ပင်လုံနှစ်ခြင်းအသင်းတော်၊ ဆရာမကြီးဒေါ်ခင်မြထွန်း


ပင်လုံနှစ်ခြင်းအသင်းတော်၊ ဆရာမကြီးဒေါ်ခင်မြထွန်း
ခင်ပွန်းသည် ဆရာဦးထွန်းလင်း (ကွယ်လွန် 2008) က ဆက်သွယ်ရေးအင်ဂျင်နီယာဖြစ်ပြီး၊ ကျမက အထက်တန်းဆရာမဖြစ်ပါတယ်။ ခင်ပွန်းသည်က အလုပ်ထွက်ပြီး ဘုရားသခင်ကြွေးတာစားချင်တယ် ဆိုတော့ ကျမက အင်ဂျင်နီယာယောင်္ကျားကို ယူထားတာ အင်ဂျင်နီယာကတော်ဖြစ်ချင်လို့ လက်ထပ်ခဲ့တာ၊ သင်းအုပ်ဆရာကတော်ဘဝကို မခံယူနိုင်ဘူးလို့ ပြက်သားစွာ ငြင်းပယ်ခဲ့ပါတယ်။ ကျမ ဖခင်က သင်းအုပ်ဆရာဖြစ်တော့ ဆင်းရဲဒုက္ခများကြောင့် သင်းအုပ်ဆရာမိသားစုဘဝကို မခံယူနိုင်ပါဘူး။ အချိန်တန်လို့ ၁၀နှစ်ကြာတဲ့အခါ ကျမလည်း ဦးထွန်းလင်းကို အလုပ်ကထွက်ဖို့ ခွင့်ပြုခဲ့ပါတယ်။ သူ့ဆရာ နောင်ခါဝန်ကြီးဦးစိုးသာ ဖြစ်လာမဲ့လူက ခင်ဗျားလို လူတော်လူကောင်းတယောက်၊မထွက်ပါနဲ့ ..လို့. ပြောပါတယ်။ အလုပ်ထွက်စာတင်ချိန် အမှုတော်ဆောင်ချင်လို့ရေးပြီး ထွက်စာတင်ပါတယ်။ ပင်စင်လေးရအောင် ကျန်းမာရေးနဲ့ပဲ ထွက်ပါလား ပြောပေမဲ့၊ ပင်စင်လစာကို အမှုဆောင်နေမှာစိုးလို့ ပင်စင်တောင်မယူတော့ပါဘူး။ အမ်အိုင်တီ ကျမ်းစာကျောင်းမှာ အမ်ဒစ်ပ် ဆက်တက်ခဲ့တယ်။
.
၁၉၉၁၊ မြေတကွက်ရတော့ မြောက်ဥက္ကလာမှာ ၃၂၊ ၃၅ ရပ်ကွက်မှာ စတင်ခဲ့တယ်။ အိန္နိယ၊ ကချင်၊ ကရင် မိသားစုအိမ်ထောင် ၅ခုနဲ့ စတင်ခဲ့ပါတယ်။ ဒဂုံမြို့သစ်စတင်ခဲ့စဉ်က ဧဝံဂေလိ လုပ်ကြပါတယ်။ ၁၉၉၃ မတ်လ အိမ်ခြေ၃၀ ရှိတဲ့အတွက် ပင်လုံနှစ်ခြင်းအသင်းတော် စတင်တည်ထောင်ပါတယ်။ ကျမဖခင် မကွေးမြို့က ဆရာဦးထွန်းရွှေ၊ မြောက်ဥက္ကလာ ဆရာဦးမြင့်လွင် တို့လာရောက်ဖွင့်ပေးပြီး အသင်းတော်အဇြစ် စတင်ခဲ့တယ်။ သင်းအုပ်ဆရာက ချင်း ဖြစ်နေ၊ အသင်းသားတွေက မြန်မာဖြစ်နေလို့ဆိုပြီး မြန်မာ၊ ချင်း သာသနာမြေတွေမှာ ဝင်လို့မရခဲ့ပါ၊ ဒါပေမဲ့ တပည့်တော်စုကနေ အသင်းတော်ဖြစ်လာပါတယ်။ ဆရာဦးထွန်းလင်း နောက်ခံက နှစ်ခြင်း ဖြစ်ပါတယ်။ 
.
