လောဒိကိမြို့မှငွေကြေးကြွယ်ဝခြင်းနှင့်ဘုရားသခင်အားကိုးကွယ်ခြင်း - ဆရာမျိုးသူ


ဆရာမျိုးသူ


ကျွန်တော်တို့ ဗျာဒိတ်ကျမ်းမှာရှိတဲ့ အသင်းတော်(၇)ပါးကို လေ့လာတာ ဒီကနေ့ဆိုရင် နောက်ဆုံးဖြစ်တဲ့ လောဒိကိ Laodicea ဆိုတဲ့ အသင်းတော်ကို ရောက်ပါပြီ။ စိတ်ဝင်စားစရာကောင်းတာက အဲဒီ (၇)မြို့ကို ဘုရားသခင်က တမန်တော်ကြီးယောဟန်ကို ဖေါ်ပြတယ်။ အဲဒီမြို့များဟာ တဆက်တည်းပဲ၊ တမြို့ပြီးတမြို့ သွားရတယ်။ နောက်ဆုံးမြို့ကတော့ လောဒိကိမြို့ဖြစ်ပါတယ်။

လောဒိကိမြို့ကို ပြောတဲ့ ခရစ်တော်ရဲ့စကား ထဲမှာ ၊ အသင်းတော်အတွက်၊ ကျွန်တော်တို့အတွက် ဘာသင်္ခန်းစာ၊ ဘာပုံသက်သေရမယ်ဆိုတာ အတူတကွ ဆင်ခြင်ဖို့ဖြစ်ပါတယ်။

ကျမ်းစာအတူဖတ်ကြရအောင်။  (1) ဗျာ ၃း ၁၄-၂၂ ဖြစ်ပါတယ်။


ဆုတောင်းကြပါစို့
အဖဘုရား၊ လောဒိကိအသင်းတော်အားဖြင့် သားသမီးတို့ တယောက်စီကို ကိုယ်တော်စကားပြောတော်မူပါ။  ကိုယ်တော်ပြောသောစကားဟာ တကယ်ပဲ ကောင်းသောမြေပေါ်မှာ ချတဲ့ မျိုးစေ့ဖြစ်စေတော်မူပါ။ သားသမီးတို့ အသက်တာကို ပြောင်းလဲခြင်းကို ပေးသော နှုတ်ကပတ်တော် ဖြစ်စေတော်မူပါ။ မစတော်မူပါ။ ယေရှုနာမ၌ ဆုတောင်းအပ်နှံပါတယ် အဖ။



လောဒိကိအသင်းတော်
ဖတ်လိုက်တဲ့အခါ အမှန်တကယ်တော့ ကြောက်ဖို့ကောင်းပါတယ်။ ဒီလိုစကားများ ကျွန်တော်တို့ အသင်းတော်ကို ပြောမယ်ဆိုရင်တော့ မလွယ်ဘူးဗျ။ မင်းတို့အသင်းတော်က အကျင့်ကို ငါသိတယ် ..တဲ့။ မင်းတို့ဟာ အပူလည်းမဟုတ်ဘူး။ အအေးလည်း မဟုတ်ဘူး။ ဟိုလိုလို သည်လိုလိုပေါ့။ ကြည့်လိုက်ရင် ယုံကြည်သူဟုတ်သလိုလို၊ တကယ်သေချာကြည့်လိုက်ရင် မဟုတ်သလို၊ ယောင်္ကျားလိုလို၊ မိန်းမလိုလို၊ မသေချာဘူး။ အခုခေတ် အရမ်းခေတ်စားတယ် .. ပိုက်ဆံအိတ်၊ ဖိနပ်တို့ ကလည်း ယောင်္ကျားပိုက်ဆံအိတ်လိုလို၊ မိန်းမပိုက်ဆံအိတ်လိုလို။ အမျိုးစုံပါ။

ဒီမှာလည်း ယေရှုခရစ်တော်က အသင်းတော်ကို ကြည့်လိုက်တဲ့အခါ အအေးလည်းမဟုတ်၊ အပူလည်းမဟုတ်ဆိုတော့ မင်းကိုငါ ထွေးပစ်တော့မယ် ..တဲ့။ Very Serous ဖြစ်ပါတယ်။ ဒီလိုစကားမျိုး ကျွန်တော်တို့အသင်းတော်ကို ဝေးပါစေ..လို့။

