ဓမ္မပညာအထောက်အကူပြုစာစောင် - ဖေဖေါ်ဝါရီ ၂၀၁၂ ဧ၀ံဂေလိ၏ဗီဇသဘာဝ - ညီအစ်ကိုကြီးဦးတင်မောင်ထွန်း


Feb 2012  (မာတိကာ)

ဧဝံဂေလိ၏ဗီဇသဘာဝ - ညီအစ်ကိုကြီးတင်မောင်ထွန်း
သန့်ရှင်းသောနမ်းခြင်းနှင့်နှုတ်ဆက်ပါ - ညီအစ်ကိုဦးကပ်ခန့်ခုပ်
ငါတို့ခိုလှုံရာဖြစ်တော်မူ၏ - ညီအစ်ကိုကြီးပီတာဖယ်ရီ
ယေရှုခရစ်ကိုသိကျွမ်းခြင်း၌ - ဆ၇ာဦးညွန့်လှ
သင့်ပြဿနာအဖြေမှန် - ညီအစ်ကိုဇေန
သက်သေခံချက် နှင့် ကြေငြာများ
Download Link
http://burmesebible.com/pulpit/Pulpit feb 2012.ps.pdf

ဧ၀ံဂေလိ၏ဗီဇသဘာဝ
ခရစ္စမတ်သည် လူသားများအတွက် ဝမ်းမြောက်စရာအချိန် ဖြစ်သော်လည်း ဘုရားသခင်အတွက်ဝမ်းနည်းရသောအချိန်ဖြစ်ပေသည်။လူသားများ ထာဝရကာလ စိတ်ချမ်းသာပြီး ဝမ်းမြောက်နေကြသည်ကိုကြည့်မြင်လိုသောဆန္ဒပြင်းပြသဖြင့်မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပေးရသည့်အချိန်ဖြစ်သည်။ ဝမ်းမြောက်စရာတစ်ခုကိုခံစားလို၍ ဝမ်းနည်းစရာတစ်ခုကို တွဲပြီး ခံစားရပါသည်။ လူသားများ၌ ဝမ်းနည်းစရာကြုံလျှင်လည်း ထိုခံစားမှုအဟုန်ကဘုရားသခင်ကို မမှီပါ။ လူသားများ၏ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်းကခဏတာခံစားမှု ဖြစ်ပါသည်။ ဘုရားသခင်သည် မိမိဖန်ဆင်းတော်မူသောလူသားများနှင့် ကောင်းကင်၌ ပြန်လည်ဆုံတွေ့ရမည့်အရာကို အာရုံပြုပြီး မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူပါသည်။ သားတော်သည်လည်း လူသားများဝမ်းမြောက်ခြင်းကို ခံစားဖို့ ကောင်းကင်ဘုန်းစည်းစိမ်ကို စွန့်ပြီး လောက၌ဆင်းရဲခြင်းခံတော်မူခဲ့ပါသည်။ ကိုယ်တော်ခံခဲ့သောဆင်းရဲခြင်းသည် မည်မျှကြီးပါသနည်း။ လောက၌ ကြွယ်ဝသောသူများက လေအေးစက်နှင့်နေကြသည်။

မီးပျက်၍ လေအေးစက် မလာသည့်အခါ ဒုက္ခရောက်ကြသည်။ စိတ်ဆင်းရဲကြသည်။ ထိုအခါ မီးစက်နှိုးပြီး လေအေးစက် လည်အောင် လုပ်ကြရသည်။ သို့မှနေသာထိုင် သာရှိကြသည်။ ဤသည်က လောကကြွယ်ဝ သူတို့၏ ဒုက္ခဖြစ်သည်။ နှုတ်ကပတ်တော်ရှင်ဖြစ်သည့် သန့်ရှင်းသော ဘုရားက အပျိုကညာဝမ်း၌ လာနေ ရယုံမျှမက ဖွားသန့်စင် လာသည့်အချိန်၌လည်း အပြစ်နှင့် ပြည့်နှက် နေသော ကမ္ဘာကြီး၏ဖိစီးမှု အရှိန်အမျိုးမျိုးကို ခံရပြီးမှ လောက၌၃၃နှစ် တိုင်တိုင် လောကလူသား များကြား၌ အမျိုးမျိုးသော ဆင်းရဲခြင်းများကို ခံခဲ့ပါသည်။ ကိုယ်တော် ခံတော်မူ ခဲ့သောဆင်းရဲခြင်းက မည်မျှပြင်းထန် ပါသနည်း။ ကိုယ်တော် ပေးခဲ့သော အဖိုးအခကား ကြီးလှပေသည်။ ဤသည်ကား လူသားများကိုချစ်၍ ဘုရားသခင်က သားတော်ကိုပေးခြင်းဖြစ်သလို၊သားတော်ကလည်းလူသားများကို ချစ်၍ ဆင်းရဲခံယုံမျှမက အသက်ကို ပေး၍ အသွေးကိုသွန်းပြီး မေတ္တာသက်သေကို ပြခဲ့ပါသည်။ ထိုသို့ပေးခဲ့ခြင်းကြောင့် ယနေ့ပျော်ရွှင် ဝမ်းမြောက်ဘွယ် ခရစ်စမတ်ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။ပေးကမ်းခြင်း အားဖြင့်မေတ္တာ ပြပါ ဧဝံဂေလိ တရားသည် ဘုရားသခင်က ပေးကမ်းစွန့်ကြဲခြင်းနှင့် မေတ္တာပြခြင်း တရား ဖြစ်ပါသည်။