.
.
နတ်ဆိုး၊ ဝိညာဉ်ဆိုး ထုတ်ပယ်ခြင်း
.
ကျမကလည်း နှစ်ခြင်းနောက်ခံ ဖြစ်လို့ အနာရောဂါကင်းခြင်းနဲ့ နတ်ဆိုးထုတ်ခြင်းတို့ ဆုတောင်းပေးလေ့ မရှိပါဘူး။ ဒါပေမဲ့ နတ်ဆိုးထုတ်ခြင်းလုပ်ဖို့ဖြစ်လာတော့ နောက်ပိုင်းမှာ လူမမာများကို အော်ဟစ်ခြင်းမရှိပဲ ညှင်သာစွာ နတ်ဆိုးထုတ်ခြင်း လုပ်နိုင်လာပါတယ်။ နတ်ဆိုးကို ဟိုပို့၊ သည်ပို့ အာကာသထဲပို့ လုပ်တာလဲ မရပါ။ သူတို့က ဝိညာဉ်ဆိုတော့ ပြန်လာနိုင်ပါတယ်။ နတ်ဆိုးကို နှင်ထုတ်ဖို့ ဘုရားသခင်ထံ ဘယ်လိုလုပ်ရမလဲ လို့ ဆုတောင်းရပါတယ်။ 
.
ဒီတော့ နတ်ဆိုး၊ ဝိညာဉ်ဆိုးကို ချည်နှောင်ပါ၊ မလှုပ်ရှားနိုင်ရင် ထာဝရငရဲထံကို ပို့လိုက်ပါ။

ကျမ အသက်၃၀ မှာပဲ မျက်စိမှုန်သွားတယ်။ သမီးမွေးပြီးကာစ သိုင်းဝတ္တု ၆ခု ဖတ်တယ်။ ကယ်တင်ခြင်းမရသေးလို့ပါ။ အဲဒီတုန်းက ဝတ္တု၊ ဗွီဒီယို၊ တီဗွီ ကြည့်တာတွေ ဝန်ချတောင်းပန်ပါတယ်။ အဲဒီကတည်းက အသက်၄၀အရွယ်မှာ မျက်စိအသစ်ရပါတယ်။ မျက်မှန်မတပ်ပဲ မြင်နိုင်တာ အခု အသက်၆၀ ရှိပါပြီ။

ကယ်တင်ခြင်းသင်တန်း ရွှေပြည်သာ၊ တာမွေ စတဲ့နေရာများမှာ တရက်တည်း လူ၃ရာထိ ပြောင်းလဲလာပါတယ်။ ဆရာဦးထွန်းလင်း၊ ဆရာမဒေါ်ခင်မြထွန်း တို့ကြောင့်မဟုတ်ပါ။ ဘုရားသခင် (ကောင်းကင်ကိုလက်ညိုးထိုးပြ) သူပဲ လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။

ကျမတို့ နမိတ်လက္ခဏာ နောက်ကို မလိုက်ပါဘူး။ နှုတ်ကပတ်တော်အားဖြင့်သာ ကျန်းမာအောင်လုပ်နိုင်ပါတယ်။ လူတွေက ဆုတောင်းလာခံကြတယ်။ နှုတ်ကပတ်တော်ရအောင် ဝေငှပေးရပါတယ်။ နှုတ်ကပတ်တော် မရရင် အနာရောဂါငြိမ်းလည်း နောက်ပြန်ဖြစ်မှာပါပဲ။ 
.
.
.
ဘုရားစကားကိုနားထောင်ခြင်း
.
