ဆရာဝါရှင်တန် နှင့်မတ်သဟာရပြုခြင်း ပုသိမ်မြို့ ရွှေဝါထွန်းအသင်းတော်

ဆရာဝါရှင်တန် နှင့်မတ်သဟာရပြုခြင်း ဒီနေ့ ရွှေဝါထွန်းအသင်းတော် သွားရောက်လေ့လာဖို့ပါ (ဆက်ရန်)Sayar Washinton. Sayar Mahn Kyaw Soe Latt, Pauk Sayar Mahn Kyaw Mya, Daw Hlaing ...December 31, 2015 .  

.
ဆရာဝါရှင်တန် ကျမ်းစာကျောင်းမတတ်ခဲ့ပေမဲ့ သူနဲ့ချစ်မိတ်ဆွေများက ဝါးနဲ့ဆောက်လုပ်ထားတဲ့ ပုသိမ်မြို့က အံ့သြဘွယ် ရွှေဝါထွန်း အသင်းတော်ကို မြန်မာလူမျိုးများ အထူးသဖြင့် အရိုင်းမြေက စရိုက်ကြမ်းလှတဲ့ မြန်မာ၊ကရင် ပုသိမ်မြို့ခံများကို မြေပြန့်သာသနာအဖြစ် ဘုန်းတော်ထင်ရှားစေသူဖြစ်ပါတယ်။ ကိုသာဖြူ ကရင်ကျမ်းစာသင်ကျောင်း ပုသိမ်မြို့မှာ အလွန်ထင်ရှားပါတယ်။ ထောင်နဲ့ချီတဲ့ ကရင်လူငယ်များစွာ ကျမ်းစာသင်ပေး၊ ဘုရားအမှုတော်ဆောင်ဖြစ်စေတဲ့ ကျမ်းစာသင်ကျောင်းကို ဆရာကြီးယုဒသန်အားဖြင့် အမှုတော်ဆောင်ဘဝ ရောက်စေခဲ့ပါတယ်။ ဆရာ ဝါရှင်တန် ဘဝဖြစ်စဉ်ကတော့ ကိုသာဖြူ ကဲ့သို့ပဲ ..ကြမ်းတမ်းလှပါတယ်။ ငယ်စဉ်က လမ်းသရဲ ဆိုတဲ့ လူဆိုး၊ လူမိုက်၊ တေလေ ခဲ့တဲ့ဘဝကနေ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေကို ပုသိမ်မြို့က မယုံကြည်သူများစွာကို လိုက်လံပြောကြားခဲ့ပါတယ်။ 
.
.
ဆရာဝါရှင်တန် သက်သေခံချက် အနည်းကျဉ်းပါ။ 
.
အမှတ်၅၂ မင်းကြီးလမ်း နေအိမ်ကို ဘုရားထံအပ်နှံတဲ့ အခမ်းနားလေးမှာ ဆရာဝါရှင်တန်၊ ဆရာမန်းကျော်စိုးလတ်တို့နဲ့အတူ ဆရာဝါရှင်တန်ရဲ့ သက်သေခံ၊ နှုတ်ကပါတ်တော်နဲ့ ဆုတောင်းပေးခြင်းများကို ၂၉-ဒီဇင်ဘာ-၂၀၁၅ ညအခိျန်မှာ ပြုလုပ်ပါတယ်။ 
.
