ဘ၀အောင်မြင်ဖို့ ဘုရားလိုသလား


ဇော်အောင် (မုံရွာ)

  ဘုရားရှိတယ်၊ မရှိဘူး  ယုံကြည်ချက်အကြောင်း လူငယ်အများစု ဆွေးနွေးကြတယ်။ ဘုရားကို ယုံကြည်သူကလည်း မယုံကြည်သူကို နားဝင်အောင် ပြောဖို့မလွယ်ပါဘူး။ အခုဆွေးနွေးမှာက ဘုရားမရှိဘူး FREE THINKER ယူဆသူများနဲ့ ဆွေးနွေးမှာပါ။ တစ်ခြားဘာသာဝင်များနဲ့ မဆွေးနွေးပါဘူး။

  The God Delusion ဆိုတဲ့စာအုပ် ၂၀၀၆ အရောင်းကောင်းဆုံးအဖြစ် ပေါ်ထွက်လာတယ်။ စာရေးသူ ရစ်ချပ်ဒေါင်ကင်စ် Richard Dawkins  ကတော့ အင်္ဂလိပ် ဇီဝဗေဒပညာရှင်ကြီး British biologist Richard Dawkins, professorial fellow of New College, Oxford. ဆိုပဲ။ သိပ္ပံပညာရှင်ကြီးပေါ့။  ဘုရားမရှိဘူးဆိုတဲ့အကြောင်းကို ဗဟုသုတ၊ပညာလိုက်စားသူများ လက်ခံလာအောင် ရေးတဲ့စာအုပ်ပါ။ အချက်အလက်တွေကောင်းတော့ လက်ခံစရာချည်းပါပဲ။ အီဗော်လူးရှင်း နဲ့ ဘုရားမရှိဘူး ဆိုတဲ့ အချက်တွေကတော့ လက်ခံစရာမရှိပေမဲ့ ... ပညာထူးချွန်သူများမှာ ဘုရားမယုံသူများဖြစ်သည် ... ဆိုတဲ့အချက်ကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအချက်နဲ့ပဲ .. ဘုရားကိုးကွယ်နေခြင်းဟာ ငွေကုန်၊ အချိန်ကုန် ... လုပ်မနေပါနဲ့ကွာ  .. ဆိုတဲ့သဘောရောက်ပါတယ်။

  .


   အခု ဒီစာမှာတော့ ဘုရားကိုးကွယ်ခြင်းဟာ အချိန်၊ငွေ ပေးပြီး ဘ၀အောင်မြင်မှုကို ရှာခြင်းဖြစ်ကြောင်း Debate လုပ်ခြင်းဖြစ်ပါတယ်။

    ပညာထူးချွန်၊ဘွဲ့လွန် ရရှိခြင်းဟာ ဘ၀အောင်မြင်ခြင်းလို့ပဲ ဒေါင်ကင်စ် ယူဆမလား၊  သူရဲ့ 
ဘုရားကိုးကွယ်နေခြင်းဟာ ငွေကုန်၊ အချိန်ကုန် ... လုပ်မနေပါနဲ့ကွာ  ..  ဘုရားကိုးကွယ်ခြင်းဟာ တွက်သားမကိုက်ပါဘူး လို့ဆိုတယ်။ အလှုငွေအများကြီးထည့်ရတယ် (ဆယ်ဖို့တစ်ဖို့)။ လှုဒါန်းခြင်းဆိုတာလည်း နက်နဲပါတယ်။ လှုတိုင်း ကုသိုလ်မရပါဘူး။
 


ဦးနှောက်နှင့်နှလုံးသား

  ဒါပေမဲ့ .. ဘ၀အောင်မြင်မှုဆိုတာ ငွေကြေးတခုတည်းပဲလား။ ဒါလောက်ပဲလား ... မဟုတ်ပါဘူး။  ဒီဘ၀တခုတည်းကိုပဲ ကြည့်ရင်တောင် ဦးနှောက် နဲ့ နှလုံးသား  နှစ်မျိုး တစ်ဝက်ဆီ (၅၀%) နဲ့ အောင်မြင်မှုကို လှမ်းသွားရပါတယ်။ နောင်ဘ၀အတွက်တော့ မဆွေးနွေးပါဘူး။