ပေးကမ်း စွန့်ကြဲခြင်းနှင့် မေတ္တာပြရာ၌ ခမည်းတော်က တစ်ပါးတည်းသောသားတော်ကို ပေးသလို သားတော်က အသက်နှင့်အသွေးကို ပေးယုံမျှမက ကိုယ်ခန္ဓာတော်၌လည်းများစွာ ဒုက္ခဆင်းရဲခံခဲ့ပါသည်။ ထိုနည်းတူရှေး တမန်တော်များကလည်း ထို ဧဝံဂေလိ သတင်းစကားအတွက် အသက်ကို ပေး၍ ပင်ပန်းဆင်းရဲခံပြီး ဧဝံဂေလိ ဟောပြောခဲ့ပါသည်။ ဧဝံဂေလိ ၏ဗီဇသဘာဝက ပေးကမ်းခြင်း ဖြစ်သည်။ ကယ်တင်ခြင်း ကိုကျေးဇူးတရားနှင့် ရပြီးနောက် ထိုသူသည် မနေနိုင်တော့ပါ။ အခြားသူများခံစားနိုင်ဖို့ရန် ဆင်းရဲဒုက္ခ ခံပြီးပြန်ပေးပါသည်။ ထိုသို့ပေးကြသော သူများသာ ယနေ့ ဝမ်းမြောက်စရာဖြစ်ပါသည်။ ထိုသို့ ပေးကမ်းခြင်း၏ ဝမ်းမြောက်ခြင်းသည် တဒင်္ဂမဟုတ်ပါ။ ထာဝရဖြစ်ပါသည်။ ယနေ့ကျွန်ုပ်တို့အသက်တာ၌ ရစရာများစွာရှိကြသလို၊ ပေးဖို့လည်း စဉ်းစားကြဖို့ လိုပါသည်။ ပေးကမ်းခြင်းကို လူရှုဒေါင့် အထောက်အကူပြု လစဉ်ထုတ်စာစောင်မှကြည့်ပါက နစ်နာသည်ဟု မြင်စရာရှိပါသည်။ ဘုရားသခင် အလိုတော်နှင့်ညီသော ပေးကမ်းခြင်းက မည်သည့်အခါမျှ အရှုံးမရှိပါ။ မေတ္တာ၏အခြေခံက မနောမှလာပါသည်။မည်သူမျှ မမြင်ရပါ။ သက်သေကိုပေးကမ်းခြင်း အားဖြင့်တွေ့ရသည်။ လောက၌ ဟန်ဆောင်ပေးကြသူများ လည်းရှိကြပါသည်။ အမှန်တကယ်မေတ္တာနှင့် ပေးသောသူသည် ယူသွားသောသူက ကျေးဇူး တင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ၊ ကျေနပ်ပြီး ပီတိဖြစ်ပါသည်။ ယနေ့ မြန်မာလူမျိုးများက အလွန်ပေးတက်ကြပါသည်။