ဆရာက ဘုရားမခိုင်းပဲနဲ့မလုပ်ပါဘူးလို့ ပြောပါတယ်။ ဘုရားရှင်က သွားပါ၊ လုပ်ပါ၊ ဆိုတာလဲ ဘုရားသခင်ခိုင်းမှ လုပ်ပါတယ်။ ကျမတို့ မကွေးနှစ်ခြင်းအသင်းတော်ကို သွားပြီး နှုတ်ကပတ်တော်ဝေငှခြင်း၊ အနာရောဂါကင်းခြင်း အရမ်းလုပ်ချင်ပေမဲ့ မသွားနဲ့ဆိုလို့ လုံးဝမသွားပါဘူး။ ဆုတောင်းပေးချိန်မှာ လူတွေက အလှုငွေပေးကြပါတယ်။ ဘုရားရှင်က လုံးဝမယူနဲ့လို့ ကြားလို့၊ လုံးဝမယူပါဘူး။ ဒါကြောင်း ၁၉၉၄ ကနေ ၂၀၀၀ အထိ ၈နှစ်လောက် ဆင်းရဲဒုက္ခရောက်ခဲ့ပါတယ်။ သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းမှာ ဘုရားသခင်က လွတ်မြောက်ခြင်းခံရပြီလို့ ပြောပါတယ်။ အဲဒီချိန်ကစပြီး မြန်မာပြည်မှာ လေဟာပြင်တရားဟောခြင်းများ လုပ်ခွင့် ပေးဖို့ ဆရာဦးထွန်းလင်း ဆုတောင်းခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ၂၄နာရီ လျှပ်စစ်မီး ရဖို့ဆုတောင်းခဲ့တယ်။ တခြားလူတွေက မဖြစ်နိုင်ဘူး ပြောခဲ့ပေမဲ့ ယခုကာလမှာတော့ ပြည့်စုံလာတာကို တွေ့ရပါတယ်။

ယေရှုသည်အသက်ရှင်သော ဘုရားဖြစ်ကြောင်း လိုက်ပြောပါတယ်။ တခြားသူတွေက ပြင်းထန်တယ်၊ ရှော့ပြောပါ လို့ပြောပေမဲ့ ဘုရားရှင်ကတော့ ရှော့ပေးလို့မဖြစ်ပါဘူး။ ဆရာဦးထွန်းလင်း ၂၀၀၈ မှာ ခေါ်တော်မူခြင်း ခံရပြီးနောက်မှာလည်း ကျမတို့ အမှုတော်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ သူ မကွယ်လွန်ခင်က ၄ထပ်တိုက် ရူပါရုံက ၄ထပ်တိုက်ဆောက်ဖို့ ဖြစ်ပါတယ်။ ကျမလက်ထဲမှာ ၁၀သိန်းပဲ ရှိတော့ ဒီရူပါရုံကို လုပ်ဖို့ ဖြစ်လာတော့ အကြမ်းထည် သိန်း၁ထောင်၊ အကြမ်းထည် သိန်း၂ထောင် လိုအပ်တယ်လို့ အသင်းတော်က အင်ဂျင်နီယာက ပြောပါတယ်။ ၂၀၁၃ ဧပြီလမှာ စတင်ဆောက်တာ ၂၀၁၄ မှာ အကြမ်းထည် ပြီးစီးခဲ့ပါတယ်။ ဆင်းရဲဒုက္ခတွေ ပေးခဲ့ပြီးနောက် အခု လေပြေလေညှင်းကို ပေးပါတယ်။ ယနေ့ ကျေးဇူးတော်ကြောင့် ပြင်ဆင်ပေးပါတယ်။

ဗိမာန်တော်ဆောက်လုပ်စဉ်က ငွေကြေးပဲ ပူပန်ရတာတခုပဲ ရှိပါတယ်။ မြို့တော်ခမ်းမကို သွားတော့လည်း ပါမစ်လိုင်စင်တွေ အနှောက်အရှက်မရှိပါဘူး။

နတ်ဆိုးဝိညာဉ်များကို ထုတ်ရာမှာ "ယေရှုနာမနဲ့ထွက်" ..ဆိုပြီး ပထမပိုင်းမှာ အော်ဟစ်ခဲ့ရပါတယ်။ နောက်ပိုင်းတော့ ယေရှုနာမနဲ့ အော်ဟစ်ခြင်းမရှိပဲ မောင်းထုတ်စရာမလိုပါဘူး။ အော်ဟစ်မောင်းထုတ်သူမှာ အခွင့်အာဏာ Authority မရှိပါဘူး။ ဘုရားရှင်က အာဗြာဟံကိုပေးတဲ့ ကတိပေးသလို ဆရာဦးထွန်းလင်းကို ပေးခဲပါတယ်။ နတ်ဆိုးကို ချည်နှောင်ပြီး စနစ်တကျ နှင်ထုတ်ရပါတယ်။ 
.
