မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည် Christian Ezine

Sunday, Dec 21st

Last update11:40:21 AM GMT

You are here:: ဗဟုသုတများ မုရန် အင်တာနက်မဂ္ဂဇင်း (to Download)

မုရန် အင်တာနက်မဂ္ဂဇင်း (to Download)

E-mail Print PDF



မုရန် အင်တာနက်မဂ္ဂဇင်း (၃)လ ဖေါ်ပြချက်များကို eBook အဖြစ် ဒေါင်းလုပ်နိုင်ပါတယ်။  ၀ိညာဉ်ရေး၊ ဗဟုသုတ၊ ရသ၊ ခရီးသွား၊ ဘ၀အတွေ့အကြုံ၊ ဟာသ၊ ကဗျာ၊ ကာတွန်း ... ပါရှိပါတယ်။ (260 pages - 12MB)
http://burmesebible.com/document/murann.aprl2010.pdf

Hits: 5348
Comments (2)Add Comment
...
written by ဇော်မင်းအေး, April 01, 2013
ခွန်.အားရပါသည်
report abuse
vote down
vote up
Votes: +0
...
written by Meriam, December 19, 2013
ကျေးဇူးတင်ပါတယ် အီးပုဒ် နဲ့ ဒေါင်းလောဒ်ရအောင် လုပ်ပေးထားလို့ God bless everyone of you for your afford and making this website. I'm so blessed. Thank you
report abuse
vote down
vote up
Votes: +0

Write comment
smaller | bigger

busy

သက်သေခံချက်များ Testimony (random article)

လူတိုင်းမှာ အားနည်းချက်လေးတွေ ကိုယ်စီရှိပါတယ်။

အက်ကြောင်းလေး

~~~~~~~~~~~~~
တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံးကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။ အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့ ...
...
ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။ ဒီလိုနဲ့ အိမ်ရောက်ရင် အိုးတစ်လုံး နဲ့ တစ်ဝက် ပဲ... ရေခပ် လာလိုက်တာ နှစ်နှစ်လောက် ကြာလာတဲ့အချိန်မှာ ...
....
အိုးအကောင်းလေးက သူ့ကိုယ်သူ သိပ်ဂုဏ်ယူသတဲ့။ ငါက အပြစ်အနာအဆာမရှိဘူး...
ဒါကြောင့် များများ သယ်နိုင်တယ် ဟိတ်ဟန်တွေနဲ့တဲ့။ အက်နေတဲ့ အိုးကလေးက စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာတယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများလို အပြည့်မသယ်နိုင်ဘူး... တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲဝမ်းနည်း နေသတဲ့ ...
...
ဒီလိုနဲ့ တစ်ရက်မှာ အက်နေတဲ့ အိုးကလေးက ရေထမ်းသမားကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့်အ၀ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင်သယ်သမျှ ရေတွေ အပြည့်မရဘူး... တစ်ဝက်က အလဟဿ ဖြစ်ရတယ်... လို့ ၀မ်းနည်း ပက်လက်နဲ့ ဆိုရှာတယ် ..
....
အဲဒီအခါမှာ ရေထမ်းသမားက ...
အိုးကလေး... မင်းကြည့်လိုက်စမ်း.... ရေခပ်ရာလမ်း တလျှောက်မှာ မင်းရှိတဲ့ ဘက်ခြမ်းမှာ လမ်းတစ်လျောက်လုံး ပန်းတွေပွင့်နေတာ မင်းသတိပြုမိရဲ့လား... တဲ့။ ငါက မင်း ရေစိမ့်နေ တယ်ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်းမှာ ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ နှစ်နှစ်လုံးလုံး ရေခပ်လမ်း ကအပြန်မှာ မင်း က ဒီပန်းပင်လေးတွေကို ရေမှန်မှန် လောင်း ပေးခဲ့တယ်။ အခုဆိုကြည့်စမ်း ... လှပတဲ့ ပန်းတွေပွင့်နေပြီ ...
....
အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေနဲ့ အလှဆင်နိုင်ပြီ... မင်းသာမရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း...


(သင်ခန်းစာ)
လူတိုင်းမှာ အားနည်းချက်လေးတွေ ကိုယ်စီရှိပါတယ်။
သို့ပေမယ့် ဒီအားနည်း ချက်ကလေးတွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်...
ပိုပြီး ချစ်စရာလည်း ကောင်းလာတယ်။ ဒီအားနည်းချက်အတွက် သဘာဝတရားကြီးက အစားတစ်ခုခုလည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင်မှလည်း မြင်သာမယ်၊
ချက်ခြင်း ရချင်မှလည်းရမယ် ...

 

မပြည့်တဲ့အိုး ဘောင်ဘင်ခတ်လို့ ခံစားနေရတဲ့အချိန်
မပြည့်နိုင်တာ အိုးအက်အက်နေလို့ပါ လို့ပဲ ခံယူပါတယ် ...