  ဦးနှောက် ဆိုတာကတော့ ရှင်းရှင်းပြောရရင် ငွေကြေးများများရရှိရေး၊ ပညာများများ ရရှိရေး ... လို့ အကြမ်းဖြင်း ဆိုကြပါစို့။ ဒီထက်အများကြီးဖွင့်ဆိုနိုင်ပေမဲ့  ဦးနှောက် = ငွေကြေး   ဆိုပါတော့။

  နှလုံးသား ဆိုတာကတော့ ချစ်ခြင်းမေတ္တာကို ဆိုလိုပါတယ်။ မြန်မာများအဖို့တော့ ၅၂၈ နဲ့ ၁၅၀၀ မေတ္တာ နှစ်မျိုး ထပ်မံဖွင့်ဆိုထားပါတယ်။ မိမိချစ်မြတ်နိုးတဲ့ သားသမီး၊ ကြင်ဖော်၊ ရီးစား၊ သူငယ်ချင်း၊ မိမိလူမျိုး၊ မိမိနိုင်ငံ၊ မိမိမွေးရပ်မြေ၊ မိမိကိုးကွယ်သောဘုရား .. စသဖြင့် ဖက်လိုက်ပြီးဆုံးဖြက်ခြင်း။  အကြမ်းဖျင်း ဖွင့်ဆိုရရင်  နှလုံးသား = ငွေကြေးမဟုတ်သောအရာ ဆိုပါတော့။



ပညာတတ်၊ ထူးချွန်သူတိုင်း (Intelligent Person) ဘ၀အောင်မြင်ပြီလား။

   ပညာထူးချွန်ရင်တော့ လူအများ လေးစားခံရပါတယ်။ လူဝင်ဆန့်ပါတယ်။ ဘ၀မှ ငွေကြေးမပူမပင် နေရပါတယ်။ ပညာရွှေအိုး လူမခိုးဆိုတဲ့အတိုင်း စားဝတ်နေရေးမပူပင်ရပါဘူး။ ပညာတအားထူးချွန်သွားရင် ပိုပြီးလူဝင်ဆန့်လာပါတယ်။ ငွေလည်း ပိုရလာပါတယ်။
  လူဘ၀အောင်မြင်တယ်ဆိုတာကို ဘာနဲ့ တိုင်းတာရမလဲ၊ ငွေကြေးချမ်းသာမှု၊ ပညာထူးချွန်မှု၊ အာဏာရှိမှု၊ ဘာသာရေးထူးချွန်မှု၊ အားကစား၊အနုပညာထူးချွန်မှု ... စသဖြင့် ထူးချွန်မှုများစွာရှိနေတာကိုတွေ့ရပါတယ်။ စာပညာထူးချွန်မှုတစ်ခုတည်းမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။
လူအများနဲ့ လူနေမှုစနစ်တွေကို ပြောင်းလဲအောင် သြဇာရှိသူများဟာ အောင်မြင်သောဘ၀ Successful Life ပိုင်ရှင်များဖြစ်ပါတယ်။ Most Influential Persons လို့ပြောပါတယ်။

   သေချာတာကတော့ ကြိုးစားနေသူဖြစ်ရပါတယ်။ မြန်မာများကတော့ ကံ၊ဥာဏ်၊၀ိရိယ ၃မျိုးပြောထားတယ်။ ကြိုးစားသူတစ်ဦးဟာ ပညာဘွဲ့တစ်ခု၊ မာစတာဘွဲ့ လောက်တော့ ရသွားလေ့ရှိပါတယ်။ ဥာဏ်ရှိမှ အဆင့်မြင့်ပညာကို ဆည်းပူးနိုင်ပါတယ်။ "ကံ" ကတော့ ထူးဆန်းလှပါတယ်။ ဘုရားကိုးကွယ်သူများကတော့ ကံ ဆိုတာ "ဘုရားကောင်းကြီးမင်္ဂလာ" လို့ သတ်မှတ်ပါတယ်။

   သူဌေးကြီးကလည်း သူ့သားကို ငွေပုံမပေးပါဘူး၊ လောကပညာ၊ လောကုတ္တရာပညာတွေ ဆည်းပူးခိုင်းတယ်။ သူဌေးသားဆို ပိပြီး ကြိုးစားရရှာတယ်။ ငွေရှိရင် သြဇာရှိသူဖြစ်မယ် ယူဆချက်က ၇၀% လောက်ပဲ မှန်ပါတယ်။



