စင်ကာပူပိုင် စိန့်ဂျွန်ကျွန်းပေါ်မှာ - (မင်းအောင်သက်လွင်)


စင်ကာပူပိုင် စိန့်ဂျွန်ကျွန်းပေါ်မှာ အလုပ် လုပ် နေတုံး ကျွန်တော့် ဟန်းဖုန်း ထဲမှာ Doyou want update date and time? ဆိုတဲ့စာသားလေး ဟန်းဖုန်း စခရင်ပေါ်မှာ အော်တော်မစ်တစ် ပေါ်လာတဲ့ အတွက် ကျွန်တော် ယောင်ပြီးyes, ok ဆိုတဲ့ ခလုတ်ကို နှိပ် လိုက်မိပါတယ်။မကြာခင် ကျွန်တော့် ဟန်းဖုန်း ထဲက နာရီဟာ ရှိရင်းစွဲ စင်ကာပူ စံတော်ချိန်ထက်တစ်နာရီ နောက်ကျ သွားတာကို သတိထားလိုက် မိပါတယ်။ ပထမ ဦးဆုံးနေ့တွေတုံးက သတိ မထားလိုက်မိ ပေမဲ့ နောက်နေ့မှာ ထပ်ပြီး ဟန်းဖုန်းက Do you want update date and time? ဆိုတဲ့ စာသားလေး ပေါ်လာတိုင်း yes, ok နှိပ်မိတိုင်း နာရီက တစ်နာရီ အလို လို နောက်ကျ သွားတတ် ပြန်ပါတယ်။

နောက်မှ သိရတာက စိန့်ဂျွန် ကျွန်းဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ နီးစပ်နေတဲ့ အတွက်ကျွန်တော့် ဟန်းဖုန်းဟာ အဲဒီ ဘက်က net work နဲ့ ချိတ်ဆက်မိပြီး နေရင်းစင်ကာပူ နိုင်ငံမှာ ရှိနေလျက်နဲ့ စံတော်ချိန် နာရီ နောက်ကျသွားကြောင်း ရိပ်မိသွားပါတယ်။ ကျွန်တော့် နာရီက အင်ဒိုနီးရှား စံတော်ချိန် နာရီ ဖြစ်နေပြီးလူကစင်ကာပူမှာ ဖြစ်နေပါတယ်။ နောက်ဆုံး တော့ စိန့်ဂျွန်းကျွန်း ပေါ်ကနေ ဝေးတဲ့နေရာ ကို ထွက်လာမှ နှောက်ယှက် တဲ့ net work လက်က လွတ်သွား ခဲ့ပါတော့တယ်။ ဒီကနေ့ ကျွန်တော့် ဟန်းဖုန်းလေးကို net work က အမြဲနှောက်ယှက် နေသလို စာတန် ကလဲ သူ့ရဲ့ နာရီကို update လုပ်ဖို့ ဘုရားသားသမီးအဖြစ် ကျင်လညေ် နတဲ့ ယုံကြည်သူတွေကို အမြဲ နှောက်ယှက်နေတတ်ပါတယ်။ ယုံကြည်သူ တွေမှာ နာရီ နှစ်မျိုး ရှိပါတယ်။ လူဟောင်းနာရီ နဲ့လူသစ်နာရီ ဖြစ်ပါတယ်။လူဟောင်းနာရီ ဆိုတာကတော့ ယခင် မပြောင်းလဲခင်အချိန်တုံးက လုပ်ခဲ့ ဖူးတဲ့ အလုပ်၊ သွားခဲ့ ဖူးတဲ့ နေရာ။ ပြုခဲ့တဲ့မိတဲ့ အကျင့်တွေကို ဆိုလိုပါတယ်။ လူသစ် နာရီ ဆိုတာ ကတော့ ပြောင်းလဲပြီးနောက်ပိုင်းဘုရား အလိုအတိုင်း အသက်ရှင်ခြင်း အသစ် သော အသက်တာဖြင့် အသက်ရှင်ခြင်းကို ဆိုလိုပါတယ်။ကျွန်တော် ငယ်ငယ် တုံးက ဒီဇင်ဘာ၃၁ရက် နေ့ညသန်းခေါင် နှစ်သစ် ရောက်ခါနီးတိုင်း လူငယ်တွေ ဆိုတတ်တဲ့ သီချင်းလေးတစ်ပုဒ်ကို အခုအချိန်မှာ သွားသတိရ မိပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က တော် တော်လေးကို ခေတ်စားတဲ့ သီချင်းလေးပါ။ ခရစ္စ မတ် ရာသီ Carol singing သီချင်းတွေ ဆိုအပြီး နှစ်သစ် ဝင်ခါနီး ၃၁ရက် ညမှာ အိမ်တိုင်းကိုလှည့်ဆို လေ့ရှိတဲ့ အမည်မသိ တေးရေးဆရာရဲ့ နှစ်သစ် သီချင်း လေးကတော့ - (ကျွန်ုပ် စိတ်ပြောင်းလဲပြီ)၃ ယခု ကျွန်ုပ် စိတ်ပြောင်းလဲပြီ။

