ဂရိလူမျိုးတို့အတွက် ဂုဏ်ယူစရာ မာရသွန်ဆု

နေ့စဉ်ခွန်အား Spiridon Louis  သည် ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦးမဟုတ်သော်လည်း သူသည် ဂရိနိုင်ငံ ၌ နေထိုင်သည်။ ၁၈၉၆ ခုနှစ်တွင် ကျင်းပသော အေသင်မြို့၌ အိုလံပစ်အားကစားပွဲ ပြန်လည်ကျင်းပသောအခါ အောက်ပါအဖြစ်အပျက် ပေါ်ပေါက်ခဲ့သည်။

ထိုနှစ်က ကျင်းပသော ပြိုင်ပွဲများတွင် ဂရိလူမျိုးများက ဆုတံဆိပ်များစွာ ဆွတ်ခူးခဲ့ကြသော်လည်း ပထမဆုံးအကြိမ် ကျင်းပသည့် မာရသွန်ပြေးပွဲကသာ ဂရိလူမျိုးတို့အတွက် ဂုဏ်ယူစရာ အစစ်အမှန်ဖြစ်ခဲ့သည်။ ကီလိုမီတာ ၄၂ (၂၆မိုင်) ပြေးရသော မာရသွန်ပြေးပွဲ၌ အားကစားသမား ၁၇ဦး ပြိုင်ပွဲဝင်ခဲ့ပြီး သာမန် အလုပ်သမားလေး Louis က ဗိုလ်စွဲခဲ့သည်။ သူ၏ ကြိုးစားမှုအတွက် ဘုရင်နှင့် တိုင်းသူပြည်သားအပေါင်းတို့၏ ဂုဏ်ပြုချီးမြှောက်မှုကို ခံယူခဲ့ရပြီး တိုင်းပြည်သူရဲကောင်း ဖြစ်ခဲ့သည်။

တမန်တော် ရှင်ပေါလုက ခရစ်ယာန် အသက်တာကို ပြေးပွဲနှင့် တင်စား သရုပ်ဖေါ်ခဲ့သည်။ ပြေးရုံပြေါ်ရန် မဟုတ်ပဲ ဆုကိုရည်မှန်း၍ ပြေးရန် ကျွနိုပ်တို့ကို စိန်ခေါ်ခဲ့သည်။  "မြေတလင်း၌ ပြိုင်၍ပြေးကြသော သူအပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း တစ်ယောက်တည်းသာလျှင် ဆုကိုရသည်ကို သင်တို့မသိကြသလော။ ဆုကို ရမည့်အကြောင် ပြေးကြလော့"  ၁ကော၉း၂၄

ရှင်ပေါလုက ထိုသို့ သွန်သင်ရုံမက သူကိုယ်တိုင်လည်း ထိုအတိုင်း ဘ၀ရှင်သန်ပြခဲ့သည်။ သူနောက်ဆုံးရေးခဲ့သောစာ၌ "ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ၊ ပြေးရသောလမ်းကို အဆုံးတိုင် ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ"  ဟု ဆိုခဲ့သည် ၂တိ၎း၇။  ပြေးကြသော ခရီး အဆုံးတိုင်အောင် ပြေးခဲ့ပြီဖြစ်၍ ကောင်းကင်ဘုံရှင် ဘုရင်မင်းထံမှ အောင်ခြင်းသရဖူကို ခံယူရန် ၀မ်းမြောက်စိတ်ဖြင့် မျှော်လင့်စောင့်စားခဲ့သည်။

ရှင်ပေါလု နည်းတူ မိမိပြေးရမည့် လောကဘ၀ ခရီးလမ်းကို အောင်နိုင်ရေးပြေးပါ။ ဘုရင်မင်းမြတ်စိတ်နှင့် တွေ့ရေး ပြေးပါ။ - Bill Crowder


သက်သေခံချက်။

ကျွန်တော် ဒီစာကိုဖတ်ပြီးတော့ ငယ်စဉ်က မုံရွာမြို့မှာ မာရသွန်ပြိုင်ပွဲ ဆင်နွဲခဲ့တာကို သတိရမိပါတယ်။ အမြန်ပြေးနိုင်လို့ ၂၂မိုင်အထိ အပြက်အသတ် ပထမနေရာမှာရောက်နေတဲ့အချိန်ပါ။ ပန်းဝင်ခါနီး ၂မိုင်အလိုကျမှ နောက်ကလူ နောက်က ဒုတိယပြေးနေတဲ့ လူ မိုင်ဝက်လောက် ကျန်ရစ်ခဲ့တာကို ကြည့်ပြီး နောက်၂မိုင်အတွင်း ကိုယ့်ကို မမှီတော့ဘူးသေချာပေါက်တွက်ခဲ့တယ်။ စက်ဘီးနဲ့လိုက်ပေးတဲ့ သူငယ်ချင်းကို ရေခဏခဏ တောင်းသောက်မိတယ်။ ရေ ကုန်သွားတော့ လမ်းဘေး သောက်ရေအိုးစဉ်ထိ သွားသောက်ပစ်တယ်။ လူကလေးလာတော့ မပြေးနိုင်ပဲ လမ်းလျှောက်ရတယ်။ နောက်ကလူ တဖြေးဖြေး နီးလာတော့ အားတင်းပြီး ပြေးတယ်။ နောက်ကလူ တဖြေးဖြေး နဲ့ ကိုယ်ကိုကျော်သွားတယ်။ စိတ်ဓါတ်ကျသွားပေမဲ့ အားတင်းပြီး အတင်းပြန်လိုက်ခဲ့တယ်။ မရတော့ပါဘူး။ မခံချင်စိတ်နဲ့ ပြန်လိုက်တော့ ဘာဖြစ်သွားမှန်းမသိ ... စက်ဘီးနဲ့လိုက်တဲ့ သူငယ်ချင်း (စစ်ကိုင်းတိုင်း .. လက်ရွေးစင်ဘော်လီဘောသမား ကိုစိန်မင်း) အပြောအရတော့ .. မင်းမျက်လုံးက မလှုပ်မရှား၊စကားမပြောပဲ .. ပြေးနေရင်း ရှေ့ကလာတဲ့ ကားကြီးက ရပ်ပေးတဲ့အချိန် လဲကျ .. သတိမေ့သွားတယ် ဆိုပဲ။ ပန်းတုံးတိုင်ကို ငယ်စဉ်က မာရသွန်ပြေးပွဲမှာ မရောက်ခဲ့တာပေမဲ့ ဘုရားကျေးဇူးတော်ကြောင့် ဘ၀ရဲ့ ပန်းတုံးတိုင်ကို ယုံကြည်မှုနဲ့ ဆက်လက်လျှောက်လှမ်းခွင့်ရခဲ့ပါတယ်။

ကွယ်လွန်သွားတဲ့ အဆိုတော် စိုင်းထီးဆိုင်ရဲ့ တာဝေးအပြေးသမား သီချင်းအတိုင်း ပုံမှန် ပြေးတတ်ဖို့ အရေးကြီးပါတယ်။ မာရသွန်ပြေးပွဲဟာ လွန်ခဲ့တဲ့ BC490 က ပါးရှား (ယခုအီရန်) စစ်တပ်ကြီး ချီတက်လာချိန် အားနည်းတဲ့ ဂရိစစ်တပ်က မာရသွန်အရပ်မှာ စစ်ပွဲနိုင်ခဲ့ပြီး စိုးရိမ်စိတ်ပူနေတဲ့ မိန်မ၊ကလေး၊အဖိုးအဘွားများကို အမြန်ပြေးသတင်းပို့ပေးပြီး လဲကျသေဆုံးသွားတဲ့ အညတြ စစ်သားလေး ကိုဂုဏ်ပြုသောအားဖြင့် အိုလံပစ် အားကစားပွဲရဲ့ အဓိက ပြိုင်ပွဲ၊ နောက်ဆုံးပိတ် ပြိုင်ပွဲအဖြစ် ကျင်းပလေ့ရှိပါသည်။ နှစ် ၂၄၀၀ လောက်ကြာမှ အိုလံပစ်ပွဲ ပြန်လည်ကျင်းပတဲ့အချိန် ဂရိလူမျိုး အညတြတစ်ဦး Spiridon Louis   နိုင်ငံဂုဏ်ဆောင်ခဲ့ပြန်ပါတယ်။. ဒီလိုပါပဲ .. သာမာန်အညတြများ ဘုရားရှင်ကျေးဇူးတော်ကြောင့် မှတ်တမ်းတင်ခံရပါတယ်။ လိပ်နဲ့ယုန် ပုံပြင်ဟာ လူမျိုးတိုင်းနီးပါး သိကြပါတယ်။ အမြန်ပြေးလိုက်၊ ရပ်လိုက်၊ အိပ်လိုက် လုပ်တဲ့ ယုန်က ရှုံးတဲ့အကြောင်း။ တာဝေးသမားလို ဖြေးဖြေးမှန်မှန် (နှေးသော်ငြားလည်း) ပန်းတုံးတိုင်ကို ရောက်ရှိအနိုင်ယူခဲ့တဲ့ လိပ်လိုပဲ ကျွန်တော်တို့ စံနမူနာ၊ ပုံသက်သေရှိပါတယ်။ အားလုံးပန်းတုံးတိုင်ကို မိမိနှုန်းထားနဲ့ ဘုရားရှင်အားဖြင့် ချီတက်ရောက်ရှိကြရန်

Ref:
1. http://en.wikipedia.org/wiki/Spyridon_Louis
2. နေ့စဉ်ခွန်အား 29 Jan 2010

ဇော်အောင် (မုံရွာ)

မှတ်ချက်။
လန်ဒန်အိုလံပစ်ပွဲ အမှတ်တရ ပြန်လည်ဖေါ်ပြပါသည်။ မာရသွန်ပြေးပွဲသည် အိုလံပစ်၏ အဓိကဖြစ်ပါသည်။ အိုလံပစ်အခမ်းအနား၏ နောက်ဆုံးရွှေတံဆိပ်ဆုမှာ အိုလံပစ်မာရသွန်ရွှေတံဆိပ်ဆုဖြစ်ပြီး၊ ပိတ်ပွဲအခမ်းအနားကျင်းပချိန်တွင် အားကစားကွင်းသို့ မာရသွန်ပြေးပွဲကို ပန်းဝင်စေပါသည်။

.