သင်းအုပ်၏ မူလတာဝန် နဲ့ မြန်မာနိုင်ငံရဲ့ (အထူး) လိုအပ်နေတဲ့သင်းအုပ်ဆရာ

 


မြန်မာနှင့်နိုင်ငံခြားသား သင်းအုပ်ဆရာများစွာနှင့် ဆုံတွေ့ခဲ့ပါတယ်။ ဧ၀ံဂေလိဆရာ၊ ကျမ်းစာကျောင်းဆရာ များနဲ့ သင်းအုပ်ဆရာ အလုပ်က အတော်ကွာခြားပါတယ်။ သင်းအုပ်ဆရာဆိုတာ အပြောကောင်းရုံနဲ့ဘုန်းတော်မထင်ရှားပါဘူး။ ပုံသက်သေကောင်းရပါတယ်။
.
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲချိန် လူတွေ ဘာလိုအပ်ပါသလဲ။ သင်းအုပ် ဆိုတာ အသင်းသားတွေ လိုအပ်နေတာကို သိရှိပြီး ဖြည့်ဆည်းပေးရပါတယ်။
.
ဒေါ်အောင်ဆန်းစုကြည် ၂၀၁၃ မြန်မာ၅ထောင်နဲ့တွေ့ဆုံပွဲ . " စင်တိုးစားကျွန်းမှာ ပြုလုပ်စဉ် ..မြန်မာတွေ ငွေနောက်လိုက်နေကြတာ ၀မ်းနည်းစရာပဲ၊ ဒါပေမဲ့ ပြောင်းလဲနိုင်ပါတယ်" လို့ပြောသွားပါတယ်။ အလုပ်လုပ်ရင်လဲ လစာဘယ်လောက်ရသလဲ..ပဲမေးကြတယ်။ ပိုဆိုးတာက အစိုးရအလုပ်တွေဆို အပြင်ဝင်ငွေ (ရာထူးသြဇာ အသုံးချပြီး ရတဲ့ငွေ) ဘယ်လောက်ရသလဲ ဆိုတာကို စိတ်ဝင်စားကြပါတယ်။ သူနာပြုဆရာမ တလ ၂သိန်း လစာရပေမဲ့ ..အပြင်မှာ ဆေးလိုက်ကု၊ ဆေးလိုက်ထိုးပေးတဲ့ဝင်ငွေ ဆိုရင် သမာအာဇီဝ ပြောနိုင်ပေမဲ့... ဆေးရုံလာတဲ့ လူနာရှင်တွေဆီက ငွေတောင်းစားတာမျိုးကတော့ မလုပ်သင့်ပါဘူး။ အလားတူ ကျောင်းဆရာလည်း ကျူရှင်ပြစားတာ သမာအာဇီဝ ဆိုပေမဲ့၊ ကျောင်းသားမိဘများဆီက ငွေတောင်းစားတာ မလုပ်သင့်ပါဘူး။ ပေး ဆိုပြီး တောင်းတာမဟုတ်ပါ.. ပေးချင်လာအောင် နည်းမျိုးစုံနဲ့ ပြောဆို၊ ခြောက်လှန့်၊ ချော့မော့ ခြင်းကို ..ခေတ်သစ် တောင်းနည်းပါ။ ယူပါဆရာရယ် လို့ တောင်းပန်ပြီး ပေးရတဲ့ ခေတ်ကာလပါ။
.
.
