ရင့်ကျက်သောခရစ်ယာန် - GROWING TOWARDS MATURITY AS A CHURCH , Rev. Kenny Fam

ရင့်ကျက်သောခရစ်ယာန် - GROWING TOWARDS MATURITY AS A CHURCH , Rev. Kenny Fam ... သင်းအုပ်ဆရာတစ်ယောက်ရဲ့ ဘဘောက်မှာ Immature မရင့်ကျက်သေးခြင်း ဆိုတာကို ဖတ်မိပါတယ်။ လူတွေ ဘုရားကျောင်းကို အပတ်စဉ်လာသူများမှာ ရင့်ကျက်တဲ့ခရစ်ယာန်နဲ့ မရင့်ကျက်သေးတဲ့ခရစ်ယာန် ၂မျိုးရှိပါတယ်။ ရင့်ကျက်သူများကတော့ သူများကိုခွန်အားပေးနိုင်တယ်။ အများစုကတော့ ကိုယ့်အတွက်ပဲခွန်အားယူပြီး ဘုရားကျောင်းကပြန်သွားကြပါတယ်။ ဒါဟာ အများစုသောခရစ်ယာန်များရဲ့ စရိုက်လက္ခဏာဖြစ်ပါတယ်။ သူတို့ကယ်တင်ခြင်းဟာ ခရစ်တော်နဲ့သူတို့ပဲ သက်ဆိုင်ပါတယ်။ အသင်းတော်လုပ်ငန်းကို မလုပ်ဆောင်တဲ့အတွက် မရင့်ကျက်ဖူးလို့လဲ ပြောလို့မရပါဘူး။ မရင့်ကျက်တဲ့ခရစ်ယာန်ဆိုတာ အထူးသဖြင့် ကွန်ပလိန်းတက်တတ်သူများဖြစ်ပါတယ်။ ဥပမာ ညီမလေးကိုမထိန်းပဲ၊ ညီမလေးဆိုးကြောင်းကို မိဘထံ ကွန်ပလိန်း တိုင်ကြား၊ပြောကြားလေ့ရှိတဲ့ ၅နှစ်သားကလေးငယ်လေးပုံစံ ခရစ်ယာန်တွေကို မရင့်ကျက်ဘူးလို့ ပြောနိုင်ပါတယ်။ ကလေးငယ်ကပဲ စားပွဲပေါ်ကအရုပ်ကို အအောက်ပစ်ချလိုက်တယ်။ အမေက ပြန်ကောက်ပြီး စားပွဲပေါ်တင်လိုက်၊ ၂ခါလုပ်တယ်။ ၃ခါမြောက်ကျတော့ အမေဖြစ်သူက ကလေးက မိမိကိုဆော့ကစားနေတာ ရိပ်မိသွားတယ်။ ဒီလိုပဲ မရင့်ကျက်သေးသူ ခရစ်ယာန်များရှိပါတယ်။ အသင်းတော်မှာ အထူးသဖြင့် ဓမ္မဆရာများ၊ အသင်းလူကြီးများဟာ ရင့်ကျက်ဖို့လိုပါတယ်။

၂ချက်တင်ပြလိုပါတယ်

၁။ Equipping God's People for the Work of Ministry (Eph 4:7-12)
လူတိုင်းမှာ ဘုရားသခင်ရဲ့ကျေးဇူးတော် ခံစားရပါတယ်။ တနည်းအားဖြင့် လူတိုင်းတစ်မျိုးစီ ကျွမ်းကျင်မှုများရှိပါတယ်။ အားလုံးဘေးလူများကိုပြောစေလိုပါတယ်.. သင်ဟာကျေးဇူးခံစားရသူဖြစ်ပါတယ်..လို့ ပြောပါ။ You are gifted person.. ဆုကျေးဇူးများစွာ ကျမ်းစာနဲ့မဆန့်အောင်ရှိပါတယ်။ ကျေးဇူးတော်အချို့(၃)ခုလောက်ပဲ ပြောချင်ပါတယ်။ ရောမအခန်းကြီး၁၂၊ ၁၂မြော်လင့်လျက်ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆုတောင်းပဌနာပြုခြင်း အမှုကို အမြဲပြုကြလော့။ ၁၃သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှပေးကမ်း ကြလော့။ .. ဆက်ဖတ်ကြည့်နိုင်ပါတယ်။ ကျွန်ုပ်တို့ မျှဝေနိုင်တဲ့ ဆုကျေးဇူးများစွာရှိပါတယ်။