ဥစ္စာချမ်းသာခြင်း
ဘာဖြစ်လို့ ဒီလူတွေက အပူလည်းမဟုတ်၊ အအေးလည်းမဟုတ် ဇြစ်ရတာလဲ။  သူတို့ကိုယ် သူတို့ ကြည့်တဲ့အခါ သူတို့က ဥစ္စာရတတ်တဲ့လူ တဲ့။ Their own view သူတို့ကိုယ် သူတို့ မြင်တဲ့အရာဖြစ်တယ်။ ဘဏ္ဍာများကို ဆည်းပူးတယ် ..တဲ့။ တစုံတခုမျှ မလို..တဲ့။ တခါတခါကျတော့ ဘာဆုတောင်းပေးရမလဲ ဆိုရင် .. ဟာ..ဆရာ၊ ဘာမှမလိုပါဘူးဆရာ ... လို့ ကျွန်တော်တို့ ပြောတတ်တယ်နော်။ ဘုရားကိုတောင် ဆုတောင်းရမှာ အားနာတယ်။ တခုမှ မလိုဘူးတဲ့။ လောဒိကိမြို့မှာရှိတဲ့ လူတွေက တကယ်ပဲ ချမ်းသာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမြို့မှာ ဘဏ် ရှိတယ်။ အဲဒီခေတ်တုံးက မြို့တိုင်းမှာ ဘဏ် မရှိဘူး။ ပြီးတော့ အဲဒီမြို့မှာ မြို့တိုင်းမှာမရှိတဲ့ ဆေးရုံလည်း ရှိတယ်။ စီးပွားရေးက အရမ်းကောင်းတဲ့ မြို့ဖြစ်တယ်။ တိုးရစ်လည်း ငွေသွင်း၊ ငွေထုတ်တဲ့လူတွေနဲ့ အရမ်းကောင်းတယ်။ ဆေးလာကုတဲ့လူနဲ့ စီးပွားရေးလည်း အရမ်းကောင်းတဲ့မြို့ဖြစ်တယ်။ အသင်းတော်က လူ့အနေနဲ့ကြည့်ရင် ဆင်းရဲတဲ့ အသင်းတော် မဟုတ်ဘူး။ ချမ်းသာတဲ့ အသင်းတော်ဖြစ်တယ်။ လူတိုင်း စိန်နားကပ် ပန်နိုင်တယ်။ ရွှေဆွဲကြိုး ၀တ်နိုင်တယ်။ အဲဒီခေတ်က အိုင်ဖုန်းရှိရင် အိုင်ဖုန်းသုံးနိုင်တယ် ..ပေါ့။ သူတို့ ထင်တာက သူတို့အခြေအနေဟာ ဥစ္စာ၊ ဘဏ္ဍာ ရတတ်တယ်။ တခုမှ မလိုဘူးလို့ မြင်တယ်။

ဝိညာဉ်ဆင်းရဲခြင်း
ဒါပေမဲ့ ယေရှုက သူတို့ကို ကြည့်လိုက်တဲ့အခါမှာ မင်းတို့တွေက ပင်ပန်းနေကြတယ်..တဲ့။ You look all tired ..သနားဖွယ်ဖြစ်တယ် ..တဲ့။ မင်းတို့တွေက သနားစရာ..တဲ့။ ပြီးတော့ ..ဆင်းရဲနေတယ် ..တဲ့။  သူတို့ကိုယ် သူတို့တော့ ချမ်းသာတယ်မြင်ပေမဲ့ ယေရှုက ကြည့်လိုက်တော့ ဆင်းရဲနေတာ မြင်တယ်။ မျက်စိကန်းနေတယ် ..တဲ့။ စဉ်းစားကြည့်ပါ။ မပြီးသေးဘူး.. နောက်ထပ် ..အ၀တ်အချည်းစည်း ရှိတယ် ..တဲ့။ အားလုံးက တုံးလုံးဖြစ်နေတယ်။ သူတို့ကိုယ် သူတို့ကတော့ ချမ်းသာတယ်။ အ၀တ်အကောင်းတွေ၊ အဲဒီခေတ်ကတော့ ကတီပါအင်္ကျီပေါ့၊ ဒါပေမဲ့ ယေရှုခရစ်တော်က ပင်ပမ်းနေတယ်၊ သနားစရာ၊ ဆင်းရဲနေတယ်၊ မျက်စိကန်းနေတယ်၊ အ၀တ်အချည်းစည်းရှိတယ် ..လို့  မြင်နေတယ်။ ဟာ.. တကယ်ကြောက်ဖို့ ကောင်းတယ်နော်။ ကိုယ့်ကိုယ်ကို မြင်တာက တမျိုး၊ ယေရှုခရစ်တော်က မြင်တဲ့အခါ အဲဒီလို မဟုတ်ဘူး ဖြစ်နေပါတယ်။

အ၀တ်အချည်းစည်း ဖြစ်သည်ကို မသိပါတကားတဲ့။ ပိုဆိုးတာက အဲဒါ၊ ကိုယ့်ရဲ့အခြေအနေကို ကိုယ်မသိတာ အဆိုးဆုံးပဲ။