.
.
ကျိန်ခြင်းအမင်္ဂလာလွတ်မြောက်ကြောင်း
.
ကောင်းကင်တမန်က လုပ်ပေးတယ်ဆိုပေမဲ့၊ မိမိကိုယ်တိုင် သန့်ရှင်းခြင်းရှိပါမှာ ဖြစ်ပါတယ်။ ကျမ သမီးကြီး ၂နှစ်အရွယ် အသည်းအသန် ဖြစ်ချိန် ဆရာဦးထွန်းလင်းက ကျမ်းစာထဲက ဟေဇကိမင်းကြီးကို သက်တမ်း၁၅နှစ် တိုးပေးသလို တိုးပေးပါလို့ ဆုတောင်းခဲ့ပါတယ်။ သိပ်နားလည်လွန်းလို့တော့မဟုတ်ပါ။ ကျမ်းစာဖတ်ပြီး တကယ်ယုံကြည်ခြင်းနဲ့လုပ်ရင်တော့ လူတိုင်းလုပ်နိုင်တယ်လို့ အားပေးလိုပါတယ်။ အခု ကျမတို့အသင်းတော်မှာတော့ လူတိုင်းမလုပ်စေပါဘူး၊ ကျမနဲ့ ကျမရဲ့သား ဆရာသူရိန်ထွန်း တို့ပဲ သက်တမ်းတိုးခြင်းအလုပ်ကို လုပ်ကြပါတယ်။

ကျိန်ခြင်းအမင်္ဂလာ ဖြက်တောက်ဖို့ဆိုတာ ကျမ်းစာထဲမှာ မျိုးဆက်၎ခု ခံစားရတာ ရှိပါတယ်။ ယေရှုက လူတိုင်းအတွက် ကယ်တင်ခြင်းပေးပေမဲ့ လူတိုင်းမရပါဘူး။ ယေရှုကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ပြီး နှုတ်နဲ့ဝန်ခံမှ ကယ်တင်ခြင်းရပါတယ်။ အလားတူပဲ ကျိန်ခြင်းအမင်္ဂလာများ မိဘ၊ဘိုးဘွား အြ့ပစ်များကို ကျမတို့မသိပါဘူး။ ဥပမာ အမေက အိမ်ထောင်ဆက်များပြီး မတရားသောမေထုန်ပြု၊ သားအိမ်ရောဂါနဲ့ကွယ်လွန်သွားတယ်။ သမီးမှာလည်း ငယ်ကတည်းက သားအိမ်ရောဂါရှိပြီး၊ ကြီးလာတော့ သမီးလည်း အိမ်ထောင်ဆက်များ၊ မတရာမေထုန်ပြု ဖြစ်လာတတ်ပါတယ်။ ဒါမျိုး ကျိန်ခြင်းအမင်္ဂလာကို သားစဉ်မြေးဆက် ၄ခု လုပ်ခဲ့တာတောင် ဝန်ချတောင်းပန်ရင် လွတ်မြောက်စေပါတယ်။ မိဘဘိုးဘွားတွေရဲ့ အပြစ်ကို မိမိက ဝန်ချတောင်းပန်ဖို့လိုပါတယ်။

ဆင်းရဲပါတယ်။ ဆရာဦးထွန်းလင်း က ရိုးဖြောင့်တဲ့အင်ဂျင်နီယာ၊ ကျမလည်း အထက်တန်းပြဆရာမ၊ ကျမတို့မိဘများကလည်း ဆင်းရဲကြပါတယ်။ တခါမှ ပြောင်ပြောင်ရောင်ရောင် မရှိခဲတဲ့ ကျိန်ခြင်းအမင်္ဂလာနဲ့ ဖိစီးခဲ့တဲ့ ဆင်းရဲခြင်း၊ ကြေကွဲခြင်း၊ ဝိညာဉ်အသီးမသီးခြင်း စတဲ့အခြေအနေများက လွတ်မြောက်လာပါတယ်။

