Sidebar

Murann Magazine
  • ပင်မစာမျက်နှာ
  • ၀ိညာဉ်ရေးရာ
  • ရသစာပေ
  • နေ့စဉ်နူတ်ကပတ်တော်
  • သက်သေခံချက်
  • ကျမ်းစာလေ့လာခြင်း
  • သမ္မာကျမ်းစာ

ကွက်လပ် - ရွှေရ

Details
Life Experience / Testimony ဘ၀အတွေ့အကြုံ
Administrator
11 Jun 2010
2578
  •  Print 
  • Email


လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ မတော်တဆမှုကြောင့် ကျနော့် ချစ်ဇနီးသည် ဆုံးပါးသွားပြီး နောက်ပိုင်း သူမ ကောင်းကင်နိုင်ငံတော်မှာ ဘယ်လိုများ နေ နေမလဲ ဆိုပြီး မကြာခဏ အောက်မေ့ သတိရနေမိပါတယ်။ ကျနော့်လို အိမ်မှု ကိစ္စ ညံ့ဖျင်းပြီး ကလေး ပြုစုပျိုးမှုပိုင်း အားနည်းတဲ့ ခင်ပွန်းသည်ကို လောကအလယ် တစ်ယောက်ထဲ ထားခဲ့ရတာ သူမ အရမ်းကို ကြေကွဲဝမ်းနည်း နေမလားလို့ တွေးမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်ကိုယ်တိုင်ကိုကလည်း အဲဒီလိုမျိုး ခံစားနေရလို့ပါ။ ကျနော့် သားငယ်လေးရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်ခဲ့တိုင်း သားငယ်အပေါ် အဖေလိုတစ်မျိုး အမေလိုတစ်ဖုံ တာဝန်မကျေနိုင်တဲ့ ကျနော့်ရဲ့ ခနော်ခနဲ့ မိသားစု ဘ၀လေးကို ပြန်တွေးမိတိုင်း စိတ်မကောင်း ဖြစ်မိပြန်ပါတယ်။

.

Read more: ကွက်လပ် - ရွှေရ

ဒေသန္တရ အသင်းတော် New Life in Christ Course III - Lesson 18

Details
Bible Study ကျမ်းစာလေ့လာခြင်း
အန်ဒရူး
11 Jun 2010
2178
  •  Print 
  • Email


ဒေသန္တရ အသင်းတော်
The Local Church
New Life in Christ Course III - Lesson 18

ဖတ်ရန်ကျမ်းပုဒ် ။              ။ ၁ကော ၁၂း ၁၂-၃၁

သော့ချက် ကျမ်းပိုဒ်။    ။'သင်တို့သည် ခရစ်တော်ကိုယ်ဖြစ်ကြ၏။ အသီးသီးအင်္ဂါတော်ဖြစ်ကြ၏။' (၁ကော ၁၂း ၂၇)

               နောက်ဆုံးသင်ခန်းစာ၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကြီးမြတ်သောအစီအစဉ်ဖြစ်သော အာဒံ၏အပြစ်သားဇာတိမျိုးနွယ်မှ လူများကို ခေါ်ထုတ်၍ ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်သော တပါးသော ဝိညာဉ်၌ ပေါင်းစည်းစေသည့်အကြောင်းကို လေ့လာသိမြင်ခဲ့ပြီးဖြစ်သည်။ ယုံကြည်သူတိုင်း သည် ဤတပါးသောခန္ဓာဖြစ်သော အသင်းတော်၏ သင်းဝင်သူများဖြစ်သည်ကိုလည်း လေ့လာခဲ့ပြီးဖြစ်သည်။ တမန်တော် ပေါလုက ဤသို့ဆိုသည်။ 'ဤအရာသည် အလွန်နက်နဲသောအရာဖြစ်၏။ ထိုသို့ငါဆိုသော် ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ ငါဆိုသတည်း။' (ဧဖက် ၅း ၃၂)

               ဘုရားသခင်သည် ကောင်းကင်ဘုံရှိ အသင်းတော်ဖြစ်သော ခရစ်တော်၏ ကိုယ်ခန္ဓာကို ဤကမ္ဘာပေါ်တွင် ဖော်ပြတည်ဆောက်ရန် ရည်ရွယ် ချက် ရှိခဲ့သည်။ ဒေသန္တရအရပ်တစ်ရပ်ဆီ၌ ယုံကြည်သူများသည် ဆုတောင်းခြင်း၊ ဝတ်ပြုခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် နှုတ်ကပတ်တော်ကို သင်ယူ လေ့လာရန် ပုံမှန်အတူ တကွစုဝေးကြသည်။ ဤယုံကြည်သူများ စုဝေးကြခြင်းကို 'ဒေသန္တရအသင်းတော်'များ ဟု ခေါ်သည်။

              ထို့ကြောင့် သမ္မာကျမ်းစာသည် 'အသင်းတော်'ဟူသော စကားလုံးကို ရည်ညွှန်းချက် (၂)ခုဖြင့်အ သုံးပြုသည်။

.

Read more: ဒေသန္တရ အသင်းတော် New Life in Christ Course III -...

