ရဲအုပ်ဝင်းနိုင် ကချင်၊ ကရင်ပြည်နယ်များတွင် ဧ၀ံဂေလိအကြောင်း၊ သက်သေခံခြင်း

ရဲအုပ်ဝင်းနိုင်၊ ဆလုံလူမျိုး - ဘာသာ၂ခုကြားမှာနှစ်ပေါင်းများစွာ ဇနီး၊မိဘဆွေမျိုးမိတ်ဆွေများအကြောင်း၊ ဆုတောင်းခြင်းဖြင့်စခဲ့တဲ့ ခရစ်တော်ရရှိပြီးအသက်တာ၊ မူးရစ်ရဲအရာရှိဘ၀ ထားဝယ်၊မော်လမြိုင်၊ သံတောင်၊ လိုင်ဇာ၊ ဗန်းမော် စသဖြင့် မိမိရဲ့ရိုးရိုးလေးနေထိုင်သွားတဲ့ဘ၀ သူ့အတွက် အလွန်ဝမ်းသာတဲ့ဘ၀ကိုရရှိကြောင်း ၀မ်းမြောက်စွာ သက်သေခံခြင်းဖြစသည်။ အလွန်ခွန်အားရစေပါသည်။
.

ငယ်စဉ်ဘဝ
ဖခင်ဖြစ်သူက ကြိုးစား၊၀ီရိယနဲ့လုပ်ကိုင်သူဖြစ်လို့ စက်လှေပိုင်ဆိုင်တဲ့အထိ စီးပွားဖြစ်ထွန်းခဲ့သည်။ ခရစ်ယာန်ရိုင်ကာသိုလစ် စာသင်ကျောင်းမှာ ကျောင်းထားရင်း၊ အပြစ်ကို စတင်နားလည်ခဲ့သည်။ ပေါ့ပေါ့နေထိုင်၊စားသောက်ရင်း အသုံးမကျတဲ့လူငယ်ဘ၀ပါ။ ၁၀တန်းအောင်ဖို့ ကြိုးစားခဲ့သည့်အတွက် ရဲသင်တန်းကျောင်းတက်ပြီး ဒုရဲအုပ်ဖြစ်လာခဲ့သည်။
.

မူးရစ်ရဲအုပ်ဘဝ
ငယ်စဉ် မိဘပစ္စည်းမျာကို ခိုးယူ၊သုံးစွဲခဲ့ပြီး အသုံးမကျ၊ ပေါ့ပေါ့နေခဲ့သူသည် ဒုရဲအုပ်ဘ၀ရောက်သောအခါ ဥပဒေအနည်းငယ် နားလည်
ကရင်ပြည်နယ်၊ သံတောင်မှာ အမှုထမ်းရချိန် အလွန်ခက်ခဲတဲ့ကာလဖြစ်ခဲ့သည်။ ဘ၀အခက်ခဲများစွာကြောင့် အသက်မရှင်ချင်တော့၊ သေချင်စိတ်သာရှိစဉ် ဓမ္မဆရာတစ်ဦးနှင့်တွေ့ရသည်။ မိမိအဖြစ်ဆိုးများကို ကယ်မဲ့သူမရှိတော့ကြောင်း သေဖို့သာရှိကြောင်း ရင်ဖွင့်ပြောဆိုသောအခါ ဓမ္မဆရာက ကယ်တင်နိုင်မဲ့သူ ရှိကြောင်းပြောပြပါသည်။ မိမိလည်း ထိုကယ်တင်ပေးနိုင်သူအား သိချင်သည်။ မေးမြန်းသောအခါ .. ဓမ္မဆရာက ကိုဝင်းနိုင်..ခင်ဗျားအပြစ်ရှိကြောင်း ၀န်ခံပါသလား..မေးသောအခါ ကျွန်ုပ်က လှိုက်လှဲစွာဝန်ခံပါသည်။ ထိုနောက် ကယ်တင်ရှင်သခင်ယေရှုအကြောင်းပြောပြခဲ့သည်။ ဆုတောင်းချက်များပြည့်ပြီး အံ့သြဘွယ် မည်သူ့ကိုမျှ လိုက်ပြောစရာမလိုပဲ မော်လမြိုင်သို့ပြန်လည်ပြောင်းရွှေ့ပေးသည်။ လားရှိုးတွင် ပြောင်းရွှေ့အမှုထမ်းစဉ်ပင် ရဲအုပ်ရာထူးတက်ပြီး နယ်သို့မပြောင်းခံခဲ့ရပါ။ ၁၉၉၂ ဖေဖေါ်ဝါရီကတည်းက အပြစ်များဝန်ခံရင်း၊ ဆုတောင်းခဲ့သည်။ ခရစ်ယာန်ဘုရားကျောင်းများမှာ ဆုတောင်းဝတ်ပြုပွဲများတက်သလို၊ မြန်မာဘုန်းကြီးကျောင်းများမှာလဲ ဝေယျာကိစ္စ၊အလှုဒါန်း၊ တရားနာခြင်းများ မပျက်ကွက်ခဲ့ပါ။ ထိုအချိန်မှာ မိခင်ဖြစ်သူ အသည်သန်ဖြစ်ပြီး အားလုံးလက်လျှော့ ဆေးရုံတက်နေချိန်၊ ဘုရားသခင်ကိုပဲ အားကိုးဆုတောင်းခဲ့သည်။ အမေနေပြန်ကောင်းရင် ဘုရားထံ နှစ်ခြင်းခံပါတော့မယ် လို့ ဂတိပြုခဲ့သည်။ အံ့သြဘွယ် ဆေးရုံဆရာဝန်က လက်လျှော့ရသူ ပြန်လည်ကျန်းမာလာခဲ့သည်။ သို့သော် ဇနီး၊ မိဘများ၏ မိရိုးဖလာအစဉ်လာများကို မလွန်ဆန်နိုင်သူဖြစ်တဲ့အတွက် နှစ်ခြင်းမခံဖြစ်ခဲ့ပါ။
.