ထို့ကြောင့်၊ မြန်မာနိုင်ငံသမိုင်း၌ အကြီးအကျယ် ငတ်မွတ်ခေါင်းပါးခြင်း မရှိခဲ့ပါ။ ဒေသအလိုက်တာဝန်ယူသူများအားနည်း၍ ရွာခံလူများ ပျင်းရိကြ၍သာ ရှိသော်လည်း တပြည်လုံးအတိုင်းအတာနှင့် မရှိပါ။ ထိုပေးကမ်းခြင်း၏မျိုးကိုဖော်ပြ၍ ဖွံ့ဖြိုးစေသောသူများသည် ဆင်းရဲခြင်းမရှိပါ။အစဉ်ဝမ်းမြောက်နိုင်ကြသောသူများ ဖြစ်ပေသည်။ ယနေ့ပေးပါ ဟုဆိုသည့်အခါ ငွေ၊ ဝတ္ဘုပစ္စည်းပေးပါ ဟုထင်တတ်ပါသည်။ မဟုတ်ပါ။ နှလုံးသားနှင့် စေတနာပါလျက် မေတ္တာကို ပေးလိုက်ပါ။ ကိုယ်က မေတ္တာပေးလိုက်သည်ကို တဖက်က သိချင်မှ သိမည်ဖြစ်သော်လည်း သူ၌ပါသွားမည်ဖြစ်ပါသည်။ နှလုံးသားမှ ပေးလိုက်သောမေတ္တာကို ဘုရားသခင်က သိပါသည်။ထိုမေတ္တာသက်သေကို ဘုရားသခင်က ဖော်မည်ဖြစ်သည်။ ထိုအခါ မေတ္တာ၏အသီးကို ခံစားရမည်ဖြစ်သည်။မြန်မာပြည်ကြီး၌ထိုသို့တစ်ဦးနှင့်တစ်ဦးမေတ္တာပေးကြခြင်းအားဖြင့် မေတ္တာခြုံပါက လုံမည်ဖြစ်သည်။ရှေးလူကြီးများ၏ဆိုစကားကစောင်ခြုံ၍မရ၊ မေတ္တာခြုံမှ လုံမည်ဟုဆိုကြပါသည်။ ထိုမေတ္တာကို ပေးပြီးမေတ္တာနှင့် ကျွန်ုပ်တို့ကို ခြုံပေးဖို့ရန်လောကသို့ြ<ွကလာခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အချင်းချင်းပေးကြပါဟု ဆိုရာ၌ သတင်းပေးနိုင်ကြပါသည်။သတင်းပေးရာ၌ ငွေမကုန်ပါ။အချို့က သတင်းပေးရာ၌ မကောင်းသတင်းပေးကြသည်။ ပေးသောသတင်းကမှန်ဖို့ လိုပါသည်။ စေတနာပါဖို့ မေတ္တာပါဖို့ လိုပါသည်။

လူတစ်ယောက်၏ အခက်အခဲ ၊လူတစ်ယောက်၏ လိုအပ်မှုကို မိမိက မပါဝင်နိုင်လျှင်သော်မှ ပါဝင်နိုင်မည့်သူကို သတင်းပေးနိုင်ဖို့ လိုပါသည်။ ထိုသတင်းပေးခြင်း အားဖြင့် လူတစ်ယောက်၏ လိုအပ်မှုကို အခြား လူတစ်ယောက်က ပါဝင်သွားနိုင်ပါသည်။ (ကမ္ဘာ၊ ၃၇)တွင် ယာကုပ်ကိုတွေ့ရသည်။ သူ၌သား တစ်ဆယ့်နှစ်ယောက်ရှိပါသည်။ ထိုအထဲမှတစ်ယောက်က နန်းတော်အုပ်ဖြစ်သည်။ သူက ယောသပ်ဖြစ်ပါသည်။ယောသပ်သည် သူ၏အစ်ကိုများ အမှားလုပ်သည်ကို ဖခင်အား အစဉ်ပြန်၍ ပြောပြတတ်ပါသည်။ ထို့ကြောင့် သတင်းပေးပါဟု ဆိုရာ၌ကောင်းသတင်းသာမက မဟုတ်တာ လုပ်နေသည်ကိုလည်း မေတ္တာနှင့်စေတနာပါလျက် မှန်ကန်စွာသတင်းပေးနိုင်ဖို့ လိုပါသည်။ သမ္မာကျမ်းစာ၌ တစ်ခုခုကိုသိပါက သတင်းပေးဖို့လိုသည်။ မှန်သောအရာကို သက်သေမခံပါက အပြစ်ရှိသည်ဟု သတိပေးထားပါသည်။ ထိုသို့မှန်သောအရာကိုပြောတတ်သောယောသပ်အားအိပ်မက်ရူပါရုံအားဖြင့် ဘုရားသခင်က ချီးမြှောက်ပါသည်။ အိပ်မက်အတိုင်း မပြည့်စုံမှီ ကျွန်ဘဝရောက်သောအချိန်၌လည်း ဘုရားသခင်ကသက်သေထူပါသည်။ သခင်ရှေ့၌မျက်နှာရသောအခွင့်ကို ဘုရားသခင်ပေးပါသည်။ ကျွန်ဖြစ်နေပါစေဘုရားသခင် ပါရှိပါက မျက်နှာရပါသည်။ ယောသပ်သည် ဘုရားသခင်ကို ကြောက်ရွံ့၍ သစ္စာနှင့် အသက်ရှင်သောကြောင့် ဘုရားသခင်သည်သူ့ကို ချီးမြှောက်ပါသည်။ သခင်၏အိမ်၌ရှိစဉ် သခင်၏မယားက သူနှင့်အတူနေဖို့ သွေးဆောင်သည်ကို ငြင်း၍ ထွက်ပြေးပါသည်။ သခင်မသည်လှည့်စား၍ တိုင်သဖြင့် ယောသပ်သည် ထောင်ထဲသို့ ရောက်ရှိသွားပါသည်။ သို့သော် ဘုရားရှင် သူနှင့်အတူပါရှိသဖြင့် ထောင်မှူးရှေ့၌ မျက်နှာရပြီးချီး မြှောက်ခံရသည်။ နောက်ဆုံးဘုရင်၏အိပ်မက်အနက်ကို ဖော်ပြနိုင်သဖြင့် ချီးမြှောက်ခံရကာ နန်းတော်အုပ်ဖြစ်သွားပါသည်။ အဲဂုတ္တုပြည်၌ နန်းတော်အုပ်ဖြစ်သွားသောသူသည်ငယ်စဉ်က မှန်သောသတင်းကို စေတနာမှန်နှင့် ပေးပို့ခဲ့သောလူငယ်လေးဖြစ်ပါသည်။

