော်လည်း Mc Donald KFC သွားလျှင် ဒေါ်လာ ၂၀၊ ၃၀ ကုန်တာဘာမှမဖြစ်။ ဘုရားသခင်သည် ထည့်ဝင်သောအလှုငွေအနည်းအများကို ကြည့်သည်မဟုတ်၊ ဘုရားသခင်ပေါ်စိတ်နှလုံး စေတနာ ဘယ် လောက်ပေးဆပ်နိုင်တာကိုကြည့်နေတာဖြစ်တယ်။  ထို့ကြောင့် သင်ဘာဘဲလုပ်လုပ် သီ ချင်းဘဲဆိုဆို၊ အ လှုငွေဘဲထည့်ထည့်၊ လုပ်အားဘဲပေးပေး ဘုရားသခင် ကိုသိတဲ့စိတ် ချစ်တဲ့စိတ်၊ ဘုရား သခင်ကိုတန်ဖိုး ထားတဲ့စိတ်၊ ဘုရားသခင်ကိုကျေးဇူးတင်လွန်းတဲ့စိတ်ဖြင့်လုပ်ဆောင်တတ်ရန်အရေးကြီးပါသည်။ ဘာသာ ရေးထုံးတမ်းစဉ်လာထဲမှာလုပ်ဆောင်နေခြင်းထက်၊ ဘုရားသခင်ကိုတကယ်သိတဲ့စိတ်၊ ဘုရားသခင်ကိုတ ကယ်ကြောက်တဲ့စိတ်၊ ချစ်တဲ့စိတ်တွေဦးထိပ်ထားလျှက် ဘုရားသခင်ကို တိုက်ရိုက်ကိုးကွယ်ခွင့်ရတဲ့အခြေ အနေကို တန်ဖိုးထားတတ်ရန်လိုပါသည်။

ဒီကနေ့ဘုရားသခင်ဟာ ဒါဝိဒ်ကဲ့သို့၎င်း၊ ဒံနယေလကဲ့သို့၎င်း၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ကဲ့သို့ ၄င်း သက်သေပြကောင်းကြီးပေးရန် စုံလင်မှန်ကန်သောနှလုံးသားပိုင်ရှင်များကို မြေကြီးတပြင်လုံးမှာရှာဖွေ နေပါတယ်။ အသင်မိတ်ဆွေ..အဆင်သင့်ဖြစ်ပြီလား။

ဆက်လက်ပြီး ဓမ္မရာဇ၀င်တတိယစောင် အခန်ကြီး ၁၇ တွင်ဧလိယအကြောင်းတွေ့နိုင်ပါသည်။ ဓမ္မဟောင်းကျမ်းထဲတွင် သေသောသူကိုပြန်ရှင်ပြန်နိုင်သောပထမဆုံးသောလူပုဂ္ဂိုလ်ဖြစ်ပြီးဘုရားသခင်မှ တိုက်ရိုက်ရွေးချယ်ခန့်ခွဲ သောလူလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ဧလိယသည် ဘုရားသခင်ထံ တွင် စိတ်နှလုံးမှန်ကန် အားကြီးပြီးဘုရားသခင်စိတ်နှလုံးဖြင့်တွေ့သောသူလည်းဖြစ်သည်။ ရှောလမုန် မင်း ကြီးသေဆုံးပြီးနောက်ပိုင်း ဣသရေလတိုင်းပြည် နှစ်ပိုင်းကွဲခဲ့ပါသည်။ တပိုင်းကို ရှောလမုန်သားယောဗောင် ကအုပ်ချုပ်ပြီး နောက်တပိုင်းကိုဣသရေလအနွယ်ဝင် ယေရောင်ဗောင်ကမင်းပြုအုပ်ချုပ်ပါတယ်။ ဗိမာန် တော်ရှိသောယေရူရှလင် သည် ယောဗောင်၏အုပ်ချုပ်မှုအောက်တွင်ရှိပြီး ဣသရေလလူမျိုးများအားလုံး ဗိမာန်တော်ရှိရာ ယေရှုရှလင် မြို့သို့ယစ်ပူဇော်ရန်သွားသည်ကို ယေရောဗောင်မှစိုးရိမ်လာပြီး ရွှေဖြင့်လုပ် သောနွားသူငယ်ရုပ် ၂ရုပ်ကိုပြုလုပ်ပြီး နံ့သာပေါင်းပူဇော်လျှက် ကိုးကွယ်ကြရန်စီစဉ်ပါသည်။