တရားစခန်းဝင်ခြင်း
ဘုန်းကြီးလည်းဝတ်ခဲ့ဖူးပါသည်။ တရားစခန်းတွင် တရားထိုင်နေစဉ်တွင် အလွန်ငြိမ်းချမ်းမှုရပါသည်။ မဟာစည်တရားစခန်းတွင် တည်ကြည်၊ ငြိမ်းချမ်းမှုရသည်။ ပီတိများစွာဖြစ်ရသည်။ အမြဲတမ်းတရားထိုင်နေလျှင်ကောင်းပါသည်။ သို့သော် တရားစခန်းမှထွက်လာပြီး အပြင်လောကသို့ရောက်လာသောအခါ ဆိုင်ကယ်၊ကား အသံများသည် မိမိကို ကြိတ်သွားသကဲ့သို့ ခံစားရပါသည်။ တရားစခန်းပြန်ထွက်လာပြီးနောက်တွင် ပိုဆိုးလာသလို ဖြစ်ခဲ့သည်။ တရားစခန်း အမြဲတမ်းသွားနေချင်သော်လည်း လက်တွေ့မှာ မဖြစ်နိုင်ပါ။ ၅နှစ်တာအတွင်း ရဲအုပ်အလုပ်နှင့်အခြားမကောင်းသည့်အလုပ်များ လုပ်မြဲဖြစ်ခဲ့သည်။ ဘုရားကျောင်းကိုလည်း ပိုပြီးတက်ခဲ့သည်။ မိမိအပြစ်များကို ပိုပြီးဝန်ချတောင်းပန်ရန်အတွက်ဖြစ်သည်။
.