ပုံပြင်လေးတပုဒ်လိုပေါ့ ..အ၀တ်အစားမရှိတဲ့ ဘုရင်ကြီးကို သိပ်လှတယ်လို့ ပြောတော့ အဟုတ်ထင်ပြီး၊ ဆင်စီး၊ တနိုင်ငံလုံးကို လှည့်လည်ပြတယ်။ လှပါသလား ..မေးတော့ .. ကြောက်လို့..လှပါတယ်ဘုရား..ဖြေကြရတယ်။ တနေရာရောက်တော့ တုံးလုံးနဲ့ ကလေးငယ်တယောက်က ဘုရင်ကြီးလဲ ငါ့လိုပါလား..လို့ ပြောလိုက်တယ်။

လောဒကိမှာရှိတဲ့ အသင်းသူ၊ အသင်းသားတွေ။ သူတို့ရဲ့ အခြေအနေကို မသိဘူး။ သူတို့ထင်တာက သူတို့ဟာ ချမ်းသာတယ်၊ ကြွယ်ဝတယ်။ ဘာမှမလိုဘူး။ ဒါပေမဲ့ ယေရှုခရစ်တော်က ကြည့်လိုက်တဲ့အခါ သူတို့က ဘာမှကောင်းတာကို မရှိဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့ လောဒကိအသင်းတော်မှာရှိတဲ့ လူတွေက ဒီလိုဖြစ်နေတာလဲ။ What is wrong with them? Same thing will not happen to us.  သူတို့ရဲ့ ပြသနာက ဘာလဲ။ ..ကျွန်တော်ပြောပြပါမယ်။

မှားယွင်းသောခံယူချက်
သူတို့က လောဒကိမြို့မှာရှိတဲ့ အသင်းသူ၊ အသင်းသာတွေက Physical Prosperity is equal to Spiritual Prosperity  လို့ ထင်ကြတယ်။ လောကအရာများနဲ့ ချမ်းသာနေတာ၊ ငါတို့က ၀ိညာဉ်ရေးရာမှာ ရင့်ကျက်လို့ ဖြစ်တယ် ထင်ကြတယ်။ သူတို့ရဲ့ ပြသနာက အဲဒါပဲဖြစ်တယ်။ ငါတို့ ချမ်းသာနေတာပဲ။ ဘုရားသခင်ကောင်ကြီးပေးလို့ ငါတို့က ချမ်းသာနေတာ။ ငါတို့ရဲ့ အကျင့်စာရိတ္တတွေက ကောင်းလို့ ချမ်းသာနေတာ။ ငါတို့ ချမ်းသာနေတာ ငါတို့ရဲ့ ၀ိညာဉ်အသက်တာ ရင့်ကျက်လို့။ သူတို့က အဲဒီလို မှားတဲ့ ခံယူချက်နဲ့ အသက်ရှင်တာ။ ဒါကြောင့်မို့ သူတို့အမြင်မှာ အရမ်းချမ်းသာတယ် မြင်တယ်။ ဒါပေမဲ့ ယေရှုက မြင်တဲ့အခါ တုံးလုံးဖြစ်နေတယ်။ အ၀တ်အချည်းစည်းဖြစ်နေတယ်။ မျက်စိကန်းနေတယ်။ ဆင်းရဲနေတယ်။ သနားဖွယ်ဖြစ်တယ်။ ကျွန်တော်တို့ သတိထားရမဲ့ အရာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Physical Prosperity is equal to Spiritual Prosperity  လို့ ပြောနေတဲ့လူတွေ အများကြီးရှိတယ်။ ဆရာ၊ ဆရာသမားတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ သတိထားရမယ်။ သတိမထားရင် ကျွန်တော်တို့ လောဒကိအသင်းတော်မှာရှိတဲ့ အသင်းသူ၊ အသင်းသားတွေလို ဖြစ်သွားလိမ့်မယ်။ ဒါလေးတွေ နားလည်ပါ။

လောကမှာ ချမ်းသာနေလို့ ၊ ကျွန်တော်တို့ ၀ိညာဉ်ရေးရာ ရင်ကျက်နေမယ်လို့ လုံးဝ ပြောလို့မရပါဘူး။ အဲဒီလိုပြောလို့ ချမ်းသာတဲ့လူတွေအားလုံး မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလို အီကွေးရှင်း မလုပ်ဖို့ သတိပေးနေခြင်း ဖြစ်ပါတယ်။