ယေရေဗောင်ကိုယ်တိုင်ရုပ်တုကို မကိုးကွယ်သော်လည်း သူ့တိုင်းပြည်မှာလူများ ယောဗောင်အုပ်ချုပ် သည့်တိုင်းပြည်သို့ ယစ်ပူဇော်ရန်မသွားစေ လိုသဖြင့် နွားသူငယ်ရုပ်တုကိုပူဇော်ရန် သွေးဆောင်ရင်း သူကိုယ်တိုင် ဘုရားနှင့်ဝေးခဲ့ပါသည်။ ဣသရေလ လူမျိုးများလည်းဘုရားနှင့်တဖြေးဖြေးဝေးခဲ့ပါသည်။ ထိုတိုင်းပြည်၂ပြည်တွက် ဘုရားသခင်ရွေး ကောက် သော ဧလိယ ရှိပြီး ၄င်း၂နိုင်ငံနှင့်ဘုရားသခင်စကား ပြောသောအခါ ဧလိယကိုဘဲသုံးပါသည်။ တဘက်တွင် လည်း ရှင်ဘုရင်ရွေးကောက်သော ယစ်ပုရောဟိတ် အမြောက်အများလည်းရှိသည်။ ယစ်ပုရောဟိတ်အ မြောက်အများရှိသော်လည်း ဘုရားသခင်သည် စိတ် နှလုံးစုံလင်မှန်ကန်ပြီးလူ့အကြိုက်မဟောတတ်သော ဧလိယ ကိုသာ စကားပြော၏။ ယနေ့ကမ္ဘာပေါ်တွင် ဘုရားအမှုတော်ဆောင်အများကြီးရှိပါသည် သို့သော် ဘုရားအသံရှိသော အမှုတောင်ဆောင် အနည်းငယ် ရှိပါသည်။ ဘုရားသခင်ကို အသုံးပြုတဲ့အမှုတော်ဆောင် အများကြီးရှိသလို ဘုရားသခင်အသုံးပြု သောအမှု တော်ဆောင်အနည်းငယ်ရှိပါသည်။

ဓမ္မရာဇ၀င်တတိယစောင် အခန်ကြီး ၁၈ တွင်ဣသရေလရှင်ဘုရင်နှင့်လူမျိုးများ ဘုရားသခင်ကို ဆန့်ကျင် ပြီး ထာဝရဘုရား၏ပိညတ်တော်ကိုစွန့်လျှက် ဗာလဘုရား၊ အာရှုရဘုရားများကို ကိုးကွယ်လာသဖြင့် ဘုရားသခင်က ဣသရေလတိုင်းပြည်ကို အစာရေစာခေါင်းပါးခြင်းဖြင့်ဒဏ်ခတ်ပါတော့သည်။ ထို့ကြောင့် ဧလိယက အီဂျစ်နိုင်ငံမှ ခေါ်ထုတ်ခဲ့သော ဖန်ဆင်းရှင်ဘုရားသည် ဗာလဘုရား၊ အာရှုရဘုရားမဟုတ် ကြောင်းလိုက်ဟောတော့သည်။ သို့သော်လည်း ဧလိယက တဦးတည်းဖြစ်နေပြီး ဗာလပရောဖက်အရေ အတွက်က ၄၅၀၊ အာရှုရပရောဖက်က အယောက် ၄၀၀ နှင့်ထိပ်တိုက်ရင်ဆိုင်တော့သည်။ဧလိယသည် ၄င်းပရောဖက် ၈၅၀ နှင့် အာဟပ်မင်းကိုစိန်ခေါ်ပါတော့သည်။

ဧလိယကလည်း ငါကိုးကွယ်သောကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း၊ ငါသည်ယနေ့ အာဟပ်မင်းအားကိုယ်ကိုအမှန်ပြမည်ဟု ဆိုပြန်သော်၊ သြဗဒိသည်အာဟပ် မင်းထံသို့သွား၍ လျှောက်သဖြင့်၊ အာဟပ်သည်ဧလိယကို ကြိုဆိုအံ့သောငှါသွား၍၊ တွေ့မြင်သောအခါ၊ သင်သည်ဣသရေလ အမျိုး ကိုနှောက်ရှက်သော သူမှန်သလောဟု မေးလျှင်၊ ဧလိယက၊ ငါသည်ဣသရေလအမျိုးကိုမနှောက်ရှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရာ၏ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကိုဆည်းကပ်သဖြင့်၊ ဣသရေလအ မျိုးကိုနှောက်ရှက်ကြပြီ။  ဓမ္မရာဇ၀င်တတိယ ၁၈း ၁၅-၁၈

အာဟပ်မင်းသည်လည်း ဧလိယပြောသည့်အတိုင်း ပရောဖက် ၈၅၀ နှင့် ဣသရေလလူမျိုးများကို ကရမေ လတောင်သို့စုဝေးစေ၏။ မည်သည့်ဘုရားသည်စစ်မှန်သောဘုရားဖြစ်ကြောင်းသက်သေပြရန် ပရောဖက် ၈၅၀ မှမီးမပါဘဲယစ်ပူဇော်ရန်ပြင်ဆင်စေပြီးတဖက်မှာလည်း ဧလိယက မီးမပါဘဲ ယစ်ပူဇော်ရန်ပြင်ဆင်စေ လျှက် မိုးပေါ်မှမီးကျလာအောင်ဆုတောင်းရန်သဘောတူကြပါသည်။  ထို့နောက် ဧလိယက-