ကချင်ပြည်နယ်သို့
၂၀၁၀တွင် ဗန်းမော်မူးရစ်သို့ပြောင်းရွှေ့ခံခဲ့ရပါသည်။ လမ်းတစ်လျှောက်တွင် လက်ဝါးကပ်တိုင်များစွာ ဘုရားကျောင်းများကိုမြင်တွေ့ရသောအခါ ပျော်ရွှင်မိသည်။ ဗန်းမော်မပြောင်းရွှေ့ခင်က ကချင်ပြည်နယ်မှ ဓမ္မဆရာမတစ်ဦးက မိမိရဲ့ မပူမနွေးဘ၀ကို ဆရာသေရင် ဘယ်လိုအသုဘ ချရမည်နည်း ..ကိုမေးပါသည်။ ကယ်တင်ခြင်းဝေစာ၎မျက်နှာကို ပေးပြီး သင်တန်းစတင်ပို့ချသည်။ တဖြေးဖြေးနှင့် ကယ်တင်ခြင်းကို သိမြင်ပြီး၊ နှစ်ခြင်းခံဖို့ ကျမ်းစာပို့ချပေးသည်။ ဗုဒ္ဓဘာသာတွင် အပြစ်မှာ မလွတ်ပါ။ ဒီဘ၀ အပြစ်ကြွေးကို နောင်ဘ၀ အဆက်ဆက်တိုင် ပေးဆပ်နေရမည် သံသရာဖြစ်သည်။ ထိုသံသရာကို ဒီဘ၀တွင်ပင် ရပ်သွားအောင် သခင်ယေရှုက ကယ်တင်ပေးနိုင်ကြောင်း ပိုမိုသိရှိလာသည်။ နောက် ဗန်းမော်သို့ ပြောင်းရွှေ့ရာတွင် ဗန်းမော်ရောဘက်အသင်းတော်နှင့် မိတ်ဆက်ပေးသည်။ ယခင်က မိမိ၏ ဆုတောင်းပြည့်ခြင်းများအတွက် ခရစ်တော်ကို လက်ခံနေခြင်းဘ၀သာ ရှိနေသေးကြောင်း၊ ခရစ်တော်ကို ဒီဘ၀တွင် အခက်အခဲများက ကယ်တင်ပေးခြင်းကို ကယ်တင်ရှင်အဖြစ်မြင်ခဲ့ပါသည်။ တကယ့် ဒီဘ၀၊ နောင်ဘ၀အတွက် ကယ်တင်ရှင်အဖြစ် လက်ခံရန်လိုကြောင်း ပိုမိုသိရှိနားလည်ရပါသည်။ နှစ်ခြင်းခံ အစီစဉ်ထားသော်လည်း မလုပ်ဖြစ်ခဲ့ပါ။ နောက်ပိုင်း ဗန်းမော်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် နှစ်ခြင်းခံဖြစ်ခဲ့ပါသည်။ မိမိတသက်တာတွင် မဖြစ်ဖူးသော ၀မ်းသာခြင်းကို လှိုက်လှိုက်လှဲလှဲခံစားရသောအားဖြင့် ဆရာလဇိန်ဂျာနော် ကို ၀မ်းသာကြောင်းရင်ဖွင့်ခဲ့ပါသည်။ ၁၀တန်းအောင်ခြင်း၊ ရဲအုပ်ဖြစ်ခြင်း၊ မိန်းမရခြင်း၊ တရားစခန်းထိုင်ခြင်း စသည်ဝမ်းသာမှုမျိုးထက် အဆများစွာသာသော ၀မ်းသာဖြင်းကို ခံရသည်။ အပြစ်မှလွတ်သွားပြီအတွက် အလွန်ဝမ်းသာခြင်းဖြစ်သည်။ ယခုပြောပြနေစဉ်ပင် ထိုဝမ်းသာမှု ရင်တွင်းတဖန်ရောက်လာပါသည်။ ထိုစဉ်က တခါပြောပြီးလဲ ရင်တွင်းကပိုဝမ်းသာလာပြန်ပြီ မပြောပဲမနေနိုင်သောကြောင့် ထပ်မံကျယ်လောင်စွာ ..အရမ်းဝမ်းသာကြောင်းကို ဆရာဂျာနော်အား ထပ်ကာ၊ထပ်ကာ ပြောခဲ့သည်။ မိမိအပြစ်များကို ဖြေလွှတ်သည့် ခရစ်တော်နောက်လိုက်ဘ၀အတွက် ၀မ်းသာခြင်းဖြစ်သည်။ မိမိဝမ်းသာမှုကို အခြားမိတ်ဆွေများအား ပြောပြသည်။ သူတို့နားလည်မည်မဟုတ်ပါ။ သေလွန်သော်လည်း မိမိဝဋ်ကြွေးများကို ပေးဆပ်စရာမလိုတော့ကြောင်း၊ ကယ်တင်ရှင် ယေရှုခရစ်တော်က ယူဆောင်ပေးသွားပြီဖြစ်ကြောင်း ပြောပြသည်။ သူတို့နားလည်အောင် ကျွန်ုပ်မတတ်နိုင်ပါ။
.
.

ခရစ်တော်ရပြီး ဆုတောင်းလုပ်ဆောင်မှု၂ခု
ဒူးလှုပ်တာ 
ဒူးမလှုပ်ရမနေနိုင်ဘူး။ မလှုပ်ရင် နှလုံးခုံ၊ အသက်ရှုကြပ်ပြီး၊ မောလာသလို ခံစားရသောကြောင့် ဒူးကိုလှုပ်ပေးရသည်။ အသက်၁၆နှစ်ကတည်းက ရောဂါရှိသည်။ ဇနီးသည်က နင်ဒူးလှုပ်တယ်၊မလှုပ်အောင်ဆုတောင်းပါလား..ဟုပြောသောအခါ၊ ကျမ်းပိုဒ် ၂ကော၅း၁၇ ကိုရွတ်ဆိုသည်။ လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင်အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ ..ဘုရားသခင်ခွန်အားပေးပါ။ ယေရှုနာမ၌ဆုတောင်းပါ၏ ..ဆုတောင်းပြီး ဒူးလှုပ်ခြင်းကို ရပ်လိုက်တယ်။ တနာရီကျော်ကျော်ကြာတော့ အသက်ရှုကြပ်လာသည်။မောလာသည်.. ဒူးပြန်လှုပ်လိုက်၊ မလုပ်လိုက်ဖြစ်နေတယ်။ ၃ရက်ကြာပြီးတဲ့အခါ လုံးဝမလှုပ်တော့ဘူး..လုံးဝပျောက်သွားတာ ဒီကနေ့အထိပါပဲ။ မိန်းမကိုပြောပြတော့ ဒါ..စိတ်ပဲ။ စိတ်ကိုနိုင်ရင်ရတာပဲ..ဘုရားကိုလွှဲမချနဲ့..လို့ပြောသည်။
.