ကိုယ်တော်ကောင်းမြတ်ကြောင်း ပြောပါယနေ့ ယုံကြည်သူအများက ခရစ်တော်၏အကြောင်းပြောဖို့ရှက်တတ်ကြသည်။ အချို့က မိမိတို့မဟောတတ်၍ဟု ဆင်ခြေပေးကြသည်။ ဘုရားသခင်သည် တရားမဟောခိုင်းပါ။ သခင်ယေရှုခရစ်၏ကောင်းကြောင်းကိုသာ ပြောခိုင်းပါသည်။ တဖက်လူ၏ယုံခြင်း မယုံခြင်းသည် အရေးမကြီးပါ။ ကျွန်ုပ်တို့ကဘုရားကောင်းကြောင်းကို အသက်တာ၌ ကိုယ်တွေ့ခံစားရသည့်အတိုင်းသာ ပြောကြဖို့ ဖြစ်ပါသည်။ မကျန်းမမာသောသူများအပေါ်၌ ယုံကြည်သူတို့က သခင်ယေရှု၏နာမတော်၌လက်ကိုတင်၍ ဆုတောင်းပေးဖို့နှုတ်ကပတ်တော်က မိန့်တော်မူပါသည်။နှုတ်ကပတ်တော်အတိုင်း နာခံ၍ ယုံကြည်ခြင်းဖြင့် တောင်းပေးသည့်အခါ ရောဂါပျောက် သွားကြသောသူများစွာရှိပါသည်။ ဘုရားသခင်သည် သတင်းကောင်းပြောသောသူ၊ နှုတ်ကပတ်တော်အတိုင်း ယုံကြည်ခြင်းဖြင့် နာခံ၍ ပြုကြသော သူများအပေါ်၌ နှုတ်ကပတ်တော်အတိုင်း အတည်ပြုပေးပါသည်။ ယနေ့ ခရစ်စမတ်အချိန်၌ လျှောက်၍ တရားဟောဖို့ ကိုယ်တော်မပြောပါ။ မိမိအသက်တာ၌ ဘုရားသခင်ပြုပေးခဲ့သော အမှုကို မိမိတို့အနား၌ရှိသောသူများကိုပြန်ပြောပြပါ။ ဘုရားသခင်ကောင်းကြောင်း ပြောချင်သောဆန္ဒစိတ်သာရှိပါ။ ပြောနိုင်ဖို့ရန် သက်သေကိုဘုရားသခင်က ပေးမည်ဖြစ်ပါသည်။ (၄ရာ၊ ၅)တွင် ကျွန်မလေးတစ်ဦးကိုတွေ့ရသည်။ သူသည် ရှုရိရှင်ဘုရင်ထံ အမှုထမ်းသောဗိုလ်ချုပ်မင်းနေမန်အိမ်၌ရှိပါသည်။ သူသည် ဘုရားသခင်ကြောင့် အောင်ရသောအခွင့်ကို ရပါသည်။ သို့သော် ထိုဗိုလ်ချုပ်နေမန်၌ နူနာစွဲနေပါသည်။ ကျွန်မလေးက နေမန်အား နူနာရောဂါကိုပျောက်စေနိုင်သော ပရောဖက်တစ်ပါးရှမာရိမြို့၌ရှိသည်ဟု သတင်းပေးပါသည်။ ကျွန်မလေး၏စကားအတိုင်း နေမန်သွားသည့်အခါ နူနာပျောက်ကင်းရသောအခွင့်ကို ရသွားပါသည်။ ကျွန်မလေးက ဗိုလ်ချုပ်နေမန်အား ဘုရားသခင်နှင့် ပတ်သက်၍ သတင်းပေးခြင်းသာဖြစ်ပါသည်။