ဒီနေ့ စိတ်ထဲမကောင်းဘူး ၀မ်းနည်းတယ် 


~ Credit To Original Writer

သမ္မာကျမ်းစာမှလည်း ဝန်လေးပင်ပမ်းသူများငါ့ထံလာကြလော့ ..ငါသည်ချမ်းသာပေးမည်...ဆိုပါတယ်။ အားနည်းချက်များကို လူရှေ့မှာဝန်ခံဖို့ မဖြစ်နိုင်ပေမဲ့.. ကိုယ်အသိုင်းဝိုင်း၊ မိတ်သဟာရမှာတော့ ..ဝန်ခံနိုင်ရင်ကောင်းပါတယ်။ ဘုရားသခင်ရှေ့ဝန်ခံနိုင်ဖို့ ...ပထမဆုံး ... အများကြီးဆုတောင်းရပါတယ်။ နှုတ်ကပတ်တော်ကိုလည်း အများကြီးလေ့လာ ဆည်းပူးရပါတယ်။ ဘုရားသခင်က မိမိအားနည်းချက်၊ မပြည့်စုံချက်များကို ပြပ်ဝပ်ကျိုးပဲကြေမွတဲ့ စိတ်နှလုံးနဲ့ ငါထံပြန်လာရင် အမြဲလက်ခံ၊ ခွင့်လွှတ်ပါတယ်။ အဲဒီလို စိတ်နှလုံး မျိုးကို ဘုရားသခင်လက်ခံပါတယ်။ ဒါမှလည်း ဘုရားသခင်ကျေးဇူးတော်ကို နေ့ရက်စဉ်တိုင်း၊ အသက်မွေးလောက်သောအစာကို ကိုယ်တော်ရှင်သည် ချပေးမူပြီ..သီချင်းလဲဆိုနိုင်ပါတယ်။ နံနက်အာရုံလင်းချိန် မိုးကောင်းကင်အောက်မှာ ပျော်ရွှင်ခံစားရပါမယ်။ အစဉ်ချီးမွမ်းနိုင်ပါမယ်။ ဆာလံ ၇၀-၇၅ များကိုဖတ်ရင် ဒါဝိတ်မင်းကြီး ဘယ်လောက်ကျိုးပဲ့ကျေမွတဲ့ စိတ်နှလုံးနဲ့ ဘုရားမျက်မှောက်တော်ကို ဝင်ခဲ့သလဲ သိနိုင်ပါတယ်။ ဘုရားရှင် ဘုန်းတော်ထင်ရှားပါစေ..။ အာမင်

 

ဝိညာဉ်ရေးရာ Spiritual (random article)

အဦးသီးသောအသီးပေးလှူခြင်း (ဓမ္မဒေသနာ) - ဆရာပါနီမောင်


YouTube - Videos from this email

ချစ်သောဓမ္မမိတ်ဆွေများအတွက်၊ ၀ိညာဉ်ခွန်အားပြည့်ဝစေဖို့ ၊ ဓမ္မဒေသနာတပုဒ်နဲ့ ဓမ္မတေးနှစ်ပုဒ်ဝေမျှလိုက်ပါတယ်။
အဦးသီးသောအသီးပေးလှူခြင်း ဆရာတော်ဦးပါနီမောင် (ဘန်ကောက်)

ကြိုနေမယ် (Praise Song) နန်သောင်လုစင်း၊
မီးခွက် (Praise Song) ဇူလှိုင်ဂျာဆိုင်း၊
အစဉ်သဖြင့်၊ - ဆရာလတ်ယေရှဲ  (FBBC San Francisco မြန်မာအသင်းတော်) ..်း


ဆရာပါနီမောင် (Rev. Calvary Church,  Bangkok) ၂၀၀၆ က ကျွန်တော်တို့ စင်ကာပူ ယုဒသန်နှစ်ခြင်းအသင်းတော်ကို

Read more... Link  

Footer Monthly Articles & Web.Blogs

 

ဝိညာဉ်ရေးဆိုင်ရာလစဉ်ရွေးချယ်ထားသောမုရန်ဆောင်းပါးအချို့

 


Our Friendly Web & Blogs Links
jbcs.org.sg/main
woorank.com/en/www/sawpatrick.net
moemaka.com/2012/06/guest-writer-ပြည်သူတို့လိုချင်နေတ
spiritlessons.com/languages/index.htm
thawthikho.blogspot.com/2010/02/blog-post_9931.html
mahnkoko.blogspot.com.au
divinerevelations.info/languages/index.htm
mcathailand.com
myanmarinsingapore.com
karenfamily.org/profiles/blogs/links-1
zomimessenger.com/2012/09/column-music-column-extra-links-holy.html
streamoflife99.com/articles/jesus18yrsproblem.html
tudoenkung.wordpress.com/online-bibles
burmesebible.com/links.htm
jinghpawtingsan.blogspot.com/2011/04/morphvox-junior-voice-changer.html
sawkyawoo.com/2011/10/website_21.html
bethelkhrihfabu.net/nitin-bible-relnak.html
immanuelmyanmarchurch.com/apps/blog
mahnkoko.blogspot.com.au/2012/06/blog-post_10.html
kc-nl.blogspot.in/2011/09/2011-ning-ladaw-kcnl-nawku-hpung-wai.html
laaituibaptistchurch.com
mahnkoko.blogspot.com/2012/07/normal-0-false-false-false-en-au-x-none.html
mcflondon.com
dawnathar.blogspot.com/2010/11/blog-post_8330.html
imcwheaton.org
kc-nl.blogspot.com/2012/05/atrocities-in-kachin-land.html
kokomaunguk.blogspot.co.uk/2012/01/blog-post_21.html
sawpatrick.net
shinthan.com
bangkokchristchurch.net
batupuei.webs.com
burmesebible2008.blogspot.com/2009/10/typhoon-in-philippines.html
globalmcf.ning.com
intouchcnet.com
karanilan.webs.com/apps/videos/videos/show/5464117
kokomaunguk.blogspot.com.au/2012/06/blog-post_09.html
kokomaunguk.blogspot.sg/2012/08/blog-post_8666.html
mcctulsa.com
mgchit.blogspot.in/2012/08/blog-post_18.html
mmwebgallery.com
nlbcusa.wordpress.com
sawchit.blog.com/2011/06/12/ကျီးတို့အလယ်မှ-ဒေါင်း
sawchitthu.blogspot.com/2012/03/software-license-version.html
simonkamta.blogspot.com/p/mp3-download_16.html

swecanaan.blogspot.com/2012/09/andriod-phone-program.html
thelordword.com
tkbc-japan.net
bangkokchristchurch.net

haineni.ning.com
bangkokchristchurch.net
globalmcf.ning.com/
thawthikho.blogspot.com
orangeask.com
miccfortwayneusa.blogspot.com
mcflondon.com
kokomaunguk.blogspot.com

mission-one.co.cc                   
chanlinnay.mandalaybloggers.org

thespiritfruit.com
mg-m.blogspot.com  ကျမ်းစာလေ့လာနည်းများ
mcbc4u.blogspot.com မုရန်ဆောင်းပါးအချို့.