ဘယ်လိုခွင့်လွှတ်နိုင်ရမလဲ၊ သူ့တပါးကို နာကြည်း ဒေါသအမြက် ပြင်းထန်းစွာထွက်တတ်ရင် အစာအိမ်ရောဂါ ဖြစ်တတ်ပါတယ်။ တခါတလေ ဒေါသကို ထိမ်းတတ်ပေမဲ့ အတွင်းမှာထိမ်းထားသူက နှလုံးရောဂါဖြစ်ပါတယ်။ အဖြေကတော့ ကိုယ်ခွင့်မလွှတ်နိုင်တဲ့လူကို ခွင့်လွှတ်ဖို့ဖြစ်ပါတယ်။ ကိုယ့်ဖာသာတော့ ခွင့်မလွှတ်နိုင်ပေမဲ့ ကိုယ်တော်က တတ်နိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ ကိုယ်တော်ဆီကို ဆုတောင်း၊ ခါးသည်းနာကြည်းမှုများကို ဘုရားရှင်ထံ နေ့စဉ်အပ်နှံပါ။ ဆုတောင်းပါ။ အခြားသောဘာသာစကား ပြောပါ။ ကိုယ်တောင်မသိလိုက်ပါဘူး. .မိမိကိုယ်တိုင် ကြည့်မရသူကို ခွင့်လွှတ်နိုင်လာပါတယ်။

ပဌနာ အကြောင်းကို ယခင်က ရွတ်ဖတ်တာပဲ သိပါတယ်။ ကျမ ခေါင်းအမြဲကိုက်တယ်၊ နှလုံးမှန်မှန်မကောင်းပါ။ မရိုမသေပြောရရင် ရာသီမမှန်၊ အစာအိမ်ရော၈ါ၊ နှာစီး အပျိုလေးဘဝ နှာရည်သုတ် ပုဝါမလောက်အောင် ..ဒါတွေ ဘယ်အချိန်ပျောက်လို့ပျောက်မှန်း မသိအောင် ပျောက်သွားပါတယ်။ ဒါတွေဟာ နှုတ်ကပတ်တော် ပါဝါအားဖြင့်လည်း ကျမတို့ မိသားစု ၅ယောက် စားသောက်ဖို့သာမဟုတ်၊ ရာနဲ့ချီပြီး အသင်းတော်ကို ကျွေးမွေးနိုင်ပါတယ်။ ဘယ်နိုင်ငံခြားအထောက်ပံ့မှ မလိုပါဘူး။ အသင်းသားများ ဆယ်ဖို့တဖို့ အမှုဆောင်၇၀ ပဌာနာပြုကြပါတယ်။ ကျမတို့ ပဌနာပြုတာ ဒိဗိမာန်တော်ကြီး ဆောက်ဖို့မဟုတ်ပါ။ ဘုရားရှင် ဝိညာဉ်ရေး လူအပေါင်းတို့အတွက် ပဌနာပြုခြင်း ဖြစ်ပါတယ်။ ၁၉၉၈ ယောင်္ကျား အမေရိကားသွားတော့ လက်ထဲမှာ ကျပ်၂၀၀ပဲရှိတယ်။ ကျမကို သူမသွားခင် ၂သိန်းပေးတယ်။ ကျမ တလကို ဘယ်လောက်ကုန်တယ် ပါပါး သိပါတယ်။ ယောင်္ကျားကိုပဲ အားကိုးခဲ့တာ။ ဒီတော့ ပါပါးက ပြောတယ်၊ သူဘာလုပ်သလဲ ..ဆိုတော့ ဒူးထောက်ဆုတောင်းပါ တဲ့။ ကျမလည်း ဒူးထောက်ဆုတောင်းပြီး ကြည့်လိုက်ချိန် မိန်းကလေးတယောက်ရောက်နေပါတယ်။ သမီးက ခိုင်ခိုင်ပါ။ ကျမမောင်လေးက ဂျပန်က ၂သိန်းပေးဖို့ပြောလို့ လာပေးတာပါ လို့ သက်သေပြပါတယ်။ ကျမတို့ဆီမှာ ဧည့်အဝင်အထွက်များတွေ ဧည့်စာရင်းအမှုနဲ့ ဦးထွန်းလင်း အင်းစိန်ထောင်ကျခဲ့ပါတယ်။ သူများတွေက လွတ်လမ်းမရှိဘူး ပြောခဲ့ပေမဲ့ ဆုတောင်းကြပါတယ်။ ၂၅ရက်အကြာမှာ ပြန်လွတ်လာခဲ့ပါတယ်။ 
.
