LET THE RIVER FLOW မြစ်ရေစီးကြောင်းအတိုင်း-စီးဆင်းပါစေ...။ Kenny Fam (Rev)


(pic: flowing river with trees) Ezekiel 47; 1-12

ဆုတောင်းခြင်းဖြင့် စတင်ပြီး ယေဇကျေလအနာဂတ္တိကျမ်း Ezekiel ၄၇း ၁-၁၂ ကို အားလုံးအတူတကွ ဖတ်ကြပါတယ်။

၁ထိုနောက်မှ အိမ်တော်တံခါးသို့ တဖန်ငါ့ကိုဆောင်ခဲ့၍ တံခါးခုံအောက်မှ အရှေ့ဘက်သို့ထွက်သောရေကို ငါမြင်၏၊၊ အိမ်တော်ဦးသည် အရှေ့သို့မျက်နှာပြု၍ ရေသည်အိမ်တော်တံခါးခုံ လက်ယာအောက် ယဇ်ပလ္လင်တော် တောင်ဘက်မှစီသွားလေ၏။ ၂တဖန်မြောက်တံခါးလမ်းဖြင့် ငါ့ကိုထုတ်၍ အပြင်၌ဝိုင်းသွားလျက် အရှေ့သို့ မျက်နှာပြုသော အပြင်တံခါးလမ်းဝသို့ ရောက်သောအခါ လက်ျာဘက်မှ စီးသောရေကိုငါမြင်၏။ ၃ကြိုးကိုကိုင်သောသူသည် အရှေ့သို့သွားပြီးလျှင် အတောင်တစ်ထောင် စေ့အောင်တိုင်း၍ ငါ့ကိုရေကူးစေ၏၊၊ ရေသည် ဖမျက်သို့မှီလေ၏။ ၄တဖန်အတောင်တစ်တောင် စေ့အောင် တိုင်း၍ရေကူးစေပြန်လျှင် ရေသည် ဒူးကိုမှီလေ၏။တဖန်အတောင်တစ်ထောင်စေ့အောင်တိုင်း၍ ရေကူးစေပြန်လျှင် ရေသည်ခါးကိုမှီ လေ၏။ ၅တဖန်အတောင် တတောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သောမြစ်ဖြစ်လေ၏။ ရေထသောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီဘဲ ကူးရသောမြစ်ဖြစ်၏။

၆ထိုသူကား အချင်းလူသားဤအရာကို မြင်ပြီမဟုတ်လောဟု ပြောပြီးမှတဖန် ငါ့ကိုခေါ်သွား၍ မြစ်နားသို့ပြန်စေ၏။ ၇ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသောအပင်တို့ကို ငါမြင်၏။ ၈ထိုသူကလည်း ဤရေသည် အရှေ့သို့စီး၍ တောကိုရှောက်ပြီးမှ အိုင်ထဲသို့ဝင်တတ်သောအားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။၉အသက်ရှင်၍ လှုပ်ရှားတတ်သော သတ္တဝါအမျိုးမျိုးတို့သည် ထိုမြစ်ရေရောက်သမျှသော အရပ်တို့၌ အသက်ရှင်၍ အလွန်များစွာသောငါးတို့လည်း ရှိကြလိမ့်မည်။ ထိုမြစ်ရေသည် ချိုသောကြောင့် ရောက်သမျှ သောအရပ်တို့၌ သတ္တဝါအမျိုးမျိုးတို့သည် အသက်ရှင်ကြလိမ့်မည်။ ၁ဝအိုင်နားမှာတံငါတို့သည် ရပ်၍အင်္ဂဒိရွာမှစ၍ ဧနေဂလိမ်ရွာတိုင်အောင် ပိုက်ကွန်ဖြန့်ချရာ အရပ်ဖြစ်လိမ့်မည်။ ငါးအမျိုးမျိုးတို့သည် မဟာပင်လယ်ငါး ကဲ့သို့အလွန်များပြားကြ လိမ့်မည်။