သတ်ပုံမှားသော်လည်း

Details
Literature စာပေ
ကိုမေတ္တာ (သင်းအုပ်ဆရာ)
06 Jun 2010
5040
  •  Print 
  • Email


သတ်ပုံမှားသော်လည်း - ကိုမေတ္တာ(သင်းအုပ်ဆရာ)

    'ကိုးလလွယ်၊ ဆယ်လဖွား' သားသမီးများကို ၀မ်းနှင့်လွယ်ကာ ကျွေးမွေးစေါင့်ရှောက်ရသူ 'အမေ' များသည် အတော်ပင် အံ့သြဖို့ကောင်းကြပါသည်။ ကျွန်တော်သည် သားနှင့် သမီးတို့၏ အဖေတစ်ယောက်အဖြစ် မားမားမတ်မတ် ရပ်တည်လာရချိန်၌ သားသမီးတို့၏ ချစ်ကြောက်မှုကို ရရှိသည်ဟု ဆိုလျင် မမှားပါ။ 'ရိုသေမှု' ဆိုသည်ကတော့ သူတို့တွေ ငယ်ရွယ်သေးသမို့ သိပ်ပြီးမထင်ရှားသေးပါ။ သမီးငယ်ကတော့ ကျွန်တော်နှင့် ပိုပြီး အနေနီးသည်။ သားကြီးသြရသ ဖြစ်သည့် ဖိုးကောင်းကြီးကတော့ အမေနှင့် အဒေါ်တို့၏ အသည်းတုံးပေတည်း။

.
Read more: သတ်ပုံမှားသော်လည်း

ငြိမ်းချမ်းရေးသူငယ်

Details
Spiritual ၀ိညာဉ်ရေးရာ
လှမင်းသူ
08 Jun 2010
2933
  •  Print 
  • Email

(လှမင်းသူ)

အင်ဒိုနီးရှားပိုင် ကျွန်းစုလေးများထဲမှ ကျွန်းလေးတစ်ကျွန်း။ ထိုကျွန်းပေါ်တွင် ဆာဝီ လူမျိုးတို့သည် မြစ်ရိုးတစ်လျောက် အစုအဖွဲ့ကလေးများဖွဲ့ကာ နေထိုင်ကြသည်။ အုပ်စုတစ်စုနှင့် တစ်စုမှာလည်း အမြဲတစ်စေ ရန်ဖြစ်တိုက်ခိုက်ကြသည်။ ထိုသို့တိုက်ခိုက်သည့် အခါတိုင်း အနိုင်ရသော ဆာဝီတို့သည် ရှုံးနိမ်သွားသော ရန်သူ၏ဦးခေါင်းကို ဖြတ်ပြီး ဦးနှောက်ကို ဖောက်စားသည်။ ပြီးလျင် ဦးခေါင်းခွံကို ခေါင်းအုံးအဖြစ် အသုံးချသည်။ အမျိုးသမီးများက ခေါင်းဖြတ်သတ်ခံရသူတို့၏ အရိုးများကို သိမ်းထားတတ်သည်။ ဆာဝီတို့သည် ထိုသို့ လူသားကိုစားရခြင်းမှာ အစာအဖြစ် လိုအပ်လွန်း၍ စားသောက်ခြင်းမျိုးမဟုတ် ။ အခြားသော သီးနှံများ၊ ပေါင်မုန့်များကို ဆာဝီတို့ စားကြသည်။ ဦးခေါင်းဖြတ်ရခြင်းမှာ ရန်သူတို့အား အင်အားပြလိုခြင်း နှင့် မိမိတို့သာလျင် စွမ်းအားရှိသူများ ဖြစ်ကြောင်းကို ပြလိုခြင်းဖြစ်သည်။

.
Read more: ငြိမ်းချမ်းရေးသူငယ်

ချစ်စမ်းမောင်၏ ဘုရားမေတ္တာ

Details
Poem ကဗျာ၊သီဆိုချီးမွမ်းခြင်း
ချစ်စမ်းမောင်
31 May 2010
3270
  •  Print 
  • Email


လမ်းပြပါ

၁။
လူတိုင်းကို သက်စွန့်ရှာသူအကြောင်း
အကျွန်ုပ်ဟောပြောသောအခါ
ခိုင်မာသောနှလုံး ထက်တဲ့အတွေးအခေါ်တွေ
သူတို့မှာ ရှိတတ်ကြတဲ့ 

ဆင်ချင်ဥာဏ် အတတ်သိပံ္ပတွေဟာ
ကိုယ်တော်ဘုရားမှ မနှစ်သက်ပေ 
မှန်ရာလမ်းမှ  လွဲရမဲ့အဖြစ်ကို 
သူတို့နားမလည်ရှာဘူး

Read more: ချစ်စမ်းမောင်၏ ဘုရားမေတ္တာ

More Articles ...

  1. ဘ၀ခရီးလမ်းကြမ်းမှ စာမူကြမ်းများ။ မီနီမဂ္ဂဇင်း နှင့် သခင့်စကား June2010
  2. ၀ှတ်ထားသောဘဏ္ဍာ ဖေါ်ထုတ်ခြင်း
  3. ခရစ်တော်၌ တစ်ခုတည်းသော ကိုယ်ခန္ဓာ - One Body in Christ
  4. ဘုရားသခင်၏ဒုတိယလူ - God’s Second Man
Page 155 of 168
  • Start
  • Prev
  • 150
  • 151
  • 152
  • 153
  • 154
  • 155
  • 156
  • 157
  • 158
  • 159
  • Next
  • End
Bootstrap is a front-end framework of Twitter, Inc. Code licensed under Apache License v2.0. Font Awesome font licensed under SIL OFL 1.1.
Powered by T3 Framework