ဆရာဝါရှင်တန်က ပြောပြပါတယ်။ သူ စတင်ပြောင်းလဲလာချိန်မှာ ခရစ်တော်အကြောင်း ဧဝံဂေလိ သတင်းကောင်းလိုက်ပြောပါတယ်။ တွေ့သူတိုင်းကို ပြောကြားတဲ့အခါ အိမ်ပြန်ရောက်တိုင်း အလွန်ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာတွေ ခံစားရပါတယ်။ သိပ်ပျော်ပါတယ်။ ဒါပေမဲ့ ကိုယ်ပြောတဲ့လူတွေ သူတို့ဘဝတွေက ပြောင်းလဲမသွားပဲ အရင်အတိုင်း ..စရိုက်ကြမ်း၊ မူရစ်နေမြဲ ဖြစ်နေတာကို သတိထားမိတယ်။ ငါကတော့ ဝမ်းမြောက်ကျေနပ်ပေမဲ့ ဘာကြောင့် ငါပြောဟောတဲ့လူတွေဘဝ မပြောင်းလဲပဲ ရှိနေရပါသလဲ ...ဆိုပြီး ..နှုတ်ကပတ်တော်အားဖြင့် အဖြေရှာတော့ ...အဖြေတွေ့သွားပါတယ်။ 
.
ဘာကြောင့် ငါပြောတဲ့လူတွေ ဘဝမပြောင်းလဲရသလဲ ..ဆိုတော့ ငါကိုယ်တိုင်က ကိုယ့်ရဲ့အားနည်းချက်တွေကို ဘုရားထံအားလုံး စွန့်လွှတ်ဖို့လိုအပ်တယ် ..ဆိုတာ ကောင်းကောင်းကြီး သဘောပေါက် အဖြေရရှိသွားပါတယ်။ 
.
အဲဒီအချိန်ကစပြီးတော့ ..မာန်မာနတွေ၊ ဗမာတွေကို မကြေနပ်တဲ့စိတ်၊ ကိုယ်က ဝိညာဉ်ရေး သူတို့ထက်အားကြီးတယ် ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်တွေအားလုံး ယေရှုကားတိုင်ပေါ်မှာ စွန့်လွှတ်သလို အားလုံးစွန့်လွှတ်လိုက်ပါတယ်။ 
.
ကရင်ဗမာ အရေးခင်းဖြစ်ချိန် ဗမာ(၃)ဦးကို ကရင်များက ဖမ်းဆီးထားချိန်မှာ ..သူတို့ကိုကြည့်ပြီး အလွန်သနား၊ ကျေးဇူးတင်စိတ်တွေ ပေါ်ပေါက်လာပါတယ်။ တကယ်တော့ သူတို့ (၃)ဦးဟာ မကြာခင် နှိပ်စက်ရိုက်နှက်ခံရတော့မဲ့ အခြေအနေမှာရှိနေပါတယ်။ ဒါပေမဲ့ သူတို့ကို ညင်သာသော စကားနဲ့ .. ပထမဆုံး ဗမာ(၃)ယောက်ကို တောင်းပန်လိုက်ပါတယ်.. ပြိးတော့... ခင်ဗျားတို့ကို အရမ်းကျေးဇူးတင်ပါတယ်..လို့ပြောလိုက်တော့ ..ဗမာ (၃)ဦး နဲ့ ဖမ်းပေးတဲ့ ကရင်များက အလွန်အံ့သြ သွားကြပါတယ်။ ..ဘာဖြစ်လို့လဲ...ဆိုတော့... ကျနော်တို့ကရင်လူမျိုးတွေထဲမှာ လူဆိုး၊ လူသတ်သမားကြီး ..