www.myatmingalar.com/ မြတ်မင်္ဂလာဒေသနာများ
myanmar-odb.org နေ့စဉ်ခွန်အား(မြန်မာ)

Ref:

http://www.alexa.com

ရယ်ရွှင်ဘွယ်ရာ (Random Selection)

အဓိပ္ပါယ်ဖွင့်ဆိုချက်။           ။ တကယ့်တကယ် ပုခက်လွှဲရတဲ့ သူတွေက ဖခင်တွေပါဗျာ။ ̏ပုခက်လွှဲ သော လက်သည် ကမ္ဘာကို လွှမ်းမိုးနိုင်သည် ̋ ဆိုတဲ့ စကားကို ပြန်လည် ချေပ လိုတဲ့ စကားကတော့-- ̏ပုခက်လွှဲသော လက်ပိုင်ရှင် စစ်စစ် (ဖခင်) သည် ကမ္ဘာပေါ်တွင် တုန်လှုပ် ခြောက်ခြားနေသည်။ ̋ ပါဘဲဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကမ္ဘာလုံးလုံးပေါ်က ဝင်ငွေဆိုတဲ့ ထိုင်ခုံ ဒေါက်တစ်ချောင်း ပေါ်မှာ ရပ်၊ အသုံး စရိတ်ကို ပုခုံးထမ်းရင်းနဲ့ ပုခက်တွေ အားလုံးကို လွှဲပေးနေရလို့ပါဘဲဗျာ။ (မရဏာနိုင်ငံသို့သွားရာလမ်းစာအုပ်မှ ကောက်နုတ်တင်ပြသည်)


 

ဗဟုသုတဆောင်းပါး (Random Selection)



ဆီးသီးမှာ ကာဗိုဟိုက်ဒရိတ်၊ ဆိုဒီယမ်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ သကြားဓာတ်၊ ဗီတာမင်၊ ပျော်ဝင်တဲ့ အမျှင်ဓာတ်နဲ့ မပျော်ဝင်တဲ့ အမျှင်ဓာတ်၊ ဖက်တီးအက်စစ်နဲ့ တခြား အာဟာရဓာတ်တွေ ပါဝင်တာကြောင့် အောက်ပါ က...ျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

(၁) အောက်ဆီဂျင် ရယ်ဒီကယ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း
ဆီးသီးမှာ ကိုယ်တွင်း ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ဓာတ်တွေ ပါဝင်တာကြောင့် အောက်ဆီဂျင်အခြေခံတဲ့ ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၂) သံဓာတ်စုပ်ယူမှု ကောင်းပြီး အင်တီအောက်ဆီးဒင့် ကာကွယ်မှု ရရှိစေခြင်း
ဆီးသီးရဲ့ အကျိုးကျေးဇူးတစ်မျိုးက ခန္ဓာကိုယ်မှ သံဓာတ်စုပ်ယူမှုကို ကောင်းစေတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ ဗီတာမင်စီများစွာ ပါဝင်လို့ပါ။ ဒါကြောင့် ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပြီး တစ်သျှူးတွေကို ကျန်းမာစေပါတယ်။ နားတွင်း ပိုးဝင်မှု မကြာခဏ မဖြစ်အောင် ကာကွယ်ပေးကာ ဖရီး ရယ်ဒီကယ်တွေကိုလည်း တွန်းလှန်ပေးပါတယ်။ ဒါကြောင့် ပန်းနာရင်ကျပ်ရောဂါ၊ ရိုးဆစ်ရောင်ရမ်းနာ၊ အူမကြီးကင်ဆာနဲ့ ရူမတွိုက်အဆစ်ရောင်နာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်စီပါတဲ့ သစ်သီးတွေ စားတာကြောင့် လေဖြတ်တာ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတို့ကြောင့် သေဆုံးမှုဖြစ်နှုန်းကို လျှော့ချပေးနိုင်ပါတယ်။

(၃) မက်ကူလာယိုယွင်းမှုကြောင့် မျက်စိထိခိုက်မှု မဖြစ်အောင် ကာကွယ်ခြင်း
တစ်နေ့ ဆီးသီး သုံးခွက်စားတာကြောင့် အသက်ကြီးလို့ဖြစ်တဲ့ မက်ကူလာ ယိုယွင်းပျက်စီးမှု (AMRD) ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၄) ကယ်လိုရီနည်းသော အစာအဖြစ် သတ်မှတ်ခြင်း
ဆီးသီးတွေက ကယ်လိုရီပါဝင်မှု နည်းပါးပြီး အန္တရာယ်ရှိတဲ့ မပြည့်ဝဆီလည်း မပါဝင်တာကြောင့် ဘေးထွက်ဆိုးကျိုးကင်းတဲ့ အစာအဖြစ် ရွေးချယ်စားနိုင်ပါတယ်။ ကြေးနီ၊ မဂ္ဂနိစ်၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်ပါဝင်မှု များတာကြောင့် နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေပါတယ်။

(၅) အစာခြေစနစ်ကို ကျန်းမာစေခြင်း
ဆီးသီးမှာပါတဲ့ အမျှင်ဓာတ်တွေက မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ အမျှင်ဓာတ်တွေက အစာခြေစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေ မှန်ကန် ကောင်းမွန်နေအောင်လည်း ထိန်းထားပေးနိုင်ပါတယ်။ အူတွေကို သန့်စင်စေကာ အစာခြေစနစ်ကို ကျန်းမာစေပါတယ်။

