မုရန် မဂ္ဂဇင်း

လွတ်လပ်ခြင်းဖြင့် ဘုရားရှင်အား ကိုးကွယ်မည်

Thursday, Sep 09th

Last update07:05:36 PM GMT

You are here:: ဟာသများ ချစ်လွန်းလို့

ချစ်လွန်းလို့

E-mail Print PDF

(မင်းအောင်သက်လွင်)

အသက် ၆၀ ကျော် ပင်စင်စား ကမ္ဘာလှည့် ခရီးသည် ဇနီးမောင်နှံဟာ HOLY LAND လို့နာမည်ကြီးတဲ့ ယေရုရှလင်မြို့  ကို ကမ္ဘာလှည့် ခရီးသွား အေဂျင်စီ တစ်ခုရဲ့ အစီအစဉ်နဲ့ ရောက်ရှိလာခဲ့ပါတယ်။။ ပထမ တစ်ရက်မှာတော့ ဘာသာပြန်သူ လမ်းပြရဲ့ ပို့ဆောင် ဧည့်ခံမှုကြောင့် သခင်ယေရှု မွေးဖွားရာ၊ ကြီးပြင်းရာ နေရာများ၊ အသေခံရာ ကရာနိ တောင်ကုန်းနဲ့ ဂူသချိုင်းပါ မကျန် သွားရောက် လေ့လာခဲ့ပါတယ်။

မမျှော်လင့်ဘဲ နောက်တစ်နေ့ မနက် စောစောမှာတော့ ပင်စင်စား ခရီးသည် ဇနီးမောင်နှံထဲက ဇနီးဖြစ်သူဟာ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။။ ခရီးသွား အေဂျင်စီက မန်နေဂျာနဲ့ ဟိုတယ် မန်နေဂျာတို့က ကျန်ရစ်သူ ပင်စင်စား ကမ္ဘာလှည့် ခရီးသည်ဖြစ်တဲ့ ခင်ပွန်းသည်ကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ သူ့ဇနီးရဲ့ နောက်ဆုံး ဈာပန အခမ်းအနားကို မိမိတို့ဘက်မှ တာဝန်ယူ စီစဉ်ပေးမှာ ဖြစ်ကြောင်း လာရောက် နှစ်သိမ့် ကမ်းလှမ်းခဲ့ပါတယ်။

ဈာပန အစီအစဉ်အရ ဇနီးသည်ရဲ့ ရုပ်ကလာပ်ကို HOLY LAND မှာ မြှုပ်နှံ သင်္ဂြိုလ်မည် ဆိုပါက ဒေါ်လာငွေ ၅၀ သာ ကုန်ကျမည်ဖြစ်သော်လည်း။ ရုပ်အလောင်းကို မိမိ နိုင်ငံသို့ ပြန်လည် သယ်ဆောင်လိုပါက လေယာဉ် သယ်ဆောင်စရိတ် ဒေါ်လာ ၁၅၀၀ ကုန်ကျမည်ဖြစ်ကြောင်း၊ သို့ပါသောကြောင့် ကျန်ရစ်သူ ခင်ပွန်းသည် အနေနှင့် မည်သို့ မည်ပုံ ပြုလုပ်ရန် အလိုရှိကြောင်း ဆန္ဒကို မေးမြန်းရာ ခင်ပွန်းသည်က ဇနီးဖြစ်သူ၏ ရုပ်အလောင်းကို မိမိနိုင်ငံသို့ ပြန်လည် သယ်ဆောင် မြှုပ်နှံလိုကြောင်း အကြောင်းပြန်ခဲ့ပါတယ်။

ထိုအခါ ခရီးသွား အေဂျင်စီက မန်နေဂျာနှင့် ဟိုတယ် မန်နေဂျာတို့က အံ့သြသွားပြီး မိမိနိုင်ငံသို့ ပြန်သယ်ပါက ဒေါ်လာ ၁၅၀၀ ကုန်မှာဖြစ်ပြီး မသယ်ဘဲ ယေရုရှလင်မြို့တွင် မြှုပ်နှံပါက ဒေါ်လာ ၅၀ သာ ကုန်ကျမည့်အပြင် မိမိဇနီးသည် ရုပ်အလောင်းကို ကမ္ဘာကျော် ကမ္ဘာလှည့် ခရီးသည်များ အထူးစိတ်ဝင်စားရာ HOLY LAND တွင် မြှုပ်နှံခဲ့ရခြင်းသည် ဂုဏ်ယူစရာ ဖြစ်ကြောင်း၊ ကယိကထလဲ မများကြောင်း ဖျောင်းဖျပြောဆိုရာ ခင်ပွန်းသည်က ငွေဘယ်လောက် ကုန်ကုန် မိမိနိုင်ငံသို့သာ ပြန်သယ် မည်ဟု အတိုက်အခံ ငြင်းဆန်ခဲ့သည်။