သင်တို့သည် သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့။ ငါလည်းထာဝရဘုရား၏ နာမတော် ကိုဟစ်ခေါ် မည်။ မီးဖြင့်ထူးတော်မူ သောဘုရားသည် ဘုရားသခင် မှန်ပါစေဟု လူများတို့ အားပြောဆိုလျှင်၊ လူအပေါင်း တို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။ တဖန်ဧလိယက၊ သင်တို့သည်များသော ကြောင့် နွားတကောင်ကို အရင်ရွေ့း၍ လုပ်ကြလော့။ မီးမထည့်ဘဲ သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြ လော့ဟု ဗာလ၏ပရောဖက်တို့အား ဆိုသည်အတိုင်း၊  သူတို့သည်လူများပေးသောနွားကိုယူ၍ လုပ်ပြီးလျှင်၊ အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါဟု နံနက်အချိန်မှစ၍မွန်းတည့်အချိန်တိုင်အောင် ဗာလ၏ နာမကို ဟစ်ခေါ်ကြ၏။ သို့ရာတွင် ဗျာဒိတ်သံမရှိ။ ထူးသောသူလည်းမရှိ။ သူတို့သည်ကိုယ်တည်သော ယဇ်ပလ္လင်ရှေ့မှာ ကခုန် ကြ၏။ ဓမ္မရာဇ၀င်တတိယ ၁၈း၂၄-၂၆

ဧလိယယဇ်ပူဇော်ခြင်း

မိုးချုပ်ခါနီးထိ ဗာလပုရောဖက်များဆုတောင်းသော်လည်း ယစ်ကောင်သည် မီးမလောင်ဘဲရှိနေပါသည်။ ထို့ နောက် ဧလိယသည် ဘုရားသခင်တွက်ယဇ်ပလ္လင်ကိုပြင်ဆင်ပြီး အပိုင်းပိုင်းဖြတ်ထားသော ယဇ်ကောင်ပေါ် သို့ ရေဗုံးအပြည့်ဖြင့် ၃ ကြိမ်တိုင်အောင်လောင်းခိုင်းပြီးမှဆုတောင်းသော်-

ထိုအခါထာဝရဘုရား၏ မီးသည်ကျသဖြင့်၊ မီးရှို့ရာယဇ်အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျူံး၌ရှိသောရေကိုလည်း ခန်းခြောက်စေ၏။ လူအပေါင်းတို့သည်မြင်လျှင် ပြပ်ဝပ်၍၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူ၏ ဟုဝန်ခံကြ၏။    ဓမ္မရာဇ၀င်တတိယ ၁၈း၃၈-၃၉

ချစ်သောညီအစ်ကိုမောင်နှမတို့- ကျနော်တို့ကိုးကွယ်သောဘုရားသည် အသက်ရှင်သောဘုရားဖြစ်ကြောင်း သက်သေထူနိုင်ပါသည်။ အသက်ရှင်သောဘုရားကိုကိုးကွယ်လျှင် သက်သေရှိရမယ်။ ထိုကဲ့သို့သက် သေ ထူနိုင်ရန် ဘုရားသခင်အလိုတော်ရှိနေပါသည်။ ဘုရားကိုသိပြီး ဘုရားနှင့်အဆက်သွယ်ရှိလျှင် ကျနော်တို့ ဘုရားဟာ အသက်ရှင်တဲ့ဘုရားဖြစ်ကြောင်း မိမိတို့မိသားစု၊ အသင်းတော်၊ လူမျိုး၊ နိုင်ငံ နှင့် ကမ္ဘာမှာသက် သေထူနိုင်မှာဖြစ်တယ်။

ဘုရားသခင်အတွက်သက်သေထူရန်လူအများကြီးမလိုပါ။ မိမိတယောက်စီ၏အသက်တာဖြင့် သက်သေထူ နိုင်ပါသည်။ ဘုရားအမှုတော်ဆောင်တာကောင်းတယ်၊ ဘုရားတွက်ဆပ်ကပ်တာကောင်းတယ်၊ ဘုရားသ ခင်သားသမီးဖြစ်တောကောင်းတယ် သို့သော်ဘုရား အသံရှိရဲ့လား၊ ဘုရားနှင့်မိတ်သဟာရရှိပြီလား၊ ဘုရား သခင် ၌တကယ်ဘဲကိုးစားတဲ့အသက်တာရှိပြီလား၊ ဘုရားသခင်၌ တကယ်ဘဲစုံလင်သောစေတနာရှိပြီ လား။ မရှိသေးလျှင်တော့ ကျနော်တို့အသက်တာမှာ ဘုရားသခင်အလုပ်လုပ်၍မရသေးပါ။

ယေရမိ ၁၇း၉-၁၀

စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။ ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့် အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။

စိတ်နှလုံးသည် အရာခပ်သိမ်းထက်စဉ်းလဲတယ်။ ဒါကြောင့်ဘုရားသခင်သည် စိတ်နှလုံးကိုဘဲစိတ်ဝင်စားပြီး ကြည့်တော်မူတယ်။ စိတ်နှလုံးကို စစ်ဆေးတယ်။ ချစ်သောမိတ်ဆွေတို့- ဘုရားသခင်လိုခြင်သော စိတ်နှလုံးကို ပေးဆပ်ဖို့အဆင်သင့်ဖြစ်ပြီလား။