(၆) အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို လျော့ကျစေခြင်း
ဆီးသီးမှာပါတဲ့ လူတင်၊ ဇီဇန်သင်းနဲ့ ခရစ်ပတိုဇန်သင်းတို့ဟာ ဖလေဗွိုးနွိုက် အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်။ ဒီ အင်တီအောက်ဆီးဒင့်တွေက ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်နိုင်ပြီး အိုမင်းမှုနဲ့ အိုမင်းမှုကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အရေးကြောင်းဖြစ်တာနဲ့ ပါးရေတွန့်တာတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၇) ဦးနှောက်ကျန်းမာပြီး အားပြည့်စေခြင်း
လေ့လာမှုများစွာအရ ဆီးသီးမှာပါတဲ့ Asphenols ဆိုတဲ့ အင်တီအောက်ဆီးဒင့် အာနိသင်တွေကြောင့် ဦးနှောက်ဆဲလ်နဲ့ တခြားဆဲလ် အမြှေးပါးနေရာတွေမှာ တွေ့ရတဲ့ အဆီတွေကို ထိခိုက်မှုမဖြစ်အောင် ကာကွယ် တွန်းလှန်ပေးနိုင်တယ်လို့ သိရပါတယ်။ ဆီးသီးကို နေ့စဉ်စားတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို မှန်ကန်ကျန်းမာစေပြီး မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။ ဆီးသီးဟာ စိတ်ဓာတ်ကျတာကို ပြန်ကောင်းလာအောင် ကူညီနိုင်စွမ်းလည်း ရှိပါတယ်။

(၈) စိတ်ဖိစီးမှုနှင့် နုံးချည့်ညောင်းညာမှုကို တွန်းလှန်နိုင်ခြင်း
ဆီးသီး ငါးလုံး-ခြောက်လုံးကို ပုံမှန်နီးပါး စားပေးရင် မောပန်းမှုနဲ့ နွမ်းနယ်မှုတို့ကို တွန်းလှန်ပေးနိုင်ပါတယ်။ ဆီးသီးဟာ အာရုံကြောတွေကို ငြိမ်းအေးစေပြီး သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ရောက်ရှိစေနိုင်ပါတယ်။

(၉) အမြင်အာရုံကို ကောင်းမွန်စေခြင်း
ဆီးသီးမှာပါတဲ့ ဗီတာမင်အေဟာ အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် သွားပိုးစားတာနဲ့ အဆုတ်ကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဆီးသီးရဲ့ တခြားကောင်းကျိုးတစ်ခုက အသားအရေကို ကြည်လင်တောက်ပစေတာပဲ ဖြစ်ပါတယ်။ ဆီးသီးမှာပါတဲ့ ပိုတက်စီယမ်ဓာတ်ဟာ နှလုံးခုန်နှုန်းကို ကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်အတိုင်း ထိန်းထားပေးနိုင်ပါတယ်။ ဆီးသီးမှာပါတဲ့ သံဓာတ်ဟာ သွေးနီဥတွေကိုဖြစ်ပေါ်စေပြီး ဗီတာမင်ကေဟာ သွေးခဲအောင်ကူညီပေးကာ အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

Ref: Good Healths
Posted by Nang (Myanmar in Singapore)

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.1)

First Song, auto play, click "stop" button

နှုတ်ကပါတ်တော်ကျမ်းစာ
စီစဉ်သူ - ဆရာလတ်ယေရှဲ၊ ဂီတမှုး အယ်ဘောက်နော်

နှုတ်ကပါတ်တော်ကျမ်းစာ
ဆို-ပိုးဒါလီသိန်းတန်၊ ရေး-စောရူဘီ
က မ္ဘာ မြေ အ စ နဲ့ အ ဆုံး၊ ကပ် ကမ္ဘာ ကုန် သည့် ထိ တိုင် ရေး သား ပြု စု  ထို ဟော တမ်း များ
စုံ လင် လာ တဲ့ အခါ  အ သက် နှင့် ပြည့် စုံသော ကျမ်း တန်ခိုး ကြီး မား သော တရား
(မွေး ဖွား သန့် စင် လူ တွေ နဲ့ ဝန်း ကျင်) အဘယ် သို့ ပြု မူ နေ ထိုင် ဖို့ ဆုံး မ ပဲ့ပြင် သွန် သင် လို့
(လမ်း ပြ ပို့ ဆောင် ထာဝရ အ သက် လမ်း မှာ)
.
CHO; ကျမ်း စာ ကျွန်ုပ် ခြေ ရှေ့ က မှောင်နေ ပါတယ် ဆိုတဲ့ ဆူး ခင်း လမ်း မှာ
ခြေ လှမ်း တွေကို မမှား ရ အောင် လမ်း ပြ ရှင် ဖတ်ပါ .. ကျွန်ုပ် ရှေ့ ရေး အ တွက် မှာ
ကိုယ်တော် အလို တော် ရှိ သော  ဘဝ ဖြစ် ရ အောင်   အ စဉ် အမြဲ သွန်သင် ပေး သူ
အား ပေး သူ သခင် ဘုရား (ဝိ ညာဉ် တော် နှင့် မှုတ် သွင်း နုတ် က ပါတ် တော်
သန့်ရှင်း သမ္မာ ကျမ်း စာ)
.
