ရှန်ဆုံ ဆိုသူအကြောင်း (ဆမ်မ်ဆင် Samson)


တရားသူကြီးမှတ်စာမှာ ၁၃၊ ၁၄၊ ၁၅ မှာ ရှန်ဆုံ ဆိုသူအကြောင်းရေးထားပါတယ်။ အင်္ဂလိပ်လိုတော့ ဆမ်မ်ဆင် Samson လို့ခေါ်ပါတယ်။ ခရစ်ယာန်များစွာ ဆန်မဆင် အမည်ကိုမည့်ကြပါတယ်။ အလွန်ခွန်အားကြီးပြီး၊ က္ကုသရေလလူမျိုးတွေကို ဖိလိတ္တိလက်အောက်က အနှစ်၂၀ လွတ်မြောက်စေသူ ဖြစ်ပါတယ်။ တနင်္ဂနွေ ၃ပါတ်လုံး တရားဒေသနာဟောကြားပါတယ်။ 
.
အကြပ်အတည်းကြုံစဉ်မျာဘုရားသခင်ကို ယုံကြည်အားကိုးခြင်း တရားဒေသနာများမှာ ဒီတပါတ်ကတော့ "အမှားလေးတစ်ခုမှ ဘေးဒုက္ခကြီးအဖြစ်ပြောင်းလဲခြင်း" အကြောင်းကို အခန်း၁၅ လေ့လာ၊ ဟောကြားပါတယ်။ 
.
အစပိုင်း ပရိသတ်အားလုံး မတ်တပ်ရပ်ပြီး ကျမ်းပိုဒ် တရားသူကြီးမှတ်စာ ဖတ်ကြပါတယ်။ ရှန်ဆုံ တပါးအမျိုးသမီးကို ချစ်ကြိုက်၊ တောင်းရမ်းလက်ထပ်ပြီး၊ ဖိလိတ္တိမယားအိမ် သွားနေပါတယ်။ သူ့ရဲ့ ဒေါသကြောင့် မြေခွေး၃၀၀ အမြှီးတွေ စုချည်မီးရှို့မှုကြောင်း ဖိလိတ္တုအိမ်များစွာ မီးလောင်ပျက်စီးရပြန်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ သူ့ကိုလိုက်ဖမ်းချိန် ထွက်ပြေးလို့ မယားနဲ့ယောက္ခမကိုသတ်၊ က္ကုသရေလတွေကို ဖိလိတ္တိတွေ လိုက်သတ်ကြပါတော့တယ်။ 
.
ဒေါသနဲ့လုပ်မိတဲ့ အဖြစ်ကလေးကနေ.. လူမျိုးရေးဖြစ်လာပြီး၊ အုပ်ချုပ်သူ ဖိလိတ္တိလက်အောက်မှာ နေရတဲ့ က္ကုသရေလတို့ ဘာမှမတတ်နိုင်၊ ခုခံစစ်ပွဲနဲ့ လူမျိုးလဲ လွတ်လပ်ရေးရခဲ့ပါတယ်။ ရှန်ဆုံဟာ တရားသူကြီးအဖြစ်နဲ့ အနှစ်၂၀ အုပ်စိုးခဲ့ပါတယ်။ 
 