ငါ့သား၊ သင့်နှလုံးကို ငါ့အားပေး လော့၊၊   သုတ္တံ ၂၃း၂၆

အာဗြဟံကို ဘုရားသခင်က ဣဇက်ကိုတောင်းခြင်းတွင် ဘုရားသခင်သည် ဣဇက်ကိုလိုခြင်တာမဟုတ်၊ အာဗြံဟံ၏ နှလုံးသားကို လိုခြင်တာဖြစ်တယ်။ ထို့ကြောင့် မိတ်ဆွေတို့နားလည်ရမည်မှာ ဘုရားသခင် သည် ကျနော်တို့မှာ တောင်းခြင်းသည် လိုခြင်လို့တောင်းတာမဟုတ်၊ ပေးခြင်လို့တောင်းတာဖြစ်ကြောင်း နားလည်တတ်ရန်လိုပါသည်။ ဘုရားသခင်အလိုရှိသော ကျနော်တို့ နှလုံးသားကို ပေးနိုင်လျှင် ကျနော်တို့ စိတ်နှလုံးအလိုပြည့်စုံရသောအခွင့် ကိုဘုရားသခင်ကပြန်ပေးမှာဖြစ်တယ်။ ထို့ကြောင့်ဤကဲ့သို့ ခက်ခဲဆိုး သွမ်းသောနောက်ဆုံးကာလမှာ ဘုရားသခင်ဟာ ကျနော်တို့နှလုံးသား ကိုတောင်းပြီး ကျနော် တို့ကို ချီး မြှောက်တော့မယ်၊ အသုံးပြုတော့မယ်၊ လမ်းပြတော့မယ်၊ မစတော့မယ်ဖြစ်တယ်။

အလိုတော်သည် ကောင်းကင်ဘုံမှာပြည့်စုံသကဲ့သို့မြေကြီးပေါ်တွင်ပြည့်စုံရန် ကျနော်ကျမအယောက် စီတိုင်းရဲ့အသက်တာကို ဘုရား သခင်အသုံးပြုခြင်နေပါတယ်။ ယောက်စီတိုင်း နှလုံးသားများကိုပြင်ဆင် လျှက် ယနေ့မှစပြီး စုံလင်သောစေတနာနှလုံးသားဖြင့် ဘုရားသခင်ကိုဝန်ချတောင်းပန်လျှက် မိမိအသက် တာ ကို ဆက်ကပ်ကြပါစို့။

ဆရာတော်ဒေးဗစ်လား၏ ကျမ်းစာလေ့လာခြင်းသင်ခန်းစာကိုပြန်လည်ဝေဌခြင်းဖြစ်ပါသည်။ လောမဲ

 

ဝိညာဉ်ရေးရာ Spiritual (random article)

Merry Christmas and a happy New year!


Wishing you all a very “Merry Christmas and a Happy New Year!”

How are you? Time flied so fast that it has been one year since we meet you in U.S last year. And I want to say thanks again for your time to spend with us and your hospitality to us last year.

My memory with you all is still very fresh and I feel like it was yesterday.

If any one wants to come to Melbourne please do not hesitate to let me know.

And again,

Wishing you all a very “Merry Christmas and a Happy New Year!”

Love from,
Aung Lwin (S.F)

 

 

I would  like to take this opportunity to  share Christmas message as follows.

Why Merry Christmas?

Everyone can choose freely to believe in any religion or believe in nothing on earth. Nothing is wrong with it.

But the truth is that no religious leader (founder of a religion) can promise or guarantee to his or her followers to get to heaven after death.

No one can save himself or herself to get to heaven by doing good deeds alone.

Because everyone is a sinner through words, thought and deeds according to the standard of the invisible and the most powerful creator (God).

Because God is Holy and God is perfect.

Buddha can not save anyone to get to heaven.

Mohammad can not save anyone to get to heaven.

Kwan yin, Kwan cong can not save anyone to get to heaven either because they all are human beings like us and all human beings are born with sin which is also known as debt.

They all were dead and their bodies were either buried or cremated and never came back to the earth again to prove that they were alive and live forever.

This is the fact according to their doctrines.

 

But in the world history, only one who was born of virgin woman, performed miracles that no human religious founder could ever perform, promised that by believing in Him and confessing the sin will have everlasting life in heaven.

He was killed on the cross but bodily resurrected three days later.

eHeHrHe appeared to his disciples and about 500 followers for forty days and he ascended to heaven in front of them.

His name is “Jesus” who came to the world as a human being from the heaven.

That was the historic event which happened about 2000 years ago. God sent Jesus to the world to save the souls of the sinners to heaven after death.

This is the reason for celebrating Christmas on earth every year to remind people that Good News had arrived on earth which guaranteed the way to heaven and to make peace with God.

 

Good News

 

Good News which Jesus brought to the world is that we sinners can get to heaven after this life on earth.

Everybody is born of sin (debt) so after death everyone’s soul will see God face to face regardless of believe in God or not when people are alive on earth. (Death is separation of Soul and the body. Soul leaves the physical body so the body is dead and remained on earth but the soul will never die and will be in front of God for judgment).

Every soul has only two destinations, either enjoying forever in Heaven or suffering forever in Hell.

Jesus’ suffering on the cross and His blood shedding on the cross is to wash away the human’s sin or debt. This is the reason God sent Jesus to the world about 2000 years ago.

His bodily resurrection and ascension to heaven proved that He has overcome the death. So whosoever believes in Him will die bodily on earth but the soul will have eternal life with Him and God in heaven forever and ever.

So whoever believes in Him will have Love, peace, joy and hope on earth.