အ ဘယ် မျှ ပျက် စီး လဲ ထိုး ဖောက် ဝင် လာ တဲ့ အခါ ဘုန်း တန်း ခိုး ကြီး မား ထို စကား များ
လူတွေ ရဲ့ နှလုံး ကို  .. ပြောင်း လဲ ပြုပြင် နိုင် စေ ဖို့ တွန်း အား ပေး တဲ့
(မြင့် မြတ် လွန်း တယ်  လူ တွေ ရဲ့ ကြား မှာ)

 

 

တောင်းဆုပန်ချွေ
ဆို-အယ်လုအောင်  ကဗျာ-လတ်ယေရှဲ   သံစဉ်-ဂျပန်
၁။ 
ဝေဒနာဖိစီး..ပူပြင်းမီလျှံပမာ..
နှလုံးသားအသဲလေးကျွမ်းလောင်ကာ - ရုန်းမထွက်နိုင်..
ဘယ်ပုံဘယ်နည်းပြေးထွက်ခွာ-အဖြေရယ်မရှိ..
အားလုံးစွန့်ခွာ - ခိုကိုးရာမဲ့ - အနန္တဘုန်းရှင်ထံပါး..
ပူဆွေးခြင်းများတွေနဲ့ချဉ်းကပ်ကာ - ဘုန်းတော်ရှင်ဘုရား ..
ပိုးဖလံလို - ပူမှန်းသိလျက်မီလျှံထဲ - ကိုသာ - ဇွတ်တိုးခဲ့ပြီ ..
ချစ်ခြင်းအရှင်ဘုရား - ကြေကွဲခြင်းနဲ့ အရှင့်ထံပါး ..
တိုးဝင်ကာ - တောင်ဆုပန်ချွေ

၂။
မှီရာကင်းမဲ့ - ပျောက်သောသားငယ်လို ..
ပြောင်းလဲခြင်းတရားရဲ့ စီးရေထဲ - မျှောလွင့်ကာ ..
ကြင်နာသောအဘရဲ့ မေတ္တာ - ဆာလောင်နေဆဲ ..
ကြမ်းတမ်းတဲ့ဘဝရဲ့ ဝင်္ကဘာထဲ - ကြိတ်မှိတ်ခံစားနေ ..
အနန္တဘုန်းတော်ရှင်ဘုရား - နောင်တနဲ့ပြန်လာခဲ့ပါရစေ - လက်ခံမည်လား ..
မေတ္တာရှင်မိုက်ပြစ်များကို တောင်းပန်ကာ ..
ခံစားခွင့်ပေးသနား - အရှင်ဘုရားထံမှာ
ယုံစားရင်းနဲ့ သခင်ခြေရင်း - တိုးဝင်ကာ တောင်းဆုပန်ချွေ ...

၃။ 
ကိုယ်တော်ရှင်ရဲ့ ခြေရင်းသို့ - မျှော်လင့်ခြင်းများနဲ့ တိုးဝင်ကာ
ဝေဒနာရယ်ပြေစေသား - သနားမူပါ ..
ညှစ်စွန်းလှတဲ့အပြစ်တွေများစွာကို - ခြေရင်း၌ထား ..
ချစ်ခြင်းအရှင်ဘုရား - ငိုကျွးရင်းနဲ့သခင်ထံပါး ...
ချစ်ခြင်းအရှင်ဘုရား - ငိုကျွေးရင်းနဲ့သခင်ထံပါး ..
တိုးဝင်ကေား - အားကိုးရာရှာ - အို အရှင်ဘုရား..
ရှိသမျှအပြစ်ရဲ့ အကျွေးတွေကို - ဖြေလွှတ်ပေးသနား .
ပန်ကြားအခါခါ ..
မျှော်လင့်ချက်နဲ့ - သခင်ထံပါး - တိုးဝင်ကာ - တောင်းဆုပန်ချွေ ...

 

 

 

အုပ်စိုးပဲ့ကိုင်ရှင်
ဆို - အင်ခွန်ဇကွဲ   ရေး - စောရူဘီ
CHO; (လက်ခုတ်တီး၍ချီးမွမ်းကြ၊ လက်ခုတ်တီး၍ချီးမွမ်းက
ချီးမွမ်းသီချင်းများသီဆို ဟာလေလုယ)
ကြောက်မက်ဖွယ်သောအရာထဲက ရွေးနှုတ်ကယ်တင်သူ ဒုက္ခနွံ့ထဲမှာနှစ်စဉ်
ကြိုးစားရှာနိုင်သော ရှေ့ကတားဆီးကူညီမစ ဘုန်းတန်ခိုးကြီးမြတ်သောအရှင်
လူမျိုးတို့တွင် စိုးစံဂုဏ်တော် အရှိန်အဝါထွန်းတောက်နေ
မြေကြီးအမြစ်တည်၍ ထိုတိုက်မြစ်စွဲမြဲစေမူရာ လှိုင်းလုံးတွေနဲ့ပင်လယ်သမုဒ္ဒရာ
ပိုင်းခြားစီရင်သော မိုးကြိုးလျှပ်ပစ် ကြယ်တာရာနက္ခတ်အုပ်စိုးပဲ့ကိုင်သောအရှင်
တန်ခိုးကြီးသောဘုရားရှင် ဂုဏ်တော်သီဆိုချီးမွမ်းပါ။

 

 

ချစ်ခြင်းမေတ္တာ
ဆို-ပိုးဒါလီသိန်းတန်   ရေး-အားဆီ
v1 
စကားလုံးတွေထက်ထိရောက်တာ ချစ်ခြင်းမေတ္တာပါ
နည်းလမ်းကောင်းတွေထက် အကျိုးရှိတာ ချစ်ခြင်းမေတ္တာပါ

Cho: မေတ္တာမရှိလျှင် အချီးနှီးပါ။ အသက်ခန္တာစွန့်လည်း 
မေတ္တာရှိလျှင် ငြိမ်းချမ်းမည် လူသားတို့ကမ္မာမှာ

v2
အကြောင်းပြချက်တွေထက်ကောင်းမြတ်တာ ချစ်ခြင်းမေတ္တာပါ
နှင်းပန်းလေးတွေထက် မွှေးပြတာ ချစ်ခြင်းမေတ္တာပါ

 

 

ရှာတွေ့ခဲ့ပါပြီ
ဆို-လဇွန်တန်နောင်    ရေး-စောရူဘီ
အစမှာတော့ အခါခါပူဆွေးနေ၊ နောင်တချိန်မှာ ငါဘယ်ရောက်မလဲ
အစဉ်ပဲတွေးပူနေ၊ တွေ့လိမ့်နိုးငြိမ်သက်မှုကိုလိုက်ရှာရင်း 
အထီးကျန်စွာ ခိုလှုံရာကင်းမဲ့လွန်းတဲ့ချိန် အစမှာတော့ အကြိမ်ကြိမ် မျှော်လင့်နေ
နောင်တချိန်မှာ လုံခြုံစိတ်ချနိုင်ဖို့အရေးကိုပါ၊ အခုမှရှာတွေ့ခဲ့ပြီသခင်ရဲ့လမ်း
စိုးရိမ်စရာအရာရာဟာ လွင့်ပျောက်ခဲ့ရပြီ
.
