မျက်မမြင်ကျောင်း ခဝဲခြံ တည်ထောင်ခဲ့သူ မျက်မမြင် ဦးသိန်းလွင်

မျက်မမြင်ကျောင်း ခဝဲခြံ တည်ထောင်ခဲ့သူ

မျက်မမြင် ဦးသိန်းလွင်
၁၇နှစ်အရွယ် ဆယ်တန်းသိပ္ပံ ဓါတ်ခွဲခန်းပေါကွဲမှု သိပ္ပံပညာရှင်ဖြစ်လိုသူ မောင်သိန်းလွင် ၁၇နှစ် မျက်စိကန်း လက်တဖက်ကျိုး ဒုက္ခတ ဖြစ်ခဲ့ပါတယ်။ ၁၉၆၇ ခု လူသားများ လကမ္ဘာသွားနေတဲ့ခေတ်အချိန်ပါ။

နှစ်ပေါင်း ၄၈ နှစ်ကြာချိန် သူစတင်ခဲ့တဲ့ မျက်မမြင်ကျောင်းက မျက်မမြင်ပေါင်း ထောင်ထောင်ပေါင်းများစွာသော မျက်မမြင် ပညာတတ်များ အလုပ်ကိုင်များ ကိုယ်ပိုင်လုပ်ငန်း ၁၃၀၀ ကျော် မတည်ပေးနိုင်ခဲ့ပါတယ်။

ပေါက်ကွဲမှုဒါဏ်ရာများ ကုသနေစဉ် ဆေးရုံမှာ ၂ကြိမ် မိမိကိုယ် သတ်သေဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

ဆေးရုံပေါ် စိတ်အားငယ်စဉ် လက်ဝဲစာပေများ စိတ်ဝင်စားတဲ့သူ ခရစ်ယန်ဘုရားသခင်နဲ့ တွေ့ပြီးနောက် သူ့ဘဝ မျှော်လင့်ချက်တွေနဲ့ အသ်ရှင်ဖို့ ဖြစ်လာတယ် လို့ ပြောပြပါတယ်။

ဘဝ ပြန်လည်ထူထောင်ခြင်း

ဆေးရုံ တနှစ်ခွဲတက်ပြီး ဆယ်တန်းဖြေဖို့ ကြိုးစားချိန် မြန်မာပြည်မှာ မျက်မမြင် ၂ ကျောင်း (ပခုက္ကူ လူအိုကျောင်း နဲ့ ကြည့်မြင်တိုင် ၁၄ နှစ်အောက်ကျောင်း) ပဲရှိလို့ တနေ့မှာ မျက်မမြင်ကျောင်း ထောင်မယ်။ အဲဒီကျောင်းဟာ အထက်တန်းကျောင်း ဖြစ်ရမယ် လို့ သံဓိဌာန်ချခဲ့ပါတယ်။

သူငယ်စဉ်က လုပ်အားပေးခဲ့တဲ့ လူမှုဝန်ထမ်းကျောင်းက ဆယ်တန်းပြန်ဖြေဖို့ ကူညီခဲ့ပါတယ်။ သမိုင်း မသန်စွမ်းလူကြီးကျောင်းက မရမ်းကုန်း အ.ထ.က မှာ နားထောင်ရင်း ကျက်မှတ် စာမေးပွဲကို နှုတ်ကပြော ဖြေပေးသူက ရေးပေးရင်း ဆယ်တန်း နှစ်ချင်းပေါက် အောင်ခဲ့ပါတယ်။

လူမှုဝန်ထမ်းကျောင်း ဆက်မထားပေးတော့ အိမ်ပြန်ပြီး တက္ကသိုလ်ပညာ သင်ပါတယ်။ ၁၃ မိုင်ဝေးတဲ့ ဘတ်စကား ၂ဆင့်စီး ခရီးကို မျက်မမြင်တုတ်နဲ့ သူ့ညီရယ် ပတ်ဝန်းကျင်က မိတ်ဆွေများ အကူနဲ့ အခက်ခဲပေါင်းများစွာ လဲကွဲ မြောင်း ချိုင့်တွေထဲကျ .. နောက်ဆုံး ၁၉၇၄ မှာ ဒသနိက ဘာသာနဲ့ ဘွဲ့ရှိခဲ့ပါတယ်။

တက္ကသိုလ်တက်ရင်း ဘဝကျင်ဖော်ရရှိ လက်ထပ်ခဲ့ပါတယ်။ ဒုက္ခိတ ယူရင် လုပ်ကြွေးရမယ် ဆိုပြီး ကန့်ကွက်သူများ ၁၅ နှစ်အကြာ မှားကြောင်း အမျိုးသမီးကို တင့်တောင့်တယ် ထာနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