နှုတ်ကပတ်တော်ဆိုတဲ့ ကျမ်းစာဟာ ခရစ်ယာန်များရဲ့ အခြေခံလက်စွဲဖြစ်ပါတယ်။ ဖတ်မှတ်လေ့လာ၊နှလုံးသားမှာ သိုမြည်းရပါမယ်။ ပေတရုကိုလည်း သခင်ယေရှုက ငါ့ကိုချစ်ရင်၊ ငါ့သိုးတို့ကိုကျွေးမွေးလော့..လို့ ၃ကြိမ်ပြောခဲ့ပါတယ်။ ခရစ်တော်အမှုဆောင်ခြင်းဟာ နှစ်ခြင်းပေးခြင်းထက် နှုတ်ကပတ်တော်သင်ကြားပေးခြင်း အဓိကဖြစ်ပါတယ်။ အသင်းတော်ကြီးထွားဖို့၊ သင်းအုပ်ကြီးထွားဖို့ထက်စာရင် ဘုရားသခင်ကြီးထွားဖို့ကို နံပါတ်(၁)အမြဲထားဖို့ လိုပါတယ်။ ရင့်ကျက်သော ခရစ်ယာန်များဟာ ဘုရားဘုန်းတော်ထင်ရှားဖို့ အပြောသာမက၊ အလုပ်နဲ့ပါ သက်သေပြလေ့ရှိပါတယ်။

2. Establishing God's People in Growth Towards Maturity (Eph 4:13-16)

ဓမ္မဆရာနဲ့အသင်းသားများ ရင့်ကျက်လာမှ အသင်းတော်လည်း ရင့်ကျက်ပါမယ်။ အသင်းတော်ရင့်ကျက်ဖို့ ဧဖက်အခန်းကြီး၎မှာ အောက်ပါအတိုင်းရေးထားပါတယ်။
- Unity (Eph 4:13) အသင်းသားများ ယေရှုခရစ်ရဲ့အောက်မှညီညွတ်မှုကိုရရှိခြင်း (သန့်ရှင်းသောဝိညာဉ်တံဆိပ်ခပ်ခံရခြင်း)
- Christ Like (Eph 4:13) အသင်းသားများ ယေရှုခရစ်နှင့်တူလာခြင်း (သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်လာခြင်း)
- Stability (Eph 4:14) အသင်းသားများ (ခရစ်တော်၏အမွေခံဖြစ်ခြင်း၊ တည်ငြိမ်၊အေးချမ်းမှုရှိလာခြင်း)
- Speak Truth in Love (Eph 4:15) အသင်းသားများ နှုတ်ကပတ်တော်နှင့်ညီသော၊ ကျမ်းစာအတိုင်း ပြောဆို၊နေထိုင်လာသည် (ဘုရားသခင်၏ချစ်ခြင်းကိုရရှိခြင်း)
- Continue Praise and Pray (Eph 4:16) အသင်းသားများ တစ်ဦးစီ၊ အဖွဲလိုက် ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းများ လုပ်ဆောင်လာခြင်း.. စသည်တို့ဖြစ်ပါတယ်။

ကမ္ဘာကျော် ဟာသမင်းသား ဂျင်မီ ဖျော်ဖြေရေးပွဲတစ်ခုကို လာရောက်ပြောဆိုဖို့ခေါ်တော့ သူက၊ အလွန်မအားလပ်လို့ ၅မိနစ်ပဲ ခဏလာပြီးပြောပေးနိုင်ပါတယ်.. လို့ ဆိုတယ်။ ပွဲစီစဉ်သူများက လက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ တကယ့်ပွဲမှာ လူတွေတဝါးဝါးနဲ့ မိနစ်၃၀တိုင်အောင် ပြောသွားပါတယ်။ ပြီးတဲ့အချိန်မှာ ဘာလို့အချိန်တွေအများကြီးပေးရပါသလဲ မေးတော့၊ တချက်သဘောကျတိုင်း သူများတွေက ကိုယ့်လက်နဲ့လက်ခုပ်တီးအားပေးကြတယ်။ ပရိတ်သတ်ထဲက ညာလက်မရှိသူတစ်ဦး၊ ဘယ်လက်မရှိသူတစ်ဦး ..သူတို့၂ယောက်ကတော့ ၂ယောက်ပေါင်း လက်ဝါး၂ခုနဲ့ အားပါးတရ၊ လက်ခုပ်တီးပေးနေတာတွေ့တော့ ၅မိနစ်ပဲအချိန်ပေးမယ် ပြောခဲ့ပေမဲ့၊ မိနစ်၃၀အထိ ဟာသပြောပေးဖို့ ဆုံးဖြတ်လိုက်ရတယ်..လို့ဆိုပါတယ်။