ပါးစပ်နံခြင်း
မိန်းမက ကိုယ့်အတွက်ပဲကိုယ်ဆုတောင်း၊ နင့်မှာပါးစပ်နံနေတာရှိတယ်။ ငါလည်း..နင့်အနားမအိပ်နိုင်ဘူး၊ သူများအတွက်ချည်း ဆုမတောင်းနဲ့၊ ကိုယ့်အတွက်လဲ..လို့ပြောသည်။ ကျွန်တော့မိတ်ဆွေများကို မေးကြည့်ပါ။ အနားနေသူများ မခံနိုင်ပါ။ သွားဆရာဝန်နှင့်ပြလျှင်လဲ မရပါ။ ထို့နောက် အစာရှောင်ဆုတောင်းသည်။ ယော၁၆း၂၄ ကို စိတ်နှလုံးသွင်းသည်။ ယခုတိုင်အောင် ငါ၏နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။ ပါစပ်နံခြင်းနှင့်ဘီပိုးရောဂါများကို ပျောက်ရန်၂၀၁၁-၆လပိုင်းတွင် စတင်ဆုတောင်းသည်။ ၄လကြာသောအခါ မနက်အိပ်ယာထစဉ် ပါစပ်မနံတော့ကြောင်းသိရသည်။ တစ်နာရီတစ်ခါ ပါးစပ်ကို ဟာ..ကနဲမှုတ်ရင်း ကိုယ့်ပါးစပ်ခံတွင်းအနံ့ကို နမ်းကြည့်ရာ မနံတော့ပါ။ ဆရာဂျာနော်ကို ပြောပြသည်။ ထိုအချိန်က ကျမ်းစာသင်တန်းရှိရာ သင်တန်းအပြီး၃ရက်တွင် ကျမ်းစာသင်တန်း၌ ပါးစပ်နံခြင်း ၃၃နှစ်ကြာအောင် ဖြစ်နေသောရောဂါ ပျောက်ဆုံးသွားကြောင်း သက်သေခံသည်။
.