ယေရှုခရစ်တော် လောကကို လာတဲ့အခါ၊ အထူးသဖြင့် ဖာရိရှဲတွေကလည်း အဲဒီ ခံယူချက် ရှိတယ်။ က္ကုသရေလလူမျိုးတွေ တော်တော်များများက အဲဒီလိုပဲ နားလည်ကြတယ်။ ဒါကြောင့် ယေရှုခရစ်တော်က သူတို့ရဲ့ မှားယွင်းတဲ့ ခံယူချက်ကို အမြဲတမ်း ပြင်ပေးတယ်။ ယေရှုက ဥပမာ တခုသုံးတယ်။ သူဌေးကြီးတယောက်တဲ့။ ပြီးတော့ ဆင်းရဲသား လာဇရု တဲ့။ အဲဒီ ပုံမမာလေး ပြောပြတယ်။ သူဌေးကြီးက မရဏာနိုင်ငံသွားတယ်။ ဆင်းရဲသား လာဇရုကတော့ အာဗြာဟံရဲ့ ရင်ခွင်ကို သွားတယ်။ အဲဒါကို ကြားတဲ့လူတွေအဖို့ ဘယ်လိုမှ လက်မခံနိုင်တဲ့အရာ။ သူဌေးက ကောင်းကင်သွားမှာပေါ့။ သူက ဘုရားကောင်းကြီးကို ခံစားရတာပဲ။ ဆင်းရဲသားက ဘာမှ အကျင့်မကောင်းတာ။ ဒါကြောင့်မို့ ဆင်းရဲနေတာ ..။ ဒါပေမဲ့ ယေရှုက အဲဒီလို မဟုတ်ဘူး။

သူဌေးကြီးပုံပမာများ
နောက်တခု ဘာပြောသလဲဆိုတော့ သူဌေးကြီးတယောက်တဲ့။ ပစ္စည်းတွေ အများကြိးရတယ်..တဲ့။ ရတဲ့အခါ သူစဉ်းစားတယ်။ ရတဲ့ဥစ္စာပစ္စည်းတွေ ဂိုထောင်အသစ်တွေဆောက်မယ်။ ထည့်မယ်။ သုံးမယ်။ ဖြုန်းမယ်။ ငါ့ဝိညာဉ်ကိုလည်း ပြောမယ်။ ပျော်စမ်းပါ။ တသက်စားလို့ မကုန်ဘူး ..။ အဲဒီအခါမှ ယေရှုက ဘာပြောသလဲဆိုတော့ မင်းရဲ့ဝိညာဉ်ကို ငါ..ဒီည လိုချင်တယ် ..လိုဆိုရင်၊ လုကာ ၁၂း ၂၁ မှာ ယေရှုက သူဌေးကြီးကို  ဘုရားသခင်ရှေ့မှာ ဆင်းရဲသောသူ မည်သည်ကား ထိုသူဌေးနှင့် တူသည်။ လောကမှာတော့ သူဌေးပဲ။ ဒါပေမဲ့ ဘုရားသခင်ရှေ့မှာတော့ အဲဒီသူဌေးက ဆင်းရဲနေတယ်။ Not how rich you are, you much you enrich other ..သူများကို ချမ်းသာအောင် လုပ်ပေးနိုင်သူကိုမှ ဘုရားသခင်ရှေ့မှာ ချမ်းသာတယ်လို့ ဆိုလိုတယ်။ ကိုယ့်အတွက်ပဲ ဆိုရင်တော့ အဲဒီလူဟာ ဘုရားသခင်ရှေ့မှာ ဆင်းရဲသောသူပဲ။

သူဌေးတယောက် ယေရှုခရစ်တော်ဆီလာတယ်။ ထာဝရအသက်ရဖို့ ဘာလုပ်ရမလဲ ..မေးတယ်။ အချုပ်ပြောရရင် ..ကဲ၊ ငါ့နောက်လိုက်၊ ရှိသမျှဟာ အကုန်ရောင်း၊ ဆိုတော့ အဲဒီ သူဌေးက မလုပ်နိုင်ဘူး။ သူ့မှာ ဥစ္စာပစ္စည်းများတယ်။ ၀မ်းနည်းပြီး ပြန်သွားတယ်။ အဓိပ္ပါယ်က သူ့ရဲ့ ဥစ္စာပစ္စည်းကို ထာဝရအသက်ထက် တန်ဖိုးထားတယ်။ ပြန်သွားတဲ့အခါ ယေရှုက ဘာပြောသလဲဆိုတော့ Is easier for the camel to go through eye of the needle, for the rich man to enter the Kingdom of Lord တဲ့။ ကုလားအုပ်က အပ်နဖါးထဲ ၀င်ဖို့က ပိုပြီးလွယ်တယ် ..တဲ့။ ချမ်းသာတဲ့လူက ကောင်းကင်ဘုံရောက်ဖို့ ခက်တယ်။