အိပ်မက် အကောင်ထည်ဖော်ခြင်း

ဘွဲ့ရပြီး ပါရဂူ စာတန်းဆက်လုပ်မလား မျက်မမြင်ကျောင်း ထောင်မလား ဆုံးဖြတ်ချက် - မှန်ကန်စွာ ချနိုင်ခဲ့ပါတယ်။ ကျောင်းမရှိရင် ပညာတတ် မျက်မမြင် ဘယ်ရှိနိုင်ပါ့မလဲ ..

ပထမဆုံး ကျောင်းကို အခက်ခဲများစွာ ကျောင်းသား၂ယောက်နဲ့ စတင်ခဲ့ပါတယ်။ နောက်ပိုင်း ခရစ်ယန်အဖွဲ့စည်းတွေ အစိုးရအဖွဲ့များ အသိမှတ်ပြု လာပြီး အလှုရှင် များလာပါတယ်။

မျက်မမြင် ကျောင်းသားများစွာ မြန်မာနိုင်ငံ အနှံ့က ရောက်လာပြီး ဆရာဦးသန်းလွင်ကို ဖခင်သဖွယ် ကျေးဇူးတင် ခင်မင်လေးစား သူတွေပဲ ဖြစ်ပါတယ်။

ပျော်ရွှင်မှု လျှိ့ဝှက်ချက်

မျက်မမြင်တစ်ဦး စာသင်ခြင်း အခက်ခဲများစွာ ရှိပါတယ်။ အပေါ့ အလေးသွားတာက အစ လူကောင်းများ လမ်းဘေး ကိစ္စရှင်းနိုင်ပေမဲ့ သူတို့အတွက်က မလွယ်ပါဘူး။ သူ့အတွက်တော့ ပြည်ပခရီးစဉ် များစွာ သွားနိုတဲ့အထိ ဖြစ်လာပါတယ်။ တိုးတက် နိုင်ငံများ ရောက်တော့ မျက်မမြင် သွားလာနိုင်တဲ့ သင်္ကေတတွေ လုပ်ထားပေးတော့ ပိုပြီး လွယ်ကူပါတယ် လို့ ပြောပြပါတယ်။ ဆရာ ဦးသန်းလွင် အမေရိကားကို နှစ်ဆယ့်ငါး ခေါက် '၂၅ ' ကြိမ် တယောက်တည်းချည်း အဖော်မပါ ခရီးသွားခဲ့ပြီ ဖြစ်ပါတယ်။

ယခုတိုင် ကျန်းမာ ပျော်ရွှင်စွာ ဇနီးနဲ့ သားသမီးငါးဦး ခဝဲခြံ အင်းစိန်မှာ နေထိုင်လျက်ရှိ ပါတယ်။

ပျော်ရွှင်ခြင်းရဲ့ လျို့ဝှက်ချက်ကတော့ စိတ်ဆင်းရဲစရာတွေ အချိန်ကုန်ခံ စဉ်းစားလေ့ မရှိပါဘူး တဲ့။ ' မျက်မမြင် ဖြစ်ကာစ တအားပြန်မြင်ချင်တာပေါ့။ အခုတောလဲလေ မဖြစ်နိုင်တာတွေ တခါမှ မစဉ်းစားဖူး။ ဖြစ်နိုင်တာတွေပဲ စဉ်းစားတယ်။ ဖြစ်အောင်လုပ်တယ်။

ဆရာ ဦးသိန်းလွင် ခရစ်ယန် ဘုရားကျောင်းများတွင် ဓမ္မဆရာအဖြစ် အားပေးတိုက်တွန်း တရားဟောလေ့ရှိသည်။ တေးဂီတ သီချင်းများစွာလည်း ဖန်တီးသူဖြစ်သည်။ သူ့အကြောင်း ရေးမကုန်နိုင်ဖြစ်သည်။ ခဝဲခြံ မျက်မမြင်ကျောင်း အလည်တခေါက် ရောက်ရှိ လေ့လာသင့်ပါသည်။

Myanmar Good Attitude အဖြစ် အတုယူ လေးစားဖွယ်ဖြစ်သည်။ ကိုးကား - မော်ကွန်း မဂ္ဂဇင်း အမှတ် ၂၉ Jan 2015 ရေးသူ - သက်ဦးမွန်။