ခရစ်တော်ရပြီးအိပ်မက်၂ခါ
အိပ်မက်ထဲမှာ တွင်းထဲကျနေတဲ့ မိခင်ဖြစ်သူအော်ပြီး၊ ကယ်ပါအော်နေတယ်။ ငွေတွေပစ်ချပေးတယ်။ နင့်ငွေနဲ့တက်မလာနိုင်ဘူးဟု.. မိခင်ကပြောတုန်း နိုးလာတယ်။ ဆရာဂျာနော်ကို အိပ်မက်အကြောင်းပြောပြတော့ ဆရာက အမေ့ဆီသွားဖို့လိုကြောင်း၊ အမေလည်း ကယ်တင်ခြင်းရဖို့ ကယ်တင်ဖို့ခေါ်နေကြောင်းလို့ ပြောပြပါတယ်။ နောက်တစ်ခါအိပ်မက်တစ်ခု ဆရာဝန်၊လောင်ကုတ်နဲ့ သူ့ကိုဆီလူးပေးနေစဉ် အခြားတစ်ဦးက ကျမ်းစာအုပ်ကိုပေးသည်။ အခြားမမြင်ဖူးသော အမျိုးသမီးတဦးက ပြုံးပြီး၊ မေတ္တာအပြည့်နဲ့ လက်ကမ်းပြီးလာခဲ့ပါခေါ်သည့် အိပ်မက်မြင်ပါသည်။ ကိစ္စတစ်ခုရှိသေးလို့ မလာနိုင်သေးကြောင်းပြောချိန် နိုးလာပါတယ်။ ဒီအိပ်မက်ကတော့ မိခင်ဆီပြန်ပြီး ကိစ္စတစ်ခုကို လုပ်ဖို့လိုကြောင်း .. မော်လမြိုင်အိမ်သို့ပြန်ရန် ခွင့်ယူရန်၊ လူစားလွှဲရန် ခက်ခဲသည့်ကြားမှာ ခွင့်ယူပြန်လာခဲ့သည်။ အိမ်ရောက်သော် အမေကို ပြုစုရင်း အမေ့ကိုပြောသည်။ လွန်ခဲ့သော ၁၅နှစ်က အမေနေမကောင်းတုန်းက အမေနေကောင်းဖို့ ဆုတောင်းရန်၊ နေကောင်းပါက ခရစ်တော်နောက်လိုက်လုပ်တော့မည် ..ဟု ဆုတောင်းခဲ့ရာ၊ အမေနေကောင်းလာကြောင်း၊ ထိုစဉ်က မပြောရဲသောကြောင့် အမေတို့ကို မပြောခဲ့ကြောင်း၊ အခု ခရစ်တော်ရခဲ့ပြီ၊ ဒူးလှုပ်တာ၊ ပါးစပ်နံတာတွေလည်း ဆုတောင်းခြင်းဖြင့် ပျောက်သွားကြောင်း ပြောပြပါသည်။ ဖခင် ဦးထွန်အောင်၊ အသက်၇၉နှစ် တရားထိုင်မှုအရမ်းလုပ်သူဖြစ်သည်။ တစ္ဆ၊သရဲ၊ ဥတစောင့်၊ နာနာဘ၀များ လာနှောက်ရှက်ရာတွင် သမ္မဓိတရားဖြင့် မျက်စိမဖွင့်ပဲပြန်မောင်းထုတ်ရသည်။ တရားအရမ်းထိုင်နေသော်လည်း သေရင်ဘယ်ရောက်မလဲ၊ မသိကြောင်း ..ပြောပြသည်။ မိမိကို ဘယ်သို့လုပ်ရမလဲ ..မေးရာ၊ လွယ်လွယ်လေးပဲ။ ကိုယ့်အပြစ်တွေအတွက် အသေခံသွားတဲ့ ယေရှုဘုရားတခုထဲရှိကြောင်း၊ ၃ရက်မြောက်မှာ ရှင်ပြန်ထမြောက်ကြောင်း၊ ဖခင်သိသော မာန်၅မာန်ကို အောင်နိုင်သောဘုရားဖြစ်ကြောင်း၊ ကိလေသာမာန်အောင်နိုင်သည်။ မိန်းမမရှိ၊ ကိလေသာဖြင့်မွေးသောသူမဟုတ်၊ ဒေ၀နတ်ဆိုးမာန်ကိုလည်းနိုင်သည်။ အဘိသိက္ခာရမာန် ဆိုတဲ့ ဖြစ်ခြင်းပျက်ခြင်းကိုလဲအောင်သည်။ သေခြင်းကိုလည်း အောင်သည်။ ငါးမာန်အောင်မှ စစ်မှန်သောဘုရားဖြစ်ကြောင်း၊ ဘာသာတရားအရဆိုလျှင် ကိုယ်လုပ်တာကိုယ်ခံရတယ် ဆိုရင်မှန်ပါတယ်။ အခုပြောတာက ကျေးဇူးတရားလို့ခေါ်ကြောင်း၊ ဘုရားသခင်ပေးတဲ့ အခမဲ့ ကျေးဇူးတော်ဖြစ်ကြောင်း..ကယ်တင်ခြင်းတရားကိုပြောပြသောအခါ၊ အဖေက ..ဟာ.ငါရှာနေတာ၊ ဒီဘုရားပဲ။ ဒီဘုရားကို ရရင် သေခြင်းက ငါ့ကိုကယ်တင်မှာ..လို့ပြောတယ်။ သူလည်း သားဖြစ်သူကဲ့သို့ လွတ်မြောက်လိုကြောင်း နှစ်ခြင်းခံမည့်အကြောင်း ပြောလာသည်။ အံသြရသည်။ ပြန်လာသည်က မိခင်အတွက် ကယ်တင်ခြင်းရရန် ပြန်လာခဲ့သည်။ မထင်မှတ်သော ဖခင်က နှစ်ခြင်းခံလိုကြောင်း ပြောလာသည်။