So for me and my family as believers, “life on earth is a gift from God and looking forward to getting to the most enjoyable place and seeing face to face our Lord, God after this life as we have been relationship with Him by two ways communicating with Him daily on earth through prayer.”

 

“Words of God from the Holy Bible as follows.

 

Jesus said,

ယောဟန် ၁၄
၂၇ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။

 

John 14

27 Peace I leave with you, My peace I give to you; not as the world gives do I give to you. Let not your heart be troubled, neither let it be afraid.

耶穌

14:27 我留下平安給你們;我將我的平安賜給你們。我所賜的,不像世人所賜的。你們心裏不要憂愁,也不要膽怯。

 

ယောဟန်၁၆
၃၃သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကို ငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟုမိန့်တော်မူ၏။

John 16

33 These things I have spoken to you, that in Me you may have peace. In the world you will have tribulation; but be of good cheer, I have overcome the world."

(Note: John is one of the twelve disciples as Jesus chose him and following Him for three years and John wrote a book about Jesus which is called “Gospel of John” in the Bible).

16:33 我將這些事告訴你們,是要叫你們在我裏面有平安。在世上,你們有苦難;但你們可以放心,我已經勝了世界。」

 

တမန်တော်ဝတ္ထု Acts



၁အိုသော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထားပြီးမှ၊

၂အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မရောက်မှီကာလတွင်၊ ပြုမူသွန်သင် တော်မူသမျှတို့ကို ထုတ်ဘော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေးထားပါပြီ။

၃အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သောသက်သေအများအားဖြင့် ပြတော်မူ၏။

 

Acts 1: Prologue

1 The former account I made, O Theophilus, of all that Jesus began both to do and teach,

2 until the day in which He was taken up, after He through the Holy Spirit had given commandments to the apostles whom He had chosen,

3 to whom He also presented Himself alive after His suffering by many infallible proofs, being seen by them during forty days and speaking of the things pertaining to the kingdom of God.

 

(Note: The book called “Acts” in the Bible was written by Medical Doctor Luke after Jesus was ascended to heaven through thorough investigation as Jesus’ mother “Mary” and Jesus’ disciples were alive and with him about no later than A.D.60.He also wrote about Jesus life and teaching in “Gospel of Luke” in the Bible before he wrote the book of “Acts” so he wrote  Acts 1: Prologue1 The former account I made,...)

 

“Hell”

ဗျာဒိတ်ကျမ်း။ Revelation

၂ဝ

၁၄ထိုအခါ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သ တည်း။

၁၅အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။

Revelation 20

14 Then Death and Hades were cast into the lake of fire. This is the second death.

 

15 And anyone not found written in the Book of Life was cast into the lake of fire.

地獄:

啟20:14 死亡和陰間也被扔在火湖裏;這火湖就是第二次的死。

啟20:15 若有人名字沒記在生命冊上,他就被扔在火湖裏。


“Heaven”

ဗျာဒိတ်ကျမ်း။ Revelation

၂ဝ

၎ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်း မူကား၊ ရှေးဖြစ်ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။

 

Revelation 21

4 And God will wipe away every tear from their eyes; there shall be no more death, nor sorrow, nor crying. There shall be no more pain, for the former things have passed away."

 

Footer Monthly Articles & Web.Blogs

 

ဝိညာဉ်ရေးဆိုင်ရာလစဉ်ရွေးချယ်ထားသောမုရန်ဆောင်းပါးအချို့

 


Our Friendly Web & Blogs Links
jbcs.org.sg/main
woorank.com/en/www/sawpatrick.net
moemaka.com/2012/06/guest-writer-ပြည်သူတို့လိုချင်နေတ
spiritlessons.com/languages/index.htm
thawthikho.blogspot.com/2010/02/blog-post_9931.html
mahnkoko.blogspot.com.au
divinerevelations.info/languages/index.htm
mcathailand.com
myanmarinsingapore.com
karenfamily.org/profiles/blogs/links-1
zomimessenger.com/2012/09/column-music-column-extra-links-holy.html
streamoflife99.com/articles/jesus18yrsproblem.html
tudoenkung.wordpress.com/online-bibles
burmesebible.com/links.htm
jinghpawtingsan.blogspot.com/2011/04/morphvox-junior-voice-changer.html
sawkyawoo.com/2011/10/website_21.html
bethelkhrihfabu.net/nitin-bible-relnak.html
immanuelmyanmarchurch.com/apps/blog
mahnkoko.blogspot.com.au/2012/06/blog-post_10.html
kc-nl.blogspot.in/2011/09/2011-ning-ladaw-kcnl-nawku-hpung-wai.html
laaituibaptistchurch.com
mahnkoko.blogspot.com/2012/07/normal-0-false-false-false-en-au-x-none.html
mcflondon.com
dawnathar.blogspot.com/2010/11/blog-post_8330.html
imcwheaton.org
kc-nl.blogspot.com/2012/05/atrocities-in-kachin-land.html
kokomaunguk.blogspot.co.uk/2012/01/blog-post_21.html
sawpatrick.net
shinthan.com
bangkokchristchurch.net
batupuei.webs.com
burmesebible2008.blogspot.com/2009/10/typhoon-in-philippines.html
globalmcf.ning.com
intouchcnet.com
karanilan.webs.com/apps/videos/videos/show/5464117
kokomaunguk.blogspot.com.au/2012/06/blog-post_09.html
kokomaunguk.blogspot.sg/2012/08/blog-post_8666.html
mcctulsa.com
mgchit.blogspot.in/2012/08/blog-post_18.html
mmwebgallery.com
nlbcusa.wordpress.com
sawchit.blog.com/2011/06/12/ကျီးတို့အလယ်မှ-ဒေါင်း
sawchitthu.blogspot.com/2012/03/software-license-version.html
simonkamta.blogspot.com/p/mp3-download_16.html