ယနေ့ ကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်အားဖြင့် အပယ်ငရဲမှ လွတ်ခွင့်ကိုရကြပါသည်။ ထိုအခွင့်ကို ကျွန်ုပ်တို့တစ်ဦးတည်း ခံစားကြမည်လား။ထိုသို့ခံစားဖို့မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အပယ်ငရဲမှ လွတ်ဖို့ရန် သားတော်ကိုပေးပါသည်။ သားတော်သည်လည်း အသက်ကို ပေးခဲ့ပါသည်။ ရှေးတမန်တော်များသည်လည်း ထိုသတင်းကောင်းအတွက်
အသက်ကိုပေး၍အဖိုးအခပေးလျှကကြားပြောပါသည်။ ကျွန်ုပ်တို့က အထူးတလည် ဘာမျှလုပ်စရာ မလိုပါ။ထိုသတင်းကောင်းကို တက်နိုင်သမျှတဆင့်ခံ ပြန်၍ပြောကြဖို့သာ ဖြစ်ပါသည်။ ယခု ကျွန်မလေး၏သက်သေခံမှုကြောင့် သခင်ကြီးနေမန်သည်ဘုရားသခင်၏ကောင်းကြောင်းသက်သေကို ခံစားသွားရပါသည်။ ထိုမျှသာမက နေမန်သည် ဘုရားသခင်ကို အသက်တာ၌ ရရှိသွားပါသည်။

''နေမန်ကလည်း သို့ဖြစ်လျှင်ကိုယ်တော်ကျွန်သည် မြည်းနှစ်စီးနှင့်တင်၍မြေအနည်းးငယ်ကို ယူပါရစေ၊ ကိုယ်တော်ကျွန်သည် မီးရှို့ရာယဇ်အစရှိသောအဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှတစ်ပါးအခြားသောဘုရားအားနောက်တဖန်မပူဇော်ပါ။''(၄ရာ၊ ၅း၁၇)
တပါးအမျိုးသားဘုရင်၏အောင်မြင်နေသော ဗိုလ်ချုပ်ကြီးနေမန်သည် ဘုရားသခင်ထံမှ လက်ဆောင်ရသွားပါသည်။ ပထမလက်ဆောင်က ရောဂါပျောက်သွားခြင်းဖြစ်ပါသည်။ ဒုတိယက ထာဝရဘုရားကို သိသွားပြီး ဘုရားသခင်မှလွဲ၍အဘယ်ဘုရားကိုမျှ မကိုးကွယ်တော့ပါဟု ဝန်ခံသွားပါသည်။ ဗိုလ်ချုပ်ကြီးနေမန်သည် ကျွန်မလေးအားဖြင့်ဘုရားသခင်ထံမှ ခရစ်စမတ်လက်ဆောင်ကို ရရှိသွားပါသည်။ ကျွန်ုပ်တို့အသက်တာ၌လည်း အနီးအနားရှိလူများကို ဘုရားသခင်ကောင်းကြောင်း ပြောလိုပါက ဝေစာပေးခြင်းအားဖြင့်ဖြစ်စေ၊ အသက်တာ၌ခံစားရသောဘုရားကောင်းကြောင်းကို ပြန်၍ပြောပြခြင်းအားဖြင့်ဖြစ်စေပါဝင်နိုင်ကြပါသည်။ တရားမဟောတတ်လည်း အရေးမကြီးပါ။ ဘုရားပေးသောအရာကို ရိုးရိုးကလေးပြောပြနိုင်ပါသည်။ ထိုသို့ပြုခြင်းသည်ခံစားရသောခရစ်စမတ်လက်ဆောင်ကိုတုန့်ပြန်၍ ပေးခြင်း ဖြစ်ပါသည်။ အစွမ်းကုန်ပေးပါ(မဿဲ၊ ၂၆) တွင် အတိတ်ကဆိုးခဲ့ဘူးသော မိန်းမတစ်ယောက်ကိုတွေ့ရသည်။ သူ၏ဘုရားသခင်ကိုကျေးဇူးတင်သောစိတ်နှင့် ပေးကမ်းခြင်းအသက်တာကို ဖော်ပြထားပါသည်။

ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ ကျေးဇူးပြုမှုကို ခံစားရသည့်အခါ ကျေးဇူးတင်ပါသည်ဟုပြန်၍ပြောဆိုယုံမျှဖြင့် မပြီးပါ။ အမှန်တကယ်နှလုံးသားမှ ကျေးဇူးတင်ပါက မနေနိုင်ပါ။ ဘုရားသခင်ကို ပြန်၍ပေးကြမည်ဖြစ်ပါသည်။ ဗေသနိရွာတွင် ရှိမုန်အမည်ရှိသောလူနူတစ်ယောက်သည် အိမ်၌ သခင်ယေရှုကို ခေါ်ဖိတ်ပါသည်။ သူသည် ဖာရိရှဲတစ်ယောက်လည်း ဖြစ်ပါသည်။ ထိုအိမ်သို့ ဆိုးခဲ့ဘူးသောမိန်းမတစ်ယောက်သည် အဘိုးများစွာထိုက်သော နာဒုဆီမွှေးကျောက်ဖြူခွက်ကို ယူဆောင်လာခဲ့ပြီး ကိုယ်တော်အပေါ်၌ အားလုံးသွန်းလောင်းပါသည်။ ထိုအမျိုးသမီး၏ကျေးဇူးတင်သောစိတ်နှင့် ပြုသောအမှုကအစွမ်းကုန်ဖြစ်ပါသည်။ယနေ့ ကျွန်ုပ်တို့အသက်တာ၌ ပြုသောအမှုကလည်း အစွမ်းကုန်ဖြစ်ဖို့လိုပါသည်။ ဘုရားသခင်ထံမှ သက်သေတစ်ခုရပါက ထိုသက်သေ တစ်ခုကို ပြန်ပြောပါ။ သက်သေဆယ်ခုရပါက ဆယ်ခုကိုပြန်၍ပြောပြကြပါ။ထိုသို့ပြုခြင်းသည် အစွမ်းကုန်ပေးခြင်းဖြစ်ပါသည်။ ကိုယ်တော်အပေါ်၌ ဆီမွှေးလောင်းချသောမိန်းမ၏အပြုအမူကို အနားရှိသူများက ဒေါသထွက်တတ်ကြပါသည်။ ကိုယ်တော်ကြိုက်သည့်အမှုကို ပြုသောသူများဒေါသထွက်ခြင်း ခံရတတ်ပါသည်။ထိုအမျိုးသမီးနှင့်ပတ်သက်၍ သခင်ယေရှုက ဤသို့မိန့်တော်မူပါသည်။ ''ယေရှုသည် သိတော်မူလျှင်၊ထိုမိန်းမကိုအဘယ့်ကြောင့်နှောက်ယှက်ကြသနည်း။သူသည်ငါ၌ကောင်းသောအမှုကိုပြုပြီ။''(မဿဲ၊ ၂၆း၁ဝ)
ထိုအမျိုးသမီးသည် တရားမဟောပါ။ သင်တန်းလည်း တစ်ခုပြီးတစ်ခု လျှောက်မတက်ပါ။ မိမိ၌ရှိသည့်အရာလေးကိုသာ ကိုယ်တော့်ကို ပေးလိုက်ခြင်းဖြစ်ပါသည်။ ကိုယ်တော်ထံမှ ကျေးဇူးပြုခြင်းကို ခံရပြီးကျေးဇူးတင်သောစိတ်နှင့် ကိုယ်တော်ကို တုန့်ပြန်လိုက်ခြင်း ဖြစ်ပါသည်။ယနေ့ ကျွန်ုပ်တို့ ကိုယ်တော်ကို မည်သည့်အရာ ပြန်၍ တုန့်ပြန်ပေးကြမည်နည်း။ မိမိတတ်နိုင်သည့်အရာမိမိ၌ရှိသည့်အရာထဲကသာ မေတ္တာနှင့်ပေးကြဖို့ ဖြစ်ပါသည်။ ထိုသို့ပေးကြပါက ကိုယ်တော်၏လက်ခံခြင်းနှင့်အသိအမှတ်ပြုမှုကို ခံရမည်ြဖစ်သည်။