.
.
ဆယ်ဖို့တဖို့ပေးခြင်း ကောင်ကြီးမင်္ဂလာ
.
ဘုရားကို ဆယ်ဖို့တဖို့ ပေးသူဟာ မာနမကြီးတဲ့လူ၊ ဘုရားအပေါ် သစ္စာရှိခြင်း၊ ယုံကြည်ခြင်း ရှိတဲ့လူက ပေးပါတယ်။ သစ္စာရှိရှိ ပထမဆုံး ဆယ်ဖို့တဖို့ကို ပေးရပါမယ်။ သင်းအုပ်ဆရာ၊ ဧဝံဂေလိဆရာ ကိုပေးမယ်ဆိုရင်လည်း စီးပွားရေးလုပ်ငန်းတခုမှ မလုပ်သူကိုပေးသင့်ပါတယ်။ အကျင့်စာရိတ္တလည်း ကောင်းတဲ့ ဓမ္မဆရာဖြစ်ဖို့လိုပါတယ်။ အသင်းတော်ကိုပေးသော်လည်း တခါတလေ ဘုရားဆီမရောက်နိုင်ပါဘူး။ ဆရာကိုပေးတိုင်းလဲ တခါတရံ ဘုရားသခင်ထံမရောက်ပါဘူး။ ဘယ်သူ့ကိုပေးရမယ် ဘုရားထံ ဆုတောင်းပြီး ပေးရပါတယ်။ ဆယ်ဖို့တဖို့ မှန်မှန်ပေးရင် အကြွေးမတင်ပါဘူး။ ဆင်းရဲခြင်းက ကျမတို့မိဘများ ဆယ်ဖို့တစ်ဖို့ မှန်မှန်မပေးခဲ့လို့ ဖြစ်ပါတယ်။ ဆယ်ဖို့တစ်ဖို့ သစ္စာရှိရှိ ပေးဖို့ဖြစ်ပါတယ်။ 
.
.
.

အစာရှောင်ခြင်း နဲ့ပတ်သက်ပြီး၊ 
.
ပင်လုံနှစ်ခြင်းအသင်းတော်ကို ဝိညဉ်တော်သွန်းလောင်းဖို့ ဖြစ်ပါတယ်။ ယခင်တုံးကတော့ အစာမရှောင်ခဲ့ပါ။ ကျမတို့ ကိုယ်တော်လို ရက်၄၀ အစာရှောင်ခြင်း လုပ်ရမလားလို့ ဆုတောင်းတော့ ၁၅ရက် အစာရှောင်ခြင်း ပြုလုပ်ပါတယ်။ ကျမတို့လည်း အခွင့်ပေးသလို အစာရှောင်ခြင်းများ လုပ်ပါတယ်။ နိုင်ငံရေးသမားတွေလို ရရင်ရ၊မရရင်ချ ..အစာအငတ်ခံခြင်းလို့ မဟုတ်ပါ။ ကိုယ်သိပ်ကြိုက်တဲ့အရာကို ခေတ္တရှောင်ပြီး ဘုရားသခင်နဲ့ ဝိညာဉ်ခွန်အားကြီးဖို့ အစားကြောင့် ဘုရားနဲ့အဆက်ပြက်ရတာမျိုး မဖြစ်အောင် အစာရှောင်ဆုတောင်းခြင်းဖြစ်ပါတယ်။ ကျမ်းစာထဲမှာ ၁။ သခင်ယေရှု ရက်၄၀၊ ရေသောက်ပါတယ်။ ၂။ ဧသသာကတော့ ၃ရက်တိတိ ရေမသောက်၊ အစာရှောင်ပါတယ်။ ၃။ ဒံယေလကတော့ အစာချိုးခြံခြင်း၊ ဟင်းသီးဟင်းရွက်ပဲစားပြီး အစာရှောင်ပါတယ်။
.
.
.
နမိတ်လက္ခဏာအားမကိုး၊ နှုတ်ကပတ်တော်သာ..