ဇနီးသည်နှင့် မခွဲနိုင် မခွာရက်သော ဂန္တ၀င်မြောက် အဖိုးကြီး၏ ချစ်ခြင်းမေတ္တာ သံယောဇဉ်ကို မှတ်တမ်းတင်လို၍ မန်နေဂျာများက နယ်ခံသတင်းထောက်များထံ သတင်းပေးပို့ရာ ဖြစ်ရပ်ဆန်းကို စိတ်ဝင်စားသော သတင်းထောက်များ ရောက်လာပြီး “ဘာဖြစ်လို့ ခင်ဗျား ဇနီးကို ယေရုရှလင်မှာ မမြှုပ် ချင်တာလဲ’’ ဟု ဗီဒီယို ကင်မရာရှေ့တွင် မိုက်ကရိုဖုန်းကြီး ထိုးပြီး ၀ိုင်းဝန်းမေးမြန်း အင်တာဗျူးရာ လာရောက်ကြည့်ရှုသူ ပရိတ်သတ်များက အဖိုးဟာ “ချစ်လွန်းလို့” ဆိုသော အဖြေကို ဧကန် မုချ ဖြေမည်ဟု ထင်မှတ်ထား၍ ပီတိဖြာ စိတ်ဝင်စားသော မျက်ဝန်းများဖြင့် အဖိုးအိုအား မျှော်လင့်တကြီးစောင့်စား ကြည့်နေစဉ် သတင်းထောက်များ ရှေ့တွင် အဖိုးအို ပြန်ဖြေလိုက်သော စကားမှာ “ဟာ ကျုပ်ဇနီးကို ဒီမှာ မြှုပ်ခဲ့လို့ မဖြစ်ဘူး။ ဒီနေရာက သခင်ယေရှု သေဆုံးပြီး သုံးရက်မြောက်နေ့မှာ ပြန်ရှင်လာတဲ့ သမိုင်းဝင် နေရာဗျ။ တော်ကြာ ကျုပ်ဇနီးလဲ သုံးရက်မြောက်နေ့မှာ ပြန်ရှင်လာရင် ဘယ့်နှယ်လုပ်မလဲ၊ သူ ပြန်ရှင်လာလို့ မဖြစ်ဘူးဗျ။” တဲ့။ ။

မင်းအောင်သက်လွင်

(၀န်ခံချက်။ မိတ်ဆွေတစ်ဦး ပေးပို့သော အီးမေးလ် အား ဘာသာပြန်ဆို ရေးသားထားခြင်း ဖြစ်ပါသည်)

Comments (1)Add Comment
...
written by yinn mar cho, March 19, 2010
ကျေးဇူးတင်ပါတယ်. ဒီဆိုဒ်ကလေးက သုတ၊ရသ၊ဟာသနဲ့ ၀ိညာဉ်ရေး ကိုပါတိုးတက်ကောင်ွးန်စေပါတယ်
နေ့စဉ်ခွန်အားကို ဒီဆိုဒ်လေးမှာရှိတေ့  အဆင်ပြေပါတယ်။ အိမ်မှာဖတ်ဖို့မေ့ရ် အလုပ်လုပ်ရင်း ဖွင့်ဖတ်လိုက်ရုံပဲ လ
အသစ်အဆန်းလေးတွေ များများတွေးပြီး... များများရေးပေးပါနေ်....
ကျေးဇူးတင်လျှက်-
report abuse
vote down
vote up
Votes: -1

Write comment
quote
bold
italicize
underline
strike
url
image
quote
quote
smile
wink
laugh
grin
angry
sad
shocked
cool
tongue
kiss
cry
smaller | bigger

busy