အသင်းတော်မှ ဓမ္မဆရာ၊ အသင်းလူကြီး၊ အသင်းသား အားလုံး ရင့်ကျက်သောခရစ်ယာန်များ ဖြစ်ဖို့ တိုက်တွန်းအားပေးပြီး၊ ဆုတောင်းပေးသွားခဲ့ပါတယ်။

ဧဖက် ၄း ၇-၁၆
၇-၈ခပ်သိမ်းသော သတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာသော ကျေးဇူးတော် သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည်ခံရကြ၏။ 
၉ဘုရားသခင်သည် နှလုံးသွင်တော်မူသော စေတနာတော်နှင့် လျော်သောအလိုတော်၏ နက်နဲသောအရာကို ငါတို့အား ပြတော်မူ၏။ 
၁ဝထိုနက်နဲသော အရာဟူမူကား၊ ကာလ အချိန်စေ့စုံခြင်း၏ သာသနာတွင် ကောင်ကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို ပေါင်း၍ခရစ်တော်၌ ချုပ်ခြာစေတော် မူလိမ့်သတည်း။
၁၁မိမိစေတနာ၏ အလိုတော်သို့လိုက်၍ အလုံးစုံတို့ကို စီရင်ပြုပြင်တော်မူတတ်သော သူ၏ကြံစည် ခြင်းရှိသည်အတိုင်း၊ ရှေးမဆွက ခွဲခန့်မှတ်သား တော်မူသည်နှင့်အညီ၊ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံ ဖြစ်ကြ၏။ 
၁၂အကြောင်းမူကား၊ ခရစ်တော်ကို မြော်လင့်နှင့်သော ငါတို့အားဖြင့် ဘုန်းတော်ကို ချီးမွမ်းစေခြင်းအကြောင်း ဖြစ်သတည်း။ ၁၃သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့် ယှဉ်သောဧဝံဂေလိတရားတည်း ဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခပ်ခြင်းကို ခံရကြပြီ။ 
၁၄ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီ ကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏ စားရန်ဖြစ်တော်မူ၏။
၁၅ထိုကြောင့် သင်တို့သည် သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်း ကို ငါသည်ကြားပြီးလျှင်၊ 
၁၆သင်တို့ကို အကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက်နေ၏။

Ephesians 4;7-16 Rev Kenny Fam, wefc.org.sg 9-Mar-2014
သက်သေခံပြောကြားချက်။ သူဘဝ ၁၃နှစ်သားအရွယ် ဖခင်ကစွန့်လွှတ်ခံရပြီး၊ Broken Family ဖခင်မဲ့အဖြစ်၊ မိခင်ကမတတ်နိုင်သောကြောင့် Salvation Army တွင်ကျောင်းတက်ခဲ့ရခြင်း၊ Singapore Bible College ၄နှစ်ကျမ်းစာကျောင်းတက်ပြီး၊ ဓမ္မဆရာဖြစ်ခဲ့ခြင်၊ ချီကာဂိုတက္ကသိုလ်တွင် မာစတာ ၃နှစ်ခွဲတက်ခဲ့ပြီး၊ စင်ကာပူတွင်သင်းအုပ်ဆရာလုပ်ခြင်း၊ ယခုအသင်းတော်တွင် ၉နှစ် သင်အုပ်အမှုထမ်းဆောင်ရင်း သင်းအုပ်ဆိုသည်မှာ နှစ်ခြင်းပေးရုံမဟုတ်ပဲ၊ အသင်းသားများအား ရင့်ကျက်ရန် နှုတ်ကပတ်တော်ကို ဟောကြား၊ ပုံသက်သေပြရခြင်းအကြောင်း သက်သေခံသွားပါသည်။

The End....
မုရန်