.
ကမ္ဘာအရပ်ရပ်က ယုံကြည်သူမိတ်ဆွေများကို ပြောချင်ပါတယ်။ နမိတ်လက္ခဏနောက်ကို မလိုက်ပါနဲ့လို့ မှာချင်ပါတယ်။ ကျမတို့အသင်းတော်က နမိတ်လက္ခဏာတွေကို လုပ်နေပါရက်နဲ့ ဘာကြောင့် မလိုက်ဖို့ ပြောနေရပါသလဲ ဆိုတော့၊ နမိတ်လက္ခဏာနောက်လိုက်ပြီး နှုတ်ကပတ်တော် အားနည်းပြီး ဝိညာဉ်ရေးကျဆင်းသွားနိုင်လို့ ဇြစ်ပါတယ်။ ဘုရားရှင်နဲ့ နှစ်ယောက်တည်း၊ မိတ်သဟာရပြုခြင်း များစွာလုပ်ဖို့ လိုပါတယ်။ နောက်ဆုံးကာလ တနေ့မှာ အားလုံးပျောက်ကွယ်သွားမှာ ဖြစ်ပေမဲ့ အခုထိ ကျမတို့ ပင်လုံအသင်းတော်ကတော့ နတ်ဆိုးထုတ်၊ အနာရောဂါငြိမ်း၊ ပရောဖက်ပြုခြင်းများ လုပ်နေဆဲဖြစ်ပါတယ်။ တနေ့မှာတော့ ယေရှုကို ချစ်တဲ့ သတို့သမီးလေးတွေပဲ ဘုရားရှင်နောက် ပါသွားမှာဖြစ်ပါတယ်။ ဒါကြောင့် နမိတ်လက္ခဏာနောက်ကို မလိုက်ဖို့ တိုက်တွန်းလာပါတယ်။ ဘုရားနဲ့မိတ်သဟာရပြုခြင်းကို ဘုရားကျောင်း၊ လူအများကြီးရှေ့ မဟုတ်ပဲ၊ ခင်ဗျားနဲ့ယေရှု နှစ်ယောက်တည်း ချစ်ခြင်းစကားကို တီတီတာတာ၊ ပလီပလာ ပြောဆို၊ဆုတောင်းခြင်း လုပ်ကြဖို့ပဲ လိုပါတယ်။ ဒါကို ကျမ နားလည်သိရှိလာခြင်းက ကျမခင်ပွန်း ဆရာဦးထွန်းလင်း ခေါ်တော်မူခြင်း ခံရပြီးတဲ့နောက်မှ ကျမ ဒါတွေကို သိလာခြင်းဖြစ်ပါတယ်။ ကျမ စိတ်ကျဆင်းပြီး ဘုရားသခင်နဲ့မိတ်သဟာရ မလုပ်နိုင်လောက်အောင် ဝိညာဉ်ကျဆင်းသွားခဲ့ပါတယ်။ ဘုရားသခင်က တခုပဲ ပြောပါတယ်။ ၂၀၁၁ မှာ ငါ့ထံပြန်လာပါ လို့ပြောသံကိုကြားရပြီးကတည်းက ဘုရားနဲ့မိတ်သဟာရ နှစ်ယောက်တည်း ဘုရားသခင်ကို သတို့သမီးအချစ်နဲ့ ဘုရားရှင် ကြွယ်ဝပြည့်စုံသောအသက်တာ ကျမ်းစာသင်တန်းကို ကျမရယ်၊ ကျမသား၊ ကျမသမီး တို့ သင်ကြားပေးနေပါတယ်။ အယောက်စီတိုင်းကို ဘုရားသခင်ကောင်းကြီးပေးပါစေ။ 
.
ဖုန်းနံပါတ်၊ ၀၉၂၅၀၃၇၆၅၇၆ Facebook Emerald Khin နဲ့ Pinlon Baptist Church နဲ့ဆက်သွယ်နိုင်ပါတယ်။ 
.
မုရန် 
၂၁-၃-၂၀၁၇
.
.
Reference by Sia Sian Video.(အပြည့်အစုံနားထောင်ရန်)
https://www.youtube.com/watch?v=rgboMGy6zjg