
ဆရာရွှေ ဆိုတဲ့ လူဖြောင့်၊စိတ်တို သင်းအုပ်ဆရာ တစ်ပါးရှေ့မှာ သူ့အကြောင်းမသိတဲ့ ဧည့်သည် ဧ၀ံဂေလိ ဆရာတစ်ဦး တရားဟောတဲ့ပါတယ်။ ပုံပြင်လေးတစ်ပုဒ် ထည့်ပြောတယ်။
တစ်ခါက .. တဲ့ ..... ရွာတစ်ရွာကို လူငယ် သင်းအုပ်ဆရာအသစ်အနေနဲ့ဝင်လာတယ်။ ရွာအပြင် ရွာအ၀င် တဲလေးတစ်ခုမှာ အသက်၆၀ကျော် အဖွားကြီးတစ်ယောက်ထဲနေလို့ စကားပြောကြည့်တော့ .. သူကို အမှန်တရားပြောလွန်းအားကြီးလို့ ရွာအပြင်ထုတ်ထားကြောင်း .. သိရတယ်။ အင်း ..ရွာကလူတွေ သက်ကြီးရွယ်အိုကို ဒီလိုမလုပ်သင့်ကြောင်းလည်း တရားဟောရဥိးမယ်ဆိုပြီး ဆက်ထွက်သွားချိန်မှာ နောက်က အဖွားအိုက "ဟဲ့ မျက်စေ့တဖက်စွေနေတဲ့ သူငယ်၊ မင်းရဲ့ ဘောပင်မေ့ကျန်နေတယ်ကွဲ့" ... လို့အော်ပြောလိုက်တော့ .. တရားဟောဆရာလူငယ် စိတ်ဆိုးသွားပြီး ... ရွာပြင်ထုတ်ထားတာ နဲတောင်နဲသေးတယ်လို့ တွေးမိလိုက်တယ် .. တဲ့။ ဧ၀ံဂေလိ စကားပြောရင် လည်း မှန်ကန်ပေမဲ့ သတိထားပြောဆိုဖို့ တရားဒေသနာတိုက်ကြွေးသွားပါတယ် ...
တရားပလင်အောက်က နားထောင်နေတဲ့ ဆရာရွှေကတော့ သိပ်မကျေလည်ပါ။
တရားဟောပြီးတဲ့အချိန် အစားအသောက် ကျွေးချိန်မှာ ဘုရားကျောင်းက သူဌေးမ ဒေါ်မမကြီးတစ်ယောက် စားရင်းသောက်ရင်း ဖားဖားလေးလုပ်ပြီး ပြောတယ်..
"ဆရာဟောတဲ့တရားက တခါတလေစားရတဲ့ ၀က်သားဟင်းလိုပဲ ကောင်းလှပါတယ်။ ကျွန်မတို့ သင်းအုပ်ဆရာကတော့ အမြဲတမ်းစားနေကြ ငပိချက်လိုပဲ လက်မလွှတ်နိုင်ပါဘူး.. " ... တဲ့..။
လူအများရှေ့မှာဆိုတော့ မနေသာတော့တဲ့ ဆရာရွှေက အသံအကျယ်ကြီးနဲ့ ....
"ဟဲ့ .. မကြီး နင်ကတယ်ရှည်တာကိုး။ ဘုရားစကားကို အစားအသောက်နဲ့ နှိုင်းယှဉ်ပြီး နောက်ကို ဘယ်တော့...မှ မပြောနဲ့ .. "
မမကြီး အသံတိတ်၊ ပုဝင်သွားပါတယ်။ မှန်ပေတာကိုး......
*****

ဝက်သားဟင်း နဲ့  ငပိချက် 