Cho: နောင်တချိန် တမလွန်မျှော်လင့်ခြင်း၊ ကျွန်ုပ်ဘဝအတွက် မရှိခဲ့ပါ
ကိုယ်တော်ကိုရှာတွေ့ခဲ့ပါပြီ၊ နောင်ဘဝအတွက်ရွှေနန်းတော်ထာဝရနန်း
ထက်သို့ခေါ်ဆောင်သွားမဲ့နေ့ရက်ကို မျှော်လင့်ခွင့်ရလို့ ကျွန်ုပ်ဝမ်းမြောက်ရပါပြီ

 

 

ဂတိတော်ထားရာပြည်
ဆို-ညီညီမြင့်     ရေး-ဒေါက်တာဘီလီ
အနိုင်ယူတဲ့နှလုံးသားနဲ့ အရာရာကိုစိုးမိုးနေ၊ ဖြူစင်တဲ့သဘောထားတွေလည်း 
တဖြေးဖြေးနဲ့ခမ်းခြောက်လာပြီ၊ အကျင်နာကင်းမဲ့လွန်းတဲ့ ကမ္ဘာမြေထဲမှာ
ရက်စက်မှုများ ပြည့်နှက်လွန်းနေ ကိုယ်တော်ရှင်ပြောခဲ့တဲ့
အချိန်နာရီရောက်လုပြီ၊ လူတွေကိုယ်ကျင့်တရားတွေလည်း 
လောဘခေတ်ရဲ့အကျင့်လိုပဲ ၊ နောင်တနှလုံးသားနဲ့ သခင်ဆီမပြန်ခဲ့ရင် 
ကိုယ်တော်အမြတ်တော် မီးနဲ့ကန့်ကျရောက်လာမယ်။ 

Cho: 
ကိုယ်တော်ဘုရားပြန်လာချိန်နီးလို့လာပြီ၊  သဘာဝကပ်ဆိုးတွေလည်း 
အချိန်မတန်ပဲရောက်လို့လာပြီ၊ မတည်ငြိမ်မှုများနဲ့ ကမ္ဘာမြေပျက်စီးလို့လာပြီ
အစာရေစာခေါင်းပါးနေလို့ ငိုကြွေးမှုများနဲ့သာ ဒီရင်နှလုံးသားများလည်းကွယ်
(မအေးချမ်းနိုင်ပြီ)

ပူလောင်မှုများနဲ့ကမ္ဘာမြေလောင်ကျွမ်းလုနေပြီ၊ မြေငလျင်ကြီးများလည်း 
(ခဏခဏပဲ လှုပ်ခတ်လာပြီ)၊ ကိုယ်တော်ဘုရားရဲ့ပြန်လာချိန်နီးပြီ
ချီဆောင်ခြင်းရဲ့နေ့ရက် နီးသထက်နီးလာပြီ၊ ကိုယ်တော်ပြန်လာချိန်နေ့ရက်တွေ
တဖြေးဖြေးနဲ့နီးလို့လာပြီ၊ ဝိညာဉ်ဆီမီးဖြည့်လို့ရယ်
ကိုယ်စီပြင်ဆင်ရမဲ့အသက်တာတွေ ကိုယ်တော်ရှင်ပေးထားတဲ့ 
(ဂတိတော်ထားရာ ပြည်ဝင်စားချိန် နေ့ရက်နီးနီးလို့လာပြီ)

 

 

ဥပဇ္ဈာယ်ဆရာ
ဆို-အယ်လုအောင်    ရေး-ဒေါက်တာဘီလီ
အကြွင်းမဲ့သွန်သင်ပါ၊ ကူညီပါ၊ လမ်းပြပေးပါ၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား
ဇာတိစိတ် ငါ့အလိုအတိုင်း မရှင်စေပဲ၊ ဝိညာဉ်သဘောဖြင့်သာ အဆုံးတိုင်အောင်
တည်ကြည်စေပါ၊ ဝိညာဉ်တော်အားဖြင့် တံဆိပ်ခပ်တော်မူပါ
.