အဲဒီစကားကို တပည်တော်တွေ၊ ပေတရုတို့က ကြားတဲ့အခါ .. ဟာ..ကိုယ်တော်၊ ဒါဆိုရင် ကျွန်တော်တို့ကော ဘယ်လိုလုပ်မလဲ ..ဘာဖြစ်လို့လဲဆိုတော့၊ သူတို့နားလည်ထားတာက ကောင်းကင်တက်ရမဲ့လမ်းမှာ ရှေ့ဆုံးက နေရာယူထားတာက သူဌေးတွေလို့ ခံယူထားတာ။  ဟာ.. သူဌေးတောင်မှ ကောင်းကင်နိုင်ငံ ၀င်ဖို့ ခက်ရင် ကျွန်တော်တို့ ဆင်းရဲသားတွေ ဘယ်လိုလုပ်မလဲ ..တဲ့။ တငါသည်တွေ ဘယ်လိုလုပ်မလဲ ..တဲ့။ ဒါပေမဲ့ ယေရှုကပြောတယ်။ In God, all things is possible. ကျွန်တော်တို့လည်း မှားယွင်းတဲ့ အရာ၊ We have to change our concept.  မပြောင်းလဲဘူးဆိုရင် လောဒကိမြို့မှာ ရှိတဲ့ အသင်းသူ၊ အသင်းသား တွေလို ဖြစ်သွားလိမ့်မယ်။


ချမ်းသာကြွယ်ဝလိုခြင်း
ကျွန်တော် ဒီထဲမှာ မေးမယ်၊ မချမ်းသာချင်တဲ့လူရှိရင် လက်ထောင်ပါ။ မချမ်းသာချင်၊ ငွေမရတတ်ချင်ဘူးဗျာ..။
#@!+ .. ဟာ.. ကောင်းလှချည်လား။

ချမ်းသာချင်တာ မကောင်းဘူးလား။ ချမ်းသာချင်တယ်လေ။ ကောင်းတယ် ..ဟုတ်လား။

(1) ငွေရတတ်ခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်၏။ ထိုသို့ သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်းတတ်ကြ၏။  အကြောင်းမူကား၊ ငွေကိုတပ်မက် ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။

အင်္ဂလိပ်လိုက The Love of Money is root of all evils တဲ့။ သူက Evil ထက်တောင်ဆိုးတယ်။ Evil ကိုမွေးပေးတာ။ အဲဒီ ငွေရတတ်ချင်သော စိတ်၊ ချမ်းသာချင်သော စိတ်။


ချစ်သောညီအစ်ကို မောင်နှမများတို့၊
မချမ်းသာချင်ပါနဲ့။ အဲဒီလိုပြောလို့ မကြိုးစားနဲ့ ပြောတာမဟုတ်ပါဘူး။ ငွေကို မဏာမ မထားနဲ့။ ဒါ ရှင်ပေါလုက တိမောတေကို ပြောနေတဲ့ စကား၊ မချမ်းသာချင်နဲ့။ ချမ်းသာချင်တဲ့ စိတ်က အပြစ်တွေ အားလုံးရဲ့ မူလအဖြစ် ဖြစ်တယ် ..တဲ့။

လူအချို့တို့သည် ငွေကို တပ်မက်၍ ယုံကြည်ခြင်း တရားလမ်းမှ လွဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ့်ကိုယ်ကို ထုတ်ခြင်းခတ်အောင် ထိုးကြသည်။ ဘယ်လောက်ထိဆိုးသလဲ ..ဆိုတော့၊ တချို့တွေ ယုံကြည်ခြင်းကနေတောင် တခြားကို လွဲသွားကြတယ် ..တဲ့။


ဘုရားကို ပိုပေးလှုလိုခြင်း
တချို့က ပြောတယ်။ ကျွန်တော်က ချမ်းသာချင်တာ ဘုရားကို ပိုပေးချင်လို့ ..တဲ့။ ဟုတ်တယ်နော် ..။ တချို့တွေကလေ ကျွန်တော် Businessman ဖြစ်ပြီး၊ ပိုက်ဆံများများရရင် ဘုရားသခင်ကို ပိုက်ဆံများများ လှုချင်တယ် ..ပြောတယ်။ ရှိသလား .. ရှိပါတယ်။

ကျွန်တော် ပြောပြမယ်။ လူတယောက်က လခ ၃၀၀ ရတယ်။ သူ ၃၀ ဘုရားသခင်အတွက် ပါဝင်တယ်။ သူအလုပ်ကြိုစားလုပ်ရင်း သူ ၃၀၀၀ ရလာတယ်။ သုံးထောင်ရလာတဲ့အခါ သူ သုံးရာ လှုနိုင်တယ်။ သူ အရင်ပေးခဲ့တဲ့ သုံးဆယ်နဲ့ အခုပေးတဲ့ သုံးရာ၊ ဘယ်ဟာက ပိုများသလဲ။ .. အတူတူပဲ .. သုံးရာကပိုများတယ်.. (ဖြေသံများ)။