.
"ဒေါသ" ကိုလေ့လာဆန်းစစ်ခြင်း
 

လူ့ဦးနှောက်ပညာရှင်များက စဉ်းစာဆင်ချင်တတ်တဲ့ ဦးနျောက် ဘယ်ခြမ်း၊ ညာခြမ်း၊ မှတ်ဥာဏ် စသဖြင့် နက်နဲစွာလေ့လာဆည်းပူးကြပါတယ်။ အဲဒီမှာ အမီဒလာ Amygdala ဆိုတဲ့ ပဲစေ့လောက်တောင် မရှိတဲ့အရာလေးက ဒေါသ နဲ့ အီမိုးရှင်းတွေ ထုတ်ပေးပါတယ်။ မြွေရုတ်တရက်တွေ့လိုက်တာနဲ့ထခုန်၊ အမေလေး အော်ရခြင်းဟာ အဲဒီ အမီဒလာ ဆိုတဲ့ဟာကလေးကြောင့် ဖြစ်ပါတယ်။ အခက်ခဲတွေကို ခံနိုင်၊ ဖြေရှင်းနိုင်အောင် အမီဒလာ လေ့ကျင့်မှုလိုအပ်ပါတယ်။ လူကို သန်မာလာအောင် အားကစားသမားတွေ နှစ်ပေါင်းများစွာ ကြွက်သားတွေကို လေ့ကျင့်ပေးရပါတယ်။ လေ့ကျင့်ပေးဖို့က အမီဒလာ သန်မာအောင်လေ့ကျင့်မှုက ပိုပြီးလွယ်ပါတယ်။ 
.
နေ့လည်စာ စားပြီး၊ မိတ်ဆွေတွေနဲ့ စကားပြောနေချိန် ဒေါသဖြစ်လာပြီး အသံကျယ်ကျယ်နဲ့ "ခင်ဗျား ကျုပ်ကို ဘာကောင်မှတ်နေသလဲ၊ ပြောပြီး " ဝုန်းဆို မတ်တတ်ထပစ်လိုက်ချိန် ရုတ်တရက် ဟန်းဖုန်းအသံလာတယ်။ ချက်ခြင်း အသံပြောင်းသွားတယ် "ဟုတ်၊ ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော်လုပ်လိုက်ပါမယ်၊ နေ့လည်စာ စားလို့ ရုံးအပြင်ရောက်နေတာပါ၊ ရုံးပြန်ရောက်ရင် လုပ်လိုက်ပါမယ်" ..လို့ ပြောလိုက်ရတာမျိုး တွေ့ဖူးမှာပါ။ တွေ့ဖူးပါသလား... ဧကန္တ ကိုယ်တိုင်ဖြစ်ဖူးတယ်ထင်ပါတယ်။ ဒီလို ပြောင်းလဲမှုမျိုးကို အမီဒလာ ဆိုတဲ့ဟာလေးက လုပ်ပေးတာပါ။ အမီဒလာ မရင့်ကျက်သူများကတော့ ကိုယ့်ဆရာခေါ်တာတောင် ဒေါသနဲ့ ဖုန်းမကိုင်မိ၊ အသံမာမာ ပြန်ပြောမိပြီး ပြသနာပိုကြီးလာတတ်ပါတယ်။ 
.
.
အမီဒလာ ရင့်ကျက်လာအောင် ထိန်းသိမ်းနည်းကတော့ ကျမ်းစာ ဆာလံကျမ်း ၃၇း ၁-၈ ရေးထားပါတယ်။ 
ဆာလံ ၃၇း၁ လူဆိုးတို့ကြောင့်စိတ်မပူနှင့်၊ မတရားသဖြင့်ပြုသောသူတို့ကို မငြူ စူနှင့် ... နဲ့စတင်ပါတယ်။ 
ဆာလံ ၃၇း၈ မှာတော့ အိမ်တော်၏ကြွယ်ဝခြင်း၊ ကိုယ်တော်၏ချမ်းသာမြစ်ရေသောက်ရခြင်း များနဲ့ အဆုံးသတ်ပါတယ်။ 
ဆာလံ ၃၇း ၃-၇ မှာတော့ အမီဒလာ ထိန်းသိမ်းတဲ့နည်းလမ်းများကို ရေးထားပါတယ်။ သူပြောသောစကားသည် အဓမ္မစကား၊ လှည့်စားသောစကားဖြစ်၏၊ .
.
"သူ၏ဆိုးယုတ်သောအကျင့်ကို ရွံ့ရှာခြင်းမရှိ။ အိုထာဝရဘုရား၊ ဂရုဏာတော်သည် ကောင်းကင်သို့လည်းကောင်း၊ သစ္စာတော်သည် မိုယ်းတိမ်သို့လည်းကောင်း၊ မှီပါသည်။ မြောင့်မတ်တော်မူခြင်းတရားသည် ကြီးမားစွာသော တောင်ရိုးနှင့် တူပါသည်။" .. စသဖြင့် ထာဝရဘုရားကိုသာ စွဲမြဲစွာ ယုံကြည်အားကိုး၊ အောက်မေ့ခြင်းအားဖြင့်၊ ဒေါသကို ထိန်းနိုင်လာပါတယ်။ အီမိုးရှင်း၊ ဒီမိုးရှင်းများ နည်းလာပါတယ်။ 
.
.
 

သုတ္တံကျမ်း ၁၁း၁၄ " အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့သည် ရှုံးတတ်သည်၊ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်သည်." .လို့ ကျမ်းစာက ဆိုပါတယ်။ Godly Friend ဘုရားသခင်နှင့်အကြွမ်းဝင်သော မိတ်ဆွေ၊ သူငယ်ခြင်းတို့ထံ အကြံတောင်းရပါမယ်။ လောကမိတ်ဆွေများကို အကြံတောင်းပါက ". ချလိုက်ပါလာ၊ မခံနဲ့၊ ပြန်ချ .".. စတဲ့ အကြံများသာ ရရှိပြီး ပြသနာလေးကနေ. .. ပြသနာကြီးဖြစ်သွားတတ်ပါတယ်။ 
 
.
.
နောက်ဆုံး ရှန်ဆုံ နော်ဆုံးခန်းဟာ..၊ ခွန်အားအလွန်ရသလို၊ ဝမ်းနည်းစရာလည်း ကောင်းပါတယ်။ ဘုရားသခင်ကို ယုံကြည်အားကိုးခြင်းဖြင့် မိမိနိုင်ငံလွတ်လပ်ရေးအတွက် မိမိကို ဖိလိတ္တု အင်အားကြီးသော စစ်တပ်သို့ အပ်နှံခြင်းကို လက်ခံခြင်းဖြစ်ပါတယ်။ "ရန်သူသတ်တာပဲ ခံမယ်.." ဆိုတဲ့ စိတ်နဲ့၊ ရန်သူ့လက်ကို အပ်နှံခြင်းခံပါတယ်။ အင်အားကြီးမားလှတဲ့ ရန်သူများကလည်း ရှန်ဆုံကို အပ်ရင် စစ်မတိုက်ဖူး ဂတိပေးပါတယ်။ ရန်သူ့လက်တွင်၊ ချုပ်နှောင်ထားစဉ် နောက်ဆုံး၊ ဘုရားသခင်ပေးတဲ့ နောက်ဆုံးခွန်အားနဲ့၊ အလွန်ကြီးမားသော အဆောက်ဦကြီး ပြိုလဲစေကာ၊ သူနှင့်အတူ ရန်သူ တစ်ထောင် သေဆုံးသွားပါတယ်။ 
.
ဆန်ဆုံ ဇတ်လမ်း၊ ထိုအရာအားလုံးဟာ ဘုရားသခင်၏ အကြံအစည်များဖြစ်ပါတယ်။ ရှန်ဆုံဟာ အစ္စရေးလူမျိုး (က္ကသရေလ)များအတွက် စံပြ တရားသူကြီး၊ ခေါင်းဆောင်ဖြစ်ပါတယ်။ 
.
Sermon Series on Judges : Trusting God In A Chaotic World
SAMSON: TURNING MISTAKES INTO DISASTERS! Judge 15, Pastor Lim Kee Oon 9 Nov 2014, www.wefc.org.sg