''ငါအမှန်ဆိုသည်ကား၊ဧဝံဂေလိတရားကိုမြေတပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌ဤမိန်းမကို အောက်မေ့စရာဘို့သူပြုသောဤအမှုကို ကြားပြောရကြလတ္တံ့ဟု မိန့်တော်မူ၏။''(မဿဲ၊ ၂၆း၁၃) ဧဝံဂေလိတရား၌ အကျွမ်းဝင်သွားခြင်းမှာ ကျေးဇူးကိုသိတတ်သောစိတ်နှင့်ပေးခြင်း ဖြစ်ပါသည်။ပေးသောပမာဏက အရေးမကြီးပါ။ဘုရားသခင်က စိတ်နှလုံးကျောက်ကပ်ကို စစ်တော်မူသောအရှင်ဖြစ်ပါသည်။ လူသည် တရားကိုနှစ်သက်ပြီးအာရုံစိုက်နေသည့်အခါ ထမင်းစားဖို့မေ့တတ်ပါသည်။ လူအများသည်ကိုယ်တော်၏တရားကို နာယူရင်း မိုးချုပ်သွားပါသည်။ ထိုအရပ်သည်တောအရပ်ဖြစ်၍ စားစရာဝယ်ဖို့ မဖြစ်နိုင်၊ ဝယ်၍ ရနိုင်လျှင်သော်မှဝယ်ဖို့ ငွေမရှိပါ။ စားမည့်သူက အရေအတွက်အားဖြင့် မိန်းမနှင့် သူငယ်မပါဘဲ ယောက်ျားကြီး ငါးထောင်မျှ''အချင်းချင်းတစ်ယောက်ကို တစ်ယောက် သန့့််ရှင်းသော နမ်းခြင်းနှင့်နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြလော့။''(ရော၊ ၁၆း၁၆)''  အချင်းချင်း ..မေတ္တာနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့''(၁ပေ၊ ၅း၁၄)
ယနေ့  ကျွနိုပ်တို့ ''နမ်း''ဆိုသည့် စကားကို အတူတကွ ဆင်ခြင်လာပါသည်။  ''နမ်း" ခြင်းသည် ကျွန်ုပ်တို့ အရှေ့တိုင်းသားများ၏ ဓလေ့ထုံးစံတော့ မဟုတ်ဘူးလို့ ကျွန်ုပ် ယူဆပါသည်။ အနောက်တိုင်း သားများမှာ မူကား တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံကြသည့်အခါ  ''နမ်း''ပြီး နှုတ်ဆက်ြက ပါသည။် ထိုသို့ "နမ်း" ပြီး နှုတ်ဆက်ခြင်းကို အလေးဂရုပြု၍ တန်ဘိုးထားကြ သည်ကိုလည်း တွေ့ရသည်။ သမ္မာကျမ်းစာကို ကြည့်သည့်အခါ ယုံကြည်သူများ တစ်ယောက်နှင့် တစ်ယောက် ''နမ်း''ကြသည်။ ဓမ္မဟောင်း ကျမ်းတွင်လည်း တစ်ယောက်နှင့် တစ်ယောက် ချစ်ချစ်ခင်ခင် ဖြစ်သောသူများ ''နမ်း" ကြသည်ကို တွေ့ရသည်။ နမ်းခြင်းသည် လူ့အသက်တာ၌ တစ်ယောက်နှင့် တစ်ယောက် ချစ်သည့် လက္ခဏာ၊ ယုံယုံကြည်ကြည်နှင့် တန်ဘိုး ထားကြသည့် လက္ခဏာအဖြစ် ''နမ်းး'' ကြ နှုတ်ဆက်ကြသည်။ ဤသည်က လူ့ယဉ်ကျေးမှု တိုးတက်စေပြီး၊ နောက်ဆုံး၌ ဓလေ့ထုံးစံ ဖြစ်သည့် သဘောဖြစ်သည်။ ထို့ကြောင့်၊''နမ်း''ခြင်းဟူသည် တယောက်ကို တစ်ယောက် အလေးထားခြင်း၊ မေတ္တာထားခြင်း ဖြင့် ချစ်ခြင်း၏ လက္ခဏာသက်သေ ဟုဆိုရမည်ဖြစ်သည်။ အလွှွဲှဲ နမ်းးခဲ့ဘူးကြ။ သမ္မာကျမ်းစာ၏ ဖော်ပြချက်ကို ပြန်၍ဆင်ခြင် ကြည့်ပါသော်၊ အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် သန့်ရှင်းသော နမ်းခြင်းဖြင့် နှုတ်ဆက်ပါဟု ဖော်ပြ ထားပါသည်။ သန့်ရှင်းသော နမ်းခြင်းနှင့် နမ်းဖို့ ဖေါ်ပြ သော်လည်း၊ မသန့်ရှင်းသည့် ညစ်ညူးသော နမ်းခြင်းလည်း ရှိသည်ကို သတိပြုအပ်ပါသည်။ (၂ရာ၊ ၁၅း၁-၅) ထဲတွင် အဗရှလုံက မြို့တံခါးသို့ လာသူတိုင်းကို  ''နမ်း'' နေကြောင်း ကိုတွေ့ရပါသည်။ အဗရှလုံသည် ဒါဝိဒ်၏ သားဖြစ်ပြီး၊ ဒါဝိဒ်သည် ရှင်ဘုရင်ဖြစ်သည်။ အဗရှလုံမှာ ရှင်ဘုရင်လောင်း တစ်ဦးဟု ဆိုနိုင်ပါသည်။ တစ်နေ့သောအခါ အဗရှလုံသည် မြင်းရထားများကို ပြင်၍ မြို့တံခါးဝသို့ သွားပြီးလျှင် အမှုရှိသော သူတို့သည် စီရင်တော် မူခြင်းခံဖို့ လာသည်တွင် ထိုသူတို့အား သင်တို့သည် အဘယ်အတွက် လာသနည်းဟု မေးပါသည်။ ပြီးမှ အကျွန်ုပ်သည် ဤပြည်၌ တရားစီရင်သော မင်းဖြစ်ပါက မိမိသည် တရားသဖြင့် စီရင်မည်ဟု ဆိုပြီး၊ ထိုသူတို့၏ အနီးသို့ ရိုသေစွာ ချဉ်းကပ်၍ လက်ကိုဆန့်ပြီး၊ ထိုသူတို့ကို ကိုင်လျက် ''နမ်း''လေ့ရှိပါသည်။ အဗရှလုံသည် အဘယ့်ကြောင့် ထိုသို့နမ်းခြင်း ပြုပါသနည်း။' 'ထိုသုသို့စီရင် တော်မူခြင်းကို ခုခံအံ့သောငှာ ရှင်ဘုရင် ထံတော်သို့ လာသော ဣသရေလ အမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍ သူတို့၏ စိတ်နှလုံးကို ခိုးလေ၏။''(၂ရာ၊ ၁၅း၆)။