swecanaan.blogspot.com/2012/09/andriod-phone-program.html
thelordword.com
tkbc-japan.net
bangkokchristchurch.net

haineni.ning.com
bangkokchristchurch.net
globalmcf.ning.com/
thawthikho.blogspot.com
orangeask.com
miccfortwayneusa.blogspot.com
mcflondon.com
kokomaunguk.blogspot.com

mission-one.co.cc                   
chanlinnay.mandalaybloggers.org

thespiritfruit.com
mg-m.blogspot.com  ကျမ်းစာလေ့လာနည်းများ
mcbc4u.blogspot.com မုရန်ဆောင်းပါးအချို့.
www.myatmingalar.com/ မြတ်မင်္ဂလာဒေသနာများ
myanmar-odb.org နေ့စဉ်ခွန်အား(မြန်မာ)

Ref:

http://www.alexa.com

Facebook Twiter Google Buttons

ရယ်ရွှင်ဘွယ်ရာ (Random Selection)



ကာတွန်း - မင်းအောင်သက်လွင်

ဓမ္မသစ်ကျမ်းထဲမှာ သခင်ယေရှုက ရေကို စပျစ်ရည် ဖြစ်အောင် လုပ်တာ အံ့သြစရာ နမိတ်လက္ခဏာဘဲ။ အခုခေတ် တို့ဆီကတော့ စပျစ်ရည် (အရက်) ကို ရေဖြစ်အောင်လုပ်တဲ့ နေရာမှာ တော်တော် တော်တယ်ဟေ့။ သောက်နေတာ အလုံး၂၀ ရှိပြီ။ အခုထိ မမူးသေးဘူး .. ဖူး..ခလူး..ခလူး....။

 

ဗဟုသုတဆောင်းပါး (Random Selection)



ဤပုံကို သေချာစွာကြည့်ပါ။ သင်ဘာမြင်သလဲဆိုတာ ပြောပြရန်ဖြစ်ပါတယ်။   ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ဦး ဖက်ရှင်ပုံသဖွယ်၊ နှခေါင်းငယ်လေးနဲ့ အိဒြေ္ဓပိုင်ရှင်လေးပေါ့။ တကယ်လို့ သင်ဟာ လူလွတ်တစ်ဦးဖြစ်ရင် သူမကို ချိန်းတွေ့ချင်စိတ်ဖြစ်လာမယ်။ သင်ဟာ ဈေးဆိုင်ပိုင်ရှင်ဖြစ်ရင် သူမကို သင့်ဆိုင်အတွက် ဖက်ရှင်မိုဒယ် မိန်းခလေးအဖြစ် ခန့်ထားချင်လာမယ်။

ဒါပေမဲ့ .. သင်ပြောတာမှားတယ်။ အသက်၆၀၊ ၇၀ အရွယ်ရှိတဲ့ မိန်မကြီးတစ်ဦးဖြစ်ပြီး၊ စိတ်ပျက်နေတဲ့ပုံ၊ နှာခေါင်းရှည်ရှည်ကြီးနဲ့၊  သေချာပေါက်ပြောနိုင်တာကတော့ ပုံမကျ၊ ပန်းမကျကြီးပေါ့၊ လမ်းကြိုလမ်းကြားမှာ တွေ့ရမဲ့ သင်က သူ့ကို ကူညီပေးရမဲ့ မိန်းမကြီးပုံပါဗျာ  ..လို့ ပြောလာရင  .. ဘယ်သူမှန်သလဲ ?........

လင့်ခ် http://murann.com/documents/stories/problem.solving.pdf

ကျမ်းချက်။

မဿဲ ၇း ၄  ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအားသင်၏ မျက်စိ၌ရှိသောငြောင့်ငယ်ကို ထုတ်ပါရစေဟုအဘယ်သို့ဆိုသနည်း။
ရှင်ယာကုပ် ၂း
၈  ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကိုကျင့်ရာသို့ရောက်ကြ၏။

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.1)

Key A
Beat: Slow Go Go
Intro: [A Gbm, D, Bm E)2

- ကိုယ်တော်ဖန်ဆင်းလောကသစ္စာ
စိတ်လှုပ်ရှား အံ့သြဖွယ်လက်ရာ
ရောင်စုံတိမ်တိုက် ကောင်းကင်မိုးကြိုးသံ
တန်ခိုးနှင့် သက်သေတည်မြဲခြင်း

- သာယာရှုခင်း ကျေးငှက်တေးသံ
ချီးမွမ်းခြင်းများနှင့် သီချင်းဆို
လေပြည်လေညင်းလေးတွေ ပြေးဆော့ကာ
စမ်းချောင်းလေးတွေ လှုပ်ရှားသွား