သင်းအုပ်၏ မူလတာဝန်
အသင်းသားတွေကို နှုတ်ကပတ်တော် ဟောပြောခြင်း၊ နှစ်သိမ့် အားပေးခြင်း၊ သာရေး နာရေးများကို စိတ်နှလုံးတသားတည်း ကူညီမစခြင်းများ ဖြစ်ပါတယ်။ သင်းအုပ် က ဧ၀ံဂေလိ လုပ်ဖို့ခက်သလို ၊ သင်းအုပ်က ကျမ်းစာသင်ပေးဖို့လဲ ခက်ပါတယ်။ သင်းအုပ်ရဲ့ အဓိကအလုပ်က အသင်းသားတွေထံ သွားလာနေရမယ်၊ ဖိတ်ခေါ်ရင် သွားရောက်ဆုတောင်းပေး၊ နှစ်သိမ့်ပေးခြင်းများ လုပ်ရပါတယ်။ ကိုယ်တိုင်လဲ အသင်းသားမိသားစု လူမှုရေးပြဿနာများကို (အကြံမပေးပဲ)နားထောင်ပေးတာ သင်းအုပ်များ လုပ်နေကြပါပဲ။ ယောဘ၀တ္တုထဲက ယောဘသူငယ်ချင်းတွေလို ဘာမှမပြောပဲ နားထောင်ပြီး၊ ဆုတောင်းပေးကြပါတယ်။ ဒါတွေက မူလ တာဝန်တွေပါ။ သက်သာလောနိ ပထမစာစောင်မှာ နို့စို့ကလေးကိုင်တွယ်သလို၊ မိမိအသက်ကိုပင် ပေးလိုတဲ့ စိတ်ထားမျိုး ရေးထားပါတယ်။
.
.
မြန်မာနိုင်ငံရဲ့ (အထူး) လိုအပ်နေတဲ့သင်းအုပ်ဆရာ
ဒေါ်အောင်ဆန်းစုကြည် ပြောသလို..မြန်မာအသင်းတော်များရဲ့ အဓိက လိုအပ်ချက်က ငွေ (ပိုက်ဆံ) ဖြစ်နေတာလဲ ၀မ်းနည်းစမရာ ဖြစ်ပေမဲ့ ပကတိအခြေအနေပါ။ အသင်းတော်တိုင်းနီးပါ အလှုငွေ ၂ကြိမ်၊ ၃ကြိမ် ကောက်ခံပါတယ်။ အသင်းတော် ၀င်ငွေကိုလေ့လာကြည့်တော့ အလှုငွေအိတ်နဲ့ ၂ကြိမ်၊ ၃ကြိမ် ကောက်ခံရရှိငွေက ၂၅% လောက်ပဲ ရှိပြီး၊ ကိုယ့်ဖာသာ အသိနဲ့ လာလှုတဲ့ ဆယ်ဖို့တစ်ဖို့၊ အဦးသီး၊ ကျေးဇူးတော်ချီးမွမ်းခြင်း ..စတဲ့ အလှုငွေတွေက ၇၅% အများစု ဖြစ်နေတာကို အံ့သြစရာပါ၊ ပိုအံ့သြစရာကောင်းတာက ဒါကိုသိရက်နဲ့ အလှုငွေ ကောက်ခြင်းကို ခုံမင်စွာ၊ လုပ်နေတဲ့ အသင်းတော် လူကြီးတွေကြောင့်ပါ။
.
ဒါကြောင့် ငွေလိုရင် ဘာလုပ်ရမှာလဲ ..သင်းအုပ်၊ သင်းထောက်၊ အသင်းတော်လူကြီးများ၊ လူငယ်များ သိဖို့လိုပါတယ်။
.
.အလှုငွေ တိုးကောက်နည်းကတော့ ခပ်တုံးတုံးနည်းလမ်း ဖြစ်ပါတယ်။ ချစ်မိတ်ဆွေတို့... ခပ်ကောင်းကောင်း ငွေရတဲ့နည်းလမ်း ရှယ်ပေးချင်ပါတယ်။
.
.
ငွေရတဲ့နည်းလမ်း (အလှုငွေရရှိနည်း)
ဒါကြောင့် ငွေလိုရင် ဘာလုပ်ရမုလဲ ..သင်းအုပ်ဆရာများ သိဖို့လိုပါတယ်။ အလုပ်လုပ်စေခြင်း ဖြစ်ပါတယ်။ အလုပ်လုပ်မှ ပိုက်ဆံရပါမယ်။ ပိုက်ဆံရလာမှ အလုပ်ပိုလုပ်ချင်လာပါတယ်။ ကျမ်းစာမှာ အလုပ်မလုပ်သူ မစားစေနဲ့လို့ ရေးထားပါတယ် (၁သက် ၃း၁၀)။ သူများ ပိုက်ဆံအိတ်ကို ပွင့်လာစေတဲ့ နည်းလမ်းက
.