အိမ်မှာ ဆုတောင်း၊ ဧ၀ံဂေလိတွေ ဖခင်နဲ့သား၊ ကျမ်းစာဆွေးနွေးကြတယ်။ လှမ်းခေါ်လိုက်လို့ ဆရာဂျာနော်လည်း ဖခင်နှစ်ခြင်းခံ ကျမ်းစာပို့ချဖို့ ရောက်လာတယ်။ ကျွန်တော်တို့ ၃ယောက်ကို ညီမဖြစ်သူ မသူဇာက ပက်ပက်စက်စက်ပြောတယ်။ ညီမတို့အိမ်က ဗုဒ္ဓဘာသာ၊ ဒါမျိုးတွေ မလုပ်ရန်။ အဖေဖြစ်သူလည်း အသက်ကြီးလှပြီ။ အေးအေးဆေးဆေးပဲ ကိုယ့် ဘာသာအတိုင်းပဲ နေဖို့၊ ပြောတော့ ဆရာဂျာနော်တောင် အဲဒီနေ့ ထမင်းမစားသွားပါဘူး။ အဖေဟာ ဆလုံ၊ သတ္တိရှိရှိ နေလာပြီး ကိုယ့်အဖေအရင်းသေတာတောင် မျက်ရည်မကျဘူး။ ကြိုးစားလို့ စက်လှေပိုင်လာပြီ နှစ်ခြင်းခံပြီးတဲ့အချိန် အဖေငိုနေတာတွေ့တယ်။ မျက်ရည်တွေ တသွင်သွင်ကျနေတယ်။ စိတ်မကောင်းဖြစ်လို့ ...မေးကြည့်တော့ ၀မ်းသာလွန်းလို့ မျက်ရည်ကျတယ်လို့ပြောပါတယ်။ ကျွန်တော်သိလိုက်ပြီ။ ကျွန်တော်ကိုယ်တိုင်လဲ နှစ်ခြင်းခံအပြီး၊ ၀မ်းသာလွန်းလို့ မျက်ရည်ကျခဲ့ဖူးတယ်။ ဒီတော့မှ မိဘကျေးဇူးဆပ်တယ်ဆိုတာ ငွေကြေးနဲ့ပေးကမ်းခြင်းလည်း ကောင်းပါတယ်။ ဒါပေမဲ့ မိဘကို ကယ်တင်ခြင်းပေးတဲ့ ခရစ်တော်ရရှိစေခြင်းဟာ အကြီးမားဆုံးကျေးဇူးဆပ်ခြင်း..ဆိုတာ သိလိုက်ရပါတယ်။
.

ညီမဖြစ်သူ မသူဇာက ဖခင်ဖြစ်သူ နှစ်ခြင်းခံပွဲ ဘုရားကျောင်းသို့မလာဟု ပြောသည်။ ဖခင်အသုဘ၊ ရေသခြိ င်္ုင်း ကိုပင်မလာတော့ဘူးလား .. အဖေနှစ်ခြင်းခံတာ သူ့ရဲ့ခန္တာကိုယ်သေဆုံးသွားလို့ အသုဘချတာ လာသင့်ပါတယ် ပြောတော့မှ ညီမ ဘုရားကျောင်းသို့လာခဲ့သည်။ ဘုရားကျောင်းတွင် ညီမဖြစ်သူအာရုံတွင် ယေရှုဘုရား၊ ဖန်ဆင်းရှင်ကို မြင်မိကြောင်းပြောသည်။ သူသွားသော မြန်မာဘုန်းကြီးကျောင်းများတွင် မိမိအာရုံတွင်မြင်သောသူနှင့် တခြားယေရှုပုံများ တစ်ခုနှင့်မှမတူကြောင်း၊ သူသွားခဲ့သော ခရစ်ယန်ဘုရားကျောင်းတွင် ဘာပုံမှ မရှိကြောင်း၊ စာတစ်ကြောင်းတော့ရှိကြောင်း ..ါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏။.. ဆိုတဲ့စာတန်းတိုလေးဖြစ်ကြောင်း ပြောပြခဲ့သည်။ ညီမ အိပ်မက်တွင် လူအများက ဗလာမဲပေါက်ချိန် မသူဇာက မေရှိယ ဟုရေးထားသော မဲပေါက်သည့် အိပ်မက်မှာ အခြားသူများက ဗလာဆိုသော၊ ဘာမှမရှိသည့်ဘ၀တွင် ညီမက မေရှိယဟုခေါ်သော သခင်ခရစ်တော်ကို ရရှိခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ မိမိ ပြန်ခါနီးတွင် ညီမက ရုတ်တရက် ..မေရှိယဆိုတာဘာလဲ ..ဟု မေးသည်။ ထိုအခါ ရှင်းပြခဲ့သည်။ မေရှိရသည်ကယ်တင်ရှင်ဖြစ်ကြောင်း၊ ကယ်တင်ခြင်းကိုပေးရန် ရွေးချယ်ပြီးကြောင်း၊ နှစ်ခြင်းမင်္ဂလာခံရန်လိုကြောင်း ပြောပြပါသည်။ ယေရှုက ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏။.. ကျမ်းပိုဒ်ကိုလည်း ရှင်းပြခဲ့သည်။ ထို့နောက် ဆရာကြီးယုဒဿန် ပထမဆုံး နှစ်ခြင်းအသင်းတော်တွင် နှစ်ခြင်းခံခဲ့သည်။ ခွင့်ဖြင့်ပြန်လာချိန်တွင် မိခင်ကြီးကယ်တင်ခြင်းရရန် မျှော်လင့်သော်လည်း မမျှော်လင့်ပဲ ဖခင်နှင့်ညီမတို့ ကယ်တင်ရှင်၊ သခင်ယေရှုကို လက်ခံခဲ့ကြသည်။ ကျေးဇူးတော်ပင်ဖြစ်သည်။
.