ဘ၀အောင်မြင်ချက်များကို ကြည့်ရင်

    စီးပွားထူးချွန်ပြီး၊ ငွေချမ်းသာရင် သြဇာရှိမယ်ဆိုတာလည်း ၇၀% လောက်ပဲ မှန်ပါတယ်။
    ပညာထူးချွန်ရင် သြဇာရှိမယ်ဆိုတာလည်း ၇၀% လောက်ပဲ မှန်ပါတယ်။
    အနုပညာ၊အားကစား၊ဂီတ ထူးချွန်ရင် သြဇာရှိမယ်ဆိုတာ ၇၀% လောက်ပဲ မှန်ပါတယ်။
    အာဏာရှိရင် သြဇာရှိမယ်ဆိုတာတော့ ၉၀% လောက်မှန်တာကို တွေ့ရတယ်။
    ဘာသာရေးဘုန်တော်ကြီး ထူးချွန်လာရင် သြဇာရှိမယ်ဆိုတာလည်း ၉၀% လောက်မှန်တာတွေ့ရတယ်။
    ဗေဒင်ဆရာ၊ အကြားအမြင်ဆရာ ...  စတဲ့  အခြား ထူးချွန်မှုများတော့ ထည့်မတွက်တော့ပါဘူး၊

ဒီတော့ အာဏာ (နိုင်ငံရေး) နဲ့ဘာသာရေး မှာ အောင်မြင်လာရင် သြဇာသူ ဖြစ်လာမှာပေါ့။



 သင့်ဘ၀အောင်မြင်ဖို့ရာ ဘာလုပ်သင့်သလဲ ..

    ဘာသာရေးဘုန်းတော်ကြီး နဲ့ နိုင်ငံအုပ်ချုပ်သူ အာဏာ ရှိရင် သြဇာရှိသူ၊ အောင်မြင်တဲ့ဘ၀ ရောက်မယ်လို့ မှတ်ယူလို့ရပါတယ်။ ဒါပေမဲ့ ဒီနှစ်ချက်က ရဘို့ အလွန်ခက်တော့ ပိုလွယ်တဲ့ စီးပွားရေး၊ ပညာရေး နှစ်ခုမှာပဲ ကြိုးစားရပါတယ်။  စီးပွားရေး၊ ပညာရေး၊ အနုပညာ၊ အာဏာ (နိုင်ငံရေး)၊ ဘာသာရေး .. စတဲ့ အချက်များကို လေ့လာကြည့်ရင် ပညာရေးတစ်ခုပဲ ဦးနှောက်များများ သုံးပေးရပါတယ်။ တခြားအရာများမှာ နှလုံးသား များများသုံးပေးရပါတယ်။ ဦးနှောက်ဆိုရင် သာမန်အားဖြင့် မှတ်ဥာဏ် နဲ့ စဉ်းစာဥာဏ် ကြွယ်ဝသူများကို ခေါ်ပါတယ်။ နှလုံးသား ဆိုရင်တော့ နာခံခြင်း၊ လူကဲခပ်၊ အပြောအဆို၊ အမူအရာ ကြွယ်ဝသူများကို ခေါ်ပါတယ်။
  ဒီတော့ သင့်သားသမီး၊ တူတူမ၊ ကျောင်းသူကျောင်းသားများကို ဘာအဓိကထား သင်ပေးသင့်ပါသလဲ ... နှလုံးသားရေးရာကို ဦးစားပေးရမယ်မဟုတ်ပါလား...