ကျွန်တော်တို့ ဘုရားသခင် ရဲ့ သဘောသဘာဝလေး တခု ကျွန်တော် ပြောပြမယ်။ ဘုရားသခင်က သင်ဘယ်လောက်ပေးသလဲ ဆိုတာ ကြည့်တာမဟုတ်ဘူး။ သင်ဘယ်လောက်ထဲက ဘယ်လောက်ပေးသလဲ ဆိုတာ ကြည်တယ်။ အဲဒါလေး သေချာနားလည်ရမယ်။ မုဆိုးမ ဒင်္ဂါး ၂ပြားအကြောင်း။ ချမ်းသာတဲ့လူတွေက အများကြီးပေးတယ်လေ။ ဒါပေမဲ့ သူတို့က အများကြီးထဲက အများကြီးပေးတာ။ ဒါပေမဲ့ ..ဟို မုဆိုးမက သူရှိသမျှ အကုန်ပေးလိုက်တာ။ ယေရှုခရစ်တော်က Percentage နဲ့ ကြည့်တယ်။ သူဌေးတွေက ပေးတာ 10%, 20%.  မုဆိုးမက 100% ပေးတာ။ 


ဝင်ငွေ သုံးရာနဲ့သုံးထောင်
တလကို သုံးထောင်ရတယ်၊ သုံးရာပေးတယ်။ နောက်တယောက်က သုံးရာရတယ်။ သုံးဆယ်ပေးတယ်။ ဘုရားသခင်ရဲ့ရှေ့မှာ သုံးရာနဲ့ သုံးဆယ်က အတူတူပဲ။ အဲဒီလူက ဘုရားသခင်ကို တပြားမှ ပိုမပေးသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ၂ခုစလုံးက 10%. ကျွန်တော်တို့ အဲဒါလေးတွေ နားလည်ဖို့ လိုတယ်။ ကျွန်တော်တို့က ချမ်းသာလာပြီး ပေးတာက 10% ပဲဆိုရင်တော့ ဘုရားသခင်ရှေ့မှာ ဘာမှ မထူးဘူး။

ခုန သုံးထောင်ရတဲ့လူက ငွေတသောင်းရတယ်။ ခုန တစ်ထောင်ပေးနိုင်တယ်။ ဘာထူးသလဲ။ ဘုရားသခင်ရှေ့မှာ ဘာမှမထူးဘူး။ ကျွန်တော်တို့ အဲဒါလေးတွေ သဘောပေါက်ရမယ်။

တချို့တွေက ကျမ၊ ပိုပေးချင်တယ်။ ပိုပေးချင်ရင် အခုကတည်းက ပေးလို့ရတယ်။ လခ တိုးမှ ပိုပေးလို့ ရတာမဟုတ်ဘူး။ လူနှစ်ယောက်၊ တယောက်က သုံးရာရတယ်။ သူက သုံးဆယ်ပေးတယ်။ နောက်တယောက် သုံးထောင်ရပြီး သုံးရာပေးတယ်။ အတူတူပဲလို့ ပြောခဲ့ပြီးပြီ။ ဒါပေမဲ့ သုံးရာပဲရတဲ့သူက စေတနာယိုဖိတ်ပြီး သုံးဆယ်ငါးကျပ် ပေးလိုက်တယ်။ ဘုရားသခင်ရှေ့မှာ ဒီ သုံးဆယ့်ငါးကျပ်က တန်ဖိုး ပိုကြီးသွားပြီ။ အဲဒီ သုံးဆယ့်ငါးကျပ်က သုံးရာထက် လူ့အမြင်မှာ နည်းပေမဲ့၊ ဘုရားသခင်အမြင်မှာ သုံးဆယ့်ငါးကျပ်က ပိုကြီးသွားပြီ။