၁၁ရွံ့ဘွက်ရေနှင့် ရွံ့အိုင်ရေမူကားမချိုရ၊ အစဉ်ငန်ရလိမ့်မည်။ ၁၂မြစ်ကမ်းနား နှစ်ဘက်၌ စားစရာကောင်းသောအသီး အပင်အမျိုးမျိုးပေါက်ကြလိမ့်မည်။ အရွက်လည်းမညှိုးနွမ်းရ၊ အသီးလည်း မပြတ်ရ၊၊ လတိုင်းအစဉ် နုသောအသီးကိုသီးလိမ့်မည်။ အကြောင်းမူကား၊ ထိုရေသည် သန့်ရှင်းရာ ဌာနထဲကထွက်သတည်း။ အသီးသည်စား စရာအဘို့ ဖြစ်သည်။ အရွက်သည်လည်း အနာရောဂါ ငြိမ်းစေရာ ဘို့ဖြစသည်ဟုငါ့အား ပြောဆို၏


အိန္နိယနိုင်ငံမှာ အလွန်ကြီးမားသော ရေအားလျှပ်စစ် ရေကာတာကြီးမှ တာဘိုင်ကြီးများ မလည်ပတ်ပဲ၊ လျှပ်စစ်ပါဝါလဲ မထုတ်နိုင်ဖြစ်နေပါသည်။ ဘာကြောင့်လဲဟု ခရီးသွားတစ်ဦးက ဒေသခံကို မေးသောအခါ ရေကာတာတွင် ရေမရှိသောကြောင့် ဟုပြောပါသည်။ မိုးကျလာပြီး ရေကာတာတွင် ရေစီးဆင်းလာသောအခါ တာဘိုင်လည်ပတ်နိုင်ပြီး ပြန်လည် လျှပ်စစ်ပါဝါ ပြန်ထုတ်နိုင်ပါသည်။ ထိုဥပမာအတိုင်း ဘုရားသခင်၏ပါဝါ ထွက်လာရန်အတွက် သန့်ရှင်းသောဝိညာဉ် မြစ်ရေကဲ့သို့ စီးဆင်းရမည်ဖြစ်သည်။

စီးဆင်းနေသော မြစ်ရေသည် သန့်ရှင်းသောဝိညာဉ်နှင့် သဏ္ဍန်တူပြီး၊ အဆက်မပျက် စီးဆင်းရန်လိုသည်။ သို့မှသာ ဘုရားသခင်၏ပါဝါကို ကျွန်ုပ်တို့ခံစားရမည်။ သန့်ရှင်းသောဝိညာဉ်တော် စီးဆင်းမှုရပ်တံ့သွားမည့် အချိန်ခါများရှိပါသည်။ နိုင်ဂါရာရေတံခွန်ကြီး အသံကျယ်လောင်စွာ နှစ်ပေါင်းများစွာစီးဆင်းနေရာ ၂၉-မတ်-၁၉၄၈တွင် အေးလွန်းသေးကြောင့် ရေခဲ့သွားပြီး၊ ရေစီးလုံးဝရပ်သွားသည်။ မြစ်တွင် ရေခဲကြီးတစ်ခုက ပိတ်ဆို့ထားမှုကြောင့် ခေတ္တ မိနစ်၃၀ခန့် ရေတံခွန်ကြီး ရပ်သွားပြီးမှာ ပြန်စီးဆင်းပါသည်။
၁။ မိမိကိုယ်တိုင်၏ ဗီဇအားနည်းမှုများကြောင့် သန့်ရှင်းသောဝိညာဉ် စီးဆင်းမှုကို ပတ်ဆို့သကဲ့သို့ဖြစ်သွားတတ်သည်။
၂။ သန့်ရှင်းသောဝိညာဉ်ကို စိတ်နာအောင်၊ အပြစ်ကြောင့် ရပ်တံ့သွားနိုင်သည်။
၃။ စာတန်မာနတ် ကိုယ်တိုင်က သန့်ရှင်းသောဝိညာဉ် ရပ်တံ့အောင် လုပ်နိုင်သည်။

ယခုနှစ်သည် ကျွန်ုပ်တို့ WEFC အသင်းတော်တည်ထောင်ခြင်း အနှစ်(၅၀)၊ ရွှေရတုသဘင် ဆင်နွဲရမည့်နှစ်ဖြစ်သည်။ နောင်အနှစ်၅၀ ဆိုလျှင် ကျွန်ုပ်လည်း မရှိတော့ပါ။ ယခု ဘုရာကျောင်းတက်သူ အများစုသည်လည်း နောင်နှစ်(၅၀)ဆိုလျှင် ရှိတော့မည်မဟုတ်ပါ။ မြစ်ရေစီးဆင်းသလို သန့်ရှင်းသောဝိညာဉ် မိမိအပေါ်စီးဆင်းပြီးပါက၊ မိမိသည် ပင်လယ်သေ၊ ရေအိုင်ကြီးလို သိုလှောင်မထားသင့်ပါ။ ပြန်လည်ဝေငှရမည်ဖြစ်သည်။