သွားနေကျ နေရာ ယခု မသွားပါ။ လုပ်နေကျ အလုပ် ယခု မလုပ်ပါ။သောက်နေကျ အရက် ယခု မသောက်ပါ။ သောက်နေကျ ဆေးလိပ် ယခု မသောက်ပါ။ပြောနေကျ မုသား ယခုမပြောပါ။ ယခု ကျွန်ုပ် စိတ်ပြောင်းလဲပြီ။တော်တော်လေးကို ကောင်းတဲ့ သီချင်းပါ။ ဘယ်သူရေးမှန်း မသိပေမဲ့ရေး သား စပ်ဆိုခ့တဲ့ဲ တေးရေးဆရာသမားကို အထူးကျေးဇူးတင်ပါတယ်။ ဆိုနေတဲ့ အသင်းတော်က လူငယ်တွေ လူကြီးတွေက အဲဒီ သီချင်းလေးဆိုရင်း ပြောင်းလဲ ပြီးပြီ ဆိုတဲ့ လူသစ် အသက်တာနဲ့ နှစ်သစထ်ဲ ဝင်ဖို့ ကြိုးစားတ့အဲ နေနဲ့နှစ်သစ်ကူး မီးပုံကြီး ထဲကို သောက်လက်စ ဆေးလိပ်တို့ အရက်ပုလင်းတို့ပစ်ထဲ့ ဖျက်ဆီး လိုက် ကြပေမဲ့ မကြာခင် နာရီပိုင်း။ ရက်ပိုင်း။ လပိုင်း အတွင်းမှာယခင်က ကျင်လည်ခ့ဖဲူးတဲ့ ဘဝ ဟောင်းက အသကတ်ာ အတိုင်း ဆေးလိပ်တိုလက်ကြား ပြန်ညှပ်။ အရက်ပုလင်း ခါးကြား ပြန်ထိုးပြီး မပြောင်းလဲဘဲ အဟောင်းဘဝအတိုင်း ပြန်ရှင်နေတာကို တွေ့ရပြန် ပါတယ်။

ကျွန်တော်တို့ရဲ့ နာရီတွေကို ကိုယ့်ဇာတိ စွမ်းအားနဲ့ မထိန်းချုပ်နိုင်ပါ။

စာတန်က Do you want update date and time? ဆိုတဲ့ စာသားလေးနှလုံးသားထဲ မက်ဆေ့စ် SMS ပို့ပေးနေပါလိမ့်မယ်။ အကောင်းဆုံးကတော့ ခရစ်တော်ရဲ့ ခွန်အားနဲ့ စာတန်နဲ့ ဝေးတဲ့နေရာကို ကိုယ်လွတ်ရုန်း ထွက်လာခ့ဖဲို့ဘဲဖြစ်ပါတယ်။လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏ ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည်အသစ် ဖြစ်ကြပြီ။ ၂ကော ၅း၁၇လူသည် မိမိ အကျင့်ဟောင်း အတိုင်း ပြန်ကျင်လည်လျှင် မိမိ အန်ဖတ်ကို ပြန်စားသော ခွေးနှင့်တူ၏ လို့ ခပ်ရိုင်းရိုင်းနှိုင်းယှဉ် ထားတဲ့ ကျမ်းချက်ကို တွေ့ရပါ တယ်။ မိတ်ဆွေ ကျွန်တော်တို့ ဘယ်နာရီနဲ့ အသက်ရှင်နေသလဲ။နာရီ အဟောင်းနဲ့လား၊ နာရီ အသစ်နဲ့လား။
မင်းအောင်သက်လွင်

သခင့်စကားမှာထပ်ဆင့်တင်ပြပါသည်။
http://thelordword.com