  The God Delusion ဆိုတဲ့စာအုပ်ရေးသူ ရစ်ချပ်ဒေါင်ကင်စ် Richard Dawkins  ကတော့ ပညာတတ်သူများ လောကတိုးတက်အောင်လုပ်တယ်။ ပညာတတ်အများစုဟာ ဘုရားမယုံသူများဖြစ်တဲ့အတွက် .. ဘုရားကိုးကွယ်နေခြင်းဟာ ငွေကုန်၊ အချိန်ကုန် ... လုပ်မနေပါနဲ့ကွာ  .. တိုးတက်တဲ့ ဒီလူဘောင်ကြီးမှာ လူမျိုးဆက် ဆက်လက်ရှင်သန်ဖို့ ဘုရားကိုးကွယ်စရာမလိုတဲ့အကြောင်း။  ဒါပေမဲ့ လောကကြီးကို တိုးတက်အောင်လုပ်နေသူများဟာ သိပ္ပံပညာရှင်များမဟုတ်ပါဘူး။ သူတို့ ဘယ်လိုတီထွင်ပါစေ၊ လူ့အဖွဲ့အစည်းက လက်မခံရင် ဘာမှသုံးမရပါဘူး။ လူအဖွဲ့အစည်းကို သြဇာရှိသူများဟာ သိပ္ပံပညာရှင်က လူနည်းစုပါ။ အာဏာ (နိုင်ငံရေး)၊ ဘာသာရေး၊ စီးပွားရေး၊ ပညာရေး၊ အနုပညာရှင်များ ... များက အများစုဖြစ်ပါတယ်။



လောကမှာ သြဇာကြီးသူများ

  ဒီတော့ သြဇာရှိသူများကို ကြည့်ရင် အများစုဟာ ဘုရားကိုးကွယ်နေသူများဖြစ်ကြောင်း  Richard Dawkins ငြင်းလို့မရပါဘူး။ ကမ္ဘာကြီးမှာ သြဇာရှိသူများ ၁၀၀ ကို ပြုစုခဲ့သူ စာအုပ် The 100: A Ranking of the Most Influential Persons in History 1978 book by Michael H. Hart  ကိုကြည့်ရင် ဘုရားကိုးကွယ်သူအများစုဖြစ်နေတာတွေ့ရပါမယ်။ သိပ္ပံပညာရှင်များရဲ့ ထိပ်ဆုံးက နယူတန် က အဆင့် ၂ မှာ ချိတ်ပါတယ်။ သူက ထာဝရဘုရားကို ကိုးကွယ်သူ ခရစ်ယန်တစ်ဦး Devote Christian ဖြစ်ပါတယ်။ ယေရှု၊ မိုဟာမက်၊ နယူတန်၊ ဂေါတ္တမမြက်စွာ၊ စိန့်ပေါ၊ ကွန်ဖြူးရှပ်၊ ဂူဒင်းဘတ်၊ ကိုလံဗက်၊ အိုင်စတိုင်း စသဖြင့် အားလုံးနီးပါးဟာ ဘုရားကိုးကွယ်သူများဖြစ်ပါတယ်။


နိဂုံးချုပ်

   အဆုံးသတ်အနေနဲ့ ဘုရားကိုးကွယ်ခြင်းဟာ မလွယ်လှပါဘူး။ ယုံကြည်ခြင်းဆိုတာ အံ့သြစရာကောင်းပါတယ်။ ဘုရားရှိတယ် ဘုရားကဖန်ဆင်းတယ် .. ဆိုရင်လည်း ရှင်းပြရ ခက်သလို၊ ဘုရားမရှိဘူ၊ သဘာဝလောကကြီးက သူ့ဖာသာဖြစ်လာတယ် ဆိုရင်လည်း ရှင်ပြရခက်ပါတယ်။ အံ့သြစရာကောင်းပါတယ်။ ဘုရားကိုးကွယ်ခြင်းဟာ Faith ယုံကြည်ခြင်းသက်သက်ဖြစ်ပါတယ်။ နောင်ဘ၀အကြောင်း၊ ၀ိညာဉ်ရေးရာ စိတ်ငြိမ်သက်၊ ၀မ်းမြောက် ခြင်းအကြောင်း ဆွေးနွေးရင် ပိုအံ့သြစရာကောင်းပါတယ်။

 
ဒီစာမှာတော့ သြဇာကိတ္တမကြီးသူအများစုမှာ ဘုရားရှင်ကိုကိုးကွယ်သူ အများစုဖြစ်နေကြောင်း ချေပပါတယ်။ ကိုယ့်ကိုယ်ကို ဥာဏ်ကောင်း၊ ပညာထူးချွန်တယ်လို့ ထင်သူများတော့ ဘုရားမရှိဘူး ပြောကြပေမဲ့၊ လောကမှာ သြဇာကြီးသူအများစုကတော့ ဘုရားကိုးကွယ်သူများဖြစ်ပါတယ်လို့  နိဂုံးချုပ်လိုက်ပါတယ်။

ဇော်အောင်
၂၀-မေလ-၂၀၁၀