(pic: following under holy spirit control)

ရေအနက်-ခြေမျက်စိ
ရေပြန်လည် ရရှိလာရန်အတွက် ရေစီးမည့်လမ်းကြောင်းကိုဖွင့်ထားရပါမည်။ ဘဝခရီးလမ်းသည် အထက်ပါ ရေဇကျေလ ၁-၂ အတိုင်း မြစ်ရေစီးဆင်းနေသည်ကို မြင်ရသည်။ ရေတွင်အတောင် တစ်ထောင်ဆင်းလျှောက်သောအခါ ခြေမျက်စေမြုတ်သွားသည်။ ထိုအချိန်တွင် မြစ်ရေစီးကြောင်းကို မခံစားနိုင်ပါ။ ရေတိမ်တွင် လမ်းလျှောက်သွားလာ ပျော်ပါးနေနိုင်ပါသည်။ ပင်လယ်ကမ်းခြေတွင် စ်ေနိုင်သော ခြေမျက်စိထိ ရေထဲတွင် ပျော်ပါးနေသူများစွာကဲ့သို့၎င်း၊ ရေကူးကန်တွင် ကလေးမျာရေချိုးသည့် ကန်ကဲ့သို့ ရေတိမ်တွင်ရေကို ကြောက်စရာမလိုပါ။ လောကသားအများစုသည် ထိုကဲ့သို့ ရေမနစ်နိုင်သောနေရာတွင် ပြေးလွှားဆော့ကစားနေသည်။ မိမိစိတ်ကြိုက် ဘဝကို လျှောက်လှမ်းနေသည့် သဘောဖြစ်သည်။

ရေအနက်-ဒူးလောက်
ရေဇကျေလ ၃-၅ တွင် နောက်ထပ် အတောင်တစ်ထောင် ဆက်လျှောက်သွားပါက ဒူးလောက်နက်သော မြစ်ရေထဲသို့ ရောက်လာပါသည်။ ထိုအချိန်တွင် မြစ်ရေစီခြင်းကို ခံစားနိုင်ပြီဖြစ်သည်။ မြစ်ရေစီးနေသော်လည်း သင့်ကို ထိုရေစီးတွင် ပါမသွားနိုင်ပါ။ မြစ်ရေစီးသည် သင့်ကိုလဲကျမသွားနိုင်ပါ။ မိမိကိုယ်ကို ထိန်းကျောင်းနိုင်ပါသည်။ လူဘဝတွင်လည်း ဘဝအခက်အခဲ အချို့ကို ခံစားရသော်လည်း မိမိကိုယ်ကို အားကိုးပြီး၊ လဲမကျနိုင်သည့် အခြေအနေဖြစ်သည်။

ရေအနက်-ခါးလောက်
နောက်ထပ် အတောင်တစ်ထောင် မြစ်ရေထဲ ဆက်လျှောက်ပါက သင်၏ခါးတိုင်အောင် မြစ်ရေအနက်သို့ ရောက်လာမည်ဖြစ်သည်။ ထိုအချိန်တွင် မြစ်ရေစီးကြောင်းသည် အလွန်ပြင်းထန်ကြောင်းကို သိသိသာသာ ခံစားရပါတော့သည်။ ရေစီးနှင့်မျောပါသွားနိုင်သည့် အခြေအနေသို့ ရောက်လာပါမည်။ လူ့ဘဝတွင် ထိုကဲ့သို့ အခက်အခဲ၊ ဒုက္ခများကို တွေ့သောအခါ လဲကျ၊ လွင့်စင်သွားနိုင်ပါသည်။ သို့သော ကမ်းဖက်သို့ လှည့်ပြီး ပြန်ပြေးနိုင်ပါသည်။ ရှေ့ဆက်လျှောက်ရန် မဝံ့မရဲ၊ ကြောက်ရွံ့မည့်အခြေအနေမျိုးဖြစ်သည်။

