Spiritual နေ့စဉ်မျှော်လင့်ချက် ၁၀၀ နှင့် " စုံစမ်းစမ်းသပ်ခြင်း(အခက်အခဲ) အောင်နိုင်ခြင်း

နေ့စဉ်မျှော်လင့်ချက် ၁၀၀

" စုံစမ်းစမ်းသပ်ခြင်း(အခက်အခဲ) အောင်နိုင်ခြင်း

" စေ့စေ့ထောက်ရှုကြကုန်

" သင့်ဘဝအတွက်ဘုရားအကြံအစည်

" အဓိကကိစ္စများးကိုအာရုံစိုက်ပါ

" သင်တယောက်တည်းမဟုတ်ပါ

" သင့်ကိုဘေးအန္နရယ်မှ အကာကွယ်ပေးသည်

" ဘုရားသခင်ပြုံးရယ်မူသည်

" နားမည်တော့ဘူးလား။ ဘုရားကိုသာယုံကြည်ပါ

" မှန်ကန်သောစိတ်ထားဖြင့်တောင်းပါ

" DAD (ဖခင်) ကို ဘယ်လိုစာလုံးပေါင်းရမလဲ

********

စုံစမ်းစမ်းသပ်ခြင်း (အခက်အခဲ)ကို အောင်နိုင်ခြင်း
------------------
အပြစ်ရှိသောလူတို့လက်တွင် ထိုမျှလောက်ကြီးသော ဆီးတားနှောက်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်းတော်မူခြင်းဖြင့် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှာ ကြိုးစားကြလော့။ သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တော်လှန်၍ ကိုယ့်အသွေးထွက်သည့်တိုင်အောင် မခံကြရ။ (ဟေဗြဲ ၁၂း၃-၄)
------------------
လက်မြောက်အရှုံးပေးရတော့မယ်ဆိုရင် မိမိကိုယ်ကိုပဲ ဝမ်းနည်းမိတယ်။ မိတ်ဆွေများကလည်း သနားကြမယ်။ ဒါတွေ စိတ်ပျက်စရာတွေကို မေ့ထားလိုက်ပါ။ သခင်ယေရှု သင့်ကိုဘယ်လောက် စောင်မခဲ့သလဲ ဆိုတာစဉ်းစားပါ။ 
သခင်ယေရှုကို လူတွေ ဘယ်လိုတိုက်ခိုက် ရှုံချကြတယ်ဆိုတာ စဉ်းစားပါ။ စွတ်စွဲမှု ရက်စက်မှုအပေါင်းကို သူခံစားခဲ့ပါတယ်။ သခင်ယေရှုက ကျနော်တို့အတွက် ဒီဒါဏ်ချက်တွေကို ခံခဲ့ရတာပါ။ 
သင်လဲ သင့်ဘဝမှာ အားလျော့စိတ်ပျက်စရာ တိုက်ပွဲတွေနဲ့ ဆုံရတဲ့အခါ သင့်ရဲ့ယုံကြည်ခြင်းကို စုံစမ်းစမ်းသပ်ခြင်း ဖြစ်ပါတယ်။ 
.
အားလုံးအဆင်ပြေ ချောနေချိန်မှာတော့ ဘုရားကိုယုံကြည်ခြင်းဟာ လွယ်ကူပါတယ်။ အလုပ်လက်မဲ့ဘဝနဲ့ လပေါင်းများစွာ နှစ်ချီကြာလာရင်တော့ ဘုရားကိုယုံကြည်အားကိုးဖို့ ခက်ခဲလာပါတယ်။ ပိုက်ဆံဝင်ငွေမရှိပဲ တနေ့တာ ဘယ်လိုစားသောက် နေထိုင်ရမယ်ဆိုတာ စဉ်းစားနေမိမှာပါပဲ။ သို့မဟုတ် သင့်မိသားစုဝင်ငွေ ရှာနေတဲ့တယောက် ကိုယ်နဲ့ခွဲခွာသွားရချိန်မှာလဲ ဘုရားကိုယုံကြည်အားကိုးဖို့ ခက်ခဲလာပါတယ်။ ဒါတွေဟာ စုံစမ်းစစ်ဆေးမှုတွေပါ။ 
သင်ဟာ ကွယ်ကာစောင့်ရှောက် ခံနေရပါတယ်။ အသက်ရှင်နေထိုင်နိုင်ပါတယ်။ သင့်မှာ ပညတ်တရားများရှိနေပါတယ်။ သင်ဟာ ကောင်းမွန်စွာ ရှိနေမှာပါ။ 
သင့်ကိုဘာတွေ စုံစမ်းစစ်ဆေးခံနေရပါသလဲ။ သင်လက်မြှောက်အရှုံးပေးချင် နေပြီလား။ သင်စခဲ့တဲ့ဘဝကို အဆုံးတိုင် လျှောက်လှမ်းရပါမယ်။ 
ဇော်အောင်(မုံရွာ) ဘာသာပြန်သည်။
.
(Daily Hope Psssing the Test, Posted by Rick Warren အား ဆီလျော်အောင် ဘာသာပြန်ပါသည်

ံ့- - - - - -
စာအုပ်ကို အမှုဆောင်များ အခမဲ့ရယူနိုင်ဖို့ စီစဉ်နေပါသည်။ မုရန်
.
ဖေ့ဘုတ်လင့် 
https://www.facebook.com/groups/murann/
.
မုရန်မြန်မာကျမ်းစာ
Myanmar Bible (link)
http://murann.com/BurmeseBible/public/

Today Read ODB
Ezekiel 6-8
.
ယေရှုက ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ၊ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူ (ဟုမိမိကိုယ်ထင်သောသူ) တို့ကို နောင်တသို့ ခေါ်ဆောင်ခြင်းငှါ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ၊ ငါလာသတည်း ဟု မိတ့်တော်မူ၏။ 
ရှင်မသဲ ၉း၁၃ 


Threesome