ကိုသာဖြူ ...ဆိုတဲ့ လူရမ်းကားကို .. ဖမ်းဆီးပြီး ကျွန်အဖြစ်ရောင်းချ လေလံတင်တဲ့အချိန်မှာ ...ခင်ဗျားတို့ ဗမာလူမျိုးဖြစ်တဲ့ ကိုရွှေပေးက ..ဝယ်ယူသွားပါတယ်။ ..စရိုက်ကြမ်း စာမတတ်တဲ့ ဒီလူရမ်းကား၊ လူသတ်သမားကြီး ကိုသာဖြူ ... ဆရာကြီးယုဒသန်ဆီကို အပ်နှံပြီး နှုတ်ကပတ်တော် သင်ကြားခံယူစေတာ ..ခင်ဗျားတို့ ဗမာလူမျိုး ကိုရွှေပေး ..ဆိုသူဖြစ်ပါတယ်။ အခု ကိုသာဖြူ အားဖြင့် ကျွန်တော်တို့ ကရင်လူမျိုးတွေ အသက်ရှင်တဲ့ ဘုရားကို ကိုးကွယ်ခွင့်ရရှိပြီး ယဉ်ကျေးလာခဲ့တာ ..ဒါကြောင့် ခင်ဗျားတို့ ဗမာ(၃)ယောက်ကို အရမ်းကျေးဇူးတင်ပါတယ်။ ပီးတော့ ဒီလို ဖမ်းဆီချုပ်နှောင်မှုအတွက်လဲ တောင်းပန်ပါတယ်...လို့ ကျိုးပဲကြေမွသောစိတ်၊ အလွန်သနားသောစိတ်နဲ့ ပြောဆိုပါတယ်။ သခင်ယေရှုရဲ့ လူ့လောကကို ကယ်တင်ရှင်အဖြစ် ဆင်းသက်လာခြင်းကြောင့် ကျနော်တို့ လူမျိုးတွေ ယေရှုရဲ့ ချစ်မေတ္တာ ချစ်ခင်တဲ့စိတ်တွေ ရရှိကြောင်း ..ဧဝံဂေလိ သတင်းကောင်းကို ပြောကြားပါတေယ်။ ..အဲဒီအခါ ...ဖမ်းဆီးခံထားရတဲ့ ဗမာ(၃)ဦးဟာ ခရစ်တော်ကို အဲဒီနေရာမှာပဲ အံ့သြစရာ လက်ခံပြောင်းလဲလာခဲ့ပါတယ်။ 
.
.
ဒါက မိမိကိုယ်တိုင် အစေခံဘဝကို ခံယူလိုက်တဲ့အတွက် မိမိကိုယ်တိုင် ကျိုးပဲ့ကျေမွသော စိတ်နှလုံးနဲ့ ကိုယ်တိုင်ပြောင်းလဲသွားတဲ့နောက် ...သူများကို ပြောင်းလဲဖို့ စတင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ 
.
အခု ဒီအိမ်ကို ဘုရားအမှုတော်အတွက် ဆပ်ကပ်တယ်ဆိုရင် ..ဒီအိမ်က သက်မဲ့၊ အသက်မရှိတော့ ဘာမှမလုပ်နိုင်ပါဘူး။ ဒီအိမ်ထဲမှာ နေထိုင်တဲ့ အသက်ရှင်တဲ့ ဘုရားကို ကိုးကွယ်သူများက ဘုရားသခင်ထံ ဦးစွာဆပ်ကပ်ဖို့၊ ပြောင်းလဲဖို့၊ စိတ်နှလုံးထဲမှာ ပြောင်းလဲသွားဖို့ ဦးစွာလိုအပ်ကြောင်း ခွန်အားပေးစကား ပြောသွားပါတယ်။ 
.
.