ရေအနက်-ခေါင်းမြုတ်သည်အထိ
နောက်ထပ် ဆက်ပြီး အတောင်တစ်ထောင် မြစ်ရေတွင် ရဲဝံ့စွား ဆက်လျှောက်သွားပါက သင့်ကိုယ်ခန္တာကို မြစ်ရေစီးကြောင်းတွင်ရောက်သွားပါတော့သည်။ လုံးဝမထိန်းနိုင်တော့ပါ။ မိမိဘဝတွင်လည်း မိမိအစွမ်းဖြင့် လုံးဝမထိန်းနိုင်တော့သည့် အခြေအနေပင်ဖြစ်သည်။ ထိုသို့ အခြေအနေတွင် ရောက်ခဲ့သောသူများသည် မိမ်ဘဝကိုဘယ်သူထိန်းချုပ်နေသလဲ ..ဆိုသည်ကို သဘောပေါက်လာမည်ဖြစ်သည်။

ထိုအဆင့်သို့ မိမိဘဝ ရောက်သွားခြင်းသည် ဖြစ်တောင့်ဖြစ်ခဲ၊ ကြုံတောင့်ကြုံခဲ ဖြစ်ပါသည်။ မိမိကိုယ်ကို လုံးဝမကယ်နိုင်တော့ပါ။ အဆက်မပြတ်စီးဆင်းနေသော မြစ်ရေကြီး (သန်ရှင်းသောဝိညာဉ်တော်) က မိမိဘဝနှင့်အသက်ကို ချုပ်ကိုင်ခံလိုက်ရပါတော့သည်။ လူအားဖြင့် လုံးဝမတတ်နိုင်သောအချိန်၊ မိမိဘဝနှင့်အသက်ကို မိမိယုံကြည်ခြင်းအပေါ်သာ အပ်နှံထားလိုက်ရတော့သည်။ မြစ်ရေစီးကြောင်း သန့်ရှင်းသောဝိညာဉ်က သင့်ကို ထိန်းချုပ်သွားပြီဖြစ်သည်။ ကမ်းဘက်ဆီသို့ ပြန်မကူးခပ်နိုင်တော့ပါ၊  ထိုအခြေနေသို့ ရောက်သွားဖူးသူတိုင်း သန့်ရှင်းသောဝိညာဉ်၏ စီးဆင်းနေမှုကို ကောင်းကောင်း သဘောပေါက်ပါတော့သည်။

ထိုအခြေအနေမျိုး ကြုံတွေ့ရပါက ဟေရှာယ ၆း၈ ကဲ့သို့ "ထာဝရဘုရားက ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း..ဟု မေးတော်မူသံကို ငါကြားလျှင် ငါက အကျွန်ုပ်ရှိပါ၏၊ အကွန်ုပ်ကို စေလွှတ်တော်မူပါဟု" လျှောက်လေတော့သည်။ လုံးဝလက်မြှောက် အလျှော့ပေးလိုက်ရပြီး၊ မြစ်ရေစီးကြောင်း သယ်ဆောင်ရာသို့ မျောလိုက်ရုံသာရှိတော့သည်။



(pic: Big Harvest)

ရိတ်သိမ်းချိန်ကြီးရောက်လာပြီ

သန်ရှင်းသော ဝိညာဉ်၏ ထိန်းချုပ်မှုသို့ရောက်သွားသည့်အခါ ရေဇကျေလ ၆-၁၂ တွင်
"အချင်းလူသားဤအရာကို မြင်ပြီမဟုတ်လော" ဟု ပြောဆိုသည်။ ထို့နောက် မိမိကို မြစ်ကမ်းနားသို့ ပြန်လည်ပို့ဆောင်သည်။ မြစ်ကမ်းတစ်လျှောက် နှစ်ဖက်တွင် သစ်ပင်များစွာကိုမြင်မည်။ မြစ်ရေစီးရာ အိုင်များတွင်လည်း ရေချိုပြီး၊ ငါးနှင့်သတ္တဝါများပေါများမည်။ သာယာသော ဘဝကို ခံစားရမည်။ မိမိကိုယ်ကို မိမိ ဘာမှမထိန်းချုပ်နိုင်သောဘဝတွင် ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ဝိညာဉ်တော်ထံ အပ်နှံပြီးသူတိုင်း ထိုကောင်းကြီးမင်္ဂလာကို ခံစားရပါသည်။ ရေချိုအိုင်များဖြစ်သော ဂါလိလဲအိုင်ကဲ့သို့ ငါး၊သတ္တဝါ၊သစ်ပင်များဖြင့် စိမ်းလမ်းမည်။