ကျွန်တော်တို့ အဲဒီအချက်ကလေးကို သေချာ သဘောပေါက်ရမယ်။ ပြီးတော့ ငွေရတတ်ခြင်း ဆိုတဲ့အကြောင်းကို သတိထားရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရှင်ပေါလုက တိမောတေကို သတိပေးတယ်။ မင်းတို့ထဲမှာ ..မှားယွင်းတဲ့ ဆရာ၊ ဆရာမတွေ လာလိမ့်မယ်။ သူတို့က ဘုရားဝတ်၌ မွေ့လျော်ရင် အကျိုးစီးပွားရှိမယ်လို့ သူတို့က သင်လိမ့်မယ် ..တဲ့။ ဘုရားကို ဘာကြောင့်မို့ ကိုးကွယ်သလဲ။ သူတို့အတွက် အဆင်ပြေဖို့။ ဘုရားဝတ်၌ မွေ့လျော်တာ အကျိုးစီးပွား ရှိတယ်လို့ သူတို့က ထင်တယ်။ ကျွန်တော်တို့လည်း သတိထားရမယ်နော်။ ကျွန်တော်တို့က ဘုရားဝတ်၌ မွေ့လျော်တာ အကျိုးစီးပွားဖြစ်လို့လား။ အဲဒါလေးတော့ သတိထားရမယ်ဖြစ်ပါတယ်။


ကိုးကွယ်ထိုက်သောဘုရား
ကျွန်တော်တို့ ဘုရားကို ကိုးကွယ်တာ၊ ကိုးကွယ်ထိုက်လို့ ကိုးကွယ်နေတာ ဖြစ်ပါတယ်။ ဘုရားကို ၀တ်ပြုထိုက်လို့ ၀တ်ပြုနေတာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် ကျန်လို့မဟုတ်ဘူး။ ကျွန်တော်တို့အတွက် အဆင်ပြေလို့မဟုတ်ဘူး။

ကျွန်တော်တို့ ယောဘ အသက်တာကို ကြည့်ရင်။ ယောဘက ဘုရားကို ကိုးကွယ်တာ၊ သူ့အတွက် အကျိုးစီးပွားဖြစ်လို့ မဟုတ်ဘူး။ ဒါပေမဲ့ စာတန်ကတော့ အဲဒီလိုပဲ ပြောတယ်။ ကိုယ်တော်ကို ယောဘ ကိုးကွယ်နေတာ သူ့အတွက် အကျိုးစီးပွားဖြစ်လို့ပေါ့..တဲ့။ ဘုရားသခင်က ကဲ၊ သွားပြီး စုံစမ်းတဲ့။ ရှိသမျှတွေကို စာတန်က ယူသွားတယ်။ ဒါပေမဲ့ ယောဘက ဘုရားကို ကိုးကွယ်ဆဲဖြစ်တယ်။ သူ ဘုရားကို ကိုးကွယ်တာ အကျိုးစီးပွား ဖြစ်လို့ မဟုတ်ဘူး။ ကိုးကွယ်ထိုက်လို့ ကိုးကွယ်တာ။

ကျွန်တော်တို့လည်း ယောဘကဲ့သို့ ဖြစ်ပါစေ။ ဘုရားကို ကိုးကွယ်တာ ကိုယ့်အတွက် ကျန်လို့မဟုတ်ဘူး။ ကိုယ့်အတွက် အဆင်ပြေလို့ မဟုတ်ဘူး။ ကိုယ့်အကျိုးစီးပွား ဖြစ်ထွန်းချင်လို့ မဟုတ်ဘူး။ ကိုယ့်အကျိုးစီးပွား အောင်မြင်လို့ လာရှိခိုးနေတာ မဟုတ်ဘူး။ စာမေးပွဲ အောင်ချင်လို့ ဘုရားလာ ရှိခိုးနေတာ မဟုတ်ဘူး။ ဘုရားသခင်ရှေ့မှာ ကျွန်တော်တို့ နှလုံးသားတွေ သန့်ရှင်းပါစေ။

ဘုရားကို ကိုးကွယ်တာ ကိုးကွယ်ထိုက်လို့၊ ဖြစ်ပါတယ်။

နိဂုံး
ကျွန်တော်တို့၊ ဒီနေရာမှာ လောဒကိမြို့ကလူတွေ  Physical Prosperity  နဲ့  Spiritual Prosperity တို့ကို အီကွေးရှင်းထုတ်လိုက်တဲ့အခါ သူတို့ဟာ ဒုက္ခရောက် သွားကြတယ်။ ချမ်းသာလာတယ် .. သူတို့ထင်ကာက သူတို့ အသက်တာလည်း ရင့်ကျက်လာတယ် ထင်ကြတယ်။

မဟုတ်ဘူး။

သူတို့ကို ကြည့်လိုက်တဲ့အခါမှာ ယေရှုခရစ်တော်က ပင်ပမ်း၊ သနားဖွယ်၊ ဆင်းရဲ၊ မျက်စိကန်း၊ အ၀တ်ချည်းစည်း ရှိတဲ့လူအဖြစ် မြင်နေတယ်။ ဒီအရာလေးကို စိတ်နှလုံးထဲမှာ ထားပါ။ ဘုရားကို ကိုးကွယ်တဲ့လူ ဘုရားက ချီးမြှောက်မှာ အမှန်ဧကန်ပါပဲ။ ဒါပေမဲ့ ချီးမြှောက်ခြင်းကို ခံချင်လို့ ဘုရားကို ကိုးကွယ်နေတာ မဟုတ်ပါဘူး။ ဘုရားကို ကိုးကွယ်ထိုက်လို့ ကိုးကွယ်နေတယ်။ အဲဒါလေးကို ကျွန်တော်တို့ နားလည် သဘောပေါက်ဖို့ လိုတယ်။