လူတို့၏ စိတ်နှလုံးသည် သူ့ဘက်သို့ စိတ်ယိမ်းယိုင် လာဖို့ရန် အဗရှလုံသည် လူတို့၏ စိတ်အာရုံ လွဲလောက်ရှိပါသည်။ ထိုအချိန်၌ လူအုပ်ကြီးထဲတွင် လူငယ်လေး တစ်ယောက်၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ရှိပါသည်။ သူကိုယ်တိုင် ဝေပေးပါကလူများများ မစားနိုင်ပါ။ သို့သော် ထိုလူငယ်လေးက ထိုမုန့်နှင့် ငါးကို တပည့်တော်များမှတဆင့်ကိုယ်တော့် ထံသို့ ပေးလိုက်ပါသည်။ လူအများစား၍ ဝကြသည် သာမက ပိုလျှံပါသည်။ (မာ၆း၃၅-၄၄)

ယနေ့ ကျွန်ုပ်တို့ ဘာပေးကြမလဲ၊ ပေးသည့်အခါ ကိုယ်တော့်ကြောင့် ပေးခြင်း ဖြစ်စေပါ။ ကိုယ်တော် ပေးခိုင်းသောကြောင့် ပေးခြင်းဖြစ်ပါက သက်သေကို ပြန်၍ ခံစားကြရ မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ထံမှ ကျေးဇူးတော်ကို ခံရသည့်အတိုင်း ပေးကြဖို့သာမက ယခု ကျွန်ုပ်တို့၌ လိုအပ် နေသောအရာ တစ်ခုခုရှိနေပါက ခရစ်စမတ် လက်ဆောင် ကိုယ်တော်ထံ၌ တောင်းကြပါ။ အလုပ် လိုအပ် နေပါသလား၊ ကိုယ်ချစ်သော သူက ကိုယ့်ကိုနားလည် လွဲနေသလား၊ ငွေကြေး လိုအပ် ပါသလား၊ ရောဂါဝေဒနာ ခံစားနေရပါသလား၊ သားသမီး ဆုံးမမရ၍ စိတ်ညစ် နေသလား၊ ခရစ်စမတ် လက်ဆောင်အပြစ်ကိုယ်တော် မစပါမည့်အကြောင်း တောင်းလျှောက်ကြပါ။ တောင်းသောဆုကို ဘုရားသခင် လက်တော်မှ အမှန်ပင် ခံစားရပြီး သက်သေခံရသော အခွင့်ကို ရမည်ဖြစ်ကြောင်း မေတ္တာနှင့် အသိပေး ဝေငှ လိုက်ရပါသည်။


နာမတော်မြတ်၌
ညီအစ်ကိုကြီးမတင်မောင်ထွန်း