သို့သော် အထူးသတိပေးချက်ရှိသည်။ ရေဇကျေလ ၁၁-၁၂ တွင် ဖော်ပြထားသည်။
"ရွံ့ဘွက်ရေနှင့် ရွံ့အိုင်ရေမူကားမချိုရ၊ အစဉ်ငန်ရလိမ့်မည်"  ဟု ဆိုသည်။ သန့်ရှင်းသောဝိညာဉ် မိမိအပေါ်စီးဆင်းရရှိပြီးသော်လည်း၊ မိမိသည် ပင်လယ်သေ၊ ရေအိုင်ကြီးလို သိုလှောင်ထားပါခြင်းဖြစ်သည်။ ပင်လယ်သေတွင် အဆုံးသတ်သွားသော မြစ်ရေသည် အလွန်ငန်သော၊ ငါးနှင့်သတ္တဝါများ လုံးဝအသက်မရှင်နိုင်သော Dead Sea ကဲ့သို့ဖြစ်သွားမည်။ာ သာမန်ပင်လယ်တွင် ဆားဓါတ် ၄%ဖြင့် ငါးများ အသက်ရှင်နိုင်သော်လည်း၊ ပင်လယ်သေသည် ဆားဓါတ် ၂၅% ပါရှိသဖြင့် ဘယ်သက်ရှိ၊ ငါးများမှ မရှင်သန်နိုင်ပါ။ မိမိဘဝသည် သန့်ရှင်းသော ဝိညာဉ်ကို မဝေငှပါက အသုံးမကျသော ပင်လယ်သေကဲ့သို့ ဖြစ်သွားပါမည်။

ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်သည် မြစ်ရေကဲ့သို့ အသင်းတော်အားဖြတ်စီးဆင်းပြီး အလွန်ကြီးမားသည့် ရိတ်သိမ်းခြင်းကို ဖြစ်ပေါ်စေပါသည်။ သန့်ရှင်းသော ဝိညာဉ်တော် စီးဆင်းသဖြင့်  မယား မိခါလသည် ပြူတင်းပေါက်က ကြည့်၍  ဒါဝိတ်မင်းကြီးသည် ကလျှက်တီးမှုတ်လျက် လာသည်ကို မြင်သဖြင့်စိတ်နလုံးထဲ၌ မထီမဲ့မြင်ပြု၏။ ရှောလု၏သမီး မိခါလသည် တသက်လုံးသားကို မဘွားမမြင်ရ။။ (၂ရာ၆း၂၃) ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော် စီးဆင်းခြင်းကို တားဆီးသူများသည် ရံဖန်ရံခါ ဘာသာရေးခေါင်းဆောင်များ ဖြစ်တတ်သည်။ သခင်ယေရှုကို တားဆီး၊ သတ်ဖြတ်သောသူများသည် ဂျူးဘာသာရေးခေါင်းဆောင်များဖြစ်ခဲ့ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော် စီးဆင်းခြင်းကို Let the River Flow ဆိုသည့်အတိုင်း မြစ်ရေစီးကြောင်းအတိုင်း စီးဆင်းပါစေ။ ထို့နောက်၊ မိမိဘဝကို သန့်ရှင်းသောဝိညာဉ်စီးဆင်းရာအတိုင်း အပ်နှံဆပ်ကပ်လိုက်ပါ။

ဗျာဒိတ်ကျမ်း ၂၂း၂
အသက်ရေစီးရာ မြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေသည်။ မြို့လမ်းမအလယ်၌၄င်း၊ ထိုမြစ်နှစ်ဘက်၌၄င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတစ်ဆယ့်နှစ်မျိုးကို သီးတတ်၏။ မိမိအသီးကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါငြိမ်းစရာဘို့ ဖြစ်သည်။


ဆုတောင်းခြင်း၊ သီဆိုချီမွမ်းခြင်း၊ ကောင်းကြီးပေးခြင်းဖြင့် အဆုံးသပ်ပါသည်။
Rev Kenny Fam (Senior Pastor)
www.wefc.org.sg Woodland Evangelical Free Church, Singapore
Sunday Sermon: 4-Jan-2014