၁။ ၀ိညာဉ်ရေးနဲ့ နှစ်သိမ့်၊ အားပေးရပါမယ်။
အဓိပ္ပါယ်မဲ့ မုံ့ငါးလုံးနဲ့ငါး၂ကောင်လိုမျိုး ဇတ်လမ်းတွေ ခဏ၊ ခဏ ပြောနေမဲ့အစား ဖြောင့်မတ်သူများ ဘုရားကိုရိုသေကိုးစားသူများ (မြန်မာပြည်မှာ) လစာ ၂သိန်း၊ ၃သိန်း သက်သာတဲ့ အလုပ်များ ရရှိသွားပုံများ ခဏ ခဏ ပြောပြခြင်းက ပိုပြီး ပုံသက်သေ ကောင်းပါတယ်။ ဆုတောင်းပေးခြင်းကလဲ.ဘလိုင်းကြီး လိုချင်တာကို. .ပေးပါ ပေးပါ . . ဆုတောင်းပေးမဲ့အစား.. အလုပ်ကို တန်ဘိုးထားပြီးတော့ လုပ်ချင်လာအောင် ဆုတောင်းပေးတတ်ရပါမယ်။ လူတွေက အလကားပေးတာပဲ မျှော်နေတတ်တော့ သင်းအုပ်ဆရာဆီက ပိုက်ဆံ မမျှော်ဖို့ ၊ အလုပ်ကို မခိုမကပ်၊ ဖြောင့်မတ်စွာ လုပ်ဖို့ အာပေးဆုတောင်းတတ်ရပါမယ်။
.
၂။ ကိုယ်တိုင် လက်တွေ့ အလုပ်လုပ်ပြရပါမယ်။ အလုပ်လုပ်ပြနိုင်သူများကို အသင်းတော်ထံ ခေါ်လာပြီး ကြက်မွေး၊ ငါးမွေးနည်းများ၊ မှိုစိုက်၊ စပါးစိုက်နည်းများ၊ စားသောက်ဆိုင်အောင်မြင်နေသူများကို အသင်းတော်မှာ သက်သေခံဖို့ ခေါ်လာနိုင်ရပါမယ်။
.
.
ဟုတ်ပါတယ်။ အခြေအနေအရ အလုပ်ကောင်းတွေ ရှားပါးနေဆဲပါ။ ဒါပေမဲ့ သာမန်အလုပ်ကိုင်တွေတော့ပေါပါတယ်။ နေ့စား လပေး အလုပ်များ ပေါပါတယ်။ ရေသာခို ပျင်းရိခြင်း ကလဲ အများကြီးနှောက်ယှက်ပါတယ်။ အသင်းသားများ အလုပ်ကို တန်ဘိုးထား လုပ်လာတတ်ရင် အသင်းသားများ ၀င်ငွေကောင်းလာရင်၊ အသင်းတော်လည်း အလှုငွေများများ ရလာပြီး၊ မုဆိုးမနဲ့မိဘမဲ့များကို ပညာရေးမှာ ကူညီနိုင်မယ် မဟုတ်ပါလား။ ချီးမွမ်းတီးခတ် တနေ့လုံး မလုပ်နိုင်ပါ။ ဇတ်လမ်းတွဲ , တီဗွီတော့ အပျင်းထူးပြီး တနေ့လုံး ကြည့်နိုင်ကြပါတယ်။ တကယ်တော့ အလုပ်လုပ်ရင်း သီဆိုချီးမွမ်းတာ ပိုကောင်းပါတယ်။ ..(အဂတိ)လာပ်စားဖို့ အားပေးတဲ့ တရားဒေသနာများကို မဟောပဲ၊ မပြောပဲ၊ အလုပ်လုပ်ကြဖို့ အားပေးတဲ့ တရားဒေသနာများကို များများဟောပြောဖို့၊ ကိုယ်တိုင်လဲ မပျင်းမရိ မခိုကပ်ဘဲ ဦးဆောင်အလုပ်လုပ်ပြဖို့..မေတ္တာနဲ့ရေးလိုက်ပါတယ်။ မျှော်လင့်ပါတယ်ခင်ဗျား။
.
.
ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း၊ အာမင်။
၂သက်၃း၁၈ (အဆုံးသပ်ကျမ်းပိုဒ်)
27/11/17

Threesome