Cho;  အိုငါ့ဝိညာဉ် ကိုယ်တော်အားချီးမွမ်း
ကြီးမြတ်လှသည့် အကြောင်းကို
အို ငါ့ဝိညာဉ် ဘုရားရှင်မြတ်ကို ချီးမွမ်းပါ
(ကြီးမြတ်လှသည့် အကြောင်းကို)

- ကိုယ်တော်ဘုရား လောကသားကို
ချစ်သောကြောင့်အသက်ကို စွန့် ကာ
တိုင်တော်တွင် အပြစ်ရဲ့ ဒဏ်ပေးဆပ်ကာ
သွေးနှင့် ဆေးကာ ဖြေလွှတ်သွား

- ကိုယ်စိတ်နှလုံး သုံးပါပြည့်စုံ
ဘုန်းတန်းခိုးနှင့် ကြွလာသောအခါ
ပျော်ရွှင်ကြည်နှုး နှိမ့်ချသောစိတ်နှင့်
ချီးမွမ်းကြ ဟာလေလုယ။
(Cho)၂
အခြေပြုကျမ်း (ဆာ ၁၀၄း၁)


 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.2)


အဖြေ Answer ဗွီဒီယို  (၆လသာအသက်ရှင်တော့မည့်ဘ၀)
အေဂျီ(ဧ၀ံဂေလိ)အမှတ်၂ သာသနာခရိုင် (မြစ်ကြီးနား) Rev. Daniel နှင့် ဓမ္မဆရာ၊ဆရာမများ၊ သီတာအသင်းတော်မှသင်းအုပ်နှင့်အသင်းသားများ၊ ရိုက်ကူး၊တည်းဖြတ်၊ ပါဝင်သရုပ်ဆောင်သူများ၊ သီဆိုတီးမှုတ်ကြသူများအားလုံးကို ကျေးဇူးတင်ကြောင်း၊ Hosanna ministry
http://www.youtube.com/watch?v=oQg-vklrWrs

 


Gospelinterview Myanmar


ဆရာစိုင်းအေးနှင့်အဖွဲ့ ကချင်ဒုက္ခသည်စခန်း၊ မိုင်တိုင်အမှတ်(၆) လူဟောင်ရွာသို့ ရောက်ရှိခဲ့ပါတယ်။ အမြင့်ပေ၉၀၀၀ မှာရှိပြီးတော့ အင်မတန်မှအေးပါတယ်။ ဆောင်ရာသီနှင့်ကျချိန်မှာ တစ်ထွာလောက်ထူတဲ့ ဆီးနှင်းများရှိပါတယ်။ (ဓါတ်ပုံ)၊ ဒုက္ခသည်ငါးရာခန့်ရှိပြီး၊ အိမ်ထောင်စု ၁၀၀လောက်ရှိပါတယ်။ အများစုဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ကချင်နဲ့ဗမာတပ်မတော် တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ရင်း ဒီနေရာကိုရောက်လာတာဖြစ်ပါတယ်။ တစ်လတခါ ၀မ်ကျောင်၊ ဂရုနာအဖွဲ့က ဆန်၊ဆီ၊ဆားများ လာရောက်ပေးပါတယ်။ တရုပ်ငွေလည်း သုံးစွဲဖို့ ပေးပါတယ်။ အနီးဆုံးဈေးက တနေကုန်လမ်းလျှောက်သွားရပါတယ်။ ဆရာစိုင်းအေးအဖွဲ့ဟာ ၅နာရီခွဲကြာအောင် မော်တော်ဆိုင်ကယ်များနဲ့ အခက်အခဲများစွာတွေ့ကြုံပြီး၊ ဒီဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပါတယ်။ စုစုပေါင်း ၅ညတိုင်အောင် ဒုက္ခသည်များနဲ့ အတူနေထိုင်၊ နှုတ်ကပတ်တော်များကို ဝေငှ၊ သီဆိုချီးမွမ်းခဲ့ကြပါတယ်။ အတူစားသောက်၊ချက်ပြုတ်ကြပါတယ်။ ကျောင်းစာသင်ကျောင်း ဆရာမများကို အင်တာဗျူးမှတ်တမ်းတင်ခဲ့ပါတယ်။ ရ၀မ်၊လဖိုင်၊ဂျိမ်းဖော အမျိုးသမီးများဖြစ်ကြပါတယ်။ ကလေးများနဲ့ဒုက္ခသည်များကို ကယ်တင်ခြင်းအကြောင်း၊ ယုံကြည်သူများအတွက် လိုအပ်ချက်များကို ယေရှု၊ ပေးဆပ်သွားခဲ့ပြီ၊ အသွေးတော်အားဖြင့် ကျွန်တော်တို့ ဒုက္ခဆင်းရဲခြင်းများမှ လွတ်မြောက်ခဲ့ကြောင်း နှုတ်ကပတ်တော်အားဖြင့်၊ အားပေးခဲ့ပါတယ်။ ဓမ္မသီချင်းများ သီဆိုချီးမွမ်းပြီး မော်တော်ဆိုင်ကယ်များနဲ့ ပြန်လာခဲ့ပါတယ်။ ဆရာစိုင်းအေးနှင့်အဖွဲ့မှ မအောင်ဆိုင်းဂျာ သက်သေခံတင်ပြပါတယ်။
http://www.youtube.com/watch?v=dVdG_xUMMCA

