
နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း - ပြည်ပရောက် မြန်မာ-သင်းအုပ်ဆရာ (၁)
နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း, 7-Feb-2010
ဆရာစောသြဂတ်စတပ်
မလေးရှား၊စင်ကာပူ မြန်မာအသင်းတော်များ အတွက် တရုပ်နှစ်သစ်ကူး ရုံးပိတ်ရက်များမှာ ကျမ်းစာလေ့လာခြင်း လုပ်ဆောင်လေ့ရှိကြပါတယ်။ ဒီနှစ် ဖေဖေါ်ဝါရီ ၁၃၊ ၁၄၊ ၁၅၊ ၁၆ (၄) ရက် ဆက်တိုက် ရုံးပိတ်ရက်များမှာ တနင်္လာ၊အင်္ဂါ ၂ရက်ကို မနက် ၉နာရီ ကနေ ည၉နာရီထိ ကျမ်းစာလေ့လာခြင်း ဒီအသင်းတော်မှာပဲ လုပ်ပါမယ်။ ခါတိုင်းနှစ်များမှာတော့ အပြင်ထွက်ပြီး တနေရာငှားရမ်း ၊ ညအိပ် Family Days လုပ်ဆောင်ကြပေမဲ့ ဒီနှစ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် နေရာမငှားနိုင်ပါဘူး၊ ဒီအသင်းတော်ခမ်မကို အခမဲ့နီးပါး သုံးခွင့်ရတော့ ခါတိုင်း နေရာငှားရမ်းခ ဒေါ်လာ ၅ထောင်လောက် မကုန်တော့ပါဘူး။ လာကြပါ၊ ခွင့်ယူထားကြပါ။ မိတ်ဆွေများကိုလည်း ခေါ်လာကြပါ။ မနက်၊ည၊ စားသောက်စရာများ အထူးစီမံထားပါတယ်။
ကျေးဇူးတော်ချီးမွမ်းခြင်း။ ဓမ္မဆရာ စုစုပေါင်း ၈ပါး .. ၂ရက်ဆက်တိုက် Bible Study လုပ်ပါမယ်။ မြန်မာပြည်က ရောက်ရှိလာတဲ့ ဆရာဥိးအုန်းမြင့်၊ ဆရာဆယ်မြူရယ်သိန်း၊ ဆရာစောဂျွန်၊ ဆရာဆလိုင်းစံ စတဲ့ဆရာများလည်း ပါဝင်ကြပါမယ်။ လောလောဆယ် ဖြစ်ပျက်ခဲ့တဲ့ ဟေတီနိုင်ငံလေး ငလျှင်ဒဏ်အတွက် ဆုတောင်း၊သတိရခြင်းအပြင်၊ ယခင်အပါတ်က ဒုတိယအကြိမ်အလှုငွေ ကောက်ခံခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၇ထောင်လောက် နဲ့ ညီမျှတဲ့ ငွေအားဖြင့်လည်း ကူညီဘို့ အသင်းတော်မှာ အစီအစဉ်ရှိပါတယ်။
Thame ကျမ်းချက်ကတော့ အများသိပြီးသားဖြစ်တဲ့ နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းကို ဦးစွာရှာခြင်း ..