ရွှေဝါထွန်းအသင်းတော် စတင်ဖြစ်လာပြီး ပုသိမ်ပတ်ဝန်းကျင်က မြန်မာများစွာ ယုံကြသည်သူများအဖြစ် ပြောင်းလဲလာကြပါတယ်။ အသင်းတော် တည်ထောင်ခဲ့ပြိးနောက်ပိုင်း ကိုးကွယ်ဝတ်ပြုဖို့ အဆောက်ဦတစ်ခု လိုအပ်လာပါတယ်။ ဝါးနဲ့ချည်းပဲ အသုံးပြု ဆောက်လုပ်ထားတဲ့ ဝါးဗိမာန်တော်ကို တည်ဆောက်နေချိန်မှာ ပတ်ဝန်းကျင် မယုံကြည်သူများက အမိန့်မရပဲ စည်ပင်လိုင်စင် မတင်ပဲ ဆောက်ထားတယ်ဆိုပြီး တရားစွဲဆို၊ ဖျက်သိမ်းဖို့ တားမြစ်ကြပါတယ်။ အာဏာပိုင်များက ဆောက်လုပ်ရေးလုပ်ငန်းကို ရပ်တန့်စေလိုက်ပါတယ်။ ပုသိမ် ခရစ်ယန်အသင်းတော်များအဖွဲ့ကို အာဏာပိုင်များက တရားစွဲဆို ဖို့ ခွင့်ပြုမိန့်မရပဲ ဘုရားကျောင်းတည်ဆောက်ခြင်း ပြသနာကြီးနဲ့ ကြုံတွေ့ရပါတော့တယ်။ ၂၀၁၁ ခု ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့် ဖြစ်လာချိန်မှာ ... ဒီအမှုကို စစ်ဆေးပါတယ်။ ဆရာဝါရှင်တန် ကိုယ်တိုင်က တရားရုံးမှာ သက်သေခံပါတယ်။ ဘယ်အဖွဲ့အစည်းကမှ တာဝန်မရှိပါဘူး။ ကျနော် တစ်ဦးတည်း သဘောနဲ့ ဒီဘုရားကျောင်းကို ဆောက်လို့ ထောင်ကျရင်လဲ မိမိသာလျှင် တရားခံဖြစ်ပါတယ်။ မိမိကိုပဲ တရားစွဲဆို မိမိပဲ အပြစ်ရှိရင် ခံပါမယ်လို့ ပြောခဲ့ပါတယ်။ အံ့သြဖွယ်ရာ .. တရားရုံးမှာ မြို့နယ်စည်ပင်က ဒီအဆောက်အဦးဟာ ဝါးနဲ့ပဲ ဆောက်ထားတဲ့အတွက် ..ယာယီအဆောက်ဦး ဖြစ်လို့ ..ခွင့်ပြုမိန့်မလိုပဲ ဆောက်နိုင်ပါတယ်...ထွက်ဆိုပါတယ်။ ဒါနဲ့ အမှုပြီးတော့ ...ဝါးဗိမာန်တော် ဆက်လက်ဆောက်လုပ်ခဲ့တာ အခု လက်ရှိကိုးကွယ်ဝတ်ပြုနေတဲ့ ဘုရားကျောင်း၊ ယာယီ ဆိုပေမဲ့ အမြဲတမ်းဖြစ်အောင် ဆောက်လုပ်ထားလို့ ၇နှစ်တာကာလအထိ ခိုင်ခံစွာ ရှိနေပါတယ် လို့ သက်သေခံစကားပြောပြပါတယ်။ 
.
ဆက်လက် ရေးစရာများစွာ ရှိပါသေးတယ်။ လောလောဆယ်အချိန်မှာတော့ ရွှေဝါထွန်းအသင်းတော် သင်းအုပ် ဆရာဝါရှင်တန် နဲ့ ဇနီးသည်တို့ အမှုတော်ထမ်းရွက်ရာမှာ ပုသိမ်မြေပြန့်သာသနာရဲ့ ဥက္ကဌ တာဝန်ကိုလဲ ယူထားရပါတယ်။ ပုသိမ်မြို့ အသင်းတော် (၉)ပါး ရိုမင်ကါသိုလစ် အသင်းတော် အပါဝင် ညီညွတ်ရေးမှာလဲ နှိမ့်ချလှတဲ့ အမှုတော်ဆောင် ဆရာဝါရှင်တန်ကို မြန်မာလူမျိုး ဗုဒ္ဓဘာသာ အာဏာပိုင်များနဲ့ ဆက်သွယ်ရာမှာ ဘုရားသခင်က ကောင်းကောင်း အသုံးချနေတာကို တွေ့ရပါတယ်။ 
.
ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။


Threesome