Cho: 
သန့်ရှင်းသောဝိညာဉ်တော်အား၊ ကျွန်ုပ်တို့အပေါ်ထွန်းလင်းစေတော်မူပါ
ဝိညာဉ်တော်နှင့် ကျွန်ုပ်အားပြည့်ဝစေပါ။ ကိုယ်တော်၏သက်သေဖြစ်စေတော်မူပါ
တပါးတည်းသော ဥပဇ္ဈာယ်ဆရာ သမ္မာတရားကိုသာ သွန်သင်ပေးပါ
သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ ကျွန်ုပ်အထဲမှာ အစဉ်ကိန်းတော်မူပါ

 

နောက်လှည်ကြည့်မနေနဲ့
ဆို-ညီညီမြင့်   ရေး-စောရူဘီ
သခင်သွားရာ ကျွန်ုပ်လိုက်မည်၊ ခြေလှမ်းများအားမာန်အပြည့်
ခေါင်းချစရာမရှိငြားလည်း နောက်တော်ကိုကျွန်ုပ်လိုက်မည်
သခင့်လမ်းမှာပူဆွေးစရာ လူတွေကဲ့ရဲ့အပြစ်တင်ကြမယ်
သိုငြားလည်း သင်မူကား သခင့်နိုင်ငံတော်အကြောင်းပြောလော့
.
Cho: 
နောက်လှည့်မကြည့်နဲ့၊ နောက်လှည့်မကြည့်နဲ့ဟေ့...
လုပ်ငန်းဝင် ထွန်တုံးကိုင်ကာ ငေးမော
နောက်လှည့်မကြည့်နဲ့၊ နောက်လှည့်မကြည့်နဲ့ဟေ့...
စိုက်ပျိုးပါ၊ အချိန်မှီ ရိတ်သိမ်းဖို့ရာတာဝန်များ
လက်တွေ့ကျမဲ့ သခင့်လူများ အစေခံရာလမ်းမှာ

 

 

ရှေးဦးဆရာ
ဆို-ခရစ်စတင်းလှစင်း   ရေး-ဒေါက်တာဘီလီ
အမေ့ရဲ့ဝမ်းတွင်း သန္ဓေသားဘဝက စောင့်ရှောက်ရင်းနဲ့
အကာအကွယ်တွေပေးကာ နာကျင်လွန်းတဲ့ဝမ်းရဲ့ ဒုက္ခတွေခံစားရင်း
သူ့ရဲ့ရင်သွေးလေးကို မွေးဖွားစေခဲ့သူ
ရှင်သန်ကြီးထွားလာမဲ့ အပင်ငယ်လေးတွေရဲ့ ဘဝထာဝစဉ်စိမ်းလန်း
စိုပြေနိုင်ဖို့ ခန္ဓာသွေးချွေးတွေနဲ့
ရင်းတဲ့အသပြာတွေနဲ့ လောဘရဲ့အတတ်တွေကို သင်ယူစေခဲ့သောသူ
ဝမ်းနည်းအားငယ်စရာတွေ ကြုံလည်း၊ ကျင်နာနှစ်သိမ့်မှုနဲ့ မျက်ရည်သုတ်ပေးသူ
ဘဝရဲ့လမ်းများစွာထဲ မှန်ကန်စွာ ရှောက်လှမ်းနိုင်ဖို့ အောင်မြင်သောဘဝ ရစေဖို့
သမ္မာတရားအားဖြင့် သွန်သင်လမ်းပြသူ
.
CHO:
ရှေးဦးဆရာအမေပဲလေ၊ သွန်သင်ဆုံးမရင်းနဲ့ ပဲ့ပြင်ပေးတတ်သူ
နွေးထွေးကျင့်နာစွာ ယုယသူ၊ ပျော်ရွှင်မှုနဲ့နှစ်သိမ့်ခြင်းတွေ ပေးတတ်သူ
လမ်းပြကြယ်စင်၊ အမှောင်တွေရှင်းလင်းပေးသူ၊ ထွန်းလင်းတတ်သောနေမင်းကြီး
ပမာ ရင်ကိုနွေးထွေးစေသောသူ၊ မြင့်မိုလ်တောင်ကြီး မြင့်မားလွန်းတယ် ဒါပေမဲ့ 
အမေမေတ္တာတော့ မမှီနိုင်ဘူးကွယ်၊ ကောင်းကင်ပြာလည်း ကြီးမားလွန်းတယ်
ဒါပေမဲ့ အမေ့မေတ္တာလောက်တော့ မကြီးမားနိုင်ဘူးကွယ်

 

 

ပျက်စီးခြင်းနှင့်ကင်းရာ
ဆို-ဒေါင်းနော၊ ဇူလိုင်ဂျာဆိုင်း    ရေး-အယ်ဂျာလ
ကိုယ်တော်သာလျှင့်အကောင်းဆုံး အမွန်မြတ်ဆုံး လိုသူကိုပေးကမ်းစွန့်ကြဲသူ
ငယ်သူကို ဖေးမစာနာတတ်သူ၊ အဆင်မပြေသူအားလုံးကို သနားငဲ့ညာသူ
လူဆိုတာ ကိုယ့်အကျင့်၊ ကိုယ်မြတ်နိုးသူ၊ ထင်တာတွေအားလုံး အမှန်လို့သာ
ခင်တွယ်ရာကိုယ့်အပြုအမူတိုင်းဟာ တကယ်ဆိုရင်
ကိုယ့်အကျင့်နဲ့ ဖြောင့်မတ်ခြင်းသို့ မရောက်နိုင်ဘူး
.