ပြီးတော့.. ငွေရချင်တဲ့ စိတ်ကလေး၊ ကျွန်တော်တို့ အသက်တာမှာ မရှိပါစေနဲ့ ..တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစိတ်ကလေးက ကျွန်တော်တို့ကို အခြားအပြစ်တွေလုပ်ဖို့ သွေးဆောင်လိမ့်မယ် ..တဲ့။

ကျွန်တော်တို့ဟာ အလုပ်ကြိုးစားရမယ်။ စာကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်တော်တို့ ငွေကို ပမာဏ မထားပါနဲ့။ ဘုရားသခင်ကို ပဲ ပမာဏ ထားပါ။ အသက်တာ ရင့်ကျက်ခြင်းဟာ ငွေရတတ်ခြင်းနဲ့ ဘာမှ မဆိုင်ဘူးဆိုတာ နားလည်ပါ ..လို့ ခွန်အားပေးလိုပါတယ်။

အယောက်စီတိုင်း ဘုရားသခင် ကောင်းကြီးပေးပါစေ။

ဆုတောင်းကြပါစို့။
လောဒိကိမြို့မှာရှိတဲ့ ယုံကြည်သူများ၊ မှားယွင်တဲ့ခံယူချက်၊ အဖ၊ ကျွန်တော်တို့ကို ကယ်မတော်မူပါ။ ဤကဲ့သို့ မှားယွင်းသော ခံယူချက်မျိုး မရှိဖို့၊ ကျွန်တော်တို့ကို မစတော်မူပါ။ ကိုယ်တော်.. ကိုယ်တော်ကို ကိုးကွယ်ခြင်းဟာ၊ ကိုးကွယ်ထိုက်သောကြောင့် ကိုးကွယ်ခြင်းဖြစ်ပါတယ်။ သားသမီးများရဲ့ နှလုံးသားများကို သန့်ရှင်းစေတော်မူပါ။ လမ်းပြတော်မူပါ။ ကောင်းကြီးပေးပါ။ ကိုယ်တော်.. ယေရှုနာမနဲ့ ဆုတောင်း အပ်နှံပါတယ် အဖ။   အာမင်..။

ဆရာမျိုးသူ
03-03-2012 ယုဒသန်အသင်းတော်၊ လက်တောက်သင်းအုပ်ဆရာ၊ စင်ကာပူ
လူငယ်အစီအစဉ်တွင် ဟောကြားသော ဒေသနာဇြစ်ပါသည်။

 


ကျမ်းပိုဒ်များ
(1) ဗျာဒိတ် ၃း ၁၄-၂၂
လောဒိကိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျ သတ္တဝါတို့အထွဋိ၊ သစ္စာရှိ၍ဟုတ်မှန်သောသက်သေခံ၊ အာမင်၏ အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည်အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ၊ တခုခုကိုငါအလိုရှိ၏။ ထိုသို့ အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီ။ တစုံတခုကိုမျှမလိုဟု ပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်း စည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။ သင်သည် ဥစ္စာရတတ် ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသော ရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အဝတ်ကို၎င်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အား ငါသည် အကြံပေး၏။ ငါချစ်သမျှသောသူတို့၏ အပြစ်ကို ငါစစ်ဆေး၍ သူတို့ကို ဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။ ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံ ကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍သူနှင့်အတူစားသောက်မည်။ သူသည်လည်း ငါနှင့်အတူစား သောက်ရလိမ့်မည်။ ငါသည်အောက်မြင်၍၊ ငါ့ခည်းတော်၏ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေသကဲ့ သို့၊ အောင်မြင်သောသူသည် ငါ၏ပလ္လင်ပေါ်မှာ ငါနှင့်အတူထိုင်နေရသော အခွင့်ကိုငါပေးမည်။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။

(2) တိမောသေ ၆း၉

ငွေရတတခြင်းငှါ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်၏။ ထိုသို့ သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်ဆီးခြင်း၌ နစ်မွမ်းတတ်ကြ၏။ အကြောင်းမူ ကား၊ ငါတို့သည် လောကီသားများနှင့် ကောင်းကင်တမန်များ မျက်မှောက်၌ ပွဲဝင်သောသူဖြစ်ကြ၏။