http://www.youtube.com/watch?v=pS95F_XMBVo

Saiaye Testimony Kachin Mission Trip 16.9.2012

ကချင်ပြည်နယ်ကို လွန်ခဲ့တဲ့၃လက ဒုက္ခရောက်သူများကို မစ်ရှင်ခရီးထွက်ဖို့ ၀န်တာတစ်ခုဖြစ်လာပါတယ်။ ဆုတောင်းရင်း အမျိုးသမီးတစ်ယောက်က ဘတ်၅၀၀ စတင်မျိုးစေ့ချပေးပါတယ်။ ဆက်လက်ဆုတောင်းရင်း အမျိုးသမီးတစ်ယောက် ဒိန်းမတ်နိုင်ငံက မဘောက်ဂျာဖြစ်ပါတယ်။ သူဖုန်းဆက်လာပြီး ဆရာ့ကိုကချင်ပြည်နယ်သွားဖို့ ပြောလာပါတယ်။ ဟာ..ကျွန်တော်လည်း သွားဖို့ဆုတောင်းနေတာ ၃လရှိပါပြီ..လို့ပြန်ပြောလိုက်ပါတယ်။ အဲဒါနဲ့ သူမရဲ့ စုဆောင်းငွေ ဘတ်တစ်သိန်း အလှုငွေထည့်ပါမယ်လို့ ပြောပါတယ်။ ဘုရားသခင်ဟာ ကောင်းမြတ်တဲ့ဘုရား၊ ဆုတောင်းချက်များကို ပြည့်စုံစေတဲ့ဘုရားဖြစ်ပါတယ်။
ဆရာစိုင်းအေး၏ ကချင်ပြည်နယ်မစ်ရှင်ခရီးတွင် စစ်ပြေးဒုက္ခသည်စခန်းပေါင်းများစွာ ယုံကြည်သူကချင်လူမျိုးစုများနှင့် ကိုးကွယ်ဝတ်ပြု၊မိတ်သဟာရပြုနိုင်ခဲ့ပါသည်။ သူတို့နှင့်အတူ နေထိုင်၊ညအိပ်၊စားသောက်၊၀တ်ပြုကိုးကွယ်၊ဆုတောင်း၊ကျမ်းစာလေ့လာခြင်း၊ ခွန်အားပေး၊ခွန်အားယူ၊ အထူးသဖြင့် စစ်ပြေးဒုက္ခသည်များ၏ ဘ၀နှင့်စစ်၏ ဆိုးဝါလှသော အနိဌာရုံများကို အင်တာဗျူးပေါင်းများစွာ ပြုလုပ်ခဲပပါသည်။ Gospelinterview Myanmar အဖြစ် မေလ၂၀၁၃အထိ စုစုပေါင်း ၁၇၂ခု Youtube တွင်တင်ပြခဲ့ပါသည်။ ဆရာစိုင်းအေး sai373@gmail.com

ထိုဗွီဒီယိုအချို့မှာ
ဆုံသင်းပါရ် ၁၄.၃.၂၀၁၂ (MCA Bangkok)
ရတနာဦးသက်သေခံချက်နှင့်သီဆိုချီးမွမ်းခြင်း ၁၄.၉.၂၀၁၂ (MCA Bangkok)
ဖားကန့်ဓါတ်ပုံဗွီဒီယိုဆလိုက် ၂၀.၁.၂၀၁၃ (Phakant, Kachin State)
လိုင်ဇာဗွီဒီယိုမှတ်တမ်း ၁၁.၁.၂၀၁၃ (Laiza, Kachin State)
KIA စစ်ဦးစီးချုပ်သက်သေခံချက် (Kachin State)
ဒေါ်အင်ဖန်းဂျာရာသက်သေခံချက်အမှတ်၁၊  အမှတ်၂  (Myitkyina, Kachin State)
ဖြူဖြူကျော်ငြိမ်းသက်သေခံချက် အမှတ်၁၊ အမှတ်၂ (MCA, Bangkok)
KBC ကေဒီတူးလွန့်သက်သေခံချက် (Myitkyina, Kachin State)
Rev.ပေါကေကျိုင်ကျမ်းစာသင်ခြင်း ၁၃.၄.၂၀၁၂
ရဲအုပ်ကိုဝင်းနိုင်သက်သေခံချက်
အခြားသက်သေခံချက်များစွာ အင်တာဗျူးခြင်း၊ သက်သေခံခြင်း၊ တရားဒေသနာများဖြစ်ပါတယ်။
ဘုရားသခင်ကြွယ်ဝသောကောင်းကြီးမင်္ဂလာများစွာရရှိပါစေ။  မုရန် (မေ-၂၀၁၃)

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.3)

I’m giving You’re my heart, and all that is within,
I lay it all down for the sake of You my King
I’m giving You my dreams, I’m laying down my rights,
I’m giving up my pride for the promise of new life….

An I surrender all to you, all to You
And I surrender all to You , all to You

I’m singing You this song, I’m waiting at the cross
And all the world holds dear, I count it all as loss
For the sake of knowing You for the glory of Your name
To know the lasting joy, even sharing in Your pain