CHO:
သင်တို့၏နှလုံးသားများ ငါ့အားပေးဆပ်ပါလော့၊ ဥာဏ်စွမ်းရှိသမျှ
အားကိုးယုံကြည်လော့
သင်တို့၏မျက်စိများ ငါသွားသောလမ်းကိုကြည့်မှတ်ကြစေလော့၊ ဥာဏ်စွမ်းရှိသမျှ
အားကိုးယုံကြည်လော့၊ သမ္မာကျမ်းထဲက အလိုအတိုင်း၊ သင်တကယ်ကိုးစားအပ်နှံရင်
သင့်ရဲ့အကြံစည်များလည်း တည်ကြလိမ့်မည်

 

 

အိပ်မပျော်သောည
ရေး၊ဆို-အယ်ဂျာလ
ညည်းတွားရင်းနဲ့အသက်ရှုကြပ်တဲ့ဘဝတွေ၊ ဒီကမ္ဘကြီးထဲ အများကြီး အခက်အခဲများ 
တိုက်ခိုက်ရုန်းကန်၊ နေ့စဉ်ဘဝတွင် ငြိမ်သက်ခြင်းများ ဘယ်မှာလဲ ရှာရခတ်
အတွေးဆိုးများနဲ့ မွန်းကျပ်ဖိစီးတဲ့အခါ 
ဘယ်လိုနည်းနဲ့ထွက်ပေါက်ရအောင် ဖြေရှင်းမလဲ၊ လောဘဒေါသမုန်တိုင်းများထဲက
ဘယ်လိုနည်းနဲ့ ထွက်ပေါက်ရအောင် ဖြေရှင်းမလဲ
ဒုက္ခကြောင့် အိပ်မရတဲ့သူတွေထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခွင့်ကို 
ဘယ်သူပေးလဲ၊ သောကကြောင့် အိပ်မရတဲ့သူတွေထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း
အိပ်စက်ခွင့်ကို ဘယ်သူပြင်ဆင်နေတာလဲ
(နေ့စဉ်နေ့တိုင်း ကျေးဇူးများစွာ ရေတွက်ရင်းဂုဏ်တော်ကို ချီးမွမ်းသီဆိုကာ
အသက်ဆက်ရှင်တော့မယ်)

 

 

ဒီရာသီ ဒီအလွမ်း
ဆို-နန်တောင်လှစင်း   ရေး-စောရူဘီ
တောင်ပေါ်မှာလေပြေငယ်လေး၊ ဆော့ကစားရင်းနဲ့
သယ်ဆောင်လာပြန်ပြီ ငွေနှင်း အအေးဓါတ်က ခတ်ပိုပို
(ဆောင်းနှင်းတွေ ဝေတိုင်းပဲ သတိရတယ်) ဒီရာသီနဲ့ဒီအလွမ်းလေးပါ
(အလွမ်းလေးများ) ဒီလိုအချိန်ခါမှာဆုံမယ်
ဆိုတဲ့အတိုင်းပဲ ပျော်ရွှင်နိုင်ပါစေ၊ စိတ်နှလုံးချမ်းမြေ့ပါစေ
(နှုတ်ဆက်လာအတူ မေရီခရစ်စမတ်ပါ)
ဒီရာသီနဲ့ဒီစကားလေး
.
CHO;
နေကြာ၊ ရေနေကြာ မညှိုးနဲ့ပွင့်ပါ၊ အမြဲတမ်းပွင့်ပါလေ
(မညှိုးတမ်းလေ)၊ ဒီရာသီကုန်ခါ ဆုံးမဲ့အဖြစ်ကို စိုးကြောက်မိသူပါ
(ဒို့ရဲ့အရှင်ယေရှု မွေးဖွားတဲ့အချိန်)
ဒီရာသီလေး (ထာဝရမဆုံးချင်) နေကြာရေနေကြာ မညှိုးနဲ့ပွင့်ပါ
အမြဲတမ်းပွင့်ပါလေ (မညှိုးတမ်းလေ) အကြိမ်ကြိမ်ပါ ကြုံလာခဲ့ရနေလဲ
အမြဲပဲ မရိုးနိုင်ပါ  (ဒို့ရဲ့ အရှင်ယေရှု မွေးဖွားတဲ့အချိန်)
ဒီရာသီလေး ထာဝရရှိစေချင်

 

 

ခရစ်စမတ် ၂၀၁၄

မုရန် ဒီဇင်ဘာ ၂၀၁၄

http://murann.com/hymn/9praise.sanfrancisco.2014.htm

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.2)


(၁)
လမ်းမထက်မှာ ပုဆိုးမနိုင်
သိုင်းပြောင်ပြန်နင်း ဆဲရေးခြင်းနှင့်
ထင်ပေါ်ကျော်ကြားကာ ရမ်းကားလာသူ
အရက်သမားမှ အပြစ်သားတဲ့လား

(၂)
ဘုရားကျောင်း မှန်မှန်တက်
အလှုငွေတွေ ထည့်ပြီး
အမှုတော်မှာ တက်ကြွစွာပါဝင်လည်း
စိတ်နှလုံးယုတ်ညံ့ အတွင်းစိတ်ပုတ်
အုံ့ပုန်းအပြစ်သား..။

(၃)
အင်း .. .. ဘုရားရှေ့မှာ
အထက်ကလူနှစ်ယောက်
အပြစ်ရှိခြင်း အတူတူပါဘဲလား.။
(မင်းထွန်းသက်လွင်)

 

ချီးမွမ်းတေးသီချင်းနှင့်ကဗျာများ (random hymn No.3)


Come, now is the time to worship
Come now is the time to give your heart
Come just as you are to worship
Come just as you are before your God   Come

One day every tongue will confess You are God
One day every knee will bow
Still the greatest treasure remains for those
Who gladly choose you now