အမေကတော့ မိရိုးဖလာပဲ၊ နင်တို့သားအဖပဲနေကြပါ။ ငါကတော့ငယ်ငယ်ကတည်းက နေလာခဲ့တာ ဟုပြောသောကြောင့်၊ ဘုရားကတော့ ရှိပါစေ . နတ်စင်ရှိနေသည်။ ..အချင်းစာတန်၊ယေရှုနာမဖြင့် နောက်သို့ဆုတ်လော့ (၃)ကြိမ် လို့ပြောပြီး နတ်စဉ်ကိုအိမ်မှထုတ်လိုက်ပါသည်။ နတ်ကိုက်၊နတ်ဖမ်းစား စိုးရိမ်မှုများ ဘာမှမဖြစ်ကြောင်း မိခင်ကိုယ်တိုင် သိသွားပါသည်။ ခရစ်တော်ကို ကြီးမှလက်ခံတယ်ဆိုရင် ပတ်ဝန်းကျင်က ပြောကြမှာမခံချင်သောကြောင့် နှစ်ခြင်းမခံပါ။ သူ့တွင် ညအိပ်မပျော်သောကြောင့် အိပ်ဆေးသောက်ရသည်။ အမေညအိပ်တဲ့အချိန် ဆုတောင်းချက်တစ်ခုကို ပြောပြသည်။... သမီးရဲ့ကိုယ်၊စိတ်၊၀ိညာဉ်များကို ကိုယ်တော့ထံတွင်ဆပ်ကပ်ပါသည်၊ အာမင်...ဟု ဆုတောင်းခိုင်းပြီး အိပ်ခိုင်းသောအခါ ခါတိုင်းအိပ်ဆေးမလိုတော့ကြောင်း အမေကပြောပါသည်။
.
.

နာခံလိုက်လျှောက်သောအသက်တာ
မိန်းမက မွန်၊ဗုဒ္ဓ။ ငယ်ငယ်ကတည်းက ဘုရား၊တရားနှင့်နေသူ၊ အရမ်းဘာသာကိုင်းရှိုင်းသူ။ မိမိခရစ်တော်နောက်လိုက်ပြီး သူကမကြေနပ်ပါ။ ပိုင်ဆိုင်မှုအားလုံးကို သူ့လက်သို့လွှဲပြောင်းပေးလိုက်သည်။ မိမိတွင် အလုပ်လစာသာလျှင် ရှိပါသည်။ မိန်းမက အများအားဖြင့် ရန်ကုန်တွင် နေထိုင်ပြီး၊ မိမိအလုပ်ရှိရာ သို့ မကြာခဏလာတတ်သည်။

ယခင်က အလုပ်ဆုံးရှုံးမှု၊ အိမ်ထောင်ပြိုကွဲမှုများ စိုးရိမ်မိပါသည်။ နောက်ဆုံး စဉ်းစားချက်တခုကို ရရှိသည်။ ခရစ်တော်ရပြီး ငွေကြေး၊ပစ္စည်းများစွာရှိနေသော်လည်း နောက်ဆုံး သေလွန်သော် ငရဲသွားမည်ဆိုလျှင် ပိုင်ဆိုင်သမျှ ဘာမှအကျိုးမရှိပါ။ ခရစ်တော်ပဲအရေးကြီးသည်။ ခရစ်တော်နောက်လောက် ခရစ်တော်ရရှိရန်၊ စွန့်လွှတ်ရမည်။ ဆုံးရှုံးခံရမည်။ ကျမ်းစာကို နားမလည်ပါ။ ကျမ်းပိုဒ်ကို နားထောင်သည်။ ယေရှုက ငါ့နောက်သို့လိုက်လော့၊ကိုယ့်အလိုကို ညင်းပယ်လော့ ..ဆိုတာကို။ မိန်းမက မိမိကို ထသတ်ရင်လည်း အသေသာခံလိုက်တော့မယ်။ ဘုရားကိုတော့မစွန့်ပါ။ ကိုယ့်အလိုကို မလိုက်ရန်။ ငါသေသွားသော် ငါ့ရာထူး၊ငွေများ၊ ဒီမိန်းမ၊ မိဘများက ..ငါ့ဝိညာဉ်ကိုကယ်နိုင်မည်လား..မကယ်နိုင်ပါ။ သေသွားခဲ့သော လိုအပ်တဲ့ကယ်တင်ခြင်းကို ခရစ်တော်ပဲပေးနိုင်တယ်။ ဘုရားအလိုတော်ပဲ လိုက်မယ် ဟု မိန်းမအနားမှာဆုတောင်းရင်း အိပ်ပါတယ်။ ကိုယ်နေချင်တာကတော့ ရာထူးကြီးကြီး၊ ဥစ္စာပစ္စည်းများနဲ့နေချင်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်အလိုကို နာခံလိုက်လျှောက်မယ်လို့ စိတ်ကိုဆုံးဖြတ်ရသည်။

ရယူလိုသူမဟုတ်ပဲ ပေးဆပ်သူအဖြစ်ပဲနေထိုင်မည်။ မိဘမဲ့ကလေးများ စသဖြင့် လိုအပ်သူများကို ပေးချင်စိတ်ရှိသောကြောင့် ပေးလိုက်သည်။ စိတ်ချမ်းသာသည်။ ဘုရားအလိုတော်ရှိသည်ဟု ယူဆသည်။ မကြာမီ ပေးလိုက်သည်ထက် ၂ဆမက ပြန်ရရှိလာပါသည်။ ထိုအခါ ဒါတွေနဲ့ အ၀တ်စား၊ ကား၊ ဆိုင်ကယ် ၀ယ်စီးလိုက်မယ် စိတ်ကူချက်များ ပေါက်လာတတ်သည်။ ဒါကို တခြားနေရာ ပြန်သုံးခိုင်းနေခြင်းဖြစ်သည်။ ဘုရားက နဲနဲပေးကြည့်သည်။ ဒီကောင်ဘာလုပ်မလဲ စောင့်ကြည့်ခြင်းဖြစ်သည်။ အဲဒီ နဲနဲလေးအပေါ်မှာ သစ္စာမရှိလျှင် ကြီးကြီးမပေးဘူး..ဟု ခံယူထားသည်။ ထို့ကြောင့် တခြားလိုအပ်သော ပေးစရာများကို ဆက်ပေးသည်။ မိန်းမကိုလည်း ပေးထားပြီးသားကို ပြန်မယူပါ။ ကျွန်တော်သည် ပေးသူအဖြစ်သာ ရှိနေပါသည်။ ရယူလိုသူအဖြစ်မနေပါ။ ဘာကြောင့်လဲ မေးလျှင် ခရစ်တော်အားဖြင့် ပေးလှုသူဖြစ်နေပါသည်။
.

ဘုရားသခင်က ငရဲမှလွတ်အောင် ပေးသောကျေးဇူးတော်ပဲရှိပါသည်။ ဘုရားကို ကျေးဇူးတင်လွန်းလို့ ဘုရားဘုန်းတော်ထင်ရှားစေဖို့ ဆုတောင်းပါသည်။ မိမိတွင် ၀ါကြွားစရာဆိုလို့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုပဲ ၀ါကြွားရပ်တည်ပါသည်။ 
မုရန် The End..
.
.
၂၀၁၃ ပို့စ်ကို ပြန်လည်တင်ပြပါသည်။ နားထောင်သင့်ပါသည်။ 
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဒီလိုစိတ်ကောင်းရှိသူများစွာ ရှိပါတယ်။ ငယ်စဉ်ဆိုးခဲ့ပေမဲ့ အတန်းပညာသင်ကြားနိုင်ပြီး၊ ရဲအရာရှိဖြစ်လာတယ်။ ပိုဆိုးသွားတယ်။ နှစ်ပေါးများစွာအကြာမှာ ဒုက္ခရောက်တိုင်း ယေရှုဘုရားထံ ဆုတောင်းကြည့်ပါ။ 
Original Link by Sayar Sai Aye...
http://www.youtube